တောင်ပိုင်းမှ ဗိုလ်ချုပ်
Vol. 9 Ch. 144
ရှဲ့အန်းကျိ၊ ရှဲ့အန်းရှီနှင့် အခြားသူများသည် သခင်မကြီး၏အလောင်းကို မြင်ပြီးနောက် အလွန်အံ့အားသင့်သွားကြသည်။ သူတို့သည် သခင်မကြီး၏ သေဆုံးမှုအမှန်တရားကို မသိရှိကြပေ။
အမတ်ချုပ်ကြီးရှဲ့သည် ဤအချိန်တွင် နဉ်ရှောင်ယောင်းက သခင်မကြီး၏ အလောင်းပေါ်တွင် ဒဏ်ရာတစ်ခု ပြုလုပ်ခဲ့သည်ဟု ဆင်ခြေပေးရန် အကြောင်းပြချက်ရှာမတွေ့တော့ပေ။ ဒဏ်ရာသည် အသက်ရှင်စဉ်ကလား သေဆုံးပြီးနောက်မှလားဆိုသည်ကို မည်သည့်တရားရေးအရာရှိမဆို မြင်နိုင်ပေသည်။ မြို့တော်ရှိ တရားရေးအရာရှိများသည် သူ့အာဏာကို ကြောက်ရွံ့၍ အမှန်တရားကို မပြောဝံ့လျှင်ပင် စစ်တပ်ထဲတွင် အလောင်းများစွာ မြင်ဖူးသူများသည်လည်း ခွဲခြားနိုင်ပေသည်။ ဒါ့အပြင်သမားတော်များလည်း ရှိသေးသည်။ ဤလူများ၏ ပါးစပ်ကို အကုန်လုံး ပိတ်ထား၍မရလျှင် အမတ်ချုပ်ကြီးရှဲ့သည် ဤအပြစ်ကို ပုံချ၍မရပေ။
“ကြောင်ကြောင့်ပဲ။” သခင်မဝမ်သည် ဤအချိန်တွင် ငိုယိုအော်ဟစ်လိုက်သည်။
သခင်မဝမ်သည် သူမ၏ အနက်ရောင်အဆီတုံးလေးကို လက်ညှိုးထိုးနေသည်ကို တွေ့သောအခါ နဉ်ရှောင်ယောင်းသည် နားမလည်နိုင်ဖြစ်သွားသည်။ “မင်းဆိုလိုတာ ငါ့ကြောင်က မင်းသခင်မကြီးရဲ့ အလောင်းကို ကိုက်စားသွားတယ်လို့ ပြောချင်တာလား။”
“မြောင်။” လောင်တက အော်ဟစ်လိုက်
သည်။ ငါက ငါးတစ်ကောင်ပဲ ခိုးစားခဲ့တာဟဲ့!
“အလောင်းထတာ။ အနက်ရောင်ကြောင်ကြောင့် အလောင်းထတာ။” သခင်မဝမ်က ပြောလိုက်သည်။
“ဘာလဲဟ။” နဉ်ရှောင်ယောင်းသည် ဤစကားလုံးကို ကြားသောအခါ နားမလည်နိုင်ဖြစ်သွားသည်။
“မိန်းမတစ်ယောက်ရဲ့ အမြင်နဲ့ လျှောက်ပြောနေတာပဲ။” အကြီးအကဲလီသည် သခင်မဝမ်ကို ဒေါသတကြီး ဆူပူလိုက်သည်။
“သခင်မဝမ်က အနက်ရောင်ကြောင်၊ အရှင်မင်းကြီးမွေးထားတဲ့ ဒီကြောင်ကြောင့် သခင်မကြီးက ပြန်ရှင်လာတယ်လို့ ပြောနေတာ။” နဂါးအစောင့်တစ်ဦးသည် နဉ်ရှောင်ယောင်း၏ မေးမြန်းသော အကြည့်ကို ခံရသောအခါ ခေါင်းငုံ့ကာ နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောလိုက်သည်။
နဉ်ရှောင်ယောင်းသည် သခင်မဝမ်ကို ဒူးထောက်ချင်စိတ် ပေါက်သွားသည်။ ကြာပန်းဖြူလေးနှင့် တစ်မိသားစုတည်းမှ ထွက်လာသည်မှာ မဆန်းပေ။ ပေါက်
တတ်ကရ မဟုတ်မဟတ်စကားကို အတည်ပေါက်ကြီးပြောထွက်နိုင်တယ်ပေါ့လေ။
