← Chapters

နောက်ဆုံးရှန်းဘုရင်

Vol. 33 Ch. 459

နောက်ဆုံးရှန်းဘုရင်

Vol. 33 Ch. 459

ကောင်းကင်ရေတံခွန်သည် တောင်ပေါင်းတစ်ထောင်ကြားမှ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုလို စီးကျလာသည်။ ၎င်း၏ငွေဖြူရောင်ရေများသည် ကြီးမားသော စွမ်းအားဖြင့် ကောင်းကင်မှ ဆင်းသက်လာကာ ထျန်းကျစ်ပြည်၏ ထောင်ပေါင်းများစွာသော ရေကန်များနှင့် အိုင်များထဲ ​စီးဝင်ပြီး မြင်ရသူတိုင်း သတိရစေမည့် ခမ်းနားသော မြင်ကွင်းကို ဖန်တီး​ပေးထားသည်။

ချန်ရှီသည် ထိုက်ယိနတ်ဆိုးလွန်းပျံယာဥ်ကို ဆင့်ခေါ်ပြီး နတ်သမီးရှောင်သွမ့်နှင့်အတူ ၎င်းအတွင်းတွင် ရပ်နေသည်။ လွန်းပျံယာဉ်သည် ငွေရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ရေတံခွန်နှင့် ယှဉ်တွဲကာ အပေါ်သို့ ပျံတက်သွားသည်။

ကောင်းကင်က အကွဲအပြဲများသည် မြေပြင်မှ မိုင်ရှစ်ဆယ်ကျော်အထိ မယုံနိုင်လောက်အောင် မြင့်မားလှသည်။ ထိုနေရာ၌ ပျံသန်းခြင်းသည် သာမန် ကျင့်ကြံသူ များအတွက် မဖြစ်နိုင်သလို မဟာယာန အဆင့်ရှိသူများပင် ကြီးမားစွာ ရုန်းကန်ရပေလိမ့်မည်။

သို့သော် လွန်းပျံယာဉ်လို အမတလက်နက် အတွက်ကမူ ထိုနေရာသို့ ရောက်ရှိရန် မခက်ခဲချေ။

ထိုက်ယိနတ်ဆိုးနှင် လွန်းပျံယာဉ်သည် ရေထဲသို့ ထိုးကျသွားပြီး အကွဲအပြဲဆီသို့ ဦးတည်သွားသည်။ လှိုင်းထန်နေသော ကြီးမားသော သက်ရောက်မှုရှိသော်လည်း လွန်းပျံယာဉ်၏ မျက်နှာပြင်သည် မယုံနိုင်လောက်အောင် တည်ငြိမ် ချောမွေ့နေပြီး ၎င်းအပေါ်သို့ ကျသွားသော ရေများသည် အနည်းငယ်သာ သက်ရောက်မှုရှိပုံရသည်။

လွန်းပျံယာဉ် ရုတ်တရက် ပြင်းထန်စွာ လှုပ်ခတ်သွားသောအခါတွင် ကြီးမားသော ရေတွင်းထဲသို့ ဝင်ရောက်သွားဖွယ်ရှိသည်။ သူတို့သည် ရေဝဲလမ်းကြောင်းကို သွားလာစဉ်တွင် ၎င်းသည် နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်သော်ငြား ၎င်းသည် ရေဝဲ၏ဒဏ်ကို ခံနေရဆဲဖြစ်ပြီး ဖြည်းညှင်းစွာ လှည့်ပတ်​နေသည်။

"ငါတို့ ရှောင်လို့မရဘူး မဟုတ်ရင် လမ်းပျောက်သွားလိမ့်မယ်!"

ချန်ရှီ နတ်သမီးရှောင်သွမ့်ရဲ့ လက်ကို အမြန်ဆုပ်ကိုင်ထားလိုက်သည်။ သူတို့နှစ်ဦး ဆွဲငင်မခံရဘဲ ၎င်း၏လမ်းအတိုင်း လိုက်၍ လွန်းပျံယာဉ် အတွင်းမှ မျောပါသွားကြသည်။

နတ်သမီးရှောင်သွမ့် သူ့လက်မှ လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အနည်းငယ် ကြိုးစားပြီးပေမယ့် ချန်ရှီက သူမကို ဆုပ်ကိုင်ထားခဲ့သည်။ သူမကိုယ်တိုင်က :"သူက အရမ်းလေးနက်တယ်လို့ ထင်နေတာ တကယ်တမ်းတော့ အန္တရာယ်မရှိပါဘူး... ငါ့ရဲ့ အစွမ်းနဲ့ လွန်းပျံယာဥ်ကို နည်းနည်းလေး အသက်သွင်းနိုင်ရင် ငါတို့ ဖြတ်သန်းနိုင်မှာ..."

သူမရဲ့ မှော်အစွမ်းကို မသုံးခဲ့ပါဘူး။

“သူ့လက်တွေက ကြီးတယ်၊ ထူတယ်၊ နွေးတယ်” ဟု သူမ တွေး​နေမိခြင်းသာ။

ကောင်းကင်ရေတံခွန် အတွင်းရှိ ရေဝဲသည် ကြောက်မက်ဖွယ်ကောင်းပြီး အာကာသကို ကွဲလွဲစေသဖြင့် နတ်ဆိုးနှင်လွန်းပျံယာဥ်ကိုလည်း ၎င်းနှင့် ကွဲသွားစေသည်။ မဟာတာအို၏ ထူးဆန်းသော ပုံစံများသည် အမတ ရှေးဟောင်းပစ္စည်း၏ မျက်နှာပြင်မှ ပြင်ပစွမ်းအားကို တွန်းလှန်နေသကဲ့သို့ ထွက်ပေါ်လာသည်။

