← Chapters

လူအုပ်ကြီး နန်းတော်ကို ကျူးကျော်ဝင်ရောက်လာတယ်

Vol. 9 Ch. 133

လူအုပ်ကြီး နန်းတော်ကို ကျူးကျော်ဝင်ရောက်လာတယ်

Vol. 9 Ch. 133

"ရှောင်ယောင်း၊ ငါတို့ ဘာလုပ်ကြမလဲ။"

အားမော့သည် နဉ်ရှောင်ယောင်း ဘာမှမလုပ်ဘဲ ထိုင်နေသည်ကို မြင်သောအခါ စိုးရိမ်လာသည်။

နဉ်ရှောင်ယောင်းက သူမ၏ပါးစပ်ထဲမှ သကြားလုံးကို မျိုချပြီး ဆိုသည်။

"အဆိပ်တွေက အဲ့ဒီလောက် ကြောက်စရာမကောင်းပါဘူး။ ငါ ဒုက္ခသည်တွေကို ကုပေးလိုက်ရင် အဆင်ပြေမှာပါ။"

အားမော့က ဆိုသည်။

"ဒါပေမဲ့ အမတ်ချုပ်ကြီးက အဲ့ဒီအဆိပ်က ဘယ်သူ့ကိုမှ မသတ်ဘူးလို့ ပြောတယ်။"

"အဲ့ဒီအဘိုးကြီးရဲ့စကားကို ယုံကြည်ရတယ်လို့ ထင်လို့လား။ ဒါဆို အားမော့၊ မင်း မနက်ဖြန် ဆင်တစ်ကောင်ကို လက်သီးတစ်ချက်နဲ့ ထိုးလဲနိုင်မယ်လို့ ငါပြောရဲတယ်။”

နဉ်ရှောင်ယောင်းက သူမ၏နှုတ်ခမ်းကို မထီမဲ့မြင်ပြုစွာ ကွေးလိုက်သည်။

အားမော့က သူ၏ကိုယ်ပိုင်လက်နှင့်ခြေထောက်များကို ကြည့်ပြီး အမတ်ချုပ်ကြီးရှဲ့၏စကားသည် ယုံကြည်စိတ်ချရမည်မဟုတ်ကြောင်း တွေးလိုက်သည်။ နဉ်ရှောင်ယောင်းသည် မြေပြင်မှ ထလာပြီး သူမ၏ဖင်မှ ဖုန်မှုန့်များကို ပုတ်ထုတ်လိုက်ပြီးနောက် အားမော့ကို သူမ၏ကော်လံပေါ်တွင် တင်လိုက်သည်။

"ငါတို့ နန်းတော်တံခါးတွေဆီကို သွားပြီး အခြေအနေကို စစ်ဆေးကြည့်မယ်။"

သူမစကားဆုံးသည်နှင့် ရှေ့တံခါးများ၏ လားရာမှ အော်ဟစ်တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။ တံခါးများကို လေးလံသော အရာတစ်ခုဖြင့် ထုနှက်နေသည့် တိုးညင်းသောအသံများပင် ရှိနေသည်။

အားမော့က ဆိုသည်။

"ငါတို့ သွားပြီ။ အဲ့ဒီဒုက္ခသည်တွေက ဝင်တိုက်နေကြပြီ။"

နဉ်ရှောင်ယောင်းက သူမ၏ပါးစပ်ထဲသို့ သကြားလုံးများ ထပ်မံထည့်လိုက်သည်။ သူမသည် အေးချမ်းတိတ်ဆိတ်မှု အနည်းငယ် လိုအပ်သည်။ ဘိုးဘေးခန်းမထဲရှိ လူများသည် နောက်ဆုံးတွင် အပြင်ဘက်မှ ဆူညံသံကို ကြားသောအခါ သူတို့အားလုံး ငြင်းခုံခြင်းကို ရပ်တန့်လိုက်ကြသည်။ ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်မှုသည် သူတို့အားလုံးကို ဘိုးဘေးခန်းမထဲတွင် ငြင်းခုံနေခဲ့သည်ကို သတိပြုမိသောအခါ လေထဲတွင် အေးစက်မှုကို ခံစားစေသည်။ သူတို့သည် ယဇ်ပလ္လင်ပေါ်ရှိ ကမ္ဗည်းပြားများကို ကြည့်ပြီးနောက် မြေပြင်ပေါ်ရှိ အပေါက်ကြီးကို ကြည့်လိုက်ကြသည်။ သူတို့ထဲမှ အများအပြားသည် ဘုရားကျောင်းမှ အသံတိတ် ဆုတ်ခွာလာကြသည်။ အကြီးအကဲလီသည် လိုကျစ်ကွေ့ကို ရှာဖွေရန် သွားပြီး ဘာတွေဖြစ်နေသလဲဟု မေးမြန်းရန် ကြိုးစားသော်လည်း ရုတ်တရက် စစ်သေနာပတိချုပ်လိုသည် အတွင်းတွင် မရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။

