ယဲ့ချန်းခန် ရိုက်နှက်ခြင်း
Vol. 27 Ch. 392
အခန်း (၃၉၂) : ယဲ့ချန်းခန် ရိုက်နှက်ခြင်း
အံ့ဖွယ်စွမ်းအင်က ဂူဗိမာန်အတွင်း မြင့်တက်လာသည်။
ရွှေကျီးနတ်ဧကရာဇ်က ကြီးမားသော နတ်ဧကရာဇ်အရှိန်အဝါကို ထုတ်လွှတ်ရင်း တောက်ပနေသည်။
“ အဲဒါက ဘာလဲ”
ကြာပြာ ကောင်းကင်အသျှင် ဆံပင်မွေးများထောင်သည်အထိ ထိတ်လန့်သွားကာ ရွှေကျီးနတ်ဧကရာဇ်ကို စိုက်ကြည့်ရင်း ရွှေတုတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ဒီငှက်အိုကြီးနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ ရှိနေပြီ
“ လူအိုကြီးယဲ့ အဲဒါဘာလဲ”
ရှန်ထျန်းက ယဲ့ချန်းခန်နှင့် ဆက်သွယ် ပြောကြားလိုက်သည်။ သူလည်း ရွှေကျီးနတ်ဧကရာဇ်နှင့် ပတ်သက်ပြီး ထူးဆန်းသည့် တစ်စုံတစ်ခုကို သိရှိသွားသည်။
“ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ စစ်မှန်တဲ့ ဝိညာဉ်ကို ထိန်းချုပ်နိုင်ဖို့အတွက် တိုက်ခိုက်နေတဲ့ နောက်ထပ် အရှိန်အဝါ တစ်ခု ရှိနေတယ်” ယဲ့ချန်းခန်က ပြောလိုက်သည်။ ဘာတွေဖြစ်ပျက်နေလဲဆိုတာနှင့် ပတ်သက်ပြီး သူ့ဆီမှာ ကြီးမားသော သဲလွန်စ ရှိနေပုံပေါ်သည်။
ဘာ…
ဒါက နယ်မြေငါးခုလုံးမှာ စွမ်းအားအကြီးဆုံး ကျင့်ကြံသူဖြစ်တဲ့ ရွှေကျီးနတ်ဧကရာဇ်လေ
ဘယ်သူက နတ်ဧကရာဇ်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်ကို ခိုးယူနိုင်ရတာလဲ
ရှန်ထျန်း နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားမိသည်။ သူ့ကံကြမ္မာ ကျဆင်းသွားပြီးနောက် သူ တကယ်ပဲ ကံဆိုးခဲ့သည်။
နတ်ဧကရာဇ်တစ်ပါးတောင် မတားဆီးနိုင်ဘူးလား
“ ဘယ်အချိန်လဲ။ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ” ရွှေကျီးနတ်ဧကရာဇ်က အော်ဟစ်ပြောဆိုလိုက်သည်။
ခမ်းနားသိမ်မွေ့သော နတ်ဧကရာဇ်၏ အသံက ယခု ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ ငါ့ရဲ့ ဝိညာဉ်ကို လုံးဝသုတ်သင်ခံလိုက်ရမယ်ဆိုရင်တောင် မင်းဆီ ဘယ်တော့မှ ထိန်းချုပ်ခံမှာ မဟုတ်ဘူး”
ရွှေရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ပေါက်ကွဲသွားသည့်အတွက် ရွှေကျီးနတ်ဧကရာဇ်က အော်ဟစ်ကာ ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသည်။
ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် တစ်စုံတစ်ခုကို ဆွဲဆောင်သလိုမျိုး ရွှေကျီးနတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ ထိုးဖောက်ဝင်ရောက်သွားသည်။
ပြင်ပလောက၏ မိစ္ဆာဝိညာဉ်တစ်ကောင်က သူ့ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေပြီး သူ့ဝိညာဉ်အကြွင်းအကျန်ကို စုပ်ယူကာ နယ်မြေငါးခုထဲသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ရွှေကျီးနတ်ဧကရာဇ်ပင် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သူတို့ ဒီတစ်ခေါက်တော့ အကြီးအကျယ် ဒုက္ခရောက်ပြီ
ရွှေကျီးနတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်က အားလုံးကို ကြက်သီးမွေးညင်းထသွားစေသည်။ ထိုကြောက်စရာကောင်းသော တည်ရှိမှုက ရွှေကျီးနတ်ဧကရာဇ်၏ ဝိညာဉ်အစစ်အမှန်ကို ထိန်းချုပ်ချင်နေသည်မှာ ထင်ရှားလှသည်။
“ ဟား…ဟား…ဟား… မင်းက ရွှေကျီးကြက်ပေါက်လေး တစ်ကောင်သာသာပဲ ရှိတယ်။ အဲဒါတောင် မင်းက ငါ့ကို ခုခံရဲသေးတာလား။
နတ်ဘုရားလောကနဲ့ သေမျိုးလောကကြားထဲက အလွှာကို ချိုးဖျက်ဖို့အတွက် အဲလောက်အထိ လွယ်မယ်လို့များ မင်းက ထင်နေတာလား။ မင်းရဲ့ ဝိညာဉ်အကြွင်းအကျန်ကလည်း ငါ့ရဲ့ တိတ်တဆိတ် ကူညီမှု မရှိပဲနဲ့ မင်းဆီကို ပြန်ရောက်လာမယ်လို့ ထင်နေတာလား။
မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အစေ့တစ်ခုကို စိုက်ပြီးတော့ မင်းကို အသုံးချပြီး ဒီကမ္ဘာထဲကို ဝင်လာချင်တာ။ အရမ်းကောင်းတဲ့ အံ့အားသင့်မှုမျိုးကို မမျှော်လင့်ထားနဲ့လေ။
