ယန်မိသားစုကို နှင်ထုတ်လိုက်ပြီ
Vol. 33 Ch. 472
ယန်ရှစ်ဟိုင်၊ ယန်ဝူကျီနှင့် ယန်စစ်ချင်းတို့သည် မိုးကြိုးလို အမြန်နှုန်းဖြင့် တုံ့ပြန်ခဲ့ကြသည်။ ချန်ရှီဘက်က သွေးအသွင်ပြောင်း နတ်ဓားကို ထုတ်လွှတ်လိုက်သည့် အချိန်၌ ယန်ရှစ်ဟိုင်၏ အတုအယောင်နယ်မြေက ပွင့်နေပြီဖြစ်သည်။
"ချန်ရှီ... သေဖို့ပြင်ထား!"
သူ၏ အတုအယောင်နယ်မြေ ဆင်းသက်လာသည့်အခါ လျိုကျိုးမြို့တစ်ခုလုံးကို သူ၏ကွင်းအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ သူ့ကွင်းအတွင်း သူကသာ တစ်ဦးတည်းသော နတ်ဘုရားဖြစ်လေ၏။
သို့သော် နောက်အခိုက်အတန့်တွင် ချန်ရှီ၏ ဦးခေါင်းနောက်ကွယ်ရှိ သွေးပင်လယ်ငရဲသည်လည်း ပွင့်ထွက်လာပြီး လျိုကျိုးမြို့ကြီး သွေးပင်လယ်ထဲသို့ ချက်ချင်း ထိုးကျသွားလေသည်။
လျိုကျိုးရှိ လူတိုင်းသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ပျောက်ကွယ်သွားပြီး သွေးများနှင့်ပြည့်နေသော ကျယ်ပြန့်ကာ အကန့်အသတ်မရှိ သမုဒ္ဒရာတစ်ခုသာ ကျန်ရစ်သည်အား တွေ့လိုက်ရသည့်အတွက် ထိတ်လန့်သွားကြသည်။
မရေမတွက်နိုင်သော သရဲတစ္ဆေများနှင့် နတ်ဘုရားများသည် သွေးပင်လယ်အထက်တွင် ထူးဆန်းသော ကိုယ်ဟန်ဖြင့် မလှုပ်မယှက် ချိတ်ဆွဲခံထားရသည်။
ယန်မိသားစုမှ အကြီးအကဲတစ်ဦးသည် တစ္ဆေတစ်ကောင်၏ မျက်နှာကို သတိပြုမိသွားကာ ရုတ်တရက် ဝမ်းနည်းပူဆွေးစွာ ငိုယိုတော့သည်။
"အဖိုးကျန့်ရှန်း!"
ထိုတစ္ဆေသည် သူ့ဦးလေးဖြစ်ပြီး သူ့ကို အထူးကောင်းမွန်စွာ ဆက်ဆံတတ် သူ့ကို မကြာခဏ ပြုစုစောင့်ရှောက်ပေးသည်။ ငယ်ငယ်ကဆို အရုပ်များနှင့် အရသာရှိသော အစားအစာများ ပေးကမ်းကာ ကျောင်းသွားသောအခါတွင်လည်း ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့သည်။
ယန်ကျန့်ရှန်းကို ချစ်ခင်တွယ်တာသည်မှာ သူ့အဘိုးထက်ပင် ပို၍ကြီးမားသော်လည်း ယန်ကျန့်ရှန်းက အသက်အရွယ်ကြောင့် သေဆုံးသွားခဲ့ပြီး မြေအောက်ကမ္ဘာရှိ ယန်မိသားစု၏ နတ်ဘုရားဖြစ်လာခဲ့သည်။
သူ နံ့သာပေါင်းဖြင့် အမြဲ ပူဇော်ဖူးသည်။ ယခု ဤသွေးပင်လယ်ငရဲတွင် ယန်ကျန့်ရှန်း၏ တစ္ဆေဝိညာဥ်ကို မြင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သူ့ဝမ်းနည်းပူဆွေးမှုကို အပြီးမသတ်မီ လျိုကျိုးမြို့၏ ယန်မိသားစုဝင်များသည် ပိုမိုရင်းနှီးသော မျက်နှာများကို ရှာတွေ့ခဲ့ပြီး နေရာတိုင်း ငိုကြွေးမြည်တမ်းသံများ တသဲ့သဲ့ ထွက်ပေါ်လာတော့၏။
"ဘာတွေ ငိုနေတာလဲ"
တစ္ဆေတစ်ကောင်က ရက်စက်စွာ ပြုံးလိုက်သည်။
"မကြာခင် မင်းတို့လည်း ငါတို့နဲ့ ပြန်တွေ့တော့မှာလေ..."