"ကိုယ်တို့ နန်းတော်တံခါးတွေဆီကို ဦးတည်သွားမယ်။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို သူတို့ လှေကားထစ်များ၏ထိပ်တွင် ရပ်နေစဉ် ပြောလိုက်သည်။

"ယင်းဖုန်းနဲ့ ကျန်တဲ့လူတွေကို မင်းကို စောင့်ရှောက်ခိုင်းပြီး ဘိုးဘေးခန်းမကနေ ထွက်သွား၊ ပြီးတော့ မြို့ရဲ့မြောက်ဘက်ကို ဦးတည်သွား။ ဖန်းထန် အဲ့ဒီမှာ ရှိနေလိမ့မယ်။ ရှောင်ယောင်း၊ မြို့အပြင်မှာ ကိုယ်ါကို စောင့်နေ ဟုတ်ပြီလား။”

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ အကယ်၍ သူမအခုထွက်သွားရင် အဲ့ဒီအဆိပ်သင့်သူတွေကို ဘယ်သူကုပေးနိုင်မှာလဲ။ အပြစ်မရှိတဲ့လူတွေထပ်သေလို့မဖြစ်ဘူး။ ဒုက္ခသည်ဖြစ်ဖြစ်၊ မြို့သူမြို့သားဖြစ်ဖြစ်...

"စကားနားထောင် အခုလောလောဆယ် ကိုယ်တို့ ဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်သေးဘူး။"

လိုကျစ်ကွေ့က သူမကို ထွက်သွားရန် ဖြောင်းဖျရန် ကြိုးစားသည်။

"ကျွန်တော်ကတော့ ဘာတွေဖြစ်နေလဲဆိုတာ သိတယ်။"

နဉ်ရှောင်ယောင်းက လက်မြှောက်လိုက်ပြီးနောက် ဤသည်မှာ စာသင်ခန်းမဟုတ်ကြောင်း သိလိုက်ရသည်။ သူမ၏လက်မောင်း ကျသွားပြီး သူမသည် လိုကျစ်ကွေ့အား အားမော့ထံမှ ရရှိခဲ့သော သတင်းကို ထိုနေရာတွင်ပင် ပြောပြလိုက်သည်။

ထို့နောက်တွင် လိုကျစ်ကွေ့သည် ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ကျိန်ဆဲလိုက်သည်။

"အရှက်မရှိတဲ့ကောင်။"

"အဲ့ဒီအဘိုးကြီးက အရှက်မရှိဘူးဆိုတာ ကျွန်မတို့သိပေမဲ့ သူ့ကို သတ်လို့မရသေးဘူးလေ။ စစ်သေနာပတိချုပ်၊ ကျွန်မ ရှင့်ကို အလေးအနက်မေးခွန်းတစ်ခု မေးမယ်။ ကျွန်မတို့ တကယ်ပဲ အမတ်ချုပ်ကြီးကို သတ်လို့မရဘူးလား။"

လိုကျစ်ကွေ့က အဖြေမပေးဘဲ ပြန်မေးလိုက်သည်။

"မင်း အဲ့ဒီဒုက္ခသည်တွေရဲ့ အဆိပ်ကို ကုပေးနိုင်လား။"

"ရတာပေါ့။"

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကောင်းပြီ။"

လိုကျစ်ကွေ့က သူမကို လက်ဖြင့် ဆွဲထူလိုက်သည်။

"အဲ့ဒီအဘိုးအိုကို ရှာပြီး အဲ့ဒီဒုက္ခသည်တွေကို ကုပေးလိုက်။ ကျန်တာကို ကိုယ်စီစဉ်

လိုက်မယ်။”

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ ဦးဆောင်မှုဖြင့် လှေကားထစ်များမှ ဆင်းလာစဉ်တွင် သူမနောက်ပြန်လှည့်ကြည့်လိုက်ရာ အမတ်ချုပ်ကြီးရှဲ့ ခန်းမမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူမသည် သူမ၏လက်သီးကို မြှောက်ပြီး သူ၏လားရာသို့ ဝှေ့ယမ်းလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့က သူ၏ဘေးနှစ်ဖက်ရှိ လူများကို ကြည့်ပြီး ဆိုသည်။

