← Chapters

ပျက်စီးသွားသော အမွှေးတိုင်ထည့်ခွက်

Vol. 9 Ch. 142

ပျက်စီးသွားသော အမွှေးတိုင်ထည့်ခွက်

Vol. 9 Ch. 142

“ဒီနေ့ပဲ လုပ်ရမှာလား။” နဉ်ရှောင်ယောင်းက သေချာမေးလိုက်သည်။

“ကျွန်မတို့ ဒီလိုလုပ်တာက သခင်မကြီးကို မလေးမစားလုပ်ရာ မဖြစ်နေဘူးလား။”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

လိုကျစ်ကွေ့က ပြန်ဖြေလိုက်သည်။

“ဧကရာဇ်က သူ့ကို လိုက်ပို့တာကို မြင်ရင် သခင်မကြီးက ပို့လိုတောင်ပျော်နေအုံးမှာ။ ကိုယ်တို့က သူ့ကို ဘယ်မှာ မလေးမစားလုပ်နေလို့လဲ။”

“ဒါက အရေးကြီးကိစ္စနှစ်ခု မဟုတ်ဘူးလား။ သခင်မကြီးကို ကြာပန်းဖြူလေးက သတ်လိုက်တာ ဖြစ်နိုင်တာပဲ။”

“ရှဲ့မိသားစုက သခင်မလေးဝမ်ကို တရားမစွဲခဲ့ဘူး။ အဲ့တာကြောင့်လူသတ်သမားက သခင်မလေးဝမ် မဖြစ်နိုင်ဘူး။”

“ဟုတ်သားပဲ။” နဉ်ရှောင်ယောင်းသည် ရထားလုံးထဲတွင် ထိုင်ရင်း ခေါင်းကုတ်လိုက်သည်။

လောင်တသည် လိုကျစ်ကွေ့ မမြင်ခိုက် နဉ်ရှောင်ယောင်းကို လက်သည်းဖြင့် တစ်

ချက်ကုတ်လိုက်ပြီး ပြောလိုက်သည်။

“ဟေး မင်းတုံးရင်လည်း ဘာမှလျှာမရှည်ပဲစကားသာနားထောင်၊ စစ်သေနာပတိချုပ် ဘာပြောပြော အဲဒါအမှန်ပဲ။”

နဉ်ရှောင်ယောင်းသည် လောင်တကို ဆွဲယူကာ ရထားပြတင်းပေါက်အပြင်ဘက်သို့ အညှာတာမဲ့စွာပစ်လိုက်ပြီး ပြောလိုက်

သည်။

“စစ်သေနာပတိချုပ်၊ ရှင်ရဲ့ကြောင်ကို သေချာလေးထိန်းဖို့အကြံပေးချင်တယ်။”

မြင်းကုန်းနှီးပေါ်သို့ ရောက်လာသော လူနှင့်တိရစ္ဆာန်တို့သည် ထိုအချိန်၌မျက်လုံးချင်းဆုံကြည့်လိုက်ကြသည်။

“မြောင်ဝူး~” လောင်တသည် လိုကျစ်ကွေ့ကိုကြည့်ကာ နစ်နာသူကဲ့သို့အော်ပြလိုက်သည်။

လိုကျစ်ကွေ့သည် အလွန်နားမလည်နိုင်ဖြစ်သွားသည်။ ဒီကြောင်နက်က ဘယ်တုန်းက သူ့အပိုင်ဖြစ်သွားတာလဲ။

“ကျွန်တော်မျိုး ရှဲ့ဝမ်ယွမ်က ဧကရာဇ်ကို ကြိုဆိုပါတယ်။” ရထားလုံးအပြင်ဘက်မှ အမတ်ချုပ်ကြီးရှဲ့၏ အသံထွက်ပေါ်လာသည်။

နဉ်ရှောင်ယောင်းသည် မိမိအဝတ်အစားကို သပ်ရပ်အောင်ပြုလုပ်လိုက်ပြီး ရထားထဲမှ ခေါင်းထွက်ကြည့်လိုက်သည်။ ရထားအပြင်ဘက် မြေပြင်ပေါ်တွင် လူများပြည့်ကျပ်နေသည်ကို မြင်သောအခါ နဉ်ရှောင်ယောင်းသည် ချက်ချင်း ရထားထဲသို့ ပြန်ဝင်ထိုင်ချင်သွားသည်။

တကယ်ပါပဲ ဘယ်လိုလုပ်ပြီး ဒီလောက်လူတွေများနေရတာလဲ?