ဒီစကားကိုကြားတော့ လူတိုင်း ကြောက်လန့်သွားကြသည်။
သွေးပင်လယ်ငရဲသည် ယန်ရှစ်ဟိုင်၏ အတုအယောင် နယ်မြေနှင့် ထိပ်တိုက်တွေ့သွားသည့် အခိုက်တွင် ယန်ရှစ်ဟိုင်သည် တစ်ဖက်က သူ၏ ကိုယ်ပိုင်နယ်မြေကို ဖြိုခွင်းလိုက်ပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
သူ လုံးဝ ထိတ်လန့်သွား၏။ ချန်ရှီဟာ အနတ္တပြန်နယ်ပယ်ပင် မရောက်သေးပါ။ သူသည် ပေတစ်ရာ အခြေတည်ဝိညာဉ်ကို ပြုစုပျိုးထောင်ရန် အရေးကြီးသော အဆင့်ဖြစ်သည့် နတ်သန့်စင်နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးသာဖြစ်ကြောင်း ထင်ရှားသည်။ သို့တိုင် ဤမျှလောက် အစွမ်းထက်သော အတုအယောင်နယ်မြေကို ပိုင်ဆိုင်ထားချေပြီ။
ဤသွေးပင်လယ်ငရဲသည် သွေးအိုင်ကျမ်းဂန်မှ ဆင်းသက်လာသော အတုအယောင်နယ်မြေ အမျိုးအစားတစ်ခုလည်း ဖြစ်သည်ကိုတော့ သူ မသိခဲ့ပါ။
သွေးကန်ကျင့်စဥ်ဟာ ကောင်းကင်ဘုံ သွေးအသွင်ပြောင်းနတ်ဓားနှင့် တွဲဖက်အသုံးပြုရသည့် ကျင့်စဥ်တစ်မျိုး ဖြစ်သည်။ သွေးအသွင်ပြောင်းနတ်ဓားမှာ မဟာရှန်းမင်းဆက်မှ အလွန်အစွမ်းထက်သော အမတနတ်ဆိုး ဖန်တီးခဲ့သည့် ဓားသွားဖြစ်ပေ၏။
သူဖန်တီးခဲ့သော သွေးကန်ကျင့်စဥ်က ထိပ်တန်းအဆင့် အမတကျင့်စဥ် တစ်ခုဖြစ်သည်။ ဘုရင်ကျန်း ဂူသင်္ချိုင်းမှာတောင် ဒီလိုအစွမ်းထက်တဲ့ အမတကျင့်စဥ်ကို မပိုင်ဆိုင်ထားပါဘူး။
ဤနည်းဖြင့် လူတစ်ဦးအား စတုတ္ထအဆင့်တွင် သွေးပင်လယ်ကို မွေးမြူနိုင်စေပြီး ကြီးမြတ်သော ကောင်းကင်ဘုံ၌ သတ္တဝါများနှင့် ပြိုင်ဆိုင်နိုင်စေခဲ့သည်။
လူများများသတ်လေလေ၊ အသတ်ခံရလေလေ၊ အားကောင်းလေလေ သွေးပင်လယ်ကြီးလေလေ ပိုလေးနက်လေလေ ဖြစ်သည်။ အထူးသဖြင့် သွေးအသွင်ပြောင်းနတ်ဓားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သူ့ရဲ့ စွမ်းအားက နှစ်ဆတိုးလာ၏။
သို့သော် ထိုအမတနတ်ဆိုးအပြင် လူအနည်းငယ်ကလည်း ဤဓားကို အမှန်တကယ် ကိုင်ဆောင်နိုင်ခဲ့သည်။ ထိုအခါ ဓားက ၎င်းတို့ကို ထိန်းချုပ်ထားလေ့ရှိသည်။
ချန်ရှီသည် ထိုသူ၏ အမတနတ်ဆိုး ကျင့်စဥ်ကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ နတ်ဆိုးလမ်းကြောင်းသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သူ သွေးအသွင်ပြောင်း နတ်ဓားကို ကိုင်ဆောင်သောအခါ ၎င်းဘက်က သူ့ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