ဤအမတ ရှေးဟောင်းပစ္စည်းမှာ မိသားစုဆယ့်သုံးစုဆီမှ ရတနာဖြစ်ပြီး မူလက ဟွာရှနတ်ဘုရားတိုက်မှ ယူဆောင်လာသော နတ်ဆိုးသတ်ရတနာဖြစ်သည်။ ၎င်းသည် အနောက်နွားရှင်းကျိုးကို ငြိမ်းချမ်းစေရန်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် ဘုရင်ကျန်း အမတ အဖြစ်သို့ တက်ကြွလာပြီးနောက် ၎င်းသည် ပိုင်ရှင်များစွာရဲ့ လက်ထဲ ဖြတ်သန်းရင်း နောက်ဆုံးတွင် မိသားစုဆယ့်သုံးစု လက်ထဲသို့ ကျရောက်သွားသည်။

ချန်ရှီ ရှေးဟောင်းပစ္စည်းသည် ရေစုန်၏ သက်ရောက်မှုကို ခံနိုင်ရည်ရှိမရှိ စိတ်ပူနေသော်လည်း နောက်အခိုက်အတန့်တွင် ထိုက်ယိနတ်ဆိုးနှင်လွန်းပျံယာဥ်သည် ရေဝဲမှတဆင့် ပေါက်ကွဲထွက်ပြီး ငြိမ်သက်နေသော ရေထဲသို့ ရွက်လွှင့်ထွက်သွားသည်။

အမှောင်ထုကတော့ အရှေ့ကနေ သူတို့ကို နှုတ်ဆက်နေ၏။

နှစ်ယောက်သား ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ အမှောင်ကို အမြင်အာရုံနဲ့ ညှိယူဖို့ ကြိုးစားကြသည်။ ခဏအကြာတွင်တော့ နှစ်ယောက်သား သူတို့ ပတ်ဝန်းကျင်ကို သိမ်းပိုက်နိုင့လိုက်ကြသည်။

သူတို့ယခု မြစ်ကြီး၏ အောက်ခြေတွင် ရှိ​နေပုံရည်။ ရေထဲတွင် ခံတပ်ကဲ့သို့ ကြီးမားသော ဦးခေါင်းခွံကြီးဆီမှ ခပ်မှိန်မှိန် အလင်းတန်းတစ်ခု ထွက်လာသည်။ ယခု နတ်ဆိုးနှင်လွန်းပျံယာဥ်က ၎င်း၏ ဘယ်ဘက်မျက်လုံးကို ဖြတ်သွားကာ အတွင်းထဲ ဝင်လာ၏။

ချန်ရှီသည် ထိုက်ယိနတ်ဆိုးနှင် လွန်းပျံယာဥ်ကို အသက်သွင်းပြီး ၎င်း၏ ညာဘက်မျက်လုံးပေါက်မှ ပြေးထွက်သွားခဲ့သည်။ ပြန်ကြည့်လိုက်တော့ ဦးခေါင်းခွံရဲ့ တကယ့်မျက်နှာကို မြင်လိုက်ရသည်။

ဦးခေါင်းခွံ၏ မျက်နှာပြင်ကို ထူးဆန်းသော ပုံစံများ၊ ရှန်းမင်းဆက်၏ ဝိညာဥ်လမ်းပြ တာအိုစာလုံး ပုံစံများဖြင့် တန်ဆာဆင်ထားသည်။ ဤပုံစံများသည် အခြားသရဲတစ္ဆေများထဲ ချန်ရှီ မြင်ဖူးသမျှထက် ပိုမိုရှုပ်ထွေးပြီး အလွန်မြင့်မားသော အဆင့်ဖြစ်သည်။

"ဒါက ချီရှန်းရဲ့ ဝိညာဥ်လမ်းပြ တာအိုစာလုံး ပုံစံနဲ့တူတယ်"

နတ်သမီး ရှောင်သွမ့်က သေသေချာချာ စစ်ဆေးကြည့်နေသည်။

"ဦးခေါင်းခွံပိုင်ရှင်က ရှန်းမင်းဆက်ရဲ့ ရေနတ်ဘုရား ဖြစ်ရမယ်... ရေဌာနထဲမှာ ချီရှန်းက မြစ်ကျယ်ကြီးကို စီမံခန့်ခွဲတယ်... ပင်းယိက မြစ်ကြီး၊ ကုံ့ကုန်းက ရေကြီးတာကို ကြီးကြပ်ရတယ်... ရှန်းမင်းဆက်မှာ ဒီမြစ်ကြီးကို တာဝန်ယူရတဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်"

ချန်ရှီသည် ရှန်းမင်းဆက်၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ထုံးတမ်းစဉ်လာများ အကြောင်း များစွာမသိရှိထားသဖြင့် ဤအရာအား အံ့သြဖွယ်ဟု ခံစားနေရသည်။

"မင်းတို့ရဲ့ ရှန်းမင်းဆက် နတ်ဘုရားတွေကို ဘယ်လိုရွေးချယ်ခဲ့တာလဲ... နိုင်ငံတော်ကို ပံ့ပိုးပေးပြီးနောက်မှာလည်း ဒီလို ယုတ်မာခဲ့ကြတာလား?"

နတ်သမီးရှောင်သွမ့် ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး ငါတို့က သွေးနဲ့ အမွေဆက်ခံကြတာ... အရင်ယဇ်ပုရောဟိတ်က အသက်ကြီးလာတဲ့အခါ အကဲဖြတ်ပြီးတဲ့နောက် မိသားစုထဲမှာ အသန်မာဆုံးသွေးရှိတဲ့ လူငယ်က ဝိညာဥ်လမ်းပြ ယဇ်ပုရောဟိတ်ရာထူးကို အမွေဆက်ခံလိမ့်မယ်"

ချန်ရှီ အံ့အားသင့်သွားပြီး :"တိုင်းပြည်အတွက် အနစ်နာခံတဲ့သူတွေကို ဘာလို့ နတ်ဘုရားအဖြစ် မတင်ထားရတာလဲ?"

