← Chapters

အရှုံးပေးလိုက်ရတာထက် သေသွားတာက ပိုကောင်းတယ်

Vol. 27 Ch. 395

အရှုံးပေးလိုက်ရတာထက် သေသွားတာက ပိုကောင်းတယ်

Vol. 27 Ch. 395

အခန်း (၃၉၅) : အရှုံးပေးလိုက်ရတာထက် သေသွားတာက ပိုကောင်းတယ်

ကြမ်းတမ်းသော လေဟာနယ်ထဲတွင် တောက်ပသော မီးတောက်များက ပန်းများကဲ့သို့ ပေါက်ရောက်နေကြသည်။

ထာဝရဇာမဏီဘုရင်မက လေထဲတွင် ခမ်းနားသောအရှိန်အဝါဖြင့် ထိုင်နေရင်း မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားသည်။ ထိတ်လန့်စရာကောင်းသော မီးတောက်နှစ်ခုက အချင်းချင်းရောယှက်သွားကာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ထိခတ်သွားကာ အပြင်ဘက်သို့ ထွက်သွားသော လှိုင်းများကို ရောထွေးသွားစေသည်။

ထာဝရဇာမဏီဘုရင်မက သူမ၏ စွမ်းအင်ကို အားအကုန် သုံးပြီး လှည့်ပတ်နေသော်လည်း ပြင်းထန်သော နန်မင်လီမီးတောက်က သူမကို လောင်ကျွမ်းပြာချဖို့သာ ကြိုးစားနေသည်။

အဘယ်ကြောင့်ဆိုသော် ထာဝရဇာမဏီဘုရင်မ၏ နန်မင်လီမီးတောက်က အရမ်းစွမ်းအားကြီးသည်။

နန်မင်လီမီးတောက်က ထူးခြားမီးတောက်စာရင်းတွင် အဆင့် ၁၀ ချိတ်သော မီးတောက် ဖြစ်သည်။ မူလတုန်းက ဒီလောက်ထိ ထိတ်လန့်စရာကောင်းသော စွမ်းအား မရှိပေ။

သို့သော် နှစ်ပေါင်းတစ်သောင်း သန့်စင်ပြီးနောက် ထာဝရဇာမဏီဘုရင်မ၏ နန်မင်လီ မီးတောက်စွမ်းအားက အင်မတန် ထိတ်လန့်စရာကောင်းလှသည်။ ထိုအရာက ထူးခြားမီးတောက်စာရင်း၏ ထိပ်ဆုံးရှိ မီးတောက်ထက်တော့ မသာလွန်နိုင်ပေ။

ယခု နန်မင်လီမီးတောက်က ထိန်းမရသိမ်းမရဖြစ်ကာ ထာဝရဇာမဏီဘုရင်မကဲ့သို့ ပါရမီရှင်ပင် ထိုမီးတောက်၏ လောင်ကျွမ်းမှုကြောင့် နာကျင်မှုကို ခံစားနေရသည်။

ကံကောင်းစွာဖြင့် ထာဝရဇာမဏီဘုရင်မ၏ ခန္ဓာကိုယ်ထဲတွင် ထိုအရာကို ပြန်လည်ချေပနိုင်သည့် နောက်ထပ် မီးတောက်တစ်မျိုး ရှိနေသေးသည်။

ထိုမီးတောက်က ဖျက်စီးခြင်းမဲ့ အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်ဟု ခေါ်သည်။

အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်က ထူးခြားမီးတောက်စာရင်းတွင် အဆင့်လေး ချိတ်ပြီး ထာဝရဇာမဏီမျိုးနွယ်၏ အမွေအနှစ် မီးတောက် ဖြစ်သည်။

ထိုမီးတောက်တွင် လွန်ကဲသည့် သက်ဝင်လှုပ်ရှားမှု စွမ်းအားများ ပါဝင်နေပြီး ပြန်လည်မွေးဖွားခြင်း စွမ်းအားကို ထိန်းချုပ်နိုင်သည့် စွမ်းအားကို အဆက်မပြတ် ထောက်ပံ့ပေးထားသည်။

ဤမီးတောက်ကြောင့် ကျင့်ကြံသူ၏ ပြန်လည်ကုစားနိုင်စွမ်းက လွန်ကဲစွာ စွမ်းအားကြီးလာနိုင်သည်ဟု ပြောလို့ရသည်။

ကျင့်ကြံသူတစ်ယောက်က သေစေနိုင်လောက်သော ဒဏ်ရာရနေပါကလည်း ဤမီးတောက်ကို အသုံးပြုပြီး ပြန်လည်မွေးဖွားလာလို့ရသည်။

ယခုလက်ရှိတွင် ထာဝရဇာမဏီဘုရင်မက အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်အပေါ် မှီခိုပြီး နန်မင်လီမီးတောက်ကို ဆန့်ကျင်တိုက်ခိုက်နေရသည်။ စောစောလေးက ဓားအလင်းတန်းက အရမ်းကြောက်ဖို့ကောင်းလှသည်။ ထိုအရာက မိုးကြိုးစမ်းသပ်ချက်ကိုပင် တစ်စစီဖြစ်သွားအောင် လုပ်လိုက်နိုင်သည်။ ထိုဓားအလင်းမှ ပြိုကွဲလာသော စွမ်းအားလေးကပင် ထာဝရဇာမဏီဘုရင်မကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်သည်။

“ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက မီးတောက်နှစ်ခုက အခု ရှုပ်ထွေးနေပြီ။ ငါ ဒီနေ့ မီးတောက်နှစ်ခုကြားက ဟန်ချက်ကို မထိန်းလိုက်နိုင်ဘူး။ ကြည့်ရတာ ဒုက္ခရောက်တော့မယ် ထင်တယ်”

ထာဝရဇာမဏီဘုရင်မ၏ အသံက အရမ်းစိုးရိမ်ဖွယ်ရာ ဖြစ်သည်။ ထူးခြားအံ့ဖွယ် ပစ္စည်းများ၏ စွမ်းအားက အလွန်အမင်း စွမ်းအားကြီးလှသည်။

ရှေးခေတ်အခါကတည်းက သူတို့၏ ခန္ဓာကိုယ်ထဲတွင် ထူးခြားအံ့ဖွယ်ပစ္စည်း နှစ်ခုထက်ရှိနေသော သူက ရှားပါးသည်။ ပုံမှန်အားဖြင့် တစ်ခုထက်ပိုပြီး ထည့်သော သူများက ထူးခြားအံ့ဖွယ်ပစ္စည်းများကြားမှ ရှုပ်ထွေးမှုကြောင့် အစိတ်စိတ်အမြွာမြွာ ဖြစ်သွားလိမ့်မည်။

