ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အမွေအနှစ် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး
Vol. 27 Ch. 401
အခန်း (၄၀၁) : ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အမွေအနှစ် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး
“ စစ်ဆေးမှု ပြီးဆုံးသွားပြီလို့ ဒီနေရာမှာပဲ တရားဝင် ကြေညာလိုက်ပြီ”
ရှန်ထျန်း ဆက်လက် တိုက်ခိုက်နေမည်ကို စိုးရိမ်သည့်အတွက် တတိယစစ်ဆေးမှု ပြီးဆုံးသွားကြောင်းကို ပဒုမ္မာကြာ နတ်ဧကရာဇ်က အလျင်အမြန် ကြေညာလိုက်သည်။
ထိုအခါမှ ရှန်ထျန်းက တစ်ဝက်ကျန်ရှိနေသေးသော ထျန်းကျူဓားကို မကျေနပ်စွာဖြင့် အဆုတ်ထဲ ပြန်ထည့်လိုက်သည်။
ဟင်း…ငါ အခုမှ ထုတ်လိုက်တာလေ။ ဘာလို့ ဒီလောက်ထိ မြန်မြန်ပြီးသွားရတာလဲ
ကောင်းကောင်း တိုက်ခိုက်ရတယ်လို့တောင် မခံစားရသေးဘူး
ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်းနှင့် ရှီလင်းလုံကို ကြည့်ရင်း ခံစားချက်များနှင့် ပြည့်နှက်နေသည်။
သူ ဒီကနေ ရလိုက်တာတွေ များတယ်
အဖြစ်အပျက်မှာ “အခက်အခဲ”လေးတွေ အနည်းငယ်ရှိသော်လည်း နောက်ဆုံးရလဒ်ကို သူ အတော်လေး ကျေနပ်နေသည်။ နှစ်ပေါင်းတစ်သိန်းကြာမှာ ဂူဗိမာန်ပွင့်လာရပြီး ပထမဆုံးတွေ့သည့်သူက ဒီလောက်ထိ အရည်အချင်းရှိနေသူဖြစ်မည်ဟု မထင်ထားခဲ့ပေ။
ရှန်ထျန်းနှင့် ရှီလင်းလုံ နှစ်ယောက်လုံးက ဆေးပညာရပ်တာအို၏ အမွေအနှစ်နှင့် အရမ်းသင့်တော်သည်။
မင်းသမီးလင်းလုံ၏ အုတ်မြစ်က ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် သူမ၏ ထူးခြားသော သိမြင်နားလည်ခြင်းနှင့် ပေါင်းစပ်လိုက်ပါက သုံးရက်အတွင်း
ဆေးပညာရပ် စုစုပေါင်း ၄၉ ခု သင်ယူနိုင်သွားသည်။
ထို့အပြင် နောက်ဆုံးစစ်ဆေးမှုတွင် သူမက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ စစ်မှန်သော အမွေအနှစ်ကိုပင် ရရှိခဲ့သည်။
ထို့ကြောင့် ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဆက်ခံသူတစ်ပိုင်းဟု ပြောလို့ရသည်။
ရှန်ထျန်းကတော့ ပြောစရာကို မလိုဘူး…ဒီကောင်စုတ်လေးက တကယ်ကို မကောင်းဆိုးဝါးပဲ
ပဒုမ္မာကြာ နတ်ဧကရာဇ်က နယ်မြေငါးခုတွင် ထိပ်သီးပါရမီရှင်ထဲမှ တစ်ယောက်ဖြစ်သော်လည်း ထိုကဲ့သို့သော ကြောက်စရာကောင်းသည့် အရည်အချင်းမျိုး ပိုင်ဆိုင်ထားခဲ့သူကို မမြင်ခဲ့ဖူးပေ။
ထာဝရအရှင်ဘုရင်ပင် ရှန်ထျန်းနှင့် တွေ့ဆုံမိပါက သူတို့ကိုယ်သူတို့ မယုံနိုင်ဖြစ်သွားမှာ သေချာသည်။
“ မင်းတို့အားလုံး ငါ ချန်ထားခဲ့တဲ့ စစ်ဆေးမှုတွေကို အောင်မြင်သွားပြီဆိုတော့ ငါ့ရဲ့ အမွေအနှစ်ကို မင်းတို့ ယူလို့ရတယ်။ မင်းတို့ ကျင့်ကြံရေးအပေါ်မှာ သေချာအာရုံစိုက်ပြီးတော့ ငါ့ရဲ့ အမွေအနှစ်ကို အမြင့်ထိ ဆွဲခေါ်သွားမယ်လို့ ယူဆတယ်။ ဒီအမွေအနှစ်ကို ကမ္ဘာလောကဆီ ဖြန့်ကျက်ပေးမယ်လို့လည်း ထင်တယ်”
ပဒုမ္မာကြာ နတ်ဧကရာဇ် မတက်လှမ်းခင် များပြားသောသူများက ကယ်တင်ရှင်ဟု သိခဲ့ကြသည်။ သူက တက်လှမ်းသွားပြီဖြစ်သော်လည်း သူ၏ အမွေအနှစ်ကို ပျက်စီးယိုယွင်းသွားတာမျိုး မဖြစ်စေချင်ပေ။
“ ကျွန်တော် စီနီယာရဲ့ ဆေးပညာရပ်တွေကို အမြင့်ဆုံး ရောက်အောင်လုပ်ပြီးတော့ သာမန်လူတွေကို ကူညီပေးပါ့မယ်။ စီနီယာကို စိတ်ပျက်အောင် မလုပ်ပါဘူး”
ရှန်ထျန်းနှင့် ရှီလင်းလုံတို့က လက်ယှက်ကာ တည်ကြည်စွာ ပြောလိုက်သည်။
လူသိများထင်ရှားသော နံပါတ်တစ် ဆေးပညာရှင်အတွက် သူတို့ဆီမှာ တခြားအရာ မရှိသော်လည်း လေးစားမှုတော့ ရှိသည်။ ဤရှုပ်ထွေးသော လောကတွင် သူတို့ကိုယ်သူတို့ စစ်မှန်သည်ဟု ပြောနိုင်သောသူက အနည်းငယ်သာ ရှိသည်။
ဒုက္ခရောက်နေသောအချိန်များတွင် သေမျိုးများ၏ အသက်ကို ဂရုစိုက်သူက ရှားပါးသည်။
ပဒုမ္မာနတ်ဧကရာဇ်က သူတို့၏ လေးစားမှုနှင့် ထိုက်တန်သည်။
“ မင်းတို့ရဲ့ သဘောထားက အဲဒီလိုဆိုတော့ ငါ ဝမ်းသာပါတယ်”
ပဒုမ္မာကြာ နတ်ဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက်၏ ဖော်ရွေသော မျက်နှာထားများကိုကြည့်ရင်း ဆုများကို စတင်ကြေညာတော့သည်။
“ ရှီလင်းလုံက စမ်းသပ်မှုသုံးခုမှာ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်။ သူမက ငါ့ရဲ့ ကျမ်းတစ်ဝက်နဲ့ ထိပ်တန်း ဝိဇ္ဇာဆေးပင်ကို ရရှိနိုင်တယ်”
