← Chapters

ငါ့ကို မင်းရဲ့ ခွန်အားအကုန်သုံးပြီးတော့ တိုက်ခိုက်

Vol. 27 Ch. 399

ငါ့ကို မင်းရဲ့ ခွန်အားအကုန်သုံးပြီးတော့ တိုက်ခိုက်

Vol. 27 Ch. 399

အခန်း (၃၉၉) : ငါ့ကို မင်းရဲ့ ခွန်အားအကုန်သုံးပြီးတော့ တိုက်ခိုက်

ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို အာရုံခံမိပြီးနောက် ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ခန္ဓာကိုယ် တုန်လှုပ်သွားကာ သူ၏ မုတ်ဆိတ်မွေးဖြူတချို့ကိုပင် ဆွဲနှုတ်လိုက်မိသည်။

“ မင်းရဲ့ ခန္ဓာတည်ဆောက်ပုံက အရမ်းကြောက်ဖို့ကောင်းတာပဲ။ မင်းက ထူးခြားအံ့ဖွယ်ပစ္စည်း ဆယ်မျိုးကျော်လောက်ကို ထည့်ထားရုံတင်မကဘူး ရှုပ်ထွေးပွေလီ အငွေ့အသက်ကိုတောင် သိမ်းဆည်းထားသေးတယ်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က အသက်ပြင်းပြင်းရှူကာ အံ့ဩမင်သက်မှုများဖြင့် ပြည့်နှက်သွားသည်။

စွမ်းအားကြီးတဲ့ နတ်ဧကရာဇ်တစ်ပါးဖြစ်တဲ့ ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှုပ်ထွေးပွေလီ အငွေ့အသက်က ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာကို ဘယ်လိုလုပ်ပြီးတော့ မသိပဲနေပါ့မလဲ

အဲဒါက နတ်ဧကရာဇ်တစ်ပါးတောင် မထိန်းချုပ်နိုင်တဲ့ စွမ်းအားပဲ

ဒါပေမဲ့ အဆုံးမှာ ဘယ်လိုဖြစ်သွားလဲ … အဲဒီစွမ်းအားကို အားနည်းတဲ့ နိဗာနကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ တွေ့လိုက်ရတယ်။ သူ့ဆီမှာ ရှုပ်ထွေးပွေလီ အငွေ့အသက် ရှိနေရုံတင် မကဘူး သူနဲ့ပါ ပေါင်းစပ်နေတာ

ဒါက လုံးဝ အံ့ဩစရာပဲ

“ စီနီယာပဒုမ္မာကြာ နတ်ဧကရာဇ် ကျွန်တော် စစ်ဆေးမှုကို အောင်မြင်ရဲ့လားဟင်”

ရှန်ထျန်းက တည်ငြိမ်စွာ ပြုံးလိုက်သည်။

သူ လုပ်ခဲ့တာက ရိုးရိုးရှင်းရှင်း ခန္ဓာကိုယ်ထဲကို ရှုပ်ထွေးပွေလီ အငွေ့အသက် ပေါင်းစပ်တာမျိုး မဟုတ်ဘူးလေ

မွေးရာပါ ရှုပ်ထွေးပွေလီ ခန္ဓာကို မရရှိခင်က ရှုပ်ထွေးပွေလီ အငွေ့အသက်က သူ၏ အာဟာရဖြစ်လာကာ သူ၏ ခြေလက်လိုမျိုး လိုသလို ထိန်းချုပ် ခံခဲ့ရသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။

မင်းက တစ်မူထူးခြားတဲ့ ကောင်လေး မဟုတ်လား

မင်းဆီမှာ သစ်သားဓာတ်ထူးခြားအံ့ဖွယ်ပစ္စည်းနှစ်မျိုး ရှိနေရုံတင် မကပဲနဲ့ အထွတ်အထိပ်အဆင့် ထူးခြားမီးတောက် သုံးမျိုးလည်း ရှိနေသေးတယ်။ မင်းက ဆေးပညာရပ်အတွက် မွေးဖွားလာတာပဲ

ရှုပ်ထွေးပွေလီ အငွေ့အသက်က… ငါ တစ်သက်လုံး လိုချင်နေခဲ့တဲ့အရာပဲ

ပဒုမ္မာကြာ နတ်ဧကရာဇ်က ပျော်ရွှင်ကာ ထိတ်လန့်သွားရသည်။

ကြည့်ရတာ ငါ အရမ်းကံကောင်းတယ် ထင်တယ်။ ဂူဗိမာန်ကို အသက်သွင်းပြီးတော့ ပထမဆုံးတွေ့လိုက်ရတဲ့သူတွေက ဒီလောက်ထိ အရည်အချင်းရှိတဲ့သူတွေ ဖြစ်မယ်လို့ ထင်မထားခဲ့ဘူး

ရှန်ထျန်းရဲ့ ထူးခြားလွန်းတဲ့ ခန္ဓာတည်ဆောက်ပုံကို ပြောမနေနဲ့တော့ မိန်းကလေးရဲ့ လင်းလုံဝိဇ္ဇာခန္ဓာကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းအတွင်း ထိပ်သီး ခန္ဓာတည်ဆောက်ပုံတွေထဲက တစ်ခု အပါအဝင်ပဲ

ထာဝရဇာမဏီမျိုးနွယ်က ဇာမဏီလေးကတော့ သစ်သားဓာတ်စွမ်းအင် မရှိလို့ နည်းနည်းချို့တဲ့နေပေမဲ့လည်း သူမကလည်း အတော်လေး အရည်အချင်း ရှိပါတယ်

ငါ့ရဲ့ ဆေးပညာအမွေအနှစ်ကို ကြေညာပြီးတော့ တိုးတက်မှုအသစ်ဆီ ခေါ်ဆောင်သွားလို့ တကယ်ရနိုင်ပြီလား

“ မင်းရဲ့ ခန္ဓာတည်ဆောက်ပုံက ခဏတာ ငါ့ရဲ့ လိုအပ်ချက်တွေကို ပြည့်စုံသွားစေတယ်။

နောက်ထပ် ဒုတိယစစ်ဆေးမှုပဲ။

ဒုတိယစစ်ဆေးမှုက မင်းတို့ရဲ့ ဆေးပညာအတွက် အရည်အချင်းကို စစ်ဆေးမှာ။

ဆေးပညာကို သင်ယူတဲ့နေရာမှာ သက်ဆိုင်ရာ ခန္ဓာတည်ဆောက်ပုံ ရှိဖို့ လိုရုံတင်မကသေးပဲနဲ့ အရည်အချင်းရှိဖို့လည်း လိုသေးတယ်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က နောက်ထပ် စစ်ဆေးမှုတစ်ခုကို ရှင်းပြရင်း တည်ငြိမ်ချင်ယောင်ဆောင်နေသည်။

