နံပါတ်တစ် ဆေးပညာရှင် နတ်ဧကရာဇ်က ဒီနေ့ လုံးဝ စိတ်ဒဏ်ရာရသွားပြီ
Vol. 27 Ch. 402
အခန်း (၄၀၂) : နံပါတ်တစ် ဆေးပညာရှင် နတ်ဧကရာဇ်က ဒီနေ့ လုံးဝ စိတ်ဒဏ်ရာရသွားပြီ
ရှန်ထျန်းက ဂူဗိမာန်ထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူ့မျက်လုံးထဲတွင် ရွှေရောင်အလင်းရောင် တောက်ပနေပြီး လက်ထဲတွင် ရှေးဟောင်းဆေးဖော်စပ်နည်းကို ကိုင်ဆောင်ထားသည်။
မွေးရာပါ ကောင်းကင်တာအိုမျက်လုံးက ဆေးဖော်စပ်ပုံကို အာရုံစိုက်ထားကာ ပုံရိပ်ယောင်များကို ဖြတ်မြင်နေရပြီး ဆေးဖော်စပ်ပုံ၏ ဆန်းကြယ်မှု အားလုံးကို နားလည်သွားသည်။
ယခု ရှန်ထျန်းက ပြိုင်ဘက်ကင်းဆေးလုံးဖြစ်သည့် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်ဖို့ ပြင်ဆင်နေသည်မှာ ထင်ရှားလှသည်။
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ပြောစကားအရ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက ရှေးပဝေဏီခေတ်ကတည်းက တည်ရှိခဲ့ပြီး ရှေးခေတ်အခါက အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးမှ ဖန်တီးခဲ့သည်ဟု သိရသည်။
ရှေးပဝေဏီကတည်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက ဤကမ္ဘာပေါ်တွင် ပြန်လည်ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ပဒုမ္မာကြာ နတ်ဧကရာဇ်သာ ဤဆေးဖော်စပ်ပုံကို မပိုင်ဆိုင်ထားပါက ထိုသတင်းကို အတုအယောင်ဟု အားလုံးက ထင်ကြလိမ့်မည်။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက ဖော်စပ်ဖို့အတွက် လိုအပ်ချက်များက အရမ်းပြင်းထန်လွန်းလှသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက နံပါတ်တစ် ဆေးပညာရှင် နတ်ဧကရာဇ်ပင် မဖော်စပ်နိုင်သည့်အတွက် သေမျိုးလောကရှိ အခြားလူများကိုတော့ ထည့်ပြောစရာပင် မလိုတော့ပေ။
သို့သော် ဤ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက ဆန်းကြယ်သော အကျိုးသက်ရောက်မှုများကို ပိုင်ဆိုင်ထားသည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးက ကောင်းကင်ဘုံကို ကိုယ်စားပြုပြီး တစ်စုံတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်ဆိုသော ကောလဟာလမျိုး ရှိခဲ့သည်။ ထိုအရာက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ ကံကောင်းမှုကို ဖမ်းဆုပ်ထားကာ နေနှင့်လတို့၏ ဆန်းကြယ်မှုများထဲသို့ ကျူးကျော်နိုင်သည်။ ကောင်းကင်တာအိုပင် ထိုအရာကို ဤလောကမှာ တည်ရှိဖို့အတွက် ခွင့်မပြုခဲ့ပေ။
ထိုအရာ၏ လုပ်ဆောင်ချက်က ကျင့်ကြံသူ၏ ခန္ဓာတည်ဆောက်ပုံနှင့် ပင်ကိုယ်စွမ်းရည်ကို တိုးတက်စေဖို့အတွက် အရာအားလုံးကို လျစ်လျူရှုပစ်နိုင်သည်။ ထိုအရာက ကျင့်ကြံသူ၏ အမှားများကို ပြင်ဆင်ပေးကာ ပြီးပြည့်စုံသော ခန္ဓာတည်ဆောက်ပုံကို ဖွဲ့စည်းပေးသည်။
ကျင့်ကြံသူ၏ အရိုးရင်းနှင့် နားလည်နိုင်စွမ်းက အသေသတ်မှတ်ထားသည့်အရာဖြစ်သည့်အတွက် တိုးတက်အောင် လုပ်ဖို့အတွက် ခက်ခဲလှသည်။
ကျင့်ကြံသူ၏ ခန္ဓာတည်ဆောက်ပုံနှင့် နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးသည့် အဖိုးတန် ဆေးလုံးများအားလုံးကို ရှားပါးသော ရတနာများအဖြစ် သတ်မှတ်ထားသည်။
ထို့အပြင် ကျင့်ကြံသူ၏ ကျင့်ကြံဆင့်မြင့်လေလေ သူ၏ အုတ်မြစ်နှင့် နားလည်နိုင်စွမ်းတိုးပွားဖို့အတွက် ခက်လေလေ ဖြစ်သည်။
အဆောက်အအုံတစ်ခုကို တည်ဆောက်ပြီးသွားသည့်အခါ အုတ်မြစ်ကို တောင့်တင်းခိုင်မာအောင် လုပ်ဖို့အတွက် ပိုမိုခက်ခဲတတ်သည်။
သို့သော် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးတွင် ထိုကဲ့သို့သော ကန့်သတ်ချက်မျိုးမရှိပေ။ ထိုအရာက အတိဒုက္ခလွန် ဖြတ်ကျော်ခြင်း ကျင့်ကြံသူ၏ အရည်အချင်းကိုပင် များစွာတိုးမြှင့်ပေးနိုင်သည်။
ကျင့်ကြံသူ၏ ကျင့်ကြံဆင့်က ဆေးလုံး အာနိသင်အပေါ် အကျိုးသက်ရောက်မှု မရှိပေ။
ထိုအရာက ဆေးလုံး၏ ကြောက်မက်ဖွယ်ရာကောင်းသော လက္ခဏာတစ်ခု ဖြစ်သည်။ နယ်မြေငါးခုရှိ အဖိုးတန် ဝိညာဉ်ဆေးလုံးအများစုနှင့် ထိတ်လန့်စရာကောင်းသော ဆေးများကပင် အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့် အထက်ရှိ ကျင့်ကြံသူများ၏ အရည်အချင်းကို မြှင့်တင်ပေးနိုင်သည်က ရှားပါးသည်။ အများဆုံးအနေဖြင့် သူတို့၏ ကျင့်စဉ်ကို ဖြည်းဖြည်းချင်း မြှင့်တင်ဖို့သာ တတ်နိုင်သည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံး မွေးရာပါ ချို့တဲ့မှုများကို ပြန်လည်ပြင်ဆင်ပေးပြီး ပြီးပြည့်စုံအောင် လုပ်ဆောင်ပေးသည်။