ထာဝရဇာမဏီဘုရင်မ၏ ခန္ဓာကိုယ်ထဲတွင် ထူးခြားမီးတောက် နှစ်ခု ရှိနေသည်။ သူမက ပြိုင်ဘက်ကင်း စွမ်းအားကြီးသူတစ်ယောက်ဖြစ်ပြီး အရမ်းမြင့်မားသော ထိုးဖောက်တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သို့သော် ယခု သူမက ပြင်းထန်စွာ ထိခိုက်ထားသည့်အတွက် အနာဂတ်တွင် ထိုထူးခြားမီးတောက်နှစ်ခုက ပြဿနာ ဖြစ်လာနိုင်သည်။ သေးငယ်သော အမှားလေးတစ်ခုက သူမ၏ တာအိုအုတ်မြစ်ကို ဖျက်ဆီးလိုက်နိုင်သည်။

ဤအချိန်တွင် လေဟာနယ်ထဲ၌ စွမ်းအင်ကြမ်းတမ်းမှုကို ခံစားလိုက်ရသည်။

“ဟမ်”

ထာဝရဇာမဏီဘုရင်မက ချက်ချင်း အာရုံခံလိုက်မိသည်။ သူမ လှည့်ကြည့်လိုက်သည့်အခါ အရမ်းမြန်သော အလျင်ဖြင့် လာနေသော အံ့ဖွယ်အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။

“ အဲဒါက…ရွှေကျီးနတ်ဧကရာဇ်ရဲ့ အံ့ဖွယ်နေမင်း မီးပြင်းဖိုလား”

ထာဝရဇာမဏီဘုရင်မ၏ အကြည့်တို့ တောက်ပသွားသည်။ သူမကလည်း ရွှေကျီးနတ်ဧကရာဇ်ကို သိသည်။

ရွှေကျီးနတ်ဧကရာဇ်က နတ်ဆိုးနတ်ဧကရာဇ် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း၈သောင်းတုန်းက နတ်ဘုရားလောကကို တက်လှမ်းသွားပြီးနောက် ဘာသတင်းမှ မကြားခဲ့ရတော့ပေ။

ထာဝရဘုံဗိမာန်ကျွန်း၏ ထွက်ပေါ်လာမှုသတင်း ပြန့်သွားကတည်းက ထာဝရဇာမဏီဘုရင်မက စုံစမ်းဖို့အတွက် ချက်ချင်း အပြေးလာခဲ့သည်။

သို့သော် ထာဝရဘုံဗိမာန်ကျွန်း၏ အပြင်ဘက်တွင် သူမ ဝင်ရောက်မှုကို တားမြစ်နေသော ရွှေကျီးနတ်ဧကရာဇ်မှ တည်ဆောက်ခဲ့သည့် ကာကွယ်ရေး အစီအရင် ရှိနေသည်။

တိုက်ဆိုင်စွာဖြင့် ထာဝရဇာမဏီဘုရင်မက သူမ၏ နောက်ထပ် မိုးကြိုးစမ်းသပ်ချက်က ကျရောက်လာတော့မည်ဟု သူမ ခံစားလိုက်ရသည်။

ထို့ကြောင့် သူမက မြောက်ပင်လယ်၏ အာကာပြင်ထဲ တိုးဝင်သွားခဲ့သည်။ သူမ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းကို ကူညီပေးဖို့အတွက် ရွှေကျီးနတ်ဧကရာဇ် ချန်ထားခဲ့သော ကာကွယ်ရေး အစီအရင်ထဲရှိ ဝိညာဉ်သတ္တုရိုင်းတုံးများကို အသုံးပြုဖို့အတွက် စီစဉ်ထားခဲ့သည်။

သို့သော် ရုတ်တရက် ထွက်ပေါ်လာသော ဓားချက်က သူမကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ စိတ်ကူးမထားခဲ့ပေ။

ယခု သူမက ရွှေကျီးနတ်ဧကရာဇ်၏ အံ့ဖွယ်နေမင်း မီးပြင်းဖိုကို မြင်လိုက်ရသည့်အတွက် ထာဝရဇာမဏီဘုရင်မ ဝမ်းသာသွားသည်။

“ ရွှေကျီးနတ်ဧကရာဇ်က နေမီးလျှံအစစ်ကို လက်နက်လိုမျိုး အသုံးပြုခဲ့ပြီးတော့ အံ့ဖွယ်နေမင်း မီးပြင်းဖိုက သူ့ရဲ့ နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်းပဲ။ အဲဒီထဲမှာ နေမီးလျှံအစစ် အကြွင်းအကျန်တွေရှိနေဦးမှာ သေချာတယ်။

ငါသာ နေမီးလျှံအစစ်ကို သန့်စင်လိုက်ရင် ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ထူးခြားမီးတောက်တွေကို ဟန်ချက်ထိန်းလို့ ရသွားပြီးတော့ လက်ရှိ ဒုက္ခကို ဖြေရှင်းလို့ရသွားမယ်။ ငါ ဒီထက်ပိုပြီးတော့တောင် အဆင့်မြင့်သွားနိုင်သေးတယ်”

ထာဝရဇာမဏီ ဘုရင်မ၏ လက်ရှိအခြေအနေက အရမ်းအန္တရာယ်များသည်။ သူမ ကြုံတွေ့နေရသော ပြဿနာကို လုံးဝ ဖြေရှင်းချင်ပါက သုံးဖက်ညီဟန်ချက်ကို ထိန်းဖို့အတွက် နောက်ထပ် ထူးခြားမီးတောက်တစ်ခုကို လိုအပ်သည်။

ထို့နောက် ပြန်လည်ကုစားနိုင်ဖို့အတွက် အံ့ဖွယ်ဇာမဏီ တော်ဝင်ကျမ်းကို အသုံးပြုလို့ရသည်။

သို့သော် ဤအခြေအနေက အလွန်ပြင်းထန်လှသည်။

ပြီးတော့ ထူးခြားမီးတောက်တစ်ခုက ဘယ်လိုလုပ်ပြီးတော့ ဒီလေဟာနယ်ထဲမှာ ပေါ်လာနိုင်ရတာလဲ

ယခု အံ့ဖွယ်နေမင်းမီးပြင်းဖို ပေါ်လာသည့်အတွက် ထာဝရဇာမဏီဘုရင်မက မျှော်လင့်ချက် ရှိလာသည်။ သူမသာ နေမီးလျှံအစစ်ကို သန့်စင်နိုင်ပါက သူမ ရင်ဆိုင်နေရသော ဒုက္ခကို ဖြေရှင်းနိုင်ဖို့ မြင့်မားသော အခွင့်အရေး ရှိသည်။

သူမရဲ့ ဒုက္ခကို ရင်ဆိုင်ဖို့အတွက် နေမီးလျှံအစစ်ရဲ့ စွမ်းအားကို ငှားပြီးတော့ သူမရဲ့ ကျင့်ကြံဆင့်ကိုလည်း မြှင့်တင်လို့ရတာပဲ

ရလဒ်အနေဖြင့် ထာဝရဇာမဏီဘုရင်မက လုံးဝ မတွေဝေပေ။ သူမ၏ သွယ်လျသော လက်များဖြင့် အံ့ဖွယ်နေမင်း မီးပြင်းဖိုကို ဖမ်းဆုပ်ထားလိုက်သည်။

