အချဉ်သိပ်အိုးများ၏ လျှို့ဝှက်ချက်
Vol. 10 Ch. 152
"အဲ့ဒီလူခုနစ်ယောက်ကို ခင်ဗျား ဘယ်လိုလုပ်မှာလဲ။" ကြာပန်းဖြူလေးအကြောင်းကို မပြောတော့ဘဲ နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့အား ထိုတပ်မှူးခုနစ်ဦးကို မည်သို့မည်ပုံ လုပ်ဆောင်မည်ကို ထပ်မံ မေးမြန်းလိုက်၏။
"မင်း ဘယ်လိုလုပ်ချင်လဲ။" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းအား ပြန်လည်မေးမြန်းလိုက်သည်။
နဉ်ရှောင်ယောင်းသည် သူမ၏အကျင့်အတိုင်း မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် ထပ်မံ လုပ်လိုက်လေသည်။
"ဘာအကြံမှ မရှိဘူးလား။" လိုကျစ်ကွေ့က မေးလိုက်၏။
နဉ်ရှောင်ယောင်း "ကျွန်မ သူတို့လက်အောက်က စစ်သားတွေကို လိုချင်တာ။ ထမင်းဖိတ်ကျွေးလိုက်ရင် မရဘူးလား။"
ထမင်းတစ်နပ် ဖိတ်ကျွေးလိုက်ရုံဖြင့် ထိုစစ်သားများက သူမအတွက် အသက်စွန့်ပေးကြမှာတဲ့လား။ လိုကျစ်ကွေ့သည် မသိစိတ်ဖြင့် လူကို ဆူပူကြိမ်းမောင်းတော့မည် အပြု၊ သူ့ဘေးမှ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေသော မိန်းမငယ်၏ပုံစံလေးကို ကြည့်လိုက်မိသောအခါ လိုကျစ်ကွေ့သည် သူ့ပါးစပ်ဖျားသို့ ရောက်နေသော စကားများကို ပြန်လည် မျိုချလိုက်ရသည်။
"ကိုယ် ကြိုးစားကြည့်လိုက်မယ်။" စစ်သေနာပတိချုပ်က ဧကရာဇ်မင်း နဉ်ရှောင်ယောင်းအား ပြောလိုက်၏။ "ဒါပေမဲ့ အောင်မြင်ချင်မှ အောင်မြင်မှာနော်။"
"မအောင်မြင်လည်း အရေးမကြီးပါဘူး။" ဖုတ်ကောင်များကို ခုတ်သတ်ရသည့် ကိစ္စမှလွဲ၍ နဉ်ရှောင်ယောင်းသည် ယေဘုယျအားဖြင့် အခြားသူများကို ဖိအားပေးလေ့ မရှိပေ။ မျက်တောင်များကို ပုတ်ခတ်မနေတော့ဘဲ ရူးကြောင်ကြောင်နိုင်စွာ ပြုံးရယ်လိုက်ပြန်သည်။
"ကျွန်မနဲ့ မပေါင်းချင်ဘူးဆိုရင် သူတို့ကို အိမ်ပြန်ခိုင်းလိုက်ရုံပေါ့။"
ဤသည်မှာ အရောင်းအဝယ် မဖြစ်သော်လည်း မေတ္တာတရား ရှိနေသေးတယ်ပဲပြောရမလား။
လိုကျစ်ကွေ့သည် ဤတစ်ကြိမ်တွင် နဖူးကို ပွတ်သပ်သည့် အမူအရာကိုပင် ချန်လှပ်လိုက်ပြီး၊ နဉ်ရှောင်ယောင်းအား တိုက်ရိုက် ချော့မော့ကာ ပြောလိုက်သည်။
"ကောင်းပြီ၊ ကိုယ် သိပြီ။"
'ကိုယ် သိပြီ' နှင့် 'ကိုယ် သဘောတူလိုက်ပြီ' ဟူသည်မှာ မတူညီသောအဖြေနှစ်ခု ဖြစ်သော်လည်း နဉ်ရှောင်ယောင်းမှာမူ နားမလည်ခဲ့ပေ။ သူမသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဦးခေါင်းကို ပြတင်းပေါက်ထဲသို့ ပြန်ရွှေ့လိုက်ပြီး ခဏနေ ညစာဘာစားရမည်ကို စိတ်ထဲတွင် စတင်တွက်ချက်နေလေသည်။
