← Chapters

အသက်မဲ့ဘုရင်က ထာဝရဘုံဗိမာန်ကျွန်းသို့ ရောက်ရှိလာခြင်း

Vol. 26 Ch. 387

အသက်မဲ့ဘုရင်က ထာဝရဘုံဗိမာန်ကျွန်းသို့ ရောက်ရှိလာခြင်း

Vol. 26 Ch. 387

အခန်း (၃၈၇)  :  အသက်မဲ့ဘုရင်က ထာဝရဘုံဗိမာန်ကျွန်းသို့ ရောက်ရှိလာခြင်း

ကြာပြာကောင်းကင်အသျှင်သည် အားကောင်းသည့် အရှိန်အဝါတို့ကို ထုတ်လွှင့်လာရင်း ခြစ်ခြစ်တောက် ပူနေသည့် လမ်းကြောင်းအတွင်း ရွှေရောင်တုတ်ကို ကိုင်ဆွဲထားသည်။ ထိုစဉ် တကယ့်ကိုယ်ထည် ပုံစံသုံးမျိုးလုံးက အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့် ရောက်နေသည့် အရှိန်အဝါမျိုး ထုတ်လွှင့်လာသည်။

“ အားလုံးက အစ်ကိုကြီးရဲ့ စွမ်းအင်ဗဟိုချက် ပျက်စီးသွားပြီးတဲ့နောက် ချီသန့်စင်ခြင်း ကျင့်စဉ် ပျက်စီးသွားတယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ အစ်ကိုကြီးက နတ်ဘုရားလောကရဲ့ ပြိုင်ဖက်ကင်း ကျင့်စဉ်တစ်ခုကို အောင်အောင်မြင်မြင် ကျင့်ကြံထားနိုင်တယ်ဆိုတာကို သူတို့ မသိကြဘူး ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်လာသည်။ သူ့အသံက အနည်းငယ် ဝမ်းနည်းနေဟန်ပေါ်နေသည်  “ ချီတစ်သွယ် သန့်စင်သုံးပါး”

ချီတစ်သွယ် သန့်စင်သုံးပါး ကျင့်စဉ်သည် နယ်မြေငါးခုမှ ကျင့်စဉ် မဟုတ်ပေ။

တကယ်တော့ သေမျိုးလောက၏ အမွေအနှစ် မဟုတ်ဘဲ နတ်ဘုရားလောကမှ ဖြစ်၏။

ဂိုဏ်းချုပ်နှင့် ကြာပြာတို့ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ပါဝင်စစ်ဆေးမှု ခံယူခဲ့စဉ်အခါက နှစ်ယောက်လုံးက ယဲ့ချန်းခန်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ကြသည်။ အားလုံးက စစ်နတ်ဘုရား မျှော်နန်းဆောင်၏ အဓိက သဘောတရားသည် “ အမြဲတမ်း မျှတကြောင်း” လူသိများကြသည်။

ယဲ့ချန်းခန်သာ တစ်ယောက်ယောက်ကို သဘောကျသွားလျှင်ပင် စည်းမျဉ်းကို သွေဖယ်ပြီး ပါဝင်ယှဉ်ပြိုင်သူကို မျက်နှာသာအပိုပေးမည် မဟုတ်ပေ။

ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကောင်းကောင်း လုပ်ဆောင်ခဲ့သောကြောင့် ယဲ့ချန်းခန်က သူ့အား ပုံမှန်အတိုင်း မပြီးပြည့်စုံသည့် ကျမ်း ဖြစ်သည့် ကောင်းကင်တာအိုကျမ်းကို ပေးခဲ့သည်။

သို့သော် ဂိုဏ်းချုပ်နှင့် ယှဉ်လိုက်လျှင်  ယဲ့ချန်းခန်က ကြာပြာကောင်းကင်အသျှင်၏ အကျင့်စရိုက်ကို ပိုသဘောကျလေသည်။

ဂိုဏ်းချုပ်က ယဲ့ချန်းခန် ပေးလိုက်သော သူ့အစ်ကိုကြီး၏ အမွေအနှစ်သည်လည်း သူ့ကောင်းကင်တာအိုကျမ်းလောက် ကောင်းမွန်ကြောင်း သိထားခဲ့သည်မှာ ကြာမြင့်လှလေပြီ။ ထိုအပြင် ထိုအမွေအနှစ်က နတ်ဘုရားလောက၏ ပြိုင်ဖက်ကင်း ကျင့်စဉ် ဖြစ်သည့် “ ချီတစ်သွယ် သန့်စင်သုံးပါး ” ဖြစ်နေသည်။