ဒီကောင်လေးဆီမှာ အထင်ကြီးလောက်တဲ့ ခန္ဓာတည်ဆောက်ပုံမျိုး ရှိနေတယ်။ ငါသာ သူ့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် အပြီးပြည့်စုံဆုံး ဝိညာဉ်ကိုယ်ထင်ပြခြင်းကို သေချာပေါက် ကျင့်ကြံနိုင်မှာ သေချာတယ်။
“ ဟား…ဟား…ဟား… မင်း တတ်နိုင်သလောက် ရုန်းလို့ရတယ်။ ဒါပေမဲ့ မင်းက ငါ့အပိုင် ဖြစ်လာမှာလဲ”
အေးစက်စက် အသံတစ်ခုက အာကာပြင်ထဲတွင် ပျံ့နှံ့နေသည့်အတွက် အားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
ကမ္ဘာမြေကြီးနှင့် ကောင်းကင် တုန်ခါသွားကာ တောက်ပသော ရွှေရောင်အလင်းတန်းက တားမြစ်ထားသော အမှောင်ထုနှင့် တိုက်ခိုက်ပြီး ရုတ်တရက် ပေါက်ကွဲသွားသည်။
စွမ်းအားကြီးကာ မငြိမ်သက်သည့် လေထုက တိုက်ခတ်သွားသည့်အတွက် ထာဝရဘုံဗိမာန်ကျွန်းတစ်ခုလုံး တုန်ခါသွားသည်။
အဆုံးသတ်တွင် ရွှေရောင်အလင်းတန်းက အမှောင်ထုအတွက် ယှဉ်ပြိုင်ဖက် မဖြစ်နိုင်သည့်အတွက် စတင် မှေးမှိန်သွားသည်။
ရွှေကျီးနတ်ဧကရာဇ်၏ ခန္ဓာကိုယ်က အမှောင်စွမ်းအင်အလွှာထဲတွင် ပိတ်မိနေသည်။
မူလအစကတည်းက ရွှေကျီးနတ်ဧကရာဇ်၏ ဝိညာဉ်က အပြည့်အဝ မရှိပေ။ ထို့ကြောင့် ခွန်အားအပြည့် ရှိနေဖို့ဆိုတာလည်း မဖြစ်နိုင်ပေ။ ထို့အပြင် သူက ရွှေကျီးသားကိုးယောက်ကို ပြန်လည်ဝင်စားအောင် လုပ်ပေးသည့်နေရာတွင်လည်း စွမ်းအင်အများအပြားကို သုံးစွဲခဲ့သည်။ သူ့အနေဖြင့် မိစ္ဆာဝိညာဉ်၏ စွမ်းအားကို ရင်ဆိုင်ဖို့အတွက် မဖြစ်နိုင်ပေ။
“ မင်းတို့ အလျင်အမြန် လှုပ်ရှားပြီးတော့ ငါ့ရဲ့ ဝိညာဉ်အစစ်အမှန်ကို ဖြိုခွဲလိုက်ကြ”
ရွှေကျီးနတ်ဧကရာဇ်က သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ကို ရအောင် လည်ပတ်စေရင်း မိစ္ဆာဝိညာဉ်၏ စွမ်းအားကို ဖိနှိပ်ဖို့အတွက် ကြိုးစားနေသည်။
ကံမကောင်းစွာဖြင့် အကျိုးသက်ရောက်မှု အများကြီး မရှိခဲ့ပေ။
“ အစ်ကိုကြီး လုပ်လိုက်။ မိစ္ဆာဝိညာဉ်ကို ဖိနှိပ်ဖို့အတွက် နတ်ဧကရာဇ်ကို ကူညီလိုက်ပါ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ ပြင်းထန်စွာ တုန်ခါနေသည်။ အရာအားလုံးက လေးနက်လာသည်ကို သူ မြင်နေရသည်။
ရွှေကျီးနတ်ဧကရာဇ်က မိစ္ဆာဝိညာဉ်ကို ရှုံးသွားသည့်အချိန်တွင် အရာအားလုံး နောက်ကျသွားလိမ့်မည်။
မိစ္ဆာဝိညာဉ်သာ ရွှေကျီးနတ်ဧကရာဇ်ကို ထိန်းချုပ်နိုင်သွားပြီး ကြောက်စရာကောင်းသော စွမ်းအားကို တွေ့ရှိသွားပါက ဂူဗိမာန်ထဲရှိသူအားလုံး သေရလိမ့်မည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြတ်ပြတ်သားသား လှုပ်ရှားလိုက်သည်။ သူ့အရှိန်အဝါများ ထိုးဖောက်ထွက်နေသည့်အတွက် တစ်ကိုယ်လုံးကို မိုးကြိုးများက လွှမ်းခြုံထားသည်။
ကြီးမားသော မိုးကြိုးစွမ်းအင်ကလည်း ဓာတ်နှောနတ်မိုးကြိုး လျှပ်စီးကြောင်းများကို ဖန်တီးကာ ပေါက်ကွဲသွားသည်။
ဓာတ်နှောနတ်မိုးကြိုး၏ ကြောက်စရာကောင်းသော စွမ်းအားက ရွှေကျီးနတ်ဧကရာဇ်ဆီသို့ ဦးတည်သွားကာ ဘေးပတ်လည်ရှိ အာကာပြင်ကို ဖျက်စီးလိုက်သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တတ်နိုင်သမျှအကုန်လုပ်နေပြီး နည်းနည်းလေးမှ ထိန်ချန်ထားခြင်း မရှိပေ။
ရွှေကျီးနတ်ဧကရာဇ် ဖြစ်သည့်အတွက် နတ်ဧကရာဇ်တစ်ပါး၏ စွမ်းအား အပြည့်အဝရှိပြီး နယ်မြေငါးခုလုံးကို လွှမ်းမိုးနိုင်ခဲ့ဖူးသည်။
ထိုကဲ့သို့သော စွမ်းအားကြီးသည့် ကျင့်ကြံသူပင် ဘာမှမလုပ်နိုင်သည့်အတွက် မိစ္ဆာဝိညာဉ်က ဘယ်လောက်ထိ ကြောက်ဖို့ကောင်းကြောင်း သိသာထင်ရှားစေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်သာ အစွမ်းကုန် မတိုက်ခိုက်ပါက သူ့တိုက်ခိုက်မှုက လုံးဝ မထိရောက်ပဲ ဖြစ်သွားလိမ့်မည်။
“ မိစ္ဆာကောင် ရော့ယူလိုက်။ အထွတ်အထိတ် ပင်လယ်တုတ်ချောင်း - ကြက်ပေါက်စကို ရိုက်နှက်ခြင်း”
ကြာပြာကောင်းကင်အသျှင်က သူ၏ ရွှေတုတ်ကို လွှဲယမ်းရင်း အော်လိုက်သည်။
သူ့ ရွှေတုတ်က ကြီးမားသော ရွှေကျောက်တိုင်အဖြစ်သို့ ပြောင်းလဲသွားကာ ရွှေကျီးနတ်ဧကရာဇ်ဆီသို့ ဦးတည်သွားသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင် နှစ်ယောက်လုံးတွင် အံ့ဩစရာကောင်းသည့် အရည်အချင်းကို ပိုင်ဆိုင်ထားသည်။ ဤဂူဗိမာန်ထဲတွင် သူတို့၏ ကျင့်ကြံဆင့်များကို ဖိနှိပ်ခံထားရသော်လည်း သူတို့၏ တိုက်ခိုက်မှု စွမ်းအားက သာမန်ဝိဇ္ဇာတစ်ပါးထက် ကျော်လွန်သည်။