လမ်းလေးဆုံကို ဖြတ်ကျော်၍ ဘယ်ဘက်သို့ ကွေ့လိုက်သောအခါ လိုကျစ်ကွေ့သည် ရှည်လျားသော လေချွန်သံတစ်ချက်ကို ကြားလိုက်ရသည်။ အသံလာရာသို့ လှမ်းကြည့်လိုက်ရာ ရုပ်ရည်မှာ လုံးဝ ထင်ပေါ်ခြင်းမရှိသော လောင်ဟန်သည် လမ်းဘေးရှိ ဆိုင်ခန်းတစ်ခု၏ ခေါင်မိုးအောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
"ကိုယ် ခဏသွားလိုက်ဦးမယ်၊ ချက်ချင်း ပြန်လာခဲ့မယ်။" လိုကျစ်ကွေ့သည် လှည်းထဲရှိ နဉ်ရှောင်ယောင်းအား နှုတ်ဆက်လိုက်ပြီး မြင်းကို ဒုန်းစိုင်းကာ ထွက်ခွာသွားလေသည်။
"အရှင်မင်းကြီး။" ယင်းဖုန်းသည် လိုကျစ်ကွေ့ ထွက်ခွာသွားသည်ကို မြင်ပြီး နဉ်ရှောင်ယောင်းမှာလည်း လှည်းထဲတွင် မလှုပ်မယှက် ထိုင်နေသဖြင့် ခေါ်လိုက်လေသည်။
"သာ့ဖုန်း၊ ဒီနေ့ည ငါတို့ ဘာစားကြမလဲ ပြောကြည့်ပါဦး။" နဉ်ရှောင်ယောင်းက လှည်းထဲမှ မေးလိုက်၏။
ယင်းဖုန်း ... အရှင်မင်းကြီးက စစ်သေနာပတိချုပ်လို ဘာလုပ်ဖို့ထွက်သွားလဲဆိုတာကို နည်းနည်းလေးတောင် စိတ်မဝင်စားဘူးလား။
.......
လိုကျစ်ကွေ့သည် လောင်ဟန်၏ ရှေ့သို့ ရောက်လာသည်နှင့် လောင်ဟန်က ရှေ့သို့ တိုးလာပြီး စစ်သေနာပတိချုပ်အတွက် မြင်းဇက်ကြိုးကို ဆွဲကိုင်ပေးရင်း၊ တိုးညှင်းစွာ ပြောလိုက်သည်။ "စစ်သေနာပတိချုပ်။"
လိုကျစ်ကွေ့သည် မြင်းပေါ်မှ ဆင်းလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။ "တော်ဝင်ကိုယ်ရံတော်တပ်ကို အရှေ့ဘက်လမ်းမကြီးဆီ ခေါ်သွားပြီးပြီလား။"
လောင်ဟန် "ဟုတ်ကဲ့။ အိမ်တော်ထဲက လူတွေက လောလောဆယ်တော့ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော်မျိုး ထင်တာတော့ သူတို့ အကြာကြီး သည်းခံနိုင်မှာ မဟုတ်ဘူး။"
"သိပြီ။ သူတို့ကို ဘယ်လို အပြစ်ပေးမလဲဆိုတာ ဒီည အဆုံးအဖြတ်ပဲ။ မင်းတို့ အရင်ဆုံး ထင်းနဲ့ ဆီကို ပြင်ဆင်ထားလိုက်။"
ထင်းနှင့် ဆီကို ပြင်ဆင်ရန်၊ ဤသည်မှာ မြို့တော်သို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာသော စစ်သားများကို မီးရှို့သတ်ဖြတ်သော နည်းပင်ဖြစ်သည်။ လောင်ဟန်သည် လိုကျစ်ကွေ့အား လျင်မြန်စွာ တစ်ချက် ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ကျွန်တော် အခုပဲ သွားလုပ်လိုက်ပါ့မယ်။"
"သွားတော့။" လိုကျစ်ကွေ့သည် လှည့်ကာ မြင်းပေါ်သို့ ပြန်တက်တော့မည် အပြုလောင်ဟန်က အလျင်အမြန် ပြောလိုက်သည်။ "စစ်သေနာပတိချုပ်၊ ဟို... သခင်မငယ်ဝမ်ဆိုတဲ့ မိန်းမကရော။"
"သူ့ကို ဂရုစိုက်စရာ မလိုတော့ဘူး။"
