← Chapters

ငရဲကို ဖျက်စီးမယ်

Vol. 33 Ch. 468

ငရဲကို ဖျက်စီးမယ်

Vol. 33 Ch. 468

"ယန်မိသားစုကို ဖျက်ဆီးပစ်မှာလား"

အဖွားရှား တုန်လှုပ်သွားသည်။ နှစ်ပေါင်းထောင်ချီကြာအောင် သမိုင်းကြောင်းရှိတဲ့ အင်အားကြီးမိသားစုကို ဖျက်ဆီးမှာလား။

ချန်ယင်တူး ကိုယ်တိုင်တောင်မှ အဲဒီမိသားစုကို အဲဒီတုန်းက ဖျက်စီးပစ်နိုင်တယ်လို့ ပြောရဲမှာ မဟုတ်ဘူး။

သူ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလေ။

ချန်ရှီက ဒီအသက်အရွယ်လေးမှာပင် ယန်မိသားစုဖြစ်သည့် အမျိုးအနွယ်​ကြီးကို ဖျက်ဆီးပစ်ချင်ခဲ့သည်။ အထက်ကမ္ဘာကြီး ပျက်စီးသွားရင်တောင်မှ ယန်မိသားစုရဲ့ အခြေခံအုတ်မြစ်ဟာ သူတို့လို သာမန်လူတွေ လိုက်ဖက်ညီနိုင်တဲ့ အရာထက် အများကြီးသာလွန်နေသေးသည်။

ချန်ရှီသည် ကောင်းကင်ဘုံ သွေးအသွင်ပြောင်းနတ်ဓားကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ဓားအတွင်းမှ နတ်ဆိုးစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ သူ့ကို ထိန်းချုပ်ရန် ကြိုးစားနေသည်။ သို့သော်လည်း ဤနတ်ဆိုးစွမ်းအင်သည် ချန်ရှဖိခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါတွင်၊ သူ့အတွင်းမှ နတ်ဆိုးစွမ်းအင်သည် ၎င်းထက် အားနည်းနေခြင်း မရှိကြောင်း ခံစားလိုက်ရလေသည်။

ဤတစ်ကြိမ်တွင် သွေးအသွင်ပြောင်းနတ်ဓားမှာ ချန်ရှီကို မထိန်းချုပ်နိုင်ခဲ့ပါ။ အဲဒီအစား ချန်ရှီဆီကပဲ ထိန်းချုပ်ခံလိုက်ရသည်။

သူသည် သွေးကန်ကျင့်စဥ်ကို အသက်သွင်းခဲ့ပြီး သူ့ခေါင်းနောက်ကွယ်ရှိ သွေးပင်လယ်ငရဲသည် ပိုမိုကျယ်ပြန့်လာသည်။ သွေးအသွင်ပြောင်းလဲနတ်ဓားမှ နတ်ဆိုးစွမ်းအင်၊ သွေးကန်ကျင့်စဥ်မှ နတ်ဆိုးစွမ်းအင်နှင့် သူ၏မရဏကမ္ဘာတွင် ရှစ်နှစ်တာကာလအတွင်း စုဆောင်းရရှိလာသော နတ်ဆိုးစွမ်းအားများ ပေါင်းစည်သွားရာ ချန်ရှီ၏ နတ်ဆိုးစွမ်းအင်များ တဟုန်ထိုး တက်လာပြီး ရောင်ဝါလည်း ပိုအားကောင်းလာပြီး ကြီးစိုးလာသည် ။

သူ့ခေါင်းနောက်ဘက်ရှိ ကြက်သွေးရောင်အလင်းသည် ငရဲတံခါးကို နီမြန်းသော အလင်းရောင်ဖြင့် လင်းထိန်သွားစေ၏။

သူသည် လျှာဆွဲငရဲ၏ တရားသူကြီး ယန်ကွမ်ဆီသို့ လျှောက်သွားနေကာ သူ၏ အရှိန်အဟုန် မြန်လာသည်နှင့် သူ့ပတ်ဝန်းကျင်တွင် တိုက်ပွဲသံများ သွေးစီးကြောင်းများ ဖြာထွက်လာသည် ။