ပဒုမ္မာကြာ နတ်ဧကရာဇ်က လက်ဖျောက်တစ်ချက်တီးလိုက်သည့်အခါ ရှီလင်းလုံ၏ ခန္ဓာကိုယ်ထဲသို့ အစိမ်းရောင် အလင်းတန်းတစ်ခု ဝင်သွားသည်။
ပဒုမ္မာကြာ နတ်ဧကရာဇ်က အရမ်းရက်ရောသည်ဟု ပြောလို့ရသည်။
ထိုအရာများက သူ့အမွေအနှစ်များထဲတွင် အဓိက အထူးခြားဆုံးဖြစ်သည့် ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဆေးပင်တစ်ရာကျမ်းနှင့် ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဆေးလုံးဆန်းကြယ်ကျမ်းတို့ ဖြစ်သည်။
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဆေးပင်တစ်ရာကျမ်းက နယ်မြေငါးခုရှိ ရှားပါးဆေးပင်များ ကျိုချက်နည်း၊ အလေ့ကျ ပေါက်ရောက်သည့်နေရာ၊ ဆေးဖက်ဝင်ပုံနှင့် ပုံပန်းသဏ္ဌာန်များကို အသေးစိတ်ကျကျ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ထိုမှတ်တမ်းတင်ထားသော အချက်အလက်ကို ကိုးကားပြီး အားတစ်ဝက်လောက် စိုက်ထုတ်လိုက်ရုံဖြင့် ထိပ်သီးဝိညာဉ်ဆေးများကို ပြုလုပ်နိုင်ရုံသာမက ရလဒ်ကလည်း နှစ်ဆရရှိလိမ့်မည်။
ထို့အပြင် ဤကျမ်းဖြင့် ကျင့်ကြံသူက ဆန်းကြယ်နယ်ပယ်များတွင် အထွတ်အထိပ်အဆင့် ဝိဇ္ဇာဆေးပင်များကို ရှာဖွေရာတွင်လည်း တွေ့ဖို့အတွက် အခွင့်အလမ်း ပိုများနိုင်သည်။
ပဒုမ္မာကြာ နတ်ဧရာဇ်၏ ဆေးလုံးဆန်းကြယ်ကျမ်းက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဆေးပညာရပ်အတွေ့အကြုံကို မှတ်တမ်းတင်ထားရုံသာမက ဆေးပညာကို အသုံးပြုပြီး ကျင့်ကြံဆင့်မြင့်အောင် လုပ်သည့် လျှို့ဝှက်ပညာရပ်လည်း ပါဝင်သည်။
ထိုကျမ်းထဲတွင် ဆေးပညာရပ် ပါဝင်ရုံသာမက ထိုကျင့်စဉ်က တော်ဝင်ကျမ်းများထက် အားမနည်းသော ကျမ်းတစ်ခု ဖြစ်သည်။
သူမ၏ စိတ်ထဲတွင် အမွေအနှစ် မှတ်ဉာဏ်များ ထွက်ပေါ်လာသည်ကို အာရုံခံမိပြီး ရှီလင်းလုံက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်
“စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။”
နတ်ဘုရားတိုင်းပြည်၏ မင်းသမီးတစ်ပါးအနေနဲ့ ဒီအမွေအနှစ်နှစ်ခုက ဘာကိုဆိုလိုတယ်ဆိုတာကို ရှီလင်းလုံ ဘယ်လိုလုပ်ပြီးတော့ မသိပဲ နေပါ့မလဲ
ပဒုမ္မာကြာ နတ်ဧကရာဇ်က နံပါတ်တစ် ဆေးပညာရပ် နတ်ဧကရာဇ်ဖြစ်လာတာက ဒီကျမ်းနှစ်ခုနဲ့ အတော်လေး ဆက်စပ်နေတယ်
ယခု ထိုအမွေအနှစ်နှစ်ခု၏ ပထမတစ်ဝက်ကို ရရှိလိုက်ရုံဖြင့်ပင် ရှီလင်းလုံ စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။
သူမသာ ဤကျမ်းနှစ်ဝက်ကို အပြည့်အဝ နားလည်နိုင်ပါက သူမ၏ ဆေးပညာရပ်က နယ်မြေငါးခုတွင် ထိပ်ဆုံးသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ကျမ်းတစ်ဝက်ကပင် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ကို ဆေးပညာရပ်မှာ ကျွမ်းကျင်အောင် လုပ်ပေးသည်။
ထိုအရာက နံပါတ်တစ် ဆေးပညာရပ်နတ်ဧကရာဇ်၏ စွမ်းအား ဖြစ်သည်။
ထို့အပြင် ပဒုမ္မာကြာ နတ်ဧကရာဇ် ပေးသော ဆုထဲတွင် ဝိဇ္ဇာဆေးပင်လည်း ပါဝင်သည်။
ကောင်းကင်မှ ဆင်းသက်လာသော အလင်းတန်းက သက်ရှိများအားလုံးကို ပြန်လည်ရှင်သန်စေသည့် ပြိုင်ဘက်ကင်း ပြင်းထန်သော ရှင်သန်နိုင်စွမ်းကို ယူဆောင်လာသည်။
စိတ်စွမ်းအားတို့ဖြင့် ပြည့်နှက်လာကာ ဤလောကကို စိတ်စွမ်းအားပင်လယ်ပြင် ဝန်းရံနေသည်ဟုပင် ခံစားသွားရစေသည်။
ထိုအလင်းတန်းက ဖြည်းဖြည်းချင်း ဆင်းသက်လာကာ ရှီလင်းလုံ၏ လက်ထဲတွင် ရစ်ပတ်ပြီးနောက် ပုံစံအစစ်အမှန်ကို ထုတ်ဖော်လိုက်သည်။ ထိုအရာက ပဒုမ္မာကြာစေ့ ဖြစ်ပြီး ရွှေဖြင့် လုပ်ထားသည်ဟု ထင်မှတ်ရလောက်အောင် လုံးဝ ရွှေရောင်အတိပြီးနေပြီး ပြိုင်ဘက်ကင်း စွမ်းအားကြီးသော ရှင်သန်နိုင်စွမ်းကို ထုတ်လွှတ်နေသည်။
မြင့်တက်လာသော ရှင်သန်နိုင်စွမ်းက ပဒုမ္မာကြာစေ့၏ ဘေးပတ်လည်တွင် ရစ်ပတ်နေပြီး ဘေးပတ်လည်တွင် များပြားသော ကြာပြာပုံရိပ်များကို ဖြစ်ပေါ်သွားစေသည်။ မြင်ကွင်းက အင်မတန်ဆန်းကြယ်လှပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအရာက ထိပ်တန်းအဆင့် ဝိဇ္ဇာဆေးပင်ဖြစ်ကြောင်း ထင်ရှားလှသည်။
“ ဒီ ပဒုမ္မာကြာစေ့က အဆင့် ၁၂ ပဒုမ္မာကြာပန်းကနေ ရလာတာ။ အဲဒါရဲ့ အကျိုးသက်ရောက်မှုက ဝိဇ္ဇာဆေးပင်နဲ့တောင် တူတယ်။ ဒါကို သေချာဂရုတစိုက်နဲ့ စိုက်ပျိုးထားမယ်ဆိုရင် ပဒုမ္မာကြာပန်းအသစ် ရလာနိုင်တယ်”