“ဒါဆို မင်းဘာလို့များ သခင်မကြီးက မကျေမနပ်ဖြစ်ပြီး ကိုယ့်အတွက်ကိုယ်လက်စားချေဖို့ ပြန်ရှင်လာတယ်လို့ မပြောရတာလဲ။”
နဉ်ရှောင်ယောင်းက သခင်မဝမ်ကို မေးလိုက်သည်။
သခင်မဝမ်သည် နဉ်ရှောင်ယောင်း၏မေးခွန်းကြောင့် ကိုယ်ကို နောက်သို့ဆုတ်လိုက်သည်။ ဧကရာဇ်သည် အမတ်ချုပ်ကြီးအိမ်တော်တွင် ကြီးပြင်းလာသည်မှာ မှန်သော်လည်း သခင်မဝမ်သည် ဧကရာဇ်နှင့် မဆက်ဆံခဲ့ဖူးပေ။ တစ်အိမ်တည်းတွင် ဆယ်နှစ်ကျော်ကြာ နေထိုင်ခဲ့သော်လည်း ဤနှစ်ယောက်သည် သူစိမ်းများပင် ဖြစ်နေဆဲဖြစ်သည်။
“အရှင်မင်းကြီး။” အကြီးအကဲလီသည် ဤအချိန်တွင် နဉ်ရှောင်ယောင်း၏ ဘေးသို့ လျှောက်သွားပြီး တိုးတိုးလေး ပြောလိုက်
သည်။ “ဒါက အရှင့်ရဲ့ ဘေးတော်ပဲ။ တစ်ချို့စကားတွေကို အရှင်မင်းကြီး ဆင်ခြင်ပြီးပြောသင့်ပါတယ်။”
“ဘာကို ဆင်ခြင်ရမှာလဲ။” စိတ်တိုနေသော နဉ်ရှောင်ယောင်းသည် ဤအချိန်တွင် အကြီးအကဲလီကို မကြောက်တော့ပေ။ လက်ညှိုးဖြင့် သခင်မဝမ်ကို ညွှန်ပြကာ အော်ဟစ်လိုက်သည်။
“သူကြလျှောက်ပြောခွင့်ရှိပြီး ကျွန်တော်ကြ လျှောက်ပြောခွင့်မရှိဘူးလား။”
အားလုံး “…..”
ဒီတော အရှင်မင်းကြီးလျှောက်ပြောနေမှန်း မင်းကိုယ်မင်းလည်း သိသေးတာကိုး။
“အိုး ဟုတ်သားပဲ။” နဉ်ရှောင်ယောင်းသည် ဤအချိန်တွင် နဂါးအစောင့်နှစ်ဦးက မြေပြင်ပေါ်တွင် ဒူးထောက်ဖိထားသော ရှဲ့အန်းယိကို တစ်ချက်ကြည့်လိုက်ပြီး လက်ညှိုးဖြင့် အကြီးဆုံးသခင်လေးရှဲ့ကို ညွှန်ပြကာ ပြောလိုက်သည်။
“သခင်မကြီးက ဒီကောင်ကြောင့် စိတ်တိုပြီး ပြန်ရှင်လာတာလည်း ဖြစ်နိုင်တာပဲ။”
သခင်မဝမ်၏နှုတ်ခမ်းများသည် တုန်ယင်သွားသည်။ မျက်လုံးများ ပြူးကျယ်ကာ မှင်တက်နေသော သူမ၏သားကြီးကို ကြည့်လိုက်ပြီး သခင်မဝမ်သည် ငိုကြွေးလိုက်သည်။ ငိုရင်း အော်ဟစ်လိုက်သည်။ “အမေ၊ အမေ၊ မျက်လုံးဖွင့်ကြည့်ပါဦး၊ အမေရဲ့။”
သခင်မဝမ်၏ ငိုယိုသံကြောင့် ရှဲ့မိသားစု၏ ခေါင်းငုံ့ရပ်နေသော အမျိုးသမီးများသည်လည်း ငိုကြွေးလိုက်ကြသည်။
နဉ်ရှောင်ယောင်းသည် ထပ်မံတွေဝေသွားသည်။ ဒါဘယ်လိုအခြေအနေမျိုးလဲ။ စကားနိုင်မလုနိုင်တော့ ဒီလူအုပ်ကြီးက သူမကို မျက်ရည်နဲ့အနိုင်ယူချင်နေတာလား။
“ဒါက ဘယ်လိုပုံစံမျိုးလဲ။” အကြီးအကဲလီသည် ရှဲ့မိသားစု၏ အမျိုးသမီးများကို ညွှန်ပြကာ ဒေါသတကြီးဖြင့် အမတ်ချုပ်ကြီးရှဲ့ကို မေးလိုက်သည်။
