← Chapters

ရှောင်သွမ့်ရဲ့ အတွေးများ

Vol. 33 Ch. 466

ရှောင်သွမ့်ရဲ့ အတွေးများ

Vol. 33 Ch. 466

နန်းနန်းသည် ထိုနေရာတွင် တိတ်တဆိတ် ရပ်နေကာ ဟာမာဝိညာဥ်ကြီးသည် သူ့လက်မှ ချော်ထွက်ကာ မြေပေါ်သို့ လဲကျသွားသည်။ ၎င်းခမျာ ကြောက်လွန်း၍ လှုပ်ပင်မလှုပ်ဝံ့ချေ။

နန်းနန်း၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမစိတ်ထဲ အလင်းတန်းများ ထွက်ပေါ်လာသည်။

ဖြတ်ပိုင်းဖြတ်ခြင်းဆိုင်ရာ ပညာရှင်၊ ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်သော တရားသူကြီးသည် သေမျိုးနယ်ပယ်မှ မလိုလားအပ်သော သူလျှို လာလုပ်ခြင်းကို သတိပြုမိခဲ့သည်။

လူ့ဘုံ၌ ကြီးစွာသော တုန်လှုပ်ချောက်ချားမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ သူတို့ကို ဟွာရှရှန်ကျိုးမှ ဆင့်ခေါ်ခဲ့သော စစ်မှန်သော ဘုရင်ကြီး မရှိတော့သလို အရှင်မလည်း မိဖုရားကြီး ပျောက်ကွယ်သွားကာ နတ်ဘုံနတ်ဘုရားများ အားလုံး ကွယ်ပျောက်သွားသည်။ နောက်ဆုံး မရဏကမ္ဘာကို အုပ်ချုပ်ရန် သရဲတစ္ဆေများနှင့် နတ်ဘုရားများသာ ကျန်ရစ်ခဲ့သည်။

ထိုအချိန်တွင် သက်ရှိကမ္ဘာက တချို့သော အင်အားစုများသည် မရဏကမ္ဘာကို သိမ်းပိုက်ရန်၊ အာဏာကို ဆုပ်ကိုင်ထားရန်နှင့် ၎င်းတို့၏ မိသားစုများကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းလာခဲ့ကြသည်။

အရှင်ချင်ထျန်းသည် ယင်းကို သတိပြုမိသဖြင့် အခြားသော ငရဲဘုရင်ကိုးပါးကိုလည်း သတိပေးခဲ့သည်။ သို့သော် ကသောင်းကနင်းဖြစ်နေဆဲ။ ပထမဦးစွာ မရဏကမ္ဘာက တရားသူကြီးများ တဖြုတ်ဖြုတ် ပျောက်ကွယ်သွားပြီးနောက် တမန်၊ စီရင်စုများ၊ အရာရှိများ၊ နှင့် ယင်ကျေးကျွန်တို့သည် ရက်စက်ကြမ်းကြုတ်သော ကံကြမ္မာဆိုးများနှင့် ဆုံတွေ့ခဲ့ကြရသည်။ မရေမတွက်နိုင်သော မျက်နှာသစ်များ ကို မြေအောက်ကမ္ဘာအတွင်း ထားရှိခဲ့သည်။ ၎င်းတို့သည် မိသားစု ဆယ့်သုံးစု၏ အဖွဲ့ဝင်များသာ။

ကံကောင်းထောက်မစွာ ၎င်းတို့၏ စွမ်းအားဖြင့် ကန့်သတ်ထားသော သက်ရှိကမ္ဘာရှိ အင်အားစုများသည် တိုက်ရိုက် မလုပ်ဆောင်ဝံ့ဘဲ ၎င်းတို့၏ စွမ်းအားကို တဖြည်းဖြည်းချင်းသာ ဆုတ်ယုတ်သွား​အောင် လုပ်ခဲ့လေ၏။

လွန်ခဲ့သော အနှစ်တစ်ထောင်ကျော်က ၎င်းတို့၏ စွမ်းအားများ ကြီးထွားလာခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့သည် ငရဲဘုရင်ဆယ်ပါးကို ဆန့်ကျင်ခဲ့ကြသည်။ ငရဲအလွှာ​ပြီး နောက်အလွှာ၊ ယာမနန်းတော်များ တစ်ခုပြီးတစ်ခု ပြိုကျသွားသည်။

