← Chapters

ကမ္ဘာဦးခေတ် နတ်ဧကရာဇ် ထိတ်လန့်တုန်လှုပ်ခြင်း

Vol. 27 Ch. 400

ကမ္ဘာဦးခေတ် နတ်ဧကရာဇ် ထိတ်လန့်တုန်လှုပ်ခြင်း

Vol. 27 Ch. 400

အခန်း (၄၀၀) : ကမ္ဘာဦးခေတ် နတ်ဧကရာဇ် ထိတ်လန့်တုန်လှုပ်ခြင်း

ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်း၏ များပြားသော ပုံရိပ်သဏ္ဌာန်များနှင့် ကြောက်စရာကောင်းသော အရှိန်အဝါကို ကြည့်ပြီး အားလုံးရှေ့မှာ တိုက်ခိုက်ခံရတော့မည်ကိုတွေးပြီး အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။

သူက ထူးခြားသော ပါရမီရှင်များကို မြင်ဖူးသော်လည်း သူ့လောက်ထိ ထူးထူးဆန်းဆန်း စွမ်းအားကြီးသောသူကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။

နိဗာနအဆင့်မှာ ရှိတဲ့သူက ဘာလို့ ဝိဇ္ဇာတစ်ယောက်ရဲ့ အရှိန်အဝါမျိုး ထုတ်လွှတ်နေရတာလဲ

နယ်မြေငါးခုနှင့် သမိုင်းတစ်လျှောက်တွင် ဘယ်သူမှ ယခုလိုမျိုး မလုပ်နိုင်ခဲ့ကြပေ။

နိဗာနကျင့်ကြံသူများက ကောင်းကင်အသျှင်များကို အနိုင်ယူသည့် ကိစ္စများရှိခဲ့သည်။ အဲဒါကလည်း ဖြစ်ပျက်နေကြအရာမျိုး မဟုတ်ဘဲ အရမ်းအရည်အချင်းရှိသော ပါရမီရှင်တစ်ယောက်သာ လုပ်နိုင်သည်။

ကောင်းကင်အသျှင်က ဝိဇ္ဇာတစ်ပါးကို အနိုင်ယူနိုင်တယ်ဆိုရင်လည်း ငါ လက်ခံနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သာလွန်တာအို ကောင်းကင်အသျှင်တွေပဲလေ

ဒါပေမဲ့ နိဗာနကျင့်ကြံသူက ဝိဇ္ဇာကို အနိုင်ယူတာတဲ့လား

ငါက ပဒုမ္မာကြာ နတ်ဧကရာဇ် ပါကွားလက်သီးကို လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့တင် အမိန့်ပေးနိုင်တယ်

အားလုံးက ငါ့အောက်မှာပဲရှိတယ်

အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်အောက်ကသူတွေက ငါ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်သာသာပဲ ရှိတယ်

နိဗာနကျင့်ကြံသူနဲ့ ဝိဇ္ဇာတစ်ယောက်ကြားမှာ ကွာခြားချက်က အရမ်းကြီးမားတယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကြားက ကွာဟချက်လောက် ကြီးမားတယ်။

သို့သော် ယခု ပဒုမ္မာကြာ နတ်ဧကရာဇ်က သူ့ကိုယ်သူ နိုးထနိုင်ဖို့အတွက် ပါးတစ်ချက်လောက်လောက် ရိုက်လိုက်ရမလားဆိုတာ စဉ်းစားနေသည်။

ငါ ဆောင်းခိုတာ အရမ်းကြာသွားလို့ ငါ့မျက်လုံးတွေ ကောင်းကောင်း အလုပ် မလုပ်တော့တာတော့ မဟုတ်ပါဘူးနော်

ဒီအရှိန်အဝါက…

သေစမ်း…

ငါ ဘာလို့ ကြောက်လန့်သလိုမျိုး ခံစားနေရတာလဲ

ရှန်ထျန်းက ပဒုမ္မာကြာ နတ်ဧကရာဇ်ကို စိုက်ကြည့်ကာ ရှေ့တိုးသွားလိုက်သည်။ သူ ရှေ့တိုးသွားသည့်အခါ ပုံရိပ်သဏ္ဌာန်များက လိုက်ပါလာသည်။ နတ်သားရဲများ ဟိန်းဟောက်လိုက်သည့်အခါ ကမ္ဘာမြေကြီး တုန်လှုပ်သွားသည်။

သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အာကာပြင်ပင် သူ့ စွမ်းအား၏ ဖိအားကို ခံနိုင်ရည် မရှိသည့်အတွက် စတင်လဲပြိုတော့မလို ဖြစ်နေသည်။

ရှန်ထျန်း၏ လက်ရှိ အရှိန်အဝါက ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက ဤပဒုမ္မာကြာ နတ်ဧကရာဇ်နှင့် တိုက်ခိုက်ဖို့အတွက် စွမ်းအားအကြီးဆုံး အခြေအနေကို အသက်သွင်းထားလိုက်သည်။

ဘယ်သူနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့

“ ကောင်းကင်ခြေမွ လက်ဝါး”

ရှန်ထျန်းက ညာဖက်လက်ကို မြှောက်ရင်း အော်ဟစ်လိုက်သည်။ ထူးခြားအံ့ဖွယ်ပစ္စည်းများ၏ စွမ်းအားများက ထိုနေရာမျ ထိုးဖောက်ထွက်လာကာ တောက်ပသော အလင်းတန်းအဖြစ် ပေါက်ကွဲသွားသည်။

ပေတစ်ထောင်ကျော် ကျယ်ဝန်းသော လက်ဖဝါးရာကြီးက လေထဲတွင် ထွက်ပေါ်လာသည်။ ဓာတ်ငါးပါးကလည်း ရစ်ပတ်နေသည့်အတွက် ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဧရာမလက်ရာကြီးက ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ အံ့ဖွယ်တပ်မဟာကဲ့သို့ ပြင်းထန်သော ဖိအားများ ဆင်းသက်လာသည်။

“ ငါ့ မိတ်ဆွေ…”

ပဒုမ္မာကြာ နတ်ဧကရာဇ်က “ ငါတို့အတွဲညီညီ တိုက်ခိုက်သင့်တယ်” သို့မဟုတ် “ယောက်ျားကောင်းတွေက စကားနဲ့ပဲ ဖြေရှင်းတယ် လက်သီးနဲ့ မဖြေရှင်းကြဘူး” ဟု ပြောချင်သော်လည်း ဧရာမလက်ဖဝါးကြီးက တည့်တည့်အောက်ကျလာပြီး အရှိန်အဝါက နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ဝုန်း…

ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ အာကာပြင်များ ပြိုလဲသွားကာ လေဟာနယ်အစိတ်အပိုင်းများ ထွက်ပေါ်လာသည်။ သဘာဝတရားပျက်သုဉ်းသွားကာ ထိုအပေါက်များက သူတို့ဘာသာသူတို့ ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိတော့ပေ။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ချက်ချင်း ခြေမွခံလိုက်ရသည်။