ချီတစ်သွယ် သန့်စင်သုံးပါး ကျင့်စဉ်သည် နတ်ဘုရားလောက၌ပင် အဆင့်မြင့်ဆုံး ကျင့်စဉ်ထဲ ပါဝင်လေသည်။

ပြီးပြည့်စုံသည့် ချီတစ်သွယ် သန့်စင်သုံးပါး ကျင့်စဉ် ပုံစံက နတ်ဘုရားလောကရှိ စွမ်းအားကြီးပုဂ္ဂိုလ်များကြား၌ပင် ပြိုင်ဖက်ကင်း အမွေအနှစ်အဖြစ် ယူဆကြသည်။

စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ကောင်းကင်တာအိုကျမ်းနှင့် ဆင်တူစွာ ချီတစ်သွယ် သန့်စင်သုံးပါး ကျင့်စဉ်သည်လည်း မပြီးပြည့်စုံသည့် ကျင့်စဉ်တစ်ခု ဖြစ်၏။ အဓိကနှင့် အနုစိတ်အကျဆုံး အခန်း ပျောက်ဆုံးနေလေသည်။

ထိုသို့ဆိုလျှင်ပင် တန်ဖိုးမြင့် ရတနာဖြစ်နေဆဲ ဖြစ်၏။

စစ်နတ်ဘုရား မျှော်နန်းဆောင် ဖျက်စီးခံရသည့် အဓိကအကြောင်းအရင်းမှာ ထိုပြိုင်ဖက်ကင်း အမွေအနှစ်များကြောင့် ဖြစ်သည်။ ချီတစ်သွယ် သန့်စင်သုံးပါးကျင့်စဉ်ကို အဆင့်မြင့်ဆုံးအထိ ကျင့်ကြံနိုင်လျှင် ကိုယ်သုံးကိုယ် ခွဲနိုင်လိမ့်မည်ဟု ကောလဟာလများ ရှိခဲ့သည်။ တစ်ကိုယ်ချင်းစီက မူလအတိုင်း တိုက်ခိုက်စွမ်းအားနှင့် စွမ်းရည်တို့ကို ပိုင်ဆိုင်ကြလိမ့်မည်။

ပို၍ ထူးခြားသည်မှာ နဂိုခန္ဓာကိုယ်သာ မထိခိုက်သရွေ့ ကိုယ်ပွားသုံးခုလုံး အနည်းနှင့်အများ မပျက်စီးနိုင်ကြပေ။ သူတို့က ထာဝရ တိုက်ခိုက်နေကြ၏။

အကယ်၍ ကျင့်ကြံသူသာ ချိတ်ဆက်တိုက်ခိုက်မှုမျိုး၌ ကောင်းမွန်ကျွမ်းကျင်လျှင် မူလကိုယ်က ကိုယ်ပွားများနှင့် စိတ်ဆက်သွယ်ကာ နဂိုထက် လေးဆလောက် ပိုများသည့် တိုက်ခိုက်စွမ်းအားမျိုး ထုတ်လွှင့်နိုင်ပေမည်။

ကြာပြာကောင်းကင်အသျှင်၏ ချီတစ်သွယ် သန့်စင်သုံးပါး ကျင့်စဉ်က ပြီးပြည့်စုံသည့် ကျင့်စဉ် မဟုတ်ပေ။ သာမန်လူအနေနှင့် ကျင့်ကြံဖို့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေသည်။ အကယ်၍ ကံဆိုးပါက သူတို့က ချီဖောက်ပြန်မှုပင် ဖြစ်လာနိုင်သေး၏။

သို့သော် ဤတာအိုကိုယ်တော်ကြီး၏ ပါရမီက ထူးကဲလှပေသည်။ သူက မပြီးပြည့်စုံသည့် ကျင့်စဉ်ဖြင့်ပင် သိသိသာသာ တိုးတက်လာခဲ့သည်။

ယဲ့ချန်းခန်က ထိုတာအိုကိုယ်တော်ကြီးသည် မပြီးပြည့်စုံသည့် ကျမ်းကို သုံး၍ ကိုယ်ပွားနှစ်ခု ပျိုးထောင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ့ကိုယ်ပွားနှစ်ခုဖြင့် တာအိုကိုယ်တော်ကြီး၏ တိုက်ပွဲစွမ်းရည်က နောက်တစ်ဆင့်သို့ လုံးလုံး ရောက်ရှိသွားသည်။

ယခု အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ပင် နောက်ကျကျန်ခဲ့သလို ခံစားနေရသည်။

................

