← Chapters

သခင်မကြီးကို ဘယ်သူသတ်သလဲ

Vol. 10 Ch. 145

သခင်မကြီးကို ဘယ်သူသတ်သလဲ

Vol. 10 Ch. 145

အမတ်ချုပ်ကြီးရှဲ့ လိုကျစ်ကွေ့ကို ကြည့်သော အကြည့်သည် အဆိပ်ခတ်ထားသကဲ့သို့ပင်။ သို့သော်ခဏမျှသာ အမတ်

ချုပ်ကြီးရှဲ့သည်ချက်ချင်း မိမိစိတ်ခံစားချက်များကိုရုပ်သိမ်းလိုက်သော်လည်း နဉ်ရှောင်ယောင်းနှင့် လိုကျစ်ကွေ့တို့သည် မြင်လိုက်ကြသည်။

“ဘုရားသခင်” နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို တိုးတိုးလေး ပြောလိုက်သည်။

“အမတ်ချုပ်ကြီးရှဲ့က ခင်ဗျားကို ကိုက်

သတ်ချင်နေပုံပဲ။”

(T/N - လူကြားထဲမှာဆို ရှောင်ယောင်းကလိုကျစ်ကွေ့ကိုခေါ်တဲ့ပုံစံကို “ခင်ဗျား” လို့သုံးမယ်နော်။ နှစ်ယောက်ထဲပြောတဲ့အချိန်ကြရင်တော့ “ ရှင်” လို့သုံးပါမယ်။ အဆင်မပြေတာရှိရင် Free Chat Gp မှာလာပြောလို့ရပါတယ်ရှင့်)

လိုကျစ်ကွေ့သည် ဤကိစ္စကို ဂရုမစိုက်ဘဲ နဉ်ရှောင်ယောင်းကို ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

“ခုနကကိစ္စကိုစဉ်းစားကြည့်ပါဦး၊ နောက်ပြီးရင် ဘယ်လိုလုပ်ရမလဲ။”

“ခင်ဗျားက ကျွန်တော့်ကို မေးတာလား။”

နဉ်ရှောင်ယောင်းသည် သူမကိုယ်သူမ ညွှန်ပြလိုက်သည်။

“ကျွန်တော့်မှာ ဘာနည်းလမ်းရှိမှာလဲ။”

လိုကျစ်ကွေ့သည် ဤမိန်းကလေးက မိမိအားအလွန် အခက်တွေ့စေသည်ဟု ခံစားမိသည်။ နဉ်ရှောင်ယောင်းကို သကြားလုံးအနည်းငယ် ထပ်ပေးလိုက်ပြီး စစ်သေနာပတိချုပ်လိုသည် မိမိဘာသာ ရပ်ကာ အကြံထုတ်နေလိုက်သည်။

လောင်တသည် နဉ်ရှောင်ယောင်း၏ပခုံးပေါ်သို့ ခုန်တက်လိုက်ပြီး ပြောလိုက်သည်။ “ရှောင်ယောင်း၊ သခင်မကြီးရဲ့အလောင်းကို ဒီမှာပဲ ထားလိုက်တော့မှာလား။”

နဉ်ရှောင်ယောင်းသည် ပါးစပ်ထဲမှ သကြားလုံးကို ဝါးမျိုလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

“မသိဘူး၊ ရှဲ့မိသားစုဝင်တွေတောင် စိတ်မပူတာ။ ငါ စိတ်ပူနေလို့လည်း ဘာအသုံးဝင်မှာလဲ။”

လောင်တက နဉ်ရှောင်ယောင်းကို အကြံပေးလိုက်သည်။

“မဟုတ်ရင်လဲ ကျီးကန်းတွေကို လာစားခိုင်းလိုက်ပေါ့။”

နဉ်ရှောင်ယောင်း၏ နှုတ်ခမ်းထောင့်သည် တစ်ချက်တွန့်သွားသည်။ ရှဲ့မိသားစုဝင်များရှေ့တွင် ကျီးကန်းများကို သခင်မကြီး၏အလောင်းကို စားခိုင်းခြင်းသည် ဘယ်လိုမှ မဖြစ်နိုင်ပေ။