အမှန်တွင် ကမ္ဘာပျက်ကပ်မှ လူများသည် လူအုပ်ကြီးကို ကြောက်ရွံ့ကြသည်။ ဖုတ်ကောင်များနှင့် တွေ့ဆုံပါက လူများလေ ထွက်ပြေးရန် ခက်ခဲလေဖြစ်သည်။ ဤသည်မှာ ကမ္ဘာပျက်ကပ်မှ လူသားအားလုံး၏ ရှင်သန်ရေးအတွေ့အကြုံဖြစ်သည်။ ယခုကမ္ဘာတွင် ဖုတ်ကောင်များမရှိကြောင်း သိသော်လည်း အချို့အလေ့အထများကို နဉ်ရှောင်ယောင်းသည် အချိန်တိုအတွင်း ပြောင်းလဲရန် ခက်ခဲနေဆဲဖြစ်သည်။

“အရှင်မင်းကြီး။” လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို လက်ကမ်းပေးလိုက်သည်။

ပါးစပ်ထဲတွင် တံတွေးမျိုချလိုက်ပြီး နဉ်ရှောင်ယောင်းသည် လက်ကို လိုကျစ်ကွေ့၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

လိုကျစ်ကွေ့သည် အရပ်လည်းမမြင့် ပိန်လည်းပိန်လှသော နဉ်ရှောင်ယောင်းကို ပွေ့ချီသကဲ့သို့ ရထားပေါ်မှ ချပေးလိုက်သည်။

လောင်တသည် နောက်တစ်ကြိမ် နဉ်ရှောင်ယောင်း၏ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။

“ထခိုင်းလိုက်ဦး။” လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

“သူတို့ကို မတ်တပ်ရပ်ခိုင်းလိုက်ပါ။”

“အားလုံးထကြတော့။”

နဉ်ရှောင်ယောင်းက ရှဲ့မိသားစုဝင်များကို ပြောလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့သည် သားနှစ်ယောက်၏ အကူအညီမပါဘဲ မိမိဘာသာ မတ်တပ်ရပ်လိုက်ပြီးနောက် နဉ်ရှောင်ယောင်း၏ ပခုံးပေါ်တွင် ထိုင်နေသော လောင်တကို တစ်ချက်ကြည့်လိုက်သည်။ အမတ်ချုပ်ကြီးရှဲ့၏ မျက်နှာသည် ချက်ချင်း ညိုမှောင်သွားသည်။ အလောင်းသည် အနက်ရောင်ကြောင်နှင့် တွေ့ဆုံပါက ပြန်လည်နိုးထလာတတ်သည်။ ဘာကြောင့် အနက်ရောင်ကြောင်တစ်ကောင်ကို ဝမ်းနည်းကြောင်းပြသရန် ခေါ်ဆောင်လာရပါတာလဲ။ ဒီကောင်မလေးကတော့ တကယ်ကိုစိတ်ရင်းမကောင်းတဲ့ဟာမလေးပဲ။

နဉ်ရှောင်ယောင်းသည် အနက်ရောင်ကြောင်၏ အတိတ်နိမိတ်ကို မသိပေ။ အမတ်ချုပ်ကြီးရှဲ့ကို အလွန်ရိုးသားစွာဖြင့် ပြောလိုက်သည်။ “အမတ်ချုပ်ကြီး၊ အရမ်းဝမ်းမနည်းပါနဲ့။”

အမတ်ချုပ်ကြီးရှဲ့သည် ခေါင်းငုံ့ကာ နဉ်ရှောင်ယောင်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။

“ကျွန်တော်မျိုး ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။”

အနက်ရောင်ကြောင်တစ်ကောင်ကို ခေါ်ဆောင်လာရုံဖြင့် သခင်မကြီးရဲ့အလောင်းကို အမှန်တကယ် နိုးထလာစေနိုင်ပါ့မလား အဓိပ္ပာယ််မရှိတာပဲ။ သူတို့ရှဲ့မိသားစုကို အဲ့လိုလုပ်ပြီး အရှက်ရအောင်

လုပ်မယ်ပေါ့!

အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းကို အိမ်တော်ထဲသို့ ဖိတ်ခေါ်ရင်း စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နဉ်ယွီ၏ အတွင်းစိတ်သည် ကလေးဆန်နေဆဲပင်။ တစ္ဆေသရဲကိစ္စများကို အဘယ်ကြောင့် အလေးအနက်ထားနိုင်မည်နည်း။

နဉ်ရှောင်ယောင်းသည် ရှဲ့အိမ်တော်၏ တံခါးမကြီးကို ဖြတ်ကျော်ဝင်ရောက်သွားပြီး ဘယ်ညာကြည့်ကာ ပြောလိုက်သည်။ “အိုး၊ တံခါးမကြီးနဲ့ တံတိုင်းကို အသစ်ပြန်ဆောက်ပြီးပြီပဲ။”

ရှဲ့အိမ်တော်မှ လူများ၏နှလုံးသားသည် ချက်ချင်း လည်ချောင်းဝသို့ ရောက်လာသည်။ ဒီလူကတော့ တံခါးနဲ့ တံတိုင်းကို ထပ်ပြီးဖြိုချချင်နေပြန်ပြီလား။

“ကောင်းတယ်။” နဉ်ရှောင်ယောင်းက အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်သည်။ သေဆုံးသူသည် ကြီးမြတ်သည်။ ဒီနေ့မှစ၍သူမသည် အမတ်ချုပ်ကြီးကို ပြဿနာရှာတော့မည်မဟုတ်ပေ။

အမတ်ချုပ်ကြီးရှဲ့က အလျင်အမြန် ပြောလိုက်သည်။

“ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်။”

နဉ်ရှောင်ယောင်းက ပြောသည်။ “တကယ်ကို ကောင်းပါတယ်။”

အမတ်ချုပ်ကြီးရှဲ့က ပြန်ပြောခဲ့သည်။ “ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်။”

ဧကရာဇ်နှင့် အမတ်ချုပ်ကြီးသည် အချင်းချင်းကြည့်လိုက်ကြသည်။ ထို့နောက် ဧကရာဇ်က ခေါင်းလှည့်သွားပြီး အမတ်ချုပ်ကြီးက ခေါင်းငုံ့လိုက်သည်။ တစ်ယောက်ကိုတစ်ယောက် မကြည့်ချင်ကြပေ။ ဤနှစ်ယောက်သည် အတူတူရပ်နေရသည်ကိုပင် နှိပ်စက်ခံရသကဲ့သို့ ခံစားနေရသည်။

“အမတ်ချုပ်ကြီး။” လိုကျစ်ကွေ့က အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်သည်။ “ဝိညာဉ်ခန်းမကို လမ်းပြပါ။”

အမတ်ချုပ်ကြီးရှဲ့၏ မျက်နှာအမူအယာသည် ထပ်မံဝမ်းနည်းသွားပြီး ကိုယ်ကိုစောင်းကာ လက်ဖြင့် ရှေ့သို့လမ်းညွှန်လိုက်သည်။ အမတ်ချုပ်ကြီးက နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ကြွပါ။”

အမတ်ချုပ်ကြီးရှဲ့၏ တူများ,သားများသည် လိုကျစ်ကွေ့ကို မကျေမနပ်ဖြင့် ကြည့်

လိုက်ကြသည်။

လိုကျစ်ကွေ့က ဘာကောင်မို့လဲ။ သူတို့၏ ဖခင် (ဦးလေး) ကို ဘာအတွက်နဲ့ အစေခံတစ်ယောက်လို အမိန့်ပေးနေတာလဲ?ဧကရာဇ်ရဲ့မျက်နှာသာပေးခံရရုံလေးနဲ့ မာန်တက်ပြနေသလိုပဲ။

“ခင်ဗျားတို့ ဘယ်လိုကြည့်နေတာလဲ။” နဉ်ရှောင်ယောင်းသည် ရှဲ့အန်းကျိ၊ ရှဲ့အန်းရှီ ညီအစ်ကိုကို ကြည့်လိုက်ပြီးနောက် သူတို့၏ နောက်သို့ကြည့်ကာ မေးလိုက်သည်။