“ ဒီမှာ ဆေးဖော်နည်း ၁၀၈ ခုကို မှတ်တမ်းတင်ထားတဲ့ နံရံပန်းချီ ၁၀၈ ချပ် ရှိတယ်။ ဒါတွေကို လေ့လာဖို့အတွက် အချိန်သုံးရက် ရမယ်။ အဲဒီအချိန်သုံးရက်အတွင်း မင်းတို့ကို ဘယ်သူမှ နှောင့်ယှက်နိုင်မှာ မဟုတ်ဘူး။ မင်းတို့ ဆေးဖော်နည်းကို သေချာသင်ယူပြီးပြီဆိုရင်တော့ မင်းတို့ကို အသိအမှတ် ပြုပေးမယ်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က လက်ယမ်းလိုက်သည့်အခါ ပတ်ဝန်းကျင် မြင်ကွင်းက ပြောင်းလဲသွားသည်။

ကြီးမားသော ကျောက်နံရံကြီးတစ်ခုက သူတို့ သုံးယောက်ရှေ့သို့ ရောက်ရှိလာသည်။

ဆေးဖော်နည်း ပုံချပ် ၁၀၈ ခုကို ကျောက်နံရံပေါ်တွင် ထွင်းထားသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ဆေးပညာရှင် ဖြစ်သည့်အတွက် သူ၏ ဆေးဖော်နည်းတွေက လိုက်လို့ မမှီနိုင်ပေ။ ထိုဆေးဖော်နည်းများက တန်ဖိုးအားဖြင့် တော်ဝင်ကျမ်းများနှင့် နှိုင်းယှဉ်လို့ရနိုင်သည်။

ထိုအရာများက ထင်ရှားသော ရုပ်ပုံများဖြင့် ထွင်းထုထားကာ သိပ်သည်းသော မြူခိုးများဖြင့် လွှမ်းခြုံနေသည့်အတွက် သူတို့ကို အင်မတန် ဆန်းကြယ်သွားစေသည်။

“ ဆေးဖော်နည်းရဲ့ ကိုယ်နေဟန်ထား ၁၀၈ ခုတဲ့လား”

“ အဲလောက်တောင် အများကြီးလား”

ရှန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ယခင်တုန်းက ဆေးပညာကို လုံးဝ မလေ့လာဖူးသည့်အတွက် နည်းလမ်းများကို သေချာမသိပေ။

သို့သော် နယ်မြေငါးခုရှိ ကျင့်ကြံသူများအတွက် ဆေးပညာ၏ စွမ်းအားက ပြိုင်ဘက်ကင်းလှသည်။

ကျင့်ကြံသူနှစ်ယောက်က အသေအကြေတိုက်ခိုက်နေတယ်လို့ စဉ်းစားကြည့်လိုက်။ သူတို့နှစ်ယောက် ခွန်အားလည်းတူပြီးတော့ အချင်းချင်း အပြင်းအထန် ဒဏ်ရာရအောင်လည်း လုပ်နိုင်တယ်လို့တွေးလိုက်။ ဒါပေမဲ့ ရုတ်တရက် တစ်ယောက်က ဆေးလုံးထုတ်သောက်ပြီး ချက်ချင်း ပြန်လည်ကုစားလိုက်ရင် ကျန်တဲ့တစ်ယောက်က စိတ်အားငယ်သွားမယ် မဟုတ်လား

ဒါက ဆေးလုံး မဟုတ်ဘူး ဒုတိယအသက်ပဲ

သာမန်ဆေးလုံးများက ရှန်ထျန်းအတွက် အသုံးမဝင်ပေ။ သူ့ ခန္ဓာကိုယ်ထဲတွင် ဓာတ်ငါးပါးက အချင်းချင်း အထောက်အပံ့ ပေးနေသည့်အတွက် ပြန်လည်ကုစားနိုင်စွမ်းက ကြီးမားလှသည်။ ပြောရလျှင် သူ့တွင် အဆုံးမဲ့စွမ်းအား ရှိနေသလိုမျိုး ဖြစ်နေသည်။

ထို့အပြင် သူ့ဆီမှာ အထွတ်အထိပ်အဆင့် ကုစားဆေးများ ဖြစ်သည့် သုံးရောင်ခြယ်ရေစင်နှင့် နိဗာနတော်ဝင်ရေစင်ကို ကီလိုလီတာနှင့် ချီပြီး ရှိသည်။

ရှန်ထျန်းက ဆေးလုံးတွေ မလိုဘူးဟု ပြောလို့ရသည်။

သို့သော်လည်း ရှန်ထျန်းက ထို ဆေးပညာရပ်များကို လိုချင်နေဆဲ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ သိုလှောင်လက်စွပ်ထဲတွင် အမျိုးမျိုးသော ဆန်းကြယ်နယ်ပယ်များမှ များပြားသော ဝိညာဉ်ဆေးပင်များ ရှိနေသောကြောင့် ဖြစ်သည်။ ထို ဝိညာဉ်ဆေးပင်များက အရမ်းအဖိုးတန်သည့်အတွက် ထိုအထဲက တစ်ခုကို ထုတ်လိုက်လျှင်ပင် တခြားကျင့်ကြံသူများက ထိုအရာအတွက် တိုက်ခိုက်ကြလိမ့်မည်ဖြစ်ပြီး သွေးချောင်းစီးသည်အထိ ဖြစ်သွားနိုင်သည်။

သို့သော် ထိုဆေးပင်များက ရှန်ထျန်းအတွက် သုံးစရာ များများစားစား မရှိပေ။ ပုံမှန်အားဖြင့် ထိုအရာများက အီနေသော အရသာကို ဖြေဖျောက်ဖို့အတွက် စားသည့် အသီးအရွက်များအဖြစ်သာ သတ်မှတ်ထားသည်။

သို့သော် ဤ ဆေးပညာရပ်များကို မြင်လိုက်ရသည့်အခါ ရှန်ထျန်း၏ အကြည့်တို့ လင်းလက်တောက်ပသွားသည်။ သူသာ ဆေးပညာရပ်ကို သင်ယူနိုင်ပါက ဤဝိညာဉ်ဆေးပင်များကို ဆေးလုံးများအဖြစ် ဖန်တီးနိုင်မှာ သေချာသည်။

ဒါဆိုရင် ဘာမှမလုပ်ပဲ စားတာထက် ဆေးလုံးအဖြစ်ပြောင်းပြီး စားတာကတော့ ပိုပြီးတော့ ကောင်းမှာပဲ ဟုတ်တယ်မလား

ရှန်ထျန်း မစားနိုင်လျှင်ပင် တခြားသူများကို ပေးလိုက်လို့လည်းရသည်။ အနာဂတ်မှာ တွေ့သော ကံကြမ္မာကောင်းချီး ပေးခံထားရသည့် တခြားကျင့်ကြံသူများထံသို့လည်း လက်ဆောင်ပေးလို့ ရသည်။

ဒါဆိုရင် သူတို့ဆီကနေ အလကားယူဖို့အတွက် ပိုပြီးလွယ်ကူသွားတော့မှာပဲ

ထိုအတွေးကြောင့် ရှန်ထျန်း ရုတ်တရက် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်သွားသည်။

ငါ သေချာပေါက် ဆေးပညာရပ်ကို သင်ယူမယ်

“ စစ်ဆေးမှု စတင်ပြီ”

ပဒုမ္မာကြာ နတ်ဧကရာဇ် စကားပြောပြီးနောက် ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသည်။