အကြီးအကဲလီနှင့် အမတ်ချုပ်ကြီးရှဲ့ စကားနိုင်လုနေစဉ် ယင်းဖုန်းသည် လူအုပ်ထဲမှ အမျိုးသားအချို့ကို ညွှန်ပြကာ နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ဒီလူတွေက ဒီနေ့ နန်းတော်အပြင်ဘက်မှာ တပ်ကို ဦးဆောင်ခဲ့တဲ့လူတွေပဲ။”
နဉ်ရှောင်ယောင်းသည် ဤလူများကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ပြီး ရေတွက်လိုက်ရာ စုစုပေါင်း ခုနစ်ယောက်ရှိသည်။
“သူတို့က မြို့တော်စောင့်တပ်နဲ့ မြို့တံခါးစောင့်တပ်က လူတွေမဟုတ်ဘူး။” ယင်းဖုန်းက ပြောလိုက်သည်။
“အမတ်ချုပ်ကြီးက ပြည်နယ်အပြင်
ဘက်ကနေ မြို့တော်ကို ခေါ်လာတဲ့ ဗိုလ်ချုပ်တွေ ထင်တယ်။”
နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ တပ်ခေါ်ယူသည့်ကိစ္စကို မှတ်မနေ၍ တိုးတိုးလေး ယင်းဖုန်းကို ပြောလိုက်သည်။
“ဗိုလ်ချုပ်ချင်က အဲဒီစစ်သားတွေက တောင်ပိုင်းသားတွေလို့ ပြောတယ်။ သူတို့က တကယ်တောင်ပိုင်းသားတွေလား။”
ယင်းဖုန်းသည် ခေါင်းချင်းဆိုင်တိုင်ပင်နေသော ဤလူများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်မျိုး သူတို့စကားကို သွားနားထောင်ကြည့်လိုက်ပါ့မယ်။”
နဉ်ရှောင်ယောင်းသည် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
လိုကျစ်ကွေ့သည် ယင်းဖုန်း လူအုပ်ထဲသို့ လျှောက်သွားသည်ကို ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ “မင်းတို့ ဘာတွေပြောနေကြတာလဲ။”
“ဟွန်း။” နဉ်ရှောင်ယောင်းသည် ဟွန်းဟု တစ်ချက်ဆိုကာ အကြီးအကဲလီနှင့် အမတ်ချုပ်ကြီးရှဲ့၏ စကားနိုင်လုပွဲကို ဆက်လက်ကြည့်ရှုနေလိုက်သည်။
လိုကျစ်ကွေ့ "...." ဒီမိန်းကလေး သူ့ကိုစိတ်ဆိုးနေတာလား။
အကြီးအကဲလီနှင့် အမတ်ချုပ်ကြီးရှဲ့၏ စကားနိုင်လုပွဲကို ခဏကြည့်ရှုပြီးနောက် ဘာမှနားမလည်ဘဲ ခေါင်းမူးသွားသော နဉ်ရှောင်ယောင်းသည် အလွန်စိတ်ပင်ပန်းသွားသည်။ အင်္ကျီလက်ကျယ်ကိုပွတ်ကာ သကြားလုံးတစ်လုံး စားချင်စိတ် ပေါက်လာသော်လည်း ဤသည်မှာ အားမော့ကို ပေးရန်ဖြစ်ကြောင်း ရုတ်တရက် သတိရသွားပြီး လက်ကိုပြန်ချလိုက်သည်။ နဉ်ရှောင်ယောင်းသည် ဆက်လက်စိတ်ပင်ပန်းနေဆဲဖြစ်သည်။ ဝိညာဉ်ခန်းမသို့ အမွှေးတိုင်တစ်တိုင် လာထွန်းရုံဖြင့် ဤမျှလောက် ခေါင်းမူးစရာကောင်းသော အဆုံးသတ်ဖြစ်မည်ကို ကြိုသိခဲ့လျှင် သူမ လာမည်မဟုတ်ပေ။