မရဏကမ္ဘာမှ အရှင်ချင်ထျန်းမှာ အထီးကျန်နေပြီး အကူအညီမဲ့ဖြစ်ခဲ့သည်။ မိသားစု ဆယ့်သုံးစုတို့သည် သက်ရှိကမ္ဘာကို ထိန်းချုပ်ထားကြ၏။ သူသည် တစ္ဆေများနှင့် နတ်များကို တရားစီရင်နိုင်သော်လည်း သက်ရှိကမ္ဘာရဲ့ မကောင်းမှုများကို မပြုလုပ်နိုင်ပါ။ ထို့အပြင် သက်ရှိကမ္ဘာက မိသားစုဆယ့်သုံးစု၏ နယ်မြေလည်း ဖြစ်လာခဲ့​​သေးသည်။

ထို့ကြောင့် သူ့ရဲ့ရှုံးနိမ့်မှုက မလွဲမသွေ ဖြစ်လာ၏။ နောက်ဆုံးတွင် ယန်မိသားစုက သူ့ကို စတင်တိုက်ခိုက်​တော့သည်။

ရှုံးနိမ့်မှာ သေချာသည်ကို သိပေမယ့် သူသည် ပြတ်ပြတ်သားသား ခုခံဆဲဖြစ်ပြီး မိသားစု ဆယ့်သုံးစုရှိ ယန်မိသားစုကို မအောင်မြင်အောင် တားဆီးထားသည်။ သို့သော် ယန်မိသားစုလက်ထဲသို့ ကျရောက်ခြင်းသည် အချိန်တစ်ခုသာ ဖြစ်ကြောင်းကိုလည်း သူသိသည်။ မိသားစု ဆယ့်သုံးစု၏လက်သို့ ကျရောက်နေသော မရဏကမ္ဘာက နိဂုံးချုပ်ချက် တစ်ခုဖြစ်သည်။

ထိုအချိန်တွင် တရားသူကြီးဝေ့က သူ့ကို တွေ့ရှိခဲ့ပြီး ချန်ရှီအမည်ရှိ သရဲတစ္ဆေသည် သူနှင့် စာချုပ်ချုပ်လိုကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

"ခွမ်း!"

သုံးဘဝကျောက်တုံး ကွဲအက်ကာ မြေပြင်အနှံ့ ပြန့်ကျဲနေသော ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။ နန်းနန်းဝန်းကျင်ရှိ အလင်းရောင်အားလုံးသည် လျင်မြန်စွာ ကျုံ့သွားပြီး သူမစိတ်ထဲ တိုးဝင် ပျောက်ကွယ်သွားသည်။

သူမ၏ အငွေ့အသက်များ ရုတ်တရက် မြင့်တက်လာသည်။ မူလစိတ်ဝိညာဉ်များ ပေါ်ထွန်းလာကာ ထူထဲပြီး အကန့်အသတ်မရှိ နတ်စွမ်းအားများအ​ပြင် ချန်ရှီ တစ်ခါမှ မမြင်ဖူးသော စွမ်းအားတစ်ခုလည်း တိုးလာသည်။

ထိုကြီးမားလှသော နတ်တန်ခိုးသည် အထက်ကမ္ဘာ၏ ကောင်းကင်နတ်ဘုရားများထက် သာလွန်သလို ချန်ရှီ ရှင်ပြန်ထမြောက်​စေခဲ့သော နတ်ဘုရားများကိုပင် ကျော်လွန်သွားခဲ့သည်။

ဤငရဲဘုရင်သည် သူ၏အသက်ကို နောင်လာနောက်သားများနှင့် လေးလေးနက်နက် ချစ်မြတ်နိုးသော ပြည်သူများအတွက် မြှုပ်နှံထားသောကြောင့် အလွန်ကျော်ကြားခဲ့သည်လေ။