“ကျွန်တော်ထင်တာတော့ သခင်မကြီးသေသွားတာကို ခင်ဗျားတို့ နည်းနည်းလေးမှ ဝမ်းနည်းပုံမရဘူး။”

အမတ်ချုပ်ကြီးရှဲ့၏ သားမျာသည် အလျင်အမြန် ခေါင်းငုံ့လိုက်ကြသည်။

“အရှင်မင်းကြီး၊ သူတို့က အရမ်းဝမ်းနည်းနေလို့ပါ။” အမတ်ချုပ်ကြီးရှဲ့က မျက်စိမှိတ်ကာ လိမ်ညာလိုက်သည်။

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

“တော်ပြီ၊ ကျွန်တော်တို့ ဝိညာဉ်ခန်းမကို သွားကြစို့၊ သခင်မကြီးကို လိုက်ပို့ပြီးရင် ကျွန်တော်လည်း နန်းတော်ပြန်မယ်။”

ဤသရဲခြောက်နိုင်သည့်နေရာတွင် သူမ တစ်စက္ကန့်မျှပင် မနေချင်တော့ပေ။

အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းကို ဝိညာဉ်ခန်းမသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။ အမတ်ချုပ်ကြီးသည် ဤလူကို ဖြစ်နိုင်လျှင် ယခုချက်ချင်း ပျောက်ကွယ်သွားစေချင်သည်။

အကြီးအကဲလီသည် နဉ်ရှောင်ယောင်းနောက်မှ လိုက်ပါသွားရင်း နဉ်ရှောင်

ယောင်း၏ စကားများကို စဉ်းစားလိုက်

သည်။ သခင်မကြီးကို လိုက်ပို့သည်

ဆိုသည်မှာ မည်သည်ကိုဆိုလိုပါသနည်း။

ယနေ့သည် အသုဘချသည့်နေ့လည်းမဟုတ်ပေ။

ဝိညာဉ်ခန်းမထဲတွင် အဖြူရောင်အလံများ တွဲလောင်းကျနေသည်။ ရှဲ့မိသားစု၏ အမျိုးသမီးများသည် အတွင်းခန်းမထဲတွင် ငိုကြွေးနေကြသည်။ သခင်မကြီး၏ အနီရောင်သစ်သားခေါင်းတလားသည် ပူဇော်စားပွဲနောက်တွင် တည်ရှိပြီး ခေါင်းတလားပေါ်တွင် အဖြူရောင်အဝတ်စတစ်ခု လွှမ်းခြုံထားသည်။ ဝိညာဉ်ခန်းမထဲသို့ မကြာခဏ တိုက်ခတ်လာသော လေကြောင့် အဝတ်စသည် လှုပ်ခတ်နေခဲ့သည်။

နဉ်ရှောင်ယောင်းသည် အတွင်းခန်းမထဲမှ ငိုသံကို နားထောင်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “ကြာပန်းဖြူလေးရဲ့ အသံမကြားရဘူး။”

အားမော့သည် ချက်ချင်းပင် စေတနာ့ဝန်ထမ်းအဖြစ် ပြောလိုက်သည်။ “ရှောင်ယောင်း၊ ကျွန်တော် ကြာပန်းဖြူလေးကို ရှာပေးမယ်။”

“အင်း။” နဉ်ရှောင်ယောင်းက ပြောသည်။ “ကျေးဇူးတင်ပါတယ် အားမော့။”

အားမော့သည် နဉ်ရှောင်ယောင်း၏ ကိုယ်ပေါ်မှ မြေပြင်သို့ ဆင်းသွားပြီး ဝိညာဉ်ခန်းမအပြင်ဘက်သို့ တွားသွားသွားသည်။

လောင်တက အော်လိုက်သည်။ “ဒီတစ်ခါ မြန်မြန်လုပ်၊ မြောင်။”

ဝိညာဉ်ခန်းမထဲတွင် ကြောင်အော်သံကြားသောအခါ အတွင်းခန်းမထဲမှ ငိုသံသည် ခဏရပ်တန့်သွားသည်။ အမတ်ချုပ်ကြီးရှဲ့သည် တစ္ဆေသရဲကို မယုံကြည်သော်လည်း ရှဲ့မိသားစု၏ အမျိုးသမီးများသည် မယုံကြည်ခြင်း မဟုတ်ပေ။