ယင်းဖုန်းသည် အမျိုးသားများအနီးတွင် ခဏရပ်နေပြီးနောက် နဉ်ရှောင်ယောင်း၏ ဘေးသို့ ပြန်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ “သူတို့က ရုံးတော်သုံးစကား မပြောဘူး။ ကျွန်တော်မျိုး သူတို့စကားကို နားထောင်ရတာ တောင်ပိုင်းလေသံနဲ့တူတယ်။”
နဉ်ရှောင်ယောင်းသည် လွန်ခဲ့သောရက်အနည်းငယ်က ရုံးသုံးစကား၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ ရုံးတော်သုံးစကားသည် နောက်ပိုင်းခေတ်၏ အများသုံးဘာသာစကားနှင့် တူညီသည်။
“တောင်ပိုင်းလေသံ။” နဉ်ရှောင်ယောင်းသည် လက်ဖဝါးကိုကုတ်လိုက်ပြီး ယင်းဖုန်းကို မေးလိုက်သည်။ “ဒါဆိုရင် ငါ ဘယ်လိုလုပ်ရမလဲ။”
ယင်းဖုန်း စကားမပြောရသေးမီ လိုကျစ်ကွေ့က ပြောလိုက်သည်။ “ဖမ်းလိုက်။”
ယင်းဖုန်းက ပြောသည်။ “သူတို့က ရုံးသုံးဝတ်စုံမဝတ်ထားဘူး။ သူတို့က တပ်ကိုဦးဆောင်တဲ့ ဗိုလ်ချုပ်တွေမဟုတ်ဘူးလို့ ငြင်းရင် ကျွန်တော်တို့ ဘယ်လိုဖမ်းမလဲ။”
နဉ်ရှောင်ယောင်းက “ဟုတ်တယ်။ ဒီခုနစ်ယောက်က သူတို့က အမတ်ချုပ်ကြီးရဲ့ အဝေးကဆွေမျိုးတွေလို့ ပြောရင်ရော။”
လိုကျစ်ကွေ့က ယင်းဖုန်းကို ပြောလိုက်သည်။ “တောင်ပိုင်းစကား နားလည်တဲ့လူတစ်ယောက်ကို ခေါ်ပြီး ထပ်အတည်ပြုခိုင်းလိုက်။”
ယင်းဖုန်းသည် တောင်ပိုင်းဇာတိဖြစ်သော နဂါးအစောင့်တစ်ဦးကို ရှာဖွေပြီး လူအုပ်ထဲသို့ ထပ်မံဝင်သွားသည်။
“စားမလား။” လိုကျစ်ကွေ့သည် လက်ဖဝါးကိုဖြန့်ကာ နဉ်ရှောင်ယောင်းကို ပြလိုက်သည်။
နဉ်ရှောင်ယောင်းသည် စစ်သေနာပတိချုပ်လို၏ လက်ဖဝါးကို တစ်ချက်ကြည့်
လိုက်သောအခါ သကြားလုံးတစ်လုံးကိုတွေ့လိုက်ရသည်။
“ကျွန်တော့်ဆီမှာ တစ်ထုပ်နဲ့တစ်ဝက်ရှိသေးတယ်။” လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို တိုးတိုးလေး မေးလိုက်သည်။ “စားမလား။”
“ကိုယ့်ကို စိတ်ဆိုးနေတာလား။” လိုကျစ်ကွေ့က မေးသည်။
နဉ်ရှောင်ယောင်း၏ ပါးများ ဖောင်းကားလာသည်။
စစ်သေနာပတိချုပ်လိုသည် ချစ်ရေးချစ်ရာတွင် အတွေ့အကြုံမရှိသည်မှာ သေချာသော်လည်း သူသည် ထက်မြက်သူတစ်ယောက်ဖြစ်သည်။ မိန်းကလေးနဉ် အဘယ်ကြောင့် မိမိကို “ဟွန်း”ဟုဆိုသည်ကို စစ်သေနာပတိချုပ်သည် ဦးနှောက်ခြောက်ကာ စဉ်းစားလိုက်
သောအခါ နားလည်သွားသည်။
“အဲဒီတုန်းက အရမ်းရှုပ်နေခဲ့တာ ပြီးတော့ အဲဒီမိန်းကလေးရဲ့ အရပ်က မင်းနဲ့ အတူတူလောက်ပဲလေ အဲ့တာကြောင့်မှားသွားတာ”
လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ရှင်းပြလိုက်သည်။
“ကိုယ် သူ့ကို ဆွဲခေါ်သွားချင်တာမဟုတ်
ဘူး၊ လူမှားပြီးဆွဲမိသွားတာ။”
နဉ်ရှောင်ယောင်းသည် မြေကြီးပေါ်တွင် ထိုင်နေဆဲဖြစ်သော ရှဲ့သခင်မလေး ၅ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “ဘယ်မှာတူလို့လဲ။ အများကြီးကွာတယ်၊ သူ့ရင်ဘတ်က အကြီးကြီးပဲ။”
လိုကျစ်ကွေ့သည် နဖူးကိုပွတ်လိုက်သည်။ မီးလောင်နေစဉ်တွင် သူက မိန်းကလေးတစ်ယောက်ရဲ့ ရင်ဘတ်ကို စိုက်ကြည့်ရန် အချိန်ရှိပါ့မလား။
လိုကျစ်ကွေ့၏လက်ထဲမှ သကြားလုံးကို ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို စွေကြည့်ကာ ပြောလိုက်သည်။ “စကားဆက်မပြောနိုင်တော့ဘူးမလား။”
စစ်သေနာပတိချုပ်လိုသည် ဘာမှမတတ်နိုင်တော့ဘဲ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
“သူ့လိုမျိုးကို ကျွန်တော်မကြိုက်ဘူး။”
နဉ်ရှောင်ယောင်း ( ̄△ ̄;)
ဒါဆိုစစ်သေနာပတိချုပ်က ရင်ဘတ်ပြားကို ကြိုက်တဲ့သဘောလား???
“အဲဒီမိန်းကလေးက ဘာလို့ မင်းဘေးကို ရောက်လာတာလဲ။” လိုကျစ်ကွေ့က မေးသည်။
နဉ်ရှောင်ယောင်းက ထွေထွေထူးထူးမတွေးပဲပြောလိုက်သည်။ “အကူအညီတောင်းဖို့ဖြစ်မယ်ထင်တယ်။”
ထိုမိန်းမသည် ရှဲ့သော်ယင်းဖြစ်ကြောင်း သိရှိပြီးနောက် လိုကျစ်ကွေ့သည် ဤမိန်းကဘေး အဘယ်ကြောင့် နဉ်ရှောင်ယောင်း၏ ဘေးတွင် ပေါ်လာသည်ကို နားလည်သွားသည်။ ဤမိန်းမသည် ဧကရာဇ်၏ မယားဖြစ်ချင်နေခြင်းသာဖြစ်သည်။ သို့သော် နဉ်ရှောင်ယောင်း၏ မျက်လုံးဝိုင်းဝိုင်းလေးများကို ကြည့်လိုက်ပြီး လိုကျစ်ကွေ့သည် ဒီမိန်းကလေးကို အခုအတိုင်းတုံးအစွာ ဆက်လက်ထားရန် ဆုံးဖြတ်လိုက်သည်။
“ခင်ဗျား တကယ်ပဲ သူ့လိုမျိုးကို မကြိုက်ဘူးလား။” နဉ်ရှောင်ယောင်းက မေးသည်။
“မကြိုက်ဘူး။” လိုကျစ်ကွေ့သည် ခေါင်းကို သေချာပေါက် ခါလိုက်သည်။ သူက ဘယ်လိုလုပ်ပြီး ရှဲ့မိသားစုရဲ့ အမျိုးသမီးတစ်ယောက်ကို ကြိုက်နိုင်မှာလဲ။
“စစ်သေနာပတိချုပ်ရဲ့ အလှအပအမြင်က တော်တော်ထူးဆန်းတာပဲ။”
နဉ်ရှောင်ယောင်းသည် ရှဲ့သော်ယင်းကို ထပ်မံကြည့်လိုက်သည်။ လှပသော မိန်းကလေးတစ်ယောက်။ ကံမကောင်းစွာဖြင့် စစ်သေနာပတိချုပ်က ရင်ဘတ်ပြားတဲ့မိန်းကလေးကို ပိုကြိုက်တယ်တဲ့လေ!
