အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်…မဟူရာကောင်းကင်ဓား
Vol. 27 Ch. 396
အခန်း (၃၉၆) : အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်…မဟူရာကောင်းကင်ဓား
လဝက်အကြာတွင်…
အာကာပြင်ထဲ၌…
ကြီးမားပြီး ကြောက်စရာကောင်းသည့် လက်ပုံရိပ်ကြီးက မြောက်ပြင်လယ်၏ အမည်မဲ့ကျွန်းပေါ်ရှိ အာကာပြင်ထဲတွင် အပေါက်ကြီးတစ်ပေါက်ကို ဖောက်ကာ ပြင်းထန်သော တုန်လှုပ်မှုကို ဖြစ်ပေါ်သွားစေသည်။
ပုံရိပ်တစ်ခုက ကန်ထုတ်ခံလိုက်ရသလိုမျိုး ထွက်လာကာ လဲကျသွားသည်။
ထိုပုံရိပ်က ရှန်ထျန်း ဖြစ်သည်။
လဝက်အကြာတွင် ကြမ်းတမ်းသော လေဟာနယ်ထဲမှ လွတ်မြောက်လာနိုင်ခဲ့လေပြီ။
“ သေစမ်း အရမ်းကြမ်းတာပဲ။ စောစောက အိပ်ရာထဲမှာတော့ ဒီလိုမျိုး မဟုတ်ပါဘူး”
ရှန်ထျန်းက ကိုယ့်ကိုယ်ကို အမြန်တည်ငြိမ်အောင် လုပ်လိုက်သော်လည်း ဆက်လက် ငြီးတွားနေဆဲ ဖြစ်သည်။
အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ သူမ၏ အသံက ပျော့ပျောင်းသော်လည်း ပြင်းထန်စွာ အသက်ရှူနေပုံပေါ်သည်။
“ လူယုတ်မာ။ ငါ အဲဒါကို လုပ်ခဲ့တာက ငါ့ရဲ့ ဒဏ်ရာတွေကို ကုစားဖို့အတွက် သက်သက်ပဲ။ ဒီအကြောင်းကို လျှောက်မပြောတာ ကောင်းလိမ့်မယ်နော်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သတင်း လျှောက်ဖြန့်မယ်ဆိုရင်တော့ သတ်ပစ်လိုက်မယ်”
ရှန်ထျန်းက ခြိမ်းခြောက်တာကို ဂရုမစိုက်ဘဲ သိချင်တာကိုသာ မေးမြန်းလိုက်သည်
“ အစ်မကြီး ကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ”
လေဟာနယ်က ပြင်းထန်စွာ တုန်လှုပ်လာသည်။
တောက်ပသော မီးတောက်က ပေါက်ကွဲကာ အရာအားလုံးကို ဖျက်စီးပစ်တော့မလိုမျိုး ကောင်းကင်တစ်ခြမ်းလုံး အနီရောင်သန်းနေသည်။
အဆုံးသတ်တွင် ဖိနှိပ်ခံလိုက်ရပြီး တစ်ဖန်ပြန်ပြီးတော့ ငြိမ်ကျသွားသည်။
“ အဲလိုဖြစ်မှာ မဟုတ်ဘူး။ မင်း ငါ့ထဲမှာ ထားခဲ့တဲ့ အရာတွေကို ထုတ်ပစ်ဖို့အတွက် ငါ့ရဲ့ ပညာရပ်တွေကို သုံးလိုက်မှာမလို့ပဲ”
ထို့နောက် စုတ်ပြဲနေသော အာကာပြင် အပိုင်းအစများကို ပြင်ပြီးနောက် အရာအားလုံးက တစ်ဖန် ပြန်လည်ငြိမ်းချမ်းသွားသည်။
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားကာ ပြောလိုက်သည်
“ အဲဒီအရာကို တကယ် ပြန်ပြီးတော့ ထုတ်နိုင်တာလား။ တကယ်ကို အထင်ကြီးစရာပဲ”
ထာဝရဇာမဏီဘုရင်မက ကြမ်းတမ်းသော လေဟာနယ်ထဲတွင် တုန်လှုပ်နေပြီ ဖြစ်သည်။
သူမ သက်ပြင်းချကာ ပြောလိုက်သည်
“ ငါ ချီဖောက်ပြန်နေတုန်း ငါ့ရဲ့ ရှက်စရာကောင်းတဲ့ပုံစံ ဒီကောင်လေးကို ပြရမယ်လို့ ထင်မထားခဲ့ဘူး။
ဒီထက်ပိုပြီးတော့ ရှက်ဖို့ကောင်းတာက အဲဒီကောင်လေးနဲ့ ပတ်သက်ပြီးတော့ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်တာပဲ။ အရမ်းရှက်ဖို့ကောင်းတယ်…။
သူက လူသားတစ်ယောက်ပဲလေ။ သူ့ရဲ့ခန္ဓာကိုယ်က ဘာလို့ အဲလောက်ထိ သန်မာနေရတာလဲ။ အရမ်းလွန်တာပဲ”
သူမ ချီဖောက်ပြန်ပြီး သူမ၏ ဝိညာဉ် အကာအကွယ်မဲ့သွားသည့် ကို့ရို့ကားရားနိုင်သော အဖြစ်အပျက်ကြောင့် စေ့စပ်တဲ့အထိ ဖြစ်သွားလိမ့်မည်ဟု ထာဝရဇာမဏီဘုရင်မ ထင်မထားခဲ့ပေ။