ယန်မိသားစုတစ္ဆေတွေ သူ့ဆီ ပြေးလာပေမယ့် မရောက်ခင်မှာပဲ အလင်းဓားတစ်ချောင်းက ကောင်းကင်ကို ဖြတ်သွားကာ ယန်မိသားစုတစ္ဆေကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ ၎င်း၏ နတ်စွမ်းအားများ ပြိုကျကာ အပြာရောင်အခိုးအငွေ့များအဖြစ် လွင့်စင်သွားသည်။ နတ်ဝိညာဥ်မှာမူ ချန်ရှီ၏ ဦးခေါင်းနောက်ဘက်ရှိ သွေးပင်လယ်ငရဲထဲသို့ ဆွဲသွင်းခံလိုက်ရ၏။

တစ်ချိန်တည်းမှာပဲ ငရဲတံခါးအတွင်းရော အပြင်မှာပါ ပြိုကျသွားတဲ့ သရဲတစ္ဆေတွေအားလုံး ထူးဆန်းတဲ့ စွမ်းအားတစ်ခုကြောင့် ဆွဲထုတ်ခံလိုက်ရသည်။ သူတို့၏သွေးများ၊ နတ်ဝိညာဥ်များနှင့် ဝိညာဉ်များသည် ချန်ရှီ ဦးခေါင်းနောက်ကွယ်မှ သွေးပင်လယ်ငရဲဆီသို့ ပျံသန်းသွားကြသည်။ သူ့အရှိန်က တဟုန်ထိုးတိုးလာသဖြင့် ငရဲတံခါးအစွန်းမှ တရားသူကြီးယန်ကွမ်လည်း ထရပ်ပြီး လျှာဆွဲငရဲတစ်ခုလုံးကို လွှတ်လိုက်တော့သည်။

ချန်ရှီလက်ထဲတွင် ကခုန်နေသော သွေးအသွင်ပြောင်း နတ်ဓားက ယန်ကွမ်ဆီသို့ အပြေးအလွှား ပြေးထွက်သွားကာ ၎င်း၏ အလင်းရောင်အား ရှေ့သို့ ပစ်လွှတ်လိုက်သည်။

မရေမတွက်နိုင်သော အလင်းတန်းများက ကျယ်ပြောလှသော မြစ်ရေစီးကြောင်းများကဲ့သို့ တဟုန်ထိုး လွင့်ထွက်ကာ ဂုဏ်သိက္ခာရှိသော သရဲတစ္ဆေများနှင့် နတ်ဘုရားများကို ဖြိုခွဲပစ်လိုက်သည်။

သူတို့ဘာသာ အတုအယောင်ပြန်ခြင်းဘုံ ဖြစ်စေ၊ ကြီးကျယ်သော ကောင်းကင်ဘုံသို့ စိုက်ပျိုးခဲ့သည်ဖြစ်စေ မြေအောက်ကမ္ဘာတွင် နံ့သာပေါင်းမည်မျှ ရရှိခဲ့သည်ဖြစ်စေ ၎င်းတို့၏ တန်ခိုးများက မည်မျှပင် ထူးထူးခြားခြား ဖြစ်​နေစေကာမူ ၎င်းတို့၏ ရွှေကိုယ်ထည် မည်မျှပင် သန်မာသည်ဖြစ်စေ ဤဓားအောက်၌ ၎င်းတို့အားလုံးမှာ မြေစေးကြက်နှင့် ခွေးမျာသာ ဖြစ်လေသည်။

ဓားသွားဖြင့် ထိမ်သူတိုင်းသည် ၎င်းတို့၏ရွှေရုပ်အလောင်းများ လျင်မြန်စွာ ပြိုကျပျက်စီးသွားကြသည်။ သူတို့၏ နတ်စွမ်းအားများ ပြိုကွဲသွားကာ နတ်ဝိညာဥ်များအားလုံး သွေးပင်လယ်ငရဲထဲသို့ ပြေးသွားကြရသည်။

ဓားမီးရောင်များကြားတွင် ငရဲတံခါးအတွင်းရှိ မဏ္ဍပ်များနှင့် မျှော်စင်များ တစ်ခုပြီးတစ်ခု ပြိုကျသွားသည်။

တရားသူကြီး ယန်ကွမ်လည်း လျှာဆွဲငရဲကို အသက်သွင်းနေပြီ ဖြစ်သည်။ ကြီးမားပြီး အကန့်အသတ်မရှိသော ထိုငရဲအတွင်းမှ မရေမတွက်နိုင်သော သရဲများ၊ ဘီလူးများနှင့် ဝိညာဉ်များ၏ အရေးကြီးသော စွမ်းအင်များက သူ့ဆီသို့ ပြေးလာခဲ့သည်။

ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကြီးသည် သူ့အမိန့်တော်အတိုင်း သူ့ခေါင်းနောက်ဘက်ဆီက အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

လျှာဆွဲငရဲ ထွက်လာသောအခါ မရေမတွက်နိုင်သော တစ္ဆေများ၊ နတ်ဆိုးများနှင့် နတ်များ အလိုလို တုန်လှုပ်ချောက်ချား သွားကြသည်။ ကြီးမားလှသော ဤငရဲသည် ယန်ကွမ်၏ ခေါင်းနောက်ဘက်၌ ရွေ့လျားနေကာ မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် ချည်နှောင်ထားသည်။

ဖုန်မှုန့်နှင့် မီးခိုးများကဲ့သို့ ငရဲတွင်းရှိ တောက်ပသော အလင်းရောင်နှင့် အရေးပါသော စွမ်းအင်များသည် သူ၏ ဦးခေါင်းနောက်ဘက်ဆီသို့ လျင်မြန်စွာ ပျံ့လွင့်သွားခဲ့သည်။ လျှာဆွဲငရဲက ယန်ကွမ်၏ အတုအယောင်နယ်မြေ ကဲ့သို့ ထင်ရှားမှုတစ်ခုဖြစ်သည်။ ပို၍တိကျစွာ ဆိုရလျှင် ဤငရဲသည် သူ၏ အတုအယောင်နယ်မြေပေါ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပေ၏။

ဘုရင်ကျန်းခေတ်၏ အစောပိုင်း ကာလများတွင် ဘုရင်ကျန်းသည် ငရဲဘုရင်ဆယ်ပါး၏ ရုပ်ပွားများကိုခေါ်ကာ အနောက်နွားရှင်းကျိုးတွင် မရဏကမ္ဘာကို ဖွင့်ထောင်သည်။ မရဏကမ္ဘာ၏ အမိန့်အာဏာကိုလည်း တည်ထောင်ကာ ၎င်း၏လုပ်ငန်းဆောင်တာ စည်းမျဉ်းများကို ချမှတ်ရန် တောင်းဆိုခဲ့သည်။

ထိုအချိန်တွင် ငရဲကို ငရဲဘုရင်ဆယ်ပါးနှင့် သက်ဆိုင်ရာ တရားသူကြီးများ၊ အဘွားမန်ဖို၊ ၎င်းတို့၏ကိုယ်ပိုင် တာအိုစည်းမျဉ်းများနှင့်အညီ ဖန်တီးခဲ့သည်။ ၎င်းက အစွမ်းထက်သော မှော်ဆန်သော ရှေးဟောင်းပစ္စည်းဖြစ်သည်။

ထို့ကြောင့် ဤငရဲများသည် မတူညီသော စည်းမျဉ်းများ ရှိသည်။ ဥပမာအားဖြင့် လျှာဆွဲငရဲ၌ မုသားပြောပါက လျှာကို ဆွဲနှုတ်ပစ်​လိမ့်မည်။

သို့သော် မိသားစု ဆယ့်သုံးစုက အာဏာသိမ်းပြီးနောက် ငရဲများစွာ ကွဲအက်သွားကာ ဤငရဲ၏ စည်းမျဉ်းများကို ထိန်းချုပ်သည့် မှော်ဆန်သည့် အရာအချို့လည်း ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် မိသားစု​ကြီးများသည် ငရဲကိုပြန်လည်ဖန်တီးရန် အပြင်းထန်ဆုံး အတုအယောင်နယ်မြေ ကျွမ်းကျင်သူများကို ရွေးချယ်ခဲ့သည်။

ဤလျှာဆွဲငရဲသည် ၎င်းတို့ထဲမှတစ်ခုဖြစ်သည်။

ယန်ကွမ်၏ လျှာဆွဲငရဲသည် တကယ့်လျှာဆွဲငရဲကဲ့သို့ အံ့ဩစရာ မ​ကောင်းသော်လည်း ၎င်းသည် ကာလကြာရှည်စွာ သရဲတစ္ဆေများ၏ ကိုးကွယ်မှုနှင့် ကောင်းချီးမင်္ဂလာများကို ခံယူခဲ့လေသဖြင့် နတ်တန်ခိုးသည် သူ၏ရုပ်ခန္ဓာထက် အဆပေါင်းများစွာ သာလွန်သွားခဲ့သည်။