“ဘယ်လိုလုပ်ပြီး ကြောင်ရှိနေရတာလဲ။” သခင်မဝမ်သည် အတွင်းခန်းမထဲတွင် အလျင်အမြန် ပြောလိုက်သည်။ “ဘယ်သူက ကြောင်ကို ဝင်ခွင့်ပေးလိုက်တာလဲ။”

အစေခံမတစ်ဦးသည် ခေါင်းထွက်ကြည့်လိုက်ပြီး နဉ်ရှောင်ယောင်း၏ ပခုံးပေါ်တွင် ထိုင်နေသော လောင်တကို မြင်သောအခါ အစေခံမလေးသည် ကြောက်လန့်တကြားဖြင့် စကားပင် ကောင်းစွာမပြောနိုင်တော့ဘဲ သခင်မဝမ်ကို အစီရင်ခံလိုက်သည်။ “သခင်မ၊ လူတစ်ယောက်က အနက်ရောင်ကြောင်တစ်ကောင်ကို ခေါ်လာတယ်။”

“ဘာ။” သခင်မဝမ်သည် ဒေါသထွက်ရန် ပြင်လိုက်သည်။

အစေခံမလေးသည် ဆက်လက်ပြောလိုက်သည်။ “ကျွန်တော်မျိုးမ ကြည့်ရတာ အဲဒီလူက ဧကရာဇ်နဲ့တူတယ်။”

သခင်မဝမ် ရပ်တန့်သွားသည်။ ဧကရာဇ်က အနက်ရောင်ကြောင်တစ်ကောင်ကို ဝမ်းနည်းကြောင်းပြသရန် ခေါ်ဆောင်လာသည်တဲ့လား။ ဧကရာဇ်က သူတို့အမတ်

ချုပ်ကြီးအိမ်တော်ကို ကောင်းစားတာကို သည်းမခံနိုင်တော့ဘူးလား။ သခင်မဝမ်၏ ကိုယ်သည် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

အမတ်ချုပ်ကြီးရှဲ့သည် ဤအချိန်တွင် မီးညှိထားသော အမွှေးတိုင်သုံးချောင်းကို နဉ်ရှောင်ယောင်းကို ပေးလိုက်ပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး။”

“အမွှေးတိုင်ကို အမွှေးတိုင်ထည့်ခွက်ထဲမှာ ထည့်လိုက်။” လိုကျစ်ကွေ့က တိုးတိုးလေး သင်ပေးလိုက်သည်။

နဉ်ရှောင်ယောင်းသည် အမွှေးတိုင်ကို ကိုင်ကာ ပူဇော်ပွဲစားပွဲကို ဖြတ်ကျော်ပြီး သခင်မကြီး၏ ခေါင်းတလားရှေ့တွင် ခဏရပ်နေလိုက်သည်။ ဤခေါင်းတလားသည် နှစ်ယောက်အိပ်ကုတင်တစ်လုံးလောက် ကြီးမားသည်။ သခင်မကြီး အိပ်လျှင်ပင် ကြီးလွန်းသည်ဟု ထင်ရမည်။

“ငါးရှိတယ်။” လောင်တက တိုးတိုးလေး အော်လိုက်သည်။

နဉ်ရှောင်ယောင်းသည် ပူဇော်စားပွဲကို ကြည့်လိုက်သည်။ ပူဇော်စားပွဲပေါ်တွင် ငါးကြော်တစ်ပွဲသာမက ကိတ်မုန့်၊ သစ်သီး၊ ထမင်းဖြူများပါ ရှိနေသည်။ “လူကဖြင့်သေသွားပြီ၊ အစာစားရသေးတာလား။” နဉ်ရှောင်ယောင်းက လောင်တကို တိုးတိုးလေး ပြောလိုက်သည်။

လောင်တသည် ငါးကြော်ကို ကြည့်ရင်း တံတွေးမျိုချလိုက်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ “မွှေးလိုက်တာ။”

“ဒီငါးက စားလို့မရလောက်ဘူး။”

နဉ်ရှောင်ယောင်းသည် ထိုငါးကို ယူရန် လက်မလှမ်းဝံ့ပေ။

“မင်းငါ့ကို ငါးကြီးငါးကောင် အကြွေးတင်နေသေးတယ်။”

