မင်းတို့အားလုံး မကောင်းတဲ့နတ်ဆိုးတွေ
Vol. 33 Ch. 471
လျိုကျိုးရှိ ယန်မိသားစု အိမ်နောက်ဖေး၌။
အိမ်တော်သခင်ဟောင်း ယန်ဟိုင်ချင်းသည် ရထားလုံးရှေ့တွင် ထိုင်ကာ သူ့ဆေးတံပိုက်ကို ပွတ်သပ်နေသည်။ သူသည် အသက်ခြောက်ဆယ် မပြည့်သေးသော်လည်း ထီးနန်းစွန့်ပြီး ယန်ရှစ်ဟိုင်အား ဂိုဏ်းခေါင်းဆောင်ရာထူးကို ပေးအပ်ခဲ့သည်။
ယခုအချိန်တွင် သူ့မျက်ခုံးများက တွန့်သွားကာ နက်နဲသော ကိစ္စတစ်ခုခုကို တွေးတောနေသည့်အလား မျက်မှောင်ကြုတ်ထားသည်။ သူသည် တစ်ချိန်က တခြားသူများကို ပြောင်ပြောင်တင်းတင်းနှင့် အရှက်ကွဲခဲ့ဖူးသော်လည်း ယခုအခါ ရိုးရှင်းသော လျှော်ဖွပ်အဝတ်အစားကို သာမာန်နည်းပြတစ်ယောက်လို ၀တ်ဆင်ထားသည်။
သူ့ပိုက်ထဲက ဆေးလိပ်က အငွေ့ မထွက်တာကြာပါပြီ။ ဒါပေမယ့် သူကတော့ သတိမမူမိသလို အတွေးထဲမှာ ပျောက်သွားသလိုပဲ ဆက်ပြီး ဖွာနေ၏။
အိမ်နောက်ဖေးရှိ လတံခါးမှာမူ ယန်ရှစ်ဟိုင်က ယန်ရှောက်ရွှမ်ကို ပြုံးပြပြီး။
"ရှောက်ရွှမ်... ခေါင်းလောင်းတောင်တန်းကျမ်း နဲ့ တောင်ပိုင်းနန်းတော်ကျမ်းက ငါတို့ယန်မိသားစု ဘိုးဘေးတွေက ဖန်တီးထားတဲ့ ထူးခြားတဲ့ ကျင့်စဥ်တွေ... သူတို့ရဲ့ နည်းစနစ်တွေက အရာအားလုံးကို လွှမ်းခြုံထားတယ် မင်းမှာ အကောင်းဆုံး အရည်အချင်းတွေရှိတယ် အဲဒါတွေကို လုံ့လစိုက်ထုတ်ပြီး ကျင့်ထားရမယ်"
ယန်ရှောက်ရွှမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။
"ယန်မိသားစု ပြန်လည်အသက်ဝင်လာတာ မဝင်လာတာတွေ ဂရုမစိုက်တော့ဘူး... အဖေနဲ့ မောင်လေး လုံခြုံနေသရွေ့ အဆင်ပြေတယ်"
ယန်ရှစ်ဟိုင်က ပြုံးပြီး ခေါင်းညိတ်ကာ :"ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ လက်ထပ်ဖို့ မိသားစုကောင်းရှာ... ကလဲ့စားချေဖို့ မစဉ်းစားနဲ့ ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး"
ယန်ရှောက်ရွှမ်ခမျာ သူမ၏လည်ချောင်းတွင် အကျိတ်အခဲတစ်ခု တစ်စို့နေသလို ခံစားလိုက်ရပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ လိမ့်ဆင်းကျလာခဲ့သည်။ သူမ မထိန်းနိုင်စွာ အော်ဟစ်လိုက်သည်။
“အိမ်တော်သခင်.. ဒါကို ကယ်တင်ဖို့ နည်းလမ်းမရှိဘူးလား”
ယန်ရှစ်ဟိုင်က ခေါင်းယမ်းပြီး :"ဒါကို ကယ်တင်ဖို့ နည်းလမ်းမရှိဘူး... ယန်မိသားစုမှာ အခြေခံမဏ္ဍိုင်နှစ်ခု ရှိတယ် တစ်ခုက အထက်ကမ္ဘာမှာ နှစ်ပေါင်း တစ်သောင်းကျော် စုစည်းနေတာ... နောက်တစ်ခုကတော့ မြေအောက်ကမ္ဘာမှာ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာအောင် စီစဉ်နေတာ... အရင်တုန်းက တော်တော်များများက မိသားစု ဆယ့်သုံးပါးကို လှုပ်နှိုးဖို့ ကြိုးစားခဲ့ကြပေမယ့် အားလုံးက သွေးထွက်သံယို သက်သက်နဲ့ ပြီးသွားကြတယ်... အခုတော့ အထက်ကမ္ဘာနဲ့ မရဏကမ္ဘာကြီး ပျက်စီးသွားပြီ ငါတို့ယန်မိသားစုက ဒီစွမ်းအားနည်းနည်းပဲ ကျန်တော့တယ်"
"အခြားမိသားစုကြီးတွေလည်း ရှိသေးတယ်လေ...."