ထို ရိုက်ချက်တစ်ချက်၏ ပြင်းထန်သော အားက စွမ်းအားကြီးလှသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က သူ့ရိုက်နှက်ချက်ကြောင့် တစ်စစီ ဖြစ်သွားသည်ကို ကြည့်ပြီး ရှန်ထျန်း ရိုးအစွာဖြင့် ခေါင်းကုတ်လိုက်မိသည်။

ကြီးမြတ်တဲ့ နတ်ဧကရာဇ်က…ဒီလိုမျိုး ရိုက်ချက်လေး တစ်ချက်ကြောင့် သေမလိုဖြစ်သွားတာတဲ့လား

အင်း…တိုက်ပွဲလှည့်ကွက်…ဒါ တိုက်ပွဲလှည့်ကွက်ပဲ ဖြစ်ရမယ်

ဂျိန်း…

အာကာပြင်က ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် အစိမ်းရောင်အရှိန်အဝါက မြင့်တက်လာသည်။

အစိမ်းရောင် ပဒုမ္မာကြာပန်းက လေထဲတွင် ဖူးပွင့်နေပြီး စွမ်းအားကြီးသော သက်ဝင်လှုပ်ရှားမှုကို ပြင်းထန်စွာ ထုတ်လွှတ်နေသည်။ အစိမ်းရောင် ပဒုမ္မာကြာပန်းပွင့်နေသည့် အလယ်မှ အစိမ်းရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

သူက ပဒုမ္မာကြာ နတ်ဧကရာဇ်ဖြစ်ပြီး မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်နေသည်။

“ လူငယ်လေး…မင်းက အရမ်းကို အကျင့်မကောင်းတာပဲ။ မင်းက ငါ့လိုမျိုး နှစ်တစ်သောင်းသက်တမ်းရှိ စီနီယာကို ချုံခိုတိုက်ခိုက်ရဲတယ်ပေါ့လေ။

တိုက်ပွဲဓလေ့ထုံးတမ်း စည်းမျဉ်းတွေအရ တိုက်ပွဲမစခင် နှစ်ဖက်လုံး ကြိုတင်ပြင်ဆင်ရမယ်။

ငါတို့ တိုက်ပွဲစပြီလို့ မကြေညာခင် မင်းက အရင်တိုက်ခိုက်လိုက်တယ်။ ငါက အရမ်းပေါ့ဆပြီးတော့ မရှောင်လိုက်နိုင်ဘူး။ ဒါပေမဲ့ စည်းမျဉ်းတွေအရဆိုရင် အဲလိုလုပ်တာ မမှန်ဘူး။ လူငယ်လေး နောက်တစ်ခါ ဒါမျိုး မလုပ်နဲ့နော်”

ရှက်နေသည့်အတွက် ပဒုမ္မာကြာ နတ်ဧကရာဇ်က ငြီးတွားရင်း မျက်နှာနီရဲနေသည်။

ရှန်ထျန်းက ခေါင်းကုတ်ကာ ပြောလိုက်သည်

“ စီနီယာ… ကျွန်တော် စောနက ပြောလိုက်….”

ပဒုမ္မာကြာ နတ်ဧကရာဇ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ ငါ စောစောက အဆင်သင့်မဖြစ်ခဲ့ဘူး။ စောနက တစ်ခါ တိုက်ခိုက်တာကို ထည့်ပြီး မရေတွက်ဘူး။ ငါ အဆင်သင့်ဖြစ်ရင် ထပ်ပြီးတော့ တိုက်ခိုက်မယ်”

လာနောက်နေတာလား။ ငါက ဘယ်လိုလုပ်ပြီးတော့ အဲလိုအရာမျိုးကို အသိအမှတ်ပြုပေးနိုင်မှာလဲ

သူက ကြီးမြတ်တဲ့ နတ်ဧကရာဇ်တစ်ပါးလေ။ ဒီနိဗာနကောင်လေးက သူ့ ကိုယ်ပွားတွေထဲက တစ်ခုကို ဘာလို့ ဖျက်စီးနိုင်ရတာလဲ

ဒီလိုသတင်းသာ ထွက်သွားရင် ငါ ဂုဏ်သိက္ခာကို ဆုံးရှုံးလိုက်ရမယ် မဟုတ်လား

“ ကောင်လေး အခု ငါ အရမ်းကို အလေးအနက်လုပ်ချင်ပြီ။ ဘယ်အရာက မင်းအတွက် ကောင်းတယ်ဆိုတာကို သိထားရင် မင်းဆီမှာ ရှိတဲ့ ခွန်အားကို အကုန်လုံး ထုတ်သုံးတာ ကောင်းလိမ့်မယ်”

သူ့ ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ဖို့အတွက် ပဒုမ္မာကြာ နတ်ဧကရာဇ်က ဒီတစ်ခေါက် အလေးအနက်လုပ်ဖို့အတွက် ဆုံးဖြတ်လိုက်သည်။ သူ့ အရှိန်အဝါက အစိမ်းရောင်မီးတောက်ဖြင့် ထပ်မံတောက်ပလာကာ သူ့နောက်တွင်လည်း အဆင့်၁၂ ပဒုမ္မာကြာပန်း ပုံရိပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။

အဆုံးမဲ့ ပဒုမ္မာကြာပန်းက အစိမ်းရောင် အံ့ဖွယ်အလင်းတန်းအဖြစ် ပြောင်းလဲကာ ရှန်ထျန်းဆီသို့ ဦးတည်လာနေသည်။

“ သေချာအာရုံစိုက်ထားနော်။ ဒါက ငါ့ရဲ့ ထိပ်တန်းတိုက်ကွက်ပဲ။  မီးတောက်နီ ကောင်းကင်ကို လောင်ကျွမ်းခြင်း”

ပဒုမ္မာကြာ နတ်ဧကရာဇ်က အော်ဟစ်လိုက်သည့်အခါ ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်မီးတောက် ပေါက်ကွဲသွားကာ ကောင်းကင်သို့ ဝင်ရောက်သွားသည်။

လောင်ကျွမ်းနေသော အစိမ်းရောင်မီးတောက်က ဧရာမမီးတောက် ပဒုမ္မာကြာပန်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအရာက အရာအားလုံးကို ဖျက်စီးတော့မလိုမျိုး အာကာပြင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ပြိုင်ဘက်ကင်းကျင့်စဉ်မှ ဖန်တီးထားသော မှော်မီးတောက်ဖြစ်သည်။ သူက ထိုအရာကို နှစ်ပေါင်းတစ်သောင်းကျင့်ကြံခဲ့ပြီး သူ့စွမ်းအားက ထူးခြားမီးတောက်၏ စွမ်းအားနှင့် တူညီသည်။

“ အချိန်မီလေးပဲ”