လောင်တသည် ဤအချိန်တွင် နဉ်ရှောင်ယောင်းကို အတိတ်ကအကြွေးကို ပြန်တောင်းလိုက်သည်။

နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ကို ကြည့်လိုက်ပြီး ဤစားပွဲပေါ်မှ ငါးကြော်ကို စားလို့ရသလားဟု မေးရန် ကြံလိုက်သည်။ သို့သော် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသော အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းကို လန့်သွားစေသည်။ သူမတောင် ဘာမှမလုပ်ရသေးတာကို စိတ်အနှောင့်အယှက်

ဖြစ်နေပြီလား။

“ခေါင်းတလားက ကြည့်လို့ကောင်းတယ်။” နဉ်ရှောင်ယောင်းသည် ကို့ယို့ကားယားအခြေအနေကို ကယ်တင်ရန် ကြိုးစားလိုက်သည်။

အကြီးအကဲလီတို့သည် အမတ်ချုပ်ကြီးရှဲ့၏ အဖြေကို စောင့်ဆိုင်းနေကြသည်။

ရုတ်တရက်ဧကရာဇ်က ခေါင်းတလားကို ချီးကျူးနေခဲ့တယ်!? တကယ်အသုဘမှာကျေးဇူးတင်စကား ပြောရဲတဲ့သူပဲ။

လူကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရာတွင် မည်သူကမျှ ဧကရာဇ်ကို မမီနိုင်ပေ။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ ဘေးသို့ လျှောက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ “အမွှေးတိုင်ကို အမွှေးတိုင်ထည့်ခွက်ထဲမှာ ထည့်လိုက်လေ၊ လက်လောင်သွားရင် ဘယ်လိုလုပ်မလဲ။”

နဉ်ရှောင်ယောင်းသည် အမွှေးတိုင်သုံးချောင်းကို အမွှေးတိုင်ထည့်ခွက်ထဲသို့ ထည့်လိုက်သည်။

လောင်တက ပြောသည်။ “မင်းသတိထား၊ ဒီအမွှေးတိုင်ထည့်ခွက်က ဈေးကြီးပုံပဲ။ ပျက်စီးသွားရင် မင်း ငွေအများကြီး လျော်ရမှာ။”

လျော်ရမည်၊ အများကြီး လျော်ရမည်ဟု ကြားသောအခါ နဉ်ရှောင်ယောင်းသည် တုန်လှုပ်သွားသည်။ အမွှေးတိုင်ထည့်

ခွက်လေးတစ်လုံးက အဲ့လောက်တောင်ဈေးကြီးတာလား။ မျက်လုံးပြူးကာ နဉ်ရှောင်ယောင်းသည် ရှေ့မှ အနက်ရောင်အမွှေးတိုင်ထည့်ခွက်ကို သေချာကြည့်လိုက်သည်။ ဤအမွှေးတိုင်ထည့်ခွက်၏ တန်ဖိုးကို မမြင်နိုင်ပေ။ နဉ်ရှောင်ယောင်းသည် ခေါင်းစောင်းကာ လိုကျစ်ကွေ့ကို မေးလိုက်သည်။ “ဒီပစ္စည်းက ဘယ်လောက်တန်လဲ။”

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏မေးခွန်းကြောင့် အမွှေးတိုင်ထည့်ခွက်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “တန်ဖိုးမရှိပါဘူး၊ ဒါက အမွှေးတိုင်ထည့်ခွက်တစ်ခုပဲ။”

နဉ်ရှောင်ယောင်းသည် စိတ်အေးသွားပြီး လက်ချောင်းကိုကွေးကာ အမွှေးတိုင်ထည့်ခွက်ကို တစ်ချက်ပုတ်လိုက်သည်။ တစ်ဖက်တွင် လောင်တကို မျက်လုံးလှန်ပြလိုက်သည်။ ဒီလိုရွှံ့အိုးကွဲတစ်လုံးက ဘယ်လောက်တန်မှာလဲ။