"မင်းတို့အားလုံး အရှင်မင်းကြီးကို ကာကွယ်ဖို့ ဘာလို့ အမြန်မလုပ်ကြသေးတာလဲ။"

"မလိုဘူး။"

နဉ်ရှောင်ယောင်းက အမတ်ချုပ်ကြီး၏လူများကို ညွှန်ပြလိုက်သည်။

"ငါ့ကို မင်းတို့အုပ်စု စောင့်ရှောက်ဖို့ မလိုဘူး။ အမတ်ချုပ်ကြီးကိုပဲ ဂရုစိုက်လိုက်ပါ။ သူ တစ်နေ့ ကောင်းကင်ဘုံရဲ့ အမျက်

သင့်တာခံရတဲ့အခါ မင်းတို့က သူ့အစား မိုးကြိုးပြစ်ဒဏ်ကို ခံယူပေးနိုင်တယ်။"

"......"

အမတ်ချုပ်ကြီးရှဲ့၏လူများ ဘာမှမပြောနိုင်တော့ပေ။ အရှင်မင်းကြီး စိတ်မနှံ့ဘူးဆိုသည့်သတင်းက သေချာသလောက်ရှိနေပြီဖြစ်သည်။ သူပြောတဲ့စကားတိုင်းက ဘာလို့ ဒီလောက်တောင် စည်းလွတ်ဝါးလွတ်နေရတာလဲ။

အမတ်ချုပ်ကြီးရှဲ့က ပြန်မဖြေပေ။

သေတော့မယ့်မိန်းကလေးတစ်ယောက်နှင့် စကားပြောရန် ဘာကြောင့်များ အပင်ပန်းခံနေတော့မှာလဲ။

"အရှင်မင်းကြီး။"

အနက်ရောင်နှင်းခဲမြင်းတပ်မှ

စစ်သူကြီးတစ်ဦးက လိုကျစ်ကွေ့နှင့် နဉ်ရှောင်ယောင်း လှေကားထစ်များ၏ တစ်ဝက်သို့ ရောက်ရှိသောအခါ ပြေးလာသည်။

"အရှင်မင်းကြီး၊ စစ်သေနာပတိချုပ်၊ ဒုက္ခသည်တွေက နန်းတော်တံခါးတွေကို ဖောက်ဝင်လာပါပြီ။"

နဉ်ရှောင်ယောင်းက မယုံနိုင်စွာ မျက်လုံးများ ကျယ်သွားသည်။

"တံခါးစောင့်တွေ ဘယ်မှာလဲ။"

"သူတို့က တံခါးတွေကို လုံးဝမစောင့်ကြပ်ခဲ့ဘူး။"

စစ်သေနာပတိချုပ်က မုန်းတီးစွာ ပြောလိုက်သည်။

လိုကျစ်ကွေ့သည် ချက်ချင်းပင် သူ၏လက်အောက်ငယ်သားအချို့ကို အမိန့်ပေးလိုက်သည်။

"မင်းတို့အုပ်စု၊ အရှင်မင်းကြီးကို ဘေးတံခါးတစ်ခုကနေ နန်းတော်အပြင်ကို ခေါ်ထုတ်သွား။"

နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့၏လက်စကို ဆွဲလိုက်သည်။

"အချိန်မရှိတော့ဘူး၊ ကျွန်တော် သူတို့ရဲ့ခြေသံတွေကို ကြားနေရပြီ။"

နန်းတော်ရှိ လမ်းတိုင်းကို သီးခြားအစေခံများက စေ့စေ့စပ်စပ် တံမြက်လှည်းပြီး ဂရုစိုက်သောကြောင့် မည်သူမဆို လျှောက်သွားသောအခါ ဖုန်မှုန့်ထရန် မဖြစ်နိုင်ပေ၊ အုပ်ကြီးဖြစ်လျှင် မဖြစ်နိုင်ပေ။ သို့သော် အော်ဟစ်သံနှင့် လျင်မြန်စွာ ချဉ်းကပ်လာသော ခြေသံများစွာသည် အလားတူ ဖိနှိပ်သောလေထုကို ပေးသည်။

"တော်ဝင်အစောင့်တွေ။"