“အဲဒီကြောင်ကြောင့်ပဲ။” သခင်မဝမ်သည် ရုတ်တရက်မိမိဘေးမှ လူများကိုအော်ပြောလိုက်သည်။ “အဲဒီကြောင်ပဲ၊ မင်းတို့နားထောင်ကြည့်၊ သူက အော်နေတုန်းပဲ။”

သခင်မဝမ်ဘေးတွင် ရပ်နေသော အမျိုးသမီးများသည် ဤအချိန်တွင် သခင်မဝမ်ကို ပါးစပ်ပိတ်ရန် တောင်းပန်ချင်နေကြသည်။ ၎င်းသည် ဧကရာဇ်မွေးထားသော ကြောင်ဖြစ်သည်။ အခုလိုရန်ရှာနေတာဧကရာဇ်နှင့် ရန်ဖြစ်ပြီး တစ်မိသားစုလုံးကို သေစေချင်နေတာလား။

နဉ်ရှောင်ယောင်းနှင့် လောင်တသည် ဤအချိန်တွင် သခင်မကြီး၏ အလောင်းကို စိုက်ကြည့်နေကြသည်။ သခင်မဝမ်ထံမှ လှုပ်ရှားမှုကို သတိမထားမိပေ။ သခင်မကြီးဝတ်ဆင်ထားသော ရွှေထည်ပစ္စည်းများကို ကြည့်ရင်း နဉ်ရှောင်ယောင်းက လောင်တကို ပြောလိုက်သည်။ “အိုးဘုရားရေ၊ ဒါက ဈေးကြီးပုံပဲ။”

လောင်တက ပြောသည်။ “ဒါဆိုရင် ငါတို့ လုယူကြမလား။”

“မဖြစ်ဘူး၊ ငါက ယဉ်ကျေးတဲ့လူတစ်

ယောက်ဖြစ်ရမယ်။ မင်းကလည်းယဉ်ကျေးတဲ့ကြောင်တစ်ကောင်ဖြစ်ရမယ်။” နဉ်ရှောင်ယောင်းက ခေါင်းခါလိုက်သည်။ “လုယက်တာက လူကောင်းတွေလုပ်တဲ့လုပ်ရပ်မဟုတ်ဘူး။”

လောင်တသည် သူ့စစ်သေနာပတိချုပ်၏ အာရုံစိုက်မှု မရှိသည်ကို ကြည့်လိုက်ပြီး လက်သည်းကိုထုတ်ကာ နဉ်ရှောင်ယောင်းကို တစ်ချက်ကုတ်လိုက်ပြီး ပြောလိုက်သည်။ “ဒါဆိုရင် ဘယ်သူက ယင်းဖုန်းတို့ကို စပါးလုခိုင်းတာလဲ။”

နဉ်ရှောင်ယောင်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “ဘာလဲ။ အဲ့ဒါငါက မီးငြှိမ်းကူတာ။ မဟုတ်ရင်အဲ့စပါးတွေအကုန်

မီးထဲပါသွားပြီ။ ငါတို့က မီးကိုငြှိမ်းကူလိုက်တော့ အဲ့စပါးတွေက အကောင်းအတိုင်းရှိသွားတာ။ ဒါက ဘယ်လိုလုပ်ပြီး လုယက်တာဖြစ်မှာလဲ။”

လောင်တမှာ... ဒီမိန်းကလေး မျက်နှာပြောင်တိုက်လွန်းနေတာကြောင့် ဘာပြန်ပြောရမှန်းတောင် မသိတော့ပေ။

“ကောင်းလိုက်တဲ့ ရွှေတွေ။” နဉ်ရှောင်ယောင်းသည် တပ်မက်စွာဖြင့် သခင်မကြီးဝတ်ဆင်ထားသော ရတနာများကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီး သခင်မကြီး၏ နားထင်ပေါ်မှ အပေါက်ကို စိုက်ကြည့်လိုက်သည်။ ဒဏ်ရာအစွန်းတွင် သွေးနှင့် အဖြူရောင်ဦးနှောက်အနည်းငယ် ရှိနေသည်။ ကြာပန်းဖြူလေးသည် သခင်မကြီးကို တွန်းလိုက်စဉ် ဘယ်လောက်တောင် အားသုံးလိုက်တာလဲ။

