← Chapters

နတ်ဆိုးယုတ်များကြားမှ သစ္စာဖောက်တစ်ကောင်

Vol. 11(A) Ch. 150

နတ်ဆိုးယုတ်များကြားမှ သစ္စာဖောက်တစ်ကောင်

Vol. 11(A) Ch. 150

အန်လင်းသည် နတ်ဆိုးယုတ် တစ်ကောင်နှင့်သာ ရင်ဆိုင်တွေ့လိုခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် အစုလိုက်အပြုံလိုက် တွေ့ကြုံနေရလေပြီ။

ထိုသည်မှာ သူမလိုချင်သည့် တန်ဖိုးကြီးလက်ဆောင်နှင့် တူလှပေသည်။

အန်လင်းသည် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ တိုက်ခိုက်ခြင်း အဆောင်လက်ဖွဲ့ တစ်ခုအား ထုတ်ယူကာဖြင့် လက်ဝဲဘက်တွင် ဆုပ်ကိုင်ထားသည်။ အလွန်သန်မာသည့် ရန်သူဖြစ်လျှင် ထိုဝှက်ဖဲအား အသုံးပြုနိုင်ပေလိမ့်မည်။ လှည့်ပတ်ကြည့်လိုက်သည့် အခါတွင် နတ်ဆိုးယုတ် ၁၂ ကောင်သည် သူတို့အား ဝိုင်းထားသည်ကို တွေ့လိုက်ရသည်။

နတ်ဆိုးယုတ်များတွင် ကျင့်ကြံခြင်းအခြေခံ မရှိသည့်အတွင် မည်မျှသန်မာသည်ကို မသိရှိရပေ။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များတွင် အားကောင်းသည့် အန္တရာယ်ပြုလိုစိတ်များ လွှမ်းခြုံထားကြသည်။

ဝှစ်

နတ်ဆိုးယုတ်လေးကောင်သည် တစ်ပြိုင်နက် လှုပ်ရှားလာပြီး အန်လင်းတို့ထံ ပြေးဝင်လာသည်။

"မီးစိတ်ဝိညာဉ်"

စုရှောင်လန်၏ ခန္ဓာကိုယ်အား မီးတောက်များ ဖုံးလွှမ်းသွားပြီး သူမအား ဇာမဏီတစ်ကောင်အသွင် ဖြစ်ပေါ်စေသည်။ သူမသည် လေထဲသို့ ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်ပြီး မီးတောက်ဓားချက်များ ဆက်တိုက်ထွက်ပေါ်လာသည်။

နတ်ဆိုးယုတ်များသည် ခုတ်ချက်များအား ရှောင်တိမ်းလိုက်ပြီး ခန္ဓာကိုယ်တွင် လက်သည်းနက်များ ပေါ်လာပြီး မီးတောက်ဓားချက်များအား ဖမ်းဆွဲလိုက်သည်။

ဘုန်း ဘုန်း ဘုန်း

မီးတောက်ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်တဝိုင်သည် လောင်ကျွမ်းမှုကြောင့် မည်းနက်သွားတော့သည်။

မီးတောက်များကြားမှ အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး နက်မှောင်ပြင်းထန်သည့် အော်ရာများ ဖော်ထုတ်ကာဖြင့် စုရှောင်လန်ထံသို အလွန်လျင်မြန်သည့်နှုန်းဖြင့် ပြေးဝင်လာသည်။

တစ်ချိန်တည်းမှာပင် အခြားနတ်ဆိုးယုတ် ၃ ကောင်သည် ပြန်လည်တိုက်ခိုက်လာပြန်သည်။

ကျိယန်လန်သည် သူမ၏ဓားဖြင့် လျှပ်စီးကြောင်းတစ်ခုအား ဖန်တီးလိုက်ပြီးနောက် နတ်ဆိုးယုတ်တစ်ကောင်အား တိုက်ခိုက်လိုက်သည်။

ရှောင်ချိုးသည် ငွေသံတုတ်အား ဝှေ့ယမ်းကာဖြင့် အခြားနတ်ဆိုးယုတ် တစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။