ပဒုမ္မာကြာ နတ်ဧကရာဇ်က ဤရွှေရောင် ပဒုမ္မာကြာစေ့၏ မူလအရင်းအမြစ်နှင့် ပတ်သက်ပြီး ဖြည်းဖြည်းချင်း ရှင်းပြနေသည်။
ရှီလင်းလုံ ခေါင်းညိတ်ပြကာ ကြာစေ့ကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
အဆင့်မြင့် ဝိဇ္ဇာဆေးပင်များက အရမ်းတန်းဖိုးရှိပြီး ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများထက် နိမ့်ကျခြင်းမရှိပေ။ ထိုသတင်းသာ အပြင်လောကသို့ ပျံ့နှံ့သွားပါက နယ်မြေငါးခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်။ ဝိဇ္ဇာများပင် ထိုအရာ၏ ဆွဲဆောင်ခြင်းကို ခံရလိမ့်မည်။
ပဒုမ္မာကြာစေ့က သူမ၏ လက်ထဲသို့ ဝင်သွားသည့်အခါ ပြိုင်ဘက်ကင်း များပြားသော စိတ်စွမ်းအင်အရှိန်အဝါများက ချက်ချင်း သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူမဆီမှာ အံ့ဖွယ်အရှိန်အဝါ ပွင့်လန်းလာစေပြီး အင်မတန် ဆန်းကြယ်သွားစေသည်။
ဤပဒုမ္မာကြာစေ့ကို အသုံးပြုပြီး သူမက ထာဝရအရှင် ဖြစ်လာတော့မည်ဟုပင် ခံစားရစေသည်။
သို့သော် ထိုအရာကို ဝိညာဉ်ဆေးလုံးအဖြစ် ဖော်စပ်လိုက်ခြင်းအားဖြင့် စွမ်းအားအပြည့် ထုတ်လွှတ်လို့ရမည်ဆိုတာကို ရှီလင်းလုံ သိသည်။ ထို့ကြောင့် ရှီလင်းလုံက သူမ၏ စိတ်ကို မျိုသိပ်ကာ ပဒုမ္မာကြာစေ့ကို သိမ်းထားလိုက်သည်။
ထိုအရာကို မြင်ပြီး ပဒုမ္မာကြာ နတ်ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။
ဝိဇ္ဇာဆေးပင်ရဲ့ ဆွဲဆောင်မှုကိုတောင် မခံနိုင်ရင် ဆေးပညာရပ်ရဲ့ အထွတ်အထိပ်ကို ဘယ်လိုလုပ်ပြီးတော့ ရောက်နိုင်တော့မှာလဲ
ထို့နောက် ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်းကို လှည့်ကြည့်လိုက်သည်။
ရှန်ထျန်းက လိုချင်တပ်မက်မှု မရှိဘဲ ပဒုမ္မာကြာစေ့ကို စိုက်ကြည့်နေသည်။
ထိုအရာက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ရှန်ထျန်းအပေါ် မြင်သောအမြင်ကို တိတ်တဆိတ် တိုးတက်သွားစေသည်။
ဒီဝိဇ္ဇာဆေးပင်က ဝိဇ္ဇာတွေကိုတောင် ဆွဲဆောင်နိုင်တာဆိုပေမဲ့ သူက လှုပ်တောင် မလှုပ်ဘူးပဲ
အဲလိုမျိုး စိတ်သဘောထားက တစ်စုံတစ်ယောက်ရဲ့ နှလုံးသားကို လှုပ်ရှားစေဖို့ လုံလောက်တယ်
သို့သော် ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်းဆီမှာ ဝိဇ္ဇာဆေးပင်များ ခြင်းတောင်း တစ်တောင်းစာ ရှိနေသည်ကိုတော့ မသိခဲ့ပေ။
“ ခြင်းတောင်း” လို့သုံးတာက မသင့်တော်ဘူး
“ ခြင်းတောင်းများ”လို့ သုံးတာက ပိုပြီးတော့ သင့်တော်တယ်
ရှန်ထျန်းသာ ဝိဇ္ဇာဆေးပင်များကို စားရတာ ငြီးငွေ့ခြင်း မရှိပါက ဆေးပညာရပ်ကို သင်ယူဖို့အတွက် အရမ်းအလျင်လိုမည် မဟုတ်ပေ။ ထို့အပြင် သူသာ အရသာနှင့် ပါဝင်ပစ္စည်းကို ပြောင်းလဲလိုက်မည်ဆိုပါက သူ အသုံးပြုသော ဖြည့်စွက်စာများကလည်း ပိုပြီးတော့ အရသာရှိလာမည် ဖြစ်သည်။
ရှန်ထျန်းကို ပဒုမ္မာကြာစေ့ လိုချင်တပ်မက်စိတ် ဖြစ်ပေါ်ဖို့အတွက် မျှော်လင့်ထားလို့ မရပေ။
အသီးအရွက်ခင်းကြီး တစ်ခုလုံးကို ကျော်ပြီးတော့ မုန်လာဥဖြူကို သွားရည်ကျပါ့မလား
ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်း ဘယ်လောက်ထိ ချမ်းသာလဲဆိုတာ မသိပေ။
သူက အသက်ပြင်းပြင်းရှူကာ ရှန်ထျန်းကို ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။
“ မိတ်ဆွေလေးရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းဖြစ်ပြီးတော့ မိန်းကလေးလင်းလုံရဲ့ အရည်အချင်းထက်တောင် ကျော်လွန်သေးတယ်။
နှစ်ပေါင်းသောင်းချီ ကြာပြီးရင်တောင် မင်းလိုမျိုး အရည်အချင်းရှိတဲ့သူက လက်တစ်ဖက်စာလောက်ပဲ ရှိလိမ့်မယ်။ မင်းရဲ့ အရည်အချင်းက ငါ ငယ်ငယ်တုန်းကရှိတဲ့ အရည်အချင်းလောက်တော့ မကောင်းဘူးပေါ့”
ပဒုမ္မာကြာ နတ်ဧကရာဇ်က ထိုစကားကို ပြောရင်း မျက်နှာနီရဲလာသော်လည်း အလျင်အမြန် ဖုံးကွယ်လိုက်သည်။
“ မိတ်ဆွေငယ်လေး မင်းက စစ်ဆေးမှုသုံးခုလုံးမှာ အရမ်းကောင်းတဲ့ အမှတ်တွေရထားလို့ ငါ့ရဲ့ အမွေအနှစ်အားလုံးနဲ့ ရတနာတွေကို ရရှိထားတယ်”
ထိုစဉ် ပဒုမ္မာကြာ နတ်ဧကရာဇ်က ခဏကြောင်သွားသည်။ သူက ခေါင်းမာစွာ ပြောလိုက်သော်လည်း ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်း၏ ဆွဲဆောင်မှုကို ခံနေရပြီ ဖြစ်သည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ၊ အရည်အချင်းနှင့် တိုက်ပွဲစွမ်းရည်ဖြစ်ဖြစ် ပဒုမ္မာကြာ နတ်ဧကရာဇ် စိတ်ကူးထားသည်ထက် လုံးဝ ကျော်လွန်နေသည်။