သူတို့နှစ်ယောက်၏ စွမ်းအားများကို ပေါင်းစပ်လိုက်ပါက နယ်မြေငါးခုလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ လုံလောက်စေသည်။
“ဟင်း…”
အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။
ရွှေကျီးနတ်ဧကရာဇ်၏ အထဲရှိ အမှောင်စွမ်းအင်က ရုတ်တရက် ကြောက်စရာကောင်းသော လှိုင်းလုံးများကဲ့သို့ ပေါက်ကွဲသွားကာ ရွှေကျီးစွမ်းအင်ကို လွှမ်းခြုံသွားသည်။
တစ်ချိန်တည်းမှာပဲ အမှောင်စွမ်းအင်က ကြီးမားသော လက်မဲကြီးအဖြစ် ပြောင်းလဲသွားကာ ဓာတ်နှောနတ်မိုးကြိုးနှင့် ဧရာမ ရွှေတုတ်ကို ရိုက်ချလိုက်သည်။
ဝုန်း…
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဖုန်မှုန့်နှင့်ပြာများ လွင့်ထွက်သွားသည်။
ဝိဇ္ဇာများကို သတိမေ့သွားစေသည့် စွမ်းအားကြီးသော တိုက်ခိုက်မှုမျိုးက ထိုလက်မဲကြီး၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။
အမှောင်စွမ်းအင်က နေရာတစ်ခုလုံးကို ပျံ့နှံ့နေသည်။
ရုတ်တရက် အဆုံးမဲ့အမှောင်ထုက ကောင်းကင်နှင့် အာကာပြင်ကို ဖုံးလွှမ်းသွားကာ အားလုံးကို နက်စောက်သော ချောက်တစ်ခုထဲသို့ ကျနေသည်ဟု ခံစားရအောင် ပြုလုပ်လိုက်သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့ နှစ်ယောက်လုံး နောက်ဆုတ်သွားရကာ သူတို့၏ မိုးကြိုးအရှိန်အဝါများက ဤစွမ်းအင်ကို ခုခံဖို့ ရုန်းကန်ကြိုးစားနေကြသည်။
“ သေစမ်း… အရမ်းရက်စက်တာပဲလား”
ကြာပြာကောင်းကင်အသျှင်က လွင့်ထွက်လာကာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အရမ်းအခက်တွေ့နေသည်။
“ ဟား…ဟား…ဟား… သာမန်သေမျိုးပုရွက်ဆိတ်လေး နှစ်ကောင်ပါပဲ။ မင်းတို့က ဘယ်လိုလုပ်ပြီးတော့ ငါ့ကို တားဆီးရဲတာလဲ”
ရွှေကျီးနတ်ဧကရာဇ်က အမှောင်ထုထဲတွင် ထွက်ပေါ်လာပြီး သူ့အရှိန်အဝါက လုံးဝ ပြောင်းလဲနေပြီဖြစ်သည်။
နတ်ဧကရာဇ်၏ မူလ ရွှေနီရောင်အလင်းတန်းက အမှောင်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူက ယခင်ကလိုမျိုး ခမ်းနားတောက်ပခြင်းမျိုး မရှိတော့ပေ။ အဲဒီအစား အမှောင်စွမ်းအင်၏ လွှမ်းခြုံခြင်းကို ခံရပြီး သွေးဆာရက်စက်သော နတ်ဆိုးတစ်ပါးကဲ့သို့ ဖြစ်လာသည်။
သူ၏ ယခုလက်ရှိ အရှိန်အဝါနှင့် နှိုင်းယှဉ်လိုက်ပါက ယခင် ရွှေကျီးကိုးကောင်က ဘာမှမပြောပလောက်ပေ။
ဟုတ်တယ်… ဘာမှ မပြောပလောက်ဘူး
“ ငါတို့ အခု အကြီးအကျယ် ဒုက္ခရောက်ပြီ”
ကြာပြာကောင်းကင်အသျှင်က ရွှေကျီးနတ်ဧကရာဇ်ကို စိုက်ကြည့်ကာ ရွှေတုတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ထိုကဲ့သို့သော အချိန်မျိုးတွင် သူပင် မပြုံးရယ်နိုင်တော့ပေ။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ငြိမ်ကျသွားသော်လည်း သူ၏ မိုးကြိုးပုံရိပ်သဏ္ဌာန်က ထွက်ပေါ်လာသည်။
ဓာတ်နှောနတ်မိုးကြိုးက ကောင်းကင်တစ်ခွင် လင်းလက်သွားစေကာ နတ်သားရဲဆယ်ကောင်ကလည်း ဟိန်းဟောက်နေကြသည်။ သူက သူ၏ ခွန်အားအပြည့်ကို ထပ်မံပြသနေသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့် ပြင်ပလောက၏ မိစ္ဆာဝိညာဉ်များ ဤလောကကို ကျူးကျော်စဉ်က များပြားသော ချိုင့်ဝှမ်းများ၊ ကောင်းချီးနယ်မြေများနှင့် သက်ရှိသတ္တဝါများ သုတ်သင်ခံလိုက်ရသည်။
အထွတ်အမြတ်မြေ အများကြီးပင် ထိုတိုက်ပွဲထဲတွင် ရုန်းကန်ခဲ့ရသည်။ သူတို့လွတ်မြောက်ဖို့အတွက်ပင် အရင်းအမြစ်အားလုံးကို အသုံးပြုခဲ့ရသည်။
ယခု ဤအပြင်လောက မိစ္ဆာဝိညာဉ် ထပ်မံပေါ်ထွက်လာပြီး ရွှေကျီးနတ်ဧကရာဇ်ကို ထိန်းချုပ်သွားသည်။
သူတို့သာ အစွမ်းကုန်သုံးပြီး မတိုက်ခိုက်ပါက ဘယ်သူမှ အသက်ရှင်နိုင်မည် မဟုတ်ပေ။
