စန့်ရန်ကြီး လေးပါး
Vol. 33 Ch. 464
ချန်ရှီ ကြေးမုံအိုင်အိမ်တော်သို့ တစ်ကြိမ်ထက်မက သွားရောက်ဖူးသည်။ ဤနေရာတွင် ခေါင်းတလားအရေအတွက် အကန့်အသတ်ရှိပြီး တစ်ခုချင်းစီကို တစ်ယောက်စီက ပိုင်ဆိုင်ထားပြီးဖြစ်သည်။
အဘွားရှား၊ ချန်ယင်တူး၊ ချန်ရှီ၊ ရှောင်ဝမ်စွင်းနှင့် သခင်မဟွာလီတို့၏ ခေါင်းတလားမှလွဲ၍ အခြားသော ခေါင်းတလားပိုင်ရှင်များသည် ၎င်းတို့ကိုယ်ကို တစ်ခါမျှ မပြသခဲ့ဖူးပေ။
သို့သော် ယင်စိမ့်စမ်းပင်လယ်အထက် မြေအောက်ကမ္ဘာတွင် ဇောက်ထိုးကျနေသော သစ်ပင်ကြီးများ၊ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မတ်တတ်ရပ်နေသော ခေါင်းတလားကြီးများ၊ ခေါင်းတလားထဲမှ ပျံထွက်လာသည့် နတ်ဆိုးများနှင့် ဆင်တူသော ဘီလူးများသည် တခြားသက်ရှိများကို အမဲလိုက်နေပုံရလေ၏။
ချန်ရှီသည် အလားတူ အဖြစ်အပျက်များကို ကြားသိခဲ့ရပြီး ဧရာမ ခေါင်းတလားများထဲမှ ထူးဆန်းသော အရုပ်များကိုလည်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ခေါင်းတလားအတွင်းရှိ လူများထံမှ ထွက်လာသည့် အန္တရာယ်ရှိသော ရောင်ဝါကိုလည်း သူ ခံစားခဲ့ရဖူ၏။
“အဲဒီအခေါင်းထဲမှာရှိတဲ့ လူတွေက အရမ်းအန္တရာယ်များတယ်လို့ အဘိုး တစ်ခါက ပြောဖူးတယ်... သူတို့က အသက်ကြီးလွန်းတယ် သေဖို့ အရမ်းအိုနေပြီ သူတို့ရဲ့ အသက်ကို ရှည်ရှည်ထားဖို့ အခေါင်းထဲမှာ ပုန်းဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူးတဲ့..."
ချန်ရှီ မျက်တောင်ခတ်လိုက်ပြီး :"ဒါပေမယ့် ဘာလို့ သူတို့ကို အခု နှိုးနေတာလဲ"
ထိုအခိုက်အတန့်တွင် ခေါင်းတလားအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်-
"ချန်ယင်တူး... မင်းဖြေရှင်းချက်ရရင် မင်း ငါတို့ကို နှိုးပေးမယ်လို့ ကတိပေးထားတယ်... အခု မင်းအဖြေရှာပြီးပြီလား"
ချန်ယင်တူး ပြုံးပြီး :"မတွေ့ပါဘူး ဒါပေမယ့် ငါ့မြေးမှာ ရှိတယ်...တစ်ဆယ်လေး ဝိညာဥ်လမ်းပြ ယဇ်ပူဇော် တာအိုနယ်မြေကို အသက်သွင်းလိုက်..."
ချန်ရှီသည် စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားသော်လည်း ဝိညာဥ်လမ်းပြ၏ ရိုးရာဓလေ့ ယဇ်ပူဇော်တာအိုနယ်မြေကို ဖြန့်ကျက်ကာ ကြေးမုံအိုင်အိမ်တော် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအခါ တခြားအခေါင်းများမှလည်း လှုပ်ရှားလာသည်။ အခေါင်းတစ်ခုမှ အသံတစ်သံက။
"ထူးဆန်းတယ်... ငါ့နားက အသံတွေ ရုတ်တရက် ပျောက်သွားသလိုပဲ"
"အမ်... ငါ့ရဲ့ ဆိုးဝါးတဲ့ရောင်ဝါက ငါ့ကို မနှိပ်စက်တော့ဘူး!"