လိုကျစ်ကွေ့သည် မြင်းပေါ်သို့ တက်လိုက်ပြီး၊ လောင်ဟန်အား ကြည့်ကာ ပြောလိုက်သည်။ "မင်း အဲ့ဒီမိန်းမကို တစ်ခါမှ မမြင်ဖူးဘူး။"
"ဟုတ်ကဲ့။"
ခြေထောက်နှစ်ဖက်ဖြင့် စစ်မြင်း ရှောင်
ဟုန်၏ ဝမ်းဗိုက်ကို ရိုက်လိုက်ပြီးနောက် လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ ဝေါယျာဉ်တန်းနောက်သို့ လိုက်ပါသွားလေသည်။
လောင်ဟန်သည် တိတ်ဆိတ်စွာဖြင့် လိုကျစ်ကွေ့ သွားသော လမ်းကြောင်းနှင့် ဆန့်ကျင်ဘက် အရပ်သို့ လျှောက်လှမ်းသွားပြီး မကြာမီပင် လူအုပ်ထဲသို့ ရောနှောပျောက်ကွယ်သွားလေသည်။
လိုကျစ်ကွေ့သည် ရှေ့သို့ အဝေးကြီး မရောက်သေးမီတွင် ဝမ်မိသားစု ညီအစ်ကိုများ၏ မြည်းလှည်းများကို တွေ့လိုက်ရသည်။ လမ်းမပေါ်တွင် မြည်းလှည်းလေးစီး တန်းစီလျက်သွားနေပြီး အစေခံများက လမ်းဖွင့်ပေးလျက် အလွန် ထယ်ဝါခန့်ညားသော ပုံစံ ရှိနေ၏။
ဝမ်မိသားစုမှ အိမ်တော်ထိန်းတစ်ဦးသည် မြင်းပေါ်တွင် ထိုင်နေသော လိုကျစ်ကွေ့ကို မြင်လိုက်ရသောအခါ၊ သူ့ဘေးရှိ မြည်းလှည်းထဲမှ ဝမ်မိသားစု၏အမတ်ကြီး၊ ဒုတိယဝန်ကြီး ဝမ်ဖူရုံအား အလျင်အမြန် ပြောလိုက်သည်။ "အမတ်ချုပ်ကြီး၊ စစ်သေနာပတိချုပ်လိုက နောက်မှာပါ။"
"မြည်းလှည်း ရပ်။" ဝမ်ဖူရုံသည် ခဏတာ တွန့်ဆုတ်သွားပြီးနောက် အမိန့်ပေးလိုက်သည်။
ဝမ်မိသားစု၏ မြည်းလှည်းလေးစီး ရပ်တန့်သွား၏။
ဝမ်အမတ်ချုပ်ကြီး၏ နောက်မှ ညီအစ်ကို သုံးယောက်သည် မြည်းလှည်းပေါ်မှ ဆင်းလာကြပြီး၊ လိုကျစ်ကွေ့ မြင်းစီးလျက် သူတို့အစ်ကိုကြီး၏ မြည်းလှည်းဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"အစ်ကိုကြီးက ဒီကပ်ဆိုးကောင်နဲ့ ဘာပြောစရာ ရှိနေသေးလို့လဲ။" သခင်မငယ်ဝမ်၏ ဖခင်၊ ဝမ်အမတ်ကြီး ၃သည် ချက်ချင်း ဒေါသတကြီး ပြောလိုက်၏။
ဝမ်အမတ်ကြီး ၄သည် သူ့တတိယအစ်ကိုအား တစ်ချက် ဆွဲထားလိုက်ပြီး၊ ခပ်တိုးတိုးပြောလိုက်သည်။
"အရင် နားထောင်ကြည့်လိုက်ဦး။ ဒေါသပဲဦးအောင်ထွက်မနေနဲ့။"
ဝမ်အမတ်ကြီး ၂သည် တတိယညီအား မျက်စောင်းထိုးလိုက်သည်။ သူတို့ ဝမ်မိသားစုသည် ယခု ကံဆိုးမိုးမှောင် ကျနေချိန်တွင် ဤလူငယ်က အလိုက်မသိဘဲ၊ ဧကရာဇ်မင်း၏ ရှေ့မှောက်မှ ဤမျှ ဩဇာကြီးမားသူ လိုကျစ်ကွေ့အား စိတ်
အနှောင့်အယှက် ဖြစ်စေခြင်းသည် သူတို့ ဝမ်မိသားစုအတွက် ဘယ်လိုကောင်းကျိုးရှိမှာမလို့လဲ။
"စစ်သေနာပတိချုပ်။" ဝမ်ဖူရုံသည် မြည်းလှည်းပေါ်မှ မဆင်းဘဲ၊ မြည်းလှည်းထဲတွင် ထိုင်လျက် ပြောလိုက်သည်။ "ဒီနေ့ ကိစ္စက..."
