← Chapters

ဧကရာဇ်ပြောတယ်၊ စစ်သေနာပတိချုပ်က လူဆိုးကြီး

Vol. 10 Ch. 146

ဧကရာဇ်ပြောတယ်၊ စစ်သေနာပတိချုပ်က လူဆိုးကြီး

Vol. 10 Ch. 146

သခင်မကြီးရှဲ့၏အခန်းသည် နံနက်ခင်းက ရန်ဖြစ်ပြီးနောက်ပိုင်း အခြေအနေအတိုင်းပင် ရှိနေသည်။ ထိုင်ခုံများလဲကျ၍ စားပွဲများယိုင်နဲ့နေပြီး ကြမ်းပြင်ပေါ်တွင် ကြွေထည်များ ကွဲကြေပြန့်ကျဲနေခဲ့သည်။ သို့သော် ဤသို့ဖြစ်နေသော်လည်း ဤအခန်းထဲသို့ ဝင်ရောက်လာသူများသည်

အခန်း၏ ခမ်းနားမှုကို ခံစားနိုင်