ကောင်းကင်နှင့်မြေကြီး၏ တာအိုတန်ခိုးကြောင့် သူ၏ဦးခေါင်းနောက်တွင် ချိတ်ဆွဲထားသော ဤငရဲက အောင်မြင်လာ၏။ လျှာဆွဲငရဲ စွမ်းအင်များ တိုးလာပြီး သူ့ခေါင်းနောက်ဘက်သို့ ရောက်ခါနီးတွင် မြစ်ကြီးတစ်ထောင်အလား ဓားအလင်းများက သူ့ရှေ့သို့ စီးဆင်းလာ​လေသည်။

မြစ်တစ်ထောင်၏နောက်တွင် နီညိုရောင်နေရောင်သည် ​လေမျက်နှာပြင်မှ ခုန်ဆင်းကာ တောက်ပနေသည်။ မရေမတွက်နိုင်သော ဓားမီးများ ပေါက်ကွဲထွက်ကာ တဟုန်းဟုန်းနှင့် တဟုန်ထိုး ပျံ့လွင့်ကာ သူ့ခန္ဓာကိုယ်အနှံ့ ထိုးဖောက်ဝင်ရောက်သွားသည်။

ချန်ရှီ သူ့ဓားကို ပြန်သိမ်းလိုက်သောအခါ ကြက်သွေးရောင် နေရောင်က မြစ်ကြီးထဲကို ပြန်ထိုးကျသွား၏။ တဟုန်းဟုန်း ဟိန်းဟောက်သော ရေများလည်း တဖြည်းဖြည်း ပြန့်ကျဲလာသည်။

တစ်ဆက်တည်း ယန်ကွမ်၏ ကြီးမားသော အလောင်းကြီးပါ ပြိုကျပျက်စီးသွားခဲ့သည်။ မြေပြင်ကို ထိသွားချိန်မှာတော့ ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်ကာ အပြာရောင် နံ့သာဆီမီးခိုးတွေအဖြစ် ပြောင်းလဲသွားတော့၏။

ငရဲတံခါးတစ်ခုလုံး မြူခိုးများ ဖုံးလွှမ်းသွားသည်။

ချန်ရှီ ဦးခေါင်းနောက်ကွယ်ရှိ သွေးပင်လယ်ငရဲသည် ယန်ကွမ်၏ နတ်ဝိညာဥ်ကို စုပ်ယူလိုက်သဖြင့် ၎င်း၏ နတ်ဆိုးစွမ်းအင်များက ပိုမိုပြင်းထန်လာကာ ပတ်ဝန်းကျင်ကမ္ဘာကို ထိခိုက်သွားစေသည်။ သွေးပင်လယ်ကို ဖြန့်ထုတ်လိုက်လျှင် အနီးနားရှိကောင်းကင်နှင့်မြေကြီးကိုပါ ပေါင်းစည်းပစ်ကာ မိုင်ပေါင်းထောင်သောင်းမကရှိသော ငရဲအဖြစ်သို့ ပြောင်းလဲသွားနိုင်ပုံရသည်။

ရှားချိုးထုန်သည် သစ်သားတွန်းလှည်းပေါ်တွင် ထိုင်ကာ ဤမြင်ကွင်းကို ဆွံ့အစွာ ကြည့်နေသည်။ ချန်ရှီ လှည်းပေါ်ကဆင်းပြီးကတည်းက ယန်ကွမ်တို့ တစ်ဖွဲ့လုံးကို အသီးအရွက်တွေလို ခုတ်ထစ်ပြီး သတ်ပစ်လိုက်ကာ အသက်ရှုသံ နှစ်ချက်လောက်သာ ကြာသွား၏။

အချိန်တိုလေးအတွင်းမှာ ချန်ရှီဟာ ငရဲရဲ့ ပထမအဆင့်မှ အစွမ်းထက်ဆုံး သတ္တဝါကို သတ်ပစ်ခဲ့ပြီးပြီ။

ဤအရာသည် သက်ရှိကမ္ဘာက ချန်ရှီ၏ စွမ်းဆောင်မှု နှင့် လုံးဝ ကွဲပြားပါသည်။

"ဒါက တစ်ဆယ်လေးရဲ့ စစ်မှန်တဲ့ ခွန်အားပဲလား"

သူမတစ်ယောက်တည်း အံ့သြမိသည်။

ထျန်းကျစ်ပြည်သည် ငရဲနန်းတော်ကို ​ပြန်သိမ်းပိုက်မယ့် စူးစမ်းလေ့လာရေးခရီးကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ချန်ယင်တူးနှင့် အခြားသူများ၏ အကူအညီကို တကယ် မလိုအပ်ချေ။