"အမတ်ချုပ်ကြီးက အရှင်မင်းကြီးကို ပြောတယ်။" လိုကျစ်ကွေ့သည် ဝမ်ဖူရုံ၏စကားကို ဖြတ်ပြောလိုက်ပြီး ဆို၏။ "သခင်မကြီးကို သခင်မငယ်ဝမ်က သတ်လိုက်တာတဲ့။"
လိုကျစ်ကွေ့၏ စကားတစ်ခွန်းကြောင့် ဝမ်မိသားစု ညီအစ်ကိုများမှာ အသက်ရှူ မှားသွားမတတ် ဖြစ်သွားကြသည်။ ထိုမိန်းကလေးက သခင်မကြီးကို သတ်လိုက်တယ်ဟုတ်လား။ ရှဲ့ဝမ်ယွမ်သည် သူတို့ ဝမ်မိသားစု၏ သမီးများကို အိမ်ထဲတွင်ပင် အိုမင်း သေဆုံးသွားစေရန် တွန်းအားပေးနေတာလား။
"ဒါပေမဲ့ အရှင်မင်းကြီးက မယုံကြည်ခဲ့ဘူး။" လိုကျစ်ကွေ့က ထပ်မံ ပြောလိုက်သည်။ "ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ။"
"အမတ်ချုပ်ကြီးက အဲ့ဒီ ဆွေမျိုးဝေးခုနစ်ယောက်ကို ကာကွယ်ပေးချင်တာလား။" ဝမ်ဖူရုံက မေးလိုက်၏။
"အဲ့ဒီ ခုနစ်ယောက်က သိုင်းသမားတွေပဲ။" လိုကျစ်ကွေ့က အနည်းငယ် ပြုံးလိုက်ပြီး ဆို၏။ "မျိုးနွယ်စုဝင် ဟုတ်၊ မဟုတ် ဆိုတာကတော့၊ စစ်ဆေးပြီးမှ သိရမှာပေါ့။"
ဝမ်မိသားစု ညီအစ်ကိုများသည် လိုကျစ်ကွေ့၏စကားကို စဉ်းစားလိုက်ကြပြီး၊ ဝမ်ဖူရုံက ရုတ်တရက် ပြောလိုက်သည်။ "စစ်သေနာပတိချုပ်ရဲ့ ဆိုလိုရင်းကို နားထောင်ရတာ၊ အဲ့ဒီ လူခုနစ်ယောက်က တကယ့် တရားခံတွေ မဟုတ်ဘူးလား။"
ရှဲ့ဝမ်ယွမ်သည် မည်မျှပင် ယုတ်မာသည် ဖြစ်စေ၊ မည်မျှပင် အာဏာကို မက်မောသည် ဖြစ်စေ၊ ဤလူသည် သူ့အမေကို သတ်သည့် ရန်သူကို ကာကွယ်ပေးမည် မဟုတ်ပေ။
လိုကျစ်ကွေ့က "သခင်မကြီးကို ဘယ်သူသတ်သတ် ကျွန်တော် စိတ်မဝင်စားဘူး။ ရှဲ့မိသားစုရဲ့ ကိစ္စက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။"
ထို့နောက်လိုကျစ်ကွေ့က မြင်းစီး၍ ထွက်ခွါသွားခဲ့သည်။ ဝမ်ဖူရုံသည် မြည်းလှည်းထဲတွင် အချိန်အတော်ကြာ စကားမပြောဘဲ ထိုင်နေ၏။ သူ့ညီငယ်သုံးယောက်က မစောင့်နိုင်တော့ဘဲ၊ သူ့ကို တစ်ချက် အော်ခေါ်လိုက်မှ၊ ဝမ်အမတ်ကြီးက ပြောလိုက်သည်။ "သူ... သခင်မငယ်ဝမ်က ငါတို့နဲ့ မျက်နှာချင်း မဆိုင်တော့တာ မဆန်းတော့ပါဘူး။"
သခင်မငယ်ဝမ်၏ဖခင်က အလျင်အမြန် ပြောလိုက်သည်။ "အစ်ကိုကြီး၊ ခင်ဗျား လိုကျစ်ကွေ့ရဲ့ စကားကို ယုံလိုက်တာလား။"
"မင်း... သခင်မဝမ်က မင်းကို အော်ဟစ်ခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားကြည့်လိုက်။" ဝမ်ဖူရုံက ဆို၏။ "သူက ချွေ့ယွင်ဆိုတဲ့ ကောင်မလေးက သူ့ကို ဒုက္ခပေးတယ်လို့ ပြောခဲ့တယ်။"
"အမတ်ချုပ်ကြီးက သူ့ကို ဒီလို ပြောခိုင်းတာလား။" ဝမ်အမတ်ကြီး ၄က သံသယဖြင့် ပြောလိုက်သည်။ "ချွေ့ယွင်ဆိုတဲ့ ကောင်မလေးက သခင်မကြီးကို ဒုက္ခပေးရမယ့် ဘာအကြောင်းရင်း ရှိလို့လဲ။"
"သွားကြစို့။" ဝမ်ဖူရုံသည် မြည်းလှည်းထဲတွင် ထိုင်လျက်၊ တစ်ကိုယ်လုံး အားအင် ကုန်ခန်းစွာဖြင့် ပြောလိုက်သည်။ "နောက်ထပ် နှစ်ရက်လောက် စောင့်ကြည့်ကြတာပေါ့။"
ဆုံးဖြတ်ချက် မချနိုင်ပါက၊ ထပ်မံ၍ စောင့်ဆိုင်းကြည့်ရှုခြင်းက ပိုကောင်းသည်။ ဤသည်မှာ ဝမ်အမတ်ကြီး၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းပင် ဖြစ်၏။
.......