အမတ်ချုပ်ကြီးရှဲ့သည် ဤအချိန်တွင် သခင်မဝမ်၏ ရှေ့သို့ လျှောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ “မင်းက အမေ့ရဲ့အလောင်းကို ကြမ်းပြင်ပေါ်မှာပဲ ထားချင်နေတာလား။”

ယောက်ျားများသည် အိမ်မှအမျိုးသမီးများ၏ အလောင်းကို မထိတွေ့ရပေ။ ဤသည်မှာ ထုံးစံဖြစ်သည်။ အမတ်ချုပ်ကြီးရှဲ့သည် သခင်မကြီး၏အလောင်းကို ပြန်လည်ပြင်ဆင်ချင်သော်လည်း မိမိကိုယ်တိုင် လုပ်၍မရပေ။

သခင်မဝမ်သည် ဤအချိန်တွင် သားကိုသာ စိတ်ပူနေပြီး သခင်မကြီးကို မစဉ်းစားမိတော့ပေ။ အမတ်ချုပ်ကြီးရှဲ့ကို ငိုယိုကာ ပြောလိုက်သည်။ “အန်းယိကို ဘယ်လိုလုပ်ရမလဲ။”

“မင်း ရူးနေတာလား။” အမတ်ချုပ်ကြီးရှဲ့သည် သခင်မဝမ်ကို အော်ဟစ်လိုက်သည်။

သခင်မဝမ်သည် အမတ်ချုပ်ကြီးရှဲ့၏အော်ဟစ်မှုကြောင့် တစ်ချက်တွေဝေသွားပြီးနောက် အမတ်ချုပ်ကြီးရှဲ့၏ အေးစက်သောအကြည့်ကြောင့် ကြောက်ရွံ့သွားသည်။

“မင်းလုပ်သင့်တာကို လုပ်။” အမတ်ချုပ်ကြီးရှဲ့က ပြောသည်။ “မင်းက အန်းယိကို ကယ်နိုင်လို့လား။”

သခင်မဝမ်သည် ခေါင်းခါလိုက်သည်။ သူမ မကယ်နိုင်ပေ။ သူမ မျက်ရည်ခမ်းအောင် ငိုပြလျှင်ပင် သူမ မကယ်နိုင်ပေ။

နဉ်ရှောင်ယောင်းသည် ခေါင်းတလားရှေ့သို့ လျှောက်သွားပြီး သခင်မကြီး၏အလောင်းကို ရွှေ့ရန် လက်လှမ်းလိုက်သော်လည်း ယင်းဖုန်းက တားမြစ်လိုက်သည်။

“ဧကရာဇ်၊ ဒီအလောင်းကို မထိသင့်ပါဘူး။” ယင်းဖုန်းက ပြောသည်။

နဉ်ရှောင်ယောင်းသည် ခေါင်းထောင်ကာ ခြံဝင်းတစ်ဖက်တွင် ရပ်နေသော ရှဲ့မိသားစု၏ အမျိုးသမီးများကို ကြည့်လိုက်ပြီး အနီးတွင် ထိုင်နေသော ရှဲ့သော်ယင်းကို လက်ယပ်ခေါ်လိုက်သည်။ “မိန်းကလေး၊ ဒီကိုခဏလာပါဦး။”

ရှဲ့သော်ယင်းသည် မြေပြင်ပေါ်မှ ထလာပြီး ကြောက်လန့်တကြားဖြင့် နဉ်ရှောင်ယောင်း၏ ရှေ့သို့ လျှောက်လာသည်။

“မင်းရဲ့ဘေးတော်ပဲလေ။” နဉ်ရှောင်ယောင်းက ပြောသည်။ “မင်းလက်လေးနည်းနည်းလောက်လှုပ်ပြီး သခင်မကြီးကို တည့်ပေးလို့မရဘူးလား။”