အမတ်ချုပ်ကြီးအိမ်တော်မှ အိမ်တော်ထိန်းတစ်ဦးသည် ဤအချိန်တွင် အလျင်အမြန် ဝိညာဉ်ခန်းမတံခါးဝသို့ ပြေးလာသည်။ ဤသူ တွေ့ဆုံခွင့်တောင်းရန် မပြင်ဆင်မီ တံခါးရှေ့တွင် ရပ်နေသော နဂါးအစောင့်သည် လက်မြှောက်ကာ ဤသူကို တားမြစ်လိုက်ပြီး အော်မေးလိုက်သည်။ “ဘာကိစ္စလဲ။”

ဤအော်သံကြောင့် ဝိညာဉ်ခန်းမထဲမှ လူများသည် လှည့်ကြည့်လိုက်ကြသည်။

နဉ်ရှောင်ယောင်းသည် လက်ချောင်းဖြင့် အမွှေးတိုင်ထည့်ခွက်ကို ပုတ်လိုက်ရာ “ကလပ်” ဟူသော အသံကြားလိုက်ရပြီး အမွှေးတိုင်ထည့်ခွက်ပေါ်တွင် အက်ကွဲကြောင်း ခုနစ်ရှစ်ခု ပေါ်လာသည်။

လောင်တက ကြိုဖြစ်မှာသိနေသကဲ့သို့ပြောလိုက်သည်။

“သွားပြီ၊ အက်သွားပြီ။”

မကောင်းမှုလုပ်မိသော နဉ်ရှောင်ယောင်းသည် အလျင်အမြန် လက်ကိုရုပ်သိမ်းလိုက်ပြီး ဘယ်ညာခိုးကြည့်လိုက်သည်။ ဧကရာဇ်နဉ်သည် စိတ်အေးသွားသည်။ ဤအချိန်တွင် မည်သူကမျှ သူမကို သတိမထားမိခဲ့ပေ။

“ဘယ်လိုလုပ်မလဲ။” လောင်တက အော်လိုက်သည်။

“ဘာမှမဖြစ်ခဲ့သလိုပဲ နေလိုက်။” နဉ်ရှောင်ယောင်းက လောင်တ၏ ခေါင်းကို ပုတ်လိုက်သည်။

လောင်တသည် ချက်ချင်းပင် ခုနကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို မေ့ပစ်ရန် ဆုံးဖြတ်လိုက်သည်။

“ဘာကိစ္စလဲ။” အမတ်ချုပ်ကြီးရှဲ့သည် ဤအချိန်တွင် အိမ်တော်ထိန်းကို မေးလိုက်သည်။

အိမ်တော်ထိန်းသည် တံခါးအပြင်ဘက်တွင် ဒူးထောက်ကာ ပြောလိုက်သည်။ “အမတ်ချုပ်ကြီး၊ အကြီးဆုံးသခင်လေး ပြန်လာပါပြီ။”

“ဘာ။” အမတ်ချုပ်ကြီးရှဲ့သည် တစ်ချက်တွေဝေသွားသည်။

“အင်း။” နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ “သူက...”

“ဒါက အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ပဲ။” လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ လက်ကို ဆွဲလိုက်ပြီး ပြောလိုက်သည်။ “ရှဲ့အန်းယိကို အိမ်ပြန်ပြီး သခင်မကြီးကို နောက်ဆုံးခရီး လိုက်ပို့ခိုင်းတာ။”

အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းကို ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျွန်တော်မျိုး အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။”

ဤအချိန်တွင် အမတ်ချုပ်ကြီးက သူမကို ကျေးဇူးတင်စကားဆိုနေပြီဖြစ်ရာ နဉ်ရှောင်ယောင်းတစ်ယောက် ဘာများဆက်ပြောနိုင်မှာလဲ။ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ “ရှဲ့အန်းယိကို ဝင်ခိုင်းလိုက်ပါ၊ သခင်မကြီးကို အမွှေးတိုင်ပူဇော်လို့ရအောင်လို့။”

အိမ်တော်ထိန်းသည် အမိန့်ကို နာခံပြီး ရှဲ့အန်းယိကို ခေါ်ဆောင်ရန် ပြေးသွားသည်။

“အဖေ။” ရှဲ့အန်းရှီသည် တစ်စုံတစ်ခု မသင်္ကာဖွယ်ရာဖြစ်နေသည်ဟု ထင်ရသဖြင့် အမတ်ချုပ်ကြီးရှဲ့ကို ညင်သာစွာ ခေါ်လိုက်သည်။