ရှန်ထျန်း၏ မျက်လုံးများ တောက်ပလာကာ မွေးရာပါ ကောင်းကင်တာအိုမျက်လုံးကို အသက်သွင်းလိုက်ပြီး တိုက်ကွက်ကို စစ်ဆေးလိုက်သည်။

“ဇာမဏီငှက် ကောင်းကင်မှ ဆင်းသက်လာခြင်း”

လောင်ကျွမ်းနေသော ပေတစ်ထောင်မြင့်မားပြီး အရမ်းခမ်းနားသည့် ဇာမဏီပုံရိပ်သဏ္ဌာန်က ရုတ်တရက် ရှန်ထျန်းနောက်တွင် ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပဲ နန်မင်လီမီးတောက်နှင့် နေမီးလျှံအစစ်တို့သည်လည်း အရှိန်အဟုန်ပြင်းစွာ ထွက်လာကြပြီး ဇာမဏီပုံရိပ်သဏ္ဌာန်ကို ပတ်လည်ဝန်းရံထားကြသည်။

ထိုအရာက ဇာမဏီပုံရိပ်သဏ္ဌာန်ကို ပိုပြီးတော့ စွမ်းအားကြီးသည့်ပုံပေါ်သွားစေသည်။

ထို့နောက် ဇာမဏီက တောင်ပံများကို ဖြန့်ထုတ်ကာ ကောင်းကင်မှ ဆင်းသက်လာပြီး အစိမ်းရောင်မီးတောက်နှင့် ပေါင်းစပ်သွားသည်။

ကောင်းကင်တစ်ခုလုံး မီးထဲတွင် တောက်ပနေသည်။

ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်လာကာ မီးတောက်က အရာအားလုံးကို ဖျက်စီးလိုက်သည့်အတွက် အာကာပြင်လည်း တစ်စစီ ဖြစ်သွားသည်။ ကောင်းကင်တစ်ခုလုံး မီးပင်လယ်ကဲ့သို့ ဖြစ်သွားကာ လောင်ကျွမ်းနေသည်။

“ လူငယ်လေး မင်းရဲ့ မီးစွမ်းအင်က အတော်လေး အလားအလာကောင်းတာပဲ

အဲဒါက မင်းအတွက် ငယ်ရွယ်နုပျိုခြင်းပါပဲ။ မင်း ပုံမှန်ဆိုရင် အဲလောက်ထိ များပြားတဲ့ မီးကို အသုံးမပြုနိုင်ဘူး ဟုတ်တယ်မလား။

ဒီနည်းအတိုင်းဆက်သွား။ ငါ မင်းကို ပြောရဦးမယ်။ မင်းရဲ့ သန့်စင်တဲ့ ယန်ခန္ဓာကိုယ်ကို ကာကွယ်ပြီးတော့ ပိုပြီးသန်မာလာဖို့အတွက် ကျင့်ကြံလိုက်။

ဥပမာအရပြောရမယ်ဆိုရင် ငါက နှစ်ပေါင်းတစ်သောင်းသက်တမ်း ရှိနေပြီဆိုပေမဲ့ မနက် ငါ နိုးလာတိုင်း ကောင်းကင်ထောက်တိုင် ပညာရပ်ကို လေ့ကျင့်နေတုန်းပဲ”

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ပေါက်ကရပြောသော စကားများပင် အဆုံးမဲ့မီးတောက်ကို ဖြတ်သန်းကာ ပဲ့တင်ထပ်သွားသည်။

ဟုတ်တယ် သူက ကိုယ်တိုင် ထိတ်လန့်တာကို ဖုံးကွယ်နိုင်ဖို့နဲ့ ရှက်တာကို ရှောင်ရှားနိုင်ဖို့ ပေါက်ကရတွေ လျှောက်ပြောနေတာ

ရှန်ထျန်းရဲ့ တိုက်ခိုက်စွမ်းရည်က အံ့ဩမှင်သက်စရာ ကောင်းရုံတင် မဟုတ်ဘဲ ပဒုမ္မာကြာ နတ်ဧကရာဇ်၏ မျှော်လင့်ချက်များထက်ပါ ကျော်လွန်နေသည်။

ရှန်ထျန်း ထိန်းချုပ်ထားသော မီးများက ထူးခြားမီးတောက်များ ဖြစ်သည်။

ထိုထဲမှတစ်ခုက အင်မတန်စွမ်းအားကြီးသော ထူးခြားမီးတောက်စာရင်းတွင် ဒုတိယချိတ်သည့် နေမီးလျှံအစစ် ဖြစ်နေသည်။ အံ့ဖွယ်ဇာမဏီ တော်ဝင်ကျမ်းကြောင့် နန်မင်လီမီးတောက်နှင့် နေမီးလျှံအစစ်၏ စွမ်းအားများက အဆုံးစွန်အထိ ရောက်ရှိသွားသည်။ ထို့အပြင် ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် တတိယ ထူးခြားမီးတောက်ဖြစ်သည့် အံ့ဖွယ် ဇာမဏီ ထာဝရမီးတောက်လည်း ရှိနေသည်။

ယခု သေးငယ်သော မီးတောက်တစ်ခုဖြစ်သော်လည်း စွမ်းအားက ထူးခြားလှသည်။

ထူးခြားမီးတောက်သုံးခုက အရမ်းလွှမ်းမိုးနိုင်သော အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်သည်။ နတ်ဧကရာဇ်၏ အစိမ်းရောင်မီးတောက်ကပင် သူတို့ကို မခုခံနိုင်ဘဲ နောက်တွန့်သွားသည်။

ထိုအချိန်တွင် ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်က ပိုမိုသန်မာလာကာ နတ်ဧကရာဇ်၏ အစိမ်းရောင်မီးတောက်ကို ဝါးမျိုသွားသည်။

ဝုန်း…

ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည့်အခါ မီးများလည်း လွင့်စင် ပပျောက်သွားစေသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ကျန်ရှိနေသော အစိမ်းရောင်မီးတောက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ သူ့ကို ကြည့်ရတာ အရမ်းနာကျင်နေပုံပေါ်သည်။

“ ငါ့ရဲ့ အစိမ်းရောင်မီးတောက်”

သူနှစ်ပေါင်းတစ်သောင်း ကျင့်ကြံခဲ့သော အစိမ်းရောင်မီးတောက် တစ်ဝက်ကျော်က ဒီတိုက်ပွဲမှာ အသုံးပြုပြီး ကုန်ဆုံးသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူသာ အချိန်မှီ ပြန်မရုတ်သိမ်းလိုက်ရပါက သူ၏ ကျန်ရှိနေသော အစိမ်းရောင်မီးတောက်က ထူးခြားမီးတောက်၏ ဝါးမျိုခြင်းကို ခံလိုက်ရမည် ဖြစ်သည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က စိတ်ထဲမှာ ငြီးတွားနေသည်။