"မင်း ဝမ်မိသားစုကို သေလမ်းပေါ် တွန်းပို့လို့ မဖြစ်ဘူး။"
အမတ်ချုပ်ကြီးရှဲ့သည် ထိုအချိန်တွင် သခင်မဝမ်၏အခန်းထဲတွင် ထိုင်နေပြီး၊ သခင်မဝမ်အား ပြောလိုက်သည်။
"မင်း လူတွေရှေ့မှာ သခင်မငယ်ဝမ်ရဲ့ ကိစ္စကို ဖွင့်ချလိုက်တယ်။ မင်းက ဝမ်မိသားစုရဲ့ သားသမီးတွေကို နောင်တစ်ချိန်မှာ ဘယ်လို လက်ထပ် ထိမ်းမြားစေချင်တာလဲ။ အိမ်ထဲက အကြီးအကဲကို သတ်ဖြတ်ဖို့ ကြံစည်တဲ့ လူမျိုးကို မွေးထုတ်ခဲ့တဲ့ မိသားစုကို ဘယ်မျိုးရိုးကြီးမိသားစုက ဝမ်မိသားစုနဲ့ ဆက်ပြီး ဆက်ဆံချင်ဦးမှာလဲ။"
သခင်မဝမ်က မုန်းတီးစွာ ပြောလိုက်သည်။ "ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဒီ အောက်တန်းစားမ လုပ်ခဲ့တဲ့ ကိစ္စက... ကျွန်မ ဆိုလိုတာက၊ သခင်မကြီးရဲ့ သေဆုံးမှုအတွက် လက်စားမချေတော့ဘူးလား။"
"သူက ဖျားနာပြီး သေနိုင်တယ်။ ခြေချော်ပြီး ရေထဲ ကျသေနိုင်တယ်။ လောကကြီးမှာ သေနည်းတွေ ဒီလောက် အများကြီး ရှိတာ။ မင်းက သူ မသေမှာကို စိုးရိမ်နေတုန်းလား။"
အမတ်ချုပ်ကြီးရှဲ့က အေးစက်စွာ ပြောလိုက်သည်။
"ဝမ်မိသားစုရဲ့ နာမည် ဂုဏ်သတင်း ပျက်စီးသွားတာက၊ မင်းအတွက် ဘာအကျိုးကျေးဇူး ရှိလို့လဲ။ ဝမ်ရှီ... မင်း မမေ့လိုက်နဲ့၊ ဝမ်မိသားစုက အန်းယိတို့ရဲ့ မိခင် မျိုးနွယ်စုပဲ။"
သခင်မဝမ်သည် အမတ်ချုပ်ကြီးရှဲ့၏ ဤစကားများကို ကြားပြီးနောက် အမြဲတမ်း တုန်လှုပ်ခြောက်ခြားနေသော စိတ်သည် တည်ငြိမ်သွားလေသည်။ သခင်မငယ်ဝမ်သည် ဤသို့ ကြီးမားသော အပြစ်ကို ကျူးလွန်ခဲ့ရာ အမတ်ချုပ်ကြီးရှဲ့က သူမကို ကွာရှင်းပစ်လျှင်တောင်မှ ၎င်းမှာ ကျိုးကြောင်းဆီလျော်ပေသည်။ ဤသည်မှာလည်း သခင်မဝမ်က သခင်မငယ်ဝမ်အား သေစေလိုသော တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သည်။ သူမသည် သခင်မငယ်ဝမ်နှင့် အဆက်အသွယ် ဖြတ်တောက်ရန် လိုအပ်ပေသည်။
"ရက်အနည်းငယ် ကြာရင် မင်း ဝမ်မိသားစုကို တစ်ခေါက် ပြန်သွားလိုက်ဦး။" အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။