ချွင်…

မီးပြင်းဖို တုန်ခါသွားသည်။

အံ့ဖွယ်နေမင်းမီးပြင်းဖိုထဲရှိ ရှန်ထျန်းက ချက်ချင်း သိမ့်ခနဲလှုပ်ရှားမှုကို ခံစားလိုက်ရသည်။

အဲဒါက ဘာလဲ

ငါ မူးနောက်နေလို့ အလိုအလျောက်သွားအောင် လုပ်ထားတာကို အခု တိုက်မိသွားတာလား

အဓိကက သူက လေဟာနယ်ထဲသို့ ရောက်ရှိနေခြင်းဖြစ်သည်။

လေဟာနယ်ထဲမှာ တခြားစီးနင်းသူတွေ ရှိသေးလို့လား

ငါက လေဟာနယ်အလွှာကို ဝင်တိုက်နေတာများလား

ရှန်ထျန်း ထိုအကြောင်းကို တွေးမိပြီး ဝမ်းသာသွားသည်။

ဒီနေရာကသာ တကယ်ပဲ လေဟာနယ်အလွှာဆိုရင် နောက်ဆုံးမှာ ဒီစွန့်ပစ်နေရာကို ရှာတွေ့သွားတယ်လို့ ဆိုလိုတာပဲ

ရှန်ထျန်းက အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲမှ အလျင်အမြန်ထွက်ကာ လေဟာနယ်အလွှာကို ဖျက်စီးပြီး လေဟာနယ်ထဲမှ လွတ်မြောက်ရန် ယုံကြည်ချက်ရှိရှိ ပြင်ဆင်လိုက်သည်။

သို့သော် သူ ထွက်လာသည့်အချိန်တွင် တစ်စုံတစ်ခု လွဲမှားနေသည်ကို သူ သတိထားလိုက်မိသည်။

ပုံရိပ်တစ်ခုက သူ့ရှေ့တွင် ပေါ်ထွက်လာသည်။

သူမက အနီရောင်မီးတောက် ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားကာ မီးတောက်ကဲ့သို့ ကျက်သရေရှိလှသည်။

သူမ၏ ပြိုင်ဘက်ကင်း လှပသောမျက်နှာလေးက ဝိညာဉ်ကျောက်စိမ်းမှ ထွင်းထုထားသည့်ပုံပေါ်သည်။ သူမ၏ အသားအရည်က ရေခဲလိုမျိုး ချောမွေ့နေပြီး သူမ၏ အရိုးများက ကျောက်စိမ်းကဲ့သို့ လှပနေသည်။ သူမ၏ အကျင့်က အေးစက်ပြီး ရှန်ထျန်း တွေ့ဖူးသော အမျိုးသမီးများထက် မနိမ့်ကျပေ။

ဤမြင့်မြတ်အေးစက်ပြီး အထူးကောင်းမွန်သော အရှိန်အဝါက နယ်မြေငါးခုလုံးကို ထိတ်လန့်သွားစေဖို့ လုံလောက်သည်။

တစ်ချိန်တည်းမှာပဲ ထိုပုံရိပ်ထဲတွင် ပါနေသည့် ပြိုင်ဘက်ကင်း ထိတ်လန့်စရာကောင်းသော အရှိန်အဝါကို ရှန်ထျန်း အာရုံခံလိုက်မိသည်။

သူ့ရဲ့ဆရာနဲ့တောင် နှိုင်းယှဉ်လို့ရနိုင်တယ်

တကယ်ကြီးလား။ ငါက အဆုံးမဲ့လေဟာနယ်ထဲမှာ ကြောက်စရာကောင်းတဲ့ တည်ရှိမှုနဲ့ တွေ့နေရတာလား

“ ဟား…ဟား…အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲမှာ ဒီလောက်ထိ ချောမောတဲ့ လူသား ရှိနေမယ်လို့ မထင်ထားခဲ့ဘူး”

ထာဝရဇာမဏီ ဘုရင်မက ရှန်ထျန်းကို စိတ်ဝင်စားစွာဖြင့် ချီးကျူးကာ ရယ်မောလိုက်သည်။

ရှန်ထျန်းက သေမျိုးလောကက ဖြစ်သော်လည်း သူ့ကို ကြည့်ရတာ နတ်ဘုရားလောကမှ ထာဝရအရှင်တစ်ယောက်နှင့် အသွင်တူနေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း သူမ မြင်ခဲ့ဖူးသော သူများအားလုံးထက် သူက ပိုပြီး ချောမောသည်။

ထာဝရဇာမဏီဘုရင်မက တောင်ပိုင်းနယ်မြေ၏ အုပ်ချုပ်သူဖြစ်ပြီး အထွတ်အထိပ်အဆင့် နတ်ဆိုးပါရမီရှင် တစ်ယောက်ဖြစ်သော်လည်း သူမက ရုပ်ရည်ချောမောတာကို နှစ်သက်သူတစ်ယောက် ဖြစ်သည်။

သူ ပစ်မှတ်ထားခံရနေသည်ကို ရှန်ထျန်း သိသည့်အတွက် စိတ်ထဲတင်းကြပ်သွားကာ ပြောလိုက်သည်

“ အာ…စီနီယာ… ဒီဂျူနီယာလေးက မတော်တဆ ဒီနေရာကို ရောက်လာခဲ့တာပါ။ ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို ခွင့်လွှတ်ပေးပါနော်”

သို့သော် ချောမောခြင်းက အကျိုးအမြတ် ရှိမှန်း ရှန်ထျန်း သတိထားမိသည်။

အနည်းဆုံးတော့ သူ တစ်စုံတစ်ယောက်ဆီမှ သေသည်အထိ ရိုက်နှက်ခြင်းကို ခံရမည် မဟုတ်ပေ။

“ မင်းက နိဗာနအဆင့်လောက်နဲ့ လေဟာနယ်ထဲကို စူးစမ်းရဲတယ်ပေါ့လေ။ မင်းက တကယ်သတ္တိရှိတဲ့ ကလေးပဲ။ မင်းက ရွှေကျီးနတ်ဧကရာဇ်ရဲ့ အံ့ဖွယ်နေမင်း မီးပြင်းဖိုကိုတောင် ထိန်းချုပ်နိုင်တယ်။ မင်းက တကယ်ပဲ ဘယ်သူလဲ”

ထာဝရဇာမဏီဘုရင်မက အတော်လေး သိချင်နေမိသည်။ ဝိဇ္ဇာများပင် ကြမ်းတမ်းသော လေဟာနယ်ထဲ၌ အကြာကြီး မနေရဲကြပေ။ ကောင်းကင်အသျှင်များနှင့် အထွတ်အထိပ်ရှင်များအကြောင်းကိုတော့ ထည့်ပြောဖို့ပင် မလိုတော့ပေ။