"မဟာရှန်းမှာ ဘိုးဘေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အံ့ဖွယ်ငှက်ကောင်းကင်နန်းတော် တရားရုံး နဲ့ တော်ဝင်တရားရုံး ဆိုပြီး နှစ်ခုရှိတယ်... အံ့ဖွယ်ငှက်ကောင်းကင်နန်းတော်က ဘိုးဘွားတွေရဲ့ တန်ခိုးအကြီးဆုံး အုပ်စိုးတဲ့ ဘိုးဘွားတွေနဲ့ ဖွဲ့စည်းထားတာ... တော်ဝင်တရားရုံးကတော့ ကမ္ဘာမှာ မြင့်မြတ်တဲ့ သက်ရှိလူသားတွေနဲ့ ဖွဲ့စည်းထားတယ်... ယဇ်ပုရောဟိတ်တွေနဲ့ တာအိုရဲ့ ရိုးရာဓလေ့ထုံးတမ်း ပုံစံ​တွေကို အဖေကအစ သား၊ မြေးအထိ အသွေးအစဉ်အဆက် ဆက်ခံတယ်... မျိုးဆက်တစ်ခုရဲ့ အသွေးအသားထဲမှာ ပုံဖော်ထားတဲ့ တာအိုပုံစံတွေက ကျင့်ကြံတဲ့အခါ အားထုတ်မှုတစ်ဝက်နဲ့ ရလဒ် နှစ်ဆပိုမိုထိရောက်တယ်..."

ချန်ရှီ : "နဂါးတစ်ကောင်က နဂါးဖြစ်လာတယ်၊ ဖီးနစ်က ဖီးနစ်က မွေးတယ်၊ ကြွက်က တွင်းတွေကို တူးလိမ့်မယ်... ဒီကမ္ဘာကြီးက မျှော်လင့်ချက်မဲ့နေတာ ဒီအတိုင်းဆက်သွားရင် အင်အားကြီး မိသားစုတွေရဲ့ လက်ထဲမှာ ပိတ်မိလိမ့်မယ်... သူတို့က ဒီထုတ်လုပ်မှုမှာ မပါဝင်ဘဲ သယံဇာတတွေကို သိမ်းယူမယ့် ဆင်းရဲသားတွေကို နေစရာနေရာမရှိအောင် ချန်ထားလိမ့်မယ်"

နတ်သမီးရှောင်သွမ့် သူ့ကို ချေပရန် ပါးစပ်ဟလိုက်သော်လည်း သေချာစဉ်းစားပြီးနောက်တွင် သူမသည် သူ့စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားလာခဲ့ရသည်။

"မဟာရှန်းမင်းဆက်က ကမ္ဘာကြီးကို အုပ်စိုးဖို့ ဒီနည်းလမ်းကို အမြဲသုံးတယ်... နတ်ဆိုး တာအိုပုံစံတွေက မျိုးဆက်တစ်ခုပြီးတစ်ခုဆီ ကူးဆက်လာခဲ့ပြီး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာတယ်.. သွေးသားရင်းမြစ်တွေရဲ့ စွမ်းအားက ပိုအားကောင်းလာခဲ့တယ် နင် ဖော်ပြခဲ့တဲ့ အရင်းအမြစ်တွေရဲ့ စုစည်းမှုက တကယ်ပဲ ဖြစ်သွားတယ်"

သူမ တိုးတိုးလေးပြောရင်း :"အဲဒီသွေးမပါတဲ့ သာမန်လူတွေက ပါရမီရှင်တွေကို တိုးပွားစေတယ်... အာဏာကို သိမ်းပိုက်ပြီး မဟာရှန်း နတ်ဘုရားတွေရဲ့ အုပ်ချုပ်မှုကို ဖြိုခွဲဖို့ ကြိုးစားကြတယ်... ဘုန်းတော်ကြီးတွေအပေါ် ကိုးကွယ်တဲ့ တာအိုပုံစံတွေကို လေ့လာပြီး ကျင့်​ကြံခြင်းလို့ ခေါ်တဲ့ နည်းအမျိုးမျိုးကို တီထွင်ကြတယ်... သူတို့ကိုယ်သူတို့ ချီသန့်စင်သူ လို့ ခေါ်ကြပြီး ကောင်းကင်ဘုံကို ကူးပြောင်းခြင်းနဲ့ အမတ လမ်းစဉ်ကို ကျင့်သုံးကြတယ်..."

ချန်ရှီသည် နတ်ဆိုးနှင်လွန်းပျံယာဥ်ကို ထိန်းချုပ်ခဲ့ပြီး ချီရှန်းရဲ့ ဦးခေါင်းခွံဆီကို ဖြည်းညှင်းစွာ ပျံသန်းကာ ဝိညာဥ်လမ်းပြ တာအိုပုံစံများကို စစ်ဆေးရန် ကြံရွယ်ခဲ့သည်။ ဒါကိုကြားတော့ သူက စိတ်ဝင်တစားနဲ့ “ပြီးတော့ရော?” လို့ မေးလိုက်သည်။

နတ်သမီးရှောင်သွမ့် : "မဟာရှန်းမင်းဆက်က သွေးမျိုးဆက် မပါတဲ့ ဒီလူတွေကို လျစ်လျူရှုခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတို့ကိုယ်သူတို့ အသန့်ရှင်းဆုံး သုံးယောက်လို့ ခေါ်တဲ့ ပညာအရှိဆုံး သုံးယောက်က မယုံနိုင်လောက်အောင် အစွမ်းထက်လာပြီး တပည့်တွေ အများကြီး လက်ခံလာနိုင်ကြတယ်... မဟာရှန်းမင်းဆက်ရဲ့ တော်ဝင်မိသားစုတချို့ကလည်း သူတို့ရဲ့ တပည့်တွေ ဖြစ်လာကြတယ်... သူတို့ရဲ့ တန်ခိုးက ပိုအားကောင်းလာတာမလို့ သူတို့ရဲ့ သြဇာက ပိုကြီးလာတယ်လို့ ရှန်းရဲ့ နတ်ဘုရားတွေတောင် ပြောကြတယ်... အထက်ပျံသန်းပြီး ဟောက်ထျန်းကောင်းကင်နန်းတော်ကို ထူထောင်ခဲ့ကြတဲ့ အဲဒီလူတွေက ပုန်ကန်တတ်တဲ့ ရှီးချီလူမျိုးတွေနဲ့ ပူးပေါင်းပြီး မဟာရှန်းမင်းဆက်ကို ပုန်ကန်ပြီး ဖြုတ်ချခဲ့တယ်...."