မရဏကမ္ဘာက တိုက်ပွဲကို တွေ့ကြုံခဲ့ရပြီးနောက် ဓားစွမ်းအားမှာ ပို၍ပင် အားကောင်းလာကာ ရှန်း-ကျိုး စစ်ပွဲအတွင်းက ၎င်း၏ ကြံ့ခိုင်မှု ပြန်လည်ရရှိလုနီးပါးဖြစ်ပြီး သွေးပင်လယ်သည် ယခင်ကထက် များစွာသာလွန်ခဲ့သည်။
သူ၏ ကျင့်ကြံမှုအများစုမှာ အတုအယောင်လေဟာပြင်နယ်မြေ အထိ ရှိပြီ ဖြစ်သည်။ အတုအယောင် နယ်မြေကို ဖွင့်လိုက်သောအခါတွင် နတ်ဝိညာဥ်က ပေတစ်ထောင်မြင့်သွားပြီ ဖြစ်လို့ သူ၏ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုသာ ကျန်တော့သည်။
ချန်ရှီ၏ဓားဖြင့် အသတ်ခံရခါနီးတွင် ဘိုးဘေးနှစ်ဦးဖြစ်သော ယန်ဝူကျီနှင့် ယန်စစ်ချင်းသည် တပြိုင်နက်တည်း ကြားဝင်စွက်ဖက်ကာ သူ့အား နှိမ်နှင်းရန် ၎င်းတို့၏ အတုအယောင်နယ်မြေများကို အသက်သွင်းခဲ့သည်။
မဟာယာနနယ်ပယ်မှ ကျင့်ကြံသူ သုံးဦးသည် ချန်ရှီ၏ သွေးပင်လယ်ငရဲကို နှိမ်နင်းရန် အင်အားစုများအလား ပူးပေါင်းခဲ့သည်။ တစ်ဖက်စီသည် ၎င်းတို့၏ သက်ဆိုင်ရာ နယ်ပယ်အသီးသီးကို အသက်သွင်းလိုက်ကြပေမယ့် ယန်ရှစ်ဟိုင်နှင့် ယန်မိသားစု ဘိုးဘေးနှစ်ဦးလုံး တုန်လှုပ်သွားလေ၏။
"ငါတို့ ဒါကို မနှိမ်နှင်းနိုင်ဘူး!"
ယန်ဝူကျီနှင့် ယန်စစ်ချင်းတို့သည် မဟာယာနနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းတို့၏ အတုအယောင်နယ်မြေများကို အလင်းတန်းများအဖြစ် သန့်စင်ထားခဲ့သည်။ ယန်စစ်ချင်း၏ ကျင့်ကြံမှုက မြင့်မားပြီး နတ်ဝိညာဉ်ကို သုံးပေအောက်သာ လျှော့ချခဲ့သည်။ ယန်ဝူကျီသည် အနည်းငယ် ညံ့သော်လည်း နှစ်ပေခွဲခန့်သာ ရှိသေးသည်။
သို့သော် ၎င်းတို့၏ အတုအယောင်နယ်မြေများ နှင့် ယန်ရှစ်ဟိုင်တို့ ပေါင်းစပ် ထားသည့်တိုင် သွေးပင်လယ်ငရဲကို မနှိမ်နင်းနိုင်သေးပေ။
အမှန်မှာ သုံးယောက်စလုံးသည် ၎င်းတို့၏ အတုအယောင်နယ်မြေများက နှေးကွေးနေသလို ခံစားမိလာကြပြီး ချန်ရှီဆီက ဖိနှိပ်ခံလာရသည်။ အကယ်၍ သူတို့၏ ကြီးမြတ်သော နယ်မြေများကို ချန်ရှီသာ နှိမ်နင်းခဲ့ပါက သူသည် ၎င်းတို့အား တစ်ချက်တည်းဖြင့် ပြင်းပြင်းထန်ထန် သတ်ပစ်နိုင်သည်။
"ငါတို့ သူ့ကျင့်ကြံမှုကို အသက်သွင်းခွင့် ပေးလို့မရဘူး!"