လိုကျစ်ကွေ့က လှေကားထစ်များမှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

"ဒီစစ်သေနာပတိချုပ်အတွက် ဒုက္ခသည်တွေကို တားဆီးထား။ ရပ်တန့်ဖို့ ငြင်းတဲ့သူတိုင်းကို သနားညှာတာခြင်းမရှိဘဲ သတ်ပစ်မယ်။"

လှေကားထစ်များ၏ ဘေးနှစ်ဖက်တွင် တပ်စွဲထားသော တော်ဝင်အစောင့်တစ်ထောင်သည် ဝင်ရောက်လာသော ဒုက္ခသည်များဆီသို့ ပြေးသွားကြသည်။

"မင်း လိုကျစ်ကွေ့ကို မတားဘူးလား။"

အမတ်ချုပ်ကြီးရှဲ့က အကြီးအကဲလီကို လှေကားထစ်များ၏ထိပ်မှ မေးသည်။ အကြီးအကဲလီ၏မျက်နှာသည် စိမ်းနေသော်လည်း သူက အမတ်ချုပ်ကြီးရှဲ့၏မေးခွန်းကို ပြန်မဖြေပေ။

အမတ်ချုပ်ကြီးရှဲ့က ဆိုသည်။

"မြို့တော်ထဲမှာ ဒုက္ခသည် သောင်းနဲ့ချီပြီး ရှိတယ်။ တော်ဝင်အစောင့်တွေက သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး။"

အကြီးအကဲလီက အမတ်ချုပ်ကြီးရှဲ့ကို ကြည့်ပြီးနောက် ဆိုသည်။

"ဒါဆိုရင် ခင်ဗျားနဲ့ကျွန်တော် အရှင်မင်းကြီးကို ကိုယ့်အသက်နဲ့လဲပြီး စောင့်ရှောက်သင့်တယ်။"

"သဘာဝကျပါတယ်။"

အမတ်ချုပ်ကြီးရှဲ့က ပြန်ဖြေသည်။ သူ၏ သန့်စင်ဟန်ဆောင်သော သဘောထားသည် အကြီးအကဲလီကို သူ၏ဗိုက်နာလာသည်အထိ ပိုမိုဒေါသထွက်စေသည်။ သို့သော် အကယ်၍ လိုကျစ်ကွေ့က သူတို့သည် အမတ်ချုပ်ကြီးထံမှ စစ်တပ်အာဏာကို မလုယူဘဲ သူ့ကို မသတ်နိုင်ကြောင်း သိလျှင် အကြီးအကဲလီက အဘယ်ကြောင့် နားမလည်ဘဲ နေမည်နည်း။ သူလုပ်နိုင်သမျှမှာ ယခု သည်းခံရန်သာဖြစ်သည်။ လူတိုင်းသည် သည်းခံ (忍) ဟူသော စာလုံးကို နှလုံးသား (心) ပေါ်တွင် ဓား (刀) ဟူသော စာလုံးဖြင့် ရေးသားထားသည်ကို သိကြသည်။ ၎င်းသည် လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်သော ဓားတစ်ချောင်းဖြစ်သည်။

တော်ဝင်အစောင့်များသည် ဒုက္ခသည်များ၏ လှိုင်းလုံးနှင့် တိုက်မိကြသည်။ လိုကျစ်ကွေ့က သူတို့ကို ဤလူများကို သတ်ရန် အမိန့်မပေးခဲ့လျှင်ပင် သူတို့သည် သူတို့၏အသက်ကို ချမ်းသာပေးမည်မဟုတ်ပေ။ ပညာတတ်အရာရှိများပင်လျှင် နန်းတော်သို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြီးနောက် သေဆုံးရသည်၊ ဤနိမ့်ကျသော၊ တန်ဖိုးမရှိသော ဒုက္ခသည်များမှာ အဘယ်ဆိုဖွယ်ရာရှိမည်နည်း။ ဒုက္ခသည်များ တန်းစီပြီး သွေးစွန်းသောအလောင်းများအဖြစ် မြေပြင်ပေါ်သို့ လဲကျသွားသောအခါ ကျန်ရှိသော စိတ်ပူနေသောလူအုပ်သည် နောက်ဆုံးတွင် အနည်းငယ် သတိပြန်ဝင်လာသည်။ အကယ်၍ သူတို့ ရှေ့ဆက်တိုးလျှင် နောက်တစ်လှည့် သေဆုံးရမည့်သူမှာ သူတို့ကိုယ်တိုင် မဖြစ်နိုင်ဘူးလား။

