← Chapters

ရှုပ်ထွေးပွေလီ လေဟာနယ် … ထာဝရ ဇာမဏီအရှင်မ

Vol. 27 Ch. 394

ရှုပ်ထွေးပွေလီ လေဟာနယ် … ထာဝရ ဇာမဏီအရှင်မ

Vol. 27 Ch. 394

အခန်း (၃၉၄) : ရှုပ်ထွေးပွေလီ လေဟာနယ် … ထာဝရ ဇာမဏီအရှင်မ

အာကာပြင်ကို ဖြတ်သန်းကာ သွားလာပြီးနောက် သူတို့နှစ်ယောက်က တခြားသော အံ့ဖွယ်မိုးကောင်းကင် အကြီးအကဲနှင့် တပည့်များအား အလျင်အမြန် တွေ့ဆုံလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်များပင် ရှိနေရုံသာမက တခြားအထွတ်အမြတ်မြေများမှ ဂိုဏ်းချုပ်များနှင့် ပင်မတပည့်များလည်း ထိုနေရာတွင် ရှိနေခဲ့သည်။

သူတို့ ရုတ်တရက် အပြင်သို့ ပို့ခံလိုက်ရသည့်အချိန်တွင် အစက သူတို့က ဂူဗိမာန်၏ စင်္ကြန်ပေါ်တွင် လေ့ကျင့်နေကြခြင်း ဖြစ်သည်။

ရွှေကျီး အငြိုးကြီးဝိညာဉ်ကိုးကောင်ကို ပြန်လည်ဝင်စားအောင် လုပ်ပြီးနောက် ရွှေကျီးနတ်ဧကရာဇ်၏ ရှည်ကြာစွာ တန်ဖိုးထားခဲ့ရသော ဆန္ဒတစ်ခုလည်း ပြည့်ဝသွားသည့်အတွက် ရှန်ထျန်းမှလွဲပြီး တခြားသော ကျင့်ကြံသူများကို သူ၏ ဂူဗိမာန်အပြင်ဘက်သို့ ပို့လိုက်သည်။

ထိုအခိုက်အတန့်မှစတင်ပြီး ဂူဗိမာန်က ရှန်ထျန်း၏ တစ်ဦးတည်းပိုင်ဆိုင်မှုဟု သတ်မှတ်ခံလိုက်ရသည်။

သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပင် ဂူဗိမာန်က အထွတ်အထိပ်အဆင့် ဓားအရှိန်အဝါကြောင့် နှစ်ခြမ်းကွဲသွားကာ လုံးဝ ပြိုလဲသွားသည်။

ထိုအရာက ဂိုဏ်းချုပ်များစွာကို စိတ်ရှုပ်ထွေးပြီး နောင်တရစေသည်။ သို့သော် တစ်ချိန်တည်းမှာပဲ သူတို့က တိတ်တဆိတ် ကြောက်ရွံ့နေခဲ့ကြသည်။ သူတို့သာ အထဲမှာနေပါက သေသွားနိုင်သည်။ ထို့အပြင် ဂူဗိမာန်၏ ပြိုလဲမှုနှင့် ဖန်တီးထားသော ရှုပ်ထွေးသည့် အာကာပြင်ထဲတွင် ဝိဇ္ဇာတစ်ပါးပင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မည်ဟု အာမမခံရဲပေ။

အတိဒုက္ခလွန် ဖြတ်ကျော်ခြင်း အဆင့်အောက်ရှိ ကျင့်ကြံသူများအနေဖြင့် ရှင်သန်နိုင်စွမ်း မရှိပေ။

“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ ကြာပြာကောင်းကင်အသျှင်တို့ ထွက်လာပြီ”

“ ဒါပေမဲ့… အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဘာလို့ ဒီမှာ ရှိမနေရတာလဲ”

တချို့သူများက ရှန်ထျန်းကို မမြင်ရသည့်အတွက် ထိတ်လန့်တုန်လှုပ်နေကြသည်။

“ ဆရာ… ဂိုဏ်းတူမောင်လေး ဘယ်သွားလဲဟင်။ သူက ဘာလို့ ဒီမှာမရှိတာလဲ”

ကျန်းယွင်ရှီးက အလျင်အမြန် ရှေ့တိုးလာကာ မေးလိုက်ပြီး သူမ၏ လှပသော  မျက်နှာလေးတွင် စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

ထိုဓား၏ စွမ်းအားက အရမ်းကြောက်ဖို့ကောင်းသည်။ ထိတ်လန့်တုန်လှုပ်သွားစေသည့် အရာတစ်ခုခု ဖြစ်သွားသည်မှာ သေချာသည်။

သူမတင်မကဘဲ မင်းသမီးလင်းလုံ၊ ခွန်ယုအပြင် ရှန်ထျန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသူများကလည်း ရှေ့တက်လာကာ ရှန်ထျန်းအကြောင်းကို မေးမြန်းနေကြသည်။

အားလုံးက ရှန်ထျန်း၏ အခြေအနေကို မေးမြန်းနေကြသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်က ထာဝရအလင်းဖြင့် တောက်ပနေသည်။ ရှန်ထျန်းမှာ ရင်းနှီးသောမိတ်ဆွေတွေ အများကြီး ရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။ အားလုံးက အသီးသီးသော အဓိကအင်အားစုများမှ ထိပ်သီးပါရမီရှင်များ ဖြစ်နေသည်။ သူတို့ကိုသာ အုပ်စုဖွဲ့လိုက်ပါက ယှဉ်ပြိုင်၍မရသော စွမ်းအားကြီးသည့် အင်အားစုတစ်ခုဖြစ်လာမှာ သေချာသည်။