သူတို့သုံးဦးလုံး မျက်လုံးများ ပြူးကျယ်သွားသည်။ ဖွင့်ထားသည့် အတုအယောင်နယ်မြေများကို ဖိနှိပ်ရန် ပေတစ်ထောင်ရှည်လျားသော နတ်ဝိညာဥ်များကို လွှတ်ထုတ်ကာ ၎င်းတို့၏ ကျင့်ကြံမှုကိုလည်း အကန့်အသတ်အထိ မြှင့်တင်လိုက်ကြသည်။
ချန်ရှီကလည်း ရွေ့လျားနေဆဲဖြစ်သော သွေးအသွင်ပြောင်း နတ်ဓားကို ချက်ချင်း အသက်သွင်းလိုက်သည်။ အလင်းတန်းတစ်ခုနှင့်အတူ ယန်စစ်ချင်း ခေါင်းကို တည့်တည့် ချိန်ရွယ်လိုက်သည် ။
ယန်စစ်ချင်း၊ ယန်ဝူကျီနှင့် ယန်ရှစ်ဟိုင်တို့ နတ်ဝိညာဥ်မှာက မလှုပ်ရှားနိုင်ခဲ့ကြသော်လည်း ၎င်းတို့၏ ရုပ်ခန္ဓာကလည်း လွတ်လပ်စွာ လှုပ်ရှားနိုင်သေးသည်။ ယန်ရှစ်ဟိုင် ဆုတ်သွားပြီး ယန်ဝူကျီနှင့် ယန်စစ်ချင်းက ချန်ရှီကို နှစ်ဖက်စလုံးမှ တိုက်ခိုက်လေ၏။
ချန်ရှီ၏ ဓားအလင်းသည် သက်တံကဲ့သို့ အနောက်သို့ လွင့်ပျံသွားသည်။ ဤသက်တံအတွင်းတွင် မရေမတွက်နိုင်သော ဓာစွမ်းအင်များ၊ ခုတ်ထစ်ခြင်းအချို့၊ လွှဲာမ်းအချို့၊ ဖြတ်တောက်ခြင်းအချို့၊ ဖြတ်ခြင်းအချို့၊ တွန်းထုတ်ခြင်းအချို့ စသဖြင့် ဓားနည်းပညာအမျိုးမျိုးကို အတွင်းတွင် ဝှက်ထားခဲ့ပြီး ၎င်းတို့၏ ကွဲပြားမှုများမှာ အဆုံးမရှိခဲ့ပေ။
ယန်ရှစ်ဟိုင် သူ့ဓားနှစ်ချောင်းကို ဆွဲထုတ်ရင်း လှည့်အော်လိုက်သည်။
"သူ့ဓားကို မထိမိစေနဲ့... သေချာပေါက် သေလိမ့်မယ်!"
သူသည် သူ၏ဓားရှည်များကို ကိုင်ဆောင်ကာ ဓားအလင်းများအား အဆက်မပြတ် ခွဲထွက်ကာ သက်တံအတွင်းရှိ ဓားစွမ်းအင်များနှင့် ထိပ်တိုက်တွေ့ကာ အချင်းချင်း ပျက်ပြယ်သွားစေသည်။
တစ်ဖက်တွင်မူ ယန်ဝူကျီသည် လှံရှည်တစ်ချောင်းကို ထုတ်ယူလိုက်၏။ အဘိုးအိုသည် လှံကိုကိုင်ဆောင်ကာ သက်တံကို မယုံနိုင်လောက်အောင် ပြင်းထန်စွာ တွန်းလှန်လိုက်ရင်း အတားအဆီးမရှိ အရှိန်အဟုန်ဖြင့် ရှေ့သို့ အားသွင်းကာ အော်လေသည်။
"ရှစ်ဟိုင်... ငါတို့သုံးယောက် ဒီနတ်ဆိုးရဲ့ ကျင့်ကြံမှုကို ချိုးဖျက်လိုက်ကြရအောင်!"
