← Chapters

အကြီးအကျယ် ဒုက္ခရောက်သွားသော အသက်မဲ့ဘုရင်

Vol. 27 Ch. 393

အကြီးအကျယ် ဒုက္ခရောက်သွားသော အသက်မဲ့ဘုရင်

Vol. 27 Ch. 393

အခန်း (၃၉၃) : အကြီးအကျယ် ဒုက္ခရောက်သွားသော အသက်မဲ့ဘုရင်

မိစ္ဆာနတ်ဧကရာဇ်၏ ဝိညာဉ်က ၉၀ ရာခိုင်နှုန်းကျော် လောင်ကျွမ်းသွားသော်လည်း ကျန်ရှိသော အစိတ်အပိုင်းက ထိတ်လန့်စရာကောင်းနေဆဲ ဖြစ်သည်။

အနည်းဆုံး ထိုကဲ့သို့သော အင်အားက သာမန်ဝိဇ္ဇာများ တားဆီးနိုင်သော အရာ မဟုတ်ပေ။

ထိုအချိန်တွင် အနက်ရောင် နတ်ဆိုးမီးတောက်က နေရာတစ်ခုလုံးကို လွှမ်းခြုံသွားကာ ရှန်ထျန်းဆီ ပြင်းထန်သည့် လှိုင်းလုံးများကဲ့သို့ ဦးတည်လာသည်။

“ ထျန်းအာ သတိထား”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးများက သံကြိုးများအသွင်ပြောင်းလဲကာ နတ်ဆိုးမီးတောက်များကို တားမြစ်ဖို့အတွက် ကြိုးစားနေသည်။

“ မိစ္ဆာဝိညာဉ် ရော့ယူလိုက်” ကြာပြာ ကောင်းကင်အသျှင်က အော်ဟစ်ပြောဆိုလိုက်သည်။

ကြာပြာနှင့် သူ၏ ကိုယ်ပွားနှစ်ခုက ရှေ့သိုးတိုးလာကာ သူတို့၏ ဧရာမတုတ်ဖြင့် ရိုက်ချလိုက်သည်။

ဝုန်း…

အနက်ရောင် နတ်ဆိုးမီးတောက်က ဆက်လက် ထိုးဖောက်နေသောကြောင့် သံကြိုးက လုံးဝ လောင်ကျွမ်းသွားပြီး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ထိခိုက်သွားစေသည်။

ထိုအချိန်တွင် ကြာပြာသုံးယောက်လုံးလည်း လွင့်ထွက်သွားကာ လေထဲတွင် သုံးလေးပတ်လောက် လည်ထွက်သွားပြီးမှ မြေပြင်ပေါ် အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။

ဒီရလဒ်က မျှော်မှန်းထားပြီးသား ဖြစ်၏။ မိစ္ဆာဝိညာဉ်က သူ၏ ဝိညာဉ်အစေ့ကို လောင်ကျွမ်းလိုက်ပြီး ရွှေကျီးနတ်ဧကရာဇ်၏ ဝိညာဉ်အစစ်အမှန်ကလည်း ဤတိုက်ခိုက်မှုကို မထုတ်နိုင်ပေ။ စွမ်းအားကလည်း အရမ်းထိတ်လန့်ဖို့ ကောင်းလှသည်။

“ ဒါက မကောင်းဘူးလေ။ လူအိုကြီးယဲ့ တကယ် သေသွားတာ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား။

နောက်မနေပါနဲ့တော့ ထွက်လာပြီးတော့ အမြန်ကယ်ပါတော့။

နောက်နေဖို့ အချိန်မရှိဘူးနော်။ ကြေးလက်စွပ်က ဘာမှ အသုံးမဝင်ဘူး”

သူ့ရှေ့ရှိ နတ်ဆိုးမီးတောက်များက ဘယ်လောက်ထိ ကြောက်စရာကောင်းကြောင်းကို ရှန်ထျန်း ‌သတိထားမိလာပြီ ဖြစ်သည်။ မိစ္ဆာစွမ်းအားက လူအိုကြီးယဲ့၏ ကိုယ်ပွားကို အနိုင်ယူပြီး ပျောက်ကွယ်သွားအောင်ပါ လုပ်လိုက်သည်။

ရှန်ထျန်းအနေဖြင့် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ခံနိုင်မည် မဟုတ်ပေ။

“ ဟား…ဟား…ဟား… သေသွားပြီ။ စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ ကျန်ရှိသူတွေက အရင်ကတည်းက သေသွားသင့်တာ”

မိစ္ဆာနတ်ဧကရာဇ်က ယုတ်မာသောအပြုံးကို ပြုံးလိုက်ပြီးနောက် ရုတ်တရက် သူ့အရှိန်အဝါက ပေါက်ကွဲသွားကာ မြေပြင်တစ်ခုလုံးကို လှုပ်ခါသွားစေသည်။

ထိုအခိုက်အတန့်တွင် ဒီရေက ရုတ်တရက် ပြန်လှည့်လာသည်။

ရှန်ထျန်း၏ လက်ထဲရှိ ကြေးလက်စွပ်မှ တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသည်။ ထို့နောက် ငွေရောင်အလင်းတန်းဖြင့် တောက်ပနေသော ဓားတစ်လက်က ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ထိုအချိန်တွင် အဆုံးမဲ့မိစ္ဆာဝိညာဉ်ချီလည်း ပျောက်ကွယ်သွားသည်။

အံ့ဩမှင်သက်စရာကောင်းသော ဓားအလင်းတန်းက မြေပြင်ပေါ်သို့ ဖြာကျနေသည့်အတွက် ကောင်းကင်ရှိ တိမ်တိုက်များအားလုံးကို လွင့်စင်သွားစေပြီး သက်ရှိများအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