မင်းဆီမှာ ထူးခြားမီးတောက် သုံးခုရှိနေတာကို ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ မင်းက ပိုပြီးစွမ်းအားကြီးတဲ့ ရလဒ်ကို ရဖို့အတွက် သုံးခုကိုတောင် ပေါင်းစည်းလိုက်သေးတယ်ပေါ့လေ

ဘယ်လိုမျိုးမီးတောက်က အဲလိုမျိုးစွမ်းအားကို ဆန့်ကျင်နိုင်ပါ့မလဲ

အရမ်းကို ကျိုးကြောင်းဆီလျော်မှု မရှိတာပဲ

ဒီကောင်လေးက စစ်ဆေးမှုမှာ ပါဝင်ဖို့အတွက် လာတာ မဟုတ်ဘူး။ သူက ငါ့ကို စော်ကားဖို့အတွက် လာတာ

အဟင့်…

“ပဒုမ္မာကြာ ကောင်းကင် အသွင်ပြောင်းခြင်း”

ရှန်ထျန်း စွမ်းအားကြီးသလောက် ပဒုမ္မာကြာ နတ်ဧကရာဇ်မှာလည်း ထိန်းသိမ်းရမဲ့ ဂုဏ်သိက္ခာရှိနေသေးသည်။

သူက ကြီးမြတ်တဲ့ နတ်ဧကရာဇ်လေ။ ဂျူနီယာ တစ်ယောက်ကို ဘယ်လိုလုပ်ပြီးတော့ အရှုံးပေးလို့ ရပါ့မလဲ

ပဒုမ္မာကြာ နတ်ဧကရာဇ် ထပ်မံ အကြပ်ရိုက်နေပြန်သည်။ သူ၏ အဆင့်၁၂ ပဒုမ္မာကြာပန်း ပုံရိပ်သဏ္ဌာန်က အလျင်အမြန် ထိုးထွက်လာကာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

ဒါက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ကြာပန်းစွမ်းအား ဖြစ်၏။

ပဒုမ္မာကြာ နတ်ဧကရာဇ်က လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက ပဒုမ္မာကြာပန်းတစ်ပွင့် ဖြစ်ခဲ့သည်ဆိုသော ကောလဟာလများလည်း ရှိသည်။ သူက အဆင့်တက်လှမ်းကာ ကြီးမြတ်သော နတ်ဧကရာဇ်အဖြစ် အသွင်ကူးပြောင်းခဲ့သည်။

ဤကြာပန်းစွမ်းအားက သူ၏ စွမ်းအားအကြီးဆုံးနှင့် အဓိကအကျဆုံး စွမ်းအား ဖြစ်သည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ယခု အစွမ်းကုန် အသုံးပြုနေသည်။ ကောင်းကင်တစ်ခွင်လုံးနှင့် ကမ္ဘာမြေတစ်ခုလုံး မီးတောက်များထဲတွင် နစ်မြုပ်နေသည်။

“ ကောင်စုတ်လေး သတိထားနေ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က စကားပြောပြီးနောက် ကမ္ဘာမြေပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်သည့် ပဒုမ္မာကြာပန်းစွမ်းအားကို အသက်သွင်းလိုက်သည်။

အဆင့် ၁၂ ပဒုမ္မာကြာပန်းက ဖြန့်ကျက်ကာ ထိုးဖောက်ထွက်လာသည့်အတွက် သောင်းချီနေသော အလင်းတန်းများက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ကောင်းကင်က ထိုအလင်းတန်းများ၏ ပိုင်းဖြတ်ခြင်းကို ခံရပြီး လေဟာနယ်၏ ကြီးမားသော အစိတ်အပိုင်းများကို ထုတ်ဖော်နေသည်။

အလင်းတန်းတစ်ခုစီတိုင်းက ပဒုမ္မာကြာပန်းစွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး များပြားသော ပဒုမ္မာကြာပန်းအဖြစ် ဖန်တီးကာ ကောင်းကင်မှ ဆင်းသက်လာကြသည်။

ထိုပဒုမ္မာကြာပန်းများက ထူးခြားစွာ လှပသော်လည်း ကြောက်စရာကောင်းသော အားအင်ကို ပိုင်ဆိုင်ထားသည်။

ထိုအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကလည်း အဓိကပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည်။

အဆုံးမဲ့ကောင်းကင်တွင် ပဒုမ္မာကြာပန်းများသာရှိပြီး ကောင်းကင်ဘုံ ပေါင်းကူး တံတားအလား ဖြစ်နေသည်။

ထိုမြင်ကွင်းကို တွေ့လိုက်ရသည့်အခါ ရှန်ထျန်း၏ မွေးရာပါ ကောင်းကင်တာအိုမျက်လုံးက လင်းလက်သွားကာ မျက်လုံးများထဲမှာ အံ့ဖွယ်အလင်းတန်းထွက်လာသည်။

ငါက ပြီးခဲ့တဲ့ လဝက်တစ်လျှောက်လုံး ထာဝရဇာမဏီ ဘုရင်မရဲ့ ဖိနှိပ်တာကို ခံထားရလို့ အဲတာနဲ့တင် အတော်လေး မကျေမနပ်ဖြစ်နေပြီ

ဒါပေမဲ့ အဲဒါက ဝိဇ္ဇာအဆင့် ထာဝရဇာမဏီဘုရင်ဆိုတော့ ငါ မခုခံနိုင်ခဲ့ဘူး

အခု ခင်ဗျားက ကျွန်တော်နဲ့ အဆင့်အတူတူဖြစ်တာတောင် ကျွန်တော်ကို ဖိနှိပ်ချင်သေးတာလား

မဖြစ်နိုင်ဘူး…

အဲလိုလုပ်လို့ မရဘူး…

“ ငါက လွတ်လပ်စွာ မွေးဖွားလာတာ။ ဘယ်သူက ငါ့အပေါ်မှာ ဖိနှိပ်ရဲမှာလဲ”

ရှန်ထျန်းက လက်သီးဆုပ်လိုက်သည့်အခါ အလင်းတန်းတစ်ခုထွက်လာကာ ဧရာမတူကြီးတစ်ခု လက်ထဲတွင် ပေါ်လာသည်။ ထိုအရာ၏ အရှိန်အဝါက နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေလောက်သည်အထိ စွမ်းအားကြီးသည်။

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ် သတိထားနေနော်။ ကျွန်တော် အခု အစွမ်းကုန် ထုတ်သုံးတော့မှာ”

ရှန်ထျန်းက ခန္ဓာကိုယ်ကို မတ်မတ်နေကာ သူ့အရှိန်အဝါက စကြဝဠာထဲရှိ ကြယ်များကဲ့သို့ လင်းလက်နေသည်။

ငွေဖြူရောင်အလင်းတန်းက ဧရာမတူ၏ ဘေးတွင် လည်ပတ်နေသည့်အတွက် ငွေရောင်နေမင်းနှင့် ပုံသဏ္ဌာန်တူစေသည်။ ထိုအရာက လေထဲရှိ ပဒုမ္မာကြာပန်းကို အားဖြင့် ထုချေလိုက်သည်။