နံရံပန်းချီ ၁၀၈ ချပ်က အကောင်းဆုံးနှင့် ဖန်တီးထားသော ဆေးပညာရပ်များကို အသေးစိတ်စုစည်းထားသည့် တာအိုပမာဏအနည်းငယ်ကို လွှတ်ထုတ်နေသည်။

ရှီလင်းလုံက ပထမဆုံး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူမက ကျောက်နံရံပေါ်ရှိ ထွင်းထားသည်များကို သေချာစိုက်ကြည့်ကာ ဂရုတစိုက် လေ့လာမှတ်သားနေသည်။

သူမက ပန်းချီများတွင် ဖော်ပြထားသည့်အတိုင်း ဆေးလုံးလုပ်သည့် လက်ဟန်များကို လိုက်ပြီး လုပ်ကြည့်နေသည်။

သူမ ဆက်လက်ကျင့်ကြံရင်း ဆေးပညာရပ်များတွင် ကျွမ်းကျင်မှုက လျင်မြန်စွာတိုးမြင့်လာသည်။

အချိန်များ ကုန်လာသည်နှင့်တစ်ပြိုင်နက် သူမက ဆေးပညာရပ်များကို အသုံးပြုသည့်နေရာတွင် ပိုပြီးတော့ ကျွမ်းကျင်လာသည်။ သူမ၏ အနေအထားကလည်း ပိုမို ကျက်သရေရှိလာသည်။

ရုတ်တရက် ရှီလင်းလုံ တောက်ပသွားကာ သူမ၏ နောက်တွင် သိပ်သည်းသော လေဟာနယ်နေရာလွတ် တစ်ခုပေါ်လာပြီး ရောင်သွေးစုံလင်စွာဖြင့် တောက်ပနေသည်။

လေဟာနယ် နေရာလွတ်က ဆေးလုံး လုပ်သည့် မြင်ကွင်းကိုသာ ဆက်တိုက် ပြန်ပြနေပြီး ရှီလင်းလုံပေါ်ရှိ အံ့ဖွယ်အလင်းတန်းကို ပိုမိုတောက်ပစေသည်။

သူမက ဆေးပညာရပ်ကို ကျင့်ကြံရင်း လက်များကို ကကြိုးသွယ်နေသလိုမျိုး လှုပ်ရှားနေသည်။ သူမအပေါ် အလင်းဖြာကျနေသည်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်တီးထားသလိုမျိုး ခံစားရစေသည်။

“ သူမက အတော်လေး အရည်အချင်းရှိတဲ့။ ပထမဆုံး ပန်းချီကို ငါးမိနစ်ထဲမှာပဲ နားလည်သွားပြီ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည်။ ရှီလင်းလုံက ဆေးပညာရပ်တွင် အခြေခံအုတ်မြစ် တချို့ရှိသည်။ သူမ၏ လင်းလုံဝိဇ္ဇာခန္ဓာကလည်း တာအိုအားလုံးနှင့် ဆက်နွယ်နေသည်။

“ အဆုံးသတ်ကျရင် သူမ ဘယ်လောက်ထိ သင်ယူနိုင်မလဲဆိုတာကို သိချင်လိုက်တာ”

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အကြည့်တို့တွင် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဤ ပန်းချီ ၁၀၈ ချပ်တွင် သူ့ဘဝတစ်လျှောက်လုံး သင်ယူခဲ့သည့် ဆေးပညာရပ်များ ပါဝင်သည်။ ဆေးပညာရပ်တိုင်းက ထူးခြားပြီး အကောင်းတကာ့ အကောင်းဆုံးတွေသာ ဖြစ်သည်။

နံရံပန်းချီပေါ်ရှိ ပညာရပ်ထဲမှ တစ်ခုကိုသာ သင်ယူနိုင်ပါက သာမန်ကျင့်ကြံသူများအနေဖြင့် အများကြီး တိုးတက်သွားနိုင်သည်။

ထိုပညာရပ်များကို ကျင့်ကြံသည့်အခါ ခက်ခဲမှုက အင်မတန် မြင့်မားသည်။

ရှီလင်းလုံမှာ လင်းလုံဝိဇ္ဇာခန္ဓာ ရှိသော်လည်း သတ်မှတ်ထားသည့်အချိန်တွင် ထိုပညာရပ်များအားလုံးကို သင်ယူနိုင်ဖို့ မဖြစ်နိုင်ပေ။ သို့သော် ထိုပညာရပ်များ၏ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ သင်ယူနိုင်ပါက သူမ၏ ဘဝအတွက် အကျိုးရှိသည်ဟု ပြောလို့ရသည်။

“ အဲဒီကလေး ဘယ်လိုလုပ်မယ်ဆိုတာကို သိချင်လိုက်တာ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်းကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေသည်။ ထိုလူငယ်လေး၏ ဉာဏ်အလင်းပွင့်မှုက ဘယ်လောက်ထိ မြင့်မားလဲဆိုတာကို သူ တကယ်သိချင်နေမိသည်။

ရှန်ထျန်းက နံရံပန်းချီများရှေ့တွင်ထိုင်ကာ နေမီးလျှံကဲ့သို့ တစ်ကိုယ်လုံးတောက်ပနေသည်ကိုသာ သူ မြင်နေရသည်။

သူ့နောက်တွင် ဧရာမပုံရိပ်သဏ္ဌာန်ကြီးတစ်ခု ရှိသည်။

ကောင်းကင်ဘုံအောက်ရှိ တာအိုအားလုံး ဤနေရာသို့ ဆင်းသက်လာသလိုမျိုး ထိုပုံရိပ်၏ ဘေးပတ်လည်တွင် စည်းမျဉ်းများ ပတ်လည်ဝန်းရံနေသည်။

ထိတ်လန့်စရာကောင်းသည့်အရာက ထိုပုံရိပ်၏ လှုပ်ရှားမှုများက ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည်။ သူ့လက်များကို လျင်မြန်စွာလှုပ်ရှားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပထမမှ စတုတ္ထပန်းချီအထိ သင်ယူခဲ့ပြီး သူ့ အရှိန်က မယုံနိုင်လောက်အောင် လျင်မြန်သည်။

သေစမ်း သူက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ

သူက ငါးမိနစ်အတွင်းမှာ စတုတ္ထမြောက်ပန်းချီအထိ ရောက်ရှိသွားပြီတဲ့လား

ငါ မြင်တာသာ မမှားဘူးဆိုရင် သူ အရင်တုန်းက ဆေးပညာရပ်ကို မသိခဲ့ဘူး

မဟုတ်ရင် ပထမဆုံးပန်းချီကို သင်ယူတုန်းက အဲလောက်ထိ တောင့်တင်းနေမှာ မဟုတ်ဘူး

ဒါဆိုရင် …အခုမှ စတင်သင်ယူသူအဖြစ်ပဲ ရှိသေးတာပေါ့

သူ ပထမဆုံး ဆေးပညာရပ်ကို ထိတွေ့ကတည်းက ငါ့ရဲ့ အထွတ်အထိပ်တော်ဝင်အဆင့် ဆေးပညာရပ်လေးခုကို နားလည်သွားနိုင်တာတဲ့လား