သို့သော် ရှန်ထျန်းက သူ၏ နိဗာနအဆင့်ဖြင့် အသက်ရှင်နေဆဲ ဖြစ်သည်။

ရွှေကျီးနတ်ဧကရာဇ်၏ အံ့ဖွယ်နေမင်း မီးပြင်းဖိုပင် သူ့လက်ထဲမှာ ရှိနေသည်။

ထိုအရာက ထာဝရဇာမဏီဘုရင်မကို သိချင်စိတ် ပြင်းပြစေသည်။

ဘယ်လိုလူမျိုးက အဲလိုအရည်အချင်းမျိုးကို ပိုင်ဆိုင်နေရတာလဲ

“ စီနီယာ…အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ တပည့်ဖြစ်တဲ့ ရှန်ထျန်းပါ”

ရှန်ထျန်း တုံ့ပြန်လိုက်သော်လည်း လျှောက်တွေးနေဆဲ ဖြစ်သည်။

ယခု အခြေအနေက ဆိုးရွားလာသည့်အတွက် လွတ်မြောက်ဖို့အတွက် နည်းလမ်းကို ရှာမှ ဖြစ်တော့မည်။ မဟုတ်ပါက ဤတည်ရှိမှုက အရမ်းကြောက်ဖို့ ကောင်းသည့်အတွက် သူမနှင့် အတူရှိနေရခြင်းက သူ့ကို အရမ်းမလုံခြုံသလို ခံစားရစေသည်။

“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတဲ့လား။

အော်…မင်းက ဒဏ္ဍာရီလာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်းလား”

ထာဝရဇာမဏီဘုရင်မက အနည်းငယ် အံ့ဩစွာဖြင့် ပြောလိုက်သည်။ တောင်ပိုင်းနယ်မြေတွင် လှုပ်ခတ်သွားစေသည့် ဂျူနီယာလေးများဆီမှ ရှန်ထျန်းအကြောင်းကို ကြားထားသည်။

ငါးရောင်ခြယ် ဒေါင်းမျိုးနွယ်မှ ထိပ်သီးပါရမီရှင် တစ်ဦး ပြန်လည်ယူဆောင်လာသော သတင်းက နတ်ဆိုးမျိုးနွယ်၏ ပါရမီရှင်များကို မခံမရပ်နိုင် ဖြစ်သွားစေသည်။ သူတို့က အပြင်ထွက်ကာ ရှန်ထျန်းနှင့် တိုက်ခိုက်ချင်ကြသည်။

ဒါပေမဲ့ ထာဝရဇာမဏီ ဘုရင်မလိုမျိုး တည်ရှိမှုက ဘယ်လိုလုပ်ပြီးတော့ အဲလိုကိစ္စတွေကို စိတ်ဝင်စားပါ့မလဲ

သူမက ရှန်ထျန်းကို လေဟာနယ်ထဲတွင် တွေ့မည်ဟု ထင်မထားသည့်အတွက် သူ့ကို ပိုမို စိတ်ဝင်စားလာမိသည်။ ဒီကလေးနှင့် ပတ်သက်ပြီး ထူးခြားသည့်အချက်ကို သူမ မြင်တွေ့ချင်နေပြီဖြစ်သည်။

“ စီနီယာ နောက်နေတာပဲ ဖြစ်ရမယ်။ ဒါက ပိုသာလွန်းပြီး ပြောထားတဲ့ ဂုဏ်ပုဒ်တွေပါ”

ထိုကဲ့သို့သော ပါရမီရှင်ရှေ့တွင် သူ ဟန်မဆောင်နိုင်ကြောင်းကို ရှန်ထျန်းသိသည်။

သို့သော် ထာဝရဇာမဏီဘုရင်မ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“ ဟမ်…မင်းဆီမှာ ဟိုအဖွားကြီးအောင်းပင်းရဲ့ အရှိန်အဝါကို ဘာလို့ အာရုံခံလို့ ရနေရတာလဲ။ အဲဒီအဖွားကြီး အခုထိ အသက်ရှိနေမယ်လို့ ထင်မထားဘူး။ ပြီးတော့ သူမက လူသားတစ်ယောက်နဲ့တောင် စာချုပ် ချုပ်ထားလိုက်သေးတယ်။ ဒါပေမဲ့ နားလည်လို့ ရပါတယ်လေ။ အဲဒီနဂါးမဆီမှာ တဏှာကြီးတဲ့ သဘာဝရှိနေတော့ ချောမောတဲ့ ကောင်လေးတွေကို ရှာရတာ ကြိုက်တယ်။

ဟား…ဟား…ဟား…သူမက တကယ်ကို အရှက်မရှိတာပဲ။ အသက်ကြီးနေတဲ့ နဂါးမက မင်းလို ငယ်ရွယ်တဲ့ ကောင်လေးနဲ့ အတူရှိလောက်အောင် မျက်နှာပြောင်နေတာပဲ”

ထာဝရဇာမဏီဘုရင်မ၏ အသံက အနည်းငယ် လှောင်ရယ်သံပါနေသည်။ သူမက အောင်းပင်းနဲ့ ဆက်ဆံရေး မကောင်းကြောင်း သိသာစေသည်။

ထိုအမျိုးသမီး၏ အဆင့်ကို ချက်ချင်း ခန့်မှန်းမိလိုက်သည့်အတွက် ရှန်ထျန်း အင်မတန် ထိတ်လန့်သွားသည်။ သူမက အောင်းပင်းနှင့် ဆက်ဆံရေး မကောင်းသည့်အပြင် ပြိုင်ဘက်ကင်းသော ခွန်အားကိုလည်း ပိုင်ဆိုင်ထားသည်။

အဲဒါက တောင်ပိုင်းနယ်မြေရဲ့ အုပ်ချုပ်သူ ထာဝရဇာမဏီဘုရင်မအပြင် တခြား ဘယ်သူဖြစ်နိုင်ပါ့မလဲ

“ စီနီယာ ဇာမဏီဘုရင်မ … ကျွန်တော် အိမ်မှာ လုပ်စရာလေးတစ်ခုရှိတာကို သတိရသွားလို့ ကျွန်တော် အရင်သွားနှင့်မယ်နော်”

ရှန်ထျန်း အရမ်းထိတ်လန့်နေပြီဖြစ်သည်။ ပြိုင်ဘက်ကင်းပါရီရှင်ဖြစ်ပြီး အောင်းပင်း၏ မဟာရန်သူကို သူ ဒီနေ့ ဆုံတွေ့ခဲ့ရသည်။

အခု ထာဝရဇာမဏီဘုရင်မက အောင်းပင်းနဲ့ သူရဲ့ ဆက်နွယ်မှုကို သိသွားပြီဆိုတော့ သူမက သူ့ကို ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ လွှတ်ပေးနိုင်မှာလဲ

ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန်ထွက်သွားခြင်းက သူ့အတွက် အကောင်းဆုံး ဖြစ်သည်ဟု ရှန်ထျန်း ခံစားမိသည်။