“ အဲဒီနှစ် ဝိဇ္ဇာတွေကို သတ်ဖို့ ကိုယ့်ဘာသာ ဖောက်ခွဲခဲ့တုန်းက ကိုယ်ပွားတစ်ခုကို တကယ်ကြီး စတေးခဲ့ရတာလား ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “ ဒါမှမဟုတ် အစ်ကိုကြီးက အဲဒီကတည်းက ချီတစ်သွယ် သန့်စင်သုံးပါး ကျင့်စဉ်ကို ကျွမ်းကျင်သွားပြီးတော့ ဝိဇ္ဇာတွေကို သတ်နိုင်ဖို့ ယုံကြည်ချက် အပြည့်ရှိနေတာများလား။ ပြီးတော့မှ တကယ့်စွမ်းအားအစစ်ကို ဖုံးကွယ်ဖို့ ကိုယ့်ဘာသာ ဖောက်ခွဲပစ်ချင်ယောင် တမင်ဟန်ဆောင်ခဲ့တာလား ”

ကြာပြာကောင်းကင်အသျှင်က နှုတ်ခမ်းတင်းတင်းစေ့ကာ  “ ညီလေး ငါ့ကို စစ်နတ်ဘုရား ပြန်လည်ဝင်စားလာတယ်များ ထင်နေလား။ အဲဒီနှစ်တုန်းက အဲဒီလူအိုကြီးတွေသာ ပူးပေါင်းလိုက်ရင် ငါ ကိုယ့်ဘာသာ ဖောက်ခွဲပစ်ရင်တောင် သူတို့အားလုံးကို သတ်ဖို့ ခက်လိမ့်မယ်။ အဲဒါကြောင့် ငါ အဖမ်းခံရသလို ဟန်ဆောင်ခဲ့တာ …

ဒါပေမဲ့ အဲဒီငတုံးအရူးတွေက ငါ့ကို ဖမ်းပြီးတော့ သူတို့အချင်းချင်း တိုက်ခိုက်ကုန်ကြရော။ အဲဒါနဲ့ ငါလည်း သူတို့ကို အနိုင်ပိုင်းပစ်လိုက်တာ  ”

တာအိုကိုယ်တော်ကြီးက နှာခေါင်းရှုံ့လိုက်ပြီး

“ ဒါပေမဲ့ ငါ့စွမ်းအင်ဗဟိုချက်က တကယ် ဖျက်စီးခံလိုက်ရတယ်။ အဲဒီ အလယ်ပိုင်းကုန်းမြေ အထွတ်အမြတ်မြေဂိုဏ်းချုပ်တွေက အရမ်းရက်စက်တာ ငါ့ကို ဘာလို့ တိတ်တဆိတ် စစ်ဆေးမကြည့်ဘဲ နေမှာလဲ။   နှမြောစရာကောင်းတာက ဘယ်ဟာက ငါ့နဂိုကိုယ်လဲဆိုတာကို ခွဲခြားနိုင်လောက်အောင် အမြင်မကောင်းကြဘူး။

ငါ့နဂိုကိုယ်သာ အထိခိုက်မရှိသရွေ့ အရင်းအမြစ်တွေသာ ရမယ်ဆိုရင် ကိုယ်ပွားကို အချိန်မရွေး လုပ်နိုင်တယ် ”

ရှန်ထျန်းက သူ့ဆရာနှင့် ကြာပြာတို့ကြားမှ စကားဝိုင်းကို နားထောင်ကာ စိတ်ထဲ မအံ့ဩဘဲ မနေနိုင်တော့ပေ။

ကျစ်ကျစ် … ဒီနှစ်ယောက်လုံးက သူတို့စွမ်းအားကို ကောင်းကောင်း ဖုံးကွယ်ထားကြတာပဲ

ဆရာက ဖုံးကွယ်ထားတာ ဆရာတစ်ဆူ ဖြစ်နေပြီ ထင်နေတာ … ရူးကြောင်ကြောင်ပုံစံနဲ့ ဂိုဏ်းတူဦးလေးက ဆရာလောက် ကောင်းနေမယ်လို့ မထင်ထားမိဘူး