“ ကောင်းကင်လွင်ပြင် တူ၃၆ ချက်… ကြယ်ခြေမွတူ”

ရှန်ထျန်း၏ တူက ထိတ်လန့်စရာကောင်းသော စွမ်းအားကို လွှတ်ထုတ်နေပြီး ရှန်ထျန်းက အော်ဟစ်လိုက်သည်။ ထိုအရာက ရှေးခေတ်အခါက အံ့ဖွယ်တောင်တန်းနှင့်တူသည်။ ကောင်းကင်ရှိ ပဒုမ္မာကြာပန်းဆီ တည့်တည့်သွားကာ ခြေမွလိုက်သည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲမှုက ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည်။

တူနှင့် ပဒုမ္မာကြာပန်းတို့ ထိတိုက်မိသည့်အခါ အဆုံးမဲ့ အံ့ဖွယ်စွမ်းအင်များ ပေါက်ကွဲသွားသည်။

ထိုအလွန်ကြီးမားသော ပဒုမ္မာကြာပန်းက ပြင်းထန်သော ဖိအားကြောင့် လွင့်စင် ကွယ်ပျောက်သွားစေသည်။ ထိုအချိန်တွင် အာကာပြင်က စတင်ပြီး တစ်စစီဖြစ်သွားကာ ထိတ်လန့်စရာကောင်းသော စွမ်းအင်ပမာဏကို ထုတ်လွှတ်နေသည်။

ဤစစ်ဆေးမှု အာကာပြင် တစ်စစီဖြစ်သွားစေသောကြောင့် ကောင်းကင်ဘုံပင် ထိုအကြောင်းအရာကို မှတ်သားထားပေလိမ့်မည်။

“ အစ်ကိုရှန် ပြန်ပေါ်လာပြီ”

ရှီလင်းလုံက ဂူဗိမာန်ထဲတွင် တိုးညင်းစွာ ခေါ်လိုက်သည်။ သူမ၏ စစ်ဆေးမှုက အစောကြီး ပြီးနေသည့်အတွက် စောင့်နေရတာကြာပြီ ဖြစ်သည်။

ရှန်ထျန်း ပြန်ပေါ်လာသည့်အခါ ရှီလင်းလုံ အပျော်လွန်သွားသလို စိတ်သက်သာရာလည်း ရသွားသည်။ သို့သော် သူ့တိုက်ပွဲကြောင့် ပျက်စီးသွားသည့် အာကာပြင် အကြွင်းအကျန်များကို သတိထားမိသွားသည့်အတွက် သူမ၏ ပါးစပ်လည်း “အို” ပုံသဏ္ဌာန်ဖြစ်ကာ အံ့ဩသွားသည်။

“ အစ်ကိုရှန်က အရမ်းအံ့ဩဖို့ကောင်းတာပဲ။ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်တောင် သူ့ကို အနိုင်မယူနိုင်ဘူး”

ရှီလင်းလုံ အရမ်းထိတ်လန့်သွားသည်။ သူမ စောနက စစ်ဆေးမှုတွင် ပဒုမ္မာကြာ နတ်ဧကရာဇ်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ကောင်းကောင်း သတိထားမိသည်။

သူက ကနဦးဝိညာဉ်အဆင့်ထိ ဖိနှိပ်ခံထားရသော်လည်း ရှီလင်းလုံ သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။

တိုက်ကွက် တစ်ရာလောက် တိုက်ပြီးသွားသည့်အခါ ရှီလင်းလုံ ရှုံးနိမ့်သွားခဲ့သည်။

ထို့အပြင် တိုက်ပွဲတွင် ပဒုမ္မာကြာ နတ်ဧကရာဇ်က သူမကို အများကြီး လျှော့ပေးခဲ့သည်။ သူ၏ အဓိက ရည်ရွယ်ချက်က သူမကို အနိုင်ယူဖို့ မဟုတ်ပေ။ ဒီလိုသာ မဟုတ်ပါက ရှီလင်းလုံ တိုက်ကွက် ဆယ်ကွက်လောက်နှင့်တင် ရှုံးနိမ့်နေလောက်လေပြီ။

နတ်ဧကရာဇ်ရဲ့ တိုက်ပွဲစွမ်းရည်နဲ့ အတွေ့အကြုံက အရမ်းကို ကောင်းမွန်လွန်းတယ်

ကြည့်ရတာက ရှန်ထျန်းက ပဒုမ္မာကြာနတ်ဧကရာဇ်၏ ကိုယ်ပွားနှင့် သေချာတိုက်ခိုက်ခဲ့ပုံပဲ။ သူ့ရဲ့ စွမ်းအားတွေကြောင့်ဆိုရင် သူက အခု ကမ္ဘာကိုတောင် အုပ်ချုပ်လို့ ရနေပြီ

“ အစ်ကိုရှန် တိုက်ခိုက်ထား”

ရှီလင်းလုံက ရှန်ထျန်း၏ ပရိသတ်အဖြစ် ပြောင်းလဲသွားကာ အားပေးနေသည်။

တစ်စုံတစ်ခုကို သတိထားမိပြီးနောက် ရှီလင်းလုံက သိချင်စိတ်ဖြင့် ရေရွတ်လိုက်သည်

“ ဒီ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ ကိုယ်ပွားက… စောနက ငါ့ရဲ့ စစ်ဆေးမှုက ကိုယ်ပွားထက် ဘာလို့ ပိုပြီးတော့ စွမ်းအားကြီးနေရတာပါလိမ့်”

“ ဒီကလေးက တိုက်ခိုက်လေလေ ပိုပြီးတော့ သန်မာလာလေလေပဲလား”

တိုက်ပွဲက ပိုမိုပြင်းထန်လာသည့်အတွက် ပဒုမ္မာကြာ နတ်ဧကရာဇ်က ကျိန်ဆဲလိုက်ခြင်း ဖြစ်သည်။

သူက အဆင့်၁၂ ပဒုမ္မာကြာပန်းကို ကိုယ်တိုင်ထိန်းချုပ်နေသည့်အတွက် တူက ဘယ်လောက်ထိ စွမ်းအားကြီးကြောင်း ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။ ထိုအရာ၏ စွမ်းအားက ကောင်းကင်ကို တစ်စစီဖြစ်အောင် လုပ်လို့ရပြီး ပင်လယ်ပြင်ကို အပြင်းအထန် လှုပ်ရှားသွားအောင် လုပ်လို့ရလောက်သည်အထိ ပြင်းထန်သော ဖျက်စီးစွမ်းအားကို ပိုင်ဆိုင်ထားသည်။