ပဒုမ္မာကြာ နတ်ဧကရာဇ်က ဆေးပညာရပ်များကို လိုလိုချင်ချင် မျှဝေပေးလျှင်ပင် သေချာပေါက် ရက်စက်သည့်အရာ ဖြစ်သည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်း၏ အမြန်နှုန်းကြောင့် မယုံကြည်နိုင် ဖြစ်နေသည်။

ထိုနံရံပန်းချီ ၁၀၈ ချပ်က သူ၏ တစ်သက်စာ ဆေးပညာရပ်နားလည်မှု အနှစ်သာရများ ဖြစ်သည်။ သူ၏ အထွတ်အထိပ်ရောက်မှုနှင့် ဆန်းကြယ်မှုကြောင့် နယ်မြေငါးခုလုံးတွင် ထိပ်သီး ဆေးပညာရပ်အမွေအနှစ်ဖြစ်သည်ဟု ပြောနိုင်သည်။

သူ နှစ်ပေါင်းတစ်သောင်းကြာ အချိန်ကုန်ဆုံးခဲ့သည့် ဆေးပညာရပ်အပေါ် နားလည်မှုက ဘယ်လိုရေတွက်ရမလဲဆိုပြီး သင်ယူတာလောက် မလွယ်ကူပေ။

သူ ဒီလောက်ထိ မြန်မြန်နဲ့ နားလည်နိုင်သွားတာ မဖြစ်နိုင်ဘူး။ ဒါက အဓိပ္ပာယ်မရှိဘူး

ဆေးပညာရပ်များကို နားလည်သော သူ့အရှိန်က ပဒုမ္မာကြာ နတ်ဧကရာဇ်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်စေသည်ဟု ရှန်ထျန်းမသိပေ။

ရှန်ထျန်းက ယခု မွေးရာပါ ကောင်းကင်တာအိုမျက်လုံးများကို အသက်သွင်းဖို့ အကောင်းဆုံးကြိုးစားရင်း ကောက်ချက်ချကာ ထို ဆေးပညာရပ်များကို ကျင့်ကြံနေသည်။

မွေးရာပါ ခန္ဓာတည်ဆောက်ပုံကြောင့် သူ့မှာ တာအိုအားလုံးနှင့် မြင့်မားသော ဆက်နွယ်မှု ရှိနေသည်။ ထို့ကြောင့် သူ၏ မွေးရာပါ ခန္ဓာတည်ဆောက်ပုံဖြင့် ကျင့်စဉ်အားလုံးကို သင်ယူဖို့က သူ့အတွက် လွယ်ကူလှသည်။

ထို့ကြောင့် မွေးရာပါ ခန္ဓာတည်ဆောက်ပုံကို မြှင့်တင်ပြီးနောက် ဆေးပညာရပ်များကို သင်ယူသည့်အရှိန်ကလည်း ကြောက်စရာကောင်းလောက်အောင် အရမ်းမြန်ဆန်လာသည်။

နံရံပန်းချီ ၅ ချပ်မြောက်

၁၀ ချပ်မြောက်

၁၅ ချပ်မြောက်

၁၀၇ ချပ်မြောက်

၁၀၈ ချပ်မြောက်

အစတုန်းက ရှန်ထျန်း ပထမဆုံး နံရံပန်းချီများကို သင်ယူတုန်းက ဆေးပညာရပ်ကို အခုမှ စတင်လေ့လာသည့်အတွက် သိပ်ပြီး မရင်းနှီးခဲ့ပေ။

သို့သော် နားလည်မှု နက်နဲလာသည်နှင့်အမျှ ဆက်တိုက်ဖြစ်နေသော နံရံပန်းချီများအပေါ် နားလည်နိုင်စွမ်းက အရှိန်ပိုမိုမြင့်မားလာသည်။

နေ့တစ်ဝက်အတွင်းမှာပင် ရှန်ထျန်းက နံရံပန်းချီ ၁၀၈ ချပ်လုံးကို ပြီးပြည့်စုံစွာ သင်ယူပြီးပြီဖြစ်သည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က လုံးဝ ကြောင်အသွားရသည်။

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ် ကျွန်တော် အားလုံးကို သင်ယူပြီးသွားပါပြီ”

ရှန်ထျန်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီးနောက် မျက်လုံးများက သိသာထင်ရှားစွာ တောက်ပနေသည်။ ဧရာမပုံရိပ်က လုံးဝ ပျောက်ကွယ်သွားကာ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ထိုအရာက ရှန်ထျန်း၏ အရှိန်အဝါကို ပိုမိုသိပ်သည်းအောင် ပြုလုပ်ပေးပြီး စွမ်းအားကြီးသော ဆေးပညာရှင်တစ်ယောက် အသွင်ဆောင်သည်။

တကယ်လည်း အဲလိုဖြစ်သွားပြီ

ရှန်ထျန်းက ပဒုမ္မာနတ်ဧကရာဇ်၏ တစ်ဘဝစာ ဗဟုသုတတွေဖြစ်တဲ့ နံရံပန်းချီ ၁၀၈ ချပ်လုံးကို သင်ယူခဲ့ပြီးပြီဖြစ်သည်။

ထိုပညာရပ် ၁၀၈ ချပ်ထဲမှ တစ်ခုဖြင့်ပင် သာမန် ဆေးပညာရှင်ကို အလွယ်လေး အနိုင်ယူလို့ရသည်။

လက်ရှိတွင် ရှန်ထျန်းက ၁၀၈ ခုလုံးကို သင်ယူလိုက်ပြီဖြစ်သည့်အတွက် ဆေးပညာရပ်တွင် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူက နှစ်ထောင်ပေါင်းများစွာ ဆေးပညာရပ်ကို ကျင့်ကြံထားသော စွမ်းအားကြီးသူကိုပင် ယှဉ်ပြိုင်လို့ရနေပြီ ဖြစ်သည်။

ရှန်ထျန်းသာ ဆန္ဒရှိပါက သူ ဖန်တီးလိုက်သော ဆေးလုံးအတွက် နယ်မြေငါးခုရှိ မရေတွက်နိုင်သော ကျင့်ကြံသူများက ရန်ဖြစ်ကြလိမ့်မည်။

“ ကောင်းပြီလေ… မင်းက မဆိုးပါဘူး”

ပဒုမ္မာကြာ နတ်ဧကရာဇ်က နှုတ်ခမ်းကို သပ်ကာ တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း အထဲမှာတော့ အော်ကြွေးနေသည်။

ရှန်ထျန်းက မဆိုးရုံတင်မကဘူး သူက မကောင်းဆိုးဝါးတစ်ကောင်လိုပဲ

ပဒုမ္မာကြာ နတ်ဧကရာဇ်ကိုယ်တိုင်ပင် ဆေးပညာရပ် ၁၀၈ ခုလုံးကို နေ့ဝက်အတွင်း သင်ယူနိုင်မည် မဟုတ်ပေ။

ဒါပေမဲ့ ရှန်ထျန်းက အဲလိုမျိုး အောင်မြင်စွာ လုပ်နိုင်ရုံသာမက ပိုပြီးကျွမ်းကျင်သောအဆင့်သို့ပင် ရောက်ရှိသွားတယ်ပေါ့လေ