အကယ်၍ ဤလူသာ စစ်နတ်ဘုရား မီးစာကျမ်းကိုသာ မကျင့်ကြံခဲ့ဘဲ သူ့ကံကောင်းမှုများ လျော့ကျမသွားခဲ့လျှင် ယခု သူ့ကျင့်ကြံဆင့်မှာ နက်ရှိုင်းလွန်းနေလောက်လေပြီ။

ချီတစ်သွယ် သန့်စင်သုံးပါး ကျင့်စဉ်က သွေးနတ်ဘုရားကျမ်းလောက် ကိုယ်ပွားများ မပွားနိုင်သော်လည်း ကိုယ်ပွားတိုင်း၏ တိုက်ခိုက်စွမ်းရည်က နဂိုကိုယ်နှင့် ညီမျှနီးပါး ဖြစ်သည်။ စုစုပေါင်း တိုက်ခိုက်စွမ်းအားက ချက်ချင်းဆိုသလို အဆများစွာ တိုးပွားသွားပေမည်။

အဟမ်း … ပြန်ရောက်ရင် လူအိုကြီးယဲ့ဆီ သွားပြီး ငါ ဒီကျမ်းကို ကျင့်ကြံရမလား သွားမေးရမယ်

အဲလိုဆိုရင် နောင်အနာဂတ်ကျ ငါ ပိုပြီး အားကောင်းလာလိမ့်မယ်

.....................

ကြာပြာကောင်းကင်အသျှင်က ကိုယ်ပွားနှစ်ခုကို ထုတ်ဖော်လိုက်ပြီးနောက် သူက စွမ်းအားအစစ်အမှန်ကို ဆက်လက် မဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်ဟန်ပေါ်သည်။

အချိန်အတော်ကြာ ချုပ်တည်းထားရသော အမျိုးသားတစ်ယောက်က မကြာခင် ပေါက်ထွက်လာမည်သာ ဖြစ်၏။

ပုံရိပ်သုံးခုက တစ်ညီတညွှတ်တည်း ရှေ့တိုးလာကြသည်။ သူတို့အရှိန်အဝါက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ထိုရွှေကျီးသုံးကောင်ထံ လွန်းအလား ဝင်ရောက်သွားသည်။

လူငယ်လေးက အံ့လောက်ဖွယ် ထက်ရှနေသည့် အစိမ်းရောင် ဓားကို ကိုင်ဆောင်ထားသည်။ ဓားချက်တစ်ချက်ချင်းစီက အာကာပြင်ကို စက္ကူအလွှာကို တစစီ ပိုင်းဖြတ်ပစ်နေပြီး မီးများကို ငြိမ်းသတ်ပစ်လိုက်သည်။

လူလတ်အရွယ် အမျိုးသားက လက်မြှောက်လိုက်သည်နှင့် သူ့နား ဓာတ်နှောနတ်မိုးကြိုးများ ဝန်းရံလာလေသည်။ ရွှေရောင်မိုးကြိုးက နဂါးစိမ်း၊ ကျားဖြူ၊ ကြက်သွေးရောင် ဇာမဏီ အစရှိသည့် နတ်သားရဲဆယ်ကောင်အသွင် ပြောင်းလဲသွားပြီး ရှေ့ကို ခုန်အုပ်လိုက်သည်။

တာအိုကိုယ်တော်ကြီး ကိုယ်တိုင်ကမူ စိမ်းပြာရောင် မီးတောက်ဖြင့် ခြုံလွှမ်းထားသည်။ သူ့အထွတ်အထိပ် ပင်လယ်တုတ်ချောင်းက ထိုရွှေကျီးများ စူးစူးဝါးဝါး မအော်ခင်အထိ ရိုက်နှက်နေသည်။

ထိုစဉ် သူက သူ့စွမ်းအားတစ်ခုတည်းဖြင့် ထိုရွှေကျီး သုံးကောင်လုံးဖြင့် လက်ရည်တူ တိုက်နိုင်လေသည်။