ရှဲ့သော်ယင်းသည် ကိုယ်ကိုင်းကာ သခင်မကြီး၏အလောင်းကို တည့်မတ်ပေးလိုက်သည်။ အလုပ်ပြီးသွားသောအခါ ရှဲ့သခင်မလေး ၅သည် မိမိဘာလုပ်ခဲ့သည်ကို သတိရသွားသည်။ ခေါင်းငုံ့ကာ သခင်မကြီး၏ အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး ရှဲ့သခင်မလေး ၅သည် အော်ဟစ်ကာ မြေပြင်ပေါ်သို့ ထိုင်ကျသွားသည်။

နဉ်ရှောင်ယောင်းသည် ရှဲ့သော်ယင်း ခြေကားထိုင်နေသော ပုံစံကို ကြည့်လိုက်ပြီး ဂရုတစိုက် မေးလိုက်သည်။

“မင်း ကြောက်သွားတာလား။ မကြောက်ပါနဲ့၊ ငါပထမဆုံးအကြိမ် အလောင်းမြင်တုန်းကလည်း ကြောက်သွားတာပဲ။ အကြိမ်များများကြည့်ရင် ကျင့်သားရသွားမှာပါ”

ဤစကားကို ရှဲ့သခင်မလေး ၅သာမက နဂါးအစောင့်များပင်လျှင် ဆက်မနားထောင်နိုင်တော့ပေ။ ရှဲ့မိသားစုဝင်များကို မကြိုက်သော်လည်း မိန်းကလေးတစ်ယောက်ကို ဤသို့ပြောဆို၍မရပေ။

“ဧကရာဇ်။” ရှဲ့သော်ယင်းသည် နဉ်ရှောင်ယောင်းကို ကြည့်ကာ ငိုကြွေးလိုက်သည်။

နဉ်ရှောင်ယောင်းသည် သခင်မကြီး၏အလောင်းကို ရှောင်ကွင်းကာ ရှဲ့သခင်မလေး ၅၏ ရှေ့သို့ လျှောက်သွားပြီး ပြောလိုက်သည်။

“ငါ့ဆီက နဂါးအစောင့်တွေက အရမ်းတော်တဲ့ကောင်လေးတွေပဲ၊ မင်း စဉ်းစားကြည့်မလား။”

ရှဲ့သော်ယင်းသည် မငိုတော့ဘဲ နဉ်ရှောင်ယောင်းကို မှင်တက်စွာ ကြည့်လိုက်သည်။ ဧကရာဇ်က သူမကို ကျွန်တစ်ယောက်ဖြစ်သော နဂါးအစောင့်နှင့် လက်ထပ်ပေးမလို့လား။

နဂါးအစောင့်များသည် နောက်သို့ဆုတ်လိုက်ကြသည်။ ရှဲ့မိသားစု၏အမျိုးသမီးကို ကောင်းကင်ဘုံမှ နတ်သမီးကဲ့သို့ လှပလျှင်ပင် သူတို့ ယူရဲပါ့မလား။

နဉ်ရှောင်ယောင်းသည် နှစ်ဖက်လုံး၏ တုံ့ပြန်မှုကို ကြည့်လိုက်သည်။ ကောင်းပြီ၊ ဒီကိစ္စက အောင်မြင်မှာမဟုတ်ဘူး။

နဉ်ရှောင်ယောင်း၏ ဘေးသို့ လျှောက်လာသော လိုကျစ်ကွေ့သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ကောင်မလေး၊ မင်းမှာ အောင်သွယ်လုပ်ငန်းလုပ်ဖို့ အရည်အချင်းမရှိဘူးဆိုတာ နားမလည်သေးဘူးလား။

ရှဲ့သော်ယင်းသည် မြေပြင်ပေါ်တွင် ထိုင်ကာ ဝမ်းနည်းစွာ ငိုကြွေးလိုက်သည်။

နဉ်ရှောင်ယောင်းသည် လက်ညှိုးဖြင့် နဂါးအစောင့်များကို ညွှန်ပြလိုက်သည်။ ဒီလောက်လှပတဲ့မိန်းကလေးကိုတောင် မကြိုက်ကြဘူးလား ဒီလူအုပ်ကြီးရဲ့အမြင်က တော်တော်မြင့်ပါလား။ ဒါမှမဟုတ် ဒီကမ္ဘာက ယောက်ျားတွေက ရင်ဘတ်ပြားတဲ့မိန်းကလေးကိုမှ ကြိုက်ကြတာလား။