“ ဒီလိုမျိုး ကမ္ဘာငယ်လေးမှာ ဒီလောက်ထိ ချောမောတဲ့ လူသားတစ်ယောက် ရှိနေမယ်လို့ ထင်မထားဘူး။ အထက်တန်းကျတဲ့ ခန္ဓာကိုယ်ကသာ ငါနဲ့ လိုက်ဖက်တာ။ ငါက အဲဒီခန္ဓာကိုယ်နဲ့ ဒီကမ္ဘာပေါ်ကို ဆင်းသက်ပြီးတော့ ငါ့မျိုးနွယ်ရဲ့ တပ်မဟာကြီးကို ကြိုဆိုမယ်”
မိစ္ဆာရွှေကျီးနတ်ဧကရာဇ်က ယုတ်မာစွာ ပြုံးလိုက်ရင်း ရှန်ထျန်းကို နီရဲသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ရွှေကျီးနတ်ဧကရာဇ်၏ ဝိညာဉ်က အပြည့်အဝ မဟုတ်သည့်အတွက် စွမ်းအားအပြည့်ကို မထိန်းနိုင်ပေ။
မိစ္ဆာဝိညာဉ်က ရှန်ထျန်း၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ကာ ပိုင်ဆိုင်ချင်နေသည်။
“…”
ရှန်ထျန်းက နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ငါ့ရဲ့ ခန္ဓာကိုယ်ကို လိုချင်နေရတာလဲ။ ရုပ်ချောနေတာ ငါ့ရဲ့အပြစ်လား
ရွှေကျီးနတ်ဧကရာဇ် လိုချင်ခဲ့တုန်းက စိတ်ထဲတောင်မထားဘူး။ သူက ပြောရုံတင် ပြောခဲ့တာ သိပ်ပြီးတော့ လေးနက်တဲ့ပုံမပေါ်ဘူး
ဒါပေမဲ့အခု မိစ္ဆာဝိညာဉ်ထွက်လာပြီးတော့ ပြောနေတာက သူ့ကြည့်ရတာ နောက်နေတဲ့ပုံလည်း မပေါ်ဘူး
သေစမ်း
ဒီတစ်ခေါက် ရှန်ထျန်းသာ နိဗာနနယ်ပယ်အဆင့်ကို ရောက်ရှိသွားပါက အနည်းနှင့်အများ လှုံ့ဆော်မှုကြောင့် ဖြစ်လိမ့်မည်။
ရှန်ထျ်း လျှောက်တွေးနေစဉ် မိစ္ဆာနတ်ဧကရာဇ်က သူ့ကို ဖမ်းဖို့အတွက် လက်လှမ်းလိုက်သည်။
“ ထျန်းအာ သတိထား”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က လက်တစ်ဖက်ကို ယမ်းခါရင်း မိုးကြိုးအရှိန်အဝါများက ပြင်းထန်စွာ တုန်ခါနေသည်။ သိပ်သည်းသော မိုးကြိုးအလင်းထွက်ပေါ်လာကာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အရှိန်အဝါ ပေါက်ကွဲသွားပြီးနောက် ဓားရှည်တစ်ချောင်း သူ့လက်ထဲတွင် ပေါ်လာသည်။ အဆုံးမဲ့ ကြောက်စရာကောင်းသော နတ်မိုးကြိုးအလင်းက ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကောင်းကင်အပြစ်ဒဏ်၏ လူသားအသွင်ဖြစ်ကာ မိုးကြိုးစမ်းသပ်ချက်ကို အသုံးပြုပြီး မိစ္ဆာဝိညာဉ်ကို ဖျက်စီးတော့မည်။
ဟုတ်တယ် ဒါက အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းရဲ့ တားမြစ်ပြီး အဆင့်အမြင့်ဆုံးအခန်းဖြစ်တဲ့ ကပ်ဘေးတဖန်ပဲ
သူတို့ ယခု ရွေးချယ်စရာမရှိဘဲ အစွမ်းကု န်ထုတ်သုံးရမည်ဖြစ်သည်။
“ မင်းက ဘယ်လိုလုပ်ပြီးတော့ ငါ့ရဲ့ တူတပည့်ကို ပစ်မှတ်ထားရတာလဲ။ မင်းရဲ့ ခေါင်းကို ကြေမွအောင် လုပ်ပစ်မယ်”
ကြာပြာကောင်းကင်အသျှင်၏ အရှိန်အဝါထွက်ပေါ်လာကာ ကိုယ်ပွားနှစ်ခုဖန်တီးဖို့အတွက် ချီတစ်သွယ် သန့်စင်သုံးပါး ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ သူက နတ်ဧကရာဇ်ကို ရင်ဆိုင်ဖို့အတွက် အသင့်ဖြစ်နေပြီဖြစ်သည်။
သူ့မှာ ဝိညာဉ်အပြည့်အဝ မရှိသော်လည်း နတ်ဧကရာဇ်အဆင့်အောက်ရှိ သူများကို ကြောက်စိတ်သွင်းပေးဖို့အတွက် စွမ်းအားအလုံအလောက် ရှိသေးသည်။
“ ပုရွက်ဆိတ်အုံလေးက ငါ့ကို ဆန့်ကျင်ရဲတယ်တဲ့လား။ မင်းတို့ကိုကြည့်ရတာ သစ်ပင်ကို လှုပ်လာအောင် ကြိုးစားနေတဲ့ ပုရွက်ဆိတ်အုံနဲ့ အတူတူပဲ။ ငါက ဒီလောကမှာ ပြိုင်ဘက်ကင်းပဲ”
မိစ္ဆာရွှေကျီးနတ်ဧကရာဇ်က လက်ကိုမြှောက်ရင်း လှောင်ရယ်လိုက်သည်။ အမှောင်စွမ်းအင် ပေါက်ကွဲသွားသည်။
ကောင်းကင်တွင် အမှောင်ထု စုစည်းကာ ဧရာမ နတ်ဆိုးလက်မဲကြီးတစ်ခု ဖန်တီးလိုက်ပြီး ထိတ်လန့်စရာစွမ်းအားကို ပိုင်ဆိုင်ထားသည့် သူနှစ်ယောက်ဆီသို့ လွှဲယမ်းလိုက်သည်။
“သံကြိုးအစီအရင် ရစ်ပတ်စမ်း”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အေးစက်သော အသံထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်နေသော မိုးကြိုးများက သံကြိုးပုံစံ လျှပ်စီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်တစ်ခွင်လုံး မိုးကြိုးများဖြင့် ပြည့်နှက်နေကာ အံ့ဩမှင်သက်စရာကောင်းသော ကာကွယ်ရေး အစီအရင်က အာကာပြင်တစ်ခုလုံးကို လုံးဝ ပိတ်ဆို့ထားသည်။