လူများ ဒုက္ခရောက်လေ၊ မတရားမှု များပြားလေ၊ ငရဲဘုရင်အား နံ့သာပေါင်း ပူဇော်မှုများ ပေါများလေလေ၊ သူတို့၏ စည်းစိမ်ဥစ္စာများ အဆုံးမသတ်နိုင်လေလေ ဖြစ်သည်။ အထူးသဖြင့် မိသားစု ဆယ့်သုံးစု အုပ်စိုးချိန်မှစ၍ ငရဲဘုရင်၏ နံ့သာပေါင်း ပူဇော်သက္ကာများသည် ယခင်အဆင့်အားလုံးထက် သာလွန်ခဲ့သည်။

ထောင်စုနှစ်များတစ်လျှောက် နံ့သာပေါင်းပူဇော်မှုများ စုဆောင်းခြင်းက သူ၏ နတ်ဘုရားတန်ခိုးတော်သည် ကောင်းကင်ပြင်နတ်ဘုရား၏ အဆင့်အောက်တွင် အပြင်းထန်ဆုံး ဖြစ်ကြောင်း ငြင်းခုံစရာ ဖြစ်ခဲ့သည်။

အတိတ်မေ့မြစ် အပြင်ဘက်က ပြင်းထန်သောတိုက်ပွဲတွင် ပိတ်လှောင်ခံထားရသော မရဏအရာရှိအုပ်စုသည် ၎င်းတို့၏မြင့်မြတ်သော တန်ခိုးကို မျိုသိပ်ထားရသလို ခံစားခဲ့ရသည်။ ၎င်းတို့၏ သဘာဝလွန်အစွမ်းအစများသည် အသုံးမဝင်တော့ဘဲ ကောင်းကင်ဘုံဝိညာဉ်မီးခွက်များပင်လျှင် ၎င်းတို့၏ စွမ်းအားများ ဆုံးရှုံးသွားကြသည်။

မော့ကြည့်လိုက်တော့ မြေခွေးမျိုးနွယ်စုရဲ့ ခြံဝင်းထဲကနေ လခြမ်းတစ်စင်း ဖြည်းညှင်းစွာ တက်လာတာ တွေ့လိုက်ရလေသည်။

ထိုအချိန်တွင် မရဏအရာရှိများထဲမှ တစ်ယောက်က ဒူးတစ်ဖက်ထောက်သွားစဥ် အခြားလူများကလည်း နောက်မှလိုက်ကာ ဒူးထောက်ကုန်ကြသဖြင့် နောက်ဆုံးတွင် လှိုင်းထန်နေသော အတိတ်မေ့မြစ်ကလည်း ငြိမ်သက်သွားခဲ့သည်။

ကျုံးခွေ ၊ တျယ်ချစ်တို့လည်း အံ့အားသင့် ဝမ်းသာသွားကြသည်။

လှေသမလေး: "အရှင် နောက်ဆုံးတော့ နိုးလာပြီ... ဖေဖေ သမီးတို့အနိုင်ရပြီးရင် တာဝန်ထမ်းဆောင်ဖို့ မြေအောက်ကမ္ဘာကို ပြန်သွားလို့ရပြီ!"

လှေသမားက လေးနက်စွာ ခေါင်းညိတ်ပြပြီး ဝမ်းသာအားရဖြင့် ပြန်ပြောသည်။

"ငါတို့ အခု တရားဝင် တာဝန်တွေ ရတော့မယ် ငါတို့လည်း ဆုလာဘ် လက်ဆောင်တွေတောင် ရနိုင်တယ်!"

သူမ၏ အင်္ကျီလက်စကို ညင်သာစွာ ဝေ့ယမ်း၍ လှိုင်းလုံးများဖြစ်​အောင် ဖန်တီးကာ မြေအောက်မှ အရာရှိများကို အတိတ်မေ့မြစ်ထဲသို့ ပြန်ပို့လိုက်ရာ ၎င်းတို့ သဲလွန်စမရှိဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်က တောက်ပလာပြီး နေကလည်း မြင့်လာပြန်တယ်။

"ဝမ်ဖူ၊ ကျူ့ရွှင့်... ဒီအရှင် ပြန်နိုးလာပြီ"