သူတို့နှစ်ဦးသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အန်လင်းသည် အဖွဲ့ထဲတွင် အားအကောင်းဆုံးသော တိုက်ခိုက်စွမ်းရည် ပိုင်ဆိုင်သူ ဖြစ်သော်လည်း ခက်ခဲသည့် တိုက်ပွဲဖြစ်နေဆဲပင်။

နတ်ဆိုးယုတ်များ၏ တိုက်ခိုက်မှုများသည် အလွန်ရက်စက်သည် သာမက ဟာကွက်လည်း မရှိချေ။ ထို့အပြင် သူတို့သည် တစ်ဖက်လူ၏ စိတ်ခံစားချက်များကို ရှုပ်ထွေးစေနိုင်သည်။

အန်လင်းထံသို့ နတ်ဆိုးယုတ်တစ်ကောင် ပြေးဝင်လာပြီး အန်လင်းသည် တပိုင်အား အော်ပြောလိုက်သည်။ "မြန်မြန်လုပ် စုရှောင်လန်ကို သွားကူလိုက်”

စုရှောင်လန်နှင့် တိုက်ခိုက်နေသည့် နတ်ဆိုးယုတ်သည် ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တွင် ဆူးချွန်များ ပေါ်ထွက်လာသည်။ ထိုဆူးချွန်များသည် ဆန့်ထွက်လာပြီးနောက် စုရှောင်လန်အား ကြောက်မက်ဖွယ်စွမ်းအားဖြင့် ထိုးစိုက်လာသည်။

စုရှောင်လန်၏ အမူအရာမှာ ပြောင်းလဲသွားပြီးနောက် သူမသည် မီးတောက်လှိုင်းများ ပစ်လွှတ်ကာဖြင့် လျင်မြန်သည့်နှုန်းဖြင့် အနောက်သို့ ဆုတ်လိုက်သည်။

သို့သော်လည်း ဆူးချွန်များသည် ဓားပျံများနှင့် တူညီပြီး သူမ ဆုတ်ခွာသည့်နှုန်းထက် ပို၍မြန်ကြသည်။

ထိုအချိန်တွင် အားကောင်းသည် လေမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး နတ်ဆိုးယုတ်အား အနောက်သို့ ဆုတ်သွားစေသည်။

"တပိုင် ... ဒီကို ဘာလာလုပ်တာလဲ။ အန်လင်းကို သွားကူလေ” စုရှောင်လန်သည် အံ့အားတကြီး အော်ဟစ်လိုက်သည်။

"အစ်ကိုကြီးအန်က ဒီမှာလာကူခိုင်းလိုက်တာ။ ဝုတ်" တပိုင်သည် ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။

စုရှောင်လန် : “…”

ထိုအချိန်တွင် အဖော်မဲ့နေသည့် အန်လင်းသည် နတ်ဆိုးယုတ်များ မည်မျှလောက် ကြောက်မက်ဖွယ်ကောင်းသည်ကို စတင်နားလည်လာပြီ ဖြစ်သည်။

သူတို့၏ ပြောင်းလဲနိုင်သည့် ပုံသဏ္ဌာန်၊ ဆန်းကြယ်သည့် ရွေ့လျားနည်းစနစ်နှင့် စွမ်းအားကြီးသည့် စိတ်တိုက်ခိုက်မှုတို့ ပေါင်းစပ်လိုက်သည့် အခါတွင် စက္ကန့်ဝက်အတွင်းမှာပင် လူတစ်ဦးအား သေစေနိုင်စွမ်းရှိလေသည်။

လူတိုင်းအရေးပေါ် အခြေအနေအတွင်း ကျရောက်နေစဉ် ရုတ်တရက်ဆိုသလို နောက်ထပ် နတ်ဆိုးယုတ်လေးကောင် ပြေးဝင်လာပြန်သည်။

ထိုနတ်ဆိုးယုတ်လေးကောင် ဝင်ရောက် တိုက်ခိုက်မည်ဆိုလျှင် သူတို့အားလုံး အပြတ်အသတ် ရှုံးနိမ့်သွားပေလိမ့်မည်။