လေထဲတွင် သွေးနံ့များ တက်လာပြီး နဉ်ရှောင်ယောင်းကို နာကျင်မှုနှင့် မငြိမ်မသက်မှု နှစ်မျိုးလုံးကို ခံစားစေသည်။ ဤနေရာတွင် ဖုတ်ကောင်များ မရှိသောကြောင့် ဤကမ္ဘာရှိ လူသားများသည် အဘယ်ကြောင့် ငြိမ်းချမ်းသောဘဝဖြင့် မနေထိုင်နိုင်ကြတာလဲ။ သူမ၏ မသက်မသာဖြစ်မှုကို ခံစားမိသကဲ့သို့ လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏လက်ကို ဆုပ်ကိုင်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"မကြည့်ချင်ရင် မျက်လုံးမှိတ်ထားလိုက်လေ။"

"......"

နဉ်ရှောင်ယောင်း ဘာမှမပြောနိုင်တော့ပေ။ ဒီလိုအချိန်မှာ ငါ ဘယ်လိုလုပ်ပြီး မျက်လုံးမှိတ်ထားရမှာလဲ။ ငါက အရှင်မင်းကြီးလေ။

ယခု ဒုက္ခသည်အများစု ကြောက်လန့်တကြား နောက်ဆုတ်နေကြစဉ်တွင် တစ်စုံတစ်ဦးက လူအုပ်ထဲမှ အော်ဟစ်လိုက်သည်။

"ငါတို့ ရှေ့မတိုးရင် ငါတို့အားလုံး သေကြလိမ့်မယ်။ တော်ဝင်အစောင့်တွေက ငါတို့ကို အားလုံးသတ်ဖြတ်လိမ့်မယ်။"

သူ၏အသံနောက်တွင် အခြားအသံများစွာ ဆက်တိုက်ထွက်ပေါ်လာသည်။

"ငါတို့ နန်းတော်ထဲကို ဝင်ရောက်ပြီးပြီဆိုတော့ ငါတို့ သေမှာပဲ။"

အက်ကွဲသောအော်သံတစ်သံ ထွက်ပေါ်လာသည်။

"နောက်ဆုတ်ရင်လည်း သေမှာပဲ။ ရှေ့ဆက်တိုးတိုက်ရင် ငါတို့ဘက်က တရားမျှတမှု ရနိုင်သေးတယ်။"

ဒုက္ခသည်များသည် ဤအသံကိုကြားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ မြင့်မားသောနန်းတော်များနှင့် တော်ဝင်ခန်းမများမှလွဲ၍ ဘာမှမမြင်ကြပေ။ ဤသည်မှာ ယုံနင်၏ နန်းတော်ဖြစ်သည်။ သူတို့သည် ကောင်းကင်ဘုံ၏သားတော်၏ နယ်မြေသို့ ဝင်ရောက်ခဲ့ကြသည်။ ဤနောက်ပိုင်းတွင် ငါတို့ အသက်ရှင်ရန် အခွင့်အရေးရှိဦးမည်လော။

"သွားကြတော့။"

ဒုက္ခသည်တစ်ဦးက ဦးဆောင်ပြီး ရှေ့သို့ပြေးသွားကာ တော်ဝင်အစောင့်များကို သူ၏လက်ထဲမှ တုတ်ဖြင့် တိုက်ခိုက်သည်။

"အခုလေးတင် အော်ဟစ်လိုက်တဲ့လူတွေကို ပစ်သတ်လိုက်။"

လိုကျစ်ကွေ့က လှေကားထစ်များပေါ်မှ အမိန့်ပေးသည်။ တော်ဝင်အစောင့်စစ်သေနာပတိချုပ်တစ်ဦးက သူ၏အမိန့်ကို လက်ခံပြီး သူ၏တပ်ရင်းနှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ အမတ်ချုပ်ကြီးရှဲ့သည် ထိပ်တွင် လုံးဝတည်ငြိမ်စွာ ရပ်နေသည်။ ဒုက္ခသည်များ ပိုမိုများပြားလာပြီး နန်းတော်ထဲသို့ ဝင်ရောက်လာကာ လူအုပ်ထဲသို့ ပေါင်းထည့်သောအခါ မင်း နဉ်ယွီကို ဘယ်လိုကာကွယ်မလဲ၊ လိုကျစ်ကွေ့။ ဒီနန်းတော်ရဲ့ လုံခြုံရေးကို အသာထားလိုက်ဦး။