ထို့ကြောင့် ပဒုမ္မာကြာ နတ်ဧကရာဇ်က အရာအားလုံးကို ရှန်ထျန်းဆီပေးဖို့အတွက် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ရှန်ထျန်း၏ အနာဂတ်က အကန့်အသတ်မဲ့နေကြောင်း သူ ခံစားမိသည်။ ဘယ်သူမှ မရသေးသော ပြိုင်ဘက်ကင်း အကန့်အသတ်မဲ့လမ်းကို လျှောက်လမ်းနိုင်မည်ဟု ထင်မှတ်မိသည်။
ထို့ကြောင့် သူ၏ အမွေအနှစ်ကို ရှန်ထျန်းဆီ လက်ဆင့်ကမ်းလိုက်သည်က ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။
နှစ်ပေါင်း တစ်သောင်းကြာသွားသည့်အခါ သူက ဆေးပညာရပ်များက ကြီးကျယ်လာကာ ထိုပညာရပ်များကို နယ်မြေငါးခု သို့မဟုတ် နတ်ဘုရားလောကသို့ပင် ဖြန့်ဝေပေးနိုင်မည် ဖြစ်သည်။
ထိုအတွေးကြောင့် ပဒုမ္မာကြာ နတ်ဧကရာဇ်က လက်မြှောက်လိုက်သည့်အခါ နောက်ထပ် အစိမ်းရောင်အလင်းတန်းက ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ကျမ်းများ ပါဝင်ပြီး ရှန်ထျန်း၏ အမွေအနှစ်က ပြီးပြည့်စုံသော ဆေးလုံးဆန်းကြယ်ကျမ်းနှင့် ဆေးပင်တစ်ရာကျမ်းတို့ ဖြစ်သည်။
မင်းသမီးလင်းလုံ ရရှိထားသော အမွေအနှစ်နှင့် နှိုင်းယှဉ်လိုက်လျှင် ရှန်ထျန်း ရရှိလိုက်သော အရာက ပိုမိုပြီးပြည့်စုံပြီး တန်ဖိုးရှိသည်။
ထိုအရာက ကျမ်းများ၏ ဒုတိယတစ်ဝက် ပေါင်းစပ်ခြင်းဖြစ်သော်လည်း တန်ဖိုးက ပြီးပြည့်စုံခြင်း မရှိသော ပထမတစ်ဝက်နှင့် လုံးဝ မတူပေ။
ပြီးပြည့်စုံသော ကျမ်းနှင့် မပြီးပြည့်စုံသော ကျမ်းတို့ ကြားထဲတွင် ကြီးမားသော ကွာခြားချက် ရှိသည်။ ထိုအရာက ဆယ်ဆလောက်ပင် ပိုမိုအားကြီးနိုင်သည်။
သူ့ စိတ်ထဲတွင် ရောက်ရှိလာသော မှတ်ဉာဏ်အသစ်ကြောင့် ရှန်ထျန်း၏ အကြည့်တို့ မှေးမှိန်သွားရသည်။
သူက ထိုကျမ်းနှစ်ခု၏ အသုံးပြုမှုကို သိနေပြီ ဖြစ်သည်။
ဤကျမ်းနှစ်ခုက တစ်ခုနှင့်တစ်ခု ထောက်ပံ့ကြသည်။ ပထမကျမ်းတစ်ခုက မရေတွက်နိုင်သော အထွတ်အထိပ်အဆင့် အဖိုးတန်ဆေးပင်များကို ဖန်တီးနိုင်သည်။
နောက်ထပ်ကျမ်းတစ်ခုက ဆေးပညာရပ်ကို အသုံးပြုပြီး ထိုအဖိုးတန် ဆေးပင်များကို ပေါင်းစပ်ပေးပြီး ဆေး၏ အကျိုးသက်ရောက်မှုကို အမြင့်ဆုံးအထိ မြှင့်တင်ပေးသည်။
ထိုအကြောင်းသာ အထွတ်အမြတ်မြေတစ်ခုတွင် ပျံ့သွားပါက ထို အထွတ်အမြတ်မြေ၏ ခွန်အား အဆမတန်တိုးတက်သွားမည်မှာ သိပ်မကြာပေ။
ထိုအရာများကို တကယ်လိုအပ်သည်ဟု ပြောလို့ရသည်။
ထိုကျမ်းများနှင့် ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ဒီထက်ပိုပြီး သန်မာအောင် လုပ်ပေးလို့ရသည်။
ဒါကို စိတ်ကူးယဉ်ကြည့်လိုက်စမ်းပါ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသာ ကျမ်းတွေ ရမယ်ဆိုရင် သူတို့က ဝိဇ္ဇာဆေးပင်တွေ စိုက်ပျိုးနိုင်ပြီးတော့ တပည့်တွေရဲ့ ကျင့်ကြံခြင်းကို ကူညီပေးနိုင်သည့် ဆေးလုံးများ ဖော်စပ်နိုင်သွားမှာ
ထိုအချိန်တွင် အဆုံးမဲ့ ဆေးလုံးများ ထောက်ပံ့မှုက တပည့်များ၏ ခွန်အားကို ပြင်းထန်စွာ တိုးမြင့်စေနိုင်လိမ့်မည်။
တပည့်များ၏ ခွန်အား တိုးပွားလာသည့်အခါ သူတို့က အရင်းအမြစ်များရှာဖွေပြီး နောက်ထပ်ဝိညာဉ်ဆေးလုံးများ ရရှိအောင် အထွတ်အမြတ်မြေဆီမှ လဲလှယ်လို့ရတယ်။ သူတို့ကို အသုံးပြုပြီး အထွတ်အမြတ်မြေကို တိုးတက်အောင် လုပ်လို့ရတယ်
အဲဒါတွေ အကုန်လုံး ဆက်စပ်မိသွားပြီးတော့ သက်ရှိပတ်ဝန်းကျင်စနစ်ကို ကိုယ့်ဘာသာကို ဖွဲ့စည်းနိုင်သွားလိမ့်မယ်
အဲလိုဆိုရင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ခွန်အားက အဆမတန်တိုးပွားလာပြီးတော့ တခြားအထွတ်အမြတ်မြေတွေထက် အများကြီး ကျော်လွန်သွားလိမ့်မယ်
ရှန်ထျန်းအနေဖြင့် ဤအခွင့်အရေးကို တခြားသူများအပေါ် အခွင့်ကောင်းယူဖို့အတွက် အသုံးပြုလို့ ရနိုင်သည်။
သိုးတွေကို ကောင်းကောင်း မွေးထားပြီးမှ အမွေးရိတ်တာက အကောင်းဆုံးပဲလေ
ရှန်ထျန်းက လက်နှစ်ဖက်ယှက်ကာ ပြန်ဖြေလိုက်သည်
“ ကျေးဇူးတင်ပါတယ် စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်”
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အမွေအနှစ်က သူ့အတွက် တကယ် ကောင်းမွန်သောအရာဖြစ်သည်။
“ ငါ့ရဲ့ အမွေအနှစ်က အဲဒီထက် အများကြီးပိုတယ်”
ရှန်ထျန်း အမွေအနှစ်ကို လက်ခံလိုက်သည်ကို ကြည့်ပြီး ပဒုမ္မာကြာ နတ်ဧကရာဇ်က အရမ်းကျေနပ်နေမိသည်။