ဒါက ဘယ်လောက်ထိတောင် မြန်လိုက်သလဲ။ သူက အရမ်းမြန်တယ်။ ယောက်ျားတွေက အရမ်းမြန်လို့မရဘူးလေ

ဒီကလေးက အားနည်းတဲ့ နိဗာနကျင့်ကြံသူ မဟုတ်ပဲ နတ်ဘုရားလောကက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဆိုရင် ဖြစ်နိုင်လောက်လား

ထိုအခိုက်အတန့်တွင် ပဒုမ္မာကြာ နတ်ဧကရာဇ်က စတင်ပြီး မယုံကြည်နိုင် ဖြစ်လာသည်။ သူ၏ ပညာရပ်များက တိတ်တဆိတ် ဖော်ထုတ်ခံလိုက်ရပြီး ရှန်ထျန်း ရသွားတာလားဟုပင် ထင်မှတ်နေမိသည်။

အဲလိုသာမဟုတ်ရင် ဖြစ်ပျက်သွားတာတွေက အရမ်းကို ယုံနိုင်ဖွယ်ရာ မရှိဘူးလေ

ပဒုမ္မာကြာ နတ်ဧကရာဇ်က လုံးဝ နားမလည်နိုင်တော့ပေ။

“ မင်းက အရမ်းအရည်အချင်း ရှိတာပဲ ငါငယ်ငယ်တုန်းကနဲ့ ယှဉ်လိုက်ရင်တော့ နည်းနည်းလိုနေသေးတယ်ဆိုပေမဲ့ပေါ့”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်းကို ပြောရင်း မျက်နှာနီရဲနေသည်။

“ စီနီယာ ကျွန်တော်ကို ချီးကျူးလွန်းနေပါပြီ”

ရှန်ထျန်းက ပြုံးလိုက်မိသည်။ သူက ဆေးပညာရပ်ကို အခုမှ သင်ယူခါစဖြစ်သည့်အတွက် နှစ်ပေါင်းတစ်သောင်းကြာ ဆေးပညာရပ်ကို ကျင့်ကြံထားသည့် နတ်ဧကရာဇ်နှင့် နှိုင်းယှဉ်နိုင်သည့်အဆင့်သို့ ရောက်သွားသည်က ဂုဏ်ယူစရာ ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူက ပညာရပ်တွေကို အပျော်ပဲ သင်ယူခဲ့တာဆိုတော့ ဆေးလုံးလုပ်နိုင်ရုံလောက်ဆိုရင် ရပြီ

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ ကုန်ဆုံးသွားသည်။

ရှီလင်းလုံက ဉာဏ်အလင်းပွင့် အခြေအနေမှ နိုးထလာသည့်အခါ ဝမ်းမြောက်ကျေနပ်သွားသလို နောင်တရသွားတာမျိုးလည်း ဖြစ်သည်။

ဤ ဆေးပညာရပ် ၁၀၈ ခုက အရမ်းသိမ်မွေ့နက်နဲလွန်းသည့်အတွက် သုံးရက်အတွင်း ပညာရပ်အကုန်လုံးကို သူမ၏ လင်းလုံဝိဇ္ဇာခန္ဓာထဲသို့ မထည့်သွင်းနိုင်ခဲ့ပေ။

သို့သော် သူမ ကြီးမားသော အကျိုးအမြတ်ကို ရရှိလိုက်သည်။

ဉာဏ်အလင်းပွင့်မှုကို ရရှိသွားပြီးနောက် ရှီလင်းလုံ၏ ဆေးပညာရပ်က အတော်လေး တိုးတက်သွားကာ အနည်းဆုံး နှစ်၁၀၀ စာ အလုပ်ကို လုပ်စရာ မလိုတော့ပေ။

“ မဆိုးပါဘူး မင်းက တော်သားပဲ။ သုံးရက်အတွင်းမှာ ဆေးပညာရပ် ၄၉ ခုကို တကယ် နားလည်သွားပြီ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က မင်းသမီးလင်းလုံကို အတော်လေး ကျေနပ်သည့်အတွက် နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်သည်။ သူက ဆေးပညာရပ် ၄၉ ကို နားလည်သွားနိုင်သည့်အတွက် ထိပ်သီးပါရမီရှင်များထဲမှ တစ်ယောက်ဟု သတ်မှတ်နိုင်သည်။

သူမကို နယ်မြေငါးခုရှိ ပါရမီရှင်များအားလုံးနှင့် နှိုင်းယှဉ်လိုက်ပါက ထိပ်သီးပါရမီရှင်များထဲမှ တစ်ယောက်ဟု သတ်မှတ်လို့ရနိုင်သည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ပြိုင်ဘက်ကင်း ပါရမီရှင်ထဲတွင် မပါဝင်ပေ။

သူမကို ရှန်ထျန်းနှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက မင်းသမီးလင်းလုံတင် မကသေးပဲ နတ်ဧကရာဇ်တစ်ယောက်ပင် ပြန်ပြီးမွေးဖွားလာပါက သူတို့နှစ်ယောက်ကြားက ကွာခြားချက်ကြောင့် ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာ ရလာမှာသေချာတယ်

“ စီနီယာရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်”

ရှီလင်းလုံက အတော်လေး ပျော်ရွှင်နေသည်။ နတ်ဧကရာဇ်ဆီမှ အသိအမှတ်ပြုခံရတာက ကောင်းမွန်သည့်အရာဖြစ်သည်။

သူက တစ်ခုခုကို သတိရသွားသည့်ပုံစံဖြင့် မေးလိုက်သည်

“ အစ်ကိုရှန်ရော ဘယ်လိုလဲ။ သူကရော ဘယ်နှစ်ခု နားလည်သွားလဲဟင်”

“ အဲဒီကောင်လေးက ပထမတစ်ရက်မှာတင် ၁၀၈ ခုလုံးကို နားလည်သွားတယ်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ထူးဆန်းသော မျက်နှာထားမျိုး ဖြစ်နေသည်။

သူမက ဘာလို့ ဒီလိုမေးခွန်းမျိုး မေးရတာလဲ။ အဲဒါ မင်း မေးလို့နော်။ ငါ့ကို အပြစ်လာတင်လို့ မရဘူး

ရှန်ထျန်း၏ စွမ်းရည်အကြောင်း သိသွားပါက မင်းသမီးလင်းလုံ စိတ်ရှုပ်ထွေးသွားလိမ့်မည်ဟု ပဒုမ္မာကြာနတ်ဧကရာဇ်က တွေးထားခဲ့သည်။

ထို့ကြောင့် ပဒုမ္မာကြာ နတ်ဧကရာဇ်က အမြော်အမြင်ရှိသူပီပီ  “နေ့တစ်ဝက်”ဆိုသောအချိန်ကို “တစ်ရက်”ဟု ပြောင်းပြောလိုက်ခြင်း ဖြစ်သည်။