"ဖိအားမဲ့နှင်းခဲဓား"

အန်လင်းတွင် ရွေးချယ်ရန် မရှိတော့သည်ကြောင့် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ အဆောင်လက်ဖွဲ့အား အသုံးပြုရတော့သည်။

လေထုအတွင်း အပြာရောင် ဓားခုတ်ချက်တစ်ခု ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်စွမ်းအား နှင့်အတူ လေထုအား ခုတ်ပိုင်းလိုက်သည်။

အန်လင်းနှင့် တိုက်ခိုက်နေသည့် နတ်ဆိုးယုတ်သည် နှစ်ပိုင်းပြတ်သွားပြီးနောက် လေထုအတွင်း ကွယ်ပျောက်မသွားခင် နာကျင်စွာ အော်ဟစ်လိုက်သည်။

အောင်မြင်ပြီကွ။

သို့သော်လည်း စနစ်ထံမှ အသိပေးချက် ထွက်ပေါ်လာခြင်း မရှိချေ။ သူ၏ကိုယ်ပိုင်ခွန်အားနှင့် သတ်ဖြတ်လိုက်ခြင်း မဟုတ်သည့်အတွက် ဖြစ်ပေလိမ့်မည်။

စဉ်းစားရန် အချိန်မရှိသည့်အတွက် အဆောင်လက်ဖွဲ့ နောက်တစ်ခုအား ချက်ချင်းဆိုသလို ထုတ်ယူလိုက်သည်။

"ဖိအားမဲ့နှင်းခဲဓား"

ဤတစ်ကြိမ်တွင် အန်လင်းသည် သူနှင့်နီးကပ်နေသည့် နတ်ဆိုးယုတ် နှစ်ကောင်အား ပစ်မှတ်ထားလိုက်သည်။ ထိုမှသာ အဆောင်လက်ဖွဲ့တစ်ခုနှင့် နတ်ဆိုးယုတ် နှစ်ကောင်ကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။

နောက်ထပ် ဓားခုတ်ချက်တစ်ခု ထွက်ပေါ်လာပြီးနောက် နတ်ဆိုးယုတ်များသည် ခုတ်ပိုင်းခံလိုက်ရသည်ကြောင့် နာကျင်စွာ အော်ဟစ်ကာဖြင့် လေထုအတွင်း ပျောက်ကွယ်သွားပြန်သည်။

ထိုအဆောင် လက်ဖွဲ့များသည် အလွန်အသုံးဝင် လာသည်။ သို့သော်လည်း အန်လင်းသည် အလွန်စိတ်သောက ရောက်နေမိသည်။

ထိုအဆောင်လက်ဖွဲ့များသည် ခွန်းလွန်တောင် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဝိညာဉ်ငယ်ရှီမှ လက်ဆောင်ပေးထားသော အဆောင်လက်ဖွဲ့ အားလုံးကို အသုံးပြုလိုက်ရပြီ ဖြစ်သည်။ ထို့ကြောင့် အင်တင်တင်နှင့် လုံဟူအင်မော်တယ်ဂိုဏ်းမှ ကောင်းကင်ရှီးဖော့ ကျန်း ပေးထားသည့် အကာအကွယ် အဆောင်လက်ဖွဲ့များအား ထုတ်ယူလိုက်ရသည်။

"အမှိုက်လိုမျိုး နတ်ဆိုးယုတ်တွေ ... ဝိညာဉ်ဖိနှိပ်လျှပ်စီးကြောင်းရဲ့ စွမ်းအားကို မြည်းကြည့်လိုက်စမ်း”

သူ့ထံတွင် ရွေးချယ်စရာ မရှိတော့သည့်အတွက် ထိုဝှက်ဖဲများအား အသုံးပြုရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိတော့ချေ။

အကာအကွယ် အဆောင်လက်ဖွဲ့အား အသက်သွင်းလိုက်သည့်အခါ အပြာရောင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။