“ ဒါက ငါ့ရဲ့ ပဒုမ္မာကြာပန်း အမှတ်အသားပြားပဲ။ ဒါနဲ့ဆိုရင် ဖန်းလဲ့ကျွန်းရဲ့ ကာကွယ်ရေး အစီအရင်ကို ထိန်းချုပ်လို့ရတယ်”
ပဒုမ္မာကြာ နတ်ဧကရာဇ်က အစိမ်းရောင် အမှတ်အသားပြားကို ထုတ်ယူကာ ရှန်ထျန်းဆီ လက်လွှဲပေးလိုက်သည်။
“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်…ဒီပဒုမ္မာကြာပန်း အမှတ်အသားပြားက…”
ရှန်ထျန်း ခေါင်းကုတ်လိုက်မိသည်။ ဤပဒုမ္မာကြာပန်း အမှတ်အသားပြားက အများကြီး အသုံးမဝင်သလို သူကလည်း အမှတ်သားပြားများကို သိမ်းဆည်းသူတစ်ယောက် မဟုတ်ပေ။
လက်ရှိအခြေအနေတွင် ဖန်းလဲ့ကျွန်းက ပျက်စီးနေပုံပေါ်သည်။ ထိုကျွန်း၏ ဝိညာဉ်သွေးကြောများကပင် တစ်စုံတစ်ယောက်၏ အတင်းအဓမ္မ ယူဆောင်သွားခြင်းကို ခံလိုက်ရသည်။ ဝိညာဉ်ချီများလည်း ခြောက်သွေ့နေကာ ပျက်စီးယိုယွင်းသော မြင်ကွင်းတစ်ခု ဖြစ်လာသည်။
ရှန်ထျန်း၏ အတွေးများကို သိနေသည့်ပုံစံဖြင့် ပဒုမ္မာကြာ နတ်ဧကရာဇ်က အဖြူရောင် မုတ်ဆိတ်မွေးကို သပ်ကာ ပြောလိုက်သည်
“ ဖန်းလဲ့ကျွန်းကို လျှော့မတွက်နဲ့။ ငါ အထက်ဘုံ မတက်လှမ်းခင်တုန်းက ထိတ်လန့်သွားစေနိုင်လောက်တဲ့ ဝိညာဉ်သန့်စင်ခြင်း အစီအရင်ကို ဖန်းလဲ့ကျွန်းပေါ်မှာ ထားခဲ့တယ်။ အဲဒီအချိန်တုန်းက ဖန်းလဲ့ကျွန်းက စွမ်းအားအကြီးဆုံး အခြေအနေမှာ ရှိနေခဲ့တယ်။ နတ်ဧကရာဇ်တွေတောင် အဲဒီကျွန်းထဲကို မဝင်ရဲခဲ့ကြဘူး”
ထိုအကြောင်းကို ပြောရင်း ပဒုမ္မာကြာ နတ်ဧကရာဇ်၏ မျက်နှာတွင် ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်နေသည်။
သူက လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းတုန်းက နံပါတ်တစ် ဆေးပညာရှင် ဖြစ်သော်လည်း သူ့တိုက်ခိုက်စွမ်းရည်က အားနည်းသည်ဟု ပြောလို့မရနိုင်ပေ။ တစ်ဖက်တွင် ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အသန်မာဆုံး ခုခံစွမ်းအားက ကာကွယ်ရေးအစီအရင်များကို ဖန်တီးနိုင်သည့် အရည်အချင်းပင် ဖြစ်သည်။
ဆေးလုံးများ ဖော်စပ်ချင်ပါက မတူညီသော အစီအရင်များ လုပ်ဖို့အတွက် အမျိုးမျိုးသော ဆေးပညာရပ်များကို အသုံးပြုဖို့လိုပြီး ပါဝင်ပစ္စည်းများကို ဆေးလုံးများအဖြစ်သို့ ဖော်စပ်ရမည် ဖြစ်သည်။
ထိုအခါမှသာ ဆေးလုံးများ၏ အကျိုးသက်ရောက်မှုက အဆုံးစွန်အထိ ရောက်ရှိသွားလိမ့်မည်။
ထို့ကြောင့် ပဒုမ္မာကြာ နတ်ဧကရာဇ်က နံပါတ်တစ် ဆေးပညာရှင် နတ်ဧကရာဇ်တစ်ပါး ဖြစ်ရုံသာမက ကာကွယ်ရေးအစီအရင် ကျွမ်းကျင်သူဟုလည်း ခေါ်ဆိုနိုင်သည်။
“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ် ဖန်းလဲ့ကျွန်းက ဘာလို့ အခုလိုမျိုး ဖြစ်သွားရတာလဲ”
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ပြောကြားချက်အရ ဖန်းလဲ့ကျွန်းက တစ်ချိန်တုန်းက ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေသည့် ကာကွယ်ရေးအစီအရင်တစ်ခု ရှိခဲ့သည်။ ထို့ကြောင့် သာမန်သူခိုးများက ကျူးကျော်ဝင်ရောက်ခြင်း မရှိခဲ့ပေ။
သူ ဖန်းလဲ့ကျွန်းသို့ ရောက်လာသည့်အခါ အစီအရင်၏ ပုံပန်းသဏ္ဌာန်လေးကိုသာ တွေ့ခဲ့ရပြီး ပျက်စီးနေကော ဘာစွမ်းအားမှ မရှိတော့ပေ။
ဒါပေမဲ့ ဘယ်အရာက ဖန်းလဲ့ကျွန်းရဲ့ ကာကွယ်ရေးအစီအရင်ကို တစ်စစီဖြစ်သွားစေခဲ့တာလဲ
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ မျက်နှာလေးက နီရဲနေကာ ပြောလိုက်သည်
“ ဒါက မတော်တဆတစ်ခုပါပဲ … ဒီနတ်ဧကရာဇ်သာ ကိစ္စအချို့ကို ချန်ထားခဲ့ပြီး ဖန်းလဲ့ကို တာဝန်မယူခဲ့ဘူးဆိုရင် ငါက ဘာလို့…”
ထိုအချိန်တွင် ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အကြည့်တို့ တုန်လှုပ်သွားသည်။
ထိတ်လန့်စရာကောင်းသော ပြင်းထန်သည့် တိုက်ပွဲတစ်ခုက ဖန်းလဲ့ကျွန်းပေါ်တွင် ဖြစ်ပွားသွားတာ သေချာသည်။ ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ကာကွယ်ရေး အစီအရင်ပင် တစ်စစီ ဖြစ်သွားခဲ့သည်။
“ ကဲပါ…ငါတို့ အတိတ်အကြောင်းကို မပြောပဲ နေရအောင်” ပဒုမ္မာကြာ နတ်ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်
“ ဖန်းလဲ့ကျွန်းက ပျက်စီးယိုယွင်းနေတယ်လို့ ပြောလို့ရပေမဲ့လည်း ငါ့ရဲ့ ဂူဗိမာန်က အခုထိ အကောင်းအတိုင်း ရှိနေတုန်းပါပဲ။ မင်း အနာဂတ်မှာ မယှဉ်ပြိုင်နိုင်တဲ့ တည်ရှိမှုမျိုးနဲ့ ကြုံတွေ့ရမယ်ဆိုရင် ငါ့ရဲ့ ဂူဗိမာန်မှာ လာပြီး ပုန်းခိုနေလို့ရတယ်။ သာမန်နတ်ဧကရာဇ်တွေတောင် ဒီနေရာကို ချိုးဖျက်ပြီးတော့ ဝင်မလာနိုင်ဘူး”