ယန်ရှောက်ရွှမ်က သူ့မျက်နှာကို လေးလေးနက်နက် အမူအရာနဲ့ ဝင်နှောင့်ယှက်လိုက်ပြီး "တခြားမိသားစုကြီးတွေဆီကို မသွားပါနဲ့ အဲဒီမိသားစုတွေက လိုအပ်တဲ့အချိန်တွေမှာ အကူအညီမပေးတတ်ဘူး ငါတို့ရဲ့ ကံဆိုးမှုကိုပဲ အသုံးချပြီး ယန်မိသားစုကို ဝါးမြိုသွားလိမ့်မယ်...."
ယန်ရှောက်ရွှမ်လည်း တိတ်ဆိတ်သွားပြီး စကားမပြောဝံ့တော့ပေ။
ယန်ရှစ်ဟိုင် အသက်ရှုကြပ်သွားပြီးမှ သူ့အမူအရာက တည်ငြိမ်သွားသည်။
"မျိုးဆက်သုံးဆက်ရှိပဲတဲ့ ချန်မိသားစုက သစ္စာဖောက်ပြီး ရည်မှန်းချက်ကြီးတယ် ငါ့ယန်မိသားစုကို ဖျက်ဆီးပြီးရင် တခြားမိသားစုကြီးတွေကို ဖျက်ဆီးဖို့ လက်လျှော့မှာ မဟုတ်ဘူး... မင်း သူတို့ထဲက တစ်ယောက်ယောက်ဆီ သွားနေရင် မလုံခြုံဘူး"
သူက ထိုင်ချလိုက်ပြီး ယန်ရှောက်ရွှမ်ရဲ့ခြေရင်းမှ ကလေးကို ကောက်ကိုင်လိုက်ပြီး ကောင်လေးရဲ့မျက်နှာကို မုတ်ဆိတ်မွေးနဲ့ ကလိထိုးလိုက်သည်။ ကောင်လေးက အဆက်မပြတ် တခစ်ခစ်ရယ်နေသည်။
"ဖေဖေ... ယားတယ်!"
ယန်ရှစ်ဟိုင် သူ့ကို ငုံ့ကြည့်လိုက်ပြီး သူ့အမူအရာက လေးနက်သွားသည်။
"ကျန့်ရှို့ မင်းမျိုးရိုးနာမည် ဘယ်လိုခေါ်လဲ"
"ယန်!" ကလေးက ပြတ်ပြတ်သားသား ပြန်ဖြေသည်။
"ယန် မဟုတ်ဘူး ဖန်း"
"ကျန့်ရှို့ မင်းမျိုးရိုးနာမည် ဘယ်လိုခေါ်လဲ?"
ကောင်လေးက ခဏတုံ့ဆိုင်းသွားပြီး :"ယန်..."
"ဖြောင်း!"
ယန်ရှစ်ဟိုင်က သူ့ကို မျက်နှာအနှံ့ ပါးရိုက်လိုက်ပြီး :"ထပ်ပြောလေ မင်းနာမည်က ဘယ်လိုခေါ်လဲ"
ယန်ရှီဟိုင်၏ အရိပ်အာဝါသကြောင့် ကြောက်ရွံ့ထိတ်လန့်ကာ မျက်ရည်များဖြင့် ချက်ချင်းပင် ငိုခြင်းရပ်သွားခဲ့သည်။
ယန်ရှစ်ဟိုင် : "ထပ်ပြောစမ်း မင်းမျိုးရိုးနာမည်က ဖန်း!"
ကလေးလေးဟာ ဝမ်းနည်းပြီး ထိတ်လန့်တုန်လှုပ်နေသဖြင့် ခန္ဓာကိုယ်ကလည်း တုန်လှုပ်နေ၏။
ယန်ရှစ်ဟိုင် ဒေါသတကြီးနဲ့ :"ပြောလေ!"
ကောင်လေးက ငိုပြီး "ကျနော့်မျိုးရိုးနာမည်က ဖန်း ..."
"မင်းနာမည်ဘယ်လိုခေါ်လဲ?"
ကောင်လေးက မျက်ရည်တွေဝဲကာ :"ကျနော့်နာမည် ဖန်းကျန့်ရှို့ပါ..."
ထိုအခါမှ ယန်ရှစ်ဟိုင်က ပြုံးပြီး ထိုင်ချလိုက်ကာ ကလေးလေးရဲ့ မျက်နှာကို သေချာ ကြည့်လိုက်သည်။
"ကလေးကောင်းလေး... တကယ်တော်တဲ့ ကလေး.. ဒီနေ့ကစပြီး မင်းက ဖန်းကျန့်ရှို့ မင်းအဖေနာမည်က ဖန်းချင်း မင်းအမေက တုယွဲ့အာ... မင်းအစ်မက ဖန်းရှောက်ရွှမ်... မှတ်မိလား "
ဖန်းကျန့်ရှို့လေးက ခေါင်းညိတ်လိုက်သည်။ ယန်ရှစ်ဟိုင် သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး မျက်ရည်တွေ ဝဲလာသည်။
"ဒါကို ကျော်ဖြတ်နိုင်ရင် ဖေဖေ သေချာပေါက် မင်းတို့ကို လာရှာမှာပါ...သေချာပေါက်..."