"အမြဲတမ်း ကြက်သေသေပြီး ထူးဆန်းတဲ့ဆံပင်တွေနဲ့ ဖုံးလွှမ်းနေခဲ့တာ... ငါ လူဆိုးဖြစ်သွားမှာကို ကြောက်လို့ ဒီမှာ ပုန်းနေခဲ့တာ... အခု ဒီထူးဆန်းတဲ့ ဆံပင်တွေ ပျောက်ကုန်ပြီ!"
...
အခေါင်း တစ်ခုပြီးတစ်ခုဆီက အသံများ ထွက်ပေါ်လာပြီး အသီးသီးက ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။
ချန်ရှီ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"အဘိုး သူတို့က ဘယ်သူတွေလဲ"
"သီးသန့် ကျင့်ကြံသူ စန့်ရန်တွေ... တာအိုပေါင်းစည်းမှုကို ရောက်ဖို့ အလားအလာရှိတဲ့ လေလွင့်ကျင့်ကြံသူ... တာအိုကို ရောက်ဖို့ အရမ်းနီးစပ်တဲ့အထိ အဆင့်မြင့်မြင့် ကျင့်ကြံထားကြပေမယ့် ပြင်းပြင်းထန်ထန် ပျက်စီးသွားကြတယ်... ငယ်ရွယ်နေတုန်းကတော့ သူတို့ရဲ့ သွေးနဲ့ စွမ်းအင်တွေက သန်စွမ်းတယ်... မကောင်းဆိုးဝါး စွမ်းအင်တွေကို နှိမ်နင်းနိုင်ပေမယ့် အသက်ကြီးလာတော့ သူတို့ရဲ့ သွေးနဲ့ ချီစွမ်းအင်တွေက ကျဆင်းလာတယ်... နတ်ဆိုးစွမ်းအင်တွေကို မနှိမ်နင်းနိုင်တော့ဘူး... နောက်ပိုင်း အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ ပျက်စီးယိုယွင်းနေတဲ့ စွမ်းအင်တွေကို ဖိနှိပ်ဖို့ ပိုခက်ခဲလာတယ်.. နောက်တော့ သူတို့ဆီက လမ်းညွှန်ချက်တွေနဲ့ သူတို့ ပြုစုပျိုးထောင်ဖို့အတွက် ယင်ရဲ့ အလွန်အမင်း သန့်စင်တဲ့ ယန်စွမ်းအင်ကို သုံးပြီး ဒီကြေးမုံအိုင်အိမ်တော်ကို တည်ဆောက်ခဲ့တာ..."
ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် တုန်ခါသွားသည်။
တာအိုကို ရောက်ဖို့ အလားအလာရှိတဲ့ စန့်ရန်တွေလား။
ချန်ယင်တူး ပြောတဲ့ တာအိုပေါင်းစည်းခြင်းဟာ ကျင့်ကြံခြင်း နည်းလမ်းသစ်ရဲ့ တာအိုပေါင်းစည်းခြင်း ဖြစ်ပေသည်။ သို့သော် နည်းလမ်းသစ်သည် အတိဒုက္ခဖြတ်သန်းခြင်း နှင့် အထက်ပျံသန်း ဟူသော အဓိကနယ်ပယ်နှစ်ခု ကင်းမဲ့ကာ မဟာယာနနယ်ပယ်အထိသာ ကျင့်ကြံနိုင်သည်။ အတိဒုက္ခကို ဖြတ်ကျော်ခြင်းနှင့် အထက်ပျံသန်း နယ်ပယ်မရှိဘဲ နတ်သန္ဓေသားရှိနေတော့ရော တာအိုကို ပေါင်းစည်းနိုင်ပါမယ်လို့ ဘယ်လိုလုပ် ပြောနိုင်ပါ့မလဲ။
ဘုရင်ကျန်းသည် နည်းလမ်းဟောင်းကို ပြောင်းလဲကာ နည်းလမ်းသစ်ကို ဖန်တီးခဲ့သော်လည်း ထိုအချိန်မှစ၍ တာအိုကိုရရှိကာ နည်းလမ်းသစ်ဖြင့် အမတဖြစ်လာသူ ရှိကြောင်းကို မည်သူမျှမကြားခဲ့ကြပေ။ နတ်မြို့တော်ရှိ ဘေးဥပဒ်များသည် အမတတစ်ဝက်မျှသာ ဖြစ်သည်။ အချို့မှာ ယုတ်ညံ့သော အခြေအနေအထိပင် ပျက်စီးသွားခဲ့ကြသည်။