“ ဒါ…ဒါ… ဒါက ဘာလဲ…”

မိစ္ဆာနတ်ဧကရာဇ်က သူ့ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော ပြိုင်ဘက်ကင်း အံ့ဖွယ်အရှိန်အဝါကို အာရုံခံမိသွားသည့်အတွက် ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်လာသည်။

သူ လုံးဝ တောင့်မခံနိုင်ဘူးဟု ခံစားလာရသည်။

ကြေးလက်စွပ်ကလည်း ပိုမို တောက်ပလာသလို ပြိုင်ဘက်ကင်း ကျက်သရေရှိသောပုံရိပ်က ကောင်းကင်တွင် ထွက်ပေါ်လာသည်။

နှင်းလိုမျိုး ဖြူစွတ်နေသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး မိုးကြိုးအရှိန်အဝါ လွှမ်းခြုံနေသည့်အပြင် စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် သူမက သက်ရှိသတ္တဝါအားလုံးကို ငုံ့ကြည့်နေသည်။

“ ဒါက ဘယ်လိုလုပ်… ဒီလိုမျိုး နိမ့်ကျတဲ့ လောကမှာ ဒီလိုတည်ရှိမှုမျိုး ရှိနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”

မိစ္ဆာနတ်ဧကရာဇ်က ကြောက်လန့်တုန်လှုပ်သွားသည်။

ထိုပုံရိပ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးက သူတို့၏ အရောင်ကို ပျောက်ဆုံးသွားကာ အရာအားလုံးက မှေးမှိန်မည်းမှောင်သွားသည်။

ရုတ်တရက် ကြီးမြတ်သော ဧကရီ၏ ပုံရိပ်ရွေ့လျားလာကာ ပြိုင်ဘက်ကင်း ဓားအလင်းတန်းက ကြေးလက်စွပ်ထဲမှ ထွက်လာသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး ကွဲသွားကာ ပရမ်းပတာ ပြိုလဲသွားပြီး အာကာပြင်က ရှုံ့တွကာ ဗလာနတ္ထိ ဖြစ်သွားသည်။

“ မဖြစ်ဘူး”

မိစ္ဆာနတ်ဧကရာဇ်က သူ့ခွန်အားဖြင့် တားဆီးဖို့ လုပ်ရင်း အော်လိုက်သည်။

သို့သော် ထိုဓားက မိစ္ဆာနတ်ဧကရာဇ်ထက် ပိုမိုမြန်ဆန်ကာ အထွတ်အထိပ်အဆင့် ဓားဖျက်စီးမှုဖြင့် ခုတ်ချလိုက်သည်။

မိစ္ဆာနတ်ဧကရာဇ်က ဓားအရှိန်အဝါနှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင် သူ၏ ဝိညာဉ်က ချက်ချင်း ပျက်စီးကာ ပျောက်ကွယ်သွားသည်။

မိစ္ဆာနတ်ဧကရာဇ်က ဤဓားအရှိန်အဝါရှေ့တွင် သေးငယ်သွားပုံပေါ်သည့်အတွက် ချက်ချင်း ရှင်းထုတ်ခံလိုက်ရသည်။

သို့သော် ဓားချက်က ရပ်တန့်သွားခြင်း မရှိပေ။

ထိုအရာက ဤအာကာပြင် သို့မဟုတ် သေမျိုးလောကတွင် မတည်ရှိသလိုမျိုး ဖြစ်နေသည်။

ထို့ကြောင့် ဤဓားချက်ကို သေမျိုးလောက၏ နယ်မြေငါးခုတွင် တားနိုင်သည့် နည်းလမ်းမရှိခြင်း ဖြစ်သည်။

အန္တရာယ်အားလုံးကို ဓားချက်ကြောင့် လွယ်ကူစွာ ကျော်လွှားနိုင်သလို လုံးဝလည်း ဖျက်စီးခံရသည်။

ချွင်…

ဓားခုတ်သံက ဂူဗိမာန်တစ်ခွင် သို့မဟုတ် ထာဝရဘုံဗိမာန်ကျွန်းတစ်ခွင်သို့ ပျံ့နှံ့သွားသည်။

ဂူဗိမာန်လည်း နှစ်ပိုင်း ပိုင်းသွားကာ တစ်နေရာလုံးတွင် မီးခိုးများဖြင့် ပြည့်နှက်နေပြီး ရှုပ်ထွေးနေသည်။

ထိုရိုက်ချက်က ထိတ်လန့်စရာပဲ

အနက်ရောင် မိစ္ဆာချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသူ တစ်ယောက်က အပြင်ဘက်မှ ဂူဗိမာန်ဆီ ဦးတည်သွားနေသည်။ သူ့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားရှည်ကို သယ်ဆောင်ထားပြီး တစ်ကိုယ်လုံးကို နတ်ဆိုးမီးတောက်ဖြင့် လွှမ်းခြုံထားသော ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထုတ်လွှတ်နေသည်။

ထိုလူက အသက်မဲ့ဘုရင် ဖြစ်ပေသည်။

အဆုံးမဲ့ရှေးဟောင်းနယ်မြေတွင် အသက်မဲ့ဘုရင်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေမှ စွမ်းအားကြီး ကျင့်ကြံသူများကို သုတ်သင်ရှင်းလင်းဖို့အတွက် အစီအစဉ်ချထားခဲ့သည်။ ထိုအခါမှ ပြန့်ဟွားပန်းဘုရင်က အာဟာရကို စုပ်ယူကာ လူသတ်လက်နက် တစ်ခုဖြစ်လာနိုင်မှာ ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော် ရှန်ထျန်း၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ပြန့်ဟွားပန်းဘုရင်ပင် ခိုးယူခံလိုက်ရရုံသာမက အသက်မဲ့ဘုရင်၏ အတိတ်ခန္ဓာပါ တိုက်ပွဲထဲတွင် အသတ်ခံခဲ့ရသည်။

မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ခုနစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းက လုံးဝ သုတ်သင်ရှင်းလင်းခံလိုက်ရသည်။

ထိုအရာက အသက်မဲ့ဘုရင်က ရှန်ထျန်းအပေါ် ပိုမိုသတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်သွားစေပြီး ပြန့်ဟွားပန်းကို ပြန်လည်လုယူဖို့အတွက် ပိုမိုစိတ်အားထက်သန်သွားစေသည်။

ရှန်ထျန်း၏ တည်နေရာကို ရှာဖွေပြီးနောက် အသက်မဲ့ဘုရင်၏ အနာဂတ်ခန္ဓာက ရှန်ထျန်းကို သတ်ဖို့အတွက် တွေဝေခြင်း မရှိ ထာဝရဘုံဗိမာန်ကျွန်းသို့ အရောက်လာခဲ့သည်။

“ ရှန်ထျန်း နောက်နှစ် ဒီလိုအချိန်က မင်းရဲ့ သေဆုံးတဲ့ နှစ်ပတ်လည်နေ့ပဲ”

အသက်မဲ့ဘုရင်က စကားပြောနေစဉ် အကြည့်ထဲတွင် ရက်စက်မှု၊ စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။

သို့သော် သူက ဂူဗိမာန်ထဲသို့ ဝင်ဖို့ ပြင်နေစဉ် အံ့ဩမှင်သက်စရာကောင်းသော ဓားအရှိန်အဝါက ဂူဗိမာန်ထဲမှ ထွက်ပေါ်လာသည်။ ထိုဓားအရှိန်အဝါက စည်းမျဉ်းအားလုံး အပေါ်စီးမှ ဖြစ်နေသည်။ ထို့အပြင် ဓားချက်က အင်မတန် မြန်ဆန်လွန်းသောကြောင့် အချိန်မီတုံ့ပြန်နိုင်မည့်လူ မရှိနိုင်ချေ။

ဒါက အရမ်းကိုမြန်တယ်

အသက်မဲ့ဘုရင် ဘာမှမတုံ့ပြန်နိုင်ခင် ဓားအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ကို ဖျက်စီးပြီးသွားလေပြီ။ ဘေးပတ်လည်ရှိ အာကာပြင်ပင် လုံးဝ ပျက်စီးသွားပြီး ဗလာနတ္ထိ ဖြစ်သွားသည်။

အသက်မဲ့ဘုရင်က မိုင်ပေါင်းသန်းချီနေသော ပိုင်နက်များစွာကို ဖြတ်သန်းကာ အမျိုးမျိုးသော အထွတ်အမြတ်မြေများ၏ စုံစမ်းမှုကိုလည်း ရှောင်ရှားပြီးမှ ရှန်ထျန်းနောက်သို့ လိုက်ရင်း ရွှေကျီးနတ်ဧကရာဇ် ဂူဗိမာန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

အဆုံးသတ်တွင် သူ ရှန်ထျန်းကို ကောင်းကောင်း မမြင်ရသေးခင်မှာပဲ ထိုတိုက်ကွက်ကြောင့် သေဆုံးသွားခဲ့ရလေသည်။

အသက်မဲ့ဘုရင်က ငြိမ်းချမ်းစွာ သေဆုံးသွားခဲ့သည်။

………….

အလယ်ပိုင်းကုန်းမြေ၏ မိစ္ဆာဝိညာဉ်နန်းတော်ထဲ၌…

အသက်မဲ့ဘုရင်၏ ပင်မခန္ဓာကိုယ်က တင်ပျဉ်ခွေထိုင်နေစဉ် အရှိန်အဝါက ပြင်းထန်စွာ လှုပ်ခတ်လာပြီးနောက် ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။

သေစမ်း

ဘာတွေဖြစ်နေတာလဲ

ဒီလိုကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ပြီးတော့ အဲလောက်ထိ ကြောက်စရာကောင်းတဲ့ တိုက်ကွက် ရှိနေရတာလဲ။ ငါ့ရဲ့ အနာဂတ်ခန္ဓာက ဘာမှတုံ့ပြန်ချိန်တောင် မရလိုက်ပဲနဲ့ အသတ်ခံလိုက်ရတာ

အသက်မဲ့ဘုရင်၏ အကြည့်ထဲတွင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေကာ အရှိန်အဝါကလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူက ဂုဏ်မောက်သော်လည်း နယ်မြေငါးခုတွင် ပြိုင်ဘက်ကင်းသည်ဟုတော့ မတွေးမိပေ။

သို့သော် နယ်မြေငါးခုတွင် သူ့ကို အနိုင်ယူနိုင်ပြီး သတ်နိုင်သည့် စွမ်းအားကြီး ကျင့်ကြံသူများရှိလျှင်ပင် သူ၏ အနာဂတ်ခန္ဓာမှ ဘာမှ မလုပ်နိုင်ခင် သေဆုံးသွားသည်ဆိုတာက မဖြစ်နိုင်ပေ။

အနည်းဆုံး ရန်သူက ဘယ်သူလဲဆိုတာကို သူ သေချာမြင်‌အောင် ကြည့်ခဲ့သင့်သည်။

သို့သော် ထိုဓားအရှိန်အဝါကို ထုတ်လွှတ်သောသူကို အသက်မဲ့ဘုရင်က သေချာမမြင်နိုင်ခဲ့ပေ။

