← Chapters

မီးလောင်ပြင်ထဲသို့ ပြေးဝင်သွားသော အမျိုးသမီး

Vol. 10 Ch. 156

မီးလောင်ပြင်ထဲသို့ ပြေးဝင်သွားသော အမျိုးသမီး

Vol. 10 Ch. 156

"ကြိုက်ရင် ထပ်သောက်လိုက်ဦးလေ။"

လိုကျစ်ကွေ့က ထိုသို့ပြောရင်း ဟင်းရည်ဇွန်းကို ယူကာ နဉ်ရှောင်ယောင်းအား ဟင်းရည် ခပ်ထည့်ပေးရန် ရည်ရွယ်လိုက်သည်။

စစ်သေနာပတိချုပ်လိုက ဟင်းရည်ဇွန်းကို မြှောက်လိုက်သည်နှင့် နဉ်ရှောင်ယောင်းသည်လည်း ဟင်းရည်ထည့်ထားသော ပန်းကန်လုံးကြီးကို မကိုင်လိုက်ပြီး လည်ပင်းကိုဆန့်ကာ၊ 'ဂလု ဂလု' မြည်အောင် သောက်သုံးလိုက်လေသည်။

ဟင်းရည်ဇွန်းကို ကိုင်မြှောက်ထားသော လိုကျစ်ကွေ့၏လက်သည် ခဏမျှ တောင့်တင်းသွား၏။

လောင်တသည် သူ့ကြောင်မျက်နှာကို ကြမ်းပြင်ပေါ်သို့သာ ဝှက်ထားလိုက်သည်။ သူတကယ်ကိုဆက်ပြီး မကြည့်နိုင်တော့ဘူး။ ရှက်ဖို့ကောင်းလိုက်တာ တကယ်ကိုရှက်စရာပဲ။

ယင်းဖုန်းသည် ဤအချိန်တွင် တံခါးအပြင်ဘက်၌ ရပ်လျက် တွေ့ဆုံခွင့် တောင်းခံလာ၏။

"ဝင်ခဲ့။" လိုကျစ်ကွေ့သည် ဟင်းရည် မော့သောက်နေသူ၏ကိုယ်စား ပြန်လည်ဖြေကြားလိုက်သည်။

"အရှင်မင်းကြီး။" ယင်းဖုန်း၏ စကားသံသည် ဒေါသတကြီး ဖြစ်နေဟန်ရှိပြီး အခန်းထဲသို့ လျှောက်လှမ်း ဝင်ရောက်လာရင်း ပြောလိုက်၏။

"မြို့ထဲမှာ အိမ်တော်တော်များများ 'ကျိုးရွှေ' (走水) ဖြစ်ကုန်ပြီ။"

နဉ်ရှောင်ယောင်းသည် ဟင်းရည်ကို အားရပါးရ ဆက်လက် မော့သောက်နေ၏၊ အကြောင်းမှာ ဤပုဂ္ဂိုလ်သည် 'ကျိုးရွှေ' ၏အဓိပ္ပာယ်ကို လုံးဝ နားမလည်သောကြောင့် ဖြစ်သည်။

လိုကျစ်ကွေ့သည် မျက်ခုံးပင့်ကာဟင်းရည်ဇွန်းကို ချက်ချင်းချလိုက်သည်။

ယင်းဖုန်း "ဒါ အမတ်ချုပ်ကြီး အမိန့်ပေးလိုက်တာများ ဖြစ်မလား။"

လိုကျစ်ကွေ့

"ဘယ်နေရာမှာ 'ကျိုးရွှေ' ဖြစ်တာလဲ။"

"မြို့အနောက်ဘက်မှာပါ။”

ယင်းဖုန်းက ပြန်လည် ဖြေကြား၏။

လိုကျစ်ကွေ့သည် ယင်းဖုန်း၏ ခါးကြားတွင် ချိတ်ဆွဲထားသော ဓားကို တစ်ချက် ကြည့်လိုက်သည်။ ဤပုဂ္ဂိုလ်သည် အိမ်များနှင့် မြေများ သွားရောက် သိမ်းဆည်းရန် အဖွဲ့ကို ဦးဆောင်၍ ထွက်ခွာရန် ပြင်ဆင်ပြီးနေပြီ ဖြစ်သော်လည်း၊ သိမ်းဆည်းရမည့် အိမ်များမှာ မီးလောင်သွားခဲ့ပြီ ဖြစ်ရာ၊ ဤတပ်မှူးကြီး စိတ်ပူပန် ဒေါသထွက်နေသည်မှာလည်း အံ့ဩစရာ မရှိပေ။