သူမ အသိစိတ် ပြန်ဝင်လာသည့်အချိန်တွင် လုံးဝ နောက်ကျသွားပြီ ဖြစ်သည်။
သူမရဲ့ တန်ဖိုးရှိတဲ့ ပထမဆုံးအကြိမ်က ဒီအတိုင်းပြီးဆုံးသွားပြီပဲ
ဒါပေမဲ့ ဒီကလေးက တကယ်ကို အရမ်းချောတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဌာန်က သူမနဲ့ ထိုက်တန်တယ်
ဒီထက်ပိုပြီးတော့ အရေးကြီးတာက အဲဒီအရာပဲ …
ထာဝရဇာမဏီဘုရင်က မျက်နှာနီမြန်းနေရင်း ရေရွတ်လိုက်သည်
“ မဟုတ်သေးဘူး…မဟုတ်သေးဘူး…ငါ့ကိုယ်ငါ အရင်ဆုံး သန့်ရှင်းရမယ်။ ဒီလိုပုံစံမျိုးနဲ့ အဲဒီကောင်လေးကို မျက်နှာချင်းမဆိုင်ချင်ဘူး။ မဟုတ်ရင် အဲဒီကောင်လေး အရမ်းဂုဏ်မောက်သွားလိမ့်မယ်။
လူယုတ်မာလေး နောက်တစ်ခါ ငါတို့ထပ်တွေ့ရင် သေချာပေါက် အေးစက်တဲ့ ပုံစံနဲ့နေပြပြီးတော့ ငါ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတော့ အဖတ်ဆယ်ပြမယ်”
ထာဝရဇာမဏီဘုရင်မက အံကြိတ်လိုက်သော်လည်း တစ်စုံတစ်ခုကို တွေးမိသွားပြီး ယုတ်မာစွာ ပြုံးလိုက်သည်။
“ အောင်းပင်း နင် ငါ့ဆီမှာ ရှုံးနေတုန်းပဲ။ နင် သူနဲ့ အရင်ဆုံး စာချုပ် ချုပ်လိုက်လည်း ဘာအရေးလဲ။ ငါက ဒီကောင်လေးရဲ့ ပထမဆုံးအကြိမ်ကို ရယူလိုက်တာပဲ”
ထာဝရဇာမဏီဘုရင်မက လေဟာနယ်ကို ဖြတ်ကြည့်ကာ တောင်ပိုင်းနယ်မြေသို့ ကျက်သရေရှိစွာ ပျံသန်းသွားသည်။
ရှန်ထျန်းက အမည်မဲ့ကျွန်းပေါ်မှာ ရောက်နေသည်။ သူမ အခွင့်ကောင်းယူတာကို ခံလိုက်ရသည်ဟု ထင်သည့်အတွက် ရေရွတ်နေသည်။
“ ဘာတွေဖြစ်ကုန်တာလဲ
လုပ်ချင်တာ လုပ်ပြီးတာနဲ့ ငါ့ကို ကန်ထုတ်တယ်ပေါ့လေ။ ငါ အရမ်းပင်ပန်းလွန်းလို့ ခြေထောက်တွေလည်း ပျော့ခွေနေပြီ။ အဲဒါတောင် အဲဒါကို ထုတ်ပစ်ဖို့အတွက် သူမရဲ့ ပညာရပ်တွေကို အသုံးပြုချင်သေးတာတဲ့လား”
သူ့မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး လမ်းလျှောက်သည့်အခါတွင်လည်း အနည်းငယ် ယိမ်းယိုင်နေသည်။
သူက ခန်းမင်လက်စွပ်ထဲမှ နိဗာနတော်ဝင်ရေစင် ပုလင်းကို ထုတ်ယူကာ အကုန်လုံးကို သောက်လိုက်ပြီးမှ မျက်နှာအရောင် ပိုမိုကောင်းမွန်လာသည်။
ပြီးခဲ့သော လတစ်ဝက်ကျော်လုံး ရှန်ထျန်းက ထာဝရဇာမဏီဘုရင်မနှင့်အတူ အဆင့်မြင့် တူနှစ်ကိုယ်ကျင့်စဉ်ကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေခဲ့ရသည်။
လဝက်တောင်
လဝက်လောက် မရပ်မနား လုပ်ခဲ့ရတာ
အဲဒီကိစ္စပြီးတော့ နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူပင် လမ်းလျှောက်ရတာ အခက်တွေ့နိုင်တယ်
“ ငါ တကယ်ကို အခွင့်ကောင်း ယူခံလိုက်ရတာပဲ။
ရွှေကျီးနတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ထဲမှာ ရတနာတွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာကို သိချင်လိုက်တာ။
ဒီထက်ပိုပြီးတော့ အရေးကြီးတာက ငါရဲ့ အဖိုးတန် လူပျိုဂုဏ်ပုဒ်လေးကို ဆုံးရှုံးလိုက်ရပြီ။ ငါ အဲဒီနတ်ဆိုးမနဲ့ လဝက်တောင် အိပ်ခဲ့ရပြီးတော့ သူမက ငါ့ကို ဒေါ်လာတစ်ရာတောင် မပေးဘူးပဲ”
မီးစာကျမ်းကို ကျင့်ကြံပြီး အဆင့်တက်သွားရင် ဘာမှကောင်းတာတွေ ဖြစ်မလာနိုင်ဘူးလို့ ထင်တာပဲ