ထိုဓားအရှိန်အဝါ၏ စွမ်းအားက အသက်မဲ့ဘုရင်ကို စိတ်ဓာတ်ကျသွားစေသည်။

အသက်မဲ့ဘုရင်က ကိုယ်ပွားသုံးခုလုံးကို ကျင့်ကြံထားသည့်အတွက် ကိုယ်ပွားတစ်ခုချင်းစီက ဝိဇ္ဇာအဆင့် ရှိသည်။

အနာဂတ်တွင် ကိုယ်ပွားသုံးခုသာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပါက အသက်မဲ့ဘုရင်အနေဖြင့် ကြီးမြတ်သော အစီအစဉ်များကို လုပ်ဆောင်နိုင်ပြီး စိတ်ကူးမယဉ်နိုင်သော အထွတ်အထိပ် နယ်ပယ်အဆင့်သို့ ရောက်ရှိသွားနိုင်သည်။

သို့သော် အသက်မဲ့ဘုရင်ရဲ့ အတိတ်ခန္ဓာနဲ့ အနာဂတ်ခန္ဓာကို အချိန်တိုအတွင်းမှာ ပျောက်ဆုံးသွားမယ်လို့ ဘယ်လိုလုပ်ပြီးတော့ သိနိုင်မှာလဲ

“ သေစမ်း ရွှေကျီးနတ်ဧကရာဇ် ဂူဗိမာန်ထဲမှာ အဲလိုအရာ ရှိတယ်ပေါ့လေ။

ဒါတွေအားလုံးက မင်းကြောင့်ပဲ ရှန်ထျန်း။ မင်းနောက်လိုက်ဖို့သာ မလိုခဲ့ဘူးဆိုရင် ငါ့ရဲ့ အနာဂတ်ခန္ဓာကို စေလွှတ်ခဲ့မှာ မဟုတ်ဘူး။

ငါ လက်စားချေဖို့အတွက် မင်းကို တစ်စစီ လုပ်ပစ်မယ်”

အသက်မဲ့ဘုရင်၏ ဒေါသထွက်သော ကြွေးကြော်မှုက နန်းတော်တစ်ခုလုံးသို့ ပဲ့တင်ထွက်သွားသည်။

ထာဝရဘုံဗိမာန်ကျွန်း၏ အပြင်ဘက်တွင် ကောင်းကင်နှင့် မြေကြီးတုန်ခါနေသည်။

“ ဘာတွေဖြစ်သွားတာလဲ”

အားလုံးက အံ့ဩမှင်သက်နေကြသည်။

ဘယ်အရာက ထာဝရဘုံဗိမာန်ကျွန်း တစ်ခုလုံးကို ဒီလောက်ထိ ပြင်းပြင်းထန်ထန် တုန်ခါသွားအောင် လုပ်နိုင်ရတာလဲ

“ အဲဒါ…အဲဒါက ဂူဗိမာန် တည်ရှိတဲ့နေရာပဲ…”

တစ်စုံတစ်ယောက်က တစ်ခုခုမှားနေပြီဆိုတာကို သိရှိလိုက်သည့်အတွက် ဂူဗိမာန် ရှိရာသို့ ကြည့်လိုက်သည်။

ထို့နောက် ထိတ်လန့်စရာ ကောင်းသော ဓားအရှိန်အဝါက ကောင်းကင်ဆီ ပျံသန်းသွားသည်။ ထိုအရာက ကောင်းကင်ကို လွှမ်းမိုးပြီး တိမ်တိုက်များကို ဖွင့်ဟကာ အာကာပြင်ကို စုတ်ပြဲသွားစေသည်။

ထိုအခိုက်အတန့်တွင် ထိတ်လန့်စရာကောင်းသော အရှိန်အဝါက ထာဝရဘုံဗိမာန်ကျွန်း တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲ”

အဖွားကြီးတစ်ယောက်က သေစေနိုင်လောက်သည့်အရာကို မြင်လိုက်ရသလိုမျိုး အသံများက တုန်ယင်နေသည်။

ထိုစွမ်းအားက ဂိုဏ်းချုပ်အသီးသီး လွှတ်ထုတ်နိုင်သော စွမ်းအင်ထက် အများကြီးသာလွန်သည့်အတွက် တစ်ခါလောက်ထိတွေ့မိပါက သေဆုံးနိုင်သည်အထိ ဖြစ်သွားနိုင်သည်။

“ ဒါက ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုလား”

အားနည်းသော ကျင့်ကြံသူများက မြေပြင်ပေါ်သို့ လဲကျကာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြသည်။

စွမ်းအားကြီး ဓားကျင့်ကြံသူအချို့၏ ပြိုင်ဘက်ကင်း ဓားတာအိုသည်လည်း ဓားအလင်းတန်းကြောင့် မတည်မငြိမ် ဖြစ်လာသည်။

ဓားတာအိုကို သန့်စင်ဖို့အတွက် အချိန်အများကြီး အသုံးပြုထားသော်လည်း ထိုဓားအလင်းတန်းရှေ့တွင် ဘာမှအရေးမပါတော့ပေ။ ထို့ကြောင့် ဓားကျင့်ကြံသူများစွာ၏ ဓားတာအိုဆန္ဒက ကျိုးပျက်သွားကြသည်။