နန်းနန်း၏ မျက်နှာသည် ကြည်ကြည်လေးနက်ကာ သူမ၏ အသံသည် ကလေးမလေးတစ်ယောက်လို ဖြစ်နေသေးသော်လည်း ယခုအခါ ပို၍ ဂုဏ်သိက္ခာရှိသော အ​ငွေ့အသက်ဖြင့် ဖုံးလွှမ်းသွားသည်။ သူမ ခဏရပ်လိုက်သည်နှင့် ရုတ်တရက် ငရဲအလွှာများ မြေခွေးမျိုးနွယ်၏ ခြံဝင်းအောက်တွင် ပေါ်လာပြီး တတိယအဆင့်သို့ ရောက်သွားသည်။

"နောက်ထပ် တိုက်ပွဲတွေ ထပ်လုပ်စရာ မလိုပါဘူး... ချက်ချင်း ပြန်လာခဲ့!"

နန်းနန်းစကားဆုံးသည်နှင့် တရားသူကြီးသုံးဦးသည် ငရဲဆီသို့ ပြန်လည် ဆင်းသက်ရန် အခွင့်အရေးကို ဆုပ်ကိုင်ကာ မြေခွေးမျိုးနွယ်၏ ဝင်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

မီးတရားသူကြီးနှင့် မြေတရားသူကြီး နှစ်ဦးစလုံးသည် ယင်းကိုမြင်လျှင် ထိတ်လန့်သွား၏။ နန်းနန်းမှ ထွက်ပေါ်လာသော ကြီးမားသော နတ်တန်ခိုးကို သတိပြုမိကာ မလိုက်ဝံ့​တော့ပေ။

"ဖြောင့်မတ်တဲ့ အရှင်ချင်ထျန်း နောက်ဆုံးတော့ နိုးလာပြီ"

တရားသူကြီး သုံးဦးသည် ရှေ့သို့ အ​မြန်ပြေးသွားကာ ချက်ချင်း ဒူးထောက်လိုက်ကြသည်။

"ကျွန်​တော်တို့ကို လမ်းကြောင်းကို ဖုံးကွယ်ဖို့၊ အသက်ကို စောင့်ရှောက်ဖို့၊ အခွင့်ကောင်းကို စောင့်မျှော်နေဖို့ အရှင် အမိန့်ပေးခဲ့တယ်... နောက်ဆုံးတော့ အရှင် ပြန်​ရောက်လာပြီ!"

နန်းနန်းက သူ့လက်ကို မြှောက်လိုက်ပြီး :"ဒီလို စည်းမျဥ်းစည်းကမ်းတွေ မလိုဘူး... တခြားတရားသူကြီးတွေ ဘယ်မှာလဲ"

ကျာယွမ်၏ မျက်လုံးများ နီရဲလာပြီး ခေါင်းယမ်းလိုက်သည်။

"ကျ​နော်တို့ သုံးယောက်ပဲ ကျန်တော့တယ်.. ကျန်တဲ့သူတွေ အသက်ရှင်နေသေးလား သေ​ပြီလား မသိပါဘူး"

နန်းနန်းမျက်နှာ မည်းမှောင်သွားသည်။ ထိုအချိန်တွင် ကျုံးခွေ၊ တျယ်ချစ်၊ လှေသမား နှင့် သူ့သမီးတို့ ဝင်လာပြီး သူမကို ဂါဝရပြုလေ၏။ နန်းနန်းက အနည်းငယ်ခေါင်းညိတ်ပြီး။

"မင်းတို့ရဲ့ကာကွယ်ပေးမှုကြောင့် ငါပြန်ကောင်းလာပြီ ကျေးဇူးပြုပြီး ထကြပါ..."