ဟင်း…
သို့သော် ရှန်ထျန်း လုံးဝ လက်ဗလာနှင့် ထွက်လာခဲ့ခြင်း မဟုတ်ပေ။
ပြီးခဲ့သော လဝက်ကျော် ပြင်းထန်သော လေ့ကျင့်မှုက ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်ဇာမဏီစွမ်းအားကို မြှင့်တင်ပေးလိုက်သည်။
အံ့ဖွယ်ဇာမဏီ တော်ဝင်ကျမ်းကျင့်စဉ်ကလည်း ပိုမိုကျွမ်းကျင်သော အဆင့်သို့ ရောက်ရှိသွားသည်။
အံ့ဖွယ်ဇာမဏီ တော်ဝင်ကျမ်းက တောင်ပိုင်းနယ်မြေ ဇာမဏီမျိုးနွယ်၏ အရေးကြီးဆုံး အမွေအနှစ်ကျမ်း ဖြစ်သည်။ ထိုအရာက နဂါးနက်ကျွန်း၏ နဂါးစစ်တော်ဝင်ကျမ်းနှင့် အတူတူပင် ဖြစ်သည်။
လဝက်လောက် ပြင်းထန်စွာ လေ့ကျင့်ပြီးနောက် အံ့ဖွယ်ဇာမဏီ၏ စွမ်းအားအပေါ် ရှန်ထျန်း၏ နားလည်မှုက ပိုမိုလေးနက်လာခဲ့သည်။
“ ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်ကို အရင်ဆုံး နေရာချလိုက်တာ ပိုကောင်းမယ်ထင်တယ်။ တခြားကိစ္စတွေကို နောက်မှတွေးသင့်တယ်”
ရှန်ထျန်းက တင်ပျဉ်ခွေထိုင်ကာ ဤအမည်မဲ့ကျွန်းပေါ်တွင် စတင် ကျင့်ကြံတော့သည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော စွမ်းအားထွက်လာကာ နီရဲသော အရှိန်အဝါက သူ့ကို လွှမ်းခြုံသွားသည့်အတွက် သူ့ကို ကြည့်ရတာ အရမ်းဆန်းကြယ်လှသည်။
သူ့နောက်တွင် ရဲရဲနီနေသော အံ့ဖွယ်ဇာမဏီ ပုံရိပ်သဏ္ဌာန်ထွက်ပေါ်လာပြီး ကြီးမားသော တောင်ပံများက မီးတောက်များဖြင့် တောက်လောင်နေပြီး ကောင်းကင်သို့ မြင့်တက်နေသည်။
ထိုအရာက အံ့ဖွယ်ဇာမဏီစွမ်းအားဖြစ်ပြီး အဆင့်အမြင့်ဆုံး ပုံစံဖြစ်သည့်အတွက် ထာဝရဇာမဏီဘုရင်မ၏ ပုံရိပ်သဏ္ဌာန်နှင့် ဆင်တူသည်။
ရှန်ထျန်း၏ ခန္ဓာကိုယ် တုန်ရီသွားသည်။
အံ့ဖွယ်ဇာမဏီစွမ်းအား၏ ဆွဲဆောင်မှုကို ခံလိုက်ရသလိုမျိုး သူ့ခန္ဓာကိုယ်ထဲရှိ နောက်ထပ် စွမ်းအင်တစ်မျိုးက ရုတ်တရက် မြင့်တက်လာသည်။
ဟမ်…
ဘာတွေဖြစ်နေတာလဲ
အံ့ဖွယ်နဂါးစွမ်းအား နိုးထလာတာလား
ရှန်ထျန်း၏ အကြည့်တို့ ခက်ထန်သွားသော်လည်း ရပ်တန့်ဖို့အတွက်တော့ မကြိုးစားပေ။ ထိုစွမ်းအားနှစ်ခုကြောင့် ဘာတွေဖြစ်မလဲဆိုတာကို သူ အရမ်းသိချင်နေပြီဖြစ်သည်။
မြင့်တက်လာသော စွမ်းအားနှစ်ခုက ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် ပွတ်တိုက်မိနေကြပြီး အင်အားကြီးသော စွမ်းအားတစ်ခုအဖြစ် ကျန်ရှိနေသည်။
သူ့ ခန္ဓာကိုယ်ထဲတွင် နဂါးများက ဟိန်းဟောက်နေပြီး ဇာမဏီငှက်များက စူးရှစွာ အော်ကြွေးနေသည်။ သူတို့၏ စွမ်းအားများက အားကောင်းသော ဆူနာမီလှိုင်းလုံးများကဲ့သို့ မြင့်တက်လာသည်။
စွမ်းအားနှစ်ခုက တိုက်ပွဲတစ်ခုထဲတွင် ပိတ်မိနေသကဲ့သို့ အချင်းချင်း တိုက်ခိုက်နေကြသည်။
စွမ်းအားနှစ်ခုလုံးက ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် အဓိကနေရာကို ယူချင်နေကြပြီး ဘယ်အရာကမှ လက်လျှော့ဖို့ စိတ်ကူး မရှိပေ။
“ စိတ်ဝင်စားစရာပဲ။ နဂါးတွေက ဇာမဏီငှက်တွေနဲ့ တိုက်ခိုက်နေတယ်။ အဲဒီကနေ ထူးခြားတဲ့ တစ်ခုခုဖြစ်လာမလားဆိုတာ သိချင်လိုက်တာ”