ရွှေကျီး ဂူဗိမာန်ထဲတွင်…

ကျယ်ပြန့်လှသည့် အာကာပြင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်နေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့၏ ပတ်လည်ရှိ မိုးကြိုးအရှိန်အဝါက ပြင်းထန်စွာ တုန်ရီနေသည်။ ဤမြင်ကွင်းက သူတို့ကို တုန်လှုပ်သွားစေသည်ဆိုသော သက်သေပင် ဖြစ်သည်။

လူအိုကြီးယဲ့၏ ကိုယ်ပွားကို အနိုင်ယူလိုက်နိုင်သည့် ထို ကြောက်စရာကောင်းသည့် ရန်သူက ထိုအမျိုးသမီးထံတွင် အပိုင်းပိုင်း ဖြတ်တောက်ခံရလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။

အဲဒီကြီးမြတ်တဲ့ ဧကရီက ဘယ်လိုတည်ရှိမှုမျိုးလဲ။ သူမရဲ့ ပင်မခန္ဓာကိုယ်ဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်မလဲ

“ ငါ အခုလေးတင် ဘာကို မြင်ခဲ့တာလဲ”

ထိုကဲ့သို့သော အဆင့်ရှိသည့် အမျိုးသမီးက သူ၏ အာရုံခံနိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သည့်အတွက် ကြာပြာ ကောင်းကင်အသျှင် အနည်းငယ် တုန်လှုပ်မိသွားသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဘာမှမပြောသော်လည်း သူ၏ လှုပ်ခတ်နေသော မိုးကြိုးအရှိန်အဝါက သူ စိတ်မအေးဖြစ်နေကြောင်းကို သက်သေပြနေသည်။

ထျန်းအာကတော့ မျှော်လင့်ထားတဲ့အတိုင်း ထာဝရဘုရင်ဖြစ်ဖို့ အလားအလာ ရှိတယ်

အဲလိုမျိုး တည်ရှိမှုကတောင် သူ့ကို ကူညီဖို့ ဆန္ဒရှိနေတယ်။

ကြည့်ရတာ အံ့ဖွယ်မိုးကောင်းကင်က ထျန်းအာရဲ့ ဦးဆောင်မှုကြောင့် တောက်ပလာတော့မယ်ထင်တယ်

ဟား…ဟား…ဟား…

ထိုပုံရိပ်က နောက်သို့ လှည့်လိုက်သည့်အခါ သူမက ရှန်ထျန်းကို စိုက်ကြည့်နေပြီး ထိုအကြည့်ထဲတွင် မရေတွက်နိုင်သော စကားလုံးများစွာ ပါဝင်နေပုံရသည်။

ရှန်ထျန်း ဘာမှမပြောရသေးခင် ထိုပုံရိပ်က အလင်းတန်းအဖြစ် ပြန်ပြောင်းလဲသွားကာ ကြေးလက်စွပ်ဆီသို့ ပြန်ရောက်သွားသည်။

“ ထျန်းအာ… အဆင်ပြေရဲ့လား”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ချက်ချင်း ရှန်ထျန်းဆီ ပြေးသွားသော်လည်း ရှန်ထျန်း၏ လက်ချောင်းပေါ်ရှိ ကြေးလက်စွပ်ကိုသာ စိုက်ကြည့်နေလိုက်သည်။

ဒီလက်စွပ်က အဲလောက်အဆင့်ရှိတဲ့ တိုက်ခိုက်မှုမျိုးကို လုပ်နိုင်တယ်ဆိုတာက တန်ဖိုးက အဖိုးဖြတ်မရဘူးလို့ ပြောလိုက်တာပဲ

ရှန်ထျန်းမှာ ဒီလိုပြိုင်ဘက်ကင်း ရတနာကို ရနိုင်တဲ့ အထွတ်အထိပ်အဆင့် ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့ ကံကြမ္မာသားတော်ဆိုတာကို သက်သေပြဖို့အတွက် လုံလောက်တယ်

ဘေးဖက်တွင် ကြာပြာ ကောင်းကင်အသျှင်က ဂိုဏ်းချုပ် ရှန်ထျန်းဆီ သွားသည်ကိုသာ ကြည့်နေမိသည်။

သူက တကယ်ကို မြန်တာပဲ။ ငါ့ရဲ့ တူတပည့်လေးရဲ့ သဘောကျမှုကို မြှင့်တင်ဖို့အတွက် အခုက အခွင့်ကောင်းပဲ…

သေစမ်း… ငါ့ရဲ့ တူတပည့်လေးကို ချစ်မြတ်နိုးမှုတွေ ပြရမဲ့ အခွင့်အရေးကို သူက လုယူသွားတာပဲ

“ တူတပည့်လေး … အဆင်ပြေရဲ့လား”

တာအိုကိုယ်တော်ကြီးကလည်း ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ ရှန်ထျန်းဆီ အမြန်ပြေးလာလိုက်သည်။

“ ကျွန်တော်ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…. ဆရာနဲ့ ဆရာဦးလေး။ ကျွန်တော် အဆင်ပြေပါတယ်” ရှန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။

“ မင်း အဆင်ပြေလို့ တော်ပါသေးတယ်” အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ရှန်ထျန်းသာ ဒီနေ့မရှိပါက သူတို့အနေဖြင့် ဤကပ်ဘေးကို ဖြေရှင်းဖို့အတွက် အခက်တွေ့လိမ့်မည်။

မမျှော်လင့်စွာဖြင့် ရွှေကျီး ဂူဗိမာန်ထဲတွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ထပ်မံ ဖြစ်ပေါ်သွားသည်။

ဘေးပတ်လည်ရှိ အာကာပြင်က တုန်ခါနေပြီး ပြင်းထန်သော လှိုင်းများကြောင့်အာကာပြင် ပြိုလဲသွားကာ ဗလာနတ္ထိဖြစ်သွားသည်။