ယခုအချိန်သည် အရင်ကဲ့သို့ရှဲ့မိသားစု ခမ်းနားထည်ဝါချိန် မဟုတ်ပေ။ ဝမ်မိသားစုသည် မျိုးဆက်ပေါင်းများစွာ ဝန်ကြီးဌာနမှ ပေါက်ဖွားလာကြပြီး အရာရှိများ ခန့်အပ်ခြင်း၊ အပြစ်ပေးခြင်း၊ ဆုချီးမြှင့်ခြင်း အားလုံးသည် ဝန်ကြီးဌာနကို ဖြတ်သန်းရမည် ဖြစ်ရာ အမတ်ချုပ်ကြီးရှဲ့သည် ဝမ်မိသားစုနှင့် ဤအချိန်တွင် ရန်သူ မဖြစ်လိုပေ။
သခင်မဝမ်သည် အမတ်ချုပ်ကြီးရှဲ့အား တစ်ခွန်း ဖြေကြားလိုက်သည်။
"ဈာပနခန်းမကို သွားကြည့်လိုက်ဦး။" အမတ်ချုပ်ကြီးရှဲ့သည် ကိုယ်ကို မတ်လိုက်ပြီး၊ သခင်မငယ်ဝမ်က သခင်မကြီးကို သတ်ဖြတ်ခဲ့သည်ဟု တွေးတောမိကာ အမတ်ချုပ်ကြီးသည် ဝမ်မိသားစုမှ ပေါက်ဖွားလာသော သူ့ဇနီးအပေါ်တွင် ဘယ်လိုများချစ်ခင်စိတ်ရှိနိုင်ဦးပါ့မလဲ။ သို့သော် ယခု ရာထူးလမ်းခရီး မချောမွေ့သဖြင့် အိမ်တွင်းရေး မညီညွတ်မှုကို ထပ်မံ ဖြစ်ပွားစေရန် အခြေအနေ မရှိတော့ပေ။
သခင်မကြီး၏ဘေးမှ အဖွားကြီးတစ်ဦးအား အိမ်တော်ထိန်းက သခင်မဝမ်၏ ခြံဝန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
အမတ်ချုပ်ကြီးရှဲ့သည် ဤအဖွားကြီးကို မြင်သည်နှင့် ပြောလိုက်သည်။
"မင်းတို့ သခင်မကြီး အခန်းထဲက ပစ္စည်းတွေကို အကုန် သိမ်းဆည်းလိုက်။ စာရင်းကိုင်ကို မင်းကို ကူညီပြီး စာရင်းစာအုပ် လုပ်ခိုင်းလိုက်။ ပြီးရင်သခင်မဆီကို လာပေးလိုက်။"
အဖွားကြီးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ 'ဟုတ်ကဲ့' ဟု ဖြေကြားပြီး၊ အမတ်ချုပ်ကြီးရှဲ့အား ပြောလိုက်သည်။ "အမတ်ချုပ်ကြီး၊ သခင်မကြီးက မကွယ်လွန်ခင်က မှာကြားခဲ့ဖူးပါတယ်။ သူမ ကွယ်လွန်ပြီးနောက်မှာ သူမရဲ့ ပစ္စည်းတွေကို အမတ်ချုပ်ကြီးကပဲ ဆုံးဖြတ် စီမံခန့်ခွဲရမယ်တဲ့။"
"အင်း။" အမတ်ချုပ်ကြီးရှဲ့က ခေါင်းညိတ်လိုက်သည်။
အဖွားကြီးက ထပ်မံ ပြောလိုက်သည်။ "သခင်မကြီးရဲ့ တင်တောင်းပစ္စည်းတွေ အမတ်ချုပ်ကြီးနဲ့ သခင်လေးတွေက သူမကို ဂါရဝပြုတဲ့အနေနဲ့ ပေးထားတဲ့ ပစ္စည်းကောင်းတွေကို သခင်မကြီးက သူမရဲ့ အချဉ်သိပ်အိုးတွေထဲမှာ ထည့်ထားခဲ့တယ်။"
အမတ်ချုပ်ကြီးရှဲ့၏နားများ အူသွားပြီး၊ "မင်း ဘာပြောလိုက်တာ။"
........