ပတ်ဝန်းကျင်မှ နဂါးအစောင့်များသည် နားထောင်ရင်း အလွန်ရှက်ရွံ့သွားကြသည်။ အကြီးအကဲလီသည် အမတ်ချုပ်ကြီးရှဲ့နှင့် ရန်ဖြစ်လုနီးပါးဖြစ်နေပြီ။ ဧကရာဇ်နှင့် စစ်သေနာပတိချုပ်ကမူ ရှဲ့မိသားစုမှ အလှလေး၏ရင်ဘတ်ကို ဆွေးနွေးနေကြသည်။
ယင်းဖုန်းသည် ဤအချိန်တွင် ပြန်ရောက်လာပြီး စကားမပြောမီ နဉ်ရှောင်ယောင်းကို ခေါင်းညိတ်ပြလိုက်သည်။ “သူတို့က တောင်ပိုင်းသားတွေပါ။”
နဉ်ရှောင်ယောင်းသည် လက်နှစ်ဖက်ကို လက်သီးဆုပ်ကာ တစ်ချက်ထုလိုက်ပြီး လိုကျစ်ကွေ့ကို မေးလိုက်သည်။ “ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ။ တိုက်ရိုက်သွားပြီး သတ်လိုက်မလား။”
လိုကျစ်ကွေ့သည် ခေါင်းကို ခါလိုက်သည်။
နဉ်ရှောင်ယောင်းသည် လက်လွှတ်ချင်စိတ် ပေါက်သွားသည်။ သတ်လို့မရပြန်ဘူးလား။ စိတ်ပျော်ရွှင်အောင် လုပ်၍မရတော့ပေ။
“မီးလောင်နေပြီ။” အမတ်ချုပ်ကြီးအိမ်တော်မှ လူတစ်ယောက်သည် ဤအချိန်တွင် အော်ဟစ်လိုက်သည်။
ဘာလဲ။ နဉ်ရှောင်ယောင်းသည် သံသယဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။ မီးက အစကတည်းက လောင်နေတာပဲမဟုတ်ဘူးလား။
အိုး၊ ဘုရားသခင်။
နောက်သို့လှည့်ကြည့်လိုက်သောအခါ နဉ်ရှောင်ယောင်းသည် ဝိညာဉ်ခန်းမနောက်မှ အဆောက်အအုံတစ်တန်းသည် ဤအချိန်တွင် မီးလောင်နေသည်ကို တွေ့ရှိသွားသည်။
“မီးက နောက်ဖေးခြံက သစ်ပင်ကို လောင်ကျွမ်းသွားပြီး အဆောင်တွေကို ထပ်လောင်သွားတာဖြစ်မယ်။”
လိုကျစ်ကွေ့သည် တည်ကြည်စွာ ပြောလိုက်သည်။
နဉ်ရှောင်ယောင်: “ခင်ဗျား ရယ်ချင်ရင် ရယ်လိုက်ပါ၊ အောင့်ထားစရာမလိုဘူး။”
လိုကျစ်ကွေ့သည် အမှန်ပင် တစ်ချက်ရယ်လိုက်သည်။
နဉ်ရှောင်ယောင်းသည် မီးလောင်ရခြင်းအကြောင်းအရင်းကို စဉ်းစားလိုက်သည်။ သူမသာ အမွှေးတိုင်ထည့်ခွက်ကို မတော်တဆမခွဲခဲ့လျှင် ဤမီးသည် လောင်ကျွမ်းမှု ဖြစ်လာမည်မဟုတ်ပေ။
နည်းနည်းတော့စိတ်ညစ်ဖို့ကောင်းသလိုပဲ။
ဤမီးကိစ္စကို စုံစမ်းစစ်ဆေးပါက သူမက မီးရှို့သူဖြစ်နေပုံရသည်။