ထို့နောက် ရှန်ထျန်းက ခွန်ပန်ပညာရပ်ကို အသက်သွင်းကာ ဤနေရာမှ ထွက်သွားဖို့ ပြင်လိုက်သည်။

“ အဲဒီနေရာမှာ ရပ်လိုက်စမ်း။ ငါ မင်းကို မစားပါဘူး”

နိုင်လိုမင်းထက်ပြုမူသော ဖိအားက ထာဝရဇာမဏီဘုရင်မ၏ ခန္ဓာကိုယ်မှ ထွက်လာသည့်အတွက် ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။

ရှန်ထျန်းက ထာဝရဇာမဏီဘုရင်မ၏ ပြောစကားများကို ကြားလိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်သွားသည်။

မဟုတ်သေးဘူး…မဟုတ်သေးဘူး

ငါ့ရဲ့အသက်ကို ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး

အံ့ဩစရာကောင်းစွာဖြင့် ထာဝရဇာမဏီဘုရင်မက ရန်လိုသည့်ပုံ မပေါ်ဘူးဟု ရှန်ထျန်း ခံစားလိုက်မိသည်။

“ စီနီယာ ထာဝရဇာမဏီဘုရင်မ…ကျွန်တော် ဘာများကူညီပေးလို့ရနိုင်မလဲဟင်။ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်” ရှန်ထျန်းက ပြောလိုက်သည်။

“ ငါက အဲလောက်ထိ အသက်ကြီးနေပြီလား။ ငါ့ကို အစ်မကြီးလို့ပဲ ခေါ်စမ်း”

ထာဝရဇာမဏီဘုရင်မက  “ စီနီယာ”ဆိုသော အခေါ်အဝေါ်ကို အရမ်းဂရုစိုက်သည့်ပုံစံဖြင့် ပြောလိုက်သည်။

ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်း မသိတော့ပေ။

သူမလို အရွယ် အမျိုးသမီးတွေက ဘာလို့ အစ်မလို့ အခေါ်ခံရတာကို ကြိုက်ကြတာလဲ

“ အစ်မကြီး ဇာမဏီဘုရင်မ… အစ်မကြီးရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရှိန်အဝါက အနည်းငယ် ရှုပ်ထွေးနေတာကို ကျွန်တော် သတိထားမိတယ်။ ကျွန်တော်ဆီမှာ နိဗာနတော်ဝင်ရေစင်အချို့နဲ့ သုံးရောင်ခြယ် အံ့ဖွယ်ရေစင်လည်း ရှိတယ်ဆိုတော့ အစ်မကြီးအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်”

ရှန်ထျန်းက ထာဝရဇာမဏီဘုရင်မ၏ ခန္ဓာကိုယ်ထဲရှိ ပြင်းထန်သော အရှိန်အဝါကို အာရုံခံလို့ ရသည်။ အရှိန်အဝါက ကောင်းကင်ဘုံကိုပါ ပြောင်းပြန်လှန်ချင်နေပုံပေါ်သည်။

တစ်ချိန်တည်းမှာပဲ ရှန်ထျန်း မစဉ်းစားတတ် ဖြစ်သွားသည်။

ထာဝရဇာမဏီ ဘုရင်မလိုမျိုး ဖြစ်တည်မှုကို ဘယ်လိုအရာက ပြင်းထန်စွာ ထိခိုက်အောင် လုပ်နိုင်ရတာလဲ

သူ နားမလည်နိုင်ပေ။

လက်ရှိအခြေအနေအရ ရှန်ထျန်းအနေဖြင့် ဤအမျိုးသမီးကို တည်ငြိမ်အောင် လုပ်ဖို့အတွက် နည်းလမ်းရှာရဦးမည်။

ဒဏ်ရာရထားလို့ စိတ်တိုနေတဲ့ ဒီအမျိုးသမီးက ငါ့ကို သတ်ပစ်ရင် ဘယ်လိုလုပ်မလဲ

သူ့ဆီမှာ နိဗာနတော်ဝင်ရေစင်နှင့် သုံးရောင်ခြယ်ရေစင်တွေ အများကြီး သူ့ဆီမှာ ရှိနေသည်။ ထိုထဲမှ အချို့ကို ပေးမည်ဆိုလျှင်ပင် ဘယ်လိုနည်းနှင့်မျှ မခံစားရပေ။

“ ကောင်လေး မင်းဆီမှာ နိဗာနတော်ဝင်ရေစင်နဲ့ သုံးရောင်ခြယ်ရေစင် ရှိထားတာ ကံကောင်းတာပဲ။ ဒါပေမဲ့ အဲဒီအရာတွေက ငါ့အတွက် အသုံးမဝင်ဘူး။

ငါ…မင်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ နေမီးလျှံအစစ်ကို လိုချင်တယ်”

ထာဝရဇာမဏီဘုရင်မက အေးစက်စွာ ပြောလိုက်ပြီးနောက် ရှန်ထျန်းကို ကြည့်သည့် အကြည့်တွင် သတ်ဖြတ်ချင်စိတ်တို့ ပါဝင်နေသည်။

သူမက ခန္ဓာကိုယ်ထဲရှိ မူမမှန် မီးတောက်ပုန်ကန်မှုကြောင့် စိုးရိမ်နေသော်လည်း ရှန်ထျန်းက သူကိုယ်တိုင် သူမဆီသို့ ရောက်လာခဲ့သည်။

သူမသာ သူ့ခန္ဓာကိုယ်ဆီမှ နေမီးလျှံအစစ်ကို ရရှိပါက ထာဝရဇာမဏီဘုရင်မက သူမ၏ ခန္ဓာကိုယ်ထဲရှိ ထူးခြားမီးတောက်များကို ဖိနှိပ်နိုင်လိမ့်မည်။

ရှန်ထျန်း ချွေးစေးများပင် ထွက်လာမိသည်။ နေမီးလျှံအစစ်က သူ့ခန္ဓာကိုယ်ထဲသို့ ပျော်ဝင်နေသော မီးစေ့ဖြစ်ပြီး အလွယ်တကူ ထုတ်ယူလို့ မရနိုင်ပေ။

ထာဝရဇာမဏီဘုရင်မသာ နေမီးလျှံအစစ်ကို လိုချင်ပါက ဖိအားသုံးပြီး လုယူလို့ ရနိုင်သည်။

အဲဒါဆိုရင် ငါ ဂြိုလ်ဆိုးဝင်ပြီ မလား … မဟုတ်သေးဘူး ငါ ထွက်သွားဖို့ နည်းလမ်း သေချာပေါက် စဉ်းစားရမယ်