ချန်ရှီ သူမကို လှည့်ကြည့်လိုက်ရင်း အံ့ဩစွာဖြင့်။

"ဒါဆို မင်းဘာလို့ အမတဖြစ်လာတာလဲ?"

နတ်သမီးရှောင်သွမ့်၏ မျက်လုံးများကလည်း အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ သူမထံမှ ထက်ရှသော ဝိညာဉ်အသိတစ်ခု ထွက်လာကာ။

"ငါတို့ စစ်ရှုံးသွားတော့ ငါတို့ရဲ့ အကြွင်းအကျန်တွေကို ရာဇ၀တ်ကောင်တွေအဖြစ် ရှန်ကျိုးက နှင်ထုတ်ခံရတယ်.. အမှောင်ပင်လယ်ထဲမှာ ပျံဝဲပြီး မရေမတွက်နိုင်တဲ့ အသေအပျောက်တွေနဲ့ ဒီမှာပဲ အဆုံးသတ်ခဲ့တယ်... တစ်နေ့မှာ ရှန်ကျိုး ဘိုးဘွားပိုင်မြေကို ပြန်တိုက်ခိုက်နိုင်မယ်လို့ အိပ်မက်မက်ခဲ့တယ်....သူတို့က ငါတို့ကိုအနိုင်ယူဖို့ အမတကျင့်စဥ်ကို လေ့ကျင့်တယ်... ငါတို့လည်း လေ့ကျင့်ပြီး ပြန်သွားနိုင်တယ်။ "

ချန်ရှီက ပြုံးပြီးပြောသည်။

"မဟာကျိုးကလည်း မရေမတွက်နိုင်တဲ့ ထောင်စုနှစ်ပေါင်းများစွာက သေသွားခဲ့ပါပြီ... ပြန်တိုက်ခိုက်ရင်တောင် မင်းရဲ့ရန်သူတွေကို ရှာမတွေ့​လောက်တော့ဘူး"

နတ်သမီးရှောင်သွမ့်က ခေါင်းခါပြီး :"မဟာရှန်းကလည်း မရေမတွက်နိုင်တဲ့ ထောင်စုနှစ်ပေါင်းများစွာက သေသွားခဲ့ပြီ"

သူမ လွမ်းဆွေးလာသလို ခံစားလိုက်ရသည်။

ဘုရင်ကျန်း သူမတို့လူများကို ဤနေရာသို့ ပို့ဆောင်ခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းကျော်က ဖြစ်သည်။ ထိုအချိန်တွင် ရှင်းကျိုး၏ မဟာရှန်းသည် နှစ်ပေါင်းရာနှင့်ချီ၍ ဆိုးယုတ်မှုနှင့် ဆုတ်ယုတ်မှုထဲသို့ ကျရောက်နေပြီ ဖြစ်သည်။

နှစ်ရာပေါင်းများစွာကြာအောင် သူမသည် ကမ္ဘာငယ်လေးတစ်ခုတွင် သူမကိုယ်သူမ ချိတ်ပိတ်ခဲ့သည်။ ရံဖန်ရံခါ နိုးလာသောအခါ သူမ လုံးဝ အမှောင်ထဲတွင် ရှိနေပုံရသည်။ နှစ်ရာထောင်ချီကြာအောင် ဒီအတိုင်း တည်ရှိနေခဲ့၏။

နောင်နှစ်ပေါင်း ရာနှင့်ချီကြာသည့်တိုင်အောင် တစ်နေ့တွင် တစ်စုံတစ်ယောက်က ကျောက်စိမ်းဖြူလမ်းပေါ်သို့ တက်သွားကာ တံဆိပ်တစ်ခုတည်းကို ရိုက်ချိုးလိုက်သည်။ နောက်ဆုံးတွင် ပြင်ပကမ္ဘာမှ နေရောင်ခြည်သည် အမှောင်ထုကို ဖြတ်တောက်ကာ အလင်းတန်းတစ်ခု ထုတ်လွှတ်ကာ သူမကို နိုးကြားစေခဲ့သည်။ ထိုအချိန်က ဘုရင်ကျန်းခေတ် ဖြစ်သည်။

သူမ သူ့ဘေးနားက လူငယ်ကို လှမ်းကြည့်လိုက်သည်။ ချန်ရှီက ဦးခေါင်းခွံမှ ဝိညာဥ်လမ်းပြ တာအိုစာလုံး ပုံစံများကို လေ့လာရင်း လုံ့လစိုက်ထုတ်နေသည်။

နတ်သမီးရှောင်သွမ့် : "ရှန်ကျိုးကို တန်ပြန်တိုက်ခိုက်ဖို့ ငါ့ရဲ့ ကြီးမားလှတဲ့ မျှော်လင့်ချက်တွေကလည်း ပြိုပျက်သွားခဲ့တာ ကြာပါပြီ... ငါ့လူတွေကို ထပ်တွေ့ချင်သေးတယ် ဘာမှ ထပ်မ​ဖြစ်ချင်တော့ဘူး"