ကောင်းကင်ကို ဖီဆန်ပြီး ကျင့်ကြံသူ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်အောင် လုပ်ဆောင်ပေးသည်ဟု ပြောလျှင်ပင် အပိုပြောရာမကျပေ။
“ ဒီဆေးလုံးက ဘာတွေများ ဒီလောက်ထူးခြားလဲဆိုတာကို သိချင်လှပြီ”
ရှန်ထျန်း၏ မျက်လုံးထဲရှိ အလင်းက ပိုမိုတောက်ပလာသည်။ မွေးရာပါ ကောင်းကင်တာအို မျက်လုံးများကြောင့် ရှေးပဝေဏီခေတ်မှ ဆေးဖော်စပ်နည်းကိုပင် အလွယ်တကူ နားလည်သွားသည်။
ရှန်ထျန်း၏ နောက်တွင် များပြားသော ပုံရိပ်သဏ္ဌာန်များ ရုတ်တရက် ထွက်ပေါ်လာကာ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားက ရောင်ပြန်ဟပ်နေသည်။
နန်မင်လီမီးတောက်က ထိုးဖောက်ထွက်လာပြီး မီးတောက်ကြီးအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားလိုက်သည်။
မီးပြင်ကြီးအောက်တွင် ရွှေရောင်နေဆယ်စင်းထွက်ပေါ်လာသည်။
နေမီးလျှံအစစ်က အားအပြည့်ဖြင့် ထွက်လာကာ နေဆယ်စင်းက ကောင်းကင်ကို ဖုံးလွှမ်းသွားသည့်အတွက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အဆုံးမဲ့ပူလောင်နေသော နေမင်းအောက်တွင် လွှမ်းခြုံထားသည်။
ထိုအရာတင်မကသေးပဲ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲမှ အနီရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။
အနီရောင်ဇာမဏီပုံရိပ်က တောင်ပံကို ဖြန့်သန်းကာ ကောင်းကင်သို့ ပျံသန်းသွားပြီး ကောင်းကင်ကိုးခုကို ဖြတ်သန်းသွားကာ ပေတစ်ထောင် ကျယ်ပြန့်သော ဇာမဏီပုံရိပ်ကို ထုတ်ဖော်လိုက်သည်။
ယခင်တိုက်ပွဲတွင် ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲရှိ ဖျက်စီးခြင်းမဲ့ အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်က ပိုမိုကြီးထွားလာကာ တခြားသော ထူးခြားမီးတောက် နှစ်မျိုးထက် သိပ်ပြီး အားမနည်းတော့ပေ။
တစ်ချိန်ထဲမှာ မီးတောက်သုံးခု ထွက်ပေါ်လာပြီး ရှန်ထျန်း၏ အနောက်ဘက်ရှိ အာကာပြင်ကို လောင်ကျွမ်းကာ ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲလိုက်ပြီး အဆုံးမဲ့ မီးပိုင်နက်ကို တည်ဆောက်လိုက်သည်။
“ သိပ်သည်းစေခြင်း” ရှန်ထျန်းက အော်ကာ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။
ချက်ချင်း မီးတောက်သုံးခု ထွက်ပေါ်လာသည်။
တောက်ပသော မီးတောက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အဆုံးမဲ့မီးတောက်များထဲသို့ ကျသွားစေသည်။ ထူးခြားမီးတောက်သုံးခုက လေဟာနယ်ကိုပင် လောင်ကျွမ်းသွားပြီး ကြောက်စရာကောင်းသော အနက်ရောင် လေဟာနယ်ကိုပင် ဖော်ထုတ်နေသည်။
သို့သော် အမှောင်ထုထဲတွင် မီးတောက်သုံးခုမြင့်တက်လာပြီး အမှောင်ထုကို ဖြိုခွင်းကာ ပတ်ဝန်းကျင်ကို လင်းလက်သွားစေသည်။
ရှန်ထျန်း၏ ထိန်းချုပ်မှုအောက်တွင် မီးတောက်သုံးခုက အချင်းချင်း ရစ်ပတ်ကာ ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။
မီးတောက်များမှ ကြောက်စရာကောင်းသော အရှိန်အဝါက ကောင်းကင်အသျှင် တစ်ယောက်ကိုပင် ပြာပုံဖြစ်သွားအောင် လောင်ကျွမ်းပြာချပစ်ဖို့ လုံလောက်သည်။
အဆုံးသတ်တွင် အရာအားလုံး တည်ငြိမ်သွားသည်။
သုံးရောင်ခြယ်မီးတောက်က လေထဲတွင် အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ထိုအရာက သာမန်နှင့် တူသော်လည်း ဝိဇ္ဇာများကိုပင် တုန်လှုပ်သွားစေနိုင်သည့် အရှိန်အဝါတစ်ခု ပါဝင်သည်။
သို့သော် ထိုအရာက အဆုံးသတ်နှင့် ဝေးကွာလှသည်။ ထိုသုံးရောင်ခြယ် မီးတောက် တစ်ခုတည်းဖြင့် မလုံလောက်သေးပေ။
သူသာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်ချင်ပါက ရှုပ်ထွေးပွေလီ အငွေ့အသက်စွန်းထင်းနေသော အထွတ်အထိပ်အဆင့် အံ့ဖွယ်မီးတောက်ကို အသုံးပြုရမည်ဖြစ်သည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်မှ ရှန်သန်နေသော ရှေးဦး ရှုပ်ထွေးပွေလီ စွမ်းအင်က သူကို ပတ်လည်ဝန်းရံထားပြီး မြူခိုးဝေနေသော မြင်ကွင်းတစ်ခုကို ဖန်တီးထားသည်။