"ဘုရင်ကျန်းခေတ်ကတည်းက နှစ်ပေါင်းတစ်သောင်းကြာအောင် နည်းလမ်းသစ်ကို အမွေဆက်ခံလာခဲ့တာ... ပိုးဟပ်တောင်မှ အမတဖြစ်သင့်နေပြီ"
ခေါင်းတလားတစ်လုံး ရုတ်တရက် ကွဲထွက်သွားပြီး အပြာနုရောင် ၀တ်ရုံနဲ့ ခေါက်ယပ်တောင်ကို ကိုင်ထားတဲ့ ပညာရှင်တစ်ယောက် ထွက်လာသည်။ သူသည် အတော်လေး သန့်စင်ပြီး ပြေပြစ်သော အသွင်အပြင်ဖြင့် ပြုံးလျက်။
"အမတလမ်းကြောင်းကို ငါတို့စန့်ရန်တွေ အချိန်အတော်ကြာ ကတည်းက ဖန်တီးထားပေမယ့် တာအိုနဲ့ ပေါင်းစည်းလိုက်ရင် နတ်ဆိုးတွေ ဖြစ်သွားရတယ်...နောက်ဆုံး အဆင့်ကို ရောက်ဖို့ ငါတို့ ဆက်တောင် မလျှောက်ရဲတော့ဘူး"
သူက ချန်ရှီနှင့် ချန်ယင်တူးကို ဦးညွှတ်ပြီး။
"လုံယိုစန့်ရန် တာအိုမိတ်ဆွေ နှစ်ယောက်ကို နှုတ်ဆက်ပါတယ်"
ချန်ရှီ ဂါဝရပြုလိုက်သည်။
ချန်ယင်တူး: "သူ့ရဲ့ယဉ်ကျေးတဲ့ အမူအရာကြောင့် လှည့်စားမခံရစေနဲ့ ခေါင်းတလားထဲကို ထည့်လိုက်တဲ့အခါတုန်းက ပြင်းပြင်းထန်ထန် ရုန်းကန်နေတာ... သူ့ခန္ဓာကိုယ်က အသွေးအသားတွေထွက်ပြီး မသေဘဲ သုံးရက်သုံးညနေအောင် အော်ဟစ်နေခဲ့တာ... ခေါင်းတလားထဲကို ထည့်ပိတ်ဖို့ ဒီရွှေအပ်ရှည်ကို သုံးပြီး သူ့ရဲ့ နတ်ဝိညာဥ်နဲ့ ရုပ်ခန္ဓာကို ချိတ်ပိတ်ခဲ့ရတယ်"
လက်မြှောက်လိုက်သည်နှင့် လေးငါးပေးခန့် ရှည်သော ရွှေဆေးထိုးအပ် ပေါ်လာသည်။
"ချန်ယင်တူး... မင်းရဲ့ရွှေအပ်ကို ငါ သန့်စင်ထားတာ ကြာပြီ"
လုံယိုစန့်ရန်သည် ချန်ရှီ၏ ယင်ယန်တာအိုနယ်မြေ ယဇ်ပလ္လင်ကို တအံ့တသြဖြင့် ကြည့်ကာ။
"ဒီအဆင့်အထိ ကျင့်ကြံပြီးတော့ ပြင်ပသဘာဝလောကက လွှမ်းမိုးလာတယ်... မင်း တာအိုကို ပေါင်းစည်းတဲ့အခါကျရင် နတ်ဆိုးတွေတောင် မင်းရဲ့ တာအိုနယ်မြေ ယဇ်ပလ္လင်ထဲ လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး"
"လုံယို... နင်က ချဲ့ကားနေတာပဲ ငါကြည့်ပါရစေ!"
နောက်ထပ်အခေါင်းတစ်ခု ပွင့်လာပြီး ပြိုင်ဆိုင်မှုမရှိသော အလှတရားရှိသော အမျိုးသမီးတစ်ဦး ထွက်လာသည်။ သူမသည် ချန်ရှီ၏ ယဇ်ပလ္လင်ကို စူးစမ်းလေ့လာပြီး နေနှင့်လ လှုပ်ရှားနေသည်ကို မြင်လိုက်ရသောအခါ အံ့ဩသွားခဲ့သည်။ ခဏအကြာတွင်မှ သူမ အသိစိတ်ဝင်လာပြီး ချီးကျူးလေ၏။
"မင်းသာ တာအိုကို အောင်မြင်ရင် နတ်ဘုရားဖြစ်လာလိမ့်မယ်!"