“ဘာလို့ ရပ်နေကြတာလဲ။” အမတ်ချုပ်ကြီးရှဲ့သည် ဤအချိန်တွင် အိမ်တော်ထဲမှ လူများကို အော်ဟစ်လိုက်သည်။ “မီးမငြှိမ်းကြသေးဘူးလား။”
ရှဲ့အိမ်တော်မှ လူများသည် ထိတ်လန့်တကြားဖြင့် မီးငြှိမ်းသတ်ရန် အလုပ်များနေခဲ့ကြသည်။
နဉ်ရှောင်ယောင်းသည် ကျောခိုင်းလိုက်ပြီး ရှဲ့အိမ်တော်မှ အစေခံငယ်တစ်ဦးကို ဆွဲခေါ်လိုက်ပြီး ပြောလိုက်သည်။ “ငါ သကြားလုံးတစ်လုံးနဲ့ မင်းရဲ့သတင်းကို ဝယ်မယ်။ ဘာလို့ အခုအမတ်ချုပ်ကြီးက ခုနကထပ်စိတ်ပူနေပုံရတာလဲ။”
အစေခံငယ်သည် လက်ရှိဧကရာဇ်ကို မှင်
တက်စွာ ကြည့်လိုက်သည်။ ယခုအခါအိမ်နဲ့အဆောင်များ မီးလောင်နေသည့်အပြင်
မီးလောင်ကျွမ်းနေသော အိမ်များကတဖြည်းဖြည်းများပြားလာသဖြင့် မည်သူက စိတ်မပူဘဲ နေနိုင်မည်နည်း။
“ကောင်းပြီ၊ မင်း ငါ့စကားကို နားမလည်လောက်ဘူး။” နဉ်ရှောင်ယောင်းသည် ဤအစေခံငယ် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ထပ်ပြောလိုက်သည်။ “
ငါဒီလိုမေးမယ်၊ အဲ့အနောက်ကအိမ်တွေက ဘာလုပ်ဖို့သုံးတာလဲ။”
အစေခံငယ်သည် ဒေါသထွက်နေသော မိမိအမတ်ချုပ်ကြီးကို ခိုးကြည့်လိုက်ပြီး လျင်မြန်စွာ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ “စပါးကျီလို့ ကြားဖူးပါတယ်။”
နဉ်ရှောင်ယောင်းသည် ပြုံးလိုက်သည်။
အစေခံငယ်သည် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “အ..အရှင်မင်းကြီး၊ ကျွန်တော်မျိုး သွားလို့ရပြီလား။”
လိုကျစ်ကွေ့ထံမှ သကြားလုံးတစ်လုံး တောင်းယူကာ အစေခံငယ်ကို ပေးလိုက်ပြီး နဉ်ရှောင်ယောင်းက ဤအစေခံငယ်ကို ပြောလိုက်သည်။ “ဒီကိစ္စကို ကောင်းကင်သိတယ်၊ မြေကြီးသိတယ်၊ မင်းသိတယ်၊ ငါသိတယ်၊ မင်းမပြောရင် ငါလည်းမပြောဘူး၊ အဆင်ပြေလား။”
အစေခံငယ်သည် ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။ ဤကိစ္စကို အမတ်ချုပ်ကြီး သိသွားလျှင် သူသေချာပေါက် အသက်ဆုံးရှုံးရလိမ့်မည်။
ယင်းဖုန်းတို့သည် တိတ်ဆိတ်နေရုံသာ တတ်နိုင်ပေသည်။ သူတို့အားလုံးလည်း ဤစကားပြောဆိုမှုကို ကြားလိုက်ရသည်။ ဤသည်ကို ကောင်းကင်သိ၊ မြေကြီးသိ၊ သင်သိ၊ ငါသိဟု ခေါ်ဆိုနိုင်ပါ့မလား???