"ထားလိုက်တော့။"

နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့၏လက်ကို ဖယ်ရှားပြီး စစ်သေနာပတိချုပ်ကို အော်ဟစ်လိုက်သည်။

"လူ့အသက်နဲ့ မကစားကြနဲ့။ သူတို့ကို လာခွင့်ပေးလိုက်။"

"အရှင်မင်းကြီး။"

လိုကျစ်ကွေ့၏အသံအပါအဝင် အသံဆယ်သံသည် ချက်ချင်း ကန့်ကွက်စွာ ပြန်လည်ထွက်ပေါ်လာသည်။

"ကြောက်စရာ ဘာမှမရှိဘူး။ ငါ တိုက်ခိုက်တတ်တယ်။"

"......"

ကျန်လူများအားလုံး ဘာမှမပြောနိုင်ကြပေ။ အခုအချိန်က မင်း တိုက်ခိုက်ရမယ့်အချိန် မဟုတ်ဘူး။

"စစ်သေနာပတိချုပ်၊ ခင်ဗျား ကျွန်တော်နဲ့အတူ လိုက်မှာလား။"

နဉ်ရှောင်ယောင်းက မေးသည်။ မိန်းကလေး၏ ကြီးမားကာ ပုတ်ခတ်ပုတ်ခတ်လုပ်နေသော မျက်လုံးများနှင့် ရင်ဆိုင်ရသောအခါ လိုကျစ်ကွေ့သည် အမြန်လုပ်ပြီး ငါနဲ့အတူ ထွက်သွား ဟု မပြောမီ သူ၏စကားများကို မျိုချလိုက်သည်။ သူသည် သူမ ရန်သူများကို ရဲရင့်စွာ တိုက်ခိုက်ခဲ့ပုံကို ပြန်လည်သတိရသောအခါ စစ်သေနာပတိချုပ်လိုသည် ရုတ်တရက် သူတို့ အတူတူ တိုက်ခိုက်ထွက်သွားနိုင်မည်ဟု ခံစားလိုက်ရသည်။

ထိုအချိန်တွင် နဉ်ရှောင်ယောင်းသည် လုံးဝကွဲပြားခြားနားသော အရာတစ်ခုကို စဉ်းစားနေသည်။ သေစမ်း၊ ငါက ဒုက္ခသည်တွေကို အဆိပ်ခတ်တဲ့အတွက် အပြစ်တင်ခံရမှာလား။ ငါသေရင်တောင် အဲ့ဒါကို မလုပ်ဘူး။ ငါ မင်းရဲ့ တကယ့်မျက်နှာကို ဖော်ထုတ်ပစ်မယ်၊ အမတ်ချုပ်ကြီးရှဲ့။

အမတ်ချုပ်ကြီးရှဲ့သည် လိုကျစ်ကွေ့နှင့် နဉ်ရှောင်ယောင်း လှေကားထစ်များမှ ဆင်းလာသည်ကို မြင်သောအခါ သူ၏ဘေးနှစ်ဖက်ရှိ လူများကို အလျင်အမြန် ကြည့်လိုက်သည်။ လက်နက်ကိုင်ဆောင်ထားသော လူများသည် အရှင်မင်းကြီးနဉ်နှင့် စစ်သေနာပတိချုပ်လိုနောက်သို့ အလျင်အမြန် လိုက်ပါသွားကြသည်။

"ရှောင်ယောင်း။"

ခေါက်ရှာငှက်ကြီးသည် နဉ်ရှောင်ယောင်း၏ခေါင်းပေါ်သို့ ပျံသန်းလာသည်။

"မင်း သတိထားရမယ်။ နောက်အုပ်စုတစ်စုက နန်းတော်ရဲ့ ဘယ်ဘက်တံခါးတွေကို ဖောက်ထွင်းဝင်ရောက်လာပြီ။"

နဉ်ရှောင်ယောင်းက သူမ၏ရင်ဘတ်ကို ပုတ်ပြလိုက်သည်။ သူမသည် အရေအတွက်များခြင်းကို မကြောက်ပေ။ သူမသည် သူတို့အားလုံးကို အတူတူ တိုက်ခိုက်နိုင်သည်။ ထိုအချိန်တွင် အခြားအရာရှိများနှင့် အမတ်များသည် အရှင်မင်းကြီး၏ခေါင်းပတ်လည်တွင် စက်ဝိုင်းပုံ ပျံသန်းရင်း မရပ်မနား တေးဆိုနေသော ခေါက်ရှာငှက်ကို စိုက်ကြည့်နေကြသည်။ ဤသည်မှာ သတင်းကောင်းတစ်ခု ဖြစ်လောက်လား။ သို့သော် ဒုက္ခသည်လူအုပ်များ နန်းတော်သို့ ဝင်ရောက်လာခြင်းမှ မည်သည့်အရာကောင်း ထွက်ပေါ်လာနိုင်မှာလဲ