နတ်ဆိုးလက်မဲကြီးက ရုတ်တရက် ဆင်းသက်လာကာ မိုးကြိုးနှင့် ပွတ်တိုက်သွားသည့်အတွက် မီးပွားများစွာ ဖြစ်ပေါ်သွားစေသည်။ မိုးကြိုးများ တုန်ခါသွားကာ အမှောင်စွမ်းအင်က မှေးမှိန်သွားသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားကာ ပြင်းထန်သောဖိအားကို ခံစားနေရသကဲ့သို့ ကောင်းကင်အရှိန်အဝါက ပြင်းထန်စွာ တုန်ခါနေသည်။
“ အား…ခင်ဗျားကို သတ်မယ်”
ကြာပြာကောင်းကင်အသျှင်က အော်ဟစ်ကာ သူ၏ ကိုယ်ပွားသုံးခုလုံး ပြင်းထန်သော စွမ်းအားဖြင့် မိစ္ဆာနတ်ဧကရာဇ်ဆီသို့ ဦးတည်သွားနေသည်။
ဝုန်း…
ကျယ်လောင်သောအသံတစ်ခုက လေထုထဲသို့ ပျံ့နှံ့သွားသည်။
ပုံရိပ်သုံးခု ကောင်းကင်မှ ပြုတ်ကျလာကာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်သွားပြီး ကြီးမားသော အပေါက်ကြီးတစ်ခုကို ဖန်တီးသွားသည်။
“ သေစမ်း…ဒီမိစ္ဆာလူယုတ်မာက အရမ်းရက်စက်ကြမ်းကြုတ်တာပဲ”
ကြာပြာကောင်းကင်အသျှင်၏ မျက်နှာနှင့် ဆံပင်များလည်း အညစ်အကြေးနှင့် ဖုန်မှုန့်များ ကပ်နေသည်။ သူ အစွမ်းကုန်ထုတ်သုံးထားသော်လည်း ရိုက်နှက်ခံလိုက်ရသည်။
ကံကောင်းစွာဖြင့် အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်၏ သံကြိုးအစီအရင်က လုံလောက်အောင် မာကြောသည့်အတွက် မိစ္ဆာနတ်ဧကရာဇ်၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိခဲ့သည်။ မဟုတ်ပါက သူတို့နှစ်ယောက်လုံး အစောကြီးကတည်းက ရှုံးနိမ့်သွားပေလိမ့်မည်။
“ ခေါင်းမာတဲ့ အရူးတွေ။ ငါ့ရဲ့ တိုက်ခိုက်မှုကို ဘယ်နှစ်ကြိမ် ခံနိုင်မယ်ဆိုတာကို မြင်ချင်သေးတယ်”
မိစ္ဆာနတ်ဧကရာဇ်က လှောင်ရယ်လိုက်သည်။ သူက ထိုသူများကို လုံးဝ လျစ်လျူရှုထားသည်။ သူက တစ်ခါ ထပ်မံ တိုက်ခိုက်လိုက်သည်။
ကြောက်စရာကောင်းသော နတ်ဧကရာဇ်အရှိန်အဝါက သူတို့ဆီ ဦးတည်လာနေသည်။ သူ တစ်ခါ တိုက်ခိုက်လိုက်တိုင်း သံကြိုးအစီအရင်က အချိန်မရွေး တစ်စစီ ဖြစ်သွားနိုင်သည့်အတိုင်း ပြင်းထန်စွာ တုန်ခါနေသည်။
“ အဖိုးကြီး ခင်ဗျား မလှုပ်ရှားရင် ကျွန်တော်တို့ အားလုံး သေရတော့မယ်” ကြာပြာ ကောင်းကင်အသျှင်က ဝိဇ္ဇာအဆင့် စွမ်းအားဖြင့် နတ်ဧကရာဇ်ကို ပြန်လည် တိုက်ခိုက်ရင်း အော်ပြောလိုက်သည်။ သို့သော် သူ့စွမ်းအားက နတ်ဧကရာဇ်နှင့် နှိုင်းယှဉ်လိုက်ပါက မှေးမှိန်နေသေးသည်။
“ အဆုံးမှာ ငါ ဝင်ပါရလိမ့်မယ်လို့တောင် ထင်မထားဘူး”
ရှန်ထျန်း၏ ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်းတန်း ထွက်ပေါ်လာကာ ရှည်လျားသော သက်ပြင်းချသံကြီးကို ကြားလိုက်ရသည်။
ခရမ်းရောင် ဝတ်ဆင်ထားသော အဖိုးကြီးတစ်ယောက် ပေါ်ထွက်လာသည်။ သူ့ပုံရိပ်က ဖျော့တော့ မှေးမှိန်သော်လည်း သူ့အရှိန်အဝါက အရမ်းအားပြင်းသည်။
ထိုအဖိုးကြီးက ယဲ့ချန်းခန်အပြင် တခြားမရှိနိုင်ပေ။
“ အား…ဒီအင်အားကြီးတဲ့ ကျင့်ကြံသူက ဘယ်သူလဲ”
ယဲ့ချန်းခန်၏ ထွက်ပေါ်လာမှုကြောင့် အနည်းငယ် ကြောက်ရွံ့သွားသည့်အတွက် မိစ္ဆာနတ်ဧကရာဇ်က သူ၏ အမှောင်စွမ်းအင်ကို အနည်းငယ် ပြန်လည် ရုတ်သိမ်းလိုက်သည်။
“ မင်းက ငါ့ရဲ့ တည်ရှိမှုကို သိဖို့ မထိုက်တန်ဘူး” ယဲ့ချန်းခန်၏ အသံက တည်ငြိမ်သည်။
“ မင်းက ဝိညာဉ်တစ်ကောင်ရဲ့ အကြွင်းအကျန် သက်သက်ပဲ။ ငါ့ရှေ့မှာ ဘယ်လိုလုပ်ပြီးတော့ အဲလောက်အထိ အတင့်ရဲနေရတာလဲ
“ ဘယ်အရာက မင်းအတွက် ကောင်းလဲဆိုတာကို မသိတဲ့ပုံပဲ။ ငါ မင်းကို သုတ်သင်ပေးမယ်”
မိစ္ဆာနတ်ဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် အမှောင်စွမ်းအင်က ထပ်မံထွက်ပေါ်လာသည်။
အာကာပြင်တစ်ခုလုံးက ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ရန်အတွက် အေးခဲရှုံ့တွသွားပုံပေါ်သည်။
ကမ္ဘာမြေကို တုန်ခါသွားစေသော စွမ်းအားက ယဲ့ချန်းခန်အပေါ်သို့ လွှတ်ထုတ်လိုက်သည်။
အာကာပြင် ပြိုလဲသွားကာ ကာကွယ်ရေးအစီအရင်ကလည်း အစိတ်စိတ်အမြွာမြွာဖြစ်သွားသည်။
“ မင်းက ထိတ်လန့်စရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ခဲ့တယ်ဆိုရင်တောင် အခုတော့ မင်းက ဝိညာဉ်အကြွင်းအကျန် သက်သက်ပဲ။ မင်းက ဘယ်လိုလုပ်ပြီးတော့ ငါ့ကို စော်ကားရဲတာလဲ။ မင်းရဲ့ လက်ကျန်ဝိညာဉ်ကို ဖျက်စီးပစ်မယ်”