“ မဖြစ်ဘူး…အာကာပြင် ပြိုလဲသွားတော့မယ်”

အားလုံးက ပြောင်းလဲမှုကို အာရုံခံမိကြသည်။ ရွှေကျီးဂူဗိမာန်တစ်ခုလုံးက တိုက်ပွဲ၏ အကျိုးသက်ရောက်မှုကြောင့် အဆက်မပြတ် တုန်ခါနေသည်။

အဆုံးသတ်တွင် ထိပ်သီးကျင့်ကြံသူများကြားထဲမှ တိုက်ပွဲဖြစ်သည့်အတွက် သူတို့၏ တိုက်ခိုက်စွမ်းရည်များကလည်း ပြင်းထန်လှသည်။

ဒီလောက်ထိ ကြာရှည်ခံအောင် ဖန်တီးထားခဲ့သည့် ရွှေကျီးနတ်ဧကရာဇ် ဂူဗိမာန်ကလည်း အတော်လေး အံ့ဩဖို့ကောင်းလှသည်။

သို့သော် ဂူဗိမာန်ကို နှစ်ပိုင်း ပိုင်းလိုက်သည့် အံ့ဩဖို့ကောင်းသော ဓားချက်ကြောင့် မူလကတည်းက မတည်ငြိမ်သော အာကာပြင်က စတင်ပြိုလဲလာရသည်။ အာကာပြင် ပြိုလဲလာသည်နှင့်တစ်ပြိုင်နက် မငြိမ်သက်သော လှိုင်းများ မြင့်တက်လာသည့်အတွက် ယခုအခြေအနေက အန္တရာယ်အရှိဆုံး အခြေအနေ ဖြစ်နေသည်။

ထိုအချိန်တွင် ပြင်းထန်သော လှိုင်းများအတွင်း ရှုပ်ထွေးလာကာ ဥပဒေသစည်းမျဉ်းများက ပြင်းထန်လာပြီး ဝိဇ္ဇာများပင် ကြာရှည် ရှင်သန်နိုင်မည် မဟုတ်ပေ။

ကြောက်စရာ အကောင်းဆုံးအရာက မတည်ငြိမ်သော လှိုင်းများကြားထဲတွင် လမ်းပျောက်ခြင်း ဖြစ်သည်။

လေဟာနယ်ထဲတွင် လမ်းပျောက်သွားပါက သူတို့ လွတ်မြောက်နိုင်ခြင်း မရှိတော့ဘဲ အဆုံးမဲ့ ပြင်းထန်ပြီး ရှုပ်ထွေးသော စည်းမျဉ်းများ၏ တိုက်ခိုက်ခြင်းကို ထပ်ခါထပ်ခါ ခံရပေမည်။ ထိုအရာက ကျင့်ကြံသူ၏ စွမ်းအင်အသုံးပြုမှုကို တိုးမြင့်သွားစေပြီး အဆုံးသတ်တွင် အစိတ်စိတ်အမြွာမြွာ ပိုင်းဖြတ်ခြင်းကို ခံရနိုင်သည်။

ထို့ကြောင့် ဝိဇ္ဇာများပင် ပြင်းထန်သော လှိုင်းများကြားသို့ လက်လွတ်စပယ် မဝင်ရဲကြပေ။

သို့သော် ရွှေကျီးနတ်ဧကရာဇ် ဂူဗိမာန်၏ အာကာပြင်က ကွဲအက်သွားပြီး တစ်နေရာလုံးကို ဝါးမျိုတော့မည့် ပါးစပ်ကြီးသဖွယ်ဖြစ်နေပြီး ပြင်းထန်သော လှိုင်းများကလည်း ထိုအက်ကြောင်းထဲသို့ တိုးဝင်သွားသည်။

“ မြန်မြန် ထွက်သွားကြ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက ပြင်းထန်စွာတုန်ခါပြီးနောက် ရှန်ထျန်း၏ ဘေးတွင် ပေါ်လာသည်။ သူက ဂူဗိမာန်ထဲမှ ထွက်ရန် အာကာပြင်ကို ဖြတ်သန်းပြီး ခရီးသွားချင်သည်။

“ အာကာပြင်ရဲ့ သဘာဝဖြစ်စဉ်တွေက ရှုပ်ထွေးကုန်ပြီ။ ငါတို့ အာကာပြင်ကို ဖြတ်သန်းပြီး သွားလို့မရတော့ဘူး” ကြာပြာ ကောင်းကင်အသျှင်က အော်ပြောလိုက်သည်။

သူ ကြိုးစားပြီးသွားသော်လည်း တုံ့ပြန်မှု မရှိလာပေ။

“ သေစမ်း… အဲဒီငှက်အိုကြီး ရှုံးနိမ့်သွားပေမဲ့ ငါတို့ အခုထိ အပြင်ထွက်လို့ မရသေးဘူးတဲ့လား”

ကြာပြာ ကောင်းကင်အသျှင်က တိုးဝင်နေသော ပြင်းထန်သည့်လှိုင်းများကို ကြည့်ပြီး နှုတ်ခမ်းများ တွန့်ချိုးကာ ပြောလိုက်သည်

“ တူတပည့်လေး မင်းဆီမှာ ဘာဖြေရှင်းချက်မှ မရှိတော့ဘူးလား”

သူ၏ တူတပည့်လေးက ကံကြမ္မာသားတော် ဖြစ်၏။

ထိုအခိုက်အတန့်တွင် ရှန်ထျန်းက အကြံတစ်ခု ရသွားသည်

“ ဆရာနဲ့ ဆရာဦးလေး ဘာမှစိတ်မပူပါနဲ့။ ကျွန်တော်ဆီမှာ အစီအစဉ် ရှိပါတယ်”