အမတ်ချုပ်ကြီးရှဲ့သည် သားငယ်ကို လက်ကာပြလိုက်ပြီး ရှဲ့အန်းရှီကို စကားမပြောရန် ပြောလိုက်သည်။

အကျဉ်းသားဝတ်စုံဝတ်ဆင်ထားသော ရှဲ့အန်းယိသည် မကြာမီ အိမ်တော်ထိန်း၏ ခေါ်ဆောင်မှုဖြင့် ရောက်လာသည်။ အကြီးဆုံးသခင်လေးရှဲ့သည် ဝိညာဉ်ခန်းမအပြင်ဘက်တွင် ဒူးထောက်ကာ ငိုကြွေးစပြုလာသည်။

အမတ်ချုပ်ကြီးရှဲ့သည် လေးလံစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး သားကြီးကို ပြောလိုက်သည်။ “ဒါက သခင်မကြီးရဲ့ ကျေးဇူးတော်ပဲ၊ မင်း အမြန်ဆုံး ကျေးဇူးတင်စကား မပြောသေးဘူးလား။”

ရှဲ့အန်းယိသည် အဘွား၏ ခေါင်းတလားရှေ့တွင် ရပ်နေသော နဉ်ရှောင်ယောင်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးထဲမှ ဒေါသကို ဖုံးကွယ်ရန် အလျင်အမြန် ခေါင်းငုံ့လိုက်သည်။

နဉ်ရှောင်ယောင်း : “ဒူးမထောက်နဲ့တော့၊ ဝင်လာပြီး အမွှေးတိုင်ထွန်းလိုက်ပါ။”

ရှဲ့အန်းယိသည် ခေါင်းတလားရှေ့တွင် ဒူးထောက်ဦးခိုက်လိုက်သည်။ ဦးသုံးကြိမ်ခိုက်ရုံဖြင့် နဖူးသည် ညိုမည်းသွားသည်။ ထို့နောက် ရှဲ့အန်းကျိက ပေးသော အမွှေးတိုင်သုံးချောင်းကို ယူကာ အမွှေးတိုင်ထည့်ခွက်ထဲသို့ ထည့်ရန် ပြင်လိုက်သည်။

သခင်မဝမ်သည် အတွင်းခန်းမထဲတွင် ရပ်ကာ မျက်ရည်ကျနေသည်။ သူမရဲ့သနားစရာကောင်းလိုက်တဲ့ သားကြီး။

“အမွှေးတိုင်ထည့်ခွက်က မင်းလုပ်လို့ပျက်စီးသွားတာလေ။” လောင်တသည် ဤအချိန်တွင် နဉ်ရှောင်ယောင်း၏ နားရွက်ကို ကိုက်ကာ ပြောလိုက်သည်။ “အမွှေးတိုင် ထပ်ထည့်လို့ရသေးတာလား။”

နဉ်ရှောင်ယောင်း "...." ဟုတ်သားပဲ၊ အမွှေးတိုင်ထည့်ခွက် ပျက်စီးသွားပြီ။

ရှဲ့အန်းယိ၏ လက်သည် အမွှေးတိုင်ထည့်ခွက်အနီးသို့ မရောက်သေးမီ အက်ကွဲကြောင်းများ ပြည့်နှက်နေသော အမွှေးတိုင်ထည့်ခွက်သည် “ခွမ်း” ဟူသော အသံဖြင့် အပိုင်းပိုင်းကွဲကြေသွားသည်။ အမွှေးတိုင်သည် ပူဇော်ပွဲစားပွဲပေါ်သို့ ပြုတ်ကျသွားပြီး အမွှေးတိုင်ပြာများသည် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။

ရှဲ့အန်းယိသည် မှင်တက်သွားသည်။ အဘွားသည် သူ့အမွှေးတိုင်ကိုပင် လက်မခံချင်ဘဲ အမွှေးတိုင်ထည့်ခွက်ကိုပင် ပျက်စီးစေခဲ့သည်။

နဉ်ရှောင်ယောင်းသည် နှာခေါင်းရှုံ့ကာဘမသိချင်ယောင်ဆောင်လိုက်သည်။

“ဒါ ငါနဲ့ဘာမှမဆိုင်ဘူးနော်။ ငါဘာမှမလုပ်ထားဘူး။”

***

All Chapters