ပြောရလျှင် နတ်ဧကရာဇ် ဂူဗိမာန်အတွင်း ကျင့်ကြံဆင့်အားလုံးမှာ ဖိနှိပ်ခံထားရသေး၏။

ထိုသို့ဆိုလျှင်ပင် ကြာပြာကောင်းကင်အသျှင် တစ်ယောက်တည်းဖြင့် ဝိဇ္ဇာခုနှစ်ယောက်၊ ရှစ်ယောက်အားနှင့် ညီမျှသည့် ရွှေကျီးသုံးကောင်လုံးကို ကိုင်တွယ်နိုင်လိုက်သည်။

ကြာပြာကောင်းကင်အသျှင်က လွန်ခဲ့သော နှစ် ၇၀၀ ကတည်းက ဝိဇ္ဇာခုနှစ်ယောက်ကို သူ့ဘာသာ အနိုင်ယူခဲ့သည်မှာ ယခု ရှင်းလင်းသွားလေပြီ။ အပိုလျှောက်ပြောနေခြင်း မဟုတ်တော့ပေ။ ယခု သူအားကောင်းနေဆဲ ဖြစ်၏။

ဤဉာဏ်များလှသော လူအိုကြီးက ချုပ်တည်းထားဆဲ ဖြစ်သည်ကို မည်သူမှ မသိကြပေ။

“ လွန်ခဲ့တဲ့ နှစ် ၇၀၀ တုန်းက ကျွန်တော်ရဲ့ တိုက်ခိုက်စွမ်းရည်က အစ်ကိုကြီးထက် နိမ့်ကျတယ်လို့ အားလုံးက ပြောခဲ့ကြတယ်။ ကျွန်တော် အဲဒါကို လက်မခံနိုင်ဘူး ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က လွှင့်ပျယ်သွားကာ ရွှေရောင်ချပ်ဝတ်နှင့် ပိန်ပါးပါး ပုံရိပ် မြင်လာရသည်။ မျက်နှာပေါ်ကား အံ့ဖွယ်အငွေ့အသက်တစ်လွှာဖြင့် ဖုံးအုပ်ထားဆဲ ဖြစ်သည်။

သူက ဓားကို ကိုင်ဆွဲရင်း ရွှေကျီးသုံးကောင်ဆီ သွားလိုက်သည်။ သူ့ပုံစံက မြင့်မြတ်ကာ တော်ဝင်ဆန်လှ၏။ အားလုံးက လေးစားအားကျနေရုံသာ တတ်နိုင်သည်။

သူ့ကို ကြည့်လိုက်ခြင်းက သမာဓိနှင့် ဂုဏ်သိက္ခာတို့၏ စံနမူနာကို  မြင်နေရသည့်အလား ဖြစ်သည်။

ဝှီး …

ဓားက လေဟုန်ခွင်းသွားကာ ရွှေကျီးဘေးနား ချက်ချင်း ပေါ်လာသည်။ မီးဖြင့် လွှမ်းခြုံထားသော ပင်မကိုယ်ထည်ကြီးက ချက်ချင်း အစိတ်စိတ်အမြွာအမြွာ ဖြစ်သွားရှာသည်။

အာ့

ရွှေကျီးများက ဆိုးဆိုးရွားရွား အော်မြည်လိုက်ကြသည်။ သူတို့က ဤလူသားသုံးယောက်က မလွယ်ကြောင်း သဘောပေါက်လိုက်ကြသည်။ အနည်းဆုံးတော့ ရွှေကျီးသုံးကောင်က သူတို့ဘာသာ မကိုင်တွယ်နိုင်ပေ။

…….....

ဝုန်း

ကြောက်မက်ဖွယ် မီးလျှံတစ်ခု ပေါက်ကွဲထွက်သွားပြီး ရွှေကျီးသုံးကောင်က ထွက်ပြေးဖို့ ပြင်လိုက်ကြသည်။ သူတို့အတွက် ကံဆိုးသွားသည်က ကြာပြာကောင်းကင်အသျှင်ကလည်း ပြင်ဆင်ပြီး အသင့်စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူ့ကိုယ်ပွားသုံးခုက လက်ဟန်များကို တပြိုင်နက် ပြုလုပ်လိုက်သည့်အခါ အံ့ဖွယ်သင်္ကေတများက အံ့ဖွယ်သံကြိုးအသွင် ပြောင်းလဲသွားပြီး ထိုမီးလုံးသုံးလုံးကို ရစ်ပတ်ချုပ်နှောင်ထားလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများကို ဂရုတစိုက် ထုတ်လိုက်သည်။ ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အဖိုးတန်ဆုံး ရတနာထဲမှ တစ်ခု ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ် အလံက အဆင့်မြင့်ဆုံးတွင် ရှိစဉ်အခါထက် စွမ်းအားထက်ဝက်မျှသာ ရှိတော့သော်လည်း ထိုရွှေကျီးသုံးကောင်ကို နှိမ်နင်းဖို့ လုံလောက်ပေသည်။

အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများကို လေးပိုင်း ခွဲခြားလိုက်ပြီးနောက် အဆုံးမဲ့ ရွှေရောင်မိုးကြိုးတို့က ရွှေကျီးသုံးကောင်ထံ ပိုက်ကွန်အလား ကျရောက်လာသည်။

ဝှီး

အနက်ရောင် မိစ္ဆာချီတို့က မြင့်တက်လာကာ ရုန်းကန်လိုက်ကြသည်။ ထို့နောက် တစစီ ပြိုကွဲသွားကာ ပြန်လည်ရှင်သန်လာလေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အေးအေးဆေးဆေး ပြောလိုက်သည်  “ မိုးကြိုးတစ်ခုတည်းနဲ့ ဒီမိစ္ဆာချီတွေကို ရှင်းဖို့ မလုံလောက်ဘူး။ ထျန်းအာ ..ငါတို့ မင်းရဲ့ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား လိုတယ် ”

ရှန်ထျန်းက ခေါင်းညိတ်ကာ ရှေ့တိုးလာလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အကြည်ရောင် ကျောက်စိမ်းပြားလေး ထွက်လာလေ၏။

ထိုကျောက်စိမ်းပြားပေါ်တွင် ပြန်လည်ဝင်စားခြင်း လမ်းစဉ််ခြောက်သွယ်ရှိနေပြီး ကြည့်ရသည်မှာ အလွန်ဆန်းကြယ်လှသည်။

“ လူအိုကြီးယဲ့ကိုပဲ ဒုက္ခပေးရတော့မှာပဲ ” ရှန်ထျန်းက သူ့ခန္ဓာကိုယ်ထဲရှိ မီးစာကျမ်းစွမ်းအားကို အသက်မသွင်းခင် ရေရွတ်လိုက်သည်။

သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားအံ့ဖွယ်ပစ္စည်း ကိုးခုစွမ်းအားများက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားဆီ အရူးအမူး ပြေးဝင်လာကြသည်။ သူတို့တွင် ငှက်မွေးထာဝရသတ္တု၊ နဂါးနက်သတ္တု၊ ပြန့်ဟွားပန်း၊ အံ့ဖွယ်ဝါးမျိုနွယ်ပင်၊ သုံးရောင်ခြယ် ရေစင်၊ ရှေးဦးအဆီအနှစ် လေးလံရေစင်၊ နန်မင်လီ မီးတောက်၊ နေမီးလျှံအစစ်နှင့် ဓာတ်နှော နတ်မိုးကြိုးတို့ ပါဝင်သည်။

ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားပေါ်တွင် စွမ်းအားခြောက်မျိုး လှည့်ပတ်နေကြပြီး စက်ဝန်းပြားလေးက မျက်စိနှင့်မြင်သာအောင်အထိ ကြီးလာသည်။

သိပ်မကြာခင် ကျောက်စိမ်းပြားလေးက ပေအတော်အတန် ကျယ်ဝန်းလာသည့်အထိ ကြီးမားလာပြီး ကြည့်ရသည်မှာ အလွန်ဆန်းကြယ်နက်နဲလှသည်။

ရှန်ထျန်းက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားရှေ့ ခြေချိတ်ထိုင်ကာ မျက်လုံးကို အသာပိတ်ထားလိုက်သည်။ သူ့ကြည့်ရသည်မှာ မြင့်မြတ်ရောင်ခြည်များ ထွန်းလင်းထားသကဲ့သို့ ကမ္ဘာမြေသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။

သူ့နှုတ်ခမ်းကို အသာဟလိုက်ပြီးနောက် ရွတ်ဖတ်သံ ပဲ့တင်ထွက်လာသည်။

“  သေမျိုးရဲ့ဘဝကို ကြိုမသိနိုင်သလို ကျင့်ကြံရေး လမ်းစဉ်က ရှည်လျားလွန်းတော့ ဖမ်းဆုပ်ဖို့ ခက်ခဲတယ်။ တစ္ဆေတွေက လူသားတွေအပေါ် ယာယီပျော်ရွှင်မှုတို့ကို ဆောင်ကျဉ်းလာနိုင်ပေမဲ့ လူသားတစ်ယောက်အနေနဲ့ ကျင့်ကြံရေးလမ်းစဉ်ကိုသာ လျှောက်လှမ်းသင့်တယ်။