တတိယမြောက်အခေါင်းကလည်း ပွင့်လာပြီး အရပ်ပုပုနဲ့ သက်ကြီးရွယ်အိုတစ်ယောက် ထွက်ပေါ်လာသည်။
"အရှင်မရှောင် ဇဝေဇဝါ ဖြစ်နေတာလား.... ဟား! ကောင်လေး မဟုတ်ဘူး အကြီးအကဲ... မင်းကံကြမ္မာကို အံတုပြီးပြီ မင်းက စစ်မှန်တဲ့ နတ်ဘုရားဖြစ်ဖို့ပဲ မဟုတ်ဘူး မင်းက နတ်ဘုရားထက်တောင် ပိုတန်ခိုးကြီးတယ်ဟ..."
"ငါ ကြည့်မယ်!"
အခြားအခေါင်းတစ်ခုမှ အသံတစ်သံ ထွက်လာသည်။ ခေါင်းတလားသည် အကြိမ်အနည်းငယ် ခုန်ပေါက်သွားပြီးနောက် အတွင်းလူက အော်လေတော့၏။
"အမတချည်နှောင်ကြိုးနဲ့ ငါ့ကို ဘယ်သူချည်ထားတာလဲ... ကျေးဇူးပြုပြီး ဖြည်ပေးစမ်းပါ!"
ချန်ယင်တူး ခဏတုံ့ဆိုင်းသွားပြီး :"တာအိုမု... မင်းနိုးနေတာသေချာလား"
"နိုးပြီ နိုးပြီ!" ခေါင်းတလားရှိလူက ပြောသည်။
ချန်ယင်တူးသည် လုံယိုစန့်ရန်၊ အရှင်မရှောင်နှင့် အခြားသူများကို မျက်စိ မှိတ်ပြလိုက်သည်။ သူတို့သည် ခေါင်းတလားအား တိတ်တဆိတ် ဝိုင်းရံထားကာ တစ်ဦးစီသည် ၎င်းတို့၏ ရှေးဦးနတ်ဝိဉာဉ်များကို ခေါ်ဆောင်၍ မှော်စွမ်းအားများကို ပြင်ဆင်ထားကြသည်။ အခြေအနေ မကောင်းပါက အခေါင်းတလားနှင့် ၎င်းကို ဖျက်ဆီးရန် အသင့်ဖြစ်နေကြသည်။
ချန်ယင်တူး နံ့သာပေါင်းကို မြေကြီးပေါ်စိုက်ကာ ပူဇော်လိုက်သည်။ အမွှေးတိုင်ရဲ့မီးခိုးတွေ အခေါင်းထဲကို ပျံ့သွားတဲ့အခိုက် ရုတ်တရက် ရွှေနဂါးတစ်ကောင် ခေါင်းတလားမှ ပျံထွက်သွားပြီး သူ့ဘေးပတ်လည်တွင် ဝေ့ဝဲကခုန်ကာ သူ့ခါးတွင် ချည်ထားသော ရွှေကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။
တစ်ဆက်တည်း ခေါင်းတလားအဖုံးက ပျံထွက်သွားပြီး လူတစ်ယောက်က သမ်းဝေရင်း ထွက်လာသည်။ သူက ရယ်ကာမောကာဖြင့်။
"ဒီနှစ်တွေအတွင်းမှာ ဒီလောက် မလန်းဆန်းဖူးဘူး! စိတ်မပူပါနဲ့ ငါအရင်က လမ်းလွဲခဲ့ဖူးပေမယ့် တစ်ကြိမ်ပါပဲ ငါ့ရဲ့ သန်မာတဲ့ တာအိုနှလုံးသားနဲ့ ဇွဲလုံ့လကြောင့် နောက်ပိုင်း ပြန်ကောင်းလာတာပဲ မဟုတ်ဘူးလား"
ချန်ရှီအံ့သြသွားသည်။ ဤတာအိုမု မုတောက်ကျစ်သည် ထိုသို့ဖြစ်ပေါ်လာပြီးနောက် အသွင်ပြောင်းမှုကို အမှန်တကယ် ရပ်တန့်နိုင်ခဲ့ရာ သူက တကယ်ကို ထူးထူးခြားခြား လူတစ်ယောက်လို့ ဆိုရမည်။