ဒါတွေအားလုံးက သူ့အနားက လူငယ်အပေါ်မှာ မူတည်နေချေပြီ။

ဝိညာဥ်လမ်းပြတာအိုစာလုံး ပုံစံများတွင် ယဇ်ပုရောဟိတ်များ အုပ်ချုပ်သော တာအို​၏ လျှို့ဝှက်ဆန်းကြယ်မှုများ ပါ၀င်ပြီး တာအိုဘာသာ၏ အလွန်နှစ်ခြိုက်သော ပုံစံဖြစ်သည်။ ထူးထူးခြားခြား အရည်အချင်းရှိသူတို့သည် ၎င်းတို့အား ပုံဖော်ခြင်း၊ ဝိညာဥ်လမ်း​ပြ ဆရာများအဖြစ် ပြောင်းလဲနိုင်ပြီး ၎င်းတို့ထံမှ ထူးကဲသော နည်းစနစ်များကို နားလည်နိုင်သည်။

ယခုအခါ တတ်ကျွမ်းပြီး အတွေ့အကြုံရှိသော ချန်ရှီသည် ဤတာအိုပုံစံများကို ရှာဖွေဖော်ထုတ်ခဲ့ပြီး ၎င်းတို့ကို အမျိုးမျိုးသော အဆောင်စာလုံး ပုံစံများဖြင့် ပုံဖော်ခဲ့သည်။ ၎င်းတို့ထဲမှ အချို့သည် ကျိုးထျန်းတကျောက်တွင် အသုံးပြုသော ပုံစံများနှင့် ဆင်တူကြောင်း တွေ့ရှိခဲ့သည်။ ရုတ်တရတ် အတွေးတစ်ခုက သူ့အား တုန်လှုပ်သွားစေ၏။

"ဒီနတ်ဘုရားတွေက အစက ရှန်းမင်းဆက်ရဲ့ ပုံစံ ဖြစ်ကောင်းဖြစ်နိုင်တယ်... နောက်မှ သူတို့ရဲ့ လက်ရှိပုံစံဆီ တဖြည်းဖြည်း ပြောင်းလဲလာကြတာ..."

ချန်ရှီသည် ဤကာလအတွင်း ၎င်းတို့၏ လျှို့ဝှက်ဆန်းကြယ်မှုများ၏ 20% မှ 30% ကို ပုံဖော်ပြီးပြီ ဖြစ်သည်။ သို့သော် ဤရိုးရာဓလေ့ တာအိုပုံစံများကိုတော့ ပုံဖော်ရန် အချိန်ယူရပေမည်။

နတ်ဆိုးနှင်လွန်းပျံယာဥ်က ရှေ့သို့ ရွက်လွှင့်သွားသည်။ မြစ်အောက်ခြေတွင် နစ်မြုပ်နေသော သင်္ဘောအများအပြားက ပျက်ကျထားသဖြင့် ပျက်စီးသွားခဲ့​ပြီ။ ကိုယ်ထည်အများစုကို သစ်သားဖြင့် ပြုလုပ်ထားပြီး ကြေးဝါဖြင့်ဖုံးအုပ်ထားသည်။ ၎င်းတို့ကို ချီလုံနှင့် ခွေလုံ ပုံစံများ၊ တိမ်ပုံစံများ၊ မိုးခြိမ်းသံများ၊ လေတိုက်ပုံစံများနှင့် ရေပုံစံများအပါအဝင် အမျိုးမျိုးသော တာအိုပုံစံများဖြင့် ရေးထိုးထားသည်။

ချန်ရှီ ထိုစာလုံးပုံစံများကို ကူးယူထားခဲ့သည်။ သူတို့ပို၍နက်ရှိုင်းစွာ စူးစမ်းလေ့လာသောအခါတွင် ယဇ်ပုရောဟိတ်များ၏ အကြွင်းအကျန်များ ဖြစ်မည့် အရိုးများကို ရှာဖွေတွေ့ရှိခဲ့သည်။

သင်္ဘောပျက်များကိုလည်း ရှာတွေ့ခဲ့ပါသေး၏။ အများစုမှာ ပျက်သွားကာ ရွက်တိုင်များ ကျိုးကျပြီ။ သင်္ဘောကိုယ်ထည်များ ပွင့်ထွက်ကာ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကို ဖြတ်သန်းခဲ့ရသကဲ့သို့ ဖြစ်နေသည်။

ထိုအချိန်တွင် ကြီးမားသော အရိပ်တစ်ခုက အပေါ်စီးမှ ထွက်ပေါ်လာသည်။ နှစ်ယောက်သား မျှော်ကြည့်သောအခါ နတ်ဆိုးနှင် လွန်းပျံယာဉ်သည် ရေယာဉ်တစ်ခုအောက်တွင် တစ်နည်းနည်းဖြင့် လွင့်နေနေသည်ကို တွေ့လိုက်ရသည်။

"ဒီသင်္ဘောက မြစ်ထဲမှာ မျောနေတာ!"

ချန်ရှီလည်း နတ်ဆိုးနှင်လွန်းပျံယာဥ်ကို အသက်သွင်းပြီး သင်္ဘောကိုဖြတ်သွားကာ ​ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။ သစ်သားအိုးကြီးတစ်စင်း ရေပေါ်မှာ မျောနေတာ တွေ့ရ၏။

သင်္ဘောကြီးသည် ဆယ်ပေကျော် ရှည်လျားပြီး ငှက်အတောင်များ၏ ပုံသဏ္ဍာန်အတိုင်း အတောင်ပံများ ထွက်လာသည်။ ပဲ့ပိုင်းတွင် အပေါ်နှင့်အောက်၊ ဘယ်ညာ ချိန်ညှိနိုင်သော အမြီးအမွေးများပါရှိသည်။ လေးမှာ ကြေးငှက်ဦးခေါင်းပုံ ဖြစ်သည်။

ကြေးဝါခေါင်းတွင် ရိုးရှင်းသောပုံစံရှိပြီး ရုပ်ကြွအနည်းငယ်ဖြင့် ထုထားရာ ၎င်းသည် ဇီးကွက်ဦးခေါင်းကို အသက်ဝင်နေသလို ခံစားရစေသည်။

“ဒီလှေအမျိုးအစားကို ရေတပ်က အသုံးပြုတဲ့ ဇီးကွက်လှေလို့ ခေါ်တယ်...."