နဉ်ရှောင်ယောင်းသည် ဤအချိန်တွင် ဟင်းရည် သောက်သုံးပြီးသွားသဖြင့်၊ ပန်းကန်ကို ချလိုက်ပြီး၊ ဟင်းရည်များ စွန်းထင်းနေသော ပါးစပ်ကို လျှာဖြင့် သပ်လိုက်ကာ၊ နဉ်ရှောင်ယောင်းက ဆို၏။ "'ကျိုးရွှေ'က ဘာအဓိပ္ပာယ်လဲ။ ရေကြီးတာလား။"

ယင်းဖုန်းသည် သူ့နားများကို ကလော်လိုက်သည်။ ခုနက သူနားကြားမှားသွားခြင်း ဖြစ်ရမည်။

"မီးလောင်တာကို ပြောတာ။" လိုကျစ်ကွေ့သည် ပုံမှန် အမူအရာအတိုင်းပင် ရှိနေဆဲဖြစ်ပြီး၊ နဉ်ရှောင်ယောင်းအား ရှင်းပြလိုက်၏။

"မီးလောင်တာကို 'ကျိုးရွှေ' လို့ ခေါ်တာလား။" နဉ်ရှောင်ယောင်းသည် ဤအသုံးအနှုန်းမှာ အလွန် ဆန်းသစ်သည်ဟု ခံစားမိလိုက်သည်။

ထိုအခြေခံစကားကိုပင် မသိသော သူ၏ဧကရာဇ်ကိုကြည့်၍ ယင်းဖုန်းမှာ နားမလည်နိုင်တော့ပေ။ သူတို့ရဲ့ဧကရာဇ်ကဘယ်လိုများကြီးပြင်းလာခဲ့တာလဲ။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကိုသာ စိုက်ကြည့်နေ၏။

"'ကျိုးရွှေ' က မီးလောင်တာ။"

မိမိကိုယ်မိမိ နောက်တစ်ကြိမ် တုံးအသွားမှန်း မသိသော နဉ်ရှောင်ယောင်းသည် ပါးစပ်မှ တိုးတိုးလေး အကြိမ်အနည်းငယ် ရေရွတ်လိုက်ပြီးနောက်၊ ရုတ်တရက် ရပ်တန့်သွားကာ၊ လိုကျစ်ကွေ့နှင့် ယင်းဖုန်းအား ကြည့်လျက် ပြောလိုက်သည်။

"မဟုတ်သေးဘူး၊ ဒါ ဘယ်လိုလုပ် မီးထပ်လောင်ပြန်တာလဲ။ ဘယ်သူ လက်ချက်လဲ။"

လိုကျစ်ကွေ့ သက်ပြင်းတစ်ချက် ချလိုက်ရသည်။ ဤမိန်းကလေးသည် အမှန်တကယ် တုံးအနေသည် မဟုတ်ပေ။

"အမတ်ချုပ်ကြီး ဖြစ်လောက်ပါတယ်။" ယင်းဖုန်းက ပြန်လည် ဖြေကြား၏။ "အမတ်ချုပ်ကြီးက အရှင်မင်းကြီးကို သခင်မကြီးရဲ့ အိမ်တော်တွေနဲ့ ဆိုင်ခန်းတွေ မရစေချင်လို့ပါ။"

နဉ်ရှောင်ယောင်းသည် ချက်ချင်းပင် စားပွဲခုံကို မှောက်လှန်ပစ်လိုက်ချင်သော်လည်း၊ စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်များကို နှမြောမိပြန်သည်။ တစ်ခုခု ကွဲသွားရင် ဘယ်လိုလုပ်မလဲ။

"မင်း လူခေါ်ပြီး မြို့အပြင်ကို သွားလိုက်။" လိုကျစ်ကွေ့က ပြောလိုက်သည်။ "မြို့ထဲကကိစ္စကို ငါ လာကိုင်တွယ်လိုက်မယ်။"

"ဘယ်လို ကိုင်တွယ်မှာလဲ။ အကုန် လောင်ကုန်ပြီလေ။" နဉ်ရှောင်ယောင်းက အော်ဟစ်လိုက်သည်။

"သူတို့ အရင်ဆုံး မီးရှို့တာက ဆိုင်ခန်းတွေ ဖြစ်လောက်တယ်။" လိုကျစ်ကွေ့သည် ကိုယ်ကို မတ်လိုက်ပြီး လက်ကိုင်ပဝါတစ်ထည်ကို ယူကာ အလွန် ကျွမ်းကျင်သော လှုပ်ရှားမှုဖြင့် နဉ်ရှောင်ယောင်း၏ ပါးစပ်ကို သုတ်ပေးရင်း ပြောလိုက်၏။

"ဒါဆို ကျွန်တော်တို့ ဆိုင်ခန်းတွေ မယူတော့ဘူးပေါ့။ အဲ့ဒီ အိမ်တော်တွေကလည်း တော်တော် တန်ဖိုးရှိတာပဲ။"

(T/N - အရေးကြုံရင်တောင်တည်ငြိမ်နေတဲ့ကိုကိုလိုကျစ်ကွေ့ >

All Chapters