ထိုအချိန်တွင် ချန်ရှီသည် သွေးအသွင်ပြောင်း နတ်ဓားကို ကိုင်ဆောင်ကာ မီးပွားများကဲ့သို့ အရပ်ရပ်မှ ထွက်လာသော ဓားအလင်းရောင်ကို ကိုင်ဆောင်ရင်း သူ့နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။
ယန်ရှစ်ဟိုင်နှင့် ယန်ဝူကျီတို့သည် ချက်ချင်းပင် ပရမ်းပတာ ဖြစ်သွားကြပြီး မှော်လက်နက်တို့၏ ထိပ်တိုက်ရင်ဆိုင်သံများက လေထဲ ပြည့်လျှံသွားသည်။ ယန်ရှစ်ဟိုင်၏ ဓားနှစ်ချောင်း ပြတ်တောက်သွား၏။ တစ်ဖက်က ယန်ဝူကျီ၏ လှံကို အလင်းဓားများက ဖြတ်သွားသဖြင့် ရိုးတံတစ်ခုသာ ကျန်တော့သည်။
ယန်စစ်ချင်းက ချက်ချင်းပင် လက်နက်ကို ကိုင်ဆောင်ကာ ဝင်ကယ်ဆယ်ခဲ့သည်။ သွေးအသွင်ပြောင်း နတ်ဓားသွား၏ ထိုးစစ်အောက်တွင် မှော်ရတနာသုံးပါးသည်လည်း လျင်မြန်စွာ ကျိုးပဲ့သွားပြီး အသုံးမဝင်တော့ပေ။
ထို့နောက် သုံးဦးမှ တစ်ဦးစီသည် သွေးအသွင်ပြောင်း နတ်ဓားသွားကို ခုခံကာကွယ်ရန် နောက်ထပ် မှော်ရတနာကို ဆင့်ခေါ်ခဲ့သော်လည်း ၎င်းကပါ လျင်မြန်စွာ ဖြတ်တောက်ခံခဲ့ရသည်။ ယန်မိသားစု၏ များပြားလှသော မှော်ရတနာများဖြင့်ပင် ချန်ရှီ၏ မညှာမတာ တိုက်ခိုက်မှုအောက်တွင် ၎င်းတို့ သုံးဦးသည် အန္တရာယ်ကြီးစွာ ကြုံတွေ့နေရဆဲ။
ယန်မိသားစုကနေ ချန်ရှီယူထားပြီးဖြစ်သည့် ခရမ်းပြာချီနှစ်ပါးလက်စွပ် ဟုခေါ်သော အမတလက်နက်လည်း ရှိသေး၏။ ယခု အမတလက်နက်က ယန်မိသားစုလက်ထဲ မရှိတော့တာကြောင့် သွေးအသွင်ပြောင်း နတ်ဓားသွားနှင့် ထိပ်တိုက်တွေ့သောအခါတွင် ၎င်းတို့ခမျာ ကြီးမားသော အားနည်းချက်တစ်ခုပဲ ဖြစ်လာ၏။
ထိုအချိန်တွင် ယန်မိသားစုမှ တပည့်တစ်ယောက်က ဝမ်းနည်းပူဆွေးမှုဖြင့် ကျော်ဖြတ်ကာ ဟစ်အော်လေသည်။
"လူကြီးမင်းတို့ ဒီနေ့ အဖြစ်အပျက်တွေက ငါတို့ယန်မိသားစုအတွက် ဘေးဆိုးကြီးတစ်ခုပဲ! ငါတို့ယန်မိသားစုက မျိုးဆက်ပေါင်းများစွာ သစ္စာရှိပြီး ရဲစွမ်းသတ္တိရှိတယ်...တို့မြေနဲ့ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တယ် အသက်တွေ စတေးခဲ့ကြတယ်... အခုအချိန်မှာ ဓားပြတွေက သောင်းကျန်းလာပြီ ငါတို့ သူရဲကောင်းတွေ ဘယ်လို ရပ်တည်ကြမလဲ... ငါတို့ ဘိုးဘေးတွေရဲ့ နာမည်ကို ရှုံ့ချခွင့်ပေးမှာလား?"
သူက ရှေ့သို့ ပြေးသွားကာ နတ်ဝိညာဥ်ကို ဦးစွာ ဆင့်ခေါ်ပြလိုက်သည်။
"ယန်မိသားစုဝင်တွေ စည်းလုံးညီညွတ်ရမယ် သေခြင်းတရားကို ဘာလို့ ကြောက်လန့်နေကြတာလဲ... ရန်သူကိုသတ်ဖို့ ငါ့နောက်က လိုက်ခဲ့ကြ!"
ယန်မိသားစု၏ ကျန်အဖွဲ့ဝင်များသည် တစ်ဟုန်ထိုး ခံစားချက်များ ပြည့်နှက်နေပြီး မျက်ဝန်းများတွင် မျက်ရည်များ စီးကျနေပါသည်။ သက်ကြီးရွယ်အို အဘွားအိုတစ်ဦးကလည်း အော်လေ၏။
"ယန်မိသားစုသားတို့... ငါ့နောက်လိုက်ပြီး ဒီလူဆိုးကို တိုက်ကြ!"