ချန်ရှီသည် သူတို့ မကောင်းမှုအဖြစ်သို့ ပြောင်းလဲသွားသောအခါက လူများစွာ သေဆုံးခဲ့ကြောင်း တွေ့ခဲ့ရသည်။
အရှင်မရှောင်က လှောင်ပြောင်ပြီ
"ရှင့်ကို ခေါင်းတလားထဲမှာ ထည့်ထားလိုက်တဲ့ အချိန်တုန်းကလည်း နတ်ဆိုး ဖြစ်သွားပြန်တာပဲ"
မုတောက်ကျစ်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်- :"ငါ ဒုတိယအကြိမ်အဖြစ် ပြောင်းလဲသွားတာလား ဘယ်လိုဖြစ်တာလဲ မသိဘူး"
အရှင်မရှောင် : "ရှင် အသွင်ပြောင်းသွားတော့ ရှင့်ကို နှိမ်နင်းဖို့ ကျွန်မတို့ ပူးပေါင်းခဲ့ရတယ်။ နောက်ဆုံးအခိုက်အတန့်မှာ ရှင့်ကိုချည်နှောင်ဖို့ မိတ်ဆွေချန်က အမတချည်နှောင်ကြိုး သုံးပြီး ခေါင်းတလားထဲမှာ သော့ခတ်ထားတာ..."
မုတောက်ကျစ်က သူ့လျှာကို ကိုက်လိုက်ပြီး "ဒါက နီးပြီ အဲဒါက နီးနေပြီ ငါက ဒုတိယတစ်ကြိမ် အသွင်ပြောင်းသွားမှန်းတောင် မသိလိုက်ဘူး.. ငါ့ကျင့်ကြံမှုက မပြီးသေးဘူးထင်တယ် ငါတာအိုနဲ့ တကယ် ပေါင်းစည်းလို့မရဘူး!"
ချန်ရှီ၏ သွေးလည်ပတ်မှုစနစ်ကို စစ်ဆေးကြည့်ရာ သူ့အမူအရာက ထူးဆန်းလာသည်။ သူက ချန်ရှီအနားကို မှီပြီး။
"ဒါကို မင်းနားလည်ပြီလား မင်းအသက်ဘယ်လောက်ရှိပြီလဲ"
"ဆယ့်ခုနှစ် ဒါမှမဟုတ် နှစ်ဆယ့်ငါးပေါ့"
ချန်ရှီ ရိုးရိုးသားသားပဲ ဖြေသည်။
"မင်း မရိုးသားဘူး!"
မုတောက်ကျစ်က ဒေါသတကြီးနဲ့ ပြောလေသည်။
"မင်းက အနှစ်တစ်ထောင်ကြာအောင် နေထိုင်ခဲ့တဲ့ ရှေးနတ်ဆိုးတစ်ကောင်ပဲ ဖြစ်ရမယ် အဲဒါကြောင့် ငါတို့မတတ်နိုင်တဲ့ သဘောတရားတွေကို မင်းနားလည်နိုင်တာ... မတ်တတ်ရပ်နေ... ငါမင်းကို ပြောပြမယ် မင်းကို ငါ့ဆရာအဖြစ် ကန်တော့မယ်.. မင်းငါ့ကို ဒီပညာသင်ပေး..."
လက်သုံးချောင်းကို တစ်ပြိုင်နက် ဖိရင်း ဒူးထောက်တော့မယ့်အခိုက် အရှင်မရှောင်က လှောင်ပြောင်ပြီး ဝင်အော်၏။
"မုတောက်ကျစ်.. ရှင်က ဆရာတူအစ်ကို ဖြစ်ချင်တာလား အိပ်မက် မက်နေလိုက်! ဒီဆရာတူအစ်ကို ရာထူးက ကျွန်မအတွက်ပဲ ဖြစ်သင့်တယ်!"
လုံယိုစန့်ရန် : "ကျွန်တော်က ခေါင်းတလားကနေ ပထမဆုံး ထွက်လာတာဆိုတော့ ကျွန်တော်က ဆရာတူအစ်ကိုပဲ... ဆရာကြီး ဒီနှိမ့်ချတဲ့ တပည့်လေးကို လက်ခံပေးပါ!"