လောင်တသည် ခေါင်းဖြင့် နဉ်ရှောင်ယောင်း၏ မျက်နှာကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။ “ရှောင်ယောင်း၊ မင်း အလုပ်လုပ်ရမယ်။”

ဟုတ်သားပဲ၊ အလုပ်လုပ်ရမယ်။ နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို မေးလိုက်သည်။ “စစ်သေနာပတိချုပ်၊ ခင်ဗျား နည်းလမ်းရှာတွေ့ပြီလား။”

လိုကျစ်ကွေ့က ပြောသည်။ “သူတို့က သခင်မကြီးကို သတ်တဲ့ လူသတ်သမားတွေပဲ။”

“ဘာပြောတယ်။” နဉ်ရှောင်ယောင်းက နားမလည်ပေ။

“ဒီလိုဆိုရင် သူတို့ကို ဖမ်းနိုင်ပြီ။”

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို တိုးညင်းစွာ ပြောလိုက်သည်။

“သူခိုးကိုဖမ်းရင် ခေါင်းဆောင်ကို အရင်

ဖမ်း၊ သူကို ဖမ်းလိုက်ရင် အောက်

ကစစ်သားတွေကို ထိန်းချုပ်နိုင်ဖို့ ကိုယ်တို့အတွက် အခွင့်အရေးရလိမ့်မယ်။”

ဒီအကြံက... နဉ်ရှောင်ယောင်း မခံနိုင်ပေ။ သူမသည် ယခု စားနပ်ရိက္ခာ၊ ငွေကြေးအပြင် စစ်သားများပါ လိုအပ်နေသည်။

ယင်းဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ “အတင်းအဓမ္မ အပြစ်ပုံချရမှာလား။ အမတ်ချုပ်ကြီးက သူတို့ကို သေချာပေါက် ကာကွယ်မှာပဲ။ နောက်ပြီး သူတို့မှာ ရည်ရွယ်ချက်လည်း မရှိဘူး။ ဒီအပြစ်ကို ဘယ်လိုပုံချမလဲ။” ယင်းဖုန်း မည်သို့စဉ်းစားစဉ်းစား ဤကိစ္စသည် မဖြစ်နိုင်ပေ။

“သူတို့က သူတို့က ဗိုလ်ချုပ်တွေမဟုတ်ဘူးလို့ ငြင်းမှာပဲ ဟုတ်တယ်မလား။” နဉ်ရှောင်ယောင်းက မေးစေ့ကိုပွတ်သပ်ရင်း မေးလိုက်သည်။

လိုကျစ်ကွေ့သည် ခေါင်းညိတ်လိုက်သည်။ ဗိုလ်ချုပ်တစ်ဦးသည် အမိန့်မရှိဘဲ မြို့တော်သို့ ဝင်ရောက်ခြင်းသည် သေဒဏ်ဖြစ်သည်။ ဤခုနစ်ယောက်သည် မိမိတို့ကိုယ်ကို သေဒဏ်ကျခံမည်မဟုတ်ပေ။

“ဒါဆိုရင် ပိုက်ဆံအတွက်လုပ်တာပေါ့။”

နဉ်ရှောင်ယောင်းက ချက်ကျလက်ကျပြောလိုက်သည်။

“လူသတ်တာ တစ်က ပိုက်ဆံအတွက်၊ နှစ်က အချစ်အတွက်၊ သုံးက လက်စားချေဖို့အတွက်၊ ငါ့ခန့်မှန်းချက်အရဆို အချစ်

အတွက်လို့ပြောဖို့ သခင်မကြီးကအသက်ကြီးနေပြီ။ အချစ်ကြောင့်သတ်တယ်လို့ ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။”