ယန်ဟန့်ချင်းက ချောင်းဆိုးလိုက်ပြီး: "ရှစ်ဟိုင်... သွားသင့်ပြီ"
ယန်ရှစ်ဟိုင် သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး ဖန်းကျန့်ရှို့ကို ရထားလုံးပေါ် ကောက်တင်ပေးလိုက်သည်။ ထို့နောက် ယန်ရှောက်ရွှမ်ဘက် ခေါင်းလှည့်ညိတ်ပြလိုက်သည်။ ယန်ဟန့်ချင်းသည် ရထားထိန်းတစ်ဦးအသွင်ဖြင့် နှင်တံကို ဖြိုခွဲလိုက်တဲ့အခိုက် ရထားလုံးသည် အိမ်နောက်ဖေးမှ ထွက်သွားကာ လျိုကျိုးမြို့အစွန်ဘက်သို့ ဦးတည်သွားခဲ့သည်။
"ဖေဖေ မသွားဘူးလား"
ဖန်းကျန့်ရှို့လေး ရထားလုံးပေါ်မှထကာ အော်မေးလိုက်သည်။ ယန်ရှစ်ဟိုင် ခေါင်းတယမ်းယမ်းဖြင့် နှုတ်ဆက်လိုက်၏။
"ခေါင်းဆောင်အနေနဲ့ ငါ့တာဝန်ကို ငါထမ်းဆောင်ရမယ် ယန်မိသားစုနဲ့အတူ နေမယ်... အတူ အသက်ရှင်မယ် အတူသေမယ်၊
သူသည် ယန်အိမ်တော်ထဲသို့ ပြန်လာကာ ပင်မခန်းမဆောင်တွင် ငြိမ်သက်စွာ ထိုင်နေလိုက်သည်။ ပရမ်းပတာတွေက ဝိုင်းရံထားသဖြင့် ယန်မိသားစု၏ မရေမတွက်နိုင်သော အစေခံများနှင့် ထိန်းသိမ်းသူများသည် ထိတ်လန့်တကြား လှည့်ပတ်ကာ ပစ္စည်းများ ထုပ်ပိုးရင်း ပြေးကြသည်။
ယန်ရှစ်ဟိုင် အိမ်သူအိမ်သားများနှင့် ထိန်းသိမ်းသူ အစောင့်များကို လူစုခွဲရန် အမိန့်ထုတ်ထားပြီးသား ဖြစ်သည်။
ခဏအကြာတွင် ယန်မိသားစုဘိုးဘေး ယန်ဝူကျီနှင့် တည်ထောင်သူ ဘိုးဘေး ယန်စစ်ချင်းတို့လည်း ပင်မခန်းမသို့ ရောက်လာကြသည်။ ယန်မိသားစုတွင် မူလက ဘိုးဘေးလေးပါးရှိသော်လည်း ၎င်းတို့ထဲမှ နှစ်ဦးသည် ကြီးစွာသော ဘေးဆိုးကြီးအတွင်း အသက်အရွယ်ကြီးရင့်လာကာ အသက်ရှင်မကျန်ရစ်ခဲ့ပေ။
ယန်စစ်ချင်း : "မြို့မှာရှိတဲ့ ပင်မကိုင်းနဲ့ ယန်မိသားစုရဲ့ အကိုင်းအခက်အားလုံး ကွဲသွားပြီ... သူတို့ဘာသာ ဘေးလွတ်ရာ ပြေးကြပါစေ..."
ပင်မဌာနခွဲအပြင် လျိုကျိုး၏ တစ်ဝက်ကို ယန်မိသားစုနေထိုင်ရာများက သိမ်းပိုက်ထားခဲ့သည်။ ယခုအခါ ယင်နှင့် ယန်ဘုံများ ပေါင်းစည်းပြီးနောက် ကျွန်များနှင့် အရာရှိများအပြင် အခြားမျိုးရိုးအမည်များပါ လူအနည်းငယ်သာ မြို့ထဲတွင် ကျန်ရှိနေခဲ့သည်။
ယန်စစ်ချင်း :"ရှစ်ဟိုင်... တကယ်ကို အခွင့်အရေး မရှိတော့ဘူးလား ငါတို့ယန်မိသားစုက စီရင်စုနယ်နဲ့ နယ်ခြားတပ်တွေကို ထိန်းချုပ်ထားတာ... ဒေသအသီးသီးမှာ သြဇာကြီးမားနေတုန်းပဲ အနောက်နွားရှင်းကျိုးရဲ့ ပြည်နယ်ငါးဆယ်က နေရာတိုင်းမှာ ငါတို့လူတွေ ရှိတယ်...ချန်မိသားစုက မျိုးဆက်သုံးဆက်လေးပဲ ရှိသေးတာ... မရဏကမ္ဘာမှာ သူတို့ သြဇာအာဏာက တကယ် အားကောင်းပေမယ့် သက်ရှိကမ္ဘာမှာက ဆန့်ကျင်ဘက်ပဲ.. "
ယန်ရှစ်ဟိုင်က ခေါင်းယမ်းကာ :"ဘိုးဘေး... ယန်မိသားစုမှာ အခွင့်အရေး မရှိတော့ဘူး မျိုးဆက်သုံးဆက်ပဲရှိတဲ့ ချန်မိသားစုက ရည်မှန်းချက်ကြီးပြီး အချိန်အတော်ကြာ ကြံစည်ထားကြတာ... သူတို့ရဲ့ တောင်နီခန်းမက ခရိုင်နဲ့ မြို့နယ်အသီးသီးမှာ ဌာနခွဲ ရာပေါင်းများစွာနဲ့ သြဇာကြီးမားတယ်... အဲဒီက အဆောင်ဆွဲဆရာတွေက ကျွမ်းကျင်တဲ့ စစ်သည်တွေလိုပဲ... တစ္ဆေတွေကို တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်သလို ချန်ရှီ အမိန့်တစ်ခု ပေးလိုက်တာနဲ့ နေရာအမျိုးမျိုးက တောင်နီခန်းမက ယန်မိသားစု တပ်ဖွဲ့တွေကို တိုက်ခိုက်လိမ့်မယ်...."