သူ ဒူးထောက်ရန် ကြိုးစားသော်လည်း အခြားသူများက ဆွဲကာ ချုပ်နှောင်ထားလေသည်။
ဖေစန့်ရန် ဟုခေါ်သော အရပ်ပုပု ခပ်တိုတိုနဲ့ အဘိုးအိုက ဖြတ်အော်လေသည်။
"ငါက အသက်အကြီးဆုံးပဲ... ငါက ဆရာတူအစ်ကို! !"
"ငါ သူ့ရဲ့ ကန့်သားတော် ဖြစ်ချင်တယ် ဘယ်သူ ငါနဲ့ပြိုင်ရဲလဲ" မုတောက်ကျစ်က အော်လိုက်သည်။
ရုန်းရင်းဆန်ခတ် ဖြစ်နေတာကြောင့် ချန်ရှီ ဝင်ပြောရတော့၏။
"အကြီးအကဲတို့ ကျနော်တို့အားလုံးက စန့်ရန်တွေပဲလေ... အကြီးအကဲတို့က ဘာလို့ ငြင်းခုံနေကြတာလဲ... သင်ချင်ရင် ကျနော်သင်ပေးမှာပါ"
လုံယိုစန့်ရန်က ခေါင်းခါပြီး :"မင်းက ချန်ယင်တူးရဲ့ မြေး... ချန်ယင်တူးက ငါတို့ရဲ့ အငယ်တန်းပါ မင်းရဲ့ကျေးဇူးတွေကို ငါတို့ဘာမှ လက်ခံလို့ မရဘူး... ငါတို့က စန့်ရန်တွေဖြစ်ပေမဲ့ ကျေးဇူးနဲ့ နာကြည်းမှုကို ပိုင်းခြားတတ်တယ်"
ဖေစန့်ရန်ကလည်း ခေါင်းညိတ်ပြီး :"မှန်တယ်.. ငါတို့က မင်းကို ဆရာတင်ပြီး မင်းရဲ့ တပည့်တွေ ဖြစ်လာရင် မင်းရဲ့ အရည်အချင်းတွေကို သင်ယူတာက ဖြစ်ထိုက်တယ်... နှစ်သက်လက်ခံဖို့ စဉ်းစားမှာ မဟုတ်ဘူး... ငါတို့က မင်းရဲ့ တပည့်တွေဖြစ်မှ မင်းရဲ့ အရည်အချင်းတွေကို သင်ယူတာက သဘာဝကျမှာ..."
"ဘိုးဘေး ဖြစ်ချင်လည်း လက်ခံနိုင်တယ်... ဖခင်ဆီက အရည်အချင်းတွေကို အမွေဆက်ခံတဲ့ သားတွေလိုပေါ့... "
ချန်ရှီ ပြုံးပြီး :"လူကြီးမင်းတို့... ခင်ဗျားတို့က ကျနော့်အဖိုးရဲ့ အကြီးတန်းတွေပါ... ခင်ဗျားတို့ကို တပည့်အဖြစ် ဘယ်လိုလက်ခံနိုင်မှာလဲ ဒါပေမယ့် မင်းစိတ်မကောင်းဖြစ်နေမှာ ဆိုရင်တော့ ကျေးဇူးပြုပြီး အရိုအသေ ပေးကြပါ..."