ထိုအချိန်တွင် ရှန်ထျန်း၏ ခန္ဓာကိုယ်က တောက်ပလာကာ အလင်းဖောက်နိုင်လာသည်။ သူ့ ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းတန်းကို လွှတ်ထုတ်နေပြီး သိပ်သည်းသော ရောင်စုံအလင်းတန်းက လေထဲသို့ ရောက်ရှိသွားသည်။
မွေးရာပါ ရှုပ်ထွေးပွေလီ ခန္ဓာ၏ ထိန်းချုပ်မှုအောက်တွင် ပြင်းထန်သော ရှုပ်ထွေးပွေလီ အငွေ့အသက်က အင်မတန်ယဉ်းပါးသော သူ အလွယ်တကူ ထိန်းချုပ်လို့ရနေသည်။
ရှန်ထျန်း၏ လက်ဟန်များ တစ်ဖန်ပြန်လည် ပြောင်းသွားပြန်သည်။
သူ၏ ခန္ဓာကိုယ်မျက်နှာပြင်မှ ထွက်ပေါ်လာသော ရှုပ်ထွေးပွေလီ အငွေ့အသက်က ငွေဖြူရောင် ရေတံခွန်အဖြစ်သို့ ပြောင်းလဲသွားကာ သုံးရောင်ခြယ် မီးတောက်ဆီသို့ ဦးတည်သွားနေသည်။
ဝုန်း…
ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်သွားသည်။
ပြင်းထန်သော မီးတောက်ဖြစ်သည့် သုံးရောင်ခြယ် မီးတောက်က ရှုပ်ထွေးပွေလီ အငွေ့အသက်နှင့် ပေါင်းစည်းသွားကာ ထိတ်လန့်စရာကောင်းသော အဖြစ်အပျက်တစ်ခုကို ဖန်တီးလိုက်သည်။
သုံးရောင်ခြယ်မီးတောက်၏ အပြင်ဘက်တွင် ရှုပ်ထွေးပွေလီ အငွေ့အသက်က မီးတောက်များကို ဝါးမျိုမည့် ပါးစပ်ကြီးတစ်ခုလိုမျိုး ဖြစ်နေသည်။
ပြင်းထန်သောစွမ်းအင်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖြတ်တိုက်သွားကာ ကြီးမားသော အာကာပြင်ကိုပင် တစ်စစီ ဖြစ်သွားစေသည်။ အင်မတန် ပြင်းထန်သော အားနှစ်ခုဖြစ်သည့်အတွက် သူတို့၏ ပေါင်းစပ်မှုက ကောင်းကင်ကိုပင် တစ်စစီ ဖြစ်သွားစေနိုင်သည်။
“ ဖိထားလိုက်”
ရှန်ထျန်းက အော်ဟစ်ကာ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို မီးတောက်သုံးခုနှင့် ပေါင်းစပ်နိုင်အောင် ထိန်းချုပ်ထားသည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်က သုံးရောင်ခြယ်မီးတောက်ကို လွှမ်းခြုံသွားပြီးနောက် ပေါင်းစပ်သွားသည်။
နောက်ဆုံးတွင် ပြိုင်ဘက်ကင်း မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။
သုံးရောင်ခြယ် မီးတောက်ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီမျက်နှာပြင်ပေါ်မှာ ငွေဖြူရောင်အလွှာလေးတစ်ခု ရှိနေပြီ။ ကြည့်ရတာ အရမ်းမှော်ဆန်တာပဲ
သို့သော် အသစ်ထွက်ပေါ်လာသော မီးတောက်၏ အရှိန်အဝါက ယခင်ကထက် ပိုမိုထိတ်လန့်စရာကောင်းလှသည်။ ထိုမီးတောက်နှင့် ထိတွေ့မိပါက အားနည်းသော ဝိဇ္ဇာများအနေဖြင့် ပြာအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
“ နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ”
ရှန်ထျန်းက သူ့ စွမ်းအားကို ရုတ်သိမ်းကာ သက်ပြင်းအရှည်ကြီးချလိုက်သည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ထူးခြားမီးတောက်များနှင့် ပေါင်းစပ်ပြီး ရှုပ်ထွေးပွေလီ ထူးခြားမီးတောက် ဖန်တီးခြင်းက ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ပေ။ ထိတ်လန့်စရာကောင်းသော အရာတစ်ခုက ပုန်းကွယ်နေသည်။ နည်းနည်းလောက် သတိလက်လွတ်ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ထူးခြားမီးတောက်များ သို့မဟုတ် ရှုပ်ထွေးပွေလီ အငွေ့အသက်ကို တစ်ခုခုဖြစ်သွားစေနိုင်ပြီး ကြောက်စရာကောင်းသော ကံဆိုးမှုနှင့် ရင်ဆိုင်ရနိုင်သည်။
အရာအားလုံးကို ညီမျှအောင် လုပ်ခြင်းကသာ သူ့ကို ဤစွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်အောင် လုပ်ပေးလိမ့်မည် ဖြစ်သည်။
ကျေးဇူးတင်စရာကောင်းစွာဖြင့် ရှန်ထျန်းတွင် သန်မာသော အခြေခံအုတ်မြစ်ရှိနေပြီး သူ၏ မွေးရာပါ ရှုပ်ထွေးပွေလီခန္ဓာဖြင့် ရှုပ်ထွေးပွေလီ အငွေ့အသက်ကို အပြည့်အဝ ထိန်းချုပ်လို့ရနိုင်သည်။
ရှုပ်ထွေးပွေလီ မီးစာကျမ်းကို အသုံးပြုကာ ထူးခြားမီးတောက်သုံးခု၏ စွမ်းအားများကို ထိန်းချုပ်ပြီး ရှေးဦး ရှုပ်ထွေးပွေလီ အငွေ့အသက်ကို သုံးရောင်ခြယ်မီးတောက်နှင့် ပေါင်းစပ်ကာ ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်ကို ထုတ်လွှတ်နိုင်ခဲ့သည်။
“ ဒီကောင်စုတ်လေးက တကယ်ကို လုပ်နိုင်ခဲ့တာပဲ”
ပဒုမ္မာကြာ နတ်ဧကရာဇ်က လုံးဝ အကြည့်မလွှဲချင်လောက်အောင် ရှန်ထျန်း၏ ရှေ့ရှိ သုံးရောင်ခြယ် ရှုပ်ထွေးပွေလီ မီးတောက်ကို စိုက်ကြည့်ကာ ခန္ဓာကိုယ်က တုန်လှုပ်နေသည်။
နံပါတ်တစ် ဆေးပညာရှင်နတ်ဧကရာဇ် တစ်ပါးအနေဖြင့် ဒီမီးတောက်က ဘာကိုဆိုလိုလဲဆိုတာကို မသိနိုင်စရာအကြောင်းမှ မရှိတာ