ဘိုးဘေးနှစ်ဦးလည်း အေးခဲသွားတော့သည်။
ယန်ရှစ်ဟိုင် မိုင်ထောင်ချီဆက်သွယ်ရေး အဆောင်လက်ဖွဲ့ကို ထုတ်ယူလိုက်သည်။ ဤအဆောင်လက်ဖွဲ့က ချန်ယင်တူး ဖန်တီးခဲ့တာပင်။ မူလက ကမ္ဘာပေါ်တွင် မရှိခဲ့သော်လည်း ချန်ယင်တူးက ၎င်းကို ရှေ့ဆောင်ကာ အသုံးပြုခဲ့ပြီး ပျံ့နှံ့ခဲ့သည်။ သြဇာကြီးသော မျိုးနွယ်စုများသည် မတူညီသော ဒေသများတစ်လျှောက် ဆက်သွယ်ရန် ဤအဆောင်လက်ဖွဲ့ကိုသာ အသုံးပြုကြသည်။
အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်ပြီးသည်နှင့် မီးပွားများ လွင့်ပျံသွားသည်။
"ရှင်းရှန် မိုးကြိုးခရိုင် တောင်နီခန်းမဆီက တိုက်ခိုက်ခံနေရတယ်... သူတို့ကို ကယ်ဆယ်ဖို့ တပ်တွေ လွှတ်ပေးပါ! !"
"ချင်းကျိုးက ဖုခရိုင် တောင်နီခန်းမဆီက တိုက်ခိုက်ခံနေရပါတယ်.... သူတို့ကို အကူအညီပေးဖို့ တပ်ဖွဲ့ဝင်များကို တောင်းဆိုနေပါတယ်"
"အိမ်တော်သခင်... တောင်နီခန်းမက မိန်ကျိုးမှာ ပုန်ကန်ပြီး အစိုးရရုံးကို ဝင်စီးနေပါတယ်"
...
အသက်ကြီးသူနှစ်ဦးသည် ခရိုင်ငါးဆယ်ကျော်မှ ခရိုင်နှင့် စီရင်စုနှစ်ထောင်ကျော်မှ အကူအညီတောင်းနေသော အော်ဟစ်သံများကို ကြားလိုက်ရသည်။ တောင်နီခန်းမက ဆရာများသည် အဆိုပါ ခရိုင်များနှင့် စီရင်စုများရှိ ယန်မိသားစုတပ်ဖွဲ့များကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။
ဒေသအသီးသီးတွင် ယန်မိသားစုက အရာရှိများ ရှိသည်။ အထူးသဖြင့် ဤကြီးမားသော ဘေးဆိုးကြီးအပြီးတွင် သာမန်လူများ ပြင်းထန်သော အသေအပျောက်များခဲ့ကာ ၇၀% သေဆုံးခဲ့၏။ မိသားစုဆယ့်သုံးစုဘက်က အသက်ရှင်ကျန်ခဲ့သော်ငြား အမာခံအဖွဲ့ဝင်များကို ၂၀မှ ၃၀% မှာ ဆုံးရှုံးခဲ့သည်။
ဤအာဏာအပြောင်းအရွှေ့သည် အမှန်တကယ်ပင် ကပ်ဘေးမတိုင်မီကထက် မိသားစုကြီး ဆယ့်သုံးစုကို အားကောင်းစေခဲ့သည်။ တောင်နီခန်းမ အဖွဲ့ကြောင့်သာ မဟုတ်ပါက ၎င်းတို့၏ စိုးမိုးမှုသည် ပို၍ပင် လုံခြုံဦးမည်မှာ သေချာပါသည်။
သို့သော်လည်း တောင်နီခန်းမဘက်ကလည်း ပိုမိုအားကောင်းလာပြီး ဒေသအနှံ့ ပျံ့နှံ့ကာ အားကောင်းလာသည်။ မြေတစ်ခွင် ယန်မိသားစု တပ်ဖွဲ့များ၏ ဝိုင်းရံမှုသည် တောင်နီခန်းမက အဆောင်ဆွဲဆရာ အဖွဲ့အတွက် အစမ်းလေ့ကျင့်မှုမျှသာ ဖြစ်သည်။
အစမ်းလေ့ကျင့်မှု တစ်ခုမျှသာ ဖြစ်ခဲ့သည်။
ဤအော်ဟစ် အကူအညီတောင်းသံကို ကြားသောအခါ ဘိုးဘေးနှစ်ဦးခမျာ တောင့်တင်းသွားကြတော့သည်။
ယန်မိသားစု တကယ်ပြီးသွားပြီ။
"ချန်ရှီလက်ထဲမှာ ကျနော်တို့မသေခဲ့ရင်တောင် တခြားအင်အားကြီး မိသားစုတွေက ယန်မိသားစုရဲ့ စည်းစိမ်ဥစ္စာနဲ့ အာဏာကို ဝါးမြိုပြီး လုံး၀ ခွဲထုတ်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်လာလိမ့်မယ်...."