အားလုံး : ဒါကိုတော့ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။

နဉ်ရှောင်ယောင်းက ပြောသည်။ “လက်စားချေဖို့ဆိုတာထပ် အမတ်ချုပ်ကြီးကို သေလုမျောပါး ကာကွယ်နေတဲ့လူတွေ၊ ကျွန်မတို့က လက်စားချေတဲ့ ဇာတ်လမ်းကို ဘယ်လိုလုပ်ပြီး ဖန်တီးနိုင်မှာလဲ။ ဒါဆိုရင် နောက်ဆုံးကျန်တာကပိုက်ဆံအတွက်ပဲ”

နဂါးအစောင့်တစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။ “သူတို့က အမတ်ချုပ်ကြီးအိမ်တော်ကို လာပြီး သခင်မကြီးကို လုယက်တာလား။ အမတ်ချုပ်ကြီးအိမ်တော်မှာ အစေခံတွေ၊ ကိုယ်ရံတော်တွေ အများကြီးရှိနေတာပဲ။ အမတ်ချုပ်ကြီးအိမ်တော်က လူတွေက လွယ်ကူတဲ့ပြိုင်ဘက်လို့ ပြောလို့မရဘူးမဟုတ်လား။”

နဉ်ရှောင်ယောင်းသည် မိမိဦးနှောက်ကို လျင်မြန်စွာ လည်ပတ်လိုက်ပြီး သခင်မကြီး၏ အပေါက်ဖြစ်နေသော နားထင်ကို တစ်ချက်ကြည့်လိုက်သည်။ နဉ်ရှောင်ယောင်း၏ မျက်လုံးများက တစ်ချက်လင်းသွားပြီး ပြောလိုက်သည်။

“ပြန်ပေးဆွဲတာပေါ့၊ သူတို့က သခင်မကြီးကို အဆိပ်ခတ်ချင်တယ်။ ပြီးတော့အဆိပ်ဖြေဆေးနဲ့ အမတ်ချုပ်ကြီးကို ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းတယ်။ ဒါပေမဲ့ သခင်မကြီးက သိသွားတယ်။ သူတို့က ပြစ်မှုပေါ်သွားတော့ တစ်ခါတည်း သခင်မကြီးကိုအပြီးသတ်လုပ်လိုက်တယ်။” နဉ်ရှောင်ယောင်းက တွန်းလိုက်သော အမူအရာတစ်ခု ပြုလုပ်လိုက်သည်။ “ဒီလိုနဲ့ သခင်မကြီးက သေသွားတာပဲ။”

“ဒါဆိုရင် သခင်မကြီးက ဘာလို့ သူတို့ကို တွေ့ချင်ရတာလဲ။” နဂါးအစောင့်တစ်ဦးက မေးလိုက်သည်။

နဉ်ရှောင်ယောင်း-“ဒါက ငါတို့ ကြိုက်သလို ပြောလို့ရတာပဲ မဟုတ်လား။ သူတို့က သခင်မကြီးကို သူတို့ဆီမှာ ရှားပါးတဲ့ရတနာရှိတယ်လို့ လိမ်ညာတယ်။ သခင်မကြီးက ဝယ်ချင်တယ်၊ နှစ်ဖက်တွေ့ဆုံကြတာပေါ့။”

ယင်းဖုန်းက ပြောသည်။ “ဧကရာဇ်၊ သခင်မကြီးက အတွင်းခန်းမက အမျိုးသမီးတစ်ယောက်။ သူက အပြင်ယောက်ျားတွေနဲ့အလွယ်တကူ တွေ့လို့မရဘူး။”

နဉ်ရှောင်ယောင်းသည် ဤအချိန်တွင် စိတ်မရှည်တော့ဘဲ ယင်းဖုန်းတို့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားတို့ ဘာလို့ ဒီလောက်မေးခွန်းတွေ များနေရတာလဲ။”

နဂါးအစောင့်များ”….”