ဤမီးတောက်၏ စွမ်းအားက အကန့်အသတ်မဲ့သည်။ ထိုအရာက ဝိညာဉ်ဆေးပင်များကို ချက်ချင်း အဆီအနှစ်များအဖြစ် ပျော်ဝင်သွားစေသည်။ ထိုအရာက ဆေးဖော်စပ်သည့်အချိန်ကို လျှော့ချပေးရုံသာမက မသန့်စင်သော အရာအားလုံးကို လောင်ကျွမ်းသွားစေပြီး ဝိညာဉ်ဆေးလုံး၏ သန့်စင်မှုကို မြှင့်တင်ပေးသည်။
ဒီထက်ပိုပြီးအရေးကြီးသည်က ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်က ဆေးလုံးကို ရှုပ်ထွေးပွေလီ ဝိညာဉ်စွမ်းအင် အရိပ်အမြွက်ကို ရရှိသွားစေသည်။
ထိုအရာက ဆေးလုံးကို သောက်သုံးလိုက်သော ကျင့်ကြံသူကို ကောင်းကင်အား ဆန့်ကျင်ပြီး သူတို့၏ ကံကြမ္မာကို ပြောင်းလဲကာ ပင်ကိုယ်စွမ်းရည်ကို မြှင့်တင်လို့ရသည်။
ထိုမီးတောက်က ဆေးပညာရှင်အားလုံး၏ အိပ်မက် ဖြစ်သည်။
ပဒုမ္မာကြာ နတ်ဧကရာဇ်က အတွေ့အကြုံရှိပြီး ဗဟုသုတများသော်လည်း သုံးရောင်ခြယ် ရှုပ်ထွေးပွေလီ မီးတောက်ကို မြင်သည့်အချိန်တွင် သူအကြည့်ထဲ၌ အားကျမှုတို့ဖြင့် ပြည့်နှက်နေသေးသည်။ သူ့ဆီမှာသာ ဒီလိုမျိုး မီးတောက်ရှိပါက သူ၏ ဆေးပညာရပ်သည်လည်း နောက်ထပ် တစ်ဆင့်မြင့်တက်သွားမည် ဖြစ်သည်။
မဟုတ်သေးဘူး… နှစ်ဆင့်လောက် မြင့်တက်သွားမှာ
သုံးဆင့်
လေးဆင့်…
ငါးဆင့်…
ဒီရှောက်သီးအနံ့က ဘယ်ကနေ ရလာတာလဲ
(မှတ်ချက် - ချဉ်တယ်ဆိုတာက မနာလို ဖြစ်တာကို ပြောချင်တာပါ)
ပဒုမ္မာကြာ နတ်ဧကရာဇ် နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။ သူ နှလုံးသား နာကျင်သွားသည်ဟု ရုတ်တရက် ခံစားလိုက်မိ၏။
ထိုအခိုက်အတန့်တွင် ရှန်ထျန်း၏ ရှေ့၌ အစိမ်းရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ အစိမ်းရောင်အလင်းတန်းက လေဟာနယ်ထဲတွင် ဧရာမ ဆေးမီးပြင်းဖိုအဖြစ်သို့ ပြောင်းလဲသွားကာ ပြင်းထန်သော အရှိန်အဝါကို လွှတ်ထုတ်နေသည်။
ထိုအရာက ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖို ဖြစ်ပြီး ပဒုမ္မာကြာ နတ်ဧကရာဇ်ဆီမှ ရရှိထားသော အမွေအနှစ် ဖြစ်သည်။
ထိုအရာက နတ်ဧကရာဇ်တစ်ပိုင်း အသုံးအဆောင် ပစ္စည်းတစ်ခုသာ ဖြစ်သော်လည်း ပဒုမ္မာကြာ နတ်ဧကရာဇ်က အမြဲတမ်း အသုံးပြုခဲ့သည့်အတွက် စစ်မှန်သော နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်းလိုမျိုး အသုံးဝင်သည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်ဖို့အတွက် ဤဆေးမီးပြင်းဖိုကိုသာ အသုံးပြုပါက ဆေးလုံး၏ အရည်အသွေးကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။
ဆေးလုံးကို ဖော်စပ်ဖို့အတွက် အံ့ဖွယ်နေမင်း မီးပြင်းဖိုကို အသုံးပြုလျှင်ပင် အကျိုးသက်ရောက်မှုက ပဒုမ္မာကြာ နတ်ဧကရာဇ်ဆေးမီးပြင်းဖိုထက် ပိုပြီးတော့ မကောင်းနိုင်ပေ။
ထို့အပြင် စွမ်းအင်အသုံးပြုမှုကလည်း နတ်ဧကရာဇ်တစ်ပိုင်း အသုံးအဆောင်ပစ္စည်းကို နှိုင်းယှဉ်လို့ မရနိုင်ပေ။
နတ်ဧကရာဇ် အသုံးအဆောင် ပစ္စည်းကြောင့် ဗလာကျင်းသွားတာမျိုး မဖြစ်ချင်ပေ။
သူက ယခု အနည်းငယ် အားနည်းနေသည်။
“မြင့်တက်စမ်း”
ရှန်ထျန်း လက်ယမ်းလိုက်သည့်အခါ ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖိုက ကောင်းကင်တွင် အပြာရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။
ထို့နောက် သုံးရောင်ခြယ် ရှုပ်ထွေးပွေလီ မီးတောက် ထွက်ပေါ်လာကာ ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖိုတွင် သွားရောက်စုံစည်းသည်။ ထိုအချိန်တွင် အစိမ်းရောင် ဆေးမီးပြင်းဖိုက ကြက်သွေးရောင်ဖြစ်လာကာ အပူချိန်ကလည်း ကြောက်စရာကောင်းလှသည်။
သို့သော် စိမ်းပြာရောင် အလင်းတန်းများ ထွက်ပေါ်လာသည့်အခါ ပဒုမ္မာကြာ နတ်ဧကရာဇ်ဆေးမီးပြင်းဖို၏ အပူချိန်က အလျင်အမြန် ကျဆင်းသွားကာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
ရှန်ထျန်း၏ အကြည့်တို့ တောက်ပလာသည်။
ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖိုက ပစ္စည်းကောင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ကိုယ်ပိုင်အပူချိန်ကို ထိန်းချုပ်လို့ ရနိုင်သည့်အပြင် နတ်ဧကရာဇ်တစ်ပိုင်း အသုံးအဆောင် ပစ္စည်းတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် နှစ်ပေါင်းတစ်သိန်းကြာ ပဒုမ္မာကြာ နတ်ဧကရာဇ်က ပျိုးထောင်ထားပြီး မီးတောက်တစ်သောင်းဖြင့် သန့်စင်ထားသည့်အခါ ဖျက်စီးလို့ပင် မရနိုင်လောက်ကြောင်း ဆိုလို့ရသည်။