ချန်ရှီ၏ နတ်ဆိုးစွမ်းအင်သည် အလွန်လေးလံပြီး နတ်ဆိုးသဘောသဘာဝက အလွန်ပြင်းထန်သဖြင့် သွေးအသွင်ပြောင်းနတ်ဓား၏ တိုက်စားမှုကို အမှန်တကယ် ခံနိုင်ရည်ရှိမည်လော။ ဒါကို သူမ တွေးလိုက်စဥ် ချန်ရှီက သွေးအသွင်ပြောင်းတဲ့ နတ်ဓားကို ဘုံကျောင်းငယ်လေးထဲကို ပြန်ထည့်လိုက်ပြီး ဓားကလည်း အရင်အတိုင်း ငြိမ်ဝပ်နေတာ တွေ့လိုက်ရ၏။ သူ့ဦးခေါင်းနောက်ကွယ်ရှိ သွေးအိုင်ငရဲသည်လည်း ပျောက်ကွယ်သွားပြီး သူ့အား ပုံမှန်ပြန်ဖြစ်သွားစေသည်။

ရုတ်တရက် ချန်ရှီ၏ အရိုးစုသည် သရဖူနှင့် ဘုရင့်ဝတ်ရုံကို ပြန်၀တ်ဆင်ကာ သူ့ခန္ဓာကိုယ်ထဲမှ လွင့်ပျံ၍ ကောင်းကင်သို့ ပျံတက်ပျောက်ကွယ်သွားခဲ့သည်။

ချန်ရှီ သစ်သားတွန်းလှည်းထဲသို့ ခုန်ဆင်းကာ ဖူတွန်ပေါ်ထိုင်ကာ ရယ်မောလိုက်သည်။

"ဒီနေရာကို ဓားထောင်မျိုးနွယ် လက်ထဲ ထားခဲ့လိုက်... ကျနော်တို့ ဓားကတ်ကြေးငရဲကို သွားရအောင်"

ရှားချိုးထုန် နောက်ပြန် လှည့်ကြည့်လိုက်တော့ ဓားထောင်မျိုးနွယ်ရဲ့ သရဲတစ္ဆေတွေနဲ့ နတ်တွေက အပြင်းအထန် တိုက်ခိုက်နေတုန်းပင်။ ဂုဏ်သိက္ခာရှိတဲ့ ယန်မိသားစုတစ္ဆေနဲ့ နတ်ဘုရားကို အားရပါးရ သတ်​ဖြတ်နေတာ တွေ့လိုက်ရသည်။

ဓားကတ်ကြေးငရဲ။

ဤငရဲ၏တရားသူကြီးကို ယန်ရွှမ် ဟုခေါ်ပြီး ငရဲတတိယအဆင့်အထိ တံခါးများကို စောင့်ကြပ်ထားသည်။ သစ်သားလှည်းက တစ်ဟုန်ထိုး ပြေးလာသည်။ ပထမအဆင့်ငရဲ၏ ကျဆုံးခြင်းသတင်းသည် ထိုနေရာသို့ မရောက်သေးသဖြင့် ယန်ရွှမ် သတိမထားမိသေးပေ။

"အခုတလော မြေအောက်ကမ္ဘာမှာ နောက်ထပ် သရဲတစ္ဆေတွေနဲ့ ဘီလူးတွေ အများကြီး ရှိလာတယ်.."

တစ္ဆေနတ်ဘုရား ယန်မိသားစု၏ အဖွဲ့ဝင်တစ်ဦးသည် ငရဲတံခါးရှေ့တွင် ရပ်ကာ သရဲတစ္ဆေများနှင့် နတ်ဆိုးများကို စစ်ဆေးကာ မြင့်မားသောအဆင့်ကို ထိန်းသိမ်းထားသည်။

“ဒီတစ်ခါတော့ အသုရာတစ္ဆေမျိုးနွယ် ဖြတ်သွားတော့မယ်... အသုရာတစ္ဆေတွေရဲ့ မိန်းမတွေက တော်တော် အံ့မခန်း လှ​ကြတယ်... ငါတို့ သေပြီးတော့ ဒီမိန်းမတွေကို မခံစားနိုင်တော့တာ သနားစရာပဲ”