ဒါက သူတို့မေးခွန်းများလို့ အပြစ်တင်ခံရတာလား။

“အဆိပ်က သခင်မကြီးရဲ့ အခန်းထဲမှာ ရှိနေတာပဲလေ၊ အဆင်သင့်ပဲ။” နဉ်ရှောင်ယောင်းက ပြောသည်။ “ငါတို့က အဲဒီတုန်းက အဲဒီမှာ မရှိဘူး။ သခင်မကြီးက ဘာလို့ ဒီကုန်သည်အလိမ်အညာသမားတွေကို တွေ့ချင်လဲဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။”

နဂါးအစောင့်များသည် နဉ်ရှောင်ယောင်းကို မေးချင်စိတ် ပေါက်သွားသည်။ ကုန်သည်အလိမ်အညာသမားဆိုတာ ဘာလဲ။ သို့သော် နဉ်ရှောင်ယောင်း၏ ရှုံ့မဲ့နေသော မျက်နှာကို ကြည့်လိုက်သောအခါ မည်သူကမျှ မမေးဝံ့တော့ပေ။

လိုကျစ်ကွေ့သည် ကုန်သည်အလိမ်အညာသမားကို ဂရုမစိုက်ဘဲ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ “ဘာအဆိပ်လဲ။”

အဝေးသို့ လျှောက်သွားပြီဖြစ်သော ရှဲ့သခင်မလေး ၅ကို ကြည့်လိုက်ပြီး နဉ်ရှောင်ယောင်းသည် တိတ်တဆိတ် လိုကျစ်ကွေ့ကို ပြောလိုက်သည်။

“ကြာပန်းဖြူလေးက သခင်မကြီးကို အဆိပ်ခတ်ဖို့ကြိုးစားနေတာတဲ့ ဆိုတော့အဲ့အဆိပ်အခုချိန်ထိ သခင်မကြီးရဲ့ အခန်းထဲမှာ ရှိနေသေးလောက်တယ်။”

“ဘယ်သူက မင်းကို ပြောတာလဲ။” လိုကျစ်ကွေ့က မေးသည်။

အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်လို့ ပြောရင် စစ်သေနာပတိချုပ်က သူမကိုရူးနေသလားလို့ပြောလိမ့်မယ်။ ထို့ကြောင့် နဉ်ရှောင်ယောင်းသည် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။ “အဲ့တာကျွန်တော် သကြားလုံးနဲ့ ဝယ်လာတဲ့သတင်း ခုနကလေးတင်ဝယ်လိုက်တာ။”

လိုကျစ်ကွေ့ "...."

“မယုံဘူးလား။ ခေါက်ရှာငှက်ပြောတာ။” နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ စကားမပြောသည်ကို မြင်သောအခါ ရိုးသားစွာ ဝန်ခံလိုက်သည်။ “ခုနကပဲ၊ ကျီကျီအော်တဲ့ အကောင်ပဲ။”

လိုကျစ်ကွေ့သည် နဖူးကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။ “မင်း သကြားလုံးနဲ့ ဝယ်လာတဲ့သတင်းက ယုံကြည်ရလို့လား။”

ခင်ဗျားက သကြားလုံးကိုကြ ယုံကြည်ချင်ပေမယ့် ခေါက်ရှာငှက်က စကားပြောတတ်တယ်ဆိုတာကြမယုံကြည်ချင်ဘူး။

“ဘုန်း——”

နောက်ထပ်အဆောက်အအုံတစ်လုံးသည် မီးအရှိန်ကြောင့် ပြိုကျသွားခဲ့သည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကိုအနားသို့ဆွဲခေါ်ကာ ရှေ့သို့ လျှောက်လာသော အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်

သည်။ “သခင်မကြီးက သူမအခန်းထဲမှာပဲကွယ်လွန်သွားတယ်လို့ ကြားတယ်။”

အမတ်ချုပ်ကြီးရှဲ့သည် ခေါင်းညိတ်လိုက်သည်။ ဤစကားကို သူက ဝမ်းနည်းသမှုဖြင့် လာရောက်သူအားလုံးကို ပြောခဲ့သဖြင့် ဤအချိန်တွင် ငြင်းဆိုရန် နောက်ကျသွားပြီဖြစ်သည်။

“ဒါဆိုရင် ကျွန်တော်တို့ သခင်မကြီးရဲ့ အခန်းထဲကို သွားစစ်ဆေးကြမယ်။”