ကျင့်ကြံ‌ရေး လမ်းစဉ်က ဘဝကို တန်ဖိုးထားရမဲ့ နေရာတစ်ခုပဲ။ တစ္ဆေ ဖြစ်ရတာက အဆုံးသတ်မှုအပေါ် အသာပေးနေတာပဲ။ ကျင့်ကြံရေးလမ်းစဉ်က တစ်ခါတစ်ရံ ကံကောင်းမှုကို ဆောင်ယူလာပြီးတော့ တစ္ဆေတွေကတော့ အန္တရာယ်တွေကို ဖြစ်စေပြီး ရက်စက်လာစေတယ် ”

…………...

ကျမ်းရွတ်ဖတ်သံတို့ ထွက်ပေါ်လာသည့်အခါ လေထဲရှိ သင်္ကေတများက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်စက်ဝန်းပြားထဲ ဝင်ရောက်သွားကြသည်။ ခဏကြာပြီးနောက် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားမှ မျက်စိစူးမတတ် တောက်ပသည့် အလင်းတန်းကို ထုတ်လွှင့်လာပြီး စတင် လည်ပတ်လာသည်။

ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားမှ ထုတ်လွှင့်နေသော စွမ်းအားကြီးက ရွှေကျီးသုံးကောင်ဆီ ဝင်ရောက်သွားသည်။

ရုန်းကန်နေကြသော ရွှေကျီးသုံးကောင်က ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်၏ အလင်းကို ခံယူပြီးနောက် ငြိမ်ကျသွားကြသည်။ အနက်ရောင်ချီများလည်း ထိုငွေရောင်အလင်းတန်းကြောင့် ဗလာနတ္ထိအဖြစ်သို့ ကွယ်ပျောက်သွားရ၏။

ထိုစဉ် မူလအနီရင့်ရင့် ရွှေကျီး မီးတောက်က သန့်စင်ပြီးနောက်တွင် ရွှေနီရောင် ပြန်ပြောင်းသွားလေသည်။ ထိုမီးတောက်မှ သန့်စင်ကာ နွေးထွေးသည့် အလင်းရောင်တို့ ထုတ်လွှင့်နေသည်။

အနီရင့်ရင့် ငှက်မွေးများကလည်း အင်မတန် လက်ရာမြောက်သော ရွှေရောင်အသွင် ပြန်ပြောင်းသွားလေ၏။

သူတို့၏ အကြည့်များက တဖြည်းဖြည်း ကြည်လင်လာကာ ရှန်ထျန်းတို့အား ကျေးဇူးတင်မှုအပြည့်နှင့် ကြည့်လိုက်ကြသည်။

သူတို့အသိစိတ် ပြန်ကပ်လာသည်မှာ သိသာလှ၏။

ပထမ ရွှေကျီးက ပြောလိုက်သည်  “ ကယ်တင်ရှင်အားလုံးကို ကျေးဇူးပါ။ မင်းတို့ရဲ့ ရဲရင့်မှုနဲ့ ကြင်နာမှုတွေက ငါတို့ကို ကယ်ပေးခဲ့တာပါ ”

ကြာပြာကောင်းကင်အသျှင်က တုတ်ကို သိမ်းလိုက်ပြီး ပြောလိုက်သည်  “တကယ် ကျေးဇူးတင်ချင်ရင် လက်တွေ့ဆန်တာလေး ပေးသင့်တယ်။ နမူနာအနေနဲ့ဆိုရင် ထာဝရ ဒါမှမဟုတ် နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်းမျိုးပေါ့ ”

ရွှေကျီးသုံးကောင်  “ … ”

တိတ်ဆိတ်သွားပြီးနောက် ပထမရွှေကျီးက ရှန်ထျန်းကို ပြုံးကာ ကြည့်လာသည်

“ ကျေးဇူးရှင်ငယ်လေးက ကျုပ်တို့ ဘဝကူးနိုင်အောင် ကူညီပေးခဲ့တာပါ။ ကျုပ်တို့အနေနဲ့ ကျေးဇူးကြွေး ပြန်ဆပ်မှ သင့်တော်မှာပေါ့။ ဒီဂူဗိမာန်ထဲ ထာဝရအဆင့်၊ နတ်ဧကရာဇ်အဆင့် အသုံးအဆောင်ပစ္စည်း များများစားစား မရှိပေမဲ့ နည်းနည်းတော့ ရှိပါသေးတယ်။