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဂူဗိမာန်က သူ၏ ဂုဏ်အယူရဆုံး ဖန်တီးမှုတစ်ခုဖြစ်ပြီး ပင်လယ်မျက်နှာပြင်အောက် ပေပေါင်း သိန်းချီနေသော နေရာတွင်တည်ရှိသည့်အတွက် နှစ်ပေါင်းတစ်သိန်းအတွင်း လာရောက်သူ မရှိခဲ့ပေ။ ထိုအရာကပင် ထိတ်လန့်စရာကောင်းစေသာ အဖြစ်အပျက်တစ်ခု ဖြစ်သည်။
ရှန်ထျန်းက ခေါင်းညိတ်ပြကာ လက်ထဲရှိ ပဒုမ္မာကြာပန်း အမှတ်အသားပြားကို ပွတ်ကြည့်လိုက်ပြီး စိတ်ထဲတွင် အတွေးပေါင်းစုံနေသည်။
ဖန်းလဲ့ကျွန်းက စွန့်ပစ်ခံထားရသော်လည်း ထာဝရကျွန်းတစ်ကျွန်း ဖြစ်နေဆဲဖြစ်သည်။
ဤအရာက ကျွန်းတစ်ကျွန်းဖြစ်သည့်အတွက် သူ့အနေဖြင့် တိုးတက်အောင် လုပ်ကာ အသုံးဝင်အောင် လုပ်သင့်သည်။
ပြင်ပလောကတွင် ဖန်းလဲ့ကျွန်းကို စိတ်ကူးယဉ်နေရာဟု ခေါ်ဆိုသော ကောလဟာလများလည်း ရှိသည်။
ငါသာ ဒီနေရာကို မွမ်းမံပြီးတော့ ကြေညာရမယ်ဆိုရင် ကမ်းခြေ၊ အုန်းသီးတွေ၊ ရွက်လှေတွေနဲ့ ဘီကနီတွေက အာရုံကို ဖမ်းစားနိုင်လောက်မယ် မဟုတ်လား
အဲဒီအချိန်မှာ အဲဒီနေရာကို ခရီးသွားလှည့်လည်တဲ့ နေရာအဖြစ် ဖန်တီးပြီးတော့ ဝိညာဉ်ဆေးလုံးအချို့ကို ရောင်းချလိုက်မယ်။ ဒါဆိုရင် ကံလည်း ကောင်းလာမယ်မလား။ စဉ်းစားလိုက်ရုံနဲ့တင် ပျော်ဖို့ကောင်းတယ်
ကောင်းတဲ့ အကြံဉာဏ်ပဲ အဲလိုပဲ လုပ်ကြတာပေါ့။ ထာဝရဘုံဗိမာန်ကျွန်းကိုလည်း အဲလိုမျိုးပဲ တိုးတက်အောင် လုပ်ရမယ်
ဒါဆိုရင် ငါက ဒီကျွန်းနှစ်ကျွန်းရဲ့ ပိုင်ရှင်ဖြစ်သွားပြီ
ကျွန်းနှစ်ကျွန်းဆိုတော့ ပျော်ရွှင်မှုကလည်း နှစ်ဆပေါ့
အရမ်း အံ့ဩဖို့ကောင်းတယ်
“ ဒီပစ္စည်းနှစ်ခုက အရင်တုန်းက မီးမွှေးဖို့နဲ့ ဆေးဖော်စပ်ဖို့အတွက် အသုံးပြုခဲ့တာ။ အခု မင်းကို ပေးလိုက်မယ် လူငယ်လေး”
ပဒုမ္မာကြာ နတ်ဧကရာဇ်က နောက်ထပ် ပစ္စည်းနှစ်ခုဖြစ်သည့် မီးပြင်းဖိုနှင့် ယပ်တောင်ကို ထုတ်ယူလိုက်သည်။
သို့သော် ထိုအရာများက သာမန်မီးပြင်းဖိုနှင့် ယပ်တောင် မဟုတ်ပေ။
မီးပြင်းဖိုက လုံးဝ အစိမ်းပုတ်ရောင် ဖြစ်ပြီး ရွှင်မြူးတက်ကြွသော သက်ဝင်လှုပ်ရှားမှုတို့ ပါဝင်နေသည့် များပြားသော နတ်သင်္ကေတများကို ထွင်းထားသည်။
ထိုနတ်သင်္ကေတများထဲတွင် ဘဝက စီးမြောနေသလိုဖြစ်ပြီး အရမ်းဆန်းကြယ်နေပုံပေါ်သည်။
ယပ်တောင်ကလည်း အရမ်းကိုကြီးမားပြီး ငှက်ပျောရွက် ပုံသဏ္ဌာန် ရှိသည်။ ကြီးမြတ်သောတာအိုက ထွင်းထားခဲ့သည့် အံ့ဖွယ်အကွက်များလည်း ရှိပြီး ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့်အတွက် ဘေးပတ်လည်ရှိ လေဟာနယ်ကို တွန့်လိမ်သွားစေသည်။
ထိုအရာများက ပဒုမ္မာကြာနတ်ဧကရာဇ် အထက်ဘုံတက်လှမ်းသွားသည့်အချိန်တွင် နယ်မြေငါးခု၌ ချန်ထားခဲ့သော နတ်ဧကရာဇ်တစ်ပိုင်း အသုံးဆောင်ပစ္စည်းနှစ်ခု ဖြစ်သည့် ပဒုမ္မာကြာ နတ်ဧကရာဇ်ဆေးမီးပြင်းဖိုနှင့် ငှက်ပျောယပ်တောင်တို့ ဖြစ်သည်။
ပဒုမ္မာကြာ နတ်ဧကရာဇ် မွေးဖွားပြီးကတည်းက ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖိုက သူနှင့်အတူ ရပ်တည်ပြီး နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ ထိုအရာက မရေတွက်နိုင်သော ဝိညာဉ်ဆေးလုံးများကို ဖော်စပ်ပေးပြီး များပြားသော သက်ရှိများ၏ အဆီအနှစ်ကို စုပ်ယူကာ သက်ဝင်လှုပ်ရှားမှုနှင့် ပြည့်နှက်နေသော အရှိန်အဝါကို ထုတ်လွှတ်ပေးသည်။
ကျင့်ကြံသူက ဤဆေးမီးပြင်းဖိုကို အသုံးပြုပြီး ဝိညာဉ်ဆေးလုံးများ ဖော်စပ်ပါက သူတို့၏ အောင်မြင်နိုင်ချေက များပြားသည်။ ထို့အပြင် ဝိညာဉ်ဆေးလုံးများ၏ အကျိုးသက်ရောက်မှုကလည်း တိုးမြင့်လာမည် ဖြစ်သည်။
ထို့ကြောင့် ထိုအရာက ဆေးပညာရှင်အတွက် အဖိုးတန်ရတနာဟု သတ်မှတ်နိုင်သည်။
ငှက်ပျောယပ်တောင်ကလည်း တူညီစွာ အထင်ကြီးဖို့ ကောင်းလှသည်။ ထိုအရာက ပဒုမ္မာကြာ နတ်ဧကရာဇ်က ခွန်းလွန်ဆန်းကြယ်နယ်ပယ်တွင် ဖန်တီးခဲ့သောအရာဖြစ်သည်။ ထိုအချိန်တုန်းက ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ရတနာကို သူ၏ အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းဖြင့် ရရှိထားသည့်အတွက် ယပ်တောင်လုပ်ရန် အသုံးပြုခဲ့သည်။