ဤအချိန်တွင် ထိုက်ဟွာခန်းမအတွင်း၌၊
ယင်းဖုန်းသည် အလွန် လျှို့ဝှက်ဆန်းကြယ်စွာဖြင့် နဉ်ရှောင်ယောင်းအား သူတို့ ရှဲ့အိမ်တော်မှ ထမ်းထုတ်လာသော အချဉ်သိပ်အိုးများကို လာရောက် ကြည့်ရှုရန် ခေါ်ဆောင်လာခဲ့သည်။
နဉ်ရှောင်ယောင်းသည် လက်များကို ပွတ်သပ်လျက် အိုးများကို ဖွင့်ကာ အချဉ်သိပ်၏အရသာကို မြည်းစမ်းကြည့်ရန် ပြင်ဆင်နေ၏။
ယင်းဖုန်းကမူ၊ "အရှင်မင်းကြီး၊ အချဉ်သိပ်က နှစ်အိုးပဲ ရှိတယ်။"
"အာ။" နဉ်ရှောင်ယောင်းက ဆို၏။ "ဒါဆို တခြားအိုးတွေထဲမှာရော။ အသားခြောက်လား။"
ယင်းဖုန်းက ခေါင်းခါလိုက်သည်။
"အိုး၊ ဒါဆို ငါးခြောက်လား။" နဉ်ရှောင်ယောင်းက ထပ်မံ ခန့်မှန်းလိုက်၏။
ယင်းဖုန်းက ခေါင်းခါဆဲ ဖြစ်သည်။
အငန်သိပ်ထားသော အစားအစာများအပေါ် အသိပညာသည် အချဉ်သိပ်၊ အသားခြောက်၊ ငါးခြောက်တို့တွင်သာ ကန့်သတ်ထားသော နဉ်ရှောင်ယောင်းသည် ဆက်လက် မခန့်မှန်းနိုင်တော့ဘဲ၊ နှုတ်ခမ်းများကို မဲ့ကာ ပြောလိုက်သည်။ "မဟုတ်မှလွဲရော တခြားအိုးတွေက အလွတ်တွေချည်းပဲလား။"
ကောင်းပြီလေ၊ နဉ်ရှောင်ယောင်း မိမိကိုယ်မိမိ နှစ်သိမ့်လိုက်သည်။ အိုးအလွတ်များသည်လည်း ငွေအနည်းငယ် ရလောက်ပေသည်။
ယင်းဖုန်းသည် တစ်ဝက်ထိုင်ချလိုက်ပြီး အချဉ်သိပ်အိုးတစ်လုံး၏ အဖုံးကို ဖွင့်လိုက်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဘယ်လိုပြောရမလဲ မသိဘူး။ အရှင်မင်းကြီး ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ။"
နဉ်ရှောင်ယောင်းသည် ခေါင်းငုံ့ကာ အိုးထဲသို့ ကြည့်လိုက်ရာ မျက်လုံးအပြည့် စိမ်းတောက်သွားစေပြီး နဉ်ရှောင်ယောင်း၏ ပါးစပ်သည် တစ်ခဏအတွင်း ထပ်မံ၍ မဟနိုင်လောက်အောင် အကျယ်ကြီးဟသွားလေသည်။
ယင်းဖုန်းသည် မျက်နှာကို တစ်ချက်ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။ "အရှင်မင်းကြီး၊ ရှဲ့မိသားစုက သခင်မကြီးက တန်ဖိုးကြီး ပစ္စည်းတွေကို အချဉ်သိပ်အိုးထဲမှာ ထည့်ထားရတာကို သဘောကျလို့လား။"
"မ... မသိဘူးလေ။" နဉ်ရှောင်ယောင်းသည် အိပ်မက်ထဲ လမ်းလျှောက်နေသူတစ်ဦးပမာ၊ ယင်းဖုန်းတို့ အဖွဲ့က အခန်းထဲတွင် ချထားသော အချဉ်သိပ်အိုးများအားလုံးကို ဖွင့်လိုက်ရာ၊ ထို့နောက် အခန်းတစ်ခန်းလုံးသည် ရတနာသိုလှောင်ခန်းတစ်ခု ဖြစ်သွားလေသည်။
နဉ်ရှောင်ယောင်းသည် မိမိကိုယ်မိမိ တစ်ချက် ဆွဲလိမ်လိုက်ပြီး၊ ယင်းဖုန်းကိုလည်း တစ်ချက် ဆွဲလိမ်လိုက်ကာ ပြောလိုက်သည်။ "ငါ အိပ်မက် မက်နေတာ မဟုတ်ဘူးမလား။"
ယင်းဖုန်းက၊ "အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဒီအိုးကို မတုန်းက အလေးချိန် မမှန်ဘူးလို့ ခံစားမိတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက ကျွန်တော်မျိုး မပြောရဲခဲ့လို့။"