သူမသည် မိသားစုဝင်များ၏ ပံ့ပိုးကူညီမှုမှ ရုန်းထွက်ကာ ချန်ရှီဆီ ပြေးဝင်သွားခဲ့သည်။
ရုတ်တရက် ကြက်သွေးရောင် အလင်းတန်းတစ်ခု ပေါ်လာတဲ့အခိုက် အဘွားအိုကြီး အေးခဲသွားကာ သူမဦးခေါင်းသည် သူမ၏လည်ပင်းမှ ဖြည်းညှင်းစွာ လျှောကျသွားသည်။
အဘွားအို: "သတ်!.... ရန်သူကို!"
"သူ့ကိုသတ်!"
ပင်လယ်ရေလှိုင်းလို ကြွေးကြော်သံများ ထွက်ပေါ်လာသည်။ ယန်မိသားစုဝင်များသည် ၎င်းတို့၏ မျက်လုံးများအား သွေးစွန်းလာသည်အထိ ၎င်းတို့၏ မှော်ရတနာများကို ထုတ်လွှတ်ပြီး သဘာဝလွန် စွမ်းအားများကို တွန်းအားပေးကာ ချန်ရှီဆီသို့ တွန်းပို့လိုက်သည်။ တာအိုနယ်မြေ ရှိသူများကလည်း တာအိုနယ်မြေတွေ ဖြန့်ကျက်သည်။ တချို့က အတုအယောင်နယ်မြေဖြင့် ချန်ရှီ၏ သွေးပင်လယ်ငရဲကို နှိမ်နင်းခဲ့သည်။
အသက်တစ်ရာကျော်မှ ကလေးငယ်များအထိ လေထုက ဆူးညံညံညံ အော်ဟစ်သံများဖြင့် ပြည့်နှက်နေပါသည်။
"အနားကပ်မသွားနဲ့!" ယန်ရှစ်ဟိုင် အော်ဟစ်ရင်း နှလုံးခုန်သံများ ဆူပွတ်လာသည်။
သို့သော်လည်း ယန်မိသားစုသည် သူ့စကားကို စည်းစည်းလုံးလုံးဖြင့် လျစ်လျူရှုကာ ဇွတ်ဝင်သွားကြသည်။ ရုတ်တရက် သူတို့ခြေထောက်အောက်က သွေးပင်လယ်ထဲမှ မရေတွက်နိုင်တဲ့ လှိုင်းလုံးကြီးတွေ တက်လာပြီး နောက်ဆုံးအကြိမ်ထက် မြင့်လာကာ သူတို့အားလုံးကို လွှမ်းခြုံသွားလေ၏။
ဤအရာများသည် တကယ့်သွေးလှိုင်းများမဟုတ်သော်လည်း ချန်ရှီသည် ယန်မိသားစုဝင်များနှင့် တွေ့ဆုံရန် ဆူနာမီကဲ့သို့ အလင်းတန်းတစ်ခုအား ထုတ်လွှတ်လိုက်သည်။
သွေးရေလှိုင်းကြီး ငြိမ်သက်သွားပြီးနောက် ခြေလက်အင်္ဂါများနှင့် ပြတ်တောက်နေသော ခန္ဓာကိုယ်များ နေရာအနှံ့တွင် ရှိနေသည်။ တခဏအတွင်းမှာပင် ယန်မိသားစု၏ မရေမတွက်နိုင်သော အဖွဲ့ဝင်များမှာ သေဆုံးတာတွေ ဒဏ်ရာရတာတွေ ရှိခဲ့သည်။ အမြန်မပြေးနိုင်သော သက်ကြီးရွယ်အိုများ၊ အားနည်းသူများနှင့် မသန်စွမ်းသူများသာ လွတ်မြောက်နိုင်ခဲ့သည်။ ၎င်းတို့အပြင် အတုအယောင်နယ်မြေမှ အခြားလူအနည်းငယ်သည်လည်း တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သည်။
ချန်ရှီ၏ စိတ်ဓာတ်များ မြင့်တက်လာသည်။ သူ၏ သွေးအသွင်ပြောင်းခြင်း နတ်ဓားသည်လည်း သူ့ရဲ့အတွင်းစိတ်အတိုင်း ထူးထူးခြားခြား စိတ်လှုပ်ရှားလာပြီး သွေးစိမ်းများကို လောဘကြီးစွာ စုပ်ယူသွားသည်အား ခံစားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော မှော်စွမ်းအင်စီးကြောင်းများသည် ချန်ရှီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
အကယ်၍ ဤလူများ မသေဆုံးပါက ယန်ရှစ်ဟိုင်တို့ကို အနိုင်ယူဖို့ အလွန်ခက်ခဲပေလိမ့်မည်။
ဒါပေမယ့် သွေးအသွင်ပြောင်းနတ်ဓားဟာ ဒီလူတွေကို စုပ်ယူပြီး သူ့ရဲ့ မှော်စွမ်းအင်ကို ဖြည့်စွမ်းပေးတာကြောင့် ယန်ရှစ်ဟိုင် နဲ့ တခြားသူတွေကို သတ်ပစ်ဖို့က ပိုလွယ်ကူလာခဲ့ပါပြီ။
ယန်ရှစ်ဟိုင်၏ မျက်လုံးများ နီရဲလာပြီး ချန်ရှီအား အရူးအမူး တိုက်ခိုက်တော့၏။
"လူကြီးတို့နှစ်ယောက်... သူတို့ကို ခေါ်သွားပြီး ပြေးပါတော့... ကျနော် သူ့ကို ကိုင်တွယ်လိုက်မယ်!"