ဤနည်းဖြင့် ရှီလင်းလုံကို ထိတ်လန့်မသွားအောင် လုပ်ပေးခဲ့သည်။

သို့သော် သူ မှားသွားခဲ့သည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ စကားများကို ကြားပြီး မင်းသမီးလင်းလုံ အရမ်းပျော်ရွှင်သွားသည်။ သူမကိုယ်တိုင် ချီးကျူးခံရတုန်းကထက်ပင် ပိုမိုပျော်ရွှင်နေသည်။

“ သူက ပညာရပ် ၁၀၈ ခုလုံးကို တစ်ရက်ထဲနဲ့တင် နားလည်သွားတာတဲ့လား။ အရမ်းအံ့ဩဖို့ကောင်းတာပဲ။ အစ်ကိုရှန်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ”

မင်းသမီးလင်းလုံက တောက်ပစွာ ပြုံးလိုက်သည်။

နတ်ဧကရာဇ်ကတောင် အစ်ကိုရှန်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုတယ်ဆိုတော့ ငါ့အဖေလည်း ငါတို့နှစ်ယောက်ကို မတားမြစ်လောက်တော့ဘူး

ထို့နောက် ရှီလင်းလုံက တစ်စုံတစ်ခုကို တွေးမိသည့်ပုံစံဖြင့် မျက်နှာနီရဲသွားသည်။

ငါ အရမ်းပျော်တာပဲ

လျှောက်တွေးနေသော မင်းသမီးလင်းလုံကို ကြည့်ပြီး ပဒုမ္မာကြာ နတ်ဧကရာဇ် ချွေးစေးပြန်လာမိသည်။

အကြွင်းအကျန် အသိစိတ်က ချွေးထွက်တတ်လားဆိုတာကိုတော့ ဘယ်သူကသိမှာလဲ

“ ဟုတ်ပြီ အခု တတိယမြောက် စစ်ဆေးမှုအချိန်ရောက်ပြီ

တတိယမြောက် စစ်ဆေးမှုက မင်းတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို စစ်ဆေးမှာ။

ဆေးပညာရပ်က ဆေးလုပ်တာကို ပိုပြီးအသားပေးထားပေမဲ့ တခြားသူတွေကို မကယ်ခင် ကိုယ့်ရဲ့ လုံခြုံမှုကို ဦးစားပေးထားရမယ်။ အဲဒါကြောင့် မင်းတို့ကိုယ်တိုင်က စွမ်းအားကြီးနေမှသာ တခြားသူတွေကို ကယ်ဖို့လည်း အရည်အချင်း ရှိမယ်။ မဟုတ်ရင် ကျေးဇူးနဲ့အငြိုးအတေး ဒါမှမဟုတ် အကျိုးနဲ့အကြောင်းကြောင့် မင်းတို့ကိုယ်မင်းတို့ ကယ်တင်ဖို့အတွက် ခဲယဉ်းပြီးတော့ ကိုယ့်သေတွင်းကို တူးသလိုမျိုး ဖြစ်နေလိမ့်မယ်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က သက်ပြင်းချကာ ယခင်က ဝမ်းနည်းစရာအတိတ်ကို သတိရသွားသလိုမျိုး စိတ်မကောင်းဖြစ်နေသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ် စိတ်ဓာတ်ကျသွားသည့် ပုံစံကို ကြည့်ကာ ရှန်ထျန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။

ဒီနတ်ဧကရာဇ် ငယ်ငယ်တုန်းက ဆေးဖက်ဆိုင်ရာ အငြင်းပွားချက်များ ကြုံတွေ့ခဲ့ရတာလား မသိဘူး

ဆေးဖက်ဆိုင်ရာ အငြင်းပွားချက်က ဘယ်နေရာမှာမဆို ဖြစ်နိုင်သည့်အတွက် တခြားသူများကို မကယ်တင်နိုင်ခင် သတ်ဖြတ်နည်းကို သင်ထားရမည် ဖြစ်သည်။

“ တတိယမြောက် စစ်ဆေးမှုက ငါ့ရဲ့ ကိုယ်ပွားနဲ့ တိုက်ခိုက်ရမယ်။

ငါ့ရဲ့ ကိုယ်ပွားကနေ တစ်ဆင့် ငါ့ရဲ့ ကျင့်စဉ်နဲ့ ကိုယ်ခံပညာတွေကို သင်ယူလို့ရတယ်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ဆေးပညာရပ်ကြောင့် ကျော်ကြားသူဖြစ်သော်လည်း နတ်ဧကရာဇ်ဖြစ်လာသော ကျင့်ကြံသူတွေထဲတွင် တိုက်ခိုက်စွမ်းရည် အားနည်းသူ တစ်ယောက်မှ မရှိပေ။

တိုက်ပွဲတွေကို မကြိုက်တာနဲ့ပဲ မတိုက်ခိုက်နိုင်ဘူးလို့ ပြောလို့မရဘူး

“ ငါ့ရဲ့ ကိုယ်ပွားရဲ့ ကျင့်ကြံဆင့်ကို မင်းတို့နဲ့ အဆင့်တူအဖြစ် ကန့်သတ်လိုက်မယ်။

မင်းတို့သင်ယူခဲ့တာတွေကို အစွမ်းကုန်အသုံးချပြီး တိုက်ခိုက်ဖို့ပဲ လိုတယ်။ နောက်ဆုံးအထိ ကျန်ရှိနေဖို့ အကောင်းဆုံး ကြိုးစား ဒါဆိုရင် မင်းတို့ရဲ့ ခွန်အားကို ငါ ဆုံးဖြတ်ပေးမယ်”

နတ်ဧကရာဇ်တစ်ပါးအနေဖြင့် သူ့ကျင့်ကြံဆင့်ကို အဆင့်တူအထိ ဖိနှိပ်လိုက်လျှင်ပင် နယ်မြေငါးခုလုံးကို လွှမ်းမိုးဖို့အတွက် လုံလောက်သည်။

သိပ်မကြာခင်မှာပဲ စွမ်းအားကြီးသော စွမ်းအင်က သူတို့သုံးယောက်လုံးကို လွှမ်းခြုံသွားသည်။

ရှန်ထျန်းရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားပြီး ဘေးပတ်ပတ်လည် ကမြူခိုးထူထပ်သော အာကာပြင်တစ်ခု ဖြစ်သွားသည်။

မင်းသမီးလင်းလုံနှင့် ဖန်းဝူလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဒီတစ်ခေါက် သူတို့ကို သီးခြားစစ်ဆေးမည်မှာ သိသာလှသည်။

“ ကောင်လေး မင်းရဲ့ ခန္ဓာတည်ဆောက်ပုံနဲ့ အရည်အချင်းက အရမ်းကောင်းမွန်တယ်။

ဒါပေမဲ့ ဆေးပညာရပ်လမ်းကြောင်းမှာ မင်းရဲ့ ခွန်အားကို ထိန်းချုပ်နိုင်ဖို့အတွက်လည်း အာရုံစိုက်ထားဖို့ လိုအပ်တယ်။ မင်းရဲ့ ခွန်အားကို တိကျတဲ့နှုန်းအတိုင်း ထိန်းချုပ်ထားဖို့ကလည်း အရမ်းအရေးကြီးတယ်”