သူ စွမ်းအားအကုန်ထုတ်သုံးလိုက်သည့်အခါ ပဒုမ္မာကြာ နတ်ဧကရာဇ်အနေဖြင့် တောင့်မခံနိုင်တော့ဘူးဟု စဉ်းစားလာမိသည်။

ထိုအချိန်တွင် ရှန်ထျန်း၏ တိုက်ခိုက်လိုစိတ်က ပိုမိုပြင်းထန်လာသည်။ ထိုကဲ့သို့သော စိတ်လှုပ်ရှားစရာ တိုက်ပွဲမျိုးကို မကြုံရတာ အရမ်းကြာနေပြီဖြစ်သည်။

အဆင့်တူ နတ်ဧကရာဇ်နှင့် တိုက်ခိုက်ဖို့အတွက် ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သည်။

ထို့အပြင် ရှန်ထျန်း၏ သူ့စွမ်းအားက ဘယ်လောက်ထိ များနိုင်လဲဆိုတာကို သိချင်နေသည်။

“ ကောင်းကင်လွင်ပြင် တူ၃၆ ချက် …လဝန်းပင့်တင် တူရိုက်ချက်”

“နေမီးလျှံတူရိုက်ချက်”

“ကြည်လင်ကောင်းကင် တူရိုက်ချက်”

“လေပြင်းတူရိုက်ချက်”

“နဂါး တူရိုက်ချက်”

တူဖြင့် တစ်ချက်ပြီးတစ်ချက် ထုရိုက်ရင်း ရှန်ထျန်းက ရိုက်ချက်များ၏ ပြင်းအားကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနေသည်။

စစ်နတ်ဘုရားအသွင်ပြောင်းခြင်း၏ ထောက်ပံ့မှုကြောင့် ယခု သူ၏ တိုက်ခိုက်စွမ်းရည်က စမ်းသပ်မှုသုံးခုခံယူထားသော ဝိဇ္ဇာတစ်ယောက်ကိုပင် ဖိနှိပ်ရန် လုံလောက်မှုရှိသည်။

စမ်းသပ်ချက်လေးခုဖြတ်ကျော်ထားသော စစ်မှန်သည့် ဝိဇ္ဇာနှင့် တိုက်ခိုက်ရလျှင်ပင် တောင့်ခံနိုင်လိမ့်မည်။

ဂျိန်း…

ဤစွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းတူက နေမင်းကဲ့သို့ ထိတ်လန့်တုန်လှုပ်စေသည်။ ထိုအရာက ကောင်းကင်မှ ဆင်းသက်လာကာ ပဒုမ္မာကြာ နတ်ဧကရာဇ်ကို ရိုက်ချလိုက်သည်။

“ ပဒုမ္မာကြာ ဆေးမီးပြင်းဖို”

ရှန်ထျန်း တိုက်ခိုက်မှု၏ ကြောက်စရာကောင်းသော စွမ်းအားကို ခံစားလိုက်ရသည့်အတွက် ပဒုမ္မာကြာ နတ်ဧကရာဇ်က တခြားအရာတစ်ခုကို စဉ်းစားချိန်မရှိလိုက်ပေ။ ကောင်းကင်ရှိ ကြာပန်းက အစိမ်းရောင် ဆေးမီးပြင်းဖိုအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲတွင် တည်ရှိနေပြီး ကောင်းကင်ကို လုံးဝ ဖုံးလွှမ်းထားသည်။

ဆေးမီးပြင်းဖိုထဲတွင် တောက်ပသော အစိမ်းရောင်မီးတောက်က လောင်ကျွမ်းနေပြီး မီးတောက်မှ မရေတွက်နိုင်သော ဖျော့တော့သည့် ပဒုမ္မာကြာပန်းပုံရိပ်များကို ဖန်တီးနေသည်။ အံ့ဖွယ်ဆေးမီးပြင်းဖိုက ပြိုင်ဘက်ကင်း ဆေးအချို့ကို ကျိုချက်နေပုံပေါ်သည်။

အစိမ်းရောင် ဆေးမီးပြင်းဖိုဆီမှ အလင်းရောင်က ပဒုမ္မာကြာ နတ်ဧကရာဇ်အပေါ်သို့ ကျရောက်နေကာ သူ့ရှေ့တွင် ခိုင်မာသော အစိမ်းရောင်ဆေးမီးပြင်းဖို ပုံရိပ်သဏ္ဌာန်ကို ဖန်တီးကာ သူ့ကို ကာကွယ်ထားသည်။

ချွင်…

ချွင်…

ချွင်…

ပြင်းထန်သော ပွတ်တိုက်သံများက လေထဲသို့ ပျံ့နှံ့သွားသည်။

ကြောက်စရာကောင်းသော စွမ်းအင်က နေရာတစ်ခွင်သို့ ပျံ့နှံ့သွားကာ အာကာပြင်ကို ဖုံးလွှမ်းထားသည့် အစိမ်းရောင် အရှိန်အဝါကို ချေဖျက်လိုက်သည်။

ပုံရိပ်နှစ်ခု ထွက်ပေါ်လာကာ နှစ်ယောက်လုံးက လေထဲတွင် မတ်တပ်ရပ်နေပြီး ပြိုင်ဘက်ကင်းစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

ရှန်ထျန်း၏ ပင်လယ်အံ့ဖွယ်တူက စောနက တိုက်ခိုက်မှုကို စိတ်လှုပ်ရှားနေသည့်ပုံစံဖြင့် အသံလေးများ ထွက်နေဆဲဖြစ်သည်။

သို့သော် ပဒုမ္မာကြာ နတ်ဧကရာဇ်က တောင့်တင်းသွားသည်။

ဒီကောင်လေးက အရမ်းထူးခြားတာပဲ။ သူက ဆေးတွေ ဘာတွေ သုံးထားတာလား။ ငါသာ ကျင့်ကြံဆင့်ကို ထိပ်သီးဝိညာဉ် အသွင်ပြောင်းအဆင့်အဖြစ် မမြှင့်တင်လိုက်ဘူးဆိုရင် ငါ လုံးဝ တောင့်ခံနိုင်မှာ မဟုတ်ဘူး။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ယခု ကိုယ့်ကိုယ်ကို မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ရှန်ထျန်း၏ စွမ်းအားများကို ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာကို သိလိုက်ရသည်။ ကိုယ်ပွား၏ ကျင့်ကြံဆင့်ကို ကနဦးဝိညာဉ်အဆင့်မှာသာ ထားခဲ့ပါက ရှန်ထျန်း၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် ဖျက်စီးခံလိုက်ရမည် ဖြစ်သည်။

သူ၏ ကျင့်ကြံဆင့်ကို ထိပ်သီးဝိညာဉ်အသွင်ပြောင်းအဆင့်သို့ တိုးမြှင့်ထားသော်လည်း ပဒုမ္မာကြာ နတ်ဧကရာဇ်က အသာစီးမရနိုင်သေးပေ။