ယန်ရှစ်ဟိုင်က ငြိမ်သက်နေပြီးမှ ဆက်၏။
"အင်အားကြီး မိသားစု ဆယ့်သုံးစုရဲ့ စည်းလုံးညီညွတ်မှုလို့ ခေါ်တဲ့ဟာက ဆောင်ပုဒ်ကလွဲလို့ ဘာမှ မဖြစ်လာဘူး... ကျနော်တို့ရဲ့ စည်းစိမ်ဥစ္စာတွေကို သိမ်းပိုက်နိုင်မယ့် အခွင့်အရေးရရင် သူတို့က ကရုဏာပြမှာ မဟုတ်ဘူး"
ဘိုးဘေးနှစ်ဦးသည် ငြိမ်သက်စွာ စိတ်ရှည်စွာ စောင့်မျှော်နေခဲ့သည်။
ပင်မခန်းမနောက်တွင် အတုအယောင်နယ်ပယ်က အစွမ်းထက်သော ကျွမ်းကျင်သူငါးဦးက အသင့်ပြင်ထားသည်။ သူတို့အနောက်တွင်မူ ယန်မိသားစုမှ ထောင်ပေါင်းများစွာသော နတ်သန့်စင်နယ်ပယ်၊ ခန္ဓာပေါင်းစည်းနယ်ပယ်၊ အနတ္တသန့်စင်နယ်ပယ်၊ နတ်ဆင်းသက်နယ်ပယ်နှင့် နတ်ပြောင်းလဲခြင်းနယ်ပယ်တို့မှ လူများ မတ်တတ်ရပ်နေကြ၏။
အဖွဲ့၏ ရောင်ဝါများသည် ချိတ်ဆက်မှု၊ ၎င်းတို့၏ စည်းလုံးညီညွတ်မှု၊ ရန်သူအပေါ် မျှဝေခံစားထားသော ၎င်းတို့၏ မုန်းတီးမှု၊ ၎င်းတို့၏ နှလုံးသားထဲတွင် မကြောက်မရွံ့ ခိုအောင်းနေသည့် စိတ်ဓာတ်နှင့် ၎င်းတို့၏ မိသားစုအတွက် အသေခံရန် သူရဲကောင်းဆန်သော စိတ်ဓာတ်များ သူတို့အတွင်း၌ တိုးလာခဲ့သည်။
၎င်းတို့နောက်တွင် ယန်မိသားစုမှ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ ပါ၀င်နေပါသည်။ အချို့အမျိုးသမီးများသည် ဝမ်းနည်းခြင်း အဝတ်အစားနှင့် ဦးထုပ်ဖြူများ ၀တ်ဆင်ထားကြပြီး သက်ကြီးရွယ်အိုအမျိုးသမီးအချို့သည် သင်္ဂြိုဟ်ခြင်းအဝတ်ကို ဝတ်ဆင်ကြသည်။ ယန်မိသားစုမှ အမျိုးသမီးအဖွဲ့ဝင်များက ပံ့ပိုးပေးကာ ငြိမ်သက်စွာ မလှုပ်မယှက် ရပ်နေကြ၏။
သူတို့၏ မျက်နှာများသည် ကြောက်ရွံ့ခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း မရှိပါ။ လူတိုင်းက သေခြင်းတရားအပေါ် ကြောက်ရွံ့ခြင်းမရှိကြတာ ထင်ရှားကြသည်။ ယန်အိမ်တော်က ကျွန်များနှင့် အိမ်ဖော်များသည် နောက်ဆုံးတွင် လုံးလုံးလျားလျား ထွက်ပြေးသွားကြပြီး ပတ်ဝန်းကျင်က အလွန် တိတ်ဆိတ်သွားသည်။
လျိုကျိုးမြို့သည်လည်း အလွန် တိတ်ဆိတ်သွားသဖြင့် မတော်တဆ အပ်ပြုတ်ကျသံကိုပင် ကြားနိုင်လောက်၏။ အချိန်အနည်းငယ် ကြာပြီးနောက် ခွေးနက်ကြီးတစ်ကောင် လျိုကျိုးမြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။
စမတ်ကျစွာ ၀တ်ဆင်ထားသော ခွေးနက်သည် မတ်တပ်ရပ်ကာ လူကဲ့သို့ လျှောက်လှမ်းလာခဲ့သည်။ ယန်မိသားစုနဲ့ လမ်းပေါ်မှာ တန်းစီနေတဲ့ လယ်သမားတွေကို မြင်တော့ ၎င်းက ကုန်းနှီးအိတ်ကို တွန်းချလိုက်ပြီး သူတို့ကို ပြုံးပြလိုက်၏။
၎င်းသည် လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ယန်မိသားစု နေထိုင်ရာသို့ လျှောက်သွားကာ တံခါးကို ရှေ့ခြေဖြင့် ခေါက်လိုက်သည်။
ခဏကြာတော့ တံခါးပွင့်လာပြီး ယန်မိသားစုက ရဲရင့်တဲ့တပည့်တစ်ယောက်က ဆိုလေသည်။
"မင်းဘယ်သူ့ကို ရှာနေတာလဲ... သြော် လတ်စသတ်တော့ ဧည့်ပို့ကတ်ကို ပို့တဲ့သူကိုး.... ကောင်းပြီ ငါက အိမ်တော်သခင်ဆီ လွှဲပေးလိုက်ပါ့မယ်..."