ထိုအရာက တခြား မီးပြင်းဖိုများ ဖြစ်ပါက ဤရှုပ်ထွေးပွေလီ သုံးရောင်ခြယ် မီးတောက်၏ စွမ်းအားကို ခံနိုင်ရည် ရှိမည်မဟုတ်ဘဲ စွမ်းအားနှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပေါက်ကွဲသွားနိုင်သည်။
ထို့နောက် ရှန်ထျန်းက သူ၏ သိုလှောင်လက်စွပ်ကို အသက်သွင်းကာ များပြားသော ဝိညာဉ်ဆေးပင်နှင့် ဝိဇ္ဇာဆေးပင်များကို ထုတ်ယူလိုက်သည်။
ထိုအရာများက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ခြင်း ဆေးလုံးကို ဖော်စပ်ဖို့အတွက် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းကတည်းက ပဒုမ္မာကြာ နတ်ဧကရာဇ် ပြင်ဆင်ခဲ့သော ဆေးပင်များ ဖြစ်သည်။
ဤဝိညာဉ်ဆေးပင်များနှင့် ဝိဇ္ဇာဆေးပင်များ ထွက်ပေါ်လာသည့်အခါ အင်မတန် ပြင်းထန်သော ဝိညာဉ်ချီက လေထဲတွင် ပြည့်နှက်သွားသည်။ သူတို့က အင်မတန် အဖိုးတန်သော ဆေးပင်များဖြစ်ကြသည်။
ထိုထဲတွင် အစိမ်းရောင် ပဒုမ္မာကြာစေ့များထက် မနိမ့်ကျသော အရာများ များစွာရှိသည့်အတွက် မင်းသမီးလင်းလုံ၏ အကြည့်ထဲတွင် အားကျမှုတို့ဖြင့် ပြည့်နှက်နေသည်။
တစ်ဖက်တွင် ရှန်ထျန်းကတော့ တစ်မူ ကွဲပြားနေသည်။ သူ၏ သိုလှောင်လက်စွပ်ထဲတွင် ဆေးများနှင့် ဝိဇ္ဇာဆေးပင်များစွာရှိနေပြီး သူက ထိုအရာများကို ငြီးငွေ့နေပြီဖြစ်သည်။
သူ ဆေးပညာရပ်ကို သင်ယူချင်ရတဲ့ အကြောင်းအရင်းက…
သူ ဒါကို ထပ်မပြောတော့ပါဘူး
ထို့အပြင် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်သည့်အခါ ထိုအရာများက အဓိက ပါဝင်ပစ္စည်း မဟုတ်ပေ။ ဖြည့်စွက် ပါဝင်ပစ္စည်းများသာ ဖြစ်သည်။
အင်မတန် တန်ဖိုးရှိသော ဝိညာဉ်ဆေးပင်များနှင့် ဝိဇ္ဇာဆေးပင်များကို ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖိုရှေ့သို့ ပစ်ချလိုက်သည်။
ရှုပ်ထွေးပွေလီ သုံးရောင်ခြယ်မီးတောက်၏ လွှမ်းမိုးမှုအောက်တွင် ဆေးပင်များက ချက်ချင်း ပျော်ဝင်သွားကာ အင်မတန် သန့်စင်သော ဝိညာဉ်ဆေးရည်အဖြစ် ပြောင်းလဲသွားသည်။
ရှန်ထျန်း၏ ရှင်းလင်းတိကျသော ထိန်းချုပ်မှုကြောင့် ဝိညာဉ်ဆေးရည်က မီးတောက်များကြောင့် မခမ်းခြောက်သွားသည့်အပြင် ဆက်လက်သန့်စင်ကာ အညစ်အကြေးများကို ရှင်းထုတ်နေသည်။
တစ်ချိန်တည်းမှာပဲ အဆုံးမဲ့ ဆန်းကြယ်စွမ်းအားက ဝိညာဉ်ဆေးရည်ပေါ်တွင် ကပ်ပါသွားကာ ကောင်းကင်၏ အလိုကိုဆန့်ကျင့်ကာ ကံကြမ္မာကို ပြောင်းလဲနိုင်သည့် တောက်ပသော ရှုပ်ထွေးပွေလီ သင်္ကေတများ ထွက်ပေါ်လာသည်။
ထိုအရာကို မြင်ပြီးနောက် ရှီလင်းလုံက မထိန်းနိုင်တော့ဘဲ အော်ပြောလိုက်သည်
“ အစ်ကိုရှန်က အရမ်းအံ့ဩဖို့ကောင်းတာပဲ”
ရှန်ထျန်းက ယခင်ကတည်းက ဆေးပညာရပ်ကို သင်ယူခဲ့ခြင်းမျိုး မရှိဘဲ အခုမှ သင်ယူဖူးသည်ကို သူမလည်း သိသည်။
အခုက ရှန်ထျန်း၏ ပထမဆုံးအကြိမ် ဆေးဖော်စပ်ခြင်း ဖြစ်သည်။
သို့သော် သူ အသုံးပြုနေသော ဆေးပညာရပ်များက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ ဆေးပညာရှင် ဝိဇ္ဇာများအောက် လုံးဝ နိမ့်ကျခြင်းမရှိဘဲ ကျော်လွန်နေတာမျိုးပင် ဖြစ်သွားနိုင်သည်။
“ ဒါက ငါ့ရဲ့ လမ်းညွှန်မှုတွေကြောင့်ပဲ” ပဒုမ္မာကြာ နတ်ဧကရာဇ်က အရှက်မရှိ ဝင်ပြောလိုက်သည်။
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အမွေအနှစ်ကို ရရှိသွားပြီးနောက် ရှန်ထျန်းက သူ၏ အမွေဆက်ခံသူဟု သတ်မှတ်လို့ရသည်။ သူက ယခု အမွေအနှစ်ကို မြင့်မားသောနေရာသို့ ရောက်ရှိအောင် လုပ်ပေးသည့်အတွက် ပဒုမ္မာကြာ နတ်ဧကရာဇ်က အင်မတန် ဂုဏ်ယူနေမိသည်။
ဝိညာဉ်ဆေးရည်ကို သလင်းကျောက်လိုမျိုး အလင်းဖောက် ဝင်နိုင်အောင်အထိ ကျိုချက်ထားသည့်အတွက် အညစ်အကြေး နည်းနည်းလေးမှ မကျန်ရှိတော့ပေ။
“သွားတော့”
ရှန်ထျန်းက လက်ယမ်းလိုက်သည့်အခါ တောက်ပသော အဆင့်၁၂ ပဒုမ္မာကြာပန်းက ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖိုဆီသို့ ပျံသန်းသွားသည်။
ပဒုမ္မာကြာပန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရောင်စုံအလင်းတန်းများ ထွက်လာကာ ရှုပ်ထွေးပွေလီ သုံးရောင်ခြယ်မီးတောက်နှင့် ရောယှက်သွားသည်။
ကြောက်စရာကောင်းသော မြင်ကွင်းက ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖိုထဲတွင် ထွက်ပေါ်လာပြီး တစ်နေရာလုံးကို ပြင်းထန်သော အရှိန်အဝါဖြင့် လွှမ်းခြုံသွားစေသည်။