လေးယောက်က အကြည့်ချင်း ဖလှယ်ကြပြီး ရုတ်တရက် ညီညီညွတ်ညွတ် ဦးညွတ်လိုက်ကြတော့သည်။ ချန်ရှီသည် ကန်တော့နေကြသည်အား ဣန္ဒြေဖြင့်လက်ခံပြီး ထနိုင်ကြောင်း အချက်ပြရန် လက်ကိုမြှောက်ကာ ပြုံးလိုက်သည်။
"ကျွန်တော်တို့မျိုးရိုးက သဘာဝအတိုင်း ကောင်းကင်မြေကြီးနဲ့ လိုက်လျောညီထွေ ရှိအောင်နေတယ်... ဒါပေမဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုကြီးက ပျက်စီးသွားတော့ ကောင်းကင်မြေကြီးကို လိုက်လျောညီထွေ ဖြစ်အောင် မလုပ်တော့ဘူး.. ဒီကောင်းကင်မြေကြီးကိုပဲ ကျနော်တို့ကို လိုက်လျောညီထွေ ဖြစ်အောင် သက်သေပြခိုင်းရအောင်... ကျနော်တာအိုကို မပေါင်းစည်းဘူး... တာအိုကိုပဲ လာပေါင်းစည်းခိုင်းမယ်... အဲဒီကနေ ကောင်းကင်လမ်းစဥ်ကို ပြောင်းလဲမယ်"
တခြားသူများမှာ ဤစကားကို ကြားလိုက်သည့်အခိုက် အလွန်တုန်လှုပ်သွားကြသည်။
အရှင်မရှောင် : "တာအိုကို ငါနဲ့ လိုက်လျောညီထွေ ရှိအောင်လုပ်ပြီး ပေါင်းစည်းခိုင်းရမယ်?? ငါနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်နိုင်မှာလဲ "
ချန်ရှီသည် ထိုင်စရာနေရာ ရှာချင်သော်လည်း အညစ်အကြေး ကင်းမဲ့ပြီး ဗလာကျင်းကိုတွေ့လိုက်ရသည်။ သို့နှင့် သူ့အခေါင်းသေးသေးလေးပေါ်ကိုသာ ရိုးရိုးတင်ပျဉ်ခွေထိုင်ကာ ပြုံးပြရင်း။
"တာအိုက ကျနော့်ကို လိုက်လျောညီထွေဖြစ်အောင် လုပ်ခိုင်းနေတာက တကယ်တော့ ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုကြီးကို သြဇာသက်ရောက်ပြီး ကမ္ဘာပေါ်က မကောင်းဆိုးဝါးစွမ်းအင်တွေကို သန့်စင်စေတယ်... ယင်နဲ့ယန်ကို အခြေခံအုတ်မြစ်နေရာက သုံးပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဖြောင့်မတ်တဲ့ ချီစွမ်းအင်ကို အခြေခံအဖြစ် အသုံးချမယ်... နေ၊ လ၊ ကြယ်နဲ့ ကမ္ဘာမှာရှိတဲ့ အရာအားလုံးကို ဖွံ့ဖြိုးတိုးတက်စေမှာပါ..."
သူ၏ တာအိုနယ်မြေ ယဇ်ပလ္လင်ကို ဖြန့်ကျက်ပြလိုက်ရာ ပတ်ဝန်းကျင်ရှုခင်းက တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ယင်နှင့်ယန်စွမ်းအင်များသည် တောင်များ၊ မြစ်များ၊ ပန်းများ၊ သစ်ပင်များ၊ နေ၊ လနှင့် ကြယ်များကို ဖြစ်ပေါ်စေသည်။
နေနှင့်လတို့က လှည့်ပတ်လျက်ရှိရာ ယင်နှင့် ယန်တို့သည် ကွဲပြားသွားကြပြီး မရဏကမ္ဘာ၏ ဖြောင့်မှန်သောလမ်းနှင့် မရဏတရားတို့၏ နိယာမကို အနည်းငယ်မျှ ငြိမ်မခံဘဲ လည်ပတ်နေကြသည်။
လူအုပ်ကြီးသည် ၎င်းတို့၏ ပတ်ဝန်းကျင်ကို အာရုံခံစားပြီး ကြည်ညိုလေးစားမှု အပြည့်ဖြင့် ရပ်ကြည့်နေကြသည်။ အမှန်ပင် မကောင်းဆိုးဝါးစွမ်းအင်ကို မတွေ့ခဲ့ရပေ။
ချန်ရှီသည် ယင်ယန်သန့်စင်နည်းကို ပထမဦးစွာ သင်ကြားခဲ့သည်။ ၎င်းကို တစ်ကြိမ် ရှင်းပြပြီးနောက် ယင်ယန် အသွင်ပြောင်းခြင်းနှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ၎င်းကိုယ်တိုင် လာရောက် လိုက်လျောညီထွေဖြစ်စေမည့် နည်းလမ်းကို သင်ကြားပေးခဲ့သည်။