ခွေးနက်ကြီးလည်း လှည့်၍ လာရာလမ်းအတိုင်း အေးအေးဆေးဆေး ပြန်လာခဲ့သည်။
ယန်မိသားစု တပည့်က အိမ်ရှေ့ခန်းသို့ အမြန်ပြေးကာ ဦးညွှတ်လျက် :"ဂိုဏ်းချုပ်... အကြီးတန်း ဘုရင်ကြီးရဲ့ ဧည့်ခံကတ်ကို လာပြဖို့ အမိန့်ပေးထားတယ်လို့ အခုပဲ လာပြောတယ်"
ယန်ရှစ်ဟိုင်လည်း ဧည့်ပို့ကတ်ကို လက်ခံလိုက်သည်။
"ရှင်းရှန် ချန်ရှီမှ လေးစားအပ်တဲ့ ယန်မိသားစုထံ တလေးတစား စာရေးလိုက်ပါတယ်- ဂုဏ်သိက္ခာကို နှစ်ရှည်လများစွာ သဘောကျခဲ့ပေမယ့် ပေါ့ပေါ့တန်တန် ဂါရဝမပြုဝံ့ပါဘူး... ဒီနေ့ ဧည့်ပို့ကတ်ကို ယူဆောင်လာခဲ့တယ်... ခင်ဗျားတို့ ကျနော့်ကို အနှိမ့်ချ အသနားခံပြီး လက်နက်ချ ခံနိုင်ရည်ရှိမယ်လို့ မျှော်လင့်ပါတယ်... လေးစားမှုဖြင့်"
ယန်ရှစ်ဟိုင် : "လူတစ်ယောက်ကို သတ်ဖို့လာနေတဲ့ ထိပ်တန်းပညာရှင်တစ်ယောက်... တော်တော်သန့်စင်တဲ့ ပညာရှင်ပဲ"
ယန်ဝူကျီ: "ကြောင်သူတော်၊ လုံးဝ လှည့်စားနေတဲ့ကောင်!"
ထိုအချိန်တွင် လျိုကျိုးမြို့အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး ယန်မိသားစု နေထိုင်ရာသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့လေသည်။ ခြေသံများက အလွန်ပေါ့ပါးလှသော်လည်း ထူးထူးခြားခြား ၎င်းတို့၏ နှလုံးသားပေါ် လျှောက်သွားနေသကဲ့သို့ လူတိုင်း ပြတ်ပြတ်သားသား ကြားနေရပေသည်။
ခြေသံများ နီးကပ်လာသည်နှင့်အမျှ နောက်ဆုံးတွင် ယန်မိသားစု နေထိုင်ရာ တံခါးဆီသို့ ရောက်လာပေ၏။
"ရှင်းရှန်က ချန်ရှီ... ယန်မိသားစုဆီ အလည်လာဖို့ လွတ်လပ်ခွင့်ကို ယူလိုက်ပါပြီ"
ယန်ရှစ်ဟိုင် ထ၍ ဆယ့်ခုနစ်နှစ် သို့မဟုတ် တစ်ဆယ့်ရှစ်နှစ် အရွယ် လူငယ်တစ်ဦးကို လေးလေးစားစား ဦးညွှတ်ဖို့ ဂိတ်ပေါက်ဆီသို့ လျှောက်သွားခဲ့သည်။ လွန်ခဲ့သော ဆယ့်ခြောက်နှစ်ခန့်က သူ့ကိုယ်သူ ကလေးပညာရှင် ဟု နာမည်ရခဲ့သော ချန်ရှီ နှင့် လွန်ခဲ့သော ငါးနှစ်က ရှီးကျင်းတွင် ကျော်ကြားခဲ့သော ထိပ်တန်း ပညာရှင်အကြောင်း သူကြားဖူးသည်။ ချန်ရှီ၏ ပုံတူများစွာကို သူ မြင်ဖူးသော်လည်း လူချင်း မတွေ့ဖူးသေးချေ။
လူငယ်က အရပ်ရှည်ပြီး အချိုးအစားကျသည်။ သူ့အဝတ်အစားများက ရိုးရိုးရှင်းရှင်းပင်။ လျှော်ဖွပ်ထားခြင်းကြောင့် အရောင်တွေက မှေးမှိန်သွားသော်လည်း ပညာရှင်၏ နီရောင် ၀တ်ရုံ၊ လက်မောင်းနှင့် တံတောင်ဆစ်များတွင် ဖြူစင်သန့်ပြန့်လျက်။
အလယ်တွင် ရိုးရိုးဆံညှပ်ဖြင့် ဆံချည်နှောင်ထားသည့် ရွှေသရဖူကို ဆောင်းထားသည်။ သူ့အသွင်အပြင်က ချန်ယင်တူး ငယ်ရွယ်စဥ်ကနဲ့ ဆင်တူလေ၏။
"ထိပ်တန်းပညာရှင်ချန်...ကြွပါ..."