ရှန်ထျန်းက သူ့ခန္ဓာကိုယ်ထဲတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကို စိတ်ထဲ သိပ်မထားပေ။ သူ့ဆီမှာ ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည်ရှိပြီး အရမ်းသန်မာကြံ့ခိုင်သည်။
တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လာလေလေ သူ့ကို ထိခိုက်အောင် မလုပ်နိုင်လေလေ ဖြစ်နေသည်။ ဘာတွေဖြစ်နေတာလဲဆိုတာနှင့် ပတ်သက်ပြီး သိလာသည့် အရာတစ်ခုတော့ ရှိသည်။
နဂါးနှင့် ဇာမဏီမျိုးနွယ်များက ဘယ်တော့မှ တည့်မည် မဟုတ်ပေ။
ထိုအရာက လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းလောက်ကတည်းက သိသာခဲ့သော အရာ ဖြစ်၏။ အောင်းပင်းနှင့် ထာဝရဇာမဏီဘုရင်မတို့၏ ဆက်ဆံရေးက အဆိုးဆုံး ဖြစ်ခဲ့သည်။
သူတို့နှစ်ယောက်လုံးက ထူးခြားအံ့ဖွယ် ပါရမီရှင်များဖြစ်ပြီး အချင်းချင်း မုန်းတီးနေခဲ့ကြသည်။
အဓိကအကြောင်းအရင်းက အံ့ဖွယ်နဂါးစွမ်းအားနှင့် အံ့ဖွယ်ဇာမဏီစွမ်းအားတို့က အချင်းချင်း မီးနှင့်ရေခဲကဲ့သို့ ဆန့်ကျင်နေကြပြီး ပူးတွဲတည်ရှိရန်အတွက် ခက်ခဲလှသည်။
ရှန်ထျန်းတွင် ထူးခြားသော ခန္ဓာတည်ဆောက်ပုံ ရှိသည်။ သူက ထူးခြားအံ့ဖွယ်ပစ္စည်းများကိုပင် သန့်စင်ပေးနိုင်သည့်အတွက် နဂါးနှင့်ဇာမဏီစွမ်းအားများက သူ့အတွက် ဘာမှမပြောပလောက်ပေ။
နဂါးနှင့် ဇာမဏီစွမ်းအားများ ဆက်လက် တိုက်ခိုက်သည့်အခါ ဘာဖြစ်မလဲဆိုတာကို ရှန်ထျန်း အရမ်းသိချင်လာမိသည်။
“ အမ်”
စွမ်းအားနှစ်ခုက ထပ်မံတိုက်ခိုက်ရင်း အချင်းချင်းရစ်ပတ်ကာ နဂါးဇာမဏီ ကကြိုးရှုမြင်ကွင်းအဖြစ် အဆုံးသတ်သွားသည်။
အံ့ဖွယ်နဂါးစွမ်းအားက ပိုမိုသန်မာသည့်အတွက် အဆုံးသတ်တွင် အသာစီးရသွားသည်။
အဓိကအကြောင်းအရင်းက ရှန်ထျန်း နဂါးရင်းမြစ်သစ်သီးကို စားသုံးပြီး နဂါးဧကရာဇ် ခန္ဓာတည်ဆောက်ပုံကို ရရှိသွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်နဂါးစွမ်းအားက အံ့ဖွယ်ဇာမဏီစွမ်းအားထက် ပိုပြီး သန်မာနေခြင်း ဖြစ်သည်။
ထိုစွမ်းအားနှစ်ခုက တိုက်ခိုက်ရင်း အချင်းချင်းမြှင့်တင်ပေးလိုက်ကြသည်။ စွမ်းအင်အသစ်တစ်ခုကို ဖန်တီးတော့မည်ပုံ ဖြစ်သည်။
ကံမကောင်းစွာဖြင့် အရာအားလုံးက ရုတ်ချည်း ရပ်တန့်သွားသည်။
“ သေစမ်း…ငါက ငါ ထပ်ပြီးတော့ တိုးတက်မယ်လို့ ထင်ထားခဲ့တာလေ”
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားပြီး စိတ်ပျက်သွားပုံပေါ်သည်။
အဓိက အကြောင်းအရင်းက သူ့ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်ဇာမဏီစွမ်းအားက လုံလုံလောက်လောက် မသန်မာသေးသောကြောင့် ဖြစ်သည်။ အံ့ဖွယ်ဇာမဏီ စွမ်းအားသာ အံ့ဖွယ်နဂါးစွမ်းအားအဆင့်လောက် ရှိပါက သေချာပေါက် တိုးတက်လာလိမ့်မည်။
“ အနာဂတ်မှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာ ကြည့်ကြတာပေါ့”
သူ နဂါးရင်းမြစ်သစ်သီးလိုမျိုး ထူးခြားအံ့ဖွယ်ရတနာကို မရဘဲ အံ့ဖွယ်ဇာမဏီစွမ်းအားကို တိုးမြင့်လာအောင် လုပ်ဖို့က လွယ်ကူသော အရာ မဟုတ်ပေ။
ယခု ရှန်ထျန်း၏ ကံကြမ္မာက နိမ့်ကျနေသည့်အတွက် လုံခြုံသည်ဟု မခံစားရပေ။
ငါ့ရဲ့ ကံကြမ္မာကို အရင်မြှင့်တင်ဖို့အတွက် နည်းလမ်းရှာမှဖြစ်မယ်