လိုကျစ်ကွေ့က ဆက်ပြောလိုက်သည်။

“အမတ်ချုပ်ကြီးကလည်း သခင်မကြီးကို မကျေမနပ် မတရားခံလိုက်ရတာကိုဖြစ်စေချင်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။”

“ဟုတ်တယ်။” နဉ်ရှောင်ယောင်းက ခေါင်းညိတ်လိုက်သည်။

“ပညာရပ်တစ်ခုစီမှာ ကျွမ်းကျင်မှုတစ်ခုစီရှိတယ်။” အမတ်ချုပ်ကြီးရှဲ့၏အသံသည် ဤအချိန်တွင် အနည်းငယ် ရှတနေသည်။ “ဧကရာဇ်၊ ကျွန်တော်မျိုးက တရားရေးဌာနကို ဒီကိစ္စကို စုံစမ်းစစ်ဆေးခိုင်းချင်ပါတယ်။”

လိုကျစ်ကွေ့က အေးစက်စွာ ပြောလိုက်သည်။ “ဒါကလည်း ဧကရာဇ်က သခင်မကြီးအပေါ်ထားတဲ့ သားသမီးဝတ္တရားပဲ။ အမတ်ချုပ်ကြီးက ငြင်းဆိုမှာလား။”

အမတ်ချုပ်ကြီးရှဲ့က ပြောသည်။ “ဧကရာဇ်က ကျွန်တော်မျိုးမိခင်ရဲ့ အလောင်းကို မီးထဲကနေ ကယ်တင်ခဲ့တာ၊ ကျွန်တော်မျိုး အလွန်ကျေးဇူးတင်လှပါတယ်။”

“ရပါတယ်။” နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။ “လုပ်သင့်တာကို လုပ်တာပါ၊ ကျွန်တော် ခင်ဗျားကို နောက်တစ်ကြိမ် ကူညီပေးလို့ ဘာမှမဖြစ်ပါဘူး။ ခင်ဗျားက လူသတ်သမားကို ရှာမတွေ့နိုင်ရင်တောင် ကျွန်တော်က ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ မဆိုလိုဘူးလေ၊ ဟုတ်တယ်မလား။”

နဉ်ရှောင်ယောင်းနှင့် စကားပြောရသည်မှာ အမတ်ချုပ်ကြီးရှဲ့ကို အမြဲတမ်း စိတ်ပင်ပန်းစေသည်။ ဒီလူက ပြောတာကို လုံးဝနားမထောင်ဘူးပဲ။

“သွားကြစို့။” နဉ်ရှောင်ယောင်းသည် ခြံဝင်းထဲမှ လူများကို ခေါ်လိုက်သည်။ “ကျွန်တော်တို့ သခင်မကြီးရဲ့ အခန်းကို သွားကြည့်ကြမယ်။ လူသတ်သမားရဲ့ သဲလွန်စတစ်ခုခု ရှိမလား ကြည့်ရမယ်။”

အမတ်ချုပ်ကြီး၏နောက်လိုက်များသည် နဉ်ရှောင်ယောင်း၏ ခေါ်ဆိုမှုကို မတုံ့ပြန်သော်လည်း အကြီးအကဲလီတို့သည် နဉ်ရှောင်ယောင်းနောက်မှ လိုက်ပါသွားကြသည်။ အမတ်ချုပ်ကြီး၏ နောက်လိုက်များသည်လည်း လိုက်ပါသွားရုံသာ တတ်နိုင်ပေသည်။ အချိန်ခဏကြာလျှင် နောက်ထပ်မည်သို့သော်ကိစ္စများဖြစ်လာပါစေ သူတို့ရှိနေလျှင် အနည်းဆုံးတော့ အမတ်ချုပ်ကြီးသည် တစ်ယောက်တည်း တိုက်ခိုက်နေရမည်မဟုတ်ပေ။

မင်းတို့...

မင်းတို့တွေ ဧကရာဇ်ကို အမတ်ချုပ်ကြီးအိမ်တော်ကို လာတိုက်ခိုက်တဲ့ရန်သူလို့တောင် သတ်မှတ်လိုက်ပြီလား။

***

All Chapters