ယခု ပဒုမ္မာကြာ နတ်ဧကရာဇ်၏ လက်ရှိ တိုက်ပွဲစွမ်းရည်က စမ်းသပ်ချက်သုံးခုကို ဖြတ်ကျော်ထားသော သာမန်ဝိဇ္ဇာတစ်ယောက်ကို အလွယ်လေး အနိုင်ယူဖို့အတွက် လုံလောက်သည်။

သို့သော် ရှန်ထျန်း၏ ရှေ့တွင် သူ ရှင်သန်ရုံသာ တတ်နိုင်သည်။

ဒီထက်ပိုပြီးအရေးကြီးတာ ဒီကောင်လေးက အရမ်းယဉ်ပါးတာမျိုး မရှိဘူး။ ပဒုမ္မာကြာ နတ်ဧကရာဇ်က သူ့ကို “ယဉ်ပါးအောင်” လုပ်ဖို့ နည်းနည်းလောက် အရိပ်အခြည် ပြလိုက်တာနဲ့ သူက အရမ်းရန်လိုပြီးတော့ မထိန်းနိုင် မသိမ်းနိုင် ပြန်လည်တိုက်ခိုက်တတ်တယ်

တူက ပဒုမ္မာကြာ နတ်ဧကရာဇ်ပေါ်သို့ ဆက်တိုက် ကျရောက်နေသည့်အတွက် ကျရှုံးလုနီးပါးဖြစ်နေသည်။

ဒီကောင်လေးက နိဗာနနယ်ပယ်အဆင့်မှာ ရှိနေတုန်း ဝိဇ္ဇာတစ်ပါးကို တိုက်ခိုက်နိုင်တယ်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ခေါင်းယမ်းလိုက်မိသည်။

ငါ မနိုင်ပေမဲ့လည်း ကျရှုံးတာမျိုးလည်း မဟုတ်ဘူးလေ။ ငါ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းဖို့အတွက် လုပ်ခဲ့ရတာ

ဒါပေမဲ့ တိုက်ပွဲက အခုထိ မပြီးဆုံးသေးဘူး

ရှန်ထျန်းက ကြီးမားသော အစိမ်းရောင် မီးပြင်းဖိုကြီးကိုကြည့်ပြီး ခေါင်းယမ်းလိုက်မိသည်။

သူ တူအချက်ပေါင်းတစ်ရာကျော် ထုရိုက်ထားသော်လည်း အက်ကြောင်းလေးတစ်ခုတောင် ပေါ်မလာခဲ့ပေ။

ထိုအရာက ရှန်ထျန်းကို သူ လုံလုံလောက်လောက် စွမ်းအားမကြီးဘူးဟု ခံစားသွားရစေသည်။

“ ဒါဆိုရင်တော့ မတတ်နိုင်တော့ဘူး။ လျှို့ဝှက်လက်နက်ကို ထုတ်သုံးရတော့မှာပဲ”

ရှန်ထျန်းက အသက်ပြင်းပြင်းရှူလိုက်ကာ မျက်လုံးများကလည်း ပိုမိုတောက်ပလာသည်။

ထိုအချိန်တွင် ထူးခြားအံ့ဖွယ်ပစ္စည်းများ၏ စွမ်းအားက ခန္ဓာကိုယ်ထဲတွင် မြင့်တက်လာကာ သူ့ အဆုတ်ထဲရှိ ထျန်းကျူဓားဆီသို့ ဦးတည်သွားနေသည်။

ချွင်…

တောက်ပသော ဓားတစ်ချောင်း၏ ရှင်းလင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

သွေးနီရောင် ဓားအလင်းတန်းက ကောင်းကင်ကို နှစ်ခြမ်းပိုင်းတော့မလိုမျိုး ပေါက်ကွဲသွားသည်။

ကြက်သွေးရောင် အလင်းအောက်တွင် ရှန်ထျန်း၏ လက်ထဲ၌ သွေးနီရောင် ဓားတစ်ချောင်းထွက်ပေါ်လာသည်။

ဓားထွက်ပေါ်လာသည့်အချိန်တွင် ရှန်ထျန်းက စွမ်းအားကြီးသော ထာဝရဓားအရှင်အသွင်ကို ဆောင်နေသည်။ သူ့အရှိန်အဝါက အဆုံးစွန်ထိ ပြင်းထန်သွားသည်။

ဓားအရှိန်အဝါက အာကာပြင်ကို အလွယ်တကူ လှီးဖြတ်ကာ ဗလာနတ္ထိဖြစ်အောင် ဖျက်စီးလိုက်သည်။

သူ့အနောက်တွင် အဆုံးမဲ့ ဓားအရှိန်အဝါများက ကောင်းကင်သို့ ထောင်တက်နေသည်။

ဓားပုံရိပ်သဏ္ဌာန်တစ်သောင်းပေါ်ထွက်လာပြီး အဆုံးမဲ့ ဓားအရှိန်အဝါက ထိုပုံရိပ်သဏ္ဌာန်များကို ရစ်ပတ်နေသည်။

အဆုံးမဲ့ ဓားအရှိန်အဝါများက ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် ကြီးကျယ်သော ဧရာမဓားကို ဖန်တီးဖို့အတွက် စုဝေးသွားသည်။

မူလက စွမ်းအားကြီးသော ရှန်ထျန်း၏ အရှိန်အဝါက ထျန်းကျူဓားပေါ်ထွက်လာမှုကြောင့် နောက်ထပ်တစ်ဆင့်သို့ မြင့်တက်သွားသည်။

ထိုမြင်ကွင်းကြောင့် ပဒုမ္မာကြာ နတ်ဧကရာဇ်က တုန်လှုပ်သွားသည်။

အဲဒီကလေးဆီမှာ လျှို့ဝှက်လက်နက် ရှိနေသေးတာလား

ပဒုမ္မာကြာ နတ်ဧကရာဇ်က နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။ ရှန်ထျန်း၏ အစောပိုင်းတိုက်ခိုက်မှုက သူ့ကို ပြင်းထန်သောဖိအားအောက် ရောက်သွားစေခဲ့သည်။

အဲဒါက အကုန်လုံး မဟုတ်သေးဘူးလား

အဲဒါက အကုန်လုံး မဟုတ်သေးဘူးလား

မင်းက ကောင်းကင်တာအိုရဲ့ တရားမဝင် သားလား

“ တော်ပြီ… နောက်ထပ် ထပ်ပြီးတော့ မတိုက်ခိုက်တော့ဘူး”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်းကို ရပ်တန့်ဖို့အတွက် အလျင်အမြန် အော်လိုက်သည်။ သူတို့သာ ဆက်လက် တိုက်ခိုက်ပါက တောင့်ခံနိုင်ဖို့အတွက်ပင် ဝိဇ္ဇာအဆင့်စွမ်းအားကို အသက်သွင်းရမည်ဖြစ်သည်။

“ စီနီယာ ဘာဖြစ်လို့လဲဟင်”