ငါ့တပည့် ရှန်ထျန်းလေးက ထာဝရအရှင်ဘုရင် ဖြစ်လာမှာပဲ။ စံပြတွေအားလုံး သူ့ရှေ့မှာ ဦးညွတ်ရမယ်

ဟား…ဟား…ဟား…

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှ ထွက်လာသော မိုးကြိုးအရှိန်အဝါများက လှုပ်ခတ်နေကာ မတူညီစွာ ပြောလိုက်သည်

“ အစ်ကိုကြီး ကျွန်တော်တို့ရဲ့ အကြီးအကဲချုပ်ဆီ သတင်းပေးရဦးမယ်။ ကျွန်တော် ဒီနေရာကို အစ်ကိုနဲ့ အပ်ထားခဲ့မယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က လေဟာနယ်ထဲ ဝင်ရောက်သွားကာ အားလုံး၏ ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားသည်။

“ ညီလေး… မင်း… ကောင်စုတ်လေး”

ကြာပြာ ကောင်းကင်အသျှင်က ကြောင်အသွားသော်လည်း အလျင်အမြန် တုံ့ပြန်လိုက်နိုင်သည်။

ဉာဏ်များတဲ့ကောင်က အရှုပ်အထုပ်ကို သူ့ဆီ အပ်သွားချင်တာပဲ။ ပြဿနာက သူ ဒီအရှုပ်အထုပ်ကို မဖြေရှင်းချင်ဘူး

ဒီလူတွေအကုန်လုံးက ရှန်ထျန်းရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ။ ရှန်ထျန်းမှာသာ တစ်ခုခုဖြစ်သွားတာကိုသိရင် သူ့ကို တစ်စစီ ဆွဲဖြဲကြမှာလား

တခြားသူတွေကို အသာထားဦး။ ကျန်းယွင်ရှီးတစ်ယောက်ထဲကို ဖြေရှင်းဖို့တင် အရမ်းခက်ခဲတယ်

“ ငါ… ငါလည်း သွားတော့မယ်…”

ကြာပြာ ကောင်းကင်အသျှင်က စိတ်မရှည်သည့်ပုံစံဖြင့် ထွက်သွားဖို့သာ ပြင်နေသည်။

ဒါပေမဲ့ ကြာပြာ ကောင်းကင်အသျှင် ဘာတွေစဉ်းစားနေလဲဆိုတာကို ကျန်းယွင်ရှီးက ဘယ်လိုလုပ်ပြီးတော့ မသိပဲနေပါ့မလဲ

ရှန်ထျန်းရဲ့ဆရာက ထွက်သွားနိုင်ပေမဲ့ ဆရာဦးလေးကတော့ သေချာပေါက် ထွက်သွားလို့ မရဘူးပေါ့

သူမက ရှေ့တိုးလာကာ ကြာပြာကောင်းကင်အသျှင်၏ ရှေ့တွင် မတ်တပ်ရပ်ရင်း ပြောလိုက်သည်

“ ဂိုဏ်းတူမောင်လေး ဘယ်မှာရှိလဲဆိုတာ ကျွန်မကို ပြောပြပေးပါ”

“ တပည့်တူမလေး…ဒါက…ငါ…”

ကြာပြာ ကောင်းကင်အသျှင်က ခေါင်းကုတ်ရင်း ဘယ်က စပြောရမယ်မှန်းမသိဖြစ်နေသည်။

“ ကြာပြာ ကောင်းကင်အသျှင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဘယ်နေရာမှာရှိလဲဆိုတာကို ပြောပြပေးပါ”

ကျန်းယွင်ရှီးတင် မကတော့ဘဲ ရှန်ထျန်းနှင့် ဆက်ဆံရေးကောင်းသော ပါရမီရှင်များကလည်း ရှေ့သို့တက်လာသည်။

ထိုအရာကိုမြင်ပြီးနောက် ကြာပြာကောင်းကင်အသျှင် ခေါင်းကိုက်သွားရသည်။

ကျန်းယွင်ရှီးတစ်ယောက်တည်းသာ ဖြစ်ပါက ကြာပြာ ကောင်းကင်အသျှင်အနေဖြင့် ဖြတ်ကျော်ဖို့အတွက် နည်းလမ်းရှာနိုင်သေးသည်။

သို့သော် ထူးချွန်သူ အများအပြားက သူ့ကို ဝိုင်းပြီး မေးမြန်းနေသည့်အတွက် သူ ဆက်ပြီး ထိန်းမထားနိုင်တော့ပေ။

“ ကောင်းပြီ အစ်ကိုကြီး။ ကျွန်တော် အရာအားလုံးကို အကြီးအကဲတွေဆီ ရှင်းပြပြီးသွားပြီ”

ရွှေရောင်အလင်းတန်းလွှမ်းခြုံနေသော အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ပုံရိပ်က တစ်ဖန် ထပ်ပေါ်လာပြန်သည်။

ကြာပြာ ကောင်းကင်အသျှင်က ပျော်မြူးစွာဖြင့် ပြောလိုက်သည်

“ ညီလေး မင်းက အကောင်းဆုံးပဲ။ မင်းက အစ်ကို့ကို ကူညီပေးဖို့ လာခဲ့တာပဲ”