နန်းနန်းက ချန်ရှီနဲ့ တခြားသူတွေကို ကြည့်လိုက်သည်။

"မင်းတို့ရဲ့ ကယ်တင်မှုအတွက်လည်း ငါကျေးဇူးတင်ပါတယ်"

ချန်ရှီနှင့် အခြားလူများက နှုတ်ခွန်းဆက်စကား ပြန်ပြောကြသည်။ နန်းနန်းက ပြုံးပြီး မေးလေ၏။

"နတ်ဘုရင်ချန်.. အဲဒီနေ့ကတည်းက ပြုခဲ့တဲ့ ငါတို့ရဲ့သဘောတူညီချက်ကို မှတ်မိသေးလား"

ချန်ရှီ ပြုံးလိုက်ပြီး :"မှတ်မိတယ်"

"မှတ်မိတာ ကောင်းတယ်"

ချန်ရှီက သုံးဘဝကျောက်တုံးကြီးကို ချလိုက်ပြီး ချန်ယင်တူးဘက် လှည့်လိုက်သည်။

"အဘိုး အရှင်ချင်ထျန်း ကျန်းကျန်းမာမာနဲ့ သူ့အသွင် အစစ်ကို ပြန်ရသွားပြီ... သူ မြေအောက်ကမ္ဘာက နောက်လိုက်တစ်ရာကို သေချာပေါက် အမိန့်ပေးနိုင်မှာ သေချာတယ်... မိသားစုဆယ့်သုံးစုမှာ တစ္ဆေတွေ၊ နတ်ဘုရားတွေ ဘယ်လောက်ပဲရှိနေရှိနေ မြေအောက်က အရာရှိတွေကို မနိုင်လောက်ဘူး... မရဏကမ္ဘာက အရာရှိတွေ ကျနော်တို့ လက်အောက်ခံ ဖြစ်လာသရွေ့ ငရဲနန်းတော်အောက်မှာ မိသားစုဆယ့်သုံးစု မနေနိုင်တော့ဘူး!"

ချန်ယင်တူး၏ အကြည့်သည် နန်းနန်းကို စိုက်ကြည့်နေခဲ့ပြီး သူ့မျက်နှာမှာ စိုးရိမ်မှုဖြင့် ပြည့်နှက်နေခဲ့သည်။

"မင်းထင်သလောက် မချောမွေ့ဘူး"

ချန်ရှီ သူ့အကြည့်နောက်သို့ လိုက်ကာ နန်းနန်းကို ငုံ့ငုံ့ကာ မြေပြင်ပေါ်ရှိ သားရဲဝိညာဉ်၏ ကျောရိုးကြီးကို ကိုင်ကာ မြှောက်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ကလေးမလေး၏ ပုခုံးပေါ်တွင် ကပ်ထားသော သားရဲ၏ ရှေ့ခြေနှစ်ချောင်းမှာ လုံးဝ အသက်ကင်းမဲ့နေပုံရသည်။

ချန်ရှီအပြုံးလည်း အေးခဲသွား​တော့သည်။

ချန်ယင်တူး :"အရှင်ချင်ထျန်း ရှင်ပြန်ထမြောက်လာတာ မဟုတ်ဘူး နန်းနန်းက သူမရဲ့ အတိတ်ဘဝက အမှတ်တရတွေကို နိုးထစေခဲ့တာ... အတိတ်ဘဝရဲ့ အရှင်ချင်ထျန်း ပြန်ဖြစ်လာမှာ မဟုတ်ဘူး အသက်ရှင်နေတဲ့ နန်းနန်းပဲ ဖြစ်နေဦးမှာ..."

ချန်ရှီ အလွန်တုန်လှုပ်သွားပြီး သူ့အဓိပ္ပာယ်ကို နားလည်သွားသည်။

အဘွားရှားသည် သူမ၏အတိတ်ဘဝအမှတ်တရများကို နှိုးဆွရန်အတွက် သုံးဘဝကျောက်တုံးကို အသုံးပြုခဲ့သည်။ သို့သော် အဘွားရှား သူမ၏အတိတ်ဘဝက လူကို ပြန်ခေါ်ခဲ့တာ မဟုတ်​ပေ။ အတိတ်ဘဝ အမှတ်တရများကို နိုးထစေခြင်းက သူ့အား အခြားလူတစ်ဦးအဖြစ်သို့ မပြောင်းလဲစေဘဲ မေ့သွားသောအရာများကို သတိရခြင်းသာ ဖြစ်သည်။