ဒါပေမဲ့ ကျုပ်တို့က ကယ်တင်ခံလိုက်ရပေမဲ့ အခုထိ ဘဝမကူးနိုင်သေးဘဲ ဝေဒနာပင်လယ်ထဲ နစ်မြှပ်နေတဲ့ နောက်ထပ် ညီအစ်ကိုခြောက်ယောက် ကျန်ပါသေးတယ် ”

ရွှေကျီးက ရှန်ထျန်းအား လေးလေးနက်နက် ကြည့်လိုက်ပြီးနောက်  “ ကျုပ်တို့ ညီအစ်ကိုခြောက်ယောက်ကို ဘဝကူးနိုင်အောင် ကူညီပေးနိုင်ဖို့ ရှေ့ကနေ လမ်းပြပေးပါ့မယ်။ မင်းသာ ကျုပ်တို့ညီအစ်ကိုခြောက်ယောက်လုံး ဘဝကူးပေးဖို့ သဘောတူသရွေ့ ဒီဂူဗိမာန်ထဲက ကံအပြောင်းအလဲ အခွင့်အရေးအားလုံး ပေးပါ့မယ်။

တကယ်လို့ နောက်ဘဝမှာ အခွင့်ကြုံလာခဲ့ရင်လည်း ဒီကြင်နာတဲ့ အပြုအမူအတွက် သေချာပေါက် ပြန်ပေးဆပ်ပါ့မယ် ”

ရွှေကျီးသုံးကောင်က သူ့ကို ကူညီပြီးတော့ ကျန်ခြောက်ကောင် ဘဝကူးနိုင်အောင် လုပ်ပေးချင်တာတဲ့လား …

ရှန်ထျန်းက နည်းနည်းတော့ အံ့ဩမိသွားသည်။

ဒါက သတင်းကောင်းပဲ …

သူ့အနေနှင့် ကျန်ရွှေကျီး ခြောက်ကောင် ခြေရာခံဖို့ စွမ်းအားခြွေတာပြီးသား ဖြစ်သွားပေမည်။

တစ်ချိန်တည်းတွင် ထိုရွှေကျီးခြောက်ကောင်သာ ပူးပေါင်းလိုက်လျှင် သူ့ဘက်တွင် အကူသုံးယောက် ရှိထားသည်က ပိုကောင်းလေ၏။ ထိုရွှေကျီးများက အင်မတန် အားကောင်းလွန်းနေသည် မဟုတ်ပါလော။

လုပ်ကြတာပေါ့ …

...................

ရှန်ထျန်းနှင့် အခြားနှစ်ယောက်က တခြားရွှေကျီးများကို ရှာဖို့ ခရီးဆက်ခဲ့ကြသည်။

ထိုစဉ် ဂူဗိမာန်အပြင်ဘက်ပိုင်းတွင် အာကာပြင်က ရုတ်ချည်း တွန့်ချိုးလာလေ၏။ မိစ္ဆာဆန်ဆန် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က ဘေးပတ်လည်ရှိ အလင်းရောင်များကို ပုံပျက်သွားစေသည်။

သူ့နောက်တွင် ဓားကြီးတစ်လက် လွယ်ထားပြီး မိစ္ဆာမီးတောက်ဖြင့် တောက်ပနေလေ၏။ သူ့ဘေးနားရှိ အာကာပြင်မှာ မီးတောက်များကြောင့် မှုန်ဝါးဝါး ဖြစ်နေပြီး သူ့ပုံရိပ်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။

ပို၍ ထူးဆန်းသည်က သူက လေထဲတွင် ဂုဏ်မောက်စွာ ရပ်နေသော်လည်း မည်သူကမှ သူ့တည်ရှိမှုကို မခံစားမိလုနီးပါး ဖြစ်နေသည်။

ထိုအမျိုးသား၏ နှုတ်ခမ်းထောင့်တို့က အသာတွန့်ချိုးသွားလေ၏။

“ ရှန်ထျန်း …  ငါ့ဒေါသကို ခံယူဖို့ အသင့်ပဲလား ”

All Chapters