အစိမ်းရောင်ပုံရိပ်က ကောင်းကင်တွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာကာ စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ကြာပြာမီးတောက်က သူ့ကို ပတ်လည်ဝန်းရံနေပြီး ဧရာမ အစိမ်းရောင်ကြာပန်း ပုံရိပ်သဏ္ဌာန်ကလည်း သူ့နောက်မှာ ထွက်ပေါ်နေသည်။

ထိုပုံရိပ်က ပဒုမ္မာကြာ နတ်ဧကရာဇ် ဖြစ်သည်။

“ဆေးပညာရပ်မှာ မင်း မီးဓာတ်ရော၊ သစ်သားဓာတ်ရော နှစ်မျိုးလုံးကို ထိန်းချုပ်ဖို့ လိုအပ်တယ်။

ဒါပေမဲ့ အဲဒီစွမ်းအားနှစ်ခုက ဆေးလုံးလုပ်ပြီး လူတွေကို ကယ်တင်နိုင်ရုံတင် မကပဲနဲ့ တိုက်ခိုက်စွမ်းရည်တွေကိုလည်း ယူဆောင်လာပေးတယ်။

ဒီနေ့ မင်းရဲ့ သစ်သားဓာတ်နဲ့ မီးဓာတ်စွမ်းအားကို အမြင့်ဆုံးထိ ရောက်အောင် ဘယ်လိုအသက်သွင်းရမလဲဆိုတာ သင်ပေးမယ်”

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အသံက လေးနက်ပြီး တည်ကြည်သည်။

သူ့ကို ပတ်လည်ဝန်းရံထားသော စိမ်းပြာရောင်မီးတောက်က ရုတ်တရက် ထိုးဖောက်ထွက်လာသည်။

အစိမ်းရောင်မီးတောက်က ကောင်းကင်သို့ ပျံသန်းသွားကာ အရာအားလုံးကို ဖျက်စီးနိုင်သော ခွန်အားဖြင့် တိမ်များကို ထိုးဖောက်ထွက်သွားသည်။

ထိုကဲ့သို့သော ခွန်အားကြောင့် အာကာပြင်က ပြိုလဲသွားကာ ဗလာနတ္ထိအဖြစ်သို့ လောင်ကျွမ်းသွားသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်နောက်ရှိ အစိမ်းရောင် ပဒုမ္မာကြာပန်းက ဖြည်းဖြည်းချင်း ပွင့်လာကာ သူ့စွမ်းအားက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသည်။

အဆင့်၁၂ ပဒုမ္မာကြာပန်း ပွင့်လာကာ အစိမ်းရောင် အလင်းတန်းဖြင့် တောက်ပနေပြီး လူအများကို စွမ်းအင်ပြည့်စေသည့် ပြင်းထန်သော သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။

စိမ်းပြာရောင် မီးတောက်က ကောင်းကင်သို့ ပျံသန်းသွားကာ အဆင့် ၁၂ ပဒုမ္မာကြာပန်းနှင့် ရောထွေးပြီး မီးတောက်နေသော ကြာပန်းတစ်ပွင့်ကဲ့သို့ အစိမ်းရောင်မီးတောက်ထဲတွင် ဧရာမကြာပန်းကြီးတစ်ပွင့်ကို ဖန်တီးလိုက်သည်။

“ မင်းရဲ့ ခွန်အားအကုန်သုံးပြီးတော့ ငါ့ကို တိုက်ခိုက်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ကောင်းကင်ဘုံမှ ဆင်းသက်လာသော မီးနတ်ဘုရားကဲ့သို့ အစိမ်းရောင်မီးတောက်ကြာပန်းကို လက်ထဲတွင် ကိုင်ထားကာ အေးစက်စွာ ပြောလိုက်သည်။

ထိုတောင်းဆိုမှုက ရှန်ထျန်းကို ကို့ရို့ကားရားနိုင်စေသည်

“ စီနီယာ ကျွန်တော် အဲလိုမျိုး မလုပ်သင့်ဘူးထင်တယ်”

“ မစိုးရိမ်ပါနဲ့။ မင်း ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး” ပဒုမ္မာကြာ နတ်ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။

နတ်ဧကရာဇ်တစ်ပါးအနေဖြင့် သူ၏ ကျင့်ကြံဆင့်ကို ကနဦးဝိညာဉ်အဆင့်ထိ ဖိနှိပ်လိုက်သော်လည်း အဆင့်တူ ကျင့်ကြံသူများကြားထဲတွင် ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်နိုင်သည်ဆိုသော ယုံကြည်မှုမျိုး ရှိသည်။ သူက ပေါ့ဆနေတာမျိုး မဟုတ်သော်လည်း အတွေ့အကြုံများသော ကောင်းကင်အသျှင်များက သူ့ခေါင်းပေါ်ရှိ ဆံချည်မျှင်တစ်မျှင်ကို ထိခိုက်အောင် မလုပ်နိုင်ပေ။

ဒီလူငယ်နိဗာနကျင့်ကြံသူလေးရဲ့ ခန္ဓာတည်ဆောက်ပုံနဲ့ အရည်အချင်းက ထူးခြားတယ်ဆိုပေမဲ့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်တယ်လို့ စဉ်းစားနေတာတော့ မဟုတ်လောက်ဘူးမလား

“ ဒါက အရမ်းရိုင်းရာကျတယ်လေ”

ရှန်ထျန်းက ရိုင်းရာကျမည်ဟု ထင်သောကြောင့် ခေါင်းကိုယမ်းခါလိုက်မိသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်

“ မင်း ယောက်ျားတစ်ယောက်အနေနဲ့ အချိန်ဆွဲနေတာမျိုး မလုပ်သင့်ဘူး။ ငါ့ကို ရိုက်နှက်ဖို့အတွက် စွမ်းအားအကုန် သုံးကြည့်လိုက်ပါ”

ကျင့်ကြံသူများက ရှင်သန်နိုင်ချေနည်းနည်းပဲရှိလျှင်ပင် ကောင်းကင်ဘုံနှင့် ဆန့်ကျင်တိုက်ခိုက်နေရသည်။

အဲဒါကြောင့် သူက ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ ကျန်ရှိနေတဲ့ အသိစိတ်ကိုတောင် မတိုက်ခိုက်ရဲဘူးဆိုရင် သူနဲ့ အဆင့်တူသူတွေကို ဘယ်လိုလုပ်ပြီးတော့ ဖိနှိပ်နိုင်တော့မှာလဲ

“ ဒါဆိုလည်း ကောင်းပါပြီ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က အတင်းအကြပ် တိုက်တွန်းနေသည့်အတွက် ရှန်ထျန်း သက်ပြင်းချလိုက်မိသည်။ သူ အသက်ပြင်းပြင်းရှူကာ ဖုံးကွယ်နေသော ခွန်အားကို အသက်သွင်းလိုက်သည်။

ထူးခြားအံ့ဖွယ်ပစ္စည်းများ၏ စွမ်းအင်က လှုပ်ရှားလာသည့်အတွက် ရှန်ထျန်း၏ အရှိန်အဝါကို အင်မတန် စွမ်းအားကြီးသွားစေသည်။