သုံးဘဝကျောက်တုံး၏ လုပ်ဆောင်ချက်မှာ အတိတ်ဘဝသုံးခုကို ချိတ်ဆက်ပြီး ထိုဘဝသုံးမျိုး၏ ကျင့်ကြံမှုကို တစ်ခုတည်းအဖြစ် စုစည်းရန်ဖြစ်သည်။

ယခုအခါ နန်းနန်းသည် အရှင်ချင်ထျန်း၏ မှတ်ဉာဏ်များကို သတိရပြီး သူ၏ယခင် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသော်လည်း သူမသည် အဓိကအားဖြင့် ဖားများကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဆက်ဆံတတ်သည့် ကလေးမလေးပင် ဖြစ်နေဆဲ။

သူမသည် မရဏအရာရှိအားလုံးကို နှိမ်နင်းနိုင်သူ မဖြစ်နိုင်မှာ ထင်ရှား​လေသည်။

တရားသူကြီး သုံးယောက်နှင့် ကျုံးခွေတို့လည်း တစ်စုံတစ်ခု လွဲချော်နေသည်ကို ယောင်ဝါးဝါး ခံစားမိသော်လည်း ထိုလမ်းကြောင်းကို မှန်းဆခြင်း မပြုဝံ့ပေ။ လှေသမလေးနှင့် လှေသူကြီးတို့သည် နဂါး (ဘုရင်) ကို ကူညီခဲ့ကြသော သူရဲကောင်းများဟု ယူဆကာ လွန်စွာ ဝမ်းသာသွားကြသည်။

ချန်ရှီ စိတ်ထဲမှ : "နန်းနန်းရဲ့ ကျင့်ကြံမှုက အရမ်းမြင့်တော့ သူမရဲ့ အလေ့အကျင့်က ပြဿနာမရှိဘူး... သူမရဲ့ ပင်ကိုယ်စရိုက်က သိက္ခာရှိတဲ့ပုံစံ မဟုတ်သေးဘူး... နောက်ထပ် နှစ်အနည်းငယ် ကြီးလာရင်တော့ ပိုကောင်းလာနိုင်တယ်... ဒါပေမယ့် ဒီလောက်ကြာအောင် မစောင့်နိုင်​တော့ဘူး!"

ယခု ယင်နဲ့ယန် နယ်မြေများ ကွဲကွာသွားချေပြီ။ မိသားစု ဆယ့်သုံးစုသည် ပြန်လည်ကောင်းမွန်လာကာ မလွှဲမရှောင်သာ သတင်းများ ဖလှယ်ကြပြီး မဟာမိတ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းကာ ဒေသအသီးသီးသို့ အရာရှိများ စေလွှတ်လိမ့်မည်။ ဒေသဆိုင်ရာ အင်အားစုများ ပေါင်းစည်းကာ လေ့ကျင့်ရေးသမားများ အုပ်စုကို ထူထောင်ကြမည်။ အနောက်နွားရှင်းကျိုးသည် ဘေးဥပဒ်တစ်ခု ကြုံတွေ့ပြီးသော်လည်း မိသားစုဆယ့်သုံးစုရဲ့ အုပ်ချုပ်မှုလက်အောက် ပြန်ရောက်သွားပါက ကမ္ဘာကြီးသည် ပြောင်းလဲခြင်းမရှိဘဲ ယခင်အတိုင်းသာ ဆက်တည်ရှိနေလိမ့်မည်။

ကမ္ဘာကြီးကို ပြောင်းလဲလိုပါက မိသားစု ၁၃ စု၏ အခြေခံအုတ်မြစ်များကို အမြစ်ပြတ်ချေမှုန်းရန် လိုအပ်ပြီး ပြတ်သားသော အစီအမံများကို အသုံးပြုရမည်။

ပထမအဆင့်အနေနဲ့ ငရဲဘုရင်အား သူ့ရဲ့နတ်ဘုရားအာဏာစက်ကို မရဏကမ္ဘာမှာ ပြန်လည်ရရှိအောင် ကူညီပေးဖို့ပါပဲ။ ငရဲဘုရင်က အသေးလေး ဖြစ်နေရင်တောင်ပေါ့။