ထိုအရာက နတ်ဧကရာဇ်ဆေးပင်၏ ရိုးတံဖြစ်ပြီး အဆုံးမဲ့စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
နှစ်ပေါင်းသောင်းချီပြီး ဆေးပညာရပ်ကို ကျင့်ကြံထားသော စွမ်းအားကြီးသူများပင် ထိုအရာအားလုံးကို ကျိုချက်နိုင်ခြင်း မရှိပေ။
သို့သော် ရှန်ထျန်း၏ မျက်နှာထားက လုံးဝ ပြောင်းလဲသွားခြင်း မဟုတ်ပေ။ သူ့လက်များ လှုပ်ရှားနေကာ ဆန်းကြယ်သော အလင်းဖြင့် ပြည့်နှက်နေသည်။
ထိုအရာက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အလယ်အလတ် ဆေးဖော်စပ်နည်း ၁၀၈မျိုး ဖြစ်သည်။ ရှန်ထျန်း၏ ထိန်းချုပ်မှုအောက်တွင် ပြောင်းလဲကာ ပဒုမ္မာကြာ နတ်ဧကရာဇ်ဆေးမီးပြင်းဖိုထဲသို့ ကာကွယ်ရေး အစီအရင်များ ထည့်သွင်းနေသည်။
ထိုအချိန်တွင် ရှန်ထျန်းက အထွတ်အထိပ်ဆေးလုံးများကို ဆန်းကြယ်သော ပညာရပ်များဖြင့် ဖော်စပ်သည့် ဆေးပညာရှင်တစ်ယောက် အသွင်ကို ဆောင်နေသည်။
ရှန်ထျန်း၏ ထိန်းချုပ်မှုအောက်တွင် ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖိုထဲရှိ ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်က အဆင့် ၁၂ ပဒုမ္မာကြာပန်းကို အင်မတန် တည်ငြိမ်သော အပြုအမူဖြင့် ဖြည်းဖြည်းချင်း ဖော်စပ်နေသည်။ အပြာရောင် ကြာပန်း ပေါ်လာသည်နှင့် စည်းမျဉ်းတွေက ကမ္ဘာကြီးကို ဖိနှိပ်ချင်သည့်အလား ပန်းအနား ပေါ်ထွက်လာသည်။
သို့သော် ရှုပ်ထွေးပွေလီ သုံးရောင်ခြယ် မီးတောက်၏ လောင်ကျွမ်းမှုကြောင့် ဖြည်းဖြည်းချင်း သန့်စင်သော ကျောက်စိမ်းဝိညာဉ် ဆေးရည်စက်များအဖြစ် ပြောင်းလဲသွားသည်။
မီးတောက်က ကောင်းကင်တွင် နေရာအပြည့်ယူထားကာ လေဟာနယ်က တုန်လှုပ်နေသည်။
နတ်ဧကရာဇ်တစ်ပါး ဖန်တီးထားသော လေဟာနယ်ပင် မီးတောက်ကို ခံနိုင်ရည်မရှိဘဲ စုတ်ပြဲတော့မလို ဖြစ်နေသည်။
“ ဒီကလေးက အထွတ်အထိပ် ဆေးလုံးကို တကယ်ပဲ ဖော်စပ်နိုင်တာလား”
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အကြည့်ထဲတွင် လေးနက်မှုတို့ဖြင့် ထင်ဟပ်နေသည်။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးဖော်စပ်နည်းက ရှေးပဝေဏီခေတ်မှ လက်ဆင့်ကမ်းလာခြင်းဖြစ်သည့်အတွက် အင်မတန် နက်နဲလှသည်။
ရှန်ထျန်းဆီမှာ ရှေးဦးမီးတောက်များ ရှိလျှင်ပင် အောင်မြင်နိုင်သည်ဟု အပြည့်အဝ ယုံကြည်မှု ရှိခဲ့မည် မဟုတ်ပေ။ အခု သူ့ဆီမှာ ရှုပ်ထွေးပွေလီ ထူးခြားမီးတောက် ရှိနေရုံသာမက အပူချိန် ထိန်းချုပ်ခြင်း၊ ကာကွယ်ရေး အစီအရင် ရေးဆွဲခြင်း၊ ဆေးများ ပေါင်းစပ်ခြင်းနှင့် ဆေးလုံးဖန်တီးခြင်းများတွင်လည်း အရမ်းတိကျမှု ရှိသည်။
သေးငယ်သော အမှားလေးတစ်ခုကပင် ကျရှုံးမှုကို ဖြစ်ပေါ်သွားစေနိုင်သည်။
သူ ကျရှုံးရုံသာဆိုလျှင် အဆင်ပြေသော်လည်း တန်ဖိုးကြီးလွန်းသော နတ်ဧကရာဇ် ဆေးပင်ကို ဖြုန်းတီးရာကျလိမ့်မည်။
နတ်ဧကရာဇ်တစ်ပါးအတွက် တောင့်ခံနိုင်သော ဆုံးရှုံးမှုတစ်ခု မဟုတ်ပေ။ ထို့အပြင် ဆေးလုံးဖော်စပ်တာ ကျရှုံးသွားပါက အင်မတန် အန္တရာယ်ရှိသည်။
ထိုအရာက နတ်ဧကရာဇ်ဆေးပင်၏ စွမ်းအားဖြင့် ဖော်စပ်ထားသော ရှုပ်ထွေးပွေလီ အံ့ဖွယ်မီးတောက် ဖြစ်သည်။ ဆေးမီးပြင်းဖို ပေါက်ကွဲသွားပါက အကျိုးဆက်က စိတ်ကူးယဉ်ကြည့်လို့ပင် မရနိုင်ပေ။
ထို့ကြောင့် ပဒုမ္မာကြာ နတ်ဧကရာဇ်က ထိုအရာများ ဖြစ်ပျက်လာမည်ကို စိုးရိမ်သဖြင့် သတိထားနေရသည်။
“ အစ်ကိုရှန် သေချာပေါက် အောင်မြင်မယ်လို့ ကျွန်မယုံကြည်တယ်” မင်းသမီးလင်းလုံက ရေရွတ်လိုက်သည်။ ရှန်ထျန်း အောင်မြင်မည်ဟု သူမ ယုံကြည်သည်။
ဘာလို့လဲဆိုတော့ သူက သူမရဲ့ အစ်ကိုရှန်ထျန်းပဲလေ
သူက အရင်တုန်းက မမြင်ခဲ့ဖူးတဲ့ ကံကြမ္မာသားတော်တစ်ယောက်။ သူက အရမ်းလည်း ချောမောတယ်
ရှီလင်းလုံ၏ အကြည့်ထဲတွင် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ခဏအတွင်းမှာပင် သုံးရက်ကုန်ဆုံးသွားသည်။
ဆေးဖော်စပ်ဖို့အတွက် ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်ကို အသုံးပြုသော်လည်း အချိန်ကြာနေဆဲ ဖြစ်သည်။
ဤသုံးရက်အတွင်း နတ်ဧကရာဇ်အဆင့် ကြာပန်းက သန့်စင်သော ဝိညာဉ်ဆေးရည် ၁၂ စက်အဖြစ်သို့ ပျော်ဝင်သွားသည်။ ထို ဆေးရည်စက် ၁၂ စက်က အင်မတန် ကြီးမားပြီး လူခေါင်းအရွယ်အစားလောက်ရှိကာ အင်မတန် သိပ်သည်းသော စွမ်းအင်များကိုလည်း ပိုင်ဆိုင်ထားသည်။