လျှပ်စီးကြောင်းတွင် သန့်စင်ယန်၏ ကြောက်မက်ဖွယ်စွမ်းအားများ ပြည့်နှက်နေပြီး နတ်ဆိုးယုတ် တစ်ကောင်အား ပစ်ခတ်လိုက်သည်။

ဧရာမပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာပြီးနောက် အော်သံပင် မပြုနိုင်တော့ဘဲ နတ်ဆိုးယုတ်သည် မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

အရမ်း စွမ်းအားကြီးတာပဲ။ ဒီအကာအကွယ် အဆောင်လက်ဖွဲ့တွေက အရင်ကသုံးခဲ့တဲ့ တိုက်ခိုက်တဲ့ အဆောင်လက်ဖွဲ့တွေ ထက်တာင် ပိုပြီးစွမ်းအားကြီးသေးတယ်။

အန်လင်းသည် နောက်ထပ် အကာအကွယ် အဆောင်လက်ဖွဲ့ တစ်ခုအား ထုတ်ယူလိုက်ပြီး တိုက်ပွဲအတွင်း ကျန်ရှိနေသည့် နောက်ဆုံးနတ်ဆိုးယုတ်အပေါ်တွင် အသုံးပြုလိုက်သည်။

ယခုအခါတွင် နတ်ဆိုးယုတ် သုံးကောင်သာ ကျန်ရှိတော့သည်။ အန်လင်းသည် တိုက်ပွဲအတွင်း မဝင်မီ မိစ္ဆာရှင်းဓားအား လွှဲကာဖြင့် အကာအကွယ် အဆောင်လက်ဖွဲ့ တစ်ခုအား လက်တွင်ဆုပ်ကိုင်ထားသည်။

ဘုန်း

ကောင်းကင်တွင် မီးတန်းများ မြင့်တက်လာပြီး နတ်ဆိုးယုတ် တစ်ကောင်အား မီးတောက်များ လွှမ်းခြုံထားလေသည်။

နတ်ဆိုးယုတ်သည် မီးတောက်များစွဲလျက်နှင့် စုရှောင်လန်ထံသို့ ပြေးလာပြီး သူ၏ခန္ဓာကိုယ်ရှိ မီးခိုးလုံးများမှာ ပို၍ပင် များပြားလာလေသည်။

ထိုအချိန်တွင် ကောင်းကင်ထက်မှ ကြီးမားလှသည့် လေဖိအားတစ်ခု ကျရောက်လာပြီး နတ်ဆိုးယုတ်အား တိုက်ရိုက်သက်ရောက်မှု ရှိကာ မြေပြင်ပေါ်တွင် ပေသုံးဆယ် ပတ်လည်ရှိ ချိုင့်တွင်းတစ်ခု ဖြစ်ပေါ်စေသည်။

ထိုနတ်ဆိုးယုတ်၏ လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားပြီ ဖြစ်သည်။

အန်လင်း၏ ခြေဖဝါးအောက်တွင် လေကွင်းဝိုင်းများ ပေါ်လာပြီး နတ်ဆိုးယုတ်ထံ ပြေးသွားလိုက်သည်။ သူ၏ဓားတွင် အဖြူရောင်လေအလင်းများ ရစ်ဝဲလာပြီး လေထုဖိအားသည် သူ့အား သက်ရောက်ခြင်း မရှိချေ။

ဓားသည် အလင်း၏အလျင်နှင့် လေထုအား ထိုးခွင်းလာပြီးနောက် နတ်ဆိုးယုတ်အား ခုတ်ပိုင်းလိုက်လေသည်။

ရွှပ်

နတ်ဆိုးယုတ်သည် နှစ်ပိုင်းပြတ်သွားပြီးနောက် မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ လျင်မြန်စွာဖြင့် အငွေ့ဖြစ်ကာ ပျောက်ကွယ်သွားလေသည်။

"တင်းတောင်"

အသိပေးချက် _ နတ်ဆိုးယုတ် တစ်ကောင်အား အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပါသည်။

အန်လင်း၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပေါ်လာသည်။ ယခုအခါတွင် နတ်ဆိုးယုတ်၏ အော်ရာအား စုပ်ယူဖို့သာလျှင် ကျန်ရှိတော့သည်။