မိစ္ဆာနတ်ဧကရာဇ်က ယုတ်မာစွာ ပြောဆိုနေသော်လည်း ရုတ်တရက် အသံတစ်ခုထွက်လာသည့်အခါ ကြောင်အသွားရသည်။
“ ဟုတ်ပြီ။ အား…အရမ်းသက်တောင့်သက်သာ ရှိတယ်။ ဒီထက် ပြင်းပြင်းလေး လုပ်ပေး”
ကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေသော အသံတစ်ခုထွက်ပေါ်လာသည်။
ထိုအရာက ဝမ်းသာပီတီဖြစ်မှု၏ သဲလွန်စတစ်ခု ဖြစ်သည်။
“ ဘာ…”
တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်မိသည့်အတွက် မိစ္ဆာနတ်ဧကရာဇ်၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားရသည်။
သူ၏ ထိတ်လန့်စရာကောင်းသော အမှောင်စွမ်းအင်က ယဲ့ချန်းခန်ကို ဖျက်စီးရမဲ့အစား အညောင်းအညာပြေစေရုံလောက်သာ ဖြစ်နေသည်။
“ အမ်…မင်း ဘာလို့ ရပ်တန့်လိုက်တာလဲ။
ငါ နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့တာ။ ငါ့ရဲ့ ကြွက်သားတွေ အပန်းဖြေဖို့အတွက် ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။
တကယ်ကို ပျော်စရာ မကောင်းခဲ့တာ။ ဒါကြောင့် မင်းကိုအသုံးချပြီးတော့ ငါ့ရဲ့တိုက်ကွက်ကို လေ့ကျင့်မယ်”
အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
လျှပ်စီးကြောင်းတစ်ခုလို အမြန်နှုန်းဖြင့် သူက မိစ္ဆာနတ်ဧကရာဇ်၏ ရှေ့သို့ ရောက်ရှိသွားသည်။
ယဲ့ချန်းခန်က လက်ဖဝါးဖြင့် ရိုက်နှက်တော့သလိုမျိုး လက်ကိုမြှောက်လိုက်သည်။
ကောင်းကင်တွင် ကြီးမားသော လက်ကြီးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ပေပေါင်းရာကျော် ကျယ်ဝန်းပြီး ပြင်းထန်သော အားဖြင့် ရိုက်ချလိုက်သည်။
ဝုန်း…
ပေါက်ကွဲမှုက ရွှေကျီးဂူဗိမာန်တစ်ခုလုံးကို တုန်ခါသွားစေသည်။
မိစ္ဆာနတ်ဧကရာဇ်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်ပြီးနောက် နေရာတိုင်းတွင် ဖုန်မှုန့်များ ပြန့်ကျဲသွားသည်။
“ အား…အား….”
“ ခင်ဗျားကတော့…”
မိစ္ဆာနတ်ဧကရာဇ်က ဒေါသထွက်စွာဖြင့် အော်လိုက်သည်။
သူက ဘယ်တုန်းကများ ဒီလိုမျိုး အဆင့်နိမ့်လောကရဲ့ သိက္ခာချတာကို ခံခဲ့ရလို့လဲ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ သောင်းလောက်ကတည်းက နတ်ဘုရားလောကဆီကို တက်လှမ်းနိုင်ခဲ့တဲ့ ရွှေကျီးနတ်ဧကရာဇ်တောင် သူ့ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်လိုမျိုး အလွယ်လေး ဖိနှိပ်လို့ရနေတာ
သူက ရွှေကျီးနတ်ဧကရာဇ်ရဲ့ ဝိညာဉ်အစစ်အမှန်ထဲမှာ အစေ့တစ်ခုကို စိုက်ပျိုးခဲ့တာ
သူသာ ရွှေကျီးနတ်ဧကရာဇ်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် နယ်မြေငါးခုမှာ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ်လို့ရမယ်လို့ ထင်ထားခဲ့တာ
သူ ပြန်လည်မွေးဖွားလာတဲ့အချိန် ယဲ့ချန်းခန်လို အဖိုးကြီးရဲ့ ရိုက်နှက်တာမျိုးကို ခံရမယ်လို့ ထင်မထားခဲ့ဘူး
“ လူယုတ်မာကောင် ”
မိစ္ဆာနတ်ဧကရာဇ်၏ သူငယ်အိမ်က အနီရင့်ရောင်ဖြစ်ပြီး သွေးဆာမှုတို့ဖြင့် ပြည့်နှက်နေကာ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်ကို ဖြန့်ကျက်နေသည်။
တစ်ချိန်တည်းမှာပဲ သူ့ဘေးပတ်လည်ရှိ အနက်ရောင်အရှိန်အဝါကလည်း ထိတ်လန့်စရာကောင်းလောက်အောင် တိုးပွားလာသည်။
ယခု မိစ္ဆာနတ်ဧကရာဇ်က ခွန်အားအပြည့် ရှိတော့မည်ဆိုတာ သေချာသလောက် ရှိသည်။
“ အခု စိတ်တိုနေတာလား။ အဲတော့ ဘာဖြစ်လဲ။ ငါက မင်းကို အနိုင်ယူပြမယ် မိစ္ဆာဝိညာဉ်စုတ်”
ယဲ့ချန်းခန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက ဤမိစ္ဆာနတ်ဧကရာဇ်နှင့် ပတ်သက်ပြီး လုံးဝ အငြိုးအတေး မရှိပေ။ သူက တူကြီးတစ်ခုကို ထုတ်ယူလိုက်သည်။
“ ကောင်းကင်လွင်ပြင်တူ ၃၆ ချက် နေမီးလျှံ တူရိုက်ချက်”
ယဲ့ချန်းခန်က သူ၏ ဧရာမတူကို ကိုင်မြှောက်လိုက်သည့်အခါ မိစ္ဆာနတ်ဧကရာဇ်ဘေးရှိ အမှောင်စွမ်းအင်များပင် နောက်သို့ ပြန်ဆုတ်သွားသည်။
“ ကြယ်ခြေမွ တူရိုက်ချက်”
“ လဝန်း ပင့်တင် တူရိုက်ချက်”
“လေပြင်း တူရိုက်ချက်”
“…”