နဉ်ရှောင်ယောင်းသည် ရှေ့သို့ တစ်ချက် လွှားခနဲ ခုန်တက်လိုက်ပြီး ယင်းဖုန်း၏ကိုယ်ပေါ်သို့ ရောက်သွားကာ ကျယ်လောင်စွာ ပြောလိုက်သည်။
"သာ့ဖုန်း၊ မင်း ဘယ်လိုတောင် ဒီလောက် ဉာဏ်ကောင်းရတာလဲ။ ငါ မင်းကို ချစ်လို့ သေတော့မယ်။"
ယင်းဖုန်းသည် သူ့လက်နှစ်ဖက်ကို နောက်သို့ အလျင်အမြန် ပို့လိုက်ပြီး၊ သူ့အပေါ် မျောက်တစ်ကောင်လို တွယ်ကပ်နေသော နဉ်ရှောင်ယောင်းကို ထိန်းကိုင်ထားလိုက်ရသည်။
နဉ်ရှောင်ယောင်းသည် ခေါင်းငုံ့ကာ ယင်းဖုန်းကို နမ်းရှိုက်တော့မည် အပြု၊ ဤသို့ စိတ်လှုပ်ရှားဖွယ် ကောင်းသော အချိန်တွင်၊ ဘယ်လိုလုပ်မနမ်းဘဲနေမှာလဲ။
လိုကျစ်ကွေ့သည် ဤအချိန်တွင်ပင်၊ တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ လျှောက်လှမ်း ဝင်ရောက်လာခဲ့သည်။
အခန်းတစ်ခန်းလုံး ရတနာများ၏ အလင်းရောင်များဖြင့် တောက်ပနေ၏။
ထို့နောက် သခင်မလေးနဉ်သည် ယင်းဖုန်း၏ ကျောပေါ်တွင် မျောက်တစ်ကောင်လို တွယ်ကပ်နေပြီး၊ ယင်းဖုန်း၏ လက်နှစ်ဖက်သည် နောက်သို့ ပို့ထားလျက်၊ သခင်မလေးနဉ်၏တင်ပါးကို ထိန်းကိုင်ထား၏။
လိုကျစ်ကွေ့သည် ခြေလှမ်း နှစ်လှမ်း လှမ်းလိုက်သည်နှင့် ယင်းဖုန်း၏ရှေ့မှောက်သို့ ရောက်ရှိသွားပြီး၊ လက်လှမ်းကာ နဉ်ရှောင်ယောင်းကို ယင်းဖုန်း၏ကိုယ်ပေါ်မှ ဆွဲဖြုတ်ချလိုက်လေသည်။
စစ်သေနာပတိချုပ်လိုသည် အမှန်တကယ် အားဖြင့်ဆွဲဖြုတ်လိုက်ခြင်း ဖြစ်သည်။ ရတနာများ၏ အလင်းရောင် အစရှိသည်တို့ကို စစ်သေနာပတိချုပ်လို မမြင်တွေ့နိုင်ပေ။ ဤအချိန်တွင် စစ်သေနာပတိချုပ်၏ဦးနှောက်ထဲတွင် ပြည့်နှက်နေသည်မှာ ခုနက သူ့လက်ထဲမှ ဤမိန်းကလေးအား ယင်းဖုန်းက ကျောပိုးထားသော ပုံစံသာ ဖြစ်သည်။ "မင်း..." မျက်နှာ မည်းမှောင်သွားသော လိုကျစ်ကွေ့က ဒေါသတကြီး ပြောလိုက်၏။
"မွမွ~"
ဝမ်းမြောက်ပျော်ရွှင်နေသော နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ မျက်နှာပေါ်သို့ တစ်ချက် နမ်းရှိုက်လိုက်ပြီး၊ ရယ်မောကာ ပြောလိုက်သည်။ "ဟားဟားဟား၊ စစ်သေနာပတိချုပ် ကြည့်ပါဦး၊ ကျွန်မတို့ ချမ်းသာပြန်ပြီနော်။"
လိုကျစ်ကွေ့၏ ဒေါသမီးသည် တစ်ခဏအတွင်း ထပ်မံ ပျောက်ကွယ်သွားလေသည်။
ယင်းဖုန်းသည် တောင့်တင်းစွာ ရပ်နေမိသည်။ ဘယ်လိုကြောင့် အရှင်မင်းကြီးက စစ်သေနာပတိချုပ်ကို နမ်းရပြန်တာလဲ။
"ဟားဟား။" နဉ်ရှောင်ယောင်းသည် သူမ၏ အချဉ်သိပ်အိုးများ ကြားထဲတွင် ခုန်ပေါက်ပြေးလွှားနေသည်၊ ချမ်းသာပြီ၊ သူမ တကယ်ကြီး ထပ်ပြီးချမ်းသာပြန်ပြီ။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း နမ်းရှိုက်သွားသော နေရာကို ပွတ်သပ်လိုက်ပြီး၊ ခေါင်းလှည့်ကာ ယင်းဖုန်းအား မေးလိုက်သည်။ "ဒါက ဘယ်လို ဖြစ်တာလဲ။"
တပ်မှူးကြီးယင်းသည် အလွန် တွေဝေစွာဖြင့် ခေါင်းခါလိုက်သည်၊ သူ တကယ်ဘာကိုမှ မသိတော့ပေ...။
***