ထိုအချိန်တွင် ရှန်ထျန်း၏ နောက်၌ အဆုံးမဲ့ ကြောက်စရာကောင်းသော ပုံရိပ်သဏ္ဌာန်များ ပေါ်ထွက်လာသည်။ တောက်ပနေသော ထူးခြားမီးတောက်များကလည်း လမ်းကြောင်းတွင် ပိတ်ဆို့နေသော အရာအားလုံးကို လောင်ကျွမ်းပြာချပစ်မည့်ပုံ ပေါ်သည်။

မီးတောက်သုံးခု ပေါင်းစပ်ပြီး ပေါက်ကွဲသွားသည့်အခါ ဖျက်စီးခြင်း အရှိန်အဝါများကို ထုတ်လွှတ်သွားသည်။

ထို့နောက် ရေများက လှိုင်းလုံးကြီးများအဖြစ် မြင့်တက်လာကာ ပြင်းထန်သော စွမ်းအင်များကို ယူဆောင်လာသည်။ ထို့နောက် သစ်သား၊ မြေနှင့် သတ္တုတို့၏ စွမ်းအားများကလည်း မရပ်မနား ထွက်ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် ရှန်ထျန်းက သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားအံ့ဖွယ် ပစ္စည်းခွန်အားများကို လွှတ်ထုတ်လိုက်သည်။

ဓာတ်ငါးပါး၏ စွမ်းအားက တိမ်တိုက်များထဲသို့ ဝင်ရောက်သွားသည့်အတွက် ကောင်းကင်က အရောင်ပင်မဲ့သွားသည်။

များပြားသော ပုံရိပ်သဏ္ဌာန်များဖြစ်သည့် နဂါးပြာ၊ ကျားဖြူ၊ ကြက်သွေးရောင် ဇာမဏီ၊ လိပ်နက်၊ ခွန်ပန်၊ ဒေါင်းစသည်တို့က ကောင်းကင်သို့ ပျံသန်းလွှမ်းမိုးနေကြသည်။

ပုံရိပ်သဏ္ဌာန်များ ထွက်ပေါ်လာမှုကြောင့် အာကာပြင်ပင် ပြိုလဲတော့မလို ဖြစ်နေသည်။

တစ်ချိန်တည်းမှာပဲ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်နှင့် ငွေရောင် အရှိန်အဝါများကို ထုတ်လွှတ်ကာ နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်ပေးလိုက်သည်။

ထို့နောက် ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင်၏ နတ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်ပြီး ရွှေတောင်ပံတစ်စုံကို ဖြန့်ထုတ်လိုက်သည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်လည်း မတတ်နိုင်ပဲ ထိုမြင်ကွင်းကြောင့် နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။

ရှန်ထျန်းက ဆေးပညာရပ်အတွက်သာ အထင်ကြီးစရာကောင်းသော အရည်အချင်းရှိသည်ဟု တွေးထင်ခဲ့သည်။

သို့သော် ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်က ဒီလောက်ထိ ကောင်းနေမည်ဟု သူတို့ ထင်မထားခဲ့ပေ။

ဒီကောင်လေးရဲ့ ခွန်အားက ဝိဇ္ဇာတစ်ယောက်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်

သူက နိဗာနကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား

အခုလိုမျိုး နိဗာနကျင့်ကြံသူဆိုတာ မရှိပါဘူး။ မင်းတို့ နောက်နေတာပဲ ဖြစ်ရမယ်

သူ့ကိုယ်ပွား၏ ကျင့်ကြံဆင့်က ကနဦးဝိညာဉ်အဆင့်ထိ ဖိနှိပ်ထားသည့်အတွက် ပဒုမ္မာကြာ နတ်ဧကရာဇ် စိတ်ပူလာမိသည်။

ငါ သူ့ရဲ့တိုက်ခိုက်မှုကို တားနိုင်မှာ မဟုတ်ဘူးလို့ ဘာလို့ ခံစားလာရတာလဲ

ပဒုမ္မာကြာ နတ်ဧကရာဇ်က ခံစားချက် မကောင်းတော့သော်လည်း ရှန်ထျန်း၏ တိုက်ခိုက်လိုစိတ်က နိုးထလာပြီ ဖြစ်၏။

ရှန်ထျန်း၏ ယူဆချက်အရ ပဒုမ္မာကြာ နတ်ဧကရာဇ်က သူ့ကို ခွန်အားအပြည့်သုံးဖို့ ပြောထားသည့်အတွက် ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ရွေးချယ်မှုကို လေးစားဖို့ လိုအပ်သည်ဟု ထင်သည်။

ကျင့်ကြံဆင့် တူသွားသည့်အခါ နတ်ဧကရာဇ်တစ်ပါးက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို သူ သိချင်နေသည်။

ငါနဲ့ နတ်ဧကရာဇ်ကြားက ကွာခြားချက် ဘယ်လောက်များလဲဆိုတာ သိချင်တယ်

ထိုအတွေးကြောင့် ဝိဇ္ဇာအဆင့်သို့ ရောက်ရှိနေသော ရှန်ထျန်း၏ စွမ်းအားကက ထပ်မံ တိုးမြှင့်သွားပြန်သည်။

“ စစ်နတ်ဘုရား အသွင်ပြောင်းခြင်း”

ရှန်ထျန်း အော်ဟစ်လိုက်သည့်အခါ တောက်ပသော အလင်းတန်းက သူ့ဆီမှ ပေါက်ကွဲထွက်လာသည်။

သူက စစ်နတ်ဘုရားအသွင်ပြောင်းခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်သည့်အခါ ထူးခြားအံ့ဖွယ် ပစ္စည်းများ၏ စွမ်းအားကလည်း ပေါင်းစပ်သွားသည်။

ဓာတ်ငါးပါးက အချင်းချင်းထောက်ပံ့ကာ တစ်သားတည်း ဖြစ်သွားသည်။

ထူးခြားအံ့ဖွယ်ပစ္စည်းများ၏ စွမ်းအားက ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင်လည်ပတ်နေကာ သူ့ အရှိန်အဝါကို အဆုံးမရှိ မြှင့်တင်ပေးလိုက်သည်။

ရှန်ထျန်း လွှတ်ထုတ်သော ရွှေအလင်းတန်းက ပိုမိုတောက်ပလာကာ နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် စွမ်းအားကလည်း အမြင့်ဆုံးအထိ လွှတ်ထုတ်လိုက်သည်။

ထိုအချိန်တွင် ရှန်ထျန်းက ကောင်းကင်ဘုံမှ ဆင်းသက်လာသော စစ်နတ်ဘုရားတစ်ပါးအသွင်ဆောင်နေသည်။

သူ၏ ပုံပန်းသွင်ပြင်နှင့် တိုက်ခိုက်စွမ်းရည်က အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ရှန်ထျန်းက အသက်ပြင်းပြင်းရှူသွင်းကာ ပဒုမ္မာကြာ နတ်ဧကရာဇ်ကို ကြည့်လိုက်သည်။

“ စီနီယာ ကျွန်တော်ကို သင်ပြပေးပါ”

All Chapters