ကြာပြာ ကောင်းကင်အသျှင်၏ အကြည့်တို့ တောက်ပသွားကာ မေးလိုက်သည်

“ ဘာအစီအစဉ်လဲ”

သူ့အမြင်အရ ရှန်ထျန်းက ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည့်အတွက် သူ့ဆီမှာ လွတ်မြောက်နိုင်အောင် လုပ်နိုင်သည့်နည်းလမ်း ရှိမှာ သေချာသည်။

“ ဆရာဦးလေး ရွှေကျီးနတ်ဧကရာဇ်က ကျွန်းတစ်ကျွန်းလုံးကို ထိန်းချုပ်နိုင်တဲ့ ထာဝရဘုံဗိမာန်ကျွန်း အမှတ်အသားပြား ကျွန်တော်ဆီ ပေးထားတာကို မေ့သွားပြီလား”

ရှန်ထျန်းက ထာဝရဘုံဗိမာန်ကျွန်း အမှတ်အသားပြားကို ထုတ်ယူကာ ပြုံးလိုက်သည်။

ဤအမှတ်အသားပြားက ရွှေကျီးနတ်ဧကရာဇ်မှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ထာဝရဘုံဗိမာန်ကျွန်း၏ ကာကွယ်ရေးအစီအရင်ကို ထိန်းချုပ်လို့ရသည်။

ရွှေကျီးနတ်ဧကရာဇ်က ဂူဗိမာန်ကို ဖန်တီးခဲ့သည့်အတွက် ထာဝရဘုံဗိမာန်ကျွန်း အမှတ်အသားပြားက ထိန်းချုပ်နိုင်သည်။ သူတို့ကို အပြင်ထုတ်ပေးဖို့အတွက် ရှန်ထျန်းက ထာဝရဘုံဗိမာန်ကျွန်း အမှတ်အသားပြားကို အသုံးပြုလို့ရသည်။

“ ရွှေကျီးနတ်ဧကရာဇ်က ထာဝရဘုံဗိမာန်ကျွန်း တစ်ခုလုံး မင်းဆီ ပေးသွားတာကို ငါ မေ့တော့မလို့”

ကြာပြာ ကောင်းကင်အသျှင်က ပြန်ပြီး သတိရသွားသည့်အခါ ပေါင်ကို လက်ဖြင့် ရိုက်လိုက်သည်။

“ ဒါဆိုရင် ကျွန်တော် အခု ဆရာနဲ့ ဆရာဦးလေးကို အပြင်ဘက် ပို့ပေးမယ်”

ရှန်ထျန်းက ခေါင်းညိတ်ကာ ထာဝရဘုံဗိမာန်ကျွန်း အမှတ်အသားပြားကို အသက်သွင်းလိုက်ပြီးနောက် ရွှေနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အာကာပြင်မှ အလွန်အမင်း ဖိနှိပ်သော စွမ်းအားများ စုစည်းလာကာ လေဟာနယ်မုခ်ဝ တစ်ခုကို ဖန်တီးပေးလိုက်သည်။

“ ဆရာနဲ့ ဆရာဦးလေး ကျွန်တော်တို့ သွားရအောင်” ဘေးပတ်လည်ရှိ အာကာပြင်က ပြိုလဲတာ ပိုမိုမြန်ဆန်လာသည့်အတွက် ရှန်ထျန်း ပြောလိုက်သည်။

သူတို့သာ နောက်ထပ် တစ်မိနစ်လောက် ထပ်နေပါက ခန့်မှန်းမရသော အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် သူတို့သုံးယောက်လည် တွေဝေခြင်းမရှိဘဲ မုခ်ဝထဲသို့ ဝင်သွားသည်။

သို့သော် ထိုအချိန်တွင် အခြေအနေ ပြောင်းလဲသွားသည်။

ဝုန်း…

ပေါက်ကွဲမှုတစ်ခု ပဲ့တင်ထပ်သွားသည်။

သူတို့နောက်ရှိ ပြိုလဲခါနီး အာကာပြင်က ရုတ်တရက် ပေါက်ကွဲထွက်သွားကာ ပြင်းထန်သော လှိုင်းများက ဒလဟော ဝင်ရောက်လာသည်။

ကြီးမားသော လှိုင်းတစ်ခုက ကျူးကျော်လာကာ ရှန်ထျန်းကို ဝါးမျိုသွားသည့်အတွက် လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားသည်။

“ တူတပည့်လေး…” ကြာပြာ ကောင်းကင်အသျှင်က အကြည့်ထဲတွင် ဒေါသတကြီးဖြင့် လှမ်းအော်ခေါ်လိုက်သည်။

ထိုကဲ့သို့သော အရာမျိုးဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“ အစ်ကိုကြီး ကျွန်တော်တို့ ဒီနေရာကနေ အရင်ဆုံး ထွက်သွားရအောင်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက ပြင်းထန်စွာ လှုပ်ခါနေသော်လည်း ကြာပြာကောင်းကင်အသျှင်ကိုတော့ တစ်ခါတည်း ခေါ်ဆောင်သွားပြီး ရွှေရောင်အလင်းတန်း လှိုဏ်ခေါင်းထဲမှ ဖြတ်သန်းသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နောက်ရှိ ပြင်းထန်သော လှိုင်းများက အရမ်းကြောက်ဖို့ ကောင်းသောကြောင့် ဖြစ်သည်။ သူတို့သာ ဆက်ပြီးရှိနေပါက သူတို့ကိုလည်း ဝါးမျိုသွားလိမ့်မည်။