တခြားတစ္ဆေနတ်ဘုရား တစ်ပါးက ရယ်မောရင်း :“အဲ့လိုအသုရာတစ္ဆေတွေက သိပ်မတွေ့ရတော့ဘူး တစ်ခါတည်း ဒီလောက်များလာမယ်လို့တောင် မမျှော်လင့်ထားဘူး.. ငါ့ရာထူးကသာ ပိုမြင့်ရင် အသုရာတစ္ဆေ အလှ​​လေးတချို့ကို မောင်းမမိဿံ တော်ကောက်ပစ်မယ်... အပျော်မရှာနိုင်ရင်တောင် အိမ်မှာ ကျွေးမွေးနေရတာလည်း ပျော်စရာကောင်းပါတယ်”

ဤစကားများသည် သရဲတစ္ဆေများကြား နက်နက်နဲနဲ ပဲ့တင်ထပ်သွားကာ သရဲအရာရှိအုပ်စုက သဘောတူကြောင်း ခေါင်းညိတ်​နေသည်။

"မင်းကြားလား? ငါတို့ရဲ့ လက်ရှိ ငရဲဘုရင်က ဝေ့ယွဲ့လေ... သူ့အဖေက ဝေ့လင် အရင် ငရဲဘုရင် လက်အောက်က တရားသူကြီး... ငရဲဘုရင် ပျောက်သွားတော့ မရဏအရာရှိတွေနဲ့ တမန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရေပန်းစားနေတဲ့ ဝေ့လင်ကို ငရဲဘုရင်အဖြစ် ရွေးကောက်တင်မြှောက်လိုက်တယ်... ဝေ့လင်က ထီးနန်းဆက်ခံပြီး မကြာခင်မှာပဲ သေဆုံးသွားတာ"

ယန်မိသားစုမှ တစ္ဆေအရာရှိတစ်ဦးက :"ဝေ့ယွဲ့က တကယ်တော့ ငါတို့ယန်မိသားစုကတဲ့.. သူက အသက်ငယ်သေးတယ် ကျင့်ကြံမှုလည်း မ​မြင့်သေးဘူး...ငရဲဘုရင်ရဲ့ ထိုင်ခုံပေါ်တက်ထိုင်နေပြီ... သူ့ရဲ့ ကျင့်ကြံမှုအခြေခံထက် ပိုကောင်းတဲ့ ငရဲဆယ့်ရှစ်ထပ်မှာ ငရဲတရားသူကြီးတွေ၊ ကုံးချောင်တွေ ထိုက်တန်တဲ့လူတွေ မရှိလို့လား.. အကြောင်းတစ်ခုခုကြောင့် သူ့ကို ဒီပလ္လင်ပေါ်မှာ ထိုင်ခိုင်းထားတာ ဖြစ်မယ်"

အခြားယန်မိသားစု တစ္ဆေအရာရှိမှ: "တိတ်တိတ်ဆိတ်ဆိတ် လုပ်စမ်း! တိတ်တိတ်နေ ဒါက အထက်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပဲ... ငါတို့ဒီကိစ္စကို လျှောက်ဆွေးနွေးနေလို့ မရဘူး"

ဒီအခိုက်အတန့်မှာ ကွပ်မျက်ရေး တာဝန်ရှိသူက ဝင်လာကာ လှောင်ပြောင် အော်ဟစ်လိုက်သည်။

“မဆင်မခြင် ပြောနေသေးရင် သေဒဏ်စီရင်ရေး စင်မြင့်ဆီ ပို့လိုက်မယ်”

တစ္ဆေအရာရှိများ တုန်တုန်ယင်ယင် ဖြစ်ကာ စကားမပြောရဲတော့ချေ။

စာရေး :"ဘုရင်ဝေ့က ငယ်ရွယ်ပေမယ့် သူ့ရဲ့အောင်မြင်မှုတွေကလည်း ကြီးပါတယ်... ယင်နဲ့ယန်ဘုံ ပေါင်းစည်းသွားလို့ လူတွေ မရေမတွက်နိုင်အောင် သေသွားတော့ မရေမတွက်နိုင်တဲ့ သရဲတစ္ဆေတွေလည်း ပေါ်လာတယ်...ငရဲဘုရင်ဝေ့က အဲဒီဝိညာဉ်တွေကို မရဏာနိုင်ငံထဲကို ပို့ဆောင်ပြီး တရားစီရင်ဖို့အတွက် ငရဲဆယ့်ရှစ်ထပ်ကို ပြည့်စေခဲ့တယ်... ဒီအဖြစ်အပျက်အပြီးမှာ သူ့အပေါ် အထင်အမြင်တွေ အကြီးအကျယ် ပြောင်းလဲသွားခဲ့ကြတယ် ဘုရင်ဝေ့က ယန်မိသားစုအတွက် ကုသိုလ်ကောင်းမှုတွေ ပေးဆောင်ပေးခဲ့တဲ့အပြင် ရုပ်ခန္ဓာနဲ့ နတ်ဝိညာဥ်ကလည်း အရင်တရားသူကြီးတွေထက် သာလွန်နေမှာ သေချာတယ်..."