“ အမ်…ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုလုပ်ပြီးတော့ မီးတောက် အသစ်တစ်ခု ရှိနေရတာလဲ”
ရှန်ထျန်း အံ့အားသင့်သွားသည်။ နန်မင်လီမီးတောက်နှင့် နေမီးလျှံအစစ်အပြင် ယခု သူ့ခန္ဓာကိုယ်ထဲ၌ တတိယမြောက် မီးတောက်တစ်ခု ရောက်ရှိလာပြီဖြစ်သည်။ ထိုအရာက သေးငယ်သော ဇာမဏီငှက်အသွင်ဆောင်သည့် နီရဲနေသော မီးတောက်လေးတစ်ခု ဖြစ်သည်။
“ ဒါက…ထာဝရဇာမဏီမျိုးနွယ်ရဲ့ အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်”
ရှန်ထျန်းက ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူက ထာဝရဇာမဏီဘုရင်မနှင့်အတူ ကျင့်ကြံပြီး အံ့ဖွယ်ဇာမဏီစွမ်းအားကို ရရှိခဲ့ရုံသာမက ထာဝရဇာမဏီမျိုးနွယ်၏ အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်ကိုပါ ရရှိခဲ့သည်။ ထိုအရာက မထင်မှတ်ထားသော အရာ ဖြစ်သည်။
အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်ပါ ရှိနေသည့်အတွက် ရှန်ထျန်း၏ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းလည်း ပိုမို သန်မာလာသည်။
အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်ကို နိဗာနအံ့ဖွယ် မီးတောက်ဟုလည်း ခေါ်ဆိုနိုင်သည်။ ထိုအရာက ပြင်းထန်စွာ သက်ဝင်လှုပ်ရှားမှု စွမ်းအင်ကို ပိုင်ဆိုင်ထားသည့်အတွက် ပိုင်ရှင်ကို ပြန်လည်ရှင်သန်နိုင်စွမ်းကို ပေးသည်။
ဤထူးခြားမီးတောက်ကြောင့် သူ၏ ပြန်လည်ကုစားနိုင်စွမ်းက အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ သူ သေစေနိုင်လောက်သော ဒဏ်ရာမျိုး ရပါကလည်း ဤမီးတောက်ကို အသုံးပြုပြီး ပြန်လည်မွေးဖွားလို့ ရနိုင်သည်။
ထိုအရာ၏ အကျိုးသက်ရောက်မှုက သုံးရောင်ခြယ်ရေစင်နှင့် နိဗာနတော်ဝင်ရေစင်တို့နှင့် တူညီပြီး ပိုပြီးတော့ပင် ပြင်းထန်နိုင်နေသေးသည်။
ကံမကောင်းစွာဖြင့် ဤမီးတောက်က သေးပြီး အားနည်းနေသည့်အတွက် အပြည့်အဝ အသုံးချလို့ မရသေးပေ။
သို့သော် အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်ကို သန်မာလာအောင် လုပ်ဖို့က ခက်ခဲသောအရာတော့ မဟုတ်ပေ။
ဓာတ်ငါးပါးက အချင်းချင်း အပြန်အလှန် အားဖြည့်ပေးသည့်အတွက် ရှန်ထျန်းက ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်သစ်ပင်ကို အသုံးချကာ အံ့ဖွယ်မီးတောက်ကို ဖြည်းဖြည်းချင်း အဆင့်မြှင့်လို့ ရသည်။ အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်ကို ပိုမိုအားကောင်းလာစေဖို့အတွက် တခြားသော မီးဓာတ်စွမ်းအင်များကိုလည်း အသုံးပြုနိုင်သည်။
ခန္ဓာကိုယ်ထဲတွင် ထူးခြားအံ့ဖွယ်ပစ္စည်း အများကြီး ပိုင်ဆိုင်ထားသော ရှန်ထျန်းအတွက် ဤအရာက ဘာမှမပြောပလောက်ပေ။
“ ဒါတွေသာ ဖြစ်မယ်လို့ သိထားခဲ့ရင် နေမင်းအရည် နည်းနည်းလောက် ချန်ထားပါသေးတယ်”
နေမင်းအရည်က အရမ်းသန့်စင်သော စွမ်းအင်ရှိသည့် ပြိုင်ဘက်ကင်း မီးဓာတ်ရတနာဖြစ်သည်။
ယခင်က ရှန်ထျန်းက ခန္ဓာကိုယ်ထဲရှိ နေမီးလျှံအစစ်ကို မြှင့်တင်ဖို့အတွက် နေမင်းအရည်ထဲတွင် စိမ်နေခဲ့သည်။ သူ နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ရောက်အောင် ကျင့်ကြံရာတွင် အဖိုးတန်အရည်ကို အသုံးပြုပြီးပြီ ဖြစ်သည်။