နတ်သမီးရှောင်သွမ့်သည် လေးဆီသို့ ပျံသန်းသွားပြီး လှေပေါ်ရှိ တာအိုပုံစံများကို အသက်သွင်းရန် ကြိုးစားခဲ့သည်။ ၎င်းတို့ တဖြည်းဖြည်း လင်းထိန်နေတာကို မြင်တော့ သူမက ပျော်ရွှင်စွာ ဆက်ပြောလာသည်။

"ဒီလှေက သုံးလို့ရ​နေတုန်းပဲ!"

ချန်ရှီ လွန်းပျံယာဉ်ကို ရုတ်သိမ်းကာ လေးကို ကိုင်လိုက်သည်။ နတ်ဆိုးနှင်လွန်းပျံယာဥ်က လျှင်မြန်သော်လည်း ၎င်းက စွမ်းအင်များစွာကို သုံးစွဲရသောကြောင့် ရေရှည်အသုံးပြုရန် မသင့်လျော်ပေ။ အခြားတစ်ဖက်တွင်မူ ဤဇီးကွက်လှေသည် သာမန်မှော်လက်နက်တစ်ခုဖြစ်ပြီး သက်ဝင်လှုပ်ရှားရန် အနည်းငယ်သာ အားထုတ်မှုလိုအပ်သည်။

ခဏကြာသော် ဇီးကွက်လှေက အနည်းငယ် တုန်လှုပ်သွားပြီး မြစ်ကမ်းတစ်လျှောက် ဖြည်းညှင်းစွာ ရွက်လွှင့်လာခဲ့သည်။

ဤနေရာ၌ ကောင်းကင်နှင့် မြေကြီးသည်လည်း မှုန်မှိန်နေသဖြင့် အဝေးကို လှမ်းကြည့်ရန် ခက်ခဲလှသည်။ ပြင်းထန်သော မကောင်းဆိုးဝါး ရောင်ဝါသည် လေထဲသို့ စိမ့်ဝင်သွားပြီး သာမန်ထက်ပို၍ အာရုံစူးစိုက်မှု အားကောင်းကာ ချန်ရှီပင် နက်နဲသော ဖိနှိပ်မှုကို ခံစားရစေသည်။

ချန်ရှီစိတ် တုန်လှုပ်သွားပြီး မီးက ရုတ်တရက် ပေါက်ကွဲသွားသည်။ ကြီးမားသော နေမင်းကြီးသည် သူ့နောက်၌ လှည့်ပတ်ကာ ကောင်းကင်တွင် တွဲလောင်းကျနေသည်။ ထို့နောက် တောက်ပသော လမင်းသည်လည်း သူ့နောက်မှ ပျံထွက်လာပြီး နေနှင့်လကို ပတ်ကာ ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။

အကွာအဝေး တစ်ခုမှာတော့ အမှောင်ထုက ဖုံးလွှမ်းသွားသည်။ ဖိနှိပ်ချုပ်ချယ်သော ခံစားချက်သည် သူ၏ တာအိုနယ်မြေကို ပိုမိုကျယ်ပြန့်မလာအောင် တားဆီးထားပြီး နေနှင့်လသည်လည်း မိုင်အနည်းငယ်သာ တောက်ပနိုင်သည်။

အလင်းရောင်သည် မြစ်ကမ်းပါးကို လင်းထိန်စေပြီး တစ်ဖက်တစ်ချက်တွင် ရေပေါ်နေသော အမတတောင်တန်းများကို ပေါ်လွင်စေသည်။ တောင်များက သေးငယ်ပြီး ၎င်းတို့အပေါ်တွင် နန်းတော်များနှင့် လှေကားထစ်များ ဆောက်လုပ်ထားသည်။

သို့သော်လည်း နန်း​တော်များနှင့် အဆောက်အဦအများစုက ပြိုကျထားခဲ့သလို နံရံများကလည်း ကျိုးပဲ့သွားခဲ့သည်။ ရံဖန်ရံခါတွင် တစ်ခု သို့မဟုတ် နှစ်ခုကသာ အတော်လေး နဂိုအတိုင်း ကျန်ရှိနေသေးတာ မြင်နိုင်သည်။ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကို ခံစားခဲ့ရပုံရပြီး တစ်ချိန်က ၎င်း၏ခမ်းနားထည်ဝါသော အဆောက်အအုံများက အပျက်အစီးများသာ ကျန်ရစ်ခဲ့သည်။

အဝေးကို ငေးကြည့်ရင်း နတ်သမီးရှောင်သွမ့်ရဲ့ အမူအရာလည်း အနည်းငယ် ပြောင်းသွားသည်။

ဒီနေရာက သာမာန်နေရာတစ်ခုလို မဟုတ်ချေ။

ဇီးကွက်လှေ ရှေ့သို့ ရွက်လွှင့်လာသည်နှင့်အမျှ အမတတောင်များနှင့် ကောင်းကင်ဘုံဗိမာန်များကို ပိုမိုမြင်လာရသည်။ လေထဲတွင် လွင့်မျောနေသော ဤတောင်များသည် အများအားဖြင့် အပျက်အစီးများသာ ဖြစ်ပြီး ၎င်းတို့၏ အဆောက်အဦများသည်လည်း စစ်မီးတောက်ကြောင့် ပျက်စီးသွားကြ​ပြီ။