ယန်ရှစ်ဟိုင် လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။
ချန်ရှီကလည်း ပြုံးပြီး ဦးညွှတ်ကာ :"ကြွပါ!"
နှစ်ယောက်သား ယန်မိသားစု၏ အိမ်ရှေ့ ခန်းမဆီသို့ ဦးတည်သွားကြသည်။ ချန်ရှီ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး။
"မြို့ပြင်မှာ အခုပဲ ယန်မိသားစုဝင်တွေနဲ့ ကျွန်တွေ မြို့ပြင်ကို အလျင်စလို ထွက်သွားတာကို တွေ့လိုက်တယ်... ယန်မိသားစုမှာ အရေးကြီးတာ တစ်ခုခုဖြစ်နေပြီ ထင်လိုက်တာ အဲဒါကြောင့် ခင်ဗျားကို အနှောက်အယှက် လာပေးရတာပါ ခွင့်လွှတ်ပါဗျ...."
ယန်ရှစ်ဟိုင်သည် အိမ်ရှေ့ခန်းထဲသို့ ဝင်လိုက်သည်။ အသက်ကြီးသူ နှစ်ယောက်က ထိုင်နေကြပြီး ချန်ရှီကို ကြည့်လိုက်ဖို့ မျက်ခွံကို အနည်းငယ် ပင့်တင်လိုက်သည် ။
ယန်ရှစ်ဟိုင်က ချန်ရှီကို ထိုင်ခိုင်းပြီး ပြန်ဖြေ၏။
"ငါတို့ယန်မိသားစုက ကြီးမားတဲ့ ဘေးဥပဒ်ကို ခံစားရတော့မှာ... သူတို့ ငြိစွန်းမှာကြောက်လို့ သူတို့ကို ဖယ်ခိုင်းလိုက်ရတာပါ"
ချန်ရှီ အပြုံးမပြတ်ပင် :"ယန်မိသားစုဝင် တော်တော်များများ ရောပါသွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ် အဲဒါကြောင့် လျိုကျိုး အနီးမှာရှိတဲ့ တောင်နီခန်းမက ဆရာတွေကို လမ်းဆုံတိုင်းနဲ့ ဖြတ်သွားတိုင်း စောင့်ကြည့်ဖို့ လူတိုင်းရဲ့ နောက်ခံကို စုံစမ်းဖို့ အမိန့်ပေးထားတယ်"
ယန်ရှစ်ဟိုင် အလွန်ထိတ်လန့်သွားပြီး သူ့ကို လေးလေးနက်နက် ကြည့်ကာ မေးလိုက်သည်။
"ပညာရှင်ချန်... မင်း သူတို့ကို အားလုံးကို သုတ်သင်ဖို့ ရည်ရွယ်ထားတာလား"
ချန်ရှီ ခေါင်းခါလျက် :"ဦးလေး ဘာလို့ဒီလိုပြောတာလဲ ကျနော်က ကရုဏာမရှိရင် သတ်ဖို့ အမိန့်ထုတ်ထားပေမယ့် ယန်မိသားစုက လူတွေကို ကြင်ကြင်နာနာ ဆက်ဆံရင် တချို့က ကျနော့်အမိန့်ကို နာခံပြီး အဲဒီအသက်တွေကို သဘာဝကျကျ ချမ်းသာပေးပါမှာ... လူကြီးမင်းယန် ရန်မိသားစုက တစ်ခါမှ ကောင်းတာ မလုပ်ဖူးဘူးလို့ မထင်ဘူးလား?"
ယန်ရှစ်ဟိုင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ငါ့ယန်မိသားစု ဘိုးဘေးတွေက ဘုရင်ကျန်း မင်းဆက်နန်းတွင်းအတွက် လုံ့လစိုက်ထုတ်ပြီး ကမ္ဘာက လူတွေအတွက် ငြိမ်းချမ်းဖို့အတွက် အားထုတ်ခဲ့တာ...နတ်ဆိုးတွေနဲ့ ဘေးဆိုးတွေကို တွန်းလှန်ပြီး ပင်ပန်းကြီးစွာ ပေးဆပ်ခဲ့ရတာ... ငါ့ယန်မိသားစုက ဘယ်တုန်းက ကောင်းတာမလုပ်ဖူးလို့လဲ?"