“ ပြဿနာမရှိပါဘူး။ ကံအပြောင်းအလဲ အခွင့်အရေးမျှယူဖို့အတွက် လူ ရှာလိုက်ရင် ရပါပြီ”
ရှန်ထျန်းက အရင်းအမြစ် အများအပြားကို ပိုင်ဆိုင်ထားသည်။ မီးဓာတ် တန်ဖိုးရှိပစ္စည်းများနှင့် လဲလှယ်ဖို့က သူ့အတွက် လွယ်ကူလိမ့်မည်။
“ ငါ ထွက်သွားတာ အရမ်းကြာနေပြီ။ အားလုံး အရမ်းစိတ်ပူနေကြမှာပဲ။ ငါ ဆရာတို့ကို ဆက်သွယ်လိုက်တာ ပိုကောင်းမယ်”
ရှန်ထျန်းက သူတော်စင် အမှတ်အသားပြားကို ထုတ်ယူလိုက်သည်။ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ပုံရိပ်လည်း သူ့ရှေ့တွင် ထွက်ပေါ်လာသည်။
“ ဆရာ…ကျွန်တော် လေဟာနယ်ထဲကနေ ဘေးကင်းကင်းနဲ့ ထွက်လာပြီးတော့ အခု ကျွန်းတစ်ကျွန်းပေါ်မှာ ရောက်နေပါတယ်”
ရှန်ထျန်းက သူအဆင်ပြေပြီး ဘေးကင်းကြောင်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို တင်ပြလိုက်သည်။
“ ကောင်းတယ်။ အရမ်းကောင်းတယ်။
ထျန်းအာ မင်းက တကယ်ကို ကံကြမ္မာသားတော်အစစ်ပဲ။ မင်းက လေဟာနယ်ထဲကနေ ဘေးကင်းကင်းနဲ့ လွတ်မြောက်လာနိုင်ခဲ့တာပဲ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက လှုပ်ခတ်သွားသည်။ ဤအခြေအနေကို သူ ကြိုတင်ခန့်မှန်းပြီးသား ဖြစ်၏။
ဝိဇ္ဇာအများကြီးက ရှန်ထျန်းကို ရှာဖွေဖို့အတွက် လေဟာနယ်ထဲသို့ ဝင်သွားကြသော်လည်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က လုံးဝ စိတ်မပူခဲ့ပေ။ ရှန်ထျန်းက အနှေးနှင့် အမြန် ဘေးကင်းကင်းဖြင့် လွတ်မြောက်လာမည်ကို သူ သိသည်။ ထို့အပြင် ရှန်ထျန်းက ပြိုင်ဘက်ကင်း ကံကြမ္မာကို ပိုင်ဆိုင်ထားသည့် ကံကြမ္မာသားတော်တစ်ယောက် ဖြစ်သည်။
အဆုံးသတ်တွင် အရာအားလုံးက သူ ခန့်မှန်းထားသလိုမျိုး ဖြစ်လာသည်။
“ ထျန်းအာ မင်း လေဟာနယ်ထဲမှာ ရှိနေတုန်း ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုခု ကြုံတွေ့ခဲ့ရသေးလား” အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်၏ အရှိန်အဝါများ ပိုမိုလှုပ်ခတ်လာရင်း မေးလိုက်သည်။
“ မတွေ့ခဲ့သေးဘူး…”
ရှန်ထျန်း၏ မျက်နှာ ဆူပုတ်နေသည်။
ကျွန်တော် ကံအပြောင်းအလဲ အခွင့်အရေးကို မတွေ့ခဲ့ရုံတင် မကသေးပဲ သေတဲ့အထိ ညှစ်သတ်ခံရတော့မလို့
သူ အခွင့်အရေးလည်း ယူခံလိုက်ရသေးတယ်
အဆင့်တက်ဖို့အတွက် နီးလာတိုင်း နောက်တစ်ခါ ဒါမျိုး ဘယ်တော့မှ မလုပ်တော့ဘူး
ကံအပြောင်းအလဲ အခွင့်အရေးနဲ့ မကြုံတွေ့ဘူးတဲ့လား
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ထပ်ပြီး မပြောခင် တွေးတောလိုက်သည်
“ ပြဿနာမရှိပါဘူး ထျန်းအာ…မင်းက အရမ်းကံကောင်းတော့ ကံအပြောင်းအလဲ အခွင့်အရေးတွေက မင်းကို စောင့်နေမှာ သေချာတယ်။
ထပ်ပြီးတော့ သွားလိုက်ဦး။ မင်း ကံအပြောင်းအလဲ အခွင့်အရေးတချို့ ရှာတွေ့ပြီဆိုတာနဲ့ လေဟာနယ်ကို ဖြတ်သန်းပြီးတော့ မင်းကို လာကြိုလိုက်မယ်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူတို့၏ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