ချန်ရှီ သူ့ကို ရှောင်လိုက်ပြီး တစ်ချက်လှည့်ကာ ဓားနဲ့ လွှဲခုတ်လိုက်သည်။ သွေးအသွင်ပြောင်း နတ်ဓားသွားက ပြင်းထန်စွာ တုန်လှုပ်သွား၏။ ၎င်းက သွေးပင်လယ်ထဲတွင် ချက်ချင်းပွင့်လန်းလာသော မရေမတွက်နိုင်သည့် အလင်းတန်းများကို ထုတ်လွှတ်ကာ ပန်းဥယျာဉ်တစ်ခုလို ဖန်တီးပစ်သည်။
ယန်မိသားစု၏ ကျန်ရှိသော သက်ကြီးရွယ်အိုများ၊ အားနည်းသူများနှင့် မသန်စွမ်းသူများအားလုံးကို ဓားစာခံအဖြစ် ပြောင်းလဲပေးရင်း သွေးပန်းများ ဝေ့ဝဲကာ ပွင့်လာကုန်တာကြောင့် အလွန် တုန်လှုပ်ခြောက်ခြားဖွယ် မြင်ကွင်းမျိုး ဖြစ်သွားပေ၏။
ယန်မိသားစုမှ အတုအယောင်ပြန်ခြင်း နယ်ပယ်က ကျွမ်းကျင်သူငါးဦးတွင် သုံးဦးက မရှောင်လွှဲနိုင်ခဲ့ပေ။ သွေးဓားက သူတို့၏ ခန္ဓာကိုယ်များကို လှီးဖြတ်လိုက်ရာ သွေးများနှင့် ချီတို့ ၎င်းတို့ခန္ဓာကိုယ်မှ အဆက်မပြတ် စီးကျလာသည်။
ချန်ရှီ၏ရောင်ဝါက အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ ယန်ရှစ်ဟိုင်၊ ယန်ဝူကျီနှင့် ယန်စစ်ချင်းတို့၏ တိုက်ခိုက်မှုများကို တားဆီးထားခဲ့သည်။
"ပြေး!"
ချန်ရှီကို အပြင်းအထန် တိုက်ခိုက်ရင်း :"ဘိုးဘေးတို့နှစ်ယောက် ပြေးကြ!"