ရှန်ထျန်းက ထျန်းကျူဓားကို သိမ်းလိုက်သည့်အခါ ကြောက်စရာကောင်းသော ဓားအရှိန်အဝါလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

“ မင်းရဲ့ စွမ်းအားက တကယ်ကောင်းတာပဲ။ ငါက နတ်ဘုရားအသိစိတ်ရဲ့ အကြွင်းအကျန်တစ်ခုဖြစ်လို့ ငါ့ရဲ့ စွမ်းအား အပြည့်အဝကို မထုတ်နိုင်ဘူး။

ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ မင်း တန်းတူ တိုက်ခိုက်နိုင်တာနဲ့တင် အရမ်းရှားပါးပြီး ထူးခြားတယ်လို့ ပြောလို့ရတယ်။

မင်းက ငါငယ်ငယ်တုန်းကနဲ့ တူခါနီးပဲ။ အဆင့်တူတဲ့အချိန်မှာ ငါနဲ့ ရင်ဘောင်တန်းပြီး တိုက်ခိုက်နိုင်တာနဲ့တင် အရမ်းတော်နေပြီလို့ ပြောလို့ရတယ်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်းကို စိုက်ကြည့်ရင်း မျက်နှာက နီရဲနေသည်။

မင်း ငါ့ကို လာနောက်နေတာလား။ ငါ့ရဲ့ ဝိဇ္ဇာစွမ်းအားကို အသုံးပြုပြီးတော့ နိဗာနကျင့်ကြံသူကို တိုက်ခိုက်မယ်လို့ ထင်နေတာလား

ဒါက  အရမ်းရှက်ဖို့ကောင်းတာပဲ။ ငါ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လိုသေးတယ်

ပဒုမ္မာကြာ နတ်ဧကရာဇ်က စိတ်ထဲမှာ ကိုယ့်ကိုယ်ကို လှောင်ပြောင်လိုက်သည်။

ကောင်းပြီလေ…

အဓိကအကြောင်းအရင်းက ပဒုမ္မာကြာ နတ်ဧကရာဇ်က သူ လုပ်ထားတာ ပေါ်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

သူသာ ဝိဇ္ဇာအဆင့် ကျင့်ကြံသူအဖြစ် တိုက်ခိုက်ပါက သေချာပေါက် ဝိဇ္ဇာအဆင့် ပညာရပ်များကို ထုတ်သုံးရမည်ဖြစ်ပြီး ဖုံးကွယ်ဖို့အတွက် အင်မတန် ခက်ခဲလှသည်။ အသုံးပြုရတာ အရမ်းသိသာသည်။

ကြီးမြတ်တဲ့ နတ်ဧကရာဇ်က နိဗာနကျင့်ကြံသူ တစ်ယောက်နဲ့ တိုက်ခိုက်ဖို့အတွက် ဝိဇ္ဇာအဆင့် စွမ်းအားတွေကို အသုံးပြုနေတာကို တစ်ယောက်ယောက်သာ တွေ့သွားမယ်ဆိုရင်…

ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားစေလိမ့်မယ်

ရှန်ထျန်းက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ စကားလုံးများကို ကြားပြီး ရေရွတ်လိုက်သည်

“ ငါက တကယ်ကို စွမ်းအားမကြီးသေးဘူးပဲ။ နတ်ဧကရာဇ် ငယ်ငယ်တုန်းက အရမ်းစွမ်းအားကြီးနေမယ်လို့ ထင်မထားခဲ့ဘူး။

ကြည့်ရတာ ငါ ကျင့်ကြံခြင်းမှာ ဒီထက်ပိုပြီးတော့ ကြိုးစားရမယ် ထင်တယ်”

မင်းသမီးလင်းလုံ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်တို့ ထင်ဟပ်နေသည်။

အစ်ကိုရှန်နဲ့ စီနီယာ ပဒုမ္မာကြာနတ်ဧကရာဇ်တို့ရဲ့ တိုက်ပွဲက ဝိဇ္ဇာအဆင့်နဲ့တူတယ်

နိဗာန နယ်ပယ်အဆင့်မှာရှိနေတုန်း ဝိဇ္ဇာတစ်ပါးနဲ့ တန်းတူတိုက်ခိုက်နိုင်တာတဲ့လား။ အဆင့်၁ရှိတဲ့ သူရဲကောင်းက အဆင့် ၁၅ ရှိတဲ့ပြိုင်ဘက်ကို အနိုင်ယူနေရသလိုပဲ။ မယုံနိုင်စရာပဲ

မင်းသမီးလင်းလုံ သိသလောက် နတ်ကရာဇ်ငယ်ငယ်တုန်းက အရမ်းစွမ်းအားကြီးနေသည့် အကြောင်းကို မကြားခဲ့ဖူးပေ။

ဘယ်လိုပဲဖြစ်ဖြစ် သူမ မသေချာပါဘူး။ ပြီးတော့ ပဒုမ္မာကြာ နတ်ဧကရာဇ်က ကမ္ဘာဦးခေတ်ကလေ

ကမ္ဘာဦးခေတ်ဆိုတာ ဘာကိုဆိုလိုတာလဲ

ရှေးခတ်က လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်း၊ ကမ္ဘာဦးခေတ်က လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းဖြစ်ပြီး ရှေးပဝေဏီခေတ်က လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းတုန်းကခေတ်ဖြစ်သည်။

ဤကမ္ဘာတွင် ချန်ရှိထားခဲ့သော စာအုပ်များနှင့် အမွေအနှစ်များက လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက ဖြစ်သည်။ ထိုကဲ့သို့သော ရှေးခေတ်အချိန်အခါများက အရမ်းအဖိုးတန်သည်ဟု သတ်မှတ်နိုင်သည်။

ကမ္ဘာဦးခေတ်က ပစ္စည်းတွေကို မပြောနဲ့ အဲဒီအမွေအနှစ်အများစုတောင် အချိန်ရဲ့ တိုက်စားခြင်းကို ခံလိုက်ရပြီ

ကြီးမြတ်သောလွင်ပြင် နတ်ဘုရားတိုင်းပြည်ပင် ကမ္ဘာဦးခေတ်အကြောင်း သိပ်မသိကြပေ။

အနည်းဆုံးတော့ မင်းသမီးလင်းလုံက ကမ္ဘာဦးခေတ်နှင့် ရှေးပဝေဏီခေတ်တို့၏ အရာများနှင့် ထိတွေ့နိုင်သည့် အခွင့်အရေးမျိုး မရှိပေ။

ဒါပေမဲ့ ကမ္ဘာဦးခေတ်တုန်းက ငယ်ရွယ်တဲ့ နတ်ဧကရာဇ်က အဲလောက်ထိ စွမ်းအားကြီးလို့လား

မင်းသမီးလင်းလုံက ခံစားနေရဆဲ…..

ဒါက လုံးဝ မယုံနိုင်စရာပဲ

All Chapters