တချို့က သွေးတွေ စီးဆင်းနေသေးသလို၊ ဘယ်တော့မှ မခြောက်ဘူးဆိုတဲ့ အနီရောင် နက်မှောင်တဲ့ သွေးရာတွေ စွန်းထင်းနေတုန်းပါပဲ။

ဇီးကွက်လှေသည် မြစ်ကမ်းစပ်မှ အဝေးသို့ ရွက်လွှင့်သွားခဲ့ပြီး လမ်းတစ်လျှောက် ရှုခင်းများကို လင်းထိန်စေသည်။ ဤနေရာက အမတတောင်များသည် အသံမထွက်ဘဲ အချိန်အကြာကြီး အေးခဲသွားသကဲ့သို့၊ သေမင်း​နေရာကဲ့သို့ပင် လေထဲတွင် တိတ်တဆိတ် လွင့်မျောနေကြသည်။

မှော်လက်နက်ကြီး အပိုင်းအစများကို တောင်များပေါ်တွင် ချိတ်ဆွဲထားသည်။ တချို့ကိုလည်း ၎င်းတို့ကြားတွင် ရစ်ပတ်ထားသည်ကို တွေ့လိုက်ရသည်။

နေနှင့်လ ဤအပိုင်းအစများ ဖြတ်သွားသည်နှင့်အမျှ ၎င်းတို့၏ အလင်းရောင်သည် အပိုင်းအစများပေါ်က မဟာတာအို၏ လျှို့ဝှက်ဆန်းကြယ်သော ပုံစံများကို လင်းလက်တောက်ပလာစေသည်။ မှော်လက်နက်တချို့ကို ကြေးဝါဖြင့် ပြုလုပ်ထားပြီး အချို့မှာ သံအနက်ရောင်ဖြင့် ပြုလုပ်ထားသဖြင့် သက်တမ်းရင့်ကာ သံချေးများ စွန်းထင်းလျက်ရှိသည်။

ဤနေရာက သမိုင်းဟာ အလွန်အမင်း တိတ်ဆိတ်နေချေ၏။

မှော်လက်နက် အပိုင်းအစများသည် ခေတ်သစ်လူတို့ သမိုင်းမတင်မီက အမွေအနှစ်များဟု ခေါ်ဝေါ်ကြသည်။ မြေအောက်ကမ္ဘာနှင့် သက်ရှိကမ္ဘာနှစ်ခုလုံးတွင် အလားတူ မှော်လက်နက်များ ပေါများသော်လည်း ချန်ရှီသည် ထိုကဲ့သို့သော ထုထည်ကြီးမားမှုကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။

ရှည်လျားသော မြစ်သည် အထက်သို့ စီးဆင်းသွားကာ ဇီးကွက်လှေသည် မြစ်ကမ်းတစ်လျှောက် ငြိမ်သက်စွာ ဆက်လက် ရွက်လွှင့်သွားခဲ့သည်။ ရှေးကျသော အပျက်အစီးများကို ဖြတ်ကျော်သွားရာ ဧရာမအရိုးစုများ ပြန့်ကျဲနေသော မြင်ကွင်းကို တွေ့လိုက်ရသည်။

ဤဧရာမအရိုးစုများသည် ရန်သူကိုတိုက်ခိုက်ပြီး မောပန်းနွမ်းနယ်ကာ သေဆုံးသွားသည့်အထိ တိုက်ပွဲဝင်နေခဲ့ဟန်ရှိသည်။

လူနှစ်ယောက် လှေကိုရပ်လိုက်ပြီး ဧရာမအရိုးစုများဆီသို့ ချဉ်းကပ်သွားကြသည်။ အနီးကပ်စစ်ဆေးမှုတစ်ခုက ရှန်းမင်းဆက်၏ ဘုန်းတော်ကြီးများဖြစ်ကြောင်း သူတို့၏ မျက်နှာပြင်များမှ ပေါ်ထွက်လာသော ဝိညာဥ်လမ်းပြ တာအိုစာလုံး ပုံစံများကို ဖော်ထုတ်ပြသခဲ့သည်။

"သူတို့က အင်ပါယာတရားရုံးရဲ့ ဝိညာဥ်လမ်းပြ ယဇ်ပုရောဟိတ်တွေ"

နတ်သမီးရှောင်သွမ့် မျက်နှာက မည်းမှောင်လာပြီး။

"ကပ်ဆိုးကြီး ကျရောက်တုန်းက သူတို့ဘာလို့ ကမ္ဘာငယ်လေးထဲမှာ မချိတ်ပိတ်ခဲ့ကြတာလဲ?"

ချန်ရှီ အရိုးပေါ်ရှိ ပုံစံများကို ကူးယူခဲ့သည်။ ဤပုံစံများသည် ရှန်းမင်းဆက်၏ ဉာဏ်ပညာပါ၀င်ပြီး ပျောက်ဆုံးသွားဖွယ်ရှိသည်။ သူ ၎င်းတို့ကို ကူးယူရန် ဤအခွင့်အရေးကို ရယူရမည်။ ၎င်းတို့အား လက်ရှိ ရှန်းလူမျိုးတို့ထံ လက်ဆင့်ကမ်းပေးရန် စီစဥ်ထားခဲ့သည်။

ထို့အပြင် ချန်ရှီသည် သူ၏အသိပညာ ကြွယ်ဝစေရန် ဤပုံစံများကို အဆောင်စာလုံးများနှင့် တံဆိပ်ခတ် စာလုံးများအဖြစ် ပြောင်းလဲရန်လည်း ရည်ရွယ်ထားသေး၏။