သူစကားမဆုံးခင်မှာ အလင်းတန်းတစ်ခုက သူ့ရဲ့ မှော်ဆန်တဲ့ ပစ္စည်းကို ဖြတ်တောက်ပစ်လိုက်ပြီး အေးစက်တဲ့ အလင်းရောင်က သူ့လည်ပင်းကို ပွတ်သပ်သွားချေပြီ။ ချန်ရှီသည် ယန်ရှစ်ဟိုင်၏သွေးနှင့် ချီကို သယ်ဆောင်လာသော ဓားသွားကို လှန်လိုက်ရာ ၎င်းက ယန်ဝူကျီဆီ ပြေးဝင်သွား၏။
ယန်ရှစ်ဟိုင်မှာ သူ့လည်ချောင်းကို ဆုပ်ကိုင်ထားရာမှ မျက်လုံးများ ပြူးကျယ်ကာ လိုက်ရှာကြည့်နေပါသည်။ ချန်ရှီနှင့် ယန်ဝူကျီတို့မှာ လျှပ်စီးကြောင်းအလား တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။ တိုတောင်းသော အခိုက်အတန့်အတွင်း ယန်ဝူကျီက အကြိမ်ပေါင်းများစွာ ရိုက်ခတ်ခဲ့ပြီး သွေးအိုင်ထဲ ပြိုလဲသွားခဲ့သည်။
ဒေါသတကြီး ဖြစ်နေသော ယန်ရှစ်ဟိုင်သည် မဆုတ်မနစ် လိုက်ရှာနေသော်လည်း သူ၏ အမြင်အာရုံက ပို၍ပို၍ နက်မှောင်လာသည်။
ချန်ရှီ သူ့ဓားကို လွှတ်လိုက်သည်ကိုသာ ယောင်ဝါးဝါး မြင်လိုက်ရသည်။ သွေးပင်လယ်အတွင်း မရေမတွက်နိုင်သော ကြက်သွေးရောင် နဂါးများသည် သွေးမြစ်များကဲ့သို့ ကခုန်နေကြသည်။ ရုတ်တရက် နေနှင့်လက တောက်ပစွာ ထွန်းလင်းတောက်ပလာပြီး မြစ်၏မျက်နှာပြင်ပေါ် ဖြာကျလာရာ နေရာတိုင်းက ဓားမီးများက ရွှေကဲ့သို့ ကခုန်နေတော့၏။
ဘိုးဘေးကြီး ယန်စစ်ချင်းမှာ အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း ရုတ်တရက် သူ၏ ဦးခေါင်းဖြူဖြူလည်း ပျံထွက်သွားသောကြောင့် ဦးခေါင်းမရှိသော ခန္ဓာကိုယ်ကပဲ မလှုပ်မယှက် ရပ်နေခဲ့သည်။
"ဘိုးဘေးကြီး...."
ယန်ရှစ်ဟိုင် အော်ဟစ်ပြီးနောက် ပြိုလဲကျသွားလေ၏။ သူ သွေးအိုင်ထဲသို့ မှောက်ကျသွားကာ သူ့ခန္ဓာကိုယ် အောက်ခြေအထိ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။ ချန်ရှီက ကျန်ရှိသော အတုအယောင်ပြန်ခြင်း နယ်ပယ်က ကျွမ်းကျင်သူနှစ်ဦးကို လိုက်လံဖမ်းဆီးကာ ၎င်းတို့နှစ်ဦးလုံးကိုလည်း တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်။
သူ ဆင်းသက်လာတဲ့အခါ အတွေးပင်လယ်ကြီး နဲ့ ငရဲပြည်ကြီး ပေါ်လာသည်။ ၎င်းက လေထဲ တည့်တည့် လျှင်မြန်စွာ လှည့်ပတ်ကာ တဖြည်းဖြည်း ကျုံ့သွားလေ၏။ ထို့နောက် ခေါင်းနောက်မှာ ချိတ်ထားသော ကြက်သွေးရောင် အလင်းတန်းကြီး အဖြစ် ပြောင်းလဲသွားတော့သည်။
ချန်ရှီသည် သွေးကန်ကျင့်စဥ်ကို ပြောင်းပြန်လှန်ပြီး အသက်သွင်းလိုက်တဲ့အခါ ငရဲသွေးပင်လယ်က နောက်ပြန်စီးဆင်းသွားကာ သွေးအသွင်ပြောင်း နတ်ဓားသွားအဖြစ် ပြောင်းလဲသွားခဲ့သည်။
သွေးအသွင်ပြောင်း နတ်ဓားသွားက တစ်ချက် တုန်ခါသွားကာ ၎င်း၏နတ်ဆိုးစွမ်းအင်ကို ထပ်ခါတလဲလဲ လက်တုံ့ပြန်လေ၏။ ၎င်းက ချန်ရှီ၏ ဖိနှိပ်မှုကို တွန်းလှန်ရန် ကြိုးပမ်းခဲ့သော်လည်း ချန်ရှီကတော့ မတုန်မလှုပ်ပင်။
ဓားကို ဘုံကျောင်းငယ်လေးထဲ သိမ်းဆည်းကာ နံ့သာတိုင်တစ်ချောင်း ပူဇော်ပြီးနောက် မြို့ပြင်သို့ လှည့်ထွက်ခဲ့သည်။
"ဒီနေ့ကစပြီး ယန်မိသားစုကို နှင်ထုတ်လိုက်ပြီ!"