နတ်ဆိုးယုတ် ပျောက်ကွယ်သွားသည့် နေရာအား ကြည့်လိုက်သည့်အခါ မည်သည့်အရာမှ မကျန်ရှတော့ချေ။ နတ်ဆိုးယုတ်၏ အော်ရာနေနေသာသာ လေထုထဲတွင် အခိုးအငွေ့ပင် မရှိချေ။

ထို့နောက်တွင် အလွန်ပြင်းထန်သည့် ပြဿနာတစ်ရပ်အား သိရှိလိုက်ရသည်။ နတ်ဆိုးယုတ်၏ အော်ရာမှာ အဘယ်နည်း။ မည်သို့စုပ်ယူရမည်နည်း။

သူ၏စိတ်ထဲတွင် ထိုမေးခွန်းပေါ်လာပြီး အခြားသူများနှင့်အတူ ကျိယန်လင်အား ကူညီတိုက်ခိုက်ရန် သွားရောက်လိုက်သည်။ အန်လင်းသည် နတ်ဆိုးယုတ်၏ ခန္ဓာကိုယ်အား ဖမ်းဆွဲလိုက်သည်။

ဂျယ်လီကဲ့သို့ ပျော့စိစိနှင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မကောင်းသည့် စိတ်ခံစားချက်များ၊ စိတ်ပျက်အားငယ်မှုများ၊ မုန်းတီးမှုများ၊ ဆိုးယုတ်မှုများ၊ ကြမ်းတမ်းမှုများ စသည်တို့သည် သူ၏ဦးခေါင်းအတွင်း အတားအဆီးမရှိ စီးဆင်းလာကြသည်။ လျင်မြန်စွာ နောက်ဆုတ်လိုက်ရပြီး မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားလေသည်။

ထိုရုပ်ပိုင်းဆိုင်ရာ မှအပ အော်ရာစုပ်ယူနိုင်မည့်အရာ မရှိချေ။ ထို့အပြင် အားကောင်းသည့် စိတ်စွမ်းအင် တိုက်ခိုက်မှုကိုပင် ခံယူလိုက်ရသေးသည်။

ထိုရုပ်ဝတ္ထုသည် အဖြေမဟုတ်ခဲ့လည်း သူ့အနေဖြင့် အော်ရာကို မည်သို့စုပ်ယူရမည်နည်း။

နောက်ဆုံးကျန်ရှိသည့် နတ်ဆိုးယုတ်အား ကြည့်လိုက်သည်။ ဖြစ်နိုင်သည်မှာ ...

ထိုအကောင်အား စားပစ်ရမည်လား။

နတ်ဆိုးယုတ်၏ တုန်ခါနေသည့် ခန္ဓာကိုယ်နှင့် ဖော်ထုတ်ထားသော ကြောက်မက်ဖွယ် အော်ရာတို့ကြောင့် သေချာပေါက် စားကောင်းမည့်အရာ မဟုတ်ချေ။

မစင် ၁ ကီလိုဂရမ်စားလျှင် ဒေါ်လာ သန်း ၁၀၀ ပေးမည် ဆိုပါက သင်ဘာလုပ်မည်နည်း။

သေချာပေါက် ငြင်းပယ်မည်ပင်။

ထို့ကြောင့် အန်လင်းနှင့် အခြားသူများသည် နောက်ဆုံးကျန်ရှိသည့် နတ်ဆိုးယုတ်အား တိုက်ပွဲနေရာမှာပင် သေဆုံးသည်အထိ တိုက်ခိုက်လိုက်ကြလေသည်။

အန်လင်း၏ နောက်ဆုံးသော အကာအကွယ်အဆောင်လက်ဖွဲ့မှာ အသုံးမပြုရသေးချေ။ ကျန်ရှိနေသေးသည့် နတ်ဆိုးယုတ်များအတွက် အထူးချန်လှပ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း သူ့အနေဖြင့် အသုံးပြုရန် မလိုအပ်ဟု ထင်နေမိသည်။