သူ ရရှိခဲ့သော ရတနာက အံ့ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် လဝန်းအဆီအနှစ် သစ်ရွက် ဖြစ်သည်။
ပဒုမ္မာကြာ နတ်ဧကရာဇ်က နတ်ဧကရာဇ်တစ်ပိုင်း အသုံးအဆောင် ပစ္စည်းနှစ်ခုကို ထုတ်ပေးလိမ့်မည်ဟု ရှန်ထျန်း ထင်မှတ်မထားခဲ့ပေ။ ထိုအရာက သူ့အတွက် ကောင်းမွန်သော လက်ဆောင် ဖြစ်ပေသည်။
ရှီလင်းလုံ ဆုရစဉ်က ဤအရာများကို ရှန်ထျန်း မမြင်ခဲ့ပေ။
“ ကောင်လေး… မင်းအနေနဲ့ ပြီးပြည့်စုံသွားအောင် လုပ်စေချင်တဲ့ အရာတစ်ခုရှိတယ်”
ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှေ့ထပ်တိုးလာကာ ရှန်ထျန်းကို မျှော်လင့်ချက်အပြည့် ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအချိန်တွင် ပဒုမ္မာကြာ နတ်ဧကရာဇ်က သူ့အပေါ် ဘာလို့ အရမ်းရက်ရောနေရလဲဆိုတာကို ရှန်ထျန်း နားလည်သွားသည်။
သူက သူ့ကို ကြာပန်း အမှတ်အသားပြား ပေးရုံတင်မကသေးဘူး နတ်ဧကရာဇ်တစ်ပိုင်း အသုံးအဆောင်ပစ္စည်းတွေလည်း ပေးသေးတယ်
ဒါဆိုရင် အဲလိုတွေလုပ်နေတာက ငါ့ကို တောင်းဆိုစရာရှိနေလို့ပေါ့
“ စီနီယာ ပြောသာပြောလိုက်ပါ။ ကျွန်တော် အကောင်းဆုံး လုပ်ဆောင်ပေးပါ့မယ်”
ရှန်ထျန်းက ငြင်းဆိုဖို့အတွက် အရမ်းရှက်နေမိသည်။
ထို့အပြင် ပဒုမ္မာကြာ နတ်ဧကရာဇ်က သဘောကောင်းပြီး စိတ်အားထက်သန်နေခဲ့သည်။
သူက ငါ့အသက်ကို စွန့်စားရမဲ့ အန္တရာယ်များတဲ့ တောင်းဆိုမှုတွေကိုတော့ မလုပ်လောက်ပါဘူး
“ငါ့ဆီမှာ နတ်ဧကရာဇ်ဆေးပင် တစ်ခု ရှိနေသေးတယ်”
ပဒုမ္မာကြာ နတ်ဧကရာဇ် စကားပြောပြီးသွားသည့်အခါ လက်အင်္ကျီစထဲမှ အဆင့်၁၂ ပဒုမ္မာကြာပန်းကို ထုတ်ယူလိုက်သည်။
ပဒုမ္မာကြာပန်းက စောနက သူ ရှီလင်းလုံဆီသို့ ပဒုမ္မာကြာစေ့ ပေးတုန်းကသကဲ့သို့ တူညီသော သဘာဝဖြစ်စဉ်ကို ပေးစွမ်းပြီး ထိုးထွက်နေသော အရှိန်အဝါလည်း ပါဝင်သည်။
အဆုံးမဲ့ အလင်းတန်းက ပဒုမ္မာကြာပန်း၏ ဘေးပတ်လည်တွင် ပတ်လည်ဝန်းရံနေပြီး ရှုပ်ထွေးမှုမှ မွေးဖွားလာသော အထွတ်အထိပ် ရတနာတစ်ပါး အသွင်ဆောင်နေသည်။
အဆင့်၁၂ ပဒုမ္မာကြာပန်းထွက်ပေါ်လာမှုကြောင့် ဂူဗိမာန်တစ်ခုလုံးတွင် ပြင်းထန်သော သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားသည်။
အစိမ်းရောင်အလင်းတန်းက ကောင်းကင်သို့ ဝင်သွားကာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်ကို အဆုံးမဲ့ အလင်းတန်းထဲသို့ နစ်မြုပ်သွားစေသည်။
နတ်ဧကရာဇ်ဆေးပင်က ထင်ထားတဲ့အတိုင်း အံ့ဩတုန်လှုပ်စရာကောင်းတဲ့ သဘာဝဖြစ်စဉ်ကို ထုတ်လွှတ်ပေးတယ်
ရှန်ထျန်းပင် အနည်းငယ် တွေဝေသွားသည်။
သူ့ရဲ့ စုဆောင်းမှုတွေထဲမှာ အဲလိုမျိုး အဆင့်ရှိတဲ့ ဆေးပင် မရှိဘူး
ဟုတ်တယ်…ငါ အဲဒါကို စားချင်တယ်
ပဒုမ္မာကြာ နတ်ဧကရာဇ်က သူ့လက်ထဲရှိ အဆင့်၁၂ ပဒုမ္မာကြာပန်းကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
“ အစတုန်းက ဒီအဆင့်၁၂ ပဒုမ္မာကြာပန်းကို အထွတ်အထိပ်အဆင့် ဝိညာဉ်ဆေးဖြစ်တဲ့ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို လုပ်ဖို့အတွက် အသုံးပြုချင်ခဲ့တာ။
ကံမကောင်းစွာနဲ့ပဲ ဖော်စပ်ဖို့အတွက် လိုအပ်မှုတွေက အရမ်းကို ခက်ခဲတယ်။ အဲဒါကို ရှုပ်ထွေးပွေလီ အငွေ့အသက်နဲ့ ပေါင်းစပ်ထားတဲ့ အထွတ်အထိပ်အဆင့် အံ့ဖွယ်မီးတောက်နဲ့ပဲ ဖော်စပ်လို့ရတာ။ အဲဒါကြောင့် ငါ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို သန့်စင်ဖို့အတွက် ရှုပ်ထွေးပွေလီ သမုဒ္ဒရာကို သွားခဲ့တာ။
ဒါပေမဲ့ အဆုံးသတ်မှာ ငါ ကျရှုံးသွားခဲ့တာ။ အဲဒါက ငါ့ရဲ့ တစ်သက်တာ နောင်တ ဖြစ်နေတယ်။
မင်းမှာ ထူးခြားတဲ့ ခန္ဓာတည်ဆောက်ပုံ ရှိသလို မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုပ်ထွေးပွေလီ အငွေ့အသက်ကိုတောင် သိုလှောင်ထားနိုင်တယ်။ အဲဒါကြောင့် တစ်နေ့မှာတော့ မင်း ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်နိုင်မယ်လို့ မျှော်လင့်တယ်”
ထိုအချိန်တွင် ပဒုမ္မာကြာ နတ်ဧကရာဇ်၏ သက်ပြင်းချသံက ပိုမိုကျယ်လောင်လာသည်။
သူက ဘယ်လိုလုပ်ပြီးတော့ တားမြစ် ရှုပ်ထွေးပွေလီ အရှိန်အဝါကို အလွယ်တကူ ထိန်းချုပ်နိုင်မှာလဲ
ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှုပ်ထွေးပွေလီ အငွေ့အသက်ကို သန့်စင်စဉ်က အထွတ်အထိပ်ကျင့်စဉ်ကို အသုံးပြုခဲ့သော်လည်း ဒဏ်ရာများစွာရမလို ဖြစ်ခဲ့သည်။