ချန်ရှီသည် ငရဲဘုရင်လေးနှင့် အခြားသူများကို နှုတ်ဆက်ပြီး ဟွမ်ဖောရွာသို့ ပြန်သွားခဲ့သည်။ နတ်သမီးရှောင်သွမ့်က နိမ့်ပါးသော ကုန်းစောင်းပေါ်တွင် ထိုင်ကာ ကျူးရှို့ချိုင်၊ တာအိုလျို၊ ကျွယ်ရန်ကျစ်တို့နှင့်အတူ ဘုံကျောင်းကို စောင့်ကြပ်နေ၏။

ဘုံကျောင်းက ဖွဲ့တည်ဆဲဖြစ်ပြီး အပြည့်အဝ မတည်ငြိမ်သေးပါ။ ထူးခြားသော တန်ခိုးတော်၏ ကောင်းချီးအောက်တွင် ခိုင်ခံ့လာသောအခါ အရှင်မဟုတ်ထူ၏ ကိုယ်ပွားသည် နတ်တံတားမှတစ်ဆင့် ကြာပန်းနတ်ကွန်းပေါ်သို့ ဆင်းသက်လာမည်ဖြစ်သည်။

ချန်ရှီ နတ်သမီးရှောင်သွမ့်ထံ ချဉ်းကပ်ကာ သူမကို ​သေချာကြည့်လိုက်သည်။ သူမက လှပသော မျက်တောင်များကို ဖွင့်ကာ ကောင်းကင်ကို မော့ကြည့်နေ၏။ ချန်ရှီလည်း လဲလျောင်းပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ခဏအကြာတွင် သူ့ဘက်ကပဲ တိတ်ဆိတ်မှု​ကို စတင် ချိုးဖျက်လိုက်လေသည်။

"မင်းစိတ်ထဲမှာ ရှုပ်နေသလိုပဲ"

နတ်သမီးရှောင်သွမ့် သူမအကြည့်ကို ဆုတ်လိုက်ပြီး ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး"

ချန်ရှီ ထထိုင်ကာ သူမကို ငေးကြည့်ရင်း :"ဟုတ်တယ်..ဖူထျန်းတကျောက် အစီအရင် စပြီးကတည်းက မင်းကိုကြည့်ရတာ ဝိညာဥ်လွင့်နေတဲ့လူလိုပဲ... အဘိုးနဲ့ စကားပြောနေပေမယ့် ငါ့အကြည့်တွေက မင်းကို ခဏခဏ စိုက်ကြည့်နေတာ... မင်းစိတ်ထဲမှာ တစ်ခုခုတော့ ရှိနေပြီ ကောင်းကင်ကိုလည်း ခဏခဏ ကြည့်နေတယ် ငါ မင်းကို အချိန်ပေးချင်တယ် ဖြစ်နိုင်ရင် မင်းဘာသာငါ့ကို ပြောလာတာ လိုချင်ပေမယ့် မင်းက မပြောလာဘူး..."

သူ့အမူအရာက အလွန်ရိုးသားသည်။

"မင်းငါ့ကိုမပြောဘူး ဒါပေမယ့် ငါက​တော့ မေးရမယ်... နောက်ဆုံးတော့ ငါတို့က သူစိမ်းမဟုတ်ဘူး အခုလက်ထပ်ပြီးပြီ မင်းစိတ်ထဲဘာရှိလဲ မင်းငါ့ကို ရင်ဖွင့်နိုင်တယ်"

နတ်သမီးလေးရဲ့ မျက်လုံးတွေ နီရဲလာပြီး ငိုလုမတတ် ဖြစ်လာသည်။

“အစီအရင်ကြီး စတင်လာတဲ့အချိန်မှာ အဖေ့မျက်နှာနဲ့တူတဲ့ ကောင်းကင်နတ်ဘုရားရဲ့ မျက်နှာကို မြင်ခဲ့တယ်...”

သူမ ချန်ရှီပုခုံးကို မှီကာ လက်နှစ်ဖက်ဖြင့် သူ့လည်ပင်းကို ရစ်ပတ်ထားလိုက်သည်။ သူမမျက်ရည်တွေက သူ့အဝတ်အစားများပေါ် ချက်ချင်းပင် စီးကျလာသည်။

"ငါ့​မောင်က သေပြီး ငါ့အဖေက ကောင်းကင်ဘုံနတ်ဘုရား ဖြစ်သွားပြီ... ငါအရမ်းကြောက်တယ်... ဘာဖြစ်သွားလဲ မသိဘူး ငါဘာလို့ဒီလိုနိုးလာတာလဲ နားမလည်ဘူး..."