"ရှောင်ယောင်း၊ မင်း ဂရုစိုက်ရမယ်။ မင်း ငါ့ကို အမတ်ချုပ်ကြီးရှဲ့အပေါ် ပျံသန်းပြီး သူ့ခေါင်းပေါ်မှာ မစင်စွန့်စေချင်လား။"

ခေါက်ရှာငှက်ကြီးက မေးသည်။

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ သူမ မကြာမီတွင် အမတ်ချုပ်ကြီးရှဲ့၏မျက်နှာပေါ်တွင် မစင်သုတ်လိမ်းမည်ဖြစ်သောကြောင့် ထိုသို့ပြုလုပ်ရန် မလိုအပ်ပေ။

"ဒါဆိုရင်၊ ငါ မြောက်ဘက်တံခါးတွေကို ထပ်ပြီး စစ်ဆေးကြည့်မယ်။"

ခေါက်ရှာငှက်ကြီး ပျံထွက်သွားသည်။

"ခေါက်ရှာငှက်။"

နဉ်ရှောင်ယောင်းက ငှက်ကို ညွှန်ပြရင်း လိုကျစ်ကွေ့ကို ရှင်းပြလိုက်သည်။

"ငါတို့ ကံကောင်းမှာပါ။"

စစ်သေနာပတိချုပ်လိုသည် ဤမိန်းကလေးသည် သူမ၏ပတ်ဝန်းကျင်သို့ ရောက်ရှိလာသော တိရစ္ဆာန်များနှင့် အမြဲတမ်း စကားပြောနေသည်ဟု မတွေးဘဲ မနေနိုင်တော့ပေ။

လက်ရှိတွင် တော်ဝင်အစောင့်များသည် တိုးတက်လာသော လူအုပ်ကြီးကို ရင်ဆိုင်ရင်း ပိတ်ဆို့ခြင်းနှင့် ဆုတ်ခွာခြင်း နှစ်မျိုးလုံးကို ပြုလုပ်နေကြသည်။ နှစ်ဖက်စလုံးသည် ဘိုးဘေးခန်းမသို့ ဦးတည်သော လှေကားထစ်များ၏ ခြေရင်းသို့ ရောက်ရှိသည်အထိ ရုန်းကန်ကြသည်။ အရှင်မင်းကြီးသည် အမြဲတမ်း နဂါးပုံစံဝတ်ရုံများ ဝတ်ဆင်သောကြောင့် ဒုက္ခသည်များသည် မိတ်ဆက်စရာမလိုဘဲ သူ့ကို ချက်ချင်း မှတ်မိကြသည်။ အားမော့သည် သူတို့ရှေ့မှ လူမျက်နှာများ ပင်လယ်ပြင်ကို မြင်ပြီး မှတ်ချက်ချသည်။

"ရှောင်ယောင်း၊ ငါ အဲ့ဒီအဘိုးအိုက ဘယ်သူလဲဆိုတာ မခွဲခြားနိုင်ဘူး။"

နဉ်ရှောင်ယောင်းက အားမော့ကို ပွတ်သပ်ရန် လက်ချောင်းတစ်ချောင်း ထုတ်လိုက်သည်။ ၎င်းသည် အဆင်ပြေသည်၊ အဘယ်ကြောင့်ဆိုသော် ထိုအဘိုးအို၏ မိသားစုသည် အားလုံး အဆိပ်သင့်ပြီးဖြစ်နိုင်ခြေများသောကြောင့်ဖြစ်သည်။ ထိုသဲလွန်စတစ်ခုတည်းကို အခြေခံ၍ သူမသည် သူ့ကို နောက်ဆုံးတွင် ရှာဖွေနိုင်လိမ့်မည်။

သူမသည် လူအုပ်ထဲမှ ဖြစ်နိုင်သော သံသယရှိသူများကို ရှာဖွေနေစဉ်တွင် အနက်ရောင်နှင်းခဲမြင်းတပ်မှ စစ်သေနာပတိချုပ်တစ်ဦးက ပြေးလာပြီး လိုကျစ်ကွေ့ကို သတင်းပို့သည်။