ယဲ့ချန်းခန်က ပန်းပဲသမားတစ်ယောက်ကဲ့သို့ ဖြစ်သွားပုံရသည်။ တူ တစ်ချက်ပြီးတစ်ချက် ထုရိုက်နေသည့်အတွက် မိစ္ဆာနတ်ဧကရာဇ်က လုံးဝ ပြန်လည်ခုခံနိုင်ခြင်းမရှိဖြစ်နေသည်။
ထို့အပြင် ယဲ့ချန်းခန်က မိစ္ဆာနတ်ဧကရာဇ်အပေါ်သို့ တူဖြင့် ဆက်လက် ထုရိုက်နေရင်း ပြောလိုက်သည်
“ စက်ဆုပ်စရာကောင်းတဲ့ မိစ္ဆာဝိညာဉ်ကလေး။ မင်း ဘာလို့ အိမ်မှာ လူလိမ္မာလေး တစ်ယောက်လိုမနေဘဲနဲ့ အပြင်ထွက်ပြီးတော့ ပြဿနာရှာနေရတာလဲ။
မင်းက အရမ်းဆိုးတာပဲ။ ဒီအကြောင်းကို မင်းရဲ့မိဘတွေရော သိလား။
ဒီနေ့မင်းကို သင်ခန်းစာ ကောင်းကောင်းတစ်ခု သင်ပေးလိုက်မယ်။ ဘယ်လိုမျိုး မှန်မှန်ကန်ကန် ပြုမူရမလဲနဲ့ တခြားသူတွေအတွက် ဘယ်လိုစဉ်းစားပေးရမယ်ဆိုတာမျိုးကို သင်ပေးမယ်။
မင်းက ဘယ်လိုလုပ်ပြီးတော့ ငါ့ရဲ့ မွေးစားမြေးကို ပစ်မှတ်ထားရဲရတာလဲ။ မင်းကို သေတဲ့အထိ တူနဲ့ထုမယ်”
ဝုန်း…
မြေပြင်တုန်လှုပ်သွားကာ တောင်တန်းများ ယိမ်းယိုင်သွားသည်။
ယဲ့ချန်းခန်၏ ညှာတာမှုကင်းမဲ့သော ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုအောက်တွင် မိစ္ဆာနတ်ဧကရာဇ်က လုံးဝ ကူကယ်ရာမဲ့နေသည်။ ရိုက်နှက်မှုကြောင့် လေထဲသို့ လွင့်ထွက်သွားသည်။
မိစ္ဆာနတ်ဧကရာဇ်၏ သိပ်သည်းသော အမှောင်စွမ်းအင်ပင် ယခု အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်အတိုင်း စတင်ပြီး ပြင်းထန်စွာ တုန်ခါလာသည်။
“ ပြီးပြီ”
ယဲ့ချန်းခန်က လက်အချင်းချင်း ရိုက်ကာ စိတ်အေးသွားသည်။
သူ့အတွက် မိစ္ဆာဝိညာဉ်ကို ပြိုင်ဘက်ဟု သတ်မှတ်လို့ မရနိုင်သည့်အတွက် ကြောက်စရာ ဘာမှမရှိပေ။
ထိုအခိုက်အတန့်တွင် ပြိုင်ဘက်ကင်း မိစ္ဆာနတ်ဘုရား နိုးထလာသကဲ့သို့ ကြက်သီးထစေသော အရှိန်အဝါက ရုတ်တရက် မြင့်တက်လာသည်။
သိပ်သည်းသော အနက်ရောင်မြူခိုးက ဧရာမဆူနာမီလှိုင်းလုံးကဲ့သို့ ထွက်ပေါ်လာသည်။
မိစ္ဆာနတ်ဧကရာဇ်က ကျင်းထဲမှ ထွက်လာကာ သူ့နောက်တွင် ဧရာမနတ်ဆိုး ပုံရိပ်သဏ္ဌာန်တစ်ခုလည်း ရှိနေသည်။
“ ဟမ်…”
ယဲ့ချန်းခန်၏ အကြည့်တို့ ခက်ထန်သွားသည်။
ဒီမိစ္ဆာဝိညာဉ်ကလေးရဲ့ အရှိန်အဝါက ပိုပြီးတော့ သန်မာလာတယ်
ကြည့်ရတာ ဒီကောင်လေးက ငါထင်ထားတာထက် ပိုပြီးတော့ တော်တာပဲ
“ ဟား…ဟား…ဟား…ဒါဆိုရင် အဲဒါက စစ်နတ်ဘုရား မျှော်နန်းဆောင်က ဝိညာဉ်အကြွင်းအကျန်ပဲ။
မင်း သေမျိုးကမ္ဘာကို ရောက်လာနိုင်မယ်လို့ မျှော်လင့်မနေနဲ့။ မင်းက ကံဆိုးတဲ့အခြေအနေမှာ ရှိနေတုန်းပဲ။
မင်း အသက်ရှင်နေတုန်းက မင်းရဲ့ ကျင့်ကြံဆင့်က အရမ်းကောင်းတာ ဖြစ်ရင်ဖြစ်လိမ့်မယ်။ ငါ့ကိုတောင် ယှဉ်နိုင်လောက်တဲ့အထိလည်း ဖြစ်နိုင်တယ်။
မင်းက အခု ဝိညာဉ်တစ်ကောင်ရဲ့ အကြွင်းအကျန်သက်သက်ပဲ။ အိမ်ခြေရာမဲ့တစ်ယောက်ပဲ။
ဟား…ဟား…ဟား…ငါ့ကိုယ်ငါ စတေးရမယ်ဆိုရင်တောင် မင်းရဲ့ ဝိညာဉ်ကို ဒီနေ့ ဖျက်စီးပြမယ်။”
မိစ္ဆာနတ်ဧကရာဇ်က နတ်ဆိုးတစ်ပါး ပြန်လည်မွေးဖွားလာသကဲ့သို့ အရှိန်အဝါများက ရက်စက်ကြမ်းကြုတ်စွာ ထိုးဖောက်ထွက်လာသည်။
အနက်ရောင် နတ်ဆိုးမီးတောက်က သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူ့ကို ပတ်လည်ဝန်းရံရင်း သူ့အရှိန်အဝါက ပိုမိုပြီး ကြောက်စရာကောင်းလာသည်။
မိစ္ဆာနတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသော အရှိန်အဝါလှိုင်းများ ပေါက်ကွဲသွားသည်။ အနက်ရောင်နတ်ဆိုးမီးတောက်များ ထွက်ပေါ်လာသည်က တစ်ကမ္ဘာလုံးကို မီးလောင်တိုက်သွင်းတော့မလို ခံစားသွားရစေသည်။
“ မင်းက မင်းရဲ့ ဝိညာဉ်ကို လောင်ကျွမ်းအောင် လုပ်နေတာလား။
မိစ္ဆာဝိညာဉ်ကလေးက က ရွှေကျီးကြက်ပေါက်လေးကို သူနဲ့အတူ ဆွဲချချင်နေတာပဲ”
ယဲ့ချန်းခန်၏ အကြည့်တို့ ခက်ထန်သွားသည်။ မိစ္ဆာဝိညာဉ်၏ ကျင့်ကြံဆင့်က မနိမ့်ကြောင်းကို သူ သိရှိနိုင်သည်။
သူတို့ရှေ့မှာ မြင်နေရသည်က ဝိညာဉ်တစ်ကောင်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည့်အတွက် စွမ်းအားအစစ်အမှန်၏ တစ်စိတ်တစ်ပိုင်းဟုသာ ပြောနိုင်သည်။