“ကောင်းပြီ၊ နောက်ဆိုရင် အခက်အခဲရှိရင် ငါ့ကိုလာရှာ။” နဉ်ရှောင်ယောင်းသည် ဤအစေခံငယ်၏ ပခုံးကို ပုတ်ချင်သော်လည်း စစ်သေနာပတိချုပ်လိုက အလျင်အမြန် တားမြစ်လိုက်သည်။ နဉ်ရှောင်ယောင်းသည် ဤအစေခံငယ်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။ “သွားတော့။”
အစေခံငယ်သည် ခွေးလိုက်သကဲ့သို့ ပြေးထွက်သွားသည်။
“သာ့ဖုန်း။” နဉ်ရှောင်ယောင်းသည် ဟန်ဆောင်ကာ အော်လိုက်သည်။ “မြန်မြန်လုပ်၊ အပြင်က ကိုယ်ရံတော်တွေကို ခေါ်ပြီး မီးငြှိမ်းခိုင်းလိုက်။”
“စပါးလုမလို့လား။” ယင်းဖုန်းက ရိုးရှင်းစွာ မေးလိုက်သည်။
နဉ်ရှောင်ယောင်းသည် ခေါင်းညိတ်လိုက်ပြီး ဟဲဟဲဟု ရယ်မောလိုက်သည်။ အလွန်အကျိုးအမြတ်ရသကဲ့သို့ ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဒီတစ်ခေါက်တော့ လာရတာအလကားမဖြစ်ဘူးပဲ။”
ယင်းဖုန်းသည် နှာခေါင်းကိုပွတ်လိုက်ပြီး ညီအစ်ကိုတစ်ယောက်ကို အိမ်တော်အပြင်ဘက်သို့ လူခေါ်ရန် ပြေးခိုင်းလိုက်သည်။
“အဲဒီခုနစ်ယောက်က သွားတော့မယ်။” နဉ်ရှောင်ယောင်း၏နောက်တွင် ရပ်နေသော နဂါးအစောင့်တစ်ဦးသည် တိုးတိုးလေး ပြောလိုက်သည်။
“သူတို့ကို သွားခွင့်မပေးနိုင်ဘူး။” လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
နဉ်ရှောင်ယောင်း "...."
သူပဲ ငါ့ကို သွားပြီး မတိုက်ခိုက်ရ၊ သတ်လို့မရဘူးဆို အဲ့တော့ငါက မသွားခိုင်းတော့ဘာလုပ်ရမှာလဲ။ ငါကသွားပြီး သူတို့ခြေထောက်ကို ဖက်ပြီး မသွားအောင်တားရမှာလား။
“ခြံထဲက လူတစ်ယောက်မှ သွားခွင့်မရှိဘူး။” လိုကျစ်ကွေ့သည် ဤအချိန်တွင် အသံကျယ်စွာ အမိန့်ပေးလိုက်သည်။ “သခင်မကြီးရှဲ့ရဲ့ သေဆုံးမှုအကြောင်းရင်း မသိရသေးဘူး။ လူသတ်သမားကို မဖမ်းမိခင် ရှဲ့အိမ်တော်ရဲ့တံခါးကို ပိတ်ထားလိုက်။”
ယင်းဖုန်းသည် ချက်ချင်း အမိန့်ကို နာခံလိုက်သည်။ “ဟုတ်ကဲ့။”
နဉ်ရှောင်ယောင်းသည် ဤနှစ်ယောက်ကို ကြည့်လိုက်သည်။ စစ်သေနာပတိချုပ်နှင့် သာ့ဖုန်းရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်တုန်းက ဒီလောက် ချိန်သားကိုက်ကုန်ကြတာလဲ။
***