နှစ်ပေါင်း သောင်းချီကြာတဲ့အထိ ထိုအရာကို မကျော်လွှားနိုင်ဖြစ်နေခဲ့သည်။
သို့သော် ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်း၏ အသွင်အပြင်ကြောင့် အခွင့်အရေးကို မြင်နေရသော်လည်း အများကြီး မမျှော်လင့်ရဲပေ။
ခန္ဓာကိုယ်ထဲမှာ ရှုပ်ထွေးပွေလီ အငွေ့အသက်ရှိနေခြင်းနှင့် ထိုအရာကို သန့်စင်ရခြင်းကို လုံးဝ မတူညီသော အရာနှစ်ခု ဖြစ်သည်။
ကွာခြားချက်က ကောင်းကင်နှင့် မြေကြီးလိုမျိုး ကွာခြားသည်။
တစ်နေ့တွင် ရှန်ထျန်းက ရှုပ်ထွေးပွေလီ အငွေ့အသက်ကို သန့်စင်နိုင်ကာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်နိုင်မည်ဟု ပဒုမ္မာကြာ နတ်ဧကရာဇ်က မျှော်လင့်ထားသည်။
ရှန်ထျန်းရဲ့ ထူးခြားတဲ့ ခန္ဓာနဲ့ဆိုရင် ဆန်းကြယ်မှုတွေကို ဖန်တီးနိုင်လောက်လား
ဒါဆိုရင် သူ တစ်သက်တာ ဆန္ဒပြည့်ဝသွားပြီ
သို့သော် ရှန်ထျန်းက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ စကားများကို ကြားသည့်အခါ မျက်နှာထားက ထူးဆန်းသွားသည်။
ဘာလို့ အဲလောက်ထိ ရိုးရှင်းတဲ့ကိစ္စက ကြန့်ကြာနေရတာလဲ
“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ် ကျွန်တော် အခု ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်ဖို့အတွက် ယုံကြည်မှု ရှိပါတယ်”
ရှန်ထျန်းက ယုံကြည်မှုပြည့်စွာဖြင့် ပြောလိုက်သော်လည်း ပဒုမ္မာကြာ နတ်ဧကရာဇ်က သံသယဝင်နေသည်။
“ ကောင်လေး ကြွားလုံးထုတ်မနေနဲ့။ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို သန့်စင်ဖို့ ကိစ္စက လွယ်ကူတာ မဟုတ်ဘူး။ မင်းဆီမှာ ထူးခြားတဲ့ ခန္ဓာရှိပြီးတော့ ရှုပ်ထွေးပွေလီ အငွေ့အသက်တွေကို သိုလှောင်နိုင်ပေမဲ့လည်း သန့်စင်ဖို့က မလွယ်ကူဘူး။ ရှုပ်ထွေးပွေလီ အငွေ့အသက်ကြောင့် ကံဆိုးမှုကို ခံစားရပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ကိုတောင် ဖျက်စီးပစ်လိုက်နိုင်တယ်…”
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ စကားမဆုံးခင် ရှန်ထျန်းက လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ ငွေရောင်အလင်းတန်းက ပတ်လည်ဝန်းရံနေသည်။
အလင်းတန်းက သာမန်ပုံစံပေါ်သော်လည်း ထိတ်လန့်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုအလင်းတန်းက သေချာပေါက် ရှုပ်ထွေးပွေလီ အငွေ့အသက် ဖြစ်သည်။
“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ….ဒီကောင်လေးက ဘယ်လိုလုပ်ပြီးတော့ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ထိန်းချုပ်နိုင်သွားရတာလဲ
ပဒုမ္မာကြာ နတ်ဧကရာဇ်တွင် တည်ငြိမ်အေးချမ်းသော စိတ်ထား ရှိသော်လည်း ရှုပ်ထွေးပွေလီ အငွေ့အသက်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်သွားဆဲ ဖြစ်သည်။
မတတ်နိုင်ဘူး။ အရမ်းကြောက်ဖို့ကောင်းတယ်
ရှေးခေတ်အခါကတည်းက ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ထိန်းချုပ်နိုင်သည့်သူကို မမြင်ဖူးခဲ့သလို ရှေးဟောင်း စာအုပ်မှတ်တမ်းများထဲတွင်လည်း မရှိပေ။
ကမ္ဘာဦးခေတ်တုန်းက ရှုပ်ထွေးပွေလီ အငွေ့အသက်ကို အောင်မြင်စွာသန့်စင်နိုင်သည့် ပိုပြီး စွမ်းအားကြီးသော ဖြစ်တည်မှုများ ရှိမည်ဟု ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးမှ ခန့်မှန်းထားခဲ့သည်။
အဲလိုမှမဟုတ်ရင် ဒီလိုမျိုး ဆေးဖော်စပ်နည်းက ကျန်ခဲ့စရာအကြောင်း မရှိဘူးလေ
ဒါပေမဲ့ အဲဒါက ခန့်မှန်းချက် တစ်ခုပဲလေ။ ဘာအခြေခံ အကြောင်းအရင်းမှ မရှိဘူး
ဒါပေမဲ့အခု ရှန်ထျန်းက ရှုပ်ထွေးပွေလီ အငွေ့အသက်ကို နည်းနည်းလေးမှ ယိုစိမ့်စေမှုမရှိပဲနဲ့ ပြီးပြည့်စုံစွာ ထိန်းချုပ်နေတယ်
ပဒုမ္မာကြာ နတ်ဧကရာဇ်က ထိတ်လန့်နေစဉ် သူက စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ရှန်ထျန်းသာ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို တကယ်ထိန်းချုပ်နိုင်ပြီးတော့ သူ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအားကြီး ထူးခြားမီးတောက်သုံးခုနဲ့ ပေါင်းစပ်သွားရင်…
ဒါဆိုရင် အထွတ်အထိပ်အဆင့် ဆေးလုံး ဖော်စပ်နိုင်တဲ့ အခွင့်အရေးက တကယ်ရှိတယ် မဟုတ်လား
ငါ့ရဲ့ တစ်သက်တာဆန္ဒလေးက ငါ့မျက်စိရှေ့မှာတင် ပြည့်သွားတော့မှာလား