သို့သော် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ခြင်း ဆေးလုံးအတွက် ဤဝိညာဉ်ဆေးရည်က လုံလောက်အောင် သန့်စင်မှု မရှိပေ။
ထိုအရာကို ဆေးလုံးအဖြစ် ဖော်စပ်ပါက အညစ်အကြေးများအားလုံးကို ဖယ်ထုတ်ဖို့အတွက် ဆက်တိုက်အပူပေးပြီး သန့်စင်နေရမည် ဖြစ်သည်။ ကျင့်ကြံသူများစွာအတွက် ထိုကဲ့သို့သော အညစ်အကြေးများက သူတို့ တောင့်တနေသော ပြိုင်ဘက်ကင်း အံ့ဖွယ်ဆေးဝါးများ ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် အနည်းငယ် အသုံးပြုလိုက်ပါက ကျင့်စဉ်တိုးတက်လာဖို့အတွက် လုံလောက်မှုရှိသည်။
“ မီးထပ်ထည့်ဖို့ အချိန်ရောက်ပြီ”
ထိုအရာကိုမြင်ပြီးနောက် ရှန်ထျန်း၏ အရှိန်အဝါက တစ်ခါ ထပ်မံပေါက်ကွဲသွားပြန်သည်။
မီးပြင်းဖိုထဲရှိ ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်ပင် ပြင်းထန်လာသည်။
မီးတောက်များ မြင့်တက်လာကာ ဝိညာဉ်ဆေးရည် ၁၂ စက်ကို လုံးဝ ဖုံးလွှမ်းသွားသည်။ ရှုပ်ထွေးပွေလီ သင်္ကေတများ ပေါ်ထွက်လာကာ ဝိညာဉ်ဆေးရည်စက်များထဲသို့ လုံးဝ ဝင်ရောက်သွားသည်။
ဆေးရည်၁၂ စက်က ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်ဖြင့် လောင်ကျွမ်းကာ အလွန်တောက်ပသော အလင်းတန်းကို ထုတ်လွှတ်နေသည့်အတွက် အံ့ဖွယ်အကွက်များကို ရေးဆွဲနေသည်။
သို့သော အဖြစ်အပျက်က အရမ်းနှေးကွေးသည်။
ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်ပင် နတ်ဧကရာဇ်ဆေးပင်ကို ကန့်သတ်ချက်အထိ ရောက်အောင် သန့်စင်ရာတွင် အချိန်အတော်လေး ကြာသည်။
၁၈ ရက်ကြာသွားသည့်အခါ…
ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်၏ စွမ်းအားကြီးသော လောင်ကျွမ်းမှုအောက်တွင် နတ်ဧကရာဇ်အဆင့် ဝိညာဉ်ဆေးရည်စက် ၁၂ စက်ကို လုံးဝ သန့်စင်လိုက်သည့်အတွက် ပိုပြီးတော့ တောက်ပလာသည်။ အံ့ဖွယ်အလင်းတန်းက ထိုအရာများ၏ ဘေးပတ်လည်တွင် ဝန်းရံနေပြီး ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုအရာကို မြင်လိုက်သည့်အခါ ရှန်ထျန်း ပြုံးလိုက်မိသည်။ သူ့ မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်ကာ အသက်ရှူရတာလည်း အားနည်းလာသည်။
ငါ သေခါနီးလောက်အထိ မောနေပြီ
ဆေးဖော်စပ်ဖို့အတွက် ယန်မီးဓာတ်ကို အများကြီး လိုအပ်မယ်လို့ ဘယ်သူက တွေးထားမှာလဲ။ အခု ငါ့ရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေပြီ
နောက်ထပ်တစ်ခါ ဆေးမဖော်စပ်ခင် ခဏလောက် အနားယူမှ ဖြစ်မယ်။ မဟုတ်ရင် ငါ့ဆီမှာ မီးစွမ်းအား အလုံအလောက်ရှိမှာ မဟုတ်ဘူး
ရှန်ထျန်းက စိတ်ထဲတွင် ငြီးတွားနေသော်လည်း လက်က လုပ်လက်စကို ရပ်တန့်သွားခြင်း မရှိပေ။
“ဆေးလုံး အသွင်ပြောင်းခြင်း”
ရှန်ထျန်းက ပညာရပ်ကို အလျင်အမြန် ပြောင်းလိုက်ကာ ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်ကို အသက်သွင်းဖို့အတွက် ပညာရပ် ၁၀၈ခု ကို အသုံးပြုခဲ့သည်။
သူက ဖြည့်စွက်ဆေးပင်များ၏ အဆီအနှစ်ကို ဝိညာဉ်ဆေးရည် ၁၂ စက်ထဲသို့ ပေါင်းထည့်လိုက်ပြီးနောက် နှစ်ခုက ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။
ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်၏ သန့်စင်မှုအောက်တွင် လူတစ်ယောက်၏ ခေါင်းအရွယ်အစားလောက်ရှိခဲ့သော ဆေးရည် ၁၂ စက်က ယခု နှင်းသီးတစ်လုံး၏ အရွယ်အစားလောက်သာ ရှိတော့သည်။
ဆေး၏ အကျိုးသက်ရောက်မှုက သန့်စင်ခံလိုက်ရသည်။ ထိုအရာက မွေးခါစနယ်ပယ်အဆင့်မှ မွေးရာပါနယ်ပယ်အဆင့်သို့ အသွင်ပြောင်းသွားပြီး ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်မှ ရရှိသော ရှုပ်ထွေးပွေလီ စိတ်စွမ်းအင် အရှိန်အဝါများကို စုပ်ယူနေသည်။
ထိုအရာက ကျင့်ကြံသူ၏ မွေးရာပါ အရည်အချင်းကို ပြောင်းပြန်လှန်ဖို့အတွက် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ အရည်အချင်း သော့ချက်တစ်ခု ဖြစ်သည်။
ထိုအချိန်တွင် ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖိုက ပြင်းထန်စွာ တုန်လှုပ်သွားကာ အဆုံးမဲ့ အလင်းတန်းများကို ထုတ်လွှတ်နေသည်။
ဆေးမီးပြင်းဖိုထဲတွင် ဆေး၁၂ လုံး၏ ပုံစံက ဖျော့တော့စွာ ပေါ်ထွက်လာသည်။
“ ဆေးလုံးတွေ ဖြစ်လာတော့မယ်”