ရှာဖွေ​နေစဉ်တွင် အရိုးစုများကို ပိုမိုမြင်လာရသည်။ ထိုအချိန်တွင် နေနှင့်လ၏ အလင်းရောင်သည် ပတ်ပတ်လည် အမှောင်ထုကို တွန်းပို့နေတာကြောင့် အမည်မသိ အကွာအဝေးအတွက် ကြေးဝါတံတိုင်းကြီးတစ်ခု ပေါ်လာသည်။ နံရံကို ထူထပ်ပြီး အနုစိတ်သော ပုံစံများဖြင့် ထွင်းထုထားသည်။ ၎င်းက တိုင်းတစ်ပါးရန်သူများကို ခုခံကာကွယ်ရန် တံတိုင်းကြီးတစ်ခု အဖြစ် ဖန်တီးထားလေ၏။

ဤမထင်မှတ်နိုင်သော အတားအဆီးကို ဖြတ်ကျော်ကာ အနက်ရောင်ငှက်တစ်ကောင်၏ ပုံသဏ္ဌာန်ကို ရောင်ပြန်ဟပ်ထားသည်။ အရှည်နှင့် အနံက ပေထောင်ပေါင်းများစွာကို ဆန့်ထုတ်ကာ အမှန်တကယ် ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုပင်။

မြို့ရိုးအောက်တွင် အရိုးစုတစ်ခု ထိုင်လျက်ရှိကာ ကျိုးနေသောဓားကို ဆုပိကိုင်ထားသည်။

နတ်သမီးရှောင်သွမ့်သည် ကျိုးသွားသောဓားကို စိုက်ကြည့်ပြီးနောက် ရုတ်တရက် သူမရင်ခွင်ထဲရှိ အရိုးစုကို ပွေ့ဖက်ကာ မျက်ရည်များ စီးကျလာသည်။

"သူက ငါ့မောင်လေး ကျစ်ယွိ....သူ့ကိုယ်သူ တံဆိပ်ခတ်ထားရမှာလေ... သူဘာလို့ ဒီမှာသေရတာလဲ"

သူမ ဝမ်းနည်းပူဆွေးကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဘေးဆိုးကြီး ကျရောက်လာတော့ ခမည်းတော်က အမတလူသားအားလုံးကို အတုအယောင် ကမ္ဘာငယ်လေး​တွေကို ချက်ချင်းဖြိုခွင်းဖို့ ပေါင်းစည်းမှုအခြေအနေကို ချိုးဖျက်ပြီး ကမ္ဘာကြီးကို အန္တရာယ်မဖြစ်အောင် တံဆိပ်ခတ်ထားဖို့ အမိန့်ပေးခဲ့တယ်"

ချန်ရှီလည်း အရိုးစုကို ကြည့်လိုက်သည်။

"အဲဒီတုန်းက မင်းမောင်လေးက အသက် ဘယ်လောက်ရှိပြီလဲ သူ့ရဲ့ ကျင့်​ကြံမှု အဆင့်က ဘယ်လောက်လဲ"

နတ်သမီးရှောင်သွမ့် အတွေးထဲ ပျောက်ကွယ်သွားခဲ့သည်။

"သူ ဆယ့်ငါးနှစ်ပဲရှိသေးတယ် အမတကျင့်ကြံသူ...နတ်ဝိညာဥ်နယ်ပယ် အထိ ရောက်နေပြီ"

ချန်ရှီ: "ဒါက သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ အရိုးစုပဲ"

မတ်တပ်ထရပ်ပြီး သူ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်း သံသယတွေကို ထုတ်ပြောလိုက်သည်။

"မင်းတို့ကိုယ်ကိုကိုယ် တံဆိပ်ခတ်ပြီးတာနဲ့ သခင်တွေက ညတွင်းချင်း ပျောက်ကွယ်သွားတော့ မင်း​မောင်နဲ့ သူ့လူတွေပဲ ကျန်တော့တာ ဖြစ်မယ်... ရှန်းနန်းတွင်းကြီးက အန္တရာယ်ထဲကျနေတုန်း မင်းမောင်လေးက ကျန်တဲ့လူတွေကို ဦးဆောင်ပြီး ရုန်းကန်လှုပ်ရှားရင်း အသက်ကြီးတဲ့အထိ ဒီမှာ ခုခံကာကွယ်ခဲ့တာ ဖြစ်လိမ့်မယ်..."

သူသည် ကြေးတံတိုင်းနောက်ကွယ်ရှိ အရိုးစုများကို ကြည့်ကာ :"သူက ရှန်းဘုရင်... နောက်ဆုံးရှန်းမင်းဆက် အထက်တန်းလွှာကို ဦးဆောင်ပြီး ဒီတံတိုင်းနောက်ကွယ်မှာ သေဆုံးသွားခဲ့တာ"

"ဘာလို့ဒီမှာ ရှိနေတာလဲ သူတို့ဘာတွေကို တိုက်နေကြတာလဲ?"

ချန်ရှီ ခေါင်းခါလိုက်ပြီး :"မသိဘူး ဒါပေမယ့် သူတို့ ဘာကြောင့် ဒီစစ်မြေပြင်ကို ရွေးချယ်ခဲ့တာလဲဆိုတာတော့ ငါသိတယ်... ဘာလို့လဲဆိုတော့ အောက်မှာက ထျန်းကျစ်ပြည် ရှိတယ် ရှန်းလူမျိုးတွေရဲ့ နောက်ဆုံးနေရာ... သူတို့ ဒီနောက်ဆုံးမျှော်လင့်ချက်ကို ကာကွယ်ရမယ်"

သူ စိတ်မကောင်းဖြစ်မိသွားသည်။

"ဘုရင်ရှန်းက ရှန်းမင်းဆက်ကလူတွေကို ကာကွယ်ထားတယ်လို့ ထင်ခဲ့ပေမယ့် သူတို့တစ္ဆေတွေဖြစ်လာဖို့ မမျှော်လင့်ထားဘူး... ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့ အသက်ရှင်ကျန်ရစ်နေတော့ မျှော်လင့်ချက်တွေ တဖျပ်ဖျပ် ရှိနေတုန်းပဲ"

All Chapters