သူ့အကြည့်တွေ အုပ်စုအပေါ် တင်းမာစွာ လွှမ်းခြုံသွားတဲ့အခါ တစ္ဆေအရာရှိများ အားလုံးလည်း နောင်တရကာ ခေါင်းညိတ်ပြကြသည်။

မြို့ထဲသို့ဝင်ရန် ကြံရွယ်နေသော အသုရာတစ္ဆေမျိုးနွယ်က အမျိုးသမီးများကို ကြည့်ရင်း စာရေးလေး၏ အမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွား၏။

“ဘာလို့ အသုရာတစ္ဆေတွေ ဒီလောက်များနေတာလဲ”

"သူတို့က အလုပ်ရှာနေတာ ဖြစ်နိုင်တယ်"

တစ္ဆေအရာရှိတစ်ယောက်က :"ယင်းနဲ့ယန်ဘုံက ကွဲကွာသွားတော့ ဒီမှာ ကမောက်ကမတွေ ဖြစ်ကုန်တော့ အလုပ်က ရှာရခက်ကုန်တယ်လေ... ဒီအမျိုးသမီးတွေက အလုပ်ရှာပြီး အသက်မွေးဖို့ ငရဲဘုံကို လာကြတာ... စာရေးလေး မင်းအိမ်သာယာအောင် မိန်းကလေးနည်းနည်း ဘာလို့ မချန်ထားတာလဲ.... သူတို့ မင်းကို အစေခံလိမ့်မယ်... တစ်ဖက်မှာလည်း ဒီမိန်းက​လေးတွေကို လုပ်စရာ အလုပ်တစ်ခုခုပေးထားလို့ ရတယ်"

စာရေးသည် အသုရာတစ္ဆေမျိုးနွယ်က အလှလေးများကို အသေးစိပ်လေ့လာရန် အတော်လေး သွေးဆောင်ခံခဲ့ရသည်။

သရဲတစ္ဆေအများစုသည် ဆိုးရွားပြီး ကြောက်စရာကောင်းသည် သို့မဟုတ် ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိသော်လည်း အသုရာ တစ္ဆေမိန်းမများသည် ထူးထူးခြားခြား လှပပြီး ဆွဲဆောင်မှုရှိကာ သဘာဝအတိုင်း ရှိနေသော အလှတရားက မြေခွေးနတ်များပင် သာလွန်သည်။

ဤတစ်ကြိမ် ငရဲတံခါးသို့ ရောက်ရှိလာသော အသုရာတစ္ဆေမျိုးနွယ် မိန်းကလေးများ အားလုံးသည် ရင်သပ်ရှုမော လှပကြပြီး တစ္ဆေနတ်ဘုရားပင်လျှင် သူတို့၏ အလှကြောင့် မတုန်လှုပ်ဘဲ မနေနိုင်ပေ။

စာရေး: "ဒီတစ်ယောက် ဒီတစ်ယောက်... ဒီတစ်ယောက်... ငါယူမယ်"

သူရွေးချယ်နေစဉ်တွင် ပို၍ပင် အံ့မခန်းလှသော အမျိုးသမီးတစ်ဦးကို တင်ဆောင်လာသော သစ်သားလှည်းတစ်စီးက ငရဲတံခါးဝသို့ ရောက်ရှိလာသည်။ လှည်းအတွင်းတွင် ကလေးနှစ်ယောက်နဲ့ လူငယ်တစ်ဦး ပါရှိသည်။ တစ်ဦးက ကြီးမားသော သားရဲတစ်ကောင်ကို ကိုင်ဆောင်ထားသဖြင့် အလွန်ထူးဆန်းနေပုံရသည်။

သို့သော် စာရေးလေး၏ အကြည့်သည် ချောမောလှပသော မိန်းမဆီသို့ ရောက်သွားသည်။ သူက ရယ်ပြီး။

"ခဏနေဦး... ငါသူ့ကိုလည်း လိုချင်တယ်"

စကားမဆုံးမီ သစ်သားလှည်းပေါ်မှ လူငယ်သည် ခုန်ဆင်းကာ ငရဲတံခါးဆီသို့ လျှောက်လာရင်း အသံကျယ်ကျယ်နဲ့ ကြွေးကြော်လိုက်သည်။

"အသုရာတစ္ဆေ မျိုးနွယ်စုခေါင်းဆောင် ဘယ်မှာလဲ"

"အရှင်မင်းကြီး... ဒီငယ်သား ရှိပါတယ်!"