လူတိုင်း၏ အမူအရာများက ပို၍ လေးနက်လာသည်။ ထိုစဥ် အရှင်မရှောင်က သူမလက်ကို တိတ်တဆိတ် မြှောက်လိုက်ပြီး။
"ဆရာငယ်လေး.... ခဏလောက် ရပ်ပါဦး... ယင်ယန် သန့်စင်နည်းကို ပြန်ရှင်းပြနိုင်မလား"
ကျန်သုံးယောက်ကလည်း ရှက်ရွံ့စွာ ခေါင်းညိတ်ပြကြသည်။ သို့နှင့် ချန်ရှီလည်း ယင်ယန်အသွင်ပြောင်းမှုသို့ ပြန်သွားကာ ၎င်းကို ထပ်မံရှင်းပြရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ လူလေးယောက်က သူတို့နားမလည်တဲ့မေးခွန်းတွေမေးပြီး ချန်ရှီက တစ်ယောက်စီအတွက် ပြန်ဖြေပေးသည်။ အယူအဆတစ်ခုစီကို ဆုပ်ကိုင်ထားပြီးနောက်မှသာ သူ ဆက်လက် ရှင်းပြခွင့်ရခဲ့သည်။
ယင်ယန်သန့်စင်နည်းကို ရှင်းပြတာ နှစ်ရက်ပင် ကြာသွားသည်။
လုံယိုစန့်ရန် နဲ့ တခြားသူတွေက လေးလေးနက်နက် စဉ်းစားနေတုန်းပါပဲ။ ချန်ရှီ လည်ချောင်းတွေတောင် ခြောက်လာသည်။ သူ အခေါင်းသေးသေးလေးကနေ ဆင်းပြီး ချန်ယင်တူးဆီ သွားလိုက်သည်။
"အဘိုး... ဒီလူတွေအားလုံးက မယုံနိုင်လောက်အောင် ထက်မြက်ပြီး တုနှိုင်းမရတဲ့ ဉာဏ်ကြီးရှင်တွေပါ... ကျနော် ရှင်းပြနေတာ နှစ်ရက်ပဲ ရှိသေးတယ် အခြေခံတွေကို ဆုပ်ကိုင်ထားပြီးသား ကောင်းကင်ဘုံတရားရုံးမှာ ဒီလောက် အရည်အချင်းရှိတဲ့ လူတွေ မရှိဘူး"
"မင်းသူတို့ကို တပည့်လုပ်ခိုင်းဖို့ သတ္တိရှိတယ်ပေါ့.. တော်တော်ရဲရင့်တယ် သူတို့က ငါ့ရဲ့အကြီးတန်းတွေ... အခု မင်းရဲ့တပည့်တွေဖြစ်ကုန်ပြီ။ ငါမင်းကို ဘယ်လိုခေါ်ရမလဲ"
ချန်ရှီက ပြုံးပြီး "တစ်ယောက်စီတိုင်း ကိုယ့်လမ်းပေါ်ကအတိုင်းပဲ ကိုယ်ပြောကြရအောင်"
ချန်ယင်တူးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး။
"မင်းတကယ် ဘုရင်ဖြစ်ချင်တာလား?"
ချန်ရှီ အပြုံးက မှိန်သွားသည်။
"ကျနော်ဘုရင်အစစ် ဖြစ်လာသည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ကျနော်နဲ့ မသက်ဆိုင်ပေမယ့် ဒီကမ္ဘာကြီးကတော့ ပြောင်းလဲရမယ်... တန်ခိုးကြီးတဲ့ မိသားစုကြီးတွေက ပြည်သူတွေဆီက သွေးစုပ်ပြီး နတ်ဆိုးတွေဖြစ်လာကြတယ် သူတို့ကို နှင်ထုတ်ပြီး လူသားတွေကို အသက်ရှုဖို့ အခွင့်အလမ်းပေးရမယ်... ကျနော်တို့ အဆောင်ဆွဲ မှော်ဆရာကြီးတွေက မကောင်းဆိုးဝါးတွေကို ချေမှုန်းဖို့နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အင်အားစုတွေကို ဖယ်ရှားပစ်ဖို့ မိမိကိုယ်ကို ခံယူထားကြတယ်---ဒါက အဘိုး ကျနော့်ကို သင်ပေးထားတာပဲလေ..."
"မင်းဘာလုပ်ဖို့စီစဉ်ထားလဲ"
"အရင်ဆုံး မရဏကမ္ဘာကို သွားပြီးတော့ အဲဒီမှာ အင်အားကြီးမိသားစုတွေရဲ့ လွှမ်းမိုးမှုကို ချေမှုန်းပစ်လိုက်မယ်... ပထမခြေလှမ်းက.. ငရဲဘုရင်ငယ်လေးကို နှိုးပြီး အမတမြို့တော်ကို ပြန်လည်ရယူဖို့ပဲ... ဒုတိယခြေလှမ်းက ယန်မိသားစုကို သုတ်သင်ပစ်မယ်..."