“ အမ်…ဆရာ… … ဟဲလို…ဟဲလို…ဟဲလို…ဆရာ ကျွန်တော် ပြောတာကို ကြားရလား ဆရာ။
ကျွန်တော် သမုဒ္ဒရာရဲ့ အလယ်ခေါင်မှာ ပိတ်မိနေတာ။ ဘယ်လိုလုပ်ပြီးတော့ ကံအပြောင်းအလဲ အခွင့်အရေးက ဒီမှာ ရှိနေနိုင်မှာလဲ”
ရှန်ထျန်း ကြောင်အသွားသည်။
ကျွန်တော်ကို ကံအပြောင်းအလဲ အခွင့်အရေး ရှာခိုင်းချင်ရင် အရင်ဆုံး ကံကောင်းတဲ့ အစ်ကိုတွေ၊ အစ်မတွေက ကျွန်တော်နဲ့ အတူရှိဖို့ လိုအပ်တယ်
သူတို့ရဲ့ ကံကြမ္မာ မရှိဘဲနဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီးတော့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို ရှာရမှာလဲ
ဆရာ ကျွန်တော်က ကံကြမ္မာသားတော်အစစ် မဟုတ်ရပါဘူး
ငြိမ်းချမ်းလှသော သမုဒ္ဒရာတစ်ခွင်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။
ရှန်ထျန်းက အရမ်းကူကယ်ရာမဲ့သွားသည်။
ကိစ္စမရှိပါဘူး။ တခြားသူတွေအပေါ်မှီခိုတာထက် ကိုယ့်အပေါ်ကို မှီခိုတာက ပိုပြီးတော့ ကောင်းပါတယ်။
ရှန်ထျန်း သက်ပြင်းချလိုက်မိသည်။ သူ့ဘာသာသူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ပြန်ရမည်ဟူသော အတွေးကြောင့် သူ စိတ်ပျက်အားလျော့နေမိသည်။
ငါ ဒီတစ်ခေါက်ပြန်သွားရင် သေချာအားဖြည့်ရမယ်
ဟုတ်တယ် ငါ ပိုင်တိကို ချက်ပစ်လို့ရတယ်။ သေချာပေါက် အာဟာရရှိသွားမှာသေချာတယ်။
ဟင်း…
ငါ့ရဲ့ ခြေထောက်တွေက နည်းနည်း အားနည်းနေတုန်းပဲ
ရှန်ထျန်းက သူ၏ အားနည်းနေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ ရွှေတောင်ပံကို ဖြန့်ကာ ခွန်ပန်ပညာရပ်ကို အသုံးပြုပြီး တောင်ဘက်အရပ်သို့ ပျံသန်းသွားသည်ဟု စိတ်ကူးယဉ်နေသည်။
နေ့တစ်ဝက်အကြာတွင် ရှန်ထျန်း ဇဝေဇဝါ ဖြစ်သွားသည်။
သူ၏ ဘေးပတ်လည်ရှိ အဆုံးမရှိသော သမုဒ္ဒရာကို ကြည့်ရင်း နှုတ်ခမ်းများကို တွန့်ချိုးသွားမိသည်။
ငါ ဒါကို တကယ် ဝန်မခံချင်ပေမဲ့လည်း ထပ်ပြီးတော့ လမ်းပျောက်ပြန်ပြီထင်တယ်
ရှန်ထျန်းမှာ လုံးဝ ဦးတည်ရာမဲ့နေလေပြီ။
သူက မူလက မြောက်ပင်လယ်၏ အပြင်ဘက်ပိုင်းတွင် ရှိသော်လည်း တောင်ဘက်သို့ ဆက်လက် ပျံသန်းသွားသည့်အတွက် မြောက်ပင်လယ်၏ ပိုမိုနက်နဲသော အပိုင်းများသို့ ရောက်ရှိသွားသည်။ သူက ယခု အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ပိုပြီးတော့ပင် ဝေးသွားသည်။
ဂါး…
ကျယ်လောင်သော ဟိန်းဟောက်သံများ ထွက်လာသည်။
သိပ်မဝေးသည့်နေရာတွင် ရေများလှိုင်း ဂယက်ထနေပြီး ကျယ်ပြန့်သောနေရာတစ်လျှောက်တွင် ပြင်းထန်သော အရှိန်အဝါများ ရစ်ပတ်နေသည်။
“ ဟမ်…အဲဒီမှာ တိုက်ပွဲ ဖြစ်နေတာလား”
ရှန်ထျန်း စိတ်သက်သာရာရသွားသည်။
တိုက်ပွဲရှိတယ်ဆိုတာ သက်ရှိလည်း ရှိလို့ပဲ
အသက်ရှိရင် လမ်းကိုသိတဲ့ တစ်စုံတစ်ယောက်လည်း ရှိနေမှာပဲ
တစ်ယောက်ယောက်သာ လမ်းကို သိတယ်ဆိုရင် သူ ဒီနေရာကနေ ထွက်သွားလို့ရပြီ
ရှန်ထျန်းက ရွှေတောင်ပံများကို ဖြန့်သန်းကာ တိုက်ပွဲနယ်မြေသို့ သွားရောက်လိုက်သည်။
သူက မျက်စိတစ်မှိတ်အတွင်း ထိုနေရာသို့ ရောက်ရှိသွားသည်။