ကြာပြာ ကောင်းကင်အသျှင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ သူက ထွက်သွားဖို့ တွေဝေနေသော်လည်း အရင်ဆုံး အပြင်ဘက်သို့ ထွက်ပြီး နောက်ဆုတ်ရုံအပြင် ရွေးချယ်စရာမရှိပေ။

သူတို့အသက်ရှင်နေမှာ ရှန်ထျန်းကို ကယ်တင်ဖို့အတွက် နည်းလမ်းများကို စဉ်းစားနိုင်မည် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ယောက်လုံးက လေဟာနယ်မုခ်ဝမှ တစ်ဆင့် ထာဝရဘုံဗိမာန်ကျွန်း၏ အပြင်ဘက်အပိုင်းသို့ ရောက်ရှိသွားကြသည်။

ဝုန်း…

ခဏအကြာတွင် အာကာပြင်က လုံးဝပြိုလဲသွားကာ ဂူဗိမာန်တစ်ခုလုံးလည်း ပျက်စီးသွားသည်။

“ တူတပည့်လေး ဒါတွေအားလုံး ငါ့အမှားပါ။ သူက ဘယ်လိုလုပ်ပြီးတော့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သေသွားနိုင်တာလဲ”

ကြာပြာ ကောင်းကင်အသျှင်လည်း မထိန်းနိုင်တော့ဘဲ ဂူဗိမာန်အပြင်ဘက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ငိုတော့သည်။ ကြားနေရသူများပါ ငိုချင်လာအောင် ပြောနေသည်။

“ ကဲပါ အစ်ကိုကြီးရယ် အခုလိုမျိုး ဟန်ဆောင်နေလို့လည်း ထျန်းအာက ကြားနိုင်တာမှ မဟုတ်တာ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက သိမ်မွေ့စွာ လှုပ်ခတ်သွားကာ သူ့အသံကလည်း အေးစက်ပြီး ခံစားချက် ကင်းမဲ့နေသည်။

“ ဟား…ဟား…ဟား… ညီလေး သိသွားပြီပဲ”

ကြာပြာ ကောင်းကင်အသျှင်၏ မျက်နှာထားက ချက်ချင်းပြောင်းလဲသွားပြီး ခေါင်းကို ကုတ်လိုက်သည်။

သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ရှေ့တွင် ရှန်ထျန်းကို စိတ်ပူသည့်ပုံစံမျိုး လုပ်ပြချင်သော်လည်း အခုလိုမျိုး ပေါ်သွားမည်ဟု မထင်ထားခဲ့ပေ။

ကြည့်ရတာ ညီလေးက ပိုပြီးတော့ ဉာဏ်များတဲ့ပုံပဲ

“ ညီလေးက ဘာလို့ တူတပည့်လေးရဲ့ လုံခြုံရေးကို ဘာလို့ လုံးဝ စိတ်မပူရတာလဲ။ ထျန်းအာက လေဟာနယ်ထဲမှာ လုံးဝ ပိတ်မိသွားတာလေ။ မင်း နည်းနည်းလေးမှတောင် မစိုးရိမ်ဘူးလား”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ မစိုးရိမ်ပါနဲ့။ ထျန်းအာက ကံကြမ္မာသားတော်ပါ။ အဲဒါကြောင့် သူအနေနဲ့ အန္တရာယ်တောထဲ ခုန်ချသွားတာမျိုး မဖြစ်နိုင်ဘူး။

အဲဒီမှာ သူ့ကို စောင့်မျှော်နေတဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေတောင် ရှိနေနိုင်တယ်။ မကြာခင်မှာပဲ ထျန်းအာက ကျွန်တော်တို့ဆီ အံ့ဩစရာတွေ ယူဆောင်လာမယ်လို့ ယုံကြည်တယ်”

အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက အနည်းငယ် လှုပ်ခတ်သွားသည်။ သူက သူ၏ တပည့်နှင့် ပတ်သက်ပြီး အပြည့်အဝယုံကြည်မှုရှိသည်။

“ ဟုတ်တယ်။ သူက ကံဆိုးမှုနဲ့ အလွယ်တကူကြုံတွေ့မှာ မဟုတ်ပါဘူး”

ကြာပြာ ကောင်းကင်အသျှင်က တစ်စုံတစ်ခုကို တွေးမိပြီး နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ရှန်ထျန်းက အရင်တုန်းက ဘယ်လောက်ထိပဲ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါစေ အမြဲတမ်း ထိခိုက်ဒဏ်ရာ မရှိတဲ့အပြင် ကံအပြောင်းအလဲ အခွင့်အရေးတွေနဲ့တောင် ကြုံတွေ့သေးတယ်

ကြာပြာ ကောင်းကင်အသျှင်လည်း မနေနိုင်ဘဲ ချီးကျူးလိုက်ရသည်

“ သူက ကံကြမ္မာသားတော်အစစ်ပဲ”

သူ့ကိုယ်သူ ရှန်ထျန်းနဲ့ နှိုင်းယှဉ်လိုက်လျှင် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။

“ အထွတ်အမြတ်မြေဆီ ပြန်ပြီးတော့ ထျန်းအာကို ရှာဖို့အတွက် အားလုံးကို ပြောလိုက်။ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် အထွတ်အမြတ်မြေရဲ့ သဘောထားကို ပြသရမယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက ငြိမ်ကျသွားကာ များပြားသော အကြီးအကဲများနှင့် တပည့်များဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အသားကျနေပြီ ဖြစ်၏။

All Chapters