ချန်ရှီ၏ အမူအရာမှာလည်း လေးနက်တည်ကြည်လာသည်-
"ခင်ဗျားဘိုးဘေးတွေရဲ့ လုပ်ရပ်တွေကို တကယ်လေးစားမိပါတယ်... ထူထဲတဲ့တောင်ကို မျှော်ကြည့်သလိုမျိုး အဝေးက ဥပမာတွေကို ဖယ်ထားလိုက်... စိတ်ပျက်ဖွယ်ကုန်းစောင်းကို တွန်းလှန်ဖို့လုပ်တဲ့ ခင်ဗျားတို့ဘိုးဘေးရဲ့ စွမ်းဆောင်နိုင်မှုက ကျနော်အရမ်းလေးစားပြီး တမ်းတမိတဲ့အရာပါ"
ယန်ရှစ်ဟိုင်သည် သူ၏ လူသတ်ချင်လာသော ရည်ရွယ်ချက်အား အရှိန်အဟုန် မြှင့်ကာ :"ဒါတောင် မင်းက ငါ့ရဲ့ ယန်မိသားစုကို ဖျက်ဆီးချင်နေတာလား"
ချန်ရှီ၏ အသုံးအနှုန်းသည်လည်း ပို၍လေးနက်လာသည်-
"ဦးလေး ယန်မိသားစုသာ မာနမကြီးရင် အာဏာမသိမ်းဘူး... မြေသြဇာကောင်းတဲ့မြေကို မကျူးကျော်ဘူး မိုင်းတွေကို လက်ဝါးကြီးအုပ်မထားဘူး မတန်တဆ အခွန်မကောက်ဘူး မိန်းမတွေကို ပြည့်တန်ဆာလို မခိုင်းဘူး ရာဇ၀တ်မှုလည်း မကျူးလွန်ဘူး... မကောင်းမှုများစွာကို မကျူးလွန်ခဲ့ရင် ယန်မိသားစုက ရှေးပညာရှိနဲ့ သူတော်စင်တွေရဲ့ သားစဉ်မြေးဆက်တွေလို အပြစ်အနာအဆာ မရှိဘဲ လူတိုင်းဆီက လေးစားခံရလိမ့်မယ်..."
ဘိုးဘေးနှစ်ယောက်ရဲ့ ဦးခေါင်းနောက်ကွယ်မှာ အတုအယောင်နယ်မြေက အလင်းတန်းတွေ ပေါ်လာပြီး သူတို့ရဲ့ မျက်နှာတွေက မှုန်ဝါးဝါး ဖြစ်လာသည်။
"ဒါပေမယ့် အားလုံးပြီးသွားပြီ... တစ်နှစ် နှစ်နှစ်လောက်တင် မဟုတ်ဘူး နှစ်ပေါင်း ခြောက်ထောင်ကျော်ပြီ"
"ကျွန်တော်က အဆောင်ဆွဲ ဆရာတစ်ယောက်ပါ အဘိုးက ငယ်ငယ်ကတည်းက ဆရာတစ်ယောက်အနေနဲ့ မကောင်းဆိုးဝါးတွေကို သတ်ပြီး ရက်စက်တဲ့နတ်တွေကို သုတ်သင်ဖို့ တာဝန်ရှိတယ်လို့ သွန်သင်ထားတယ်...ဒီကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး နတ်ဆိုးတွေက မိသားစုကြီးဆယ့်သုံးစုပဲ"
သူ့အကြည့်က ယန်ရှစ်ဟိုင်၏ မျက်နှာမှ ဘိုးဘေးနှစ်ဦး၏ မျက်နှာဆီသို့ ပြောင်းသွားသည်။
"ခင်ဗျားတို့က မကောင်းမှုတွေ နတ်ဆိုးတွေလည်း ဟုတ်တယ်..."
ကျယ်လောင်သော ပြိုကျမှုနှင့်အတူ အိမ်ရှေ့ခန်းသည် ရုတ်တရက် ပေါက်ကွဲကာ အပိုင်းပိုင်းကွဲသွားသည်။ ယန်မိသားစု၏ အခြားအိမ်များ ကွဲသွားကာ ယန်မိသားစု၏ အဖွဲ့ဝင်အားလုံးကို ထုတ်ဖော်လိုက်သည်။
“မင်းတို့အားလုံးကလည်း နတ်ဆိုးတွေပဲ” ချန်ရှီက ဆက်ပြောသည်။
ဤသည်မှာ အဆောင်ဆွဲဆရာ၏ နိယာမဖြစ်သည်။
"သူ့ကိုသတ်!"
ယန်မိသားစုမှ ကျင့်ကြံသူတစ်ယောက်က ဦးစွာ ကြွေးကြော်ပြီး နတ်ဝိညာဥ်ကို ဆင့်ခေါ်ကာ ချန်ရှီထံ တွန်းပို့လိုက်သည်။
ချန်ရှီလည်း ပြုံးကာ ကောင်းကင်ဘု သွေးအသွင်ပြောင်း နတ်ဓားကို ဆုပ်ကိုင်လိုက်စဥ် သူ၏ သတ်ဖြတ်တော့မယ့် အငွေ့အသက်တွေကလည်း ချက်ချင်း ထိုးတက်လာတော့သည်။
သူတို့သည် နတ်ဆိုးများ ဖြစ်ပြီး လူတို့၏သွေးနှင့် ချွေးများကို စုပ်ယူလိုသောကြောင့် သူတို့ကို သတ်ပစ်ရမည် ဖြစ်သည်။