ဟမ်…

ဒါပေမဲ့ ဒါက မဖြစ်သင့်ဘူး

ဒီအရှုပ်အထုပ်တွေက ခင်ဗျားကြောင့်ဖြစ်တာ မြေခွေအိုကြီး

ဒါက ဘာကိုဆိုလိုတာဖြစ်မလဲ

“ အားလုံးပဲ စိတ်အေးအေးထားပြီးတော့ ပြောတာလေးကို နားထောင်ပေးပါ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အရာအားလုံးကို သေချာရှင်းပြလိုက်သည်။

ပြိုင်ဘက်ကင်း ကြီးမြတ်သော ဧကရီက ပြုလုပ်လိုက်သော ထိတ်လန့်စရာ ဓားချက်အကြောင်းကိုတော့ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့သည်။ ထိုအရာက ရှန်ထျန်း ပိုင်ဆိုင်သော လျှို့ဝှက်လက်နက် ဖြစ်သည်။ ထို့အပြင် ထိုအရာက အရမ်းအရေးကြီးသည့်အတွက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အနေဖြင့် ထုတ်ဖော်ပြောကြားနိုင်စွမ်း မရှိပေ။

“ ဘာ…နတ်ဧကရာဇ်ရဲ့ ဝိညာဉ်အစစ်အမှန်ကို ပိုင်ဆိုင်နိုင်တဲ့ အပြင်ဘက်ကမ္ဘာက မိစ္ဆာဝိညာဉ်က တကယ်ရှိနေတာလား”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ရှင်းပြချက်အရ အားလုံး၏ ခန္ဓာကိုယ်များ တုန်လှုပ်သွားကာ သူတို့၏ မျက်လုံးများလည်း ပြူးကျယ်သွားသည်။ ဂူဗိမာန် ပြိုလဲသွားသည်က အံ့ဩစရာ မရှိတော့ပေ။

ယခုလက်ရှိ ဂိုဏ်းချုပ်တွေက အထွတ်အမြတ်မြေအသီးသီးရဲ့ ကျောက်တိုင်ကြီးတွေပဲလေ။ သူတို့က ဘယ်လိုလုပ်ပြီးတော့ အပြင်ဘက်ကမ္ဘာက မိစ္ဆာဝိညာဉ်တွေရဲ့ တည်ရှိမှုအကြောင်းကို မသိရတာလဲ …

သို့သော် နတ်ဧကရာဇ်ကိုပင် ပူးကပ်နိုင်သည့် မိစ္ဆာဝိညာဉ်အကြောင်းကိုတော့ မကြားခဲ့ဖူးကြပေ။

သူတို့က နယ်မြေငါးခုတွင် အသန်မာဆုံး ဖြစ်တည်မှုများ ဖြစ်သည်။

မိစ္ဆာဝိညာဉ်သာ ကျူးကျော်ပြီးတော့ နတ်ဧကရာဇ်ကို အရယူနိုင်တယ်ဆိုရင် တခြားသူတွေက ဘယ်လိုလုပ် ခုခံနိုင်ပါတော့မလဲ

လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက ကြီးမားတဲ့ ကပ်ဘေးက တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာတာလား ဒါမှမဟုတ် ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ ကပ်ဘေးက ချဉ်းကပ်လာတာလား

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ထပ်ပြောလိုက်သည်

“ အားလုံးပဲ စိတ်အေးအေးထားကြပါ။ ရွှေကျီးနတ်ဧကရာဇ်မှာ ဝိညာဉ်အကြွင်းအကျန်ပဲ ရှိတော့တာ။ နည်းနည်းလောက် သတိလက်လွတ်ဖြစ်လိုက်တာနဲ့ မတော်တဆ ဖြစ်သွားနိုင်တယ်။

ပြင်ပလောကက မိစ္ဆာဝိညာဉ်တွေကို နတ်ဧကရာဇ်တွေတောင် မတားမြစ်နိုင်ဘူး။ ငါတို့သာ အတူ ပူးပေါင်းလိုက်မယ်ဆိုရင် မိစ္ဆာဝိညာဉ်တွေကို သေချာပေါက် သုတ်သင်ရှင်းလင်းလို့ရပါတယ်”

ထို့နောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ငယ်ရွယ်သော ပါရမီရှင်လေးများကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်

“ မိတ်ဆွေလေးတို့ မစိုးရိမ်ကြပါနဲ့။ ထျန်းအာက ငါတို့ အထွတ်အမြတ်မြေရဲ့ သူတော်စင်လေ။ ဝိညာဉ်အသွင်ပြောင်းအဆင့် အထက်မှာရှိတဲ့ အကြီးအကဲတွေအားလုံးကို လှုပ်ရှားဖို့အတွက် ငါ တောင်းဆိုပြီးသွားပြီ။ ငါတို့ ထျန်းအာကို ပြန်ပြီးတော့ ခေါ်လာခဲ့ပါ့မယ်။

အံ့ဖွယ်မိုးကောင်းကင်ရဲ့ တပည့် ဖြစ်နေသရွေ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဘယ်သူ့ကိုမှ လက်လျှော့မှာ မဟုတ်ပါဘူး”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှ မိုးကြိုးအရှိန်အဝါများ ထွက်လာသော်လည်း သူက ခိုင်မြဲစွာ မတ်တပ်ရပ်နေဆဲ ဖြစ်သည်။