ချန်ရှီ သူမကို ပွေ့ဖက်ပြီး ကျောကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"မကြောက်ပါနဲ့ ငါတို့က မိသားစုပဲ ဒီနောက်ကွယ်က အမှန်တရားကို သိအောင် ငါကူညီမယ်... မတရားမှုရှိရင် ငါတို့ တရားမျှတမှုကို ရှာမယ် ရန်ငြိုးရှိရင် ငါ မင်းအတွက် လက်စားချေပေးမယ်..."

နတ်သမီးရှောင်သွမ့်၏ ခံစစ်များ ပြိုပျက်သွားပြီး သူမ မျက်ရည်များ ထပ်မံ စီးကျလာသည်။

မကြာခင်မှာပဲ ချန်ရှီရဲ့ ရင်ခွင်ထဲမှာ အိပ်ပျော်သွားခဲ့၏။ ပြီးတာနဲ့ ရှောင်သွမ့် နိုးလာသည်။ သူမက ချန်ရှီရဲ့ ရင်ခွင်ထဲမှာ လဲလျောင်းရင်း မျက်လုံးတွေကို လျှို့ဝှက်စွာဖွင့်ကာ မျက်တောင်လေးတွေ ပုတ်ခတ်လိုက်သည်။

"ယောက်ျား!"

"ဟမ်?"

"နမ်း!"

"ကောင်းပြီ"

ချန်ရှီ ငုံ့၍ နီရဲတောက်တောက် နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ ရှောင်သွမ့်ကလည်း သူ့အနမ်းကို တုံ့ပြန်ပေး၏။ သူမနှုတ်ခမ်းများက ပြင်းပြပြီး ပြင်းထန်သောတုံ့ပြန်မှုဖြင့် သူ့အား ပြန်လည် ထိတွေ့လာသည်။

ချန်ရှီ သူမသွားတွေကို ဖွင့်ဖို့ ကြိုးစားရင်း ကောက်ကျစ်တဲ့လျှာကို သိမ်းပိုက်ပစ်လိုက်သည်။ ဤမိန်းကလေးမှာ ပို၍ပြင်းထန်သော တုံ့ပြန်မှုများကို ပြန်ပေးလာရာ ပြင်းပြသောဆန္ဒ ရှိ​နေပုံရ​လေသည်။

သူမသွားများကို ဖွင့်ပေးရင်း ပျော်ရွှင်မှုအား တစ်ဟုန်ထိုး လွှမ်းခြုံသွား​စေကာ ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုအဖြစ် ဖန်တီးခဲ့သည်။

သူတို့သည် အချင်းချင်း ကိုးရိုးကားရားဖြင့် အချင်းချင်း တုံ့ပြန်ကြသည်။ သွားများက ရံဖန်ရံခါ တညီတညွတ်တည်း တိုက်မိသလို ပျော့ပျောင်းသော အသံကို ပြုလုပ်မိသော်လည်း နှစ်ယောက်သားအပေါ် လုံး၀ သက်ရောက်မှု မရှိပေ။

ကျူးရှို့ချိုင်နဲ့ ဟေးကော်တို့ ခဏမျှ အံ့အားသင့်သွားခဲ့သည်။

"မကြုံဖူးဘူးလား?"

ကျွယ်ရန်ကျစ်က ကျူးရှို့ချိုင်ကို တစ်ချက်ကြည့်လိုက်ပြီး :"ဘုရင်ကျန်း​ရဲ့ အကြွင်းအကျန်တောင်မှ အချစ်ရဲ့ သာယာမှုကို တစ်ခါမှ မခံစားဖူးဘူးလား?"

ကျူးရှို့ချိုင်: "မင်းက တာအို ဘုန်းကြီးလေ... အဲဒါကို ကြုံဖူးလို့လား"

All Chapters