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ခန္ဓာကိုယ်မှ စွမ်းအားကြီးသော အရှိန်အဝါ ပေါက်ကွဲထွက်လာကာ ရှန်ထျန်း ရှိသောနေရာကို လွှမ်းခြုံသည့် အထွတ်အထိပ် စည်းမျဉ်းများကို ဖန်တီးပေးလိုက်သည်။
အထွတ်အထိပ်အဆင့် ဆေးလုံးများ လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်ရှိ နေရာများတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်သွားစေသည်။
အထွတ်အထိပ်အဆင့် ဆေးလုံးကို တာအိုကောင်းကင်နှင့် မြေကြီးတို့က အာရုံခံစားမိကာ ကြီးမားသော မိုးကြိုးစမ်းသပ်ချက်ကို ယူဆောင်လာမည် ဖြစ်သည်။
ကံကောင်းစွာဖြင့် ထိုအရာက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဂူဗိမာန် ဖြစ်ပြီး ပြင်ပလောကနှင့် သီးသန့်ခွဲထုတ်ထားသော နေရာတစ်ခု ဖြစ်ပေသည်။ ထို့အပြင် နံပါတ်တစ် ဆေးပညာရှင်နတ်ဧကရာဇ်လည်း ရှိသည့်အတွက် ဤသို့အခြေအနေမျိုးကို ဖြစ်လာအောင် ခွင့်ပြုထားမည်မဟုတ်ပေ။
ဝုန်း…
ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ပဒုမ္မာကြာ နတ်ဧကရာဇ် ဖန်တီးထားသော အာကာပြင်ပင် တုန်လှုပ်ပြီး ပြိုကွဲသွားရသည်။
သို့သော် ထိုအချိန်တွင် တုန်ခါမှုတို့ ငြိမ်ကျသွားသည်။
ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖိုက ဖြည်းဖြည်းချင်း ပွင့်လာကာ အားကောင်းသော ရနံ့ကို လွှတ်ထုတ်နေသည်။ ထိုအရာက ကျင့်ကြံသူ၏ နှလုံးသားနှင့် စိတ်ကို လန်းဆန်းသွားစေသည့် အင်မတန်စွမ်းအားကြီးသော အရှိန်အဝါဖြစ်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များကို ကျယ်ကျယ်ပွင့်သွားစေကာ ထိုစွမ်းအင်ကို စုပ်ယူချင်စိတ် ဖြစ်သွားစေသည်။
“ သူ တကယ်ကို အောင်မြင်သွားပြီပဲ”
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ခန္ဓာကိုယ်က တုန်ရီလာသည်။ ရှန်ထျန်းက အမှန်တကယ် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုအရာက သူ၏ တစ်သက်တာ ဆန္ဒဖြစ်ပြီး နောင်တလည်း ဖြစ်သည်။
ယခု ရှန်ထျန်းက သတိထားမိသွားသည်။
“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်ကို စိတ်မပျက်စေရပါဘူး။ ကျွန်တော် နောက်ဆုံးတော့ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီ။”
ရှန်ထျန်းက သေးငယ်သွားသော ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးပြင်းဖိုကို အပြုံးဖြင့် ကောက်ယူကာ လမ်းလျှောက်သွားလိုက်သည်။
ဆေးမီးပြင်းဖိုထဲတွင် ပြီးပြည့်စုံသော အစိမ်းရောင် ဆေးလုံး ၁၂ လုံး ရှိပြီး ဆန်းကြယ်သည့်ပုံစံ ပေါ်စေရန်အတွက် အစိမ်းရောင်အလင်းတန်းက သူတို့၏ ဘေးပတ်လည်တွင် ဝန်းရံနေသည်။
များပြားသော ကြာပြာပုံရိပ်များကလည်း ဆေးလုံး ၁၂ လုံးကို ရစ်ပတ်နေပြီး သူတို့က ရှုပ်ထွေးပွေလီမှုမှ မွေးဖွားလာကာ ဆန်းကြယ်သော အကျိုးသက်ရောက်မှုရှိစေသည်။
ဒဏ္ဍာရီလာ အထွတ်အထိပ်ဆေးလုံး ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက ကမ္ဘာပေါ်တွင် ပေါ်လာပြီဖြစ်သည်။
“ မဆိုးပါဘူး… ကောင်လေး။ မင်းက ငါ သင်ကြားပေးတာကို သေချာ သင်ယူနိုင်သားပဲ”
ပဒုမ္မာကြာ နတ်ဧကရာဇ်က အပေါ်ယံတွင် တည်ငြိမ်သော်လည်း စိတ်ထဲတွင် ပူလောင်နေသည်။
နံပါတ်တစ် ဆေးပညာရှင်နတ်ဧကရာဇ်အနေဖြင့် ထိုကဲ့သို့သော ကြောက်စရာကောင်းသည့် စွမ်းအားရှိသူကို မမြင်ခဲ့ဖူးပေ။
သူ့ရဲ့ ခန္ဓာတည်ဆောက်ပုံကြောင့် ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ထိန်းချုပ်နိုင်တာကို ထားပါတော့။ ဒါပေမဲ့ ပထမဆုံးအကြိမ်မှာတင် အထွတ်အထိပ်ဆေးလုံးကို ဖော်စပ်နိုင်သွားတာလား
လာနောက်မနေနဲ့တော့
ဆေးဖော်တာက လမ်းပေါ်မှာရှိတဲ့ ဝက်တွေကို သန့်စင်ပေးတာနဲ့ အတူတူများ ထင်နေလား
ငါက ဆေးပညာရပ်တာအိုကို နှစ်ပေါင်းတစ်သိန်းတောင် ကျင့်ကြံလာရတာ။ ငါသာ ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်ကို ထိန်းချုပ်နိုင်မယ်ဆိုရင်တောင် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်မယ်လို့ ယုံကြည်မှုမရှိဘူး
အဆုံးသတ်မှာတော့ ဆေးပညာရပ်ကို ရက်အနည်းငယ်ပဲ ကျင့်ကြံထားတဲ့ ဂျူနီယာက အောင်မြင်သွားတယ်တဲ့လား
အဲဒါအပြင် သူက တစ်ကြိမ်ထဲနဲ့ ဖော်စပ်နိုင်သွားတာတဲ့လား
ပဒုမ္မာကြာ နတ်ဧကရာဇ်က လက်ကို နောက်ပစ်ထားကာ မကြည်မလင် ဖြစ်နေမိသည်။
ဘယ်လိုပြောရမလဲ
ငါက ပဒုမ္မာကြာ နတ်ဧကရာဇ်လေ။ အခုတော့ စိတ်ဒဏ်ရာရသွားပြီ