ဘာတွေပဲဖြစ်ဖြစ် ဤသဘောထားကို ဖော်ပြဖို့အတွက် လိုအပ်သည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ စကားကြောင့် လူအုပ်က ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ့ရဲ့ ဂျူနီယာတွေအတွက် တကယ်ကို ဂရုစိုက်တာပဲ။ သူထွက်လာတာနဲ့ တစ်ပြိုင်နက် ရှန်ထျန်းကို ရှာဖို့အတွက် အားလုံးကို အသိပေးလိုက်တယ်”

“ ဝိုး…အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အရမ်းကောင်းတယ်။ အဲဒီမှာ တခြားသူတွေအတွက် စတေးမဲ့ သူတော်စင်ရှန်ထျန်း ရှိရုံတင် မကသေးဘူး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကလည်း အရမ်းဖြောင့်မတ်တာပဲ”

“ ငါ ငိုမိတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မျိုးနွယ်ရဲ့ လူငယ်မျိုးဆက်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲ ဝင်ခိုင်းရမယ်”

“ ကျွန်တော်ရောပဲ။ အဲလိုမျိုး ဂိုဏ်းချုပ်နဲ့ သူတော်စင်သာ ရှိနေမယ်ဆိုရင် ထပ်ပြီးတော့ တောင်းဆိုချင်တာ မရှိတော့ပါဘူး”

“ ကျွန်တော်လည်း အတူတူပဲ”

“ ကျွန်တော်ရောပဲ”

“…”

ဤစကားကို တခြားဂိုဏ်းချုပ်များကြားသည့်အခါ နှုတ်ခမ်းများ တွန့်ချိုးသွားမိကြသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ဘာလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကို သူတို့က ဘယ်လိုလုပ်ပြီးတော့ မသိပဲ နေပါ့မလဲ

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင်အနေဖြင့် ရှန်ထျန်းက သမိုင်းတွင် ကောင်းချီးပေးခံရဆုံးသော ကလေးတစ်ယောက် ဖြစ်လာသည်။

ပြိုင်ဘက်ကင်း ပါရမီရှင်များကလည်း သူတို့အသက်ကို စတေးပြီး ရှန်ထျန်းကို ကယ်တင်ကြလိမ့်မည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဤအခွင့်အရေးကိုအသုံးချကာ ခပ်မိုက်မိုက်ပုံစံဖမ်းပြီး မရေတွက်နိုင်သော ပရိသတ်များကို ဆွဲဆောင်နေခြင်း ဖြစ်၏။

ဂိုဏ်းချုပ်များ၏ အနောက်ဘက်မှ တပည့်များ၏ အငြိုးအတေးပါသော အကြည့်များကို ခံစားလိုက်ရသည့်အတွက် အပ်ပေါ်မှာ ထိုင်နေရသကဲ့သို့ ကြက်သီးမွေးညင်းများ ထသွားသည်။

ရှန်ထျန်းနှင့် ဆက်ဆံရေးကောင်းမွန်သော အရည်အချင်းရှိသူများက ဤအကြောင်းအရာကို ကြားသည့်အခါ ထိတ်လန့်သွားကြသည်။

“ ပြင်ပလောကရဲ့ မိစ္ဆာဝိညာဉ်တွေက အရေးပါတယ်။ လင်းလုံ စိတ်ချင်းဆက်သွယ်ပြီးတော့ အဖေဆီ ဒီကိစ္စကို သတင်းပို့လိုက်ပါ့မယ်။

နယ်မြေငါးခုကို ကာကွယ်နိုင်ဖို့အတွက် ဒီအတိုင်းထိုင်ပြီးတော့ သူတော်စင်ရှန်ထျန်း လဲကျပြီး ရှုပ်ထွေးပွေလီ အာကာပြင်ထဲမှာ ပိတ်မိနေတာကို ကြည့်နေလို့ မဖြစ်ဘူး။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ရှာဖို့အတွက် ကျွန်မ အတတ်နိုင်ဆုံး အဖေကို အကူအညီတောင်းကြည့်ပါ့မယ်”

ရှီလင်းလုံ၏ စကားလုံးများက ဘေးပတ်လည်ရှိ လူများကို တုန်လှုပ်သွားစေသည်။

ရှီလင်းလုံက ဘယ်လိုတည်ရှိမှု အဆင့်မျိုးလဲ။ သူမက ကြီးမြတ်သောလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ မင်းသမီးတစ်ပါးဖြစ်ပြီးတော့ ဟွမ်ရှီရဲ့ အဖိုးတန်ပုလဲလေးလေ

သူမ ထုတ်ပြောလိုက်မှတော့ သူမ ဆုံးဖြတ်ပြီးသွားပြီလို့ ဆိုလိုတာပဲ

“ မင်းသမီးလင်းလုံက အရမ်းဂရုစိုက်တတ်တာပဲ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းညိတ်ပြလိုက်သည်။

“ စီနီယာ သူတော်စင်ရှန်ထျန်းကို ရှာဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါ”  စံပြပါရမီရှင် လူငယ်များစွာက ဝင်ပြောကာ သူတို့၏ အကြီးအကဲများကို စတင်ဆက်သွယ်နေကြသည်။

အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံး လှုပ်ခါသွားသည်။

အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိနေသော မကောင်းဆိုးဝါးအိုများက သူတို့၏ ဂျူနီယာများ ဖျောင်းဖျသည်ကို မခံနိုင်တော့သည့်အတွက် ရှုပ်ထွေးပွေလီ လေဟာနယ်ထဲသို့ ပျံသန်းသွားကြသည်။