အဲလိုဆိုလျှင်ပင် ဤဝိညာဉ်အစေ့က ရွှေကျီးနတ်ဧကရာဇ်နှင့်အတူ ကိုယ့်ကိုယ်ကို ဖျက်စီးလိုက်ပါက ကမ္ဘာမြေကို တုန်လှုပ်သွားစေသည့် အားတစ်ခု ဖြစ်သွားလိမ့်မည်။
အနည်းဆုံးတော့ ဒီဘက်ကမ္ဘာက လူတိုင်း ထိုအရာကို ရင်ဆိုင်ရပါက ပြန်လည်ခုခံနိုင်စွမ်း မရှိပေ။
ယဲ့ချန်းခန်မှာသာ စွမ်းအားအပြည့် ရှိပါက ဤအရာကို လုံးဝ ကြောက်ရွံ့မည်မဟုတ်ဘဲ မိစ္ဆာဝိညာဉ်ကို အလွယ်လေး ဖျက်စီးနိုင်မည်ဖြစ်သည်။
ကံမကောင်းစွာဖြင့် ယခု သူက ဝိညာဉ်အကြွင်းအကျန် ဖြစ်သည့်အပြင် မူလကိုယ်၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။
မူလယဲ့ချန်းခန်က ယခု စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲတွင် လက်ဖက်ရည် သောက်နေသည်။ ကိုယ်ပွားဖြင့် အခြေအနေများကို ကိုင်တွယ်ရခြင်းက စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။
“ ဟား…ဟား…ဟား…ခင်ဗျားက ဒီလူငယ်လေးကို ကာကွယ်ချင်တယ်ပေါ့ ဟုတ်လား။
ဒီနေ့ ဒီလူငယ်လေးကို ကျုပ်နဲ့အတူ ငရဲအထိ ဆွဲခေါ်သွားမယ်။
ခင်ဗျားက ခင်ဗျားရဲ့ စစ်နတ်ဘုရား မျှော်နန်းဆောင်ကို တစ်ဖန်ပြန်လည်တောက်ပလာစေချင်တာလား။ အိပ်မက် ဆက်မက်နေလိုက်”
မိစ္ဆာနတ်ဧကရာဇ်က အော်ပြောလိုက်သည်။ ယဲ့ချန်းခန်က အရမ်းစွမ်းအားကြီးသည်ကို သူ သိသလို သူ ထွက်သွားချင်လျှင်လည်း တားလို့မရနိုင်ပေ။
ထို့ကြောင့် သူက ရှန်ထျန်းကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
သူ့စွမ်းအင်များကို ဆက်လက် စုဆောင်းနေသည့်အတွက် အနက်ရောင် နတ်ဆိုးမီးတောက်က ကြက်သီးထစရာကောင်းသော အရှိန်အဝါကို လွှတ်ထုတ်နေသည်။
မီးတောက်တစ်ခုထဲနှင့်ပင် ဝိဇ္ဇာတစ်ပါးကို လောင်ကျွမ်းပြာချဖို့ လုံလောက်သည်။
ယဲ့ချန်းခန်က ကြောက်စရာကောင်းသော မိစ္ဆာဝိညာဉ်ကို တွေ့ရှိလိုက်ရသည့်အတွက် စိတ်ရှုပ်ထွေးသွားသည်။
သူတစ်ယောက်ထဲသာ ဖြစ်ပါက သူ ကြိုက်သည့်အချိန် ထွက်သွားလို့ရသည်။ ဤလူက သူ့ကို ဘယ်တော့မှ တားနိုင်မည်မဟုတ်ပေ။
သို့သော် ရှန်ထျန်းက သူ့နောက်မှာ ရပ်နေသည်။
သူထွက်သွားလို့ သူ့ရဲ့ ချစ်လှစွာသော မွေးစားမြေးလေး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ
“ ပြဿနာမရှိဘူး။ ငါ့ရဲ့ မွေးစားမြေးလေးအတွက်ဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်ကို ပေးဆပ်ဆိုရင်လည်း ပေးဆပ်ရမှာပဲ။ ယဲ့ချန်းခန်ကာ အော်ကာ ရှေ့သို့တက်လာသည်
“ စစ်နတ်ဘုရား အသွင်ပြောင်းခြင်း”
ယဲ့ချန်းခန်က အော်လိုက်သည့်အခါ သူ့ ခန္ဓာကိုယ်က ဆန်းကြယ်သော အလင်းတန်းထဲတွင် နစ်မြုပ်သွားသည်။ ထို့နောက် သူက နတ်ဆိုးမီးတောက်များဆီသို့ တိုးဝင်သွားသည်။
ဝုန်း
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ထိုပေါက်ကွဲမှုက ကျယ်လောင်ပြီး မြေကြီးကိုပင် တုန်ခါသွားစေသည်။
ထိတ်လန့်စရာကောင်းသော နတ်ဆိုးမီးတောက်များ ပေါက်ကွဲသွားကာ ဘေးပတ်လည်ရှိ အရာအားလုံးကို ဖုံးလွှမ်းထားလိုက်သည်။
ယဲ့ချန်ခန်က ပေါက်ကွဲမှု၏ အလယ်တွင် ရောက်နေသည့်အတွက် ပြင်းထန်သောအားကို ခံနိုင်ရည်ရှိဖို့လိုအပ်သည်။ သူ၏ အံ့ဖွယ်အရှိန်အဝါကလည်း ပြင်းထန်စွာ တုန်ခါနေသည်။
“ အမလေး မဖြစ်ဘူး…မင်း အရမ်းလွန်သွားပြီ”
ယဲ့ချန်းခန်က သူ၏ မုတ်ဆိတ်မွေးကို သပ်လိုက်သည်။ သူ၏ ကိုယ်ပွားက ပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိပုံမပေါ်ပေ။
ဝုန်း…
နောက်ထပ် ပေါက်ကွဲမှုတစ်ခုဖြင့် မိစ္ဆာနတ်ဧကရာဇ်၏ ဝိညာဉ် ၉၉ ရာခိုင်နှုန်း လောင်ကျွမ်းသွားသည်။ သူ၏ စွမ်းအားက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့ရှေ့ရှိ ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားသည်။
“ ကလေးရေ မင်း ငါတို့ကို မကူညီရင် ငါတို့အားလုံး သေတော့မယ်”
ယဲ့ချန်းခန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးရင်း ပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
မြင့်တက်လာသော စွမ်းအင်က ရှန်ထျန်းဆီသို့ ချက်ချင်း တိုးဝင်လာသည်။