ပုံရိပ်တချို့က သူ့ရှေ့ရှိ အနည်းငယ် ကွာဝေးသည့်နေရာတွင် တိုက်ခိုက်နေကြသည်။
သူတို့ထဲက တစ်ကောင်က အရမ်းကြီးမားသည်။ ပေတစ်ရာမြင့်ပြီး ချွန်ထက်သော အရိုးဆူးချွန်ရှိသော ငါးနဂါးကြီးတစ်ကောင် ဖြစ်သည်။ အရှိန်အဝါကလည်း အရမ်းထိတ်လန့်စရာကောင်းလှသည်။
ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ဖြစ်ပြီး အရှိန်အဝါအရ ထိပ်သီးဧရာမ စွမ်းပကားရှင်သားရဲ ဖြစ်နေပြီ ဖြစ်သည်။
ထိုသားရဲတွင် သွေးဆာလောင်နေသော မျက်လုံးများရှိပြီး အသိစိတ်လုံးဝမရှိဘဲ အခြေခံအသိစိတ်ဖြင့်သာ တိုက်ခိုက်နေသည်။
သူ၏ ပြိုင်ဘက်က လူသားတစ်ယောက်ဟု သိသာစေနိုင်သည့် သေးသွယ်သော ပုံရိပ်တစ်ခု ဖြစ်သည်။
လူသားက ချွန်ထက်သော အရှိန်အဝါကို ထုတ်လွှတ်နေပြီး ကောင်းကင်ဓားသဖွယ် ဖြစ်နေပြီး သူမ၏ ဓားအရှိန်အဝါက ကြောက်ဖို့ကောင်းလှသည်။
ထိုပုံရိပ်၏ နောက်တွင် သေးငယ်သော အနီရောင်မီးတောက် ပုံရိပ်လေးတစ်ခု ရှိသည်။ သူမကို အနီရောင်မီးတောက်ဖြင့် လွှမ်းခြုံထားပြီး သူမ၏ နောက်တွင် ဇာမဏီပုံရိပ်သဏ္ဌာန် တစ်ခုရှိနေပြီး သူမ၏ အရှိန်အဝါက ပြိုင်ဘက်ကင်းလှသည်။
ပုံရိပ်နှစ်ခုက ပူးပေါင်းကာ ငါးနဂါးသားရဲကို ပူးပေါင်းတိုက်ခိုက်နေသည်။ သူတို့၏ ကြောက်စရာကောင်းသော အရှိန်အဝါက လှိုင်းလုံးနှင့် လေများကို ပြင်းထန်သွားစေသည်။
“ အဲဒါသူတို့လား”
ရှန်ထျန်း၏ အကြည့်တို့ တောက်ပသွားသည်။
ထိုနေရာတွင် ရင်းနှီးသော မျက်နှာနှစ်ခုရှိနေသည်။ လွန်ခဲ့သော လဝက်လောက်တုန်းက ဆုံတွေ့ခဲ့သည့် မင်းသမီးလင်းလုံနှင့် သူမ၏ စာချုပ်တွဲဖက် ထာဝရဇာမဏီ မင်းသမီးလေး ဖန်းဝူ ဖြစ်သည်။
မင်းသမီးလင်းလုံက ကြောက်မက်ဖွယ် သားရဲကြီးကို တိုက်ခိုက်နေသည်။
ဂါး…
သားရဲ၏ ကျယ်လောင်သော ဟိန်းဟောက်သံက ဧရာမလှိုင်းလုံးများကို ဖြစ်ပေါ်သွားစေသည်။
အဆုံးမဲ့ သမုဒ္ဒရာလှိုင်းလုံးများက အပေါ်သို့ မြင့်တက်လာကာ ကြီးမားသော ရေကျောက်တိုင်ဆယ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့က ပင်လယ်ပြင်တစ်ခုလုံးကို ဖျက်စီးတော့မည့်အတိုင်း တိုက်စားသွားသည်။
ဤရက်စက်ကြမ်းကြုတ်သော ဧရာမစွမ်းပကားရှင်သားရဲက အရမ်းစွမ်းအားကြီးသောကြောင့် ဝိညာဉ်အသွင်ပြောင်း ပါရမီရှင်က အနိုင်မရနိုင်ပေ။
“မဟူရာကောင်းကင်ဓား”
မင်းသမီးလင်းလုံက အမိန့်တစ်ခု ပေးလိုက်သည်။ အဆုံးမဲ့ ဓားအရှိန်အဝါက သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲကာ ဓားပေါင်းတစ်သောင်းကျော် အတူ ပျံသန်းသွားကာ ဓားပိုင်နက် အသစ်တစ်ခုကို ဖန်တီးလိုက်သည်။
ကောင်းကင်တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်းတွင် အသွင်ပြောင်းသွားသည်။
ပြိုင်ဘက်ကင်း ဓားအရှိန်အဝါက လေထဲသို့ မြင့်တက်သွားကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီအားလုံးကို မွှေနှောက်လိုက်သည်။
အဆုံးမဲ့ဓားအရှိန်အဝါက အာကာပြင်ထဲတွင် ပေါင်းစည်းသွားကာ ဧရာမဓားကို ဖန်တီးလိုက်ပြီး ထိုကြောက်စရာကောင်းသော သားရဲကို ခုတ်ချလိုက်သည်။
ထိုအခိုက်အတန့်တွင် အာကာပြင်အပိုင်းအစများ စတင် စုတ်ပြဲလာသည်။