အခြားသူများသည်လည်း သူတို့၏ အကြည့်များအား နတ်ဆိုးယုတ်များထံ ပို့လွှတ်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် စိတ်ရှုပ်ထွေးမှုများ ရေးထိုးထားကြသည်။

ငြိမ်သက်စွာ ရပ်နေသည့် နတ်ဆိုးယုတ် လေးကောင်။

သူတို့အား ဝန်းရံထားခဲ့သည်မှာ နတ်ဆိုးယုတ် ၁၂ ကောင် ဖြစ်သည်။ သို့သော်လည်း ၈ ကောင်သာလျှင် အမှန်တကယ် တိုက်ခိုက်လာခြင်း ဖြစ်သည်။

ကျန်ရှိနေသည့် ၄ ကောင်မှာ တိုက်ခိုက်ခြင်း မပြုသလို ထွက်ပြေးခြင်းလည်း မရှိချေ။ သူတို့သည် အိပ်ပျော်နေသည့် အလှကလေးများနှင့်တူပြီး ထူးခြားသည့် ပွဲကြည့်သူများနှင့် တူလှသည်။

ထိုအချိန်တွင် အရိပ်တစ်ခုသည် ဖြည်းညင်းစွာ ရွေ့လျားလာသည်။

လူသားသဏ္ဌာန်ရှိ နတ်ဆိုးယုတ်ဖြစ်ပြီး ဦးခေါင်းတွင် အနီရင့်ရင့် မျက်လုံးတစ်လုံးသာ ပါရှိသည်။ လိမ်ပိန်သော ခန္ဓာကိုယ်မှ ပြင်းထန်သည့် စွမ်းအင်များ ပတ်ပတ်လည်သို့ စီးဆင်းနေပြီး သူ၏အော်ရာသည် ကြီးမားကာ ပင်လယ်ကဲ့သို့ အကန့်အသတ် မဲ့လှသည်။ သူ၏ တည်ရှိမှုကပင် လူတိုင်းအပေါ်သို့ အလွန်အားကောင်းသည့် ဖိအားတစ်ခု သက်ရောက်နေစေသည်။

သူ၏လက်ထဲတွင် အခြားလူသားသဏ္ဌာန် နတ်ဆိုးယုတ် တစ်ကောင်ရှိနေသည်။ သို့သော်လည်း ထိုနတ်ဆိုးယုတ်၏ အော်ရာသည် အလွန်အားနည်းပြီး သူ၏စွမ်းအင်များသည် စိမ့်ထွက်လျက်ရှိနေသည်။

နတ်ဆိုးယုတ်သည် သူ၏လက်ထဲရှိ နတ်ဆိုးယုတ်အား မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူ၏ တစ်လုံးတည်းသော အနီရောင်မျက်လုံးတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

အန်လင်းသည် ထိုအခြင်းအရာကို မြင်ရသည့်အခါ အလွန်တုန်လှုပ်သွားသည်။

ထိုပစ်ချခံလိုက်ရသည့် နတ်ဆိုးယုတ်သည် အခြားနတ်ဆိုးယုတ်များနှင့် သိသိသာသာ ကွဲပြားနေလေသည်။ သူ့တွင် ခန္ဓာကိုယ် အပြည့်အစုံ ပါရှိပြီး ပရမ်းပတာဖြစ်နေခြင်း၊ လိမ်ပိန်နေခြင်းများ မရှိချေ။

အန်လင်းသည် ထိုအချက်အလက်များအား မြင်လိုက်သည့်အခါတွင် ထို ... ထိုကဲ့သို့သော နတ်ဆိုးအမျိုးအစားမှာ အနည်းဆုံး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိပေလိမ့်မည်။

မြေပြင်ပေါ်ရှိ နတ်ဆိုးယုတ်သည် အခြားနတ်ဆိုးယုတ်၏ လက်ထဲတွင် သေဆုံးရတော့မည် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ နတ်ဆိုးယုတ်များ အကြားတွင် သစ္စာဖောက်တစ်ကောင် ပေါ်လာခြင်းများလား။

***

All Chapters