တခြားနည်းလမ်းမရှိဘူးဆိုရင် ကြေးလက်စွပ်ကို ထပ်ပြီးတော့ အသုံးပြုရမယ်

ကြေးလက်စွပ်ထဲရှိ ဧကရီက သူ့ကို ထပ်ပြီး ကူညီမလားဆိုတာကို သိချင်နေမိသည်။

သေစမ်း…ငါက တကယ်ကို ကံဆိုးတာပဲ

ရှန်ထျန်းက သူ၏ စိတ်ညှိုးငယ်မှုကို ဖော်ပြနေသည်။

ထိုအခိုက်အတန့်တွင် ရှန်ထျန်း၏ မျက်နှာကို သွယ်လျသော လက်လေးဖြင့် ပွတ်ကာ ပြောလိုက်သည်

“ ပြီးတော့ မင်းက အောင်းပင်းရဲ့ လူလည်း ဖြစ်တယ်ဆိုတော့ သေချာပေါက် လွယ်လွယ်နဲ့ လွှတ်မပေးနိုင်ဘူးလေ”

ထာဝရဇာမဏီ ဘုရင်မက ခပ်ဖွဖွရယ်လိုက်သည်။

ထာဝရဇာမဏီဘုရင်မက နဂါးနက်ကျွန်း၏ နဂါးအမျိုးသမီး ဖြစ်သည့် အောင်းပင်း၏ မဟာရန်သူတော် ဖြစ်သည်။

သူတို့နှစ်ယောက်လုံးက ရှုံးတာကို ဝန်မခံချင်သည့်အတွက် အလွန်အမင်း ပြိုင်ဆိုင်နေကြသည်။ ထို့ကြောင့်လည်း ထာဝရဇာမဏီဘုရင်က အောင်းပင်းနှင့် နဂါးနတ်ဘုရား စာချုပ်ကို ချုပ်ဆိုထားသည့် ရှန်ထျန်းကို လုယူချင်နေခြင်း ဖြစ်သည်။

ရှန်ထျန်း၏ အံ့ဩမှင်သက်စရာကောင်းသော ပုံသဏ္ဌာန်ကလည်း အရေးကြီးသည့် အကြောင်းပြချက်ထဲတွင် အပါအဝင် ဖြစ်သည်။

ဤမျက်နှာကို မြင်ပြီးနောက် ထာဝရဇာမဏီဘုရင်မက သူ့ကို သတ်ပြီး ခန္ဓာကိုယ်ထဲမှ နေမီးလျှံအစစ်ကို ထုတ်ယူဖို့ မလုပ်နိုင် ဖြစ်နေမိသည်။

ဒီလိုမျိုး ပြိုင်ဘက်ကင်း ချောမောတဲ့သူကို သူမရဲ့ ဘေးမှာ ထားသင့်တာ

“ ကောင်လေး…ဒီဘုရင်မက မင်းနဲ့ ဇာမဏီနတ်ဘုရားစာချုပ် ချုပ်ပြီးတော့ မင်းကို ထာဝရဇာမဏီမျိုးနွယ်ရဲ့ လူသားတစ်ယောက် ဖြစ်လာခွင့်ပေးမယ်။ မင်း သဘောတူလားဆိုတာ ငါသိချင်တယ်”

ထာဝရဇာမဏီဘုရင်မက ငြင်းခွင့်မပေးသော လေသံဖြင့် ပြောနေသည်။

ထိပ်သီးစွမ်းအားကြီးသူတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းရဲရင် ဘယ်လိုသေသွားတယ်ဆိုတာတောင် သိလိုက်ရမှာမဟုတ်ဘူး

ထိုအရာကို ရှန်ထျန်း ကောင်းကောင်း သိားသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူလည်း ရွေးချယ်စရာမရှိပဲ ခေါင်းကိုသာ ငုံ့ထားသည်။

ထို့အပြင် ထာဝရဇာမဏီဘုရင်မနှင့် စာချုပ် ချုပ်ဆိုပြီး ထာဝရဇာမဏီမျိုးနွယ်၏ လူသားတွဲဖက် ဖြစ်လာရသည်ကလည်း ရှက်စရာကောင်းသည့်အရာ မဟုတ်ပေ။

အနာဂတ်မှာ သူ့ကို ကာကွယ်မဲ့ နောက်ထပ် စွမ်းအားကြီးသူ တစ်ယောက်ကို ရလိုက်သလိုပဲ

အဲလိုမျိုး စဉ်းစားလိုက်ရုံလေးနဲ့တင် သူ ခံစားလို့ ကောင်းတယ်

ရှန်ထန်းက ပြောလိုက်သည်

“ ဒီဂျူနီယာကလည်း အဲလိုလုပ်ဖို့ ဆန္ဒရှိပါတယ်”

သူ မငြင်းဆိုနိုင်တာကို သိသည့်အတွက် တိတ်တဆိတ်သာ လက်ခံလိုက်သည်။

“ ကောင်းပြီလေ…ဒါဆိုရင် စာချုပ် ချုပ်လိုက်ရအောင်”

ထာဝရဇာမဏီဘုရင်မက အရမ်း ဆုံးဖြတ်ချက် ပြတ်သားသည်။ သူမက လေဟာနယ်ထဲတွင် စာချုပ် ကာကွယ်ရေးအစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်သည်။

ထာဝရဇာမဏီဘုရင်မက တည်ငြိမ်စွာ ပြောလိုက်သည်

“ မင်းရဲ့ သွေးကို ဒီထဲ ထည့်လိုက်ရင် ငါနဲ့ စာချုပ် ချုပ်လို့ရသွားပြီ”

ရှန်ထျန်း ခေါင်းညိတ်ပြလိုက်သည်။ သူက ဤလုပ်ဆောင်မှုနှင့် ပတ်သက်ပြီး အရမ်းရင်းနှီးနေပြီ ဖြစ်သော်လည်း ထာဝရဇာမဏီဘုရင်မလို အဆင့်မျိုးနှင့် တစ်ခါမှ စာချုပ် မချုပ်ဖူးပေ။

သူနှင့် အောင်းပင်းတို့ စာချုပ် ချုပ်တုန်းကပင် သူမက ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သူမ၏ ခွန်အားက ကျဆင်းသွားသည်။

သို့သော် အကြောင်းပြချက်တချို့ကြောင့် ရှန်ထျန်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

မကြာခင်မှာပင် ဇာမဏီနတ်ဘုရားစာချုပ်က ပြီးပြည့်စုံသွားပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ တောက်ပသောစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်ဟု ရှန်ထျန်း ခံစားနေမိသည်။ ထိုအရာ ထာဝရဇာမဏီမျိုးနွယ်၏ ဇာမဏီနတ်ဘုရား ဖြစ်သည်။

ယခင်ကလည်း အောင်းပင်းနှင့် နဂါးနတ်ဘုရားစာချုပ်ကို ချုပ်ဆိုလိုက်သည့်အတွက် ရှန်ထျန်းက နဂါးနတ်ဘုရား၏ စွမ်းအားကို ရရှိလိုက်သည်။

ယခုလည်း အတူတူပင် ဖြစ်သည်။ ယခု ထာဝရဇာမဏီဘုရင်မနှင့် စာချုပ် ချုပ်ဆိုလိုက်သည့်အတွက် ဇာမဏီ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ရရှိသွားပြီး ထာဝရဇာမဏီမျိုးနွယ်၏ အထွတ်အထိပ်အဆင့် အမွေအနှစ်ဖြစ်သည့် အံ့ဖွယ်ဇာမဏီ တော်ဝင်ကျမ်းကို ကျင့်ကြံလို့ပင် ရနိုင်သည်။

ထို့ကြောင့် ရှန်ထျန်း အရမ်းဝမ်းသာနေသည်။

သူက ဤခရီးတွင် အန္တရာယ်မှ လွတ်မြောက်သွားရုံသာမက ဇာမဏီနတ်ဘုရား၏ စွမ်းအားကိုပါ ရရှိလိုက်သည်။

ဇာမဏီနတ်ဘုရားစာချုပ်ကို ချုပ်ဆိုပြီးသွားရင်တော့ ထာဝရဇာမဏီ ဘုရင်မက သူ့ကို မတိုက်ခိုက်လောက်တော့ဘူး မဟုတ်လား

ရှန်ထျန်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

“ ကောင်းတယ်…ဒါဆိုရင် အရာအားလုံးကလည်း ဖြေရှင်းဖို့ ပိုပြီးတော့ လွယ်ကူသွားပြီ။ ကောင်စုတ်လေး ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ထူးခြားမီးတောက်ကို ဖိနှိပ်ဖို့အတွက် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ နေမီးလျှံအစစ်ကို အသုံးပြုလို့ရမလား”

ထိုအခိုက်အတန့်တွင် ထာဝရဇာမဏီဘုရင်မ၏ အသံက တစ်ဖန်ထွက်ပေါ်လာပြန်သည်။

“…”

ရှန်ထျန်း၏ နှလုံးသား တုန်လှုပ်သွားသည်။

ဘာတွေဖြစ်သွားတာလဲ

ကျွန်တော်တို့ စာချုပ် ချုပ်ဆို ပြီးသွားပြီ မဟုတ်လား

ဘာလို့ ကျွန်တော်ကို ထပ်ပြီးတော့ တိုက်ခိုက်နေရတာလဲ

ရှန်ထျန်း၏ သံသယများကို မြင်နေရသည့်အတွက် ထာဝရဇာမဏီဘုရင်မက ပြောလိုက်သည်

“ စိတ်မပူပါနဲ့ ငါက မင်းရဲ့ ဘဝကို တောင်းနေတာ မဟုတ်ပါဘူး။ ငါ စောနက အတိဒုက္ခလွန် စမ်းသပ်ချက်ကို ဖြတ်ကျော်နေတာဆိုပေမဲ့ ရုတ်တရက် ဓားအရှိန်အဝါတစ်ခုက ငါ့ကို ထိခိုက်အောင် လုပ်ပြီးတော့ ငါ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ထူးခြားမီးတောက်ကို ထိန်းချုပ်မှု ကင်းမဲ့အောင် လုပ်လိုက်တာ။

ငါ နေမီးလျှံအစစ်ကို အသုံးပြုပြီးတော့ ကျင့်ကြံချင်တယ်”

ရှန်ထျန်း၏ စိတ်ထဲ လေးလံသွားရသည်။

ထာဝရဇာမဏီဘုရင်မကို ထိခိုက်အောင် လုပ်ခဲ့တဲ့ ဓားအရှိန်အဝါက ကြေးလက်စွပ်ထဲမှာရှိတဲ့ ပြိုင်ဘက်ကင်း ကြီးမြတ်တဲ့ ဧကရီ လွှတ်ထုတ်လိုက်တဲ့ ဓားအရှိန်အဝါနဲ့ အတူတူပဲ ဆိုတာ ဖြစ်နိုင်လောက်လား

ရှန်ထျန်း၏ စိတ်ထဲတွင် ပိုပြီးတော့ သေချာလာသည်။ ပြိုင်ဘက်ကင်း ကြီးမြတ်သော ဧကရီသာလျှင် ထာဝရဇာမဏီဘုရင်မကဲ့သို့သော ထိပ်သီးပါရမီရှင်ကို ထိခိုက်အောင် လုပ်နိုင်မည် ဖြစ်သည်။

ဒီကိစ္စကို ထာဝရဇာမဏီဘုရင်မ သိသွားလို့ မဖြစ်ဘူး။ သိသွားလို့ကတော့ ငါ့ကို တစ်စစီ ဖြစ်သွားအောင် လုပ်ပစ်မှာ သေချာတယ်

ရှန်ထျန်းက အားနာမှု အနည်းငယ်ရောယှက်ကာ ပြောလိုက်သည်

“ ဟုတ်ကဲ့ ပြဿနာမရှိပါဘူး။ အစ်မကြီးက ဒီဂျူနီယာလေးကို ဘာလုပ်စေချင်လဲဟင်။ သေချာပေါက် ပူးပေါင်းဆောင်ရွက်ပေးရမှာပေါ့”

ထာဝရဇာမဏီဘုရင်မ၏ လှပသော မျက်နှာလေး နီရဲသွားသည်။

သူမ အလျင်အမြန် ထိန်းချုပ်လိုက်သော်လည်း ရှန်ထျန်းက မြင်ဖြစ်အောင် မြင်သွားသေးသည်။

ထိုအခိုက်အတန့်တွင် ထာဝရဇာမဏီဘုရင်မနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု လွဲချော်နေသည်ကို ရှန်ထျန်း ရုတ်တရက် သတိထားမိသွားသည်။

ရှန်ထျန်း ခေါင်းမော့ကြည့်လိုက်သည့်အခါ ထာဝရဇာမဏီဘုရင်မ၏ မျက်လုံးထဲတွင် မီးတောက်နှစ်ခု ယိမ်းနွဲ့နေသည်ကို မြင်လိုက်သည်။

သူမ ချီဖောက်ပြန်ခြင်းကို ခံစားနေရတာ သေချာတယ်

ရှန်ထျန်းလည်း စိတ်မသက်မသာ ဖြစ်သွားသည်။

ထာဝရဇာမဏီဘုရင်မက နီရဲနေသော မျက်နှာဖြင့် ပြောလိုက်သည်

“ ငါ ချီဖောက်ပြန်ခြင်း ခံစားနေရတုန်း မင်းဒီကို ရောက်လာတာ ကံစပ်လို့ ထင်တယ်”

ယခု သူမက ရှန်ထျန်းနှင့် စာချုပ် ချုပ်ပြီးသွားပြီဖြစ်သည့်အတွက် သူ့ခန္ဓာကိုယ်ထဲမှာ ထူးခြားမီးတောက်ကို ယူချင်ရုံဖြင့်တင် သူ့ကို သတ်လို့ မရနိုင်တော့ပေ။

သို့သော် သူမ၏ ခန္ဓာကိုယ်ထဲရှိ ထူးခြားမီးတောက်များကို ဖိနှိပ်ဖို့အတွက် နောက်ထပ် နည်းလမ်းရှိသည်ကို ထာဝရဇာမဏီဘုရင်မက သိနေသည်။

အဘယ်ကြောင့်ဆိုသော် အံ့ဖွယ်ဇာမဏီတော်ဝင်ကျမ်းကို လျှို့ဝှက် တူနှစ်ကိုယ်ကျင့်စဉ်တွင် မှတ်တမ်းတင်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဇာမဏီနတ်ဘုရား စာချုပ် ချုပ်ဆိုထားသူနှင့် တူနှစ်ကိုယ် ကျင့်ကြံမည်ဆိုပါက နှစ်ဖက်လုံးအတွက် အကျိုးအမြတ် များစေသည်။ ထိုအရာက နေမီးလျှံအစစ်ကို တိုက်ရိုက်အသုံးပြုတာထက်ပင် ပိုပြီးတော့ အသုံးဝင်သည်။

ထို့ကြောင့် ထာဝရဇာမဏီဘုရင်မက ဤနည်းလမ်းကို အသုံးပြုကာ သူမ၏ ခန္ဓာကိုယ်ထဲရှိ ထူးခြားမီးတောက်များကို ဖိနှိပ်ဖို့အတွက် စီစဉ်ထားခြင်း ဖြစ်သည်။

“ ထားလိုက်ပါတော့ မင်းရဲ့ ကျင့်ကြံဆင့်က နိမ့်သေးပေမဲ့လည်း မင်းရဲ့ ချောမောတဲ့ ရုပ်ရည်ကတော့ ငါနဲ့ ထိုက်တန်ပါတယ်။ ဒီနေ့ နှာဘူးလေး ကံကောင်းသွားတာပဲ”

ထာဝရဇာမဏီဘုရင်မ စကားပြောရင်း သူမ၏ မျက်လုံးထဲရှိ မီးတောက်က ပိုမို ပြင်းထန်လာသည်။ ထာဝရဇာမဏီဘုရင်မက သူမ၏ ဝိညာဉ် ထိန်းမရသိမ်းမရ ဖြစ်နေသည့်အတွက် ဤဆုံးဖြတ်ချက်ကို ချလိုက်ပုံပေါ်သည်။

သို့သော် ထာဝရဇာမဏီဘုရင်မ ကိုယ်တိုင်ပင် ဤအကြောင်းကို မသိပေ။

သူမ၏ နှလုံးသားထဲတွင် ဒဏ်ရာများ ပြန်ကောင်းချင်သည်ဆိုသော စိတ်သာ ရှိသည်။

ဒီကောင်လေးက ရုပ်ချောလို့ လုပ်တာ လုံးဝ မဟုတ်ဘူးနော်။ လုံးဝ မဟုတ်ဘူး

ရှန်ထျန်း အေးစက်သွားသည်။

“…”

ရှန်ထျန်း အံ့ဩမှင်သက်သွားသည်။

ထာဝရဇာမဏီဘုရင်မက ဘာကိုဆိုလိုတာလဲ

ဘာလို့ ဒီနှာဘူးလေးက ကံကောင်းသွားတယ်ဆိုပြီးတော့ ပြောနေရတာလဲ

ငါ ဘာလုပ်ခဲ့လို့လဲ

ထာဝရဇာမဏီဘုရင်မက အံ့ဖွယ်ဇာမဏီ တော်ဝင်ကျမ်း၏ တူနှစ်ကိုယ်ကျင့်စဉ်ကို သူ့ဆီ လွှဲပြောင်းပေးလိုက်မှ ဘာတွေဖြစ်နေလဲဆိုတာကို ရှန်ထျန်း နားလည်သွားသည်။

ရှန်ထျန်း တုန်လှုပ်သွားသည်။

သေစမ်း…ဒီအမျိုးသမီးက ငါ့ရဲ့ ခန္ဓာကိုယ်ကို တပ်မက်နေတာပဲ

ရှန်ထျန်းက နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ဒါကို ဘယ်လိုလုပ်ပြီးတော့ ခွင့်လွှတ်ရပါ့မလဲ

ငါက အမြဲတမ်း သန့်သန့်ရှင်းရှင်း၊ ရိုးရိုးသားသားပဲ နေခဲ့တာ။ ဒီနေ့အထိ ငါက သန့်စင်တဲ့ ယန်ခန္ဓာကိုယ်ပဲ

ခင်ဗျားက ကျွန်တော်ရဲ့ ခန္ဓာကိုယ်ကို စွန်းထင်းအောင် လုပ်ချင်နေတာလား

မဖြစ်နိုင်ဘူး

အရှုံးပေးရတာထက်စာရင် ငါ သေပဲသေလိုက်မယ်

“ အစ်မကြီး ဇာမဏီဘုရင်မ ဒါက ကျွန်တော်ရဲ့ ပထမဆုံးအကြိမ်ပါ”

ထာဝရဇာမဏီဘုရင်မ လွှတ်ထုတ်သည့် ကြောက်စရာကောင်းသည့်အရှိန်အဝါကို အာရုံခံစားမိပြီး ရှန်ထျန်း ပြန်လည် ပုန်ကန်ဖို့အတွက် အင်အားမရှိတော့ပေ။

“ ယောက်ျားတစ်ယောက်က လက်လျှော့ အရှုံးပေးနိုင်ရမယ်”ဆိုသလိုမျိုး ဖြစ်နေပြီ

သူ သေရမှာကြောက်လို့ လုံးဝ မဟုတ်ဘူးနော်

လုံးဝ မဟုတ်ဘူး

“ အဲဒါက မင်းရဲ့ ပထမဆုံးအကြိမ် ဖြစ်တော့ရော ဘာဖြစ်လဲ။ မင်းကို ဆုတွေဘာတွေ ပေးရဦးမှာလား။ ပြီးတော့ ဒါက ငါ့ရဲ့ ပထမဆုံးဆိုလည်း ဟုတ်တယ်။ မင်းတစ်ယောက်တည်း ရှုံးတာ မဟုတ်ပါဘူး”

ထာဝရဇာမဏီဘုရင်မက ဤအကြောင်းကို ပြောပြီး မျက်နှာ အနည်းငယ် နီရဲသွားသည်။ သူမက လက်ယမ်းပြကာ ရှန်ထျန်းကို ဘေးတွန်းပို့လိုက်သည်။ ထို့နောက် တောက်ပသော အံ့ဖွယ်မီးတောက်များက ကောင်းကင်သို့ ပျံသန်းသွားကာ မီးတောက် တာအိုကွင်းပြင်တစ်ခုကို ဖန်တီးလိုက်သည်။

ခဏတာအတွက် အဆုံးမဲ့ နွေဦးနေရောင်ခြည်က တောက်ပသော မီးတောက်၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး လေဟာနယ်ထဲတွင် ဖျော့တော့သော အသံလေးသာ ပဲ့တင်ထွက်လာသည်။

All Chapters