လူငယ်လေး၏နောက်တွင် လှပသော အမျိုးသမီးတစ်ဦး ဒူးထောက်လျက် ရှိသည်။

“အတားအဆီးကို ဖြတ်....”

လူငယ် ပြောပြီးသည်နှင့် လှပသော အသုရာတစ္ဆေ မိန်းကလေးသည် သူမ၏ သွေးသား စွမ်းအားကို ထုတ်လွှတ်ပြီး သူမခြေဖဝါးအား လှမ်းနင်းတက်လာခဲ့သည်။ တခဏချင်းတွင် သူမသည် ပေတစ်ထောင်မြင့်သော နတ်ဆိုးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပြီး ငရဲတံခါးထဲသို့ တိုးဝင်သွားလေသည်။ ကျယ်လောင်သောဟောက်သံနှင့်အတူ သူမသည် အတားအဆီးကို ဖြိုချလို့မပြီးမချင်း မရပ်ခဲ့ချေ။

သူမနောက်က အသုရာတစ္ဆေ မိန်းကလေးများသည် အသီးသီး သူတို့၏သွေးလိုင်း စွမ်းအင်များကို ထုတ်လွှတ်ကာ အတားအဆီးထဲသို့ အားသွင်းဝင်ရင်း ခေါင်းဆောင် နောက်သို့ အနီးကပ်လိုက်လာကြသည်။

စာရေးခမျယ သူ့ရဲ့ရွှေရောင်ကိုယ်ထည် ကွဲလုနီးပါးဖြစ်ပြီး သူ့ကို နောက်ပြန် ပျံသန်းစေခဲ့သည်။ ထိုအချိန်တွင် အဖြူရောင် ကျောက်စိမ်းအရိုးစုတစ်ခုသည် လူငယ်လေး၏နောက်မှ သူတို့ဆီသို့ လျှောက်လာနေသည်အား မြင်လိုက်ရသည်။

လူငယ် သူ့လက်ကို မြှောက်လိုက်သည်နှင့် နတ်ဓားတစ်လက် ပြေးထွက်သွား၏။ ၎င်းဆီမှ လျှပ်စီးလက်သလို လင်းနေသည့် ကြက်သွေးရောင် အလင်းတန်းတစ်ခုသည် ငရဲတံခါးဘက်သို့ မျက်စိတစ်မှိတ်အတွင်း ပြေးလာပြီး တစ္ဆေမြို့နှင့်အတူ အရာရှိများကို နှစ်ပိုင်းခွဲပစ်ခဲ့သည်။

တတိယအဆင့် ငရဲ၊ သံသစ်ပင်ငရဲ။

ဤတွင် တရားသူကြီးနှစ်ဦးဖြစ်သည့် မီးတရားသူကြီးနှင့် မြေတရားသူကြီးတို့သည် နန်းနန်း၏ နိုးကြားမှု အမှတ်တရများအကြောင်း ဆွေးနွေးနေကြချိန်တွင် ကောင်းကင်ကြီး ပြိုကျပြီး မြေကြီးကွဲသွားသလိုမျိုး အသံနက်ကြီး ရုတ်တရက် ထွက်ပေါ်လာသည်။

သူတို့သည် တုန်ခါမှု၏ရင်းမြစ်ဆီသို့ လှမ်းကြည့်လိုက်ရာ ဓားကတ်ကြေးငရဲ၏ တရားသူကြီး ယန်ရွှမ်တစ်ယောက် နောက်ပြန်ပျံသန်းကာ သံသစ်ပင်ငရဲထဲသို့ တိုးဝင်လာချေပြီ။ တစ်ချိန်တည်းမှာပင် ပျံသန်းနေသော ဓားအလင်းတန်းက သူ့ဦးခေါင်းကို ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။

ချန်ရှီ ဓားသိမ်းပြီးနောက် သံသစ်ပင်ငရဲထဲသို့ ဝင်သွားကာ တရားသူကြီးနှစ်ဦးအပေါ် အေးစက်စွာ ကြည့်လိုက်သည်။

All Chapters