ရှန်ထျန်းက ထိုအရာအားလုံးကို သတိမထားမိပေ။

ရှုပ်ထွေးပွေလီ လေဟာနယ်ထဲတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

ထိုအရာက အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်နှင့်အထက် ရှိသူများသာ လေဟာနယ်ကို ဖြတ်သန်းပြီး ဝင်ရောက်သွားနိုင်သည်။

ဝိဇ္ဇာတစ်ပါးပင် ထိုနေရာထဲသို့ ရောက်ရှိသွားပြီး အမြန်ပြန်မထွက်ပါက ပြီးပြည့်စုံသော အလောင်းပင်မရှိဘဲ မြှုပ်နှံခံလိုက်ရလိမ့်မည်။

ထိုအခိုက်အတန့်တွင် ရှန်ထျန်း၏ ပုံရိပ်က ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

“ ငါ ဝါးမျိုခံလိုက်ရတာလား”

ရှန်ထျန်းက ဘေးပတ်လည်ရှိ ရှုပ်ထွေးပွေလီပြီး ပြင်းထန်သော အာကာပြင်ကို ကြည့်ကာ နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။

“ ငါ့ရဲ့ ကံကြမ္မာကျသွားပြီးတော့ ကံဆိုးတဲ့အရာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ”

ဟုတ်တယ် ရှန်ထျန်းက တွေဝေခြင်းမရှိဘဲ ဂူဗိမာန်ထဲကနေ ထွက်လာနိုင်တယ်

သို့သော် ရုတ်ရင်းဆန်ခတ် လှိုင်းက ရုတ်တရက် သူ့ဘေးမှာ ပေါ်လာမည်ကို ဘယ်သူမှ ထင်မထားခဲ့ကြပေ။

ရှန်ထျန်း ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပင် အထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။ လေတိုက်သံများ ထွက်ပေါ်နေသည်။ ကြက်ခြေခတ်ဖြတ်နေသော လှိုင်းများက ထိတ်လန့်စေသော အရှိန်အဝါကို လွှတ်ထုတ်နေသည်။

ပြင်းထန်သော လေဟာနယ်ထဲရှိ ဥပဒေသ၏ စွမ်းအားများက အဆုံးစွန်အထိ ပြင်းထန်သည်။ ကောင်းကင်အသျှင်တစ်ယောက်၏ ခန္ဓာကိုယ်ကို တစ်စစီစုတ်ဖြဲနိုင်သော အရိုးထွင်းဖောက်နိုင်သည့် ဓားသွားများသဖွယ် ဖြစ်နေသည်။

ဝိဇ္ဇာများပင် လေဟာနယ်ပြင်းထန်မှုကို အချိန်ကြာကြာ ခံနိုင်ရည်မရှိပေ။

ထိုအခိုက်အတန့်တွင် စည်းမျဉ်းများဖြင့် ပြည့်နှက်နေသော ကောင်းကင်က စုစည်းကာ ရှန်ထျန်းဆီသို့ ဦးတည်လာနေသည်။

ချွင်…ချွင်…ချွင်…

ရွှေလှံတံများက အချင်းချင်း ပွတ်တိုက်နေသည့်အတွက် မီးပွားများကို တွေ့နေရသည်။

ပြင်းထန်သော စွမ်းအားက ရှန်ထျန်း၏ ခန္ဓာကိုယ်ကို ချွန်ထက်သော ဓားသွားတစ်ခုသဖွယ် ဖြတ်တောက်သည့်အတွက် မီးပွားများ လွင့်စင်ထွက်လာသည်။

ဟား…ဟား…ငါ့ရဲ့ ခန္ဓာကိုယ်က သန်မာနေလို့ တော်သေးတယ်။ မဟုတ်ရင် ငါ ယမမင်းကိုတွေ့ဖို့ တကယ်သွားရတော့မယ်…

ရှန်ထျန်း သက်ပြင်းချလိုက်မိသည်။ ကံကောင်းစွာဖြင့် သူ့ခန္ဓာကိုယ်က နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ကို ရောက်ရှိသွားသည့်အတွက် ဖျက်စီးလို့မရနိုင်ပေ။ မငြိမ်မသက် အာကာပြင်ကို သူ လျစ်လျူရှုထားလို့ရသည်။

တခြားနိဗာန ကျင့်ကြံသူသာဖြစ်ပါက သူတို့၏ ခန္ဓာကိုယ်ကို အစကတည်းက ပြိုလဲသွားမည်ဖြစ်ပြီး ဤနေရာမှာပင် မြှုပ်နှံခံလိုက်ရမည် ဖြစ်သည်။

“ ဒါပေါ့ ငါ ဘယ်လိုလုပ်ပြီးတော့ ထွက်သွားရမလဲ”

သူ့ဘေးပတ်လည်ရှိ ရှုပ်ထွေးပွေလီ အာကာပြင်ကို ကြည့်လိုက်ရင်း ဘယ်နေရာကစရမယ်မှန်းမသိ ဖြစ်နေသည်။

မငြိမ်အသက် အာကာပြင်က တခြားနေရာများနှင့် မတူပေ။ မှန်ကန်သော လှိုင်းပုံစံကို ရှာမတွေ့သည့်အတွက် ချိုးဖောက်ထွက်ရန် အရမ်းခက်ခဲနေသည်။

“ ထားလိုက်ပါ။ သဘာဝအတိုင်းပဲ ထားလိုက်ပါ့မယ်။ ငါ တစ်ခါမှာ ခြေတစ်လှမ်းပဲ လှမ်းမယ်”

ဘာပန်းတိုင်မှမရှိတာထက်စာရင် လှိုင်းရဲ့ စီးဆင်းမှုအတိုင်း လိုက်သွားတာက ပိုကောင်းမယ်ထင်တယ်

သူ ကြိုးစားနေမယ်ဆိုရင်တောင် ဘာရလဒ်မှ ရှိလာမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ မကြိုးစားရင်… ဘဝကြီးက ပိုပြီးတော့ လွယ်ကူလာလိမ့်မယ်

အဓိကအကြောင်းကတော့ ဒီမှာရှိနေတဲ့ သဘာဝတရားက ရှန်ထျန်းကို လုံးဝ ခြိမ်းခြောက်တာမျိုး မလုပ်နိုင်ဘူး။

နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားသော ခန္ဓာကိုယ်အပြင် ရှန်ထျန်း ပြန့်ဟွားပန်းဘုရင်က ခန္ဓာကိုယ်ထဲမှာ ရှိနေသေးသည်။

ပြန့်ဟွားပန်း၏ လေဟာနယ်နှင့် ဆက်နွယ်မှုကြောင့် ရှန်ထျန်း၏ ခန္ဓာကိုယ်ကို တည်ရှိမှုမှ မတည်ရှိမှုသို့ ပြောင်းလဲလို့ရသည့်အတွက် လေဟာနယ်ဥပဒေသများ၏ ကျူးကျော်ဝင်ရောက်ခြင်းကို လျစ်လျုရှုထားလို့ ရသည်။

တစ်ချိန်တည်းမှာပဲ ရှန်ထျန်းက ခွန်ပန်ပညာရပ်များကို အသုံးပြုကာ လေဟာနယ်ခွန်၏ စွမ်းအားကို မှီခိုပြီး နောက်မကျပဲ ခရီးထွက်နိုင်သည်။

ထို့ကြောင့် ရှန်ထျန်းက လေဟာနယ်ထဲတွင် ပင်လယ်ကို ဖြတ်သန်းကာ ရေကူးနေရသလိုမျိုး ခံစားနေရသည်။ တစ်ယောက်ယောက်သာ ဤမြင်ကွင်းကို မြင်သွားပါက သေချာပေါက် တအံ့တဩ ဖြစ်သွားလိမ့်မည်။

ရှေးခေတ်အခါကတည်းက နိဗာနကျင့်ကြံသူတစ်ယောက်က အသက်မဲ့ လေဟာနယ်ထဲမှာ အခုလိုမျိုး ကစားရဲခဲ့တဲ့ အချိန်ရှိလို့လား

ထိုနေရာက ဝိဇ္ဇာများပင် ကြောက်ရွံ့သည့် အာကာပြင် လေဟာနယ် ဖြစ်သည်။

သဘာဝ၏ ပြင်းထန်သော စွမ်းအားကပင် လူတစ်ယောက်ကို တစ်စစီ လုပ်ဖို့အတွက် လုံလောက်သည့်အတွက် ကျန်ရှိနေသော ဖုံးကွယ်ထားသည့် အန္တရာယ်များအကြောင်းကို ထည့်ပြောစရာပင် မလိုတော့ပေ။

ပေါ့ပေါ့ဆဆနေပါက သူတို့ အဆုံးမဲ့လေဟာနယ်ထဲသို့ ရောက်ရှိသွားပြီး သုတ်သင်ရှင်းလင်းခြင်းကို ခံရနိုင်သည်။

ဂျိန်း…

ထိုအခိုက်အတန့်တွင် မြေအောက် ရေစီးကြောင်းက မုန်တိုင်းပြင်းပြင်း တစ်ခုကဲ့သို့ မြင့်တက်လာသည်။

“ ဒီစွမ်းအားကို အသုံးပြုပြီးတော့ လေဟာနယ်အလွှာကို ရှာလို့ရနိုင်တယ်။ ငါ တစ်နေရာရာမှာတော့ လမ်းရှာတွေ့မှာပါ”

ရှန်ထျန်း ပျော်မြူးသွားသည်။ သူ၏ လျှို့ဝှက်လက်နက်များကြောင့် ဒီနေရာမှာရှိနေသော အရာများကို မကြောက်ပေ။

ဝိဇ္ဇာတစ်ပါးကို ကြောက်ရွံ့သွားအောင် လုပ်နိုင်သည့် မငြိမ်မသက် အာကာပြင်က သူ၏ စီးတော်ယာဉ် ဖြစ်လာသည်။

ထို့ကြောင့် ရှန်ထျန်းက နောက်မဆုတ်ပဲ ရင်ဆိုင်ဖို့အတွက် ဆုံးဖြတ်လိုက်သည်။ ဤမြေအောက် ရေစီးကြောင်း၏ စွမ်းအားက အဝေးသို့ အလျင်အမြန် ရောက်သွားသည်။

မငြိမ်မသက် အာကာပြင်၏ တွန်းအားက ရှန်ထျန်း၏ အရှိန်ကို မြှင့်တင်ပေးလိုက်ပြီး ယခင်ကထက် ကျော်လွန်သွားစေသည်။

သို့သော် သူ့အရှိန်တိုးမြင့်လာပြီးနောက် တစ်ခုခုလွဲချော်နေသည်ကို ရှန်ထျန်း ခံစားလိုက်မိသည်။

သူ အနည်းငယ် ခေါင်းမူးလာသည်။

“မငြိမ်မသက် အာကာပြင်ထဲမှာ ဘာလို့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ရှိနေရသေးတာလဲ … အော်…ဒီခံစားချက်မျိုး… အန်တော့မလို ခံစားနေရတယ်။

ကားမူးနေသလိုမျိုး…”

မူးဝေနေသော ရှန်ထျန်းက မငြိမ်မသက် အာကာပြင်နှင့်အတူ ပိုပိုပြီး အဝေးသို့ ပါသွားသည်။

တခြားတစ်ဖက်တွင်…

အဆုံးမဲ့လေဟာနယ်ထဲတွင် ထိတ်လန့်တုန်လှုပ်စေသော မိုးကြိုးစမ်းသပ်ချက် ပေါ်လာသည်။

မိုးကြိုးက ကီလိုမီတာ ၁၅၀၀ကို ဖြတ်သန်းသွားကာ မိုးနှင့်မြေကို ဖျက်စီးပြီး ရှေးဦးပရမ်းပတာအခြေအနေအဖြစ်သို့ ပြောင်းလဲချင်နေပုံပေါ်သည်။

မီးတောက်များက ရှေးဦးကမောက်ကမထဲသို့ လျှံကျနေသည်။

ထိုမိုးကြိုးစမ်းသပ်ချက်အောက်ရှိ လေဟာနယ်ထဲတွင် ပုံရိပ်တစ်ခု ရပ်နေသည်။ ထိုပုံရိပ်၏ နောက်တွင် မီးတောက်ပြင်းပြင်းနှင့် ဧရာမဇာမဏီငှက် တစ်ကောင်ရှိနေသည်။

ထိုအရာက မိုးကြိုးစမ်းသပ်ချက်ကို ခံယူမည့် ထိပ်သီးပါရမီရှင်တစ်ယောက် ဖြစ်လိမ့်မည်။

နယ်မြေငါးခုရှိ ထိပ်သီးပါရမီရှင်များသာ ဤနေရာတွင်ရှိနေပါက သူတို့ ဒီအံ့ဖွယ်စွမ်းအားကို သေချာပေါက် အသိအမှတ်ပြုကြလိမ့်မည်။

စမ်းသပ်ချက်ခံယူနေသူက တောင်ပိုင်းလွင်ပြင်၏ နံပါတ်တစ် စွမ်းအားကြီးသူ မသေမျိုးဇာမဏီမျိုးနွယ်၏ ဇာမဏီအရှင်မဖြစ်သည့် ထာဝရဇာမဏီဘုရင်မ ဖြစ်သည်။

သူက တောင်ပိုင်းလွင်ပြင်၏ ကောင်းကင်ဘုံမှ ဂုဏ်ယူရသော သမီးတော်တစ်ယောက် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက “ ကောင်းကင်တိုက်ပွဲ” တွင် ပါဝင်ခဲ့သည်။ သူမက နဂါးနက်မျိုးနွယ်၏ မင်းသမီးကြီး အောင်းပင်း၏ ရန်သူတစ်ယောက်လည်း ဖြစ်နေသေးသည်။

သူတို့နှစ်ယောက်ကြားရှိ ခြားနားချက်က လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက အောင်းပင်းက မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ကာ သေဆုံးသွားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း ထာဝရဇာမဏီဘုရင်မက လျင်မြန်သော တိုးတက်မှုရှိလာပြီး နယ်မြေငါးခုရှိ ဘယ်အထွတ်အထိပ်အဆင့် ပါရမီရှင်မှ လျှော့မတွက်ရဲသည့် နယ်ပယ်အဆင့်သို့ ရောက်ရှိသွားသည်။

မိုးကြိုးစမ်းသပ်ချက်က သူမအပေါ် သက်ရောက်သွားသော်လည်း ထာဝရဇာမဏီဘုရင်မက တည်ငြိမ်နေဆဲဖြစ်ပြီး မိုးကြိုးစမ်းသပ်ချက်ကို ခံယူနေသည်။

ထိုအခိုက်အတန့်တွင် အခြေအနေတို့ ပြောင်းလဲသွားသည်။

ငွေဖြူရောင်ဓားအလင်းတန်း ထွက်လာကာ အဆုံးမဲ့အာကာပြင်ကို ထိုးဖောက်ထွက်သွားသည်။

ထိုအရာ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် မငြိမ်သက်သော အစိတ်အပိုင်းများကက ထိုအရာနှင့်အတူ တစ်စစီဖြစ်သွားကာ ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားသည်။

“ ဟမ်”

ထာဝရဇာမဏီဘုရင်မ ဘာမှမတုံ့ပြန်နိုင်သေးခင် ဓားအလင်းတန်း ထိုးဖောက်ဝင်လာပြီး ကောင်းကင်ရှိ မိုးကြိုးစမ်းသပ်ချက်ကို ပိုင်းဖြတ်ကာ ဗလာနတ္ထိဖြစ်အောင် လုပ်လိုက်သည်ကို သူမ မြင်လိုက်ရသည်။

ထို့နောက် ချက်ချင်းပင် ဓားအလင်းတန်းက ထာဝရဇာမဏီဘုရင်မဆီသို့ ရောက်ရှိသွားသည်။

ရှောင်တိမ်းရမှာလား

သူမနှင့် အရမ်းနီးကပ်နေသည့်အတွက် ရှောင်ရှားဖို့အတွက် အချိန်မရှိ ဖြစ်သွားသည်။

ကံကောင်းစွာဖြင့် ဓားအလင်းတန်းက ထာဝရဇာမဏီဘုရင်မကို ချိန်ရွယ်ထားခြင်း မဟုတ်ပေ။ ထိုအရာက အကြွင်းအကျန် လှိုင်းတစ်ခုသာ ဖြစ်နေသည်။

ထိုသို့ဆိုလျှင်ပင် ထာဝရဇာမဏီဘုရင်မ သွေးအန်သွားကာ အရှိန်အဝါပင် လျော့နည်းလာသည်။

လောင်ကျွမ်းနေသော မီးတောက်က ထာဝရဇာမဏီဘုရင်မ၏ ခန္ဓာကိုယ်ပေါ်သို့ ပြန့်ကျဲသွားကာ သူမကို ထိတ်လန့်စရာကောင်းသော အရှိန်အဝါဖြင့် လွှမ်းခြုံထားသည်။

သူမ၏ လှပသောမျက်နှာလေးတွင် လေးနက်သော အရိပ်အယောင်တို့ ထင်ဟပ်နေသည်။ ထိုအချိန်တွင် သူမက စမ်းသပ်ချက်ကို ဖြတ်ကျော်ပြီး အရေးကြီးသော အချိန်အခါသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူမ၏ ကျင့်ကြံဆင့်နှင့် ခွန်အားက အရမ်းကို သိမ်မွေ့သော ညီမျှခြင်း ဖြစ်နေသည်။

ထိုဟန်ချက်ညီခြင်းက ဓားအလင်းတန်းကြောင့် လုံးဝ ဖျက်စီးခံလိုက်ရသည်။

သူမ၏ ခန္ဓာကိုယ်ထဲရှိ ပြင်းထန်သော စွမ်းအားကို ဒီထက်ပိုပြီး ဖိနှိပ်ထားလို့ မရနိုင်တော့ဘူးဟု သူမ ခံစားလာရသည်။

“ ဖိနှိပ်ထား” ထာဝရဇာမဏီ ဘုရင်မက အေးစက်စွာ ပြောလိုက်သည်။ သူမက ခွန်အားအကုန် အသုံးပြုကာ သူမ၏ ခန္ဓာကိုယ်ထဲရှိ ပြင်းထန်သော မီးတောက်ကို ဖိနှိပ်ထားသည်။

ကံမကောင်းစွာဖြင့် အကျိုးသက်ရောက်မှုက သိပ်ပြီးမသိသာပေ။

နန်မင်လီမီးတောက် လုံးဝပေါက်ကွဲသွားသည့်အတွက် ပြင်းထန်သော မီးတောက်များက ထာဝရဇာမဏီဘုရင်မကို လွှမ်းခြုံသွားသည်။

သိပ်မကြာခင်မှာပဲ ဇာမဏီအော်သံတစ်ခု ထွက်လာကာ ဧရာမဇာမဏီအံ့ဖွယ်ပုံရိပ်က အဆုံးမဲ့လေဟာနယ်ထဲတွင် ပေါ်လာသည်။

နောက်ထပ် အံ့ဖွယ်မီးတောက်တစ်ခုက ထာဝရဇာမဏီဘုရင်မ၏ ခန္ဓာကိုယ်ထဲမှထွက်လာသည်။ ထိုအရာက ခမ်းနားပြီး စွမ်းအားကြီးသည့်အတွက် နန်မင်လီမီးတောက်ကို ဖိနှိပ်ထားသည်။

“ ဖိနှိပ်ထားစမ်း”

ထာဝရဇာမဏီ ဘုရင်မက တိုးလျသော အော်သံတစ်ခုဖြင့် မီးတောက်နှစ်ခုလုံးကို သူမ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားပြီးနောက် ကြောက်စရာကောင်းသော အဖြစ်အပျက်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

သို့သော် ထိုအခိုက်အတန့်တွင် သူမ၏ သူငယ်အိမ်နှစ်ခုလုံးက မတူညီသော မီးတောက်များဖြင့် လောင်ကျွမ်းနေသလိုမျိုး နတ်ဆိုးဆန်လှသည်။

ဒါက သေချာပေါက် ချီဖောက်ပြန်ခြင်း လက္ခဏာပဲ

သိပ်မဝေးသည့် အကွာအဝေးတစ်ခုမှ အလင်းတန်းတစ်ခုက အလျင်အမြန်ချဉ်းကပ်လာသည်ကို တွေ့ရှိလိုက်ရသည်။

ထိုအရာက ရွှေကျီးနတ်ဧကရာဇ်မှ ရှန်ထျန်းဆီ ပေးခဲ့သော နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်းဖြစ်သည့် အံ့ဖွယ်နေမင်း မီးပြင်းဖို ဖြစ်သည်။

ရှန်ထျန်းက မငြိမ်မသက် ဖြစ်နေသော အာကာပြင်ကြောင့် ခေါင်းမူးနေသည်။ အဆုံးသတ်တွင် အံ့ဖွယ်နေမင်း မီးပြင်းဖိုကို ထုတ်ယူကာ အထဲတွင်ထိုင်ပြီး ခေါင်းမူးမှုကို လျှော့ချနေရသည်။

သို့သော် မငြိမ်မသက် အာကာပြင်က သူ့ကို ဘယ်နေရာသို့ ခေါ်သွားလဲဆိုတာ မသိနိုင်ပေ။

သူ စီးကြောင်းအတိုင်းသော မျောလိုက်သွားနိုင်သည်။

All Chapters