"စကားပြောသူ စုစုပေါင်း ငါးဦးရှိပါတယ်။ ငါတို့ သူတို့အားလုံးကို အမှတ်အသားတွေ ထားထားတယ်။ စစ်သေနာပတိချုပ်၊ ငါတို့ သူတို့ကို ချက်ချင်း ပစ်သတ်ရမလား။"

လိုကျစ်ကွေ့က ခေါင်းကို အနည်းငယ် ခါလိုက်သည်။

"လောလောဆယ် သူတို့ကို စောင့်ကြည့်ထား။"

သဘောတူညီကြောင်း တိုးတိုးလေး ရေရွတ်ရင်း စစ်သေနာပတိချုပ်သည် လှေကားထစ်များမှ ပြန်လည်ပြေးဆင်းသွားသည်။ ထိုအချိန်တွင် ဒုက္ခသည်များသည် အဆိပ်သင့်သူများအားလုံးကို သယ်ဆောင်လာပြီး လူအုပ်ရှေ့မှ မြေပြင်ပေါ်တွင် ထားလိုက်ကြသည်။ နဉ်ရှောင်ယောင်းသည် သားကောင်များကို ငုံ့ကြည့်လိုက်ရာ သူတို့အားလုံးသည် သွေးများစွာ ထွေးထုတ်နေကြသည်။ သွေးများနှင့်အတူ အနီရောင်အစအနများ ရောနှောပါဝင်နေပြီး သူတို့၏မျက်နှာပေါ်ရှိ အရေပြားသည် မည်းနက်လာသည်။

"အဲ့ဒီလိုအဆိပ်ကို ကုပေးနိုင်လား။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို လေသံတိုးတိုးဖြင့် မေးသည်။

နဉ်ရှောင်ယောင်းက "ကျွန်တော် စမ်းကြည့်ရင် သိရမှာပေါ့။"

မြေပြင်ပေါ်ရှိ သွေးစွန်းသောအစအနများကို မြင်သည်နှင့် သူမသည် အဆိပ်သည် သားကောင်များ၏ အတွင်းပိုင်းကို ပျက်စီးစေပြီးဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့သည် သွေးများသာမက သူတို့၏ အတွင်းအင်္ဂါအစိတ်အပိုင်းများကိုပါ ထွေးထုတ်နေကြသည်။

"မင်းတို့အားလုံး အရှင်မင်းကြီးရဲ့ ရှေ့မှောက်မှာ ဘာလို့ ဒူးမထောက်ကြတာလဲ။"

တော်ဝင်အစောင့်တစ်ဦးက ဒုက္ခသည်များကို အော်ဟစ်လိုက်သည်။

"သူက ငါတို့ကို အသက်ရှင်ခွင့်တောင် မပေးတော့ဘူး၊ ငါတို့ ဘာလို့..."

လိုကျစ်ကွေ့သည် လက်မြှောက်ပြီး သူ၏လက်စထဲတွင် ဝှက်ထားသော သေးငယ်သောလေးမှ မြှားတစ်စင်းကို ပစ်လိုက်သည်။ ၎င်းသည် အလွန်တိုသောမြှားဖြစ်သော်လည်း ၎င်းသည် သားကောင်ကို ကျောက်တုံးတစ်တုံးနှင့် ထိခတ်သော မီးပွားများကဲ့သို့ လည်ပင်းကို ရှင်းလင်းစွာ ထိုးဖောက်သွားသည်။

နဉ်ရှောင်ယောင်းသည် ထိုမြင်ကွင်းကြောင့် ကျောရိုးထဲမှ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ လူသားသည် သူ၏လည်ပင်းရှိ အပေါက်ကြီးကို ဖိကိုင်လိုက်သည်။ သွေးများသည် ဒဏ်ရာမှ စီးကျလာပြီးနောက် သူ၏လက်ချောင်းများကြားမှ မြေပြင်သို့ လဲကျသွားသည်။ သူသည် ရုန်းကန်ပြီး အသက်ရှူရန် ကြိုးစားရင်း သူ၏လည်ချောင်းသည် လူတစ်ဦး၏ အရေပြားကို ထုံကျင်စေသော ဂလုဂလုအသံများ ထွက်ပေါ်လာသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူသည် အသက်ရှူကျပ်၍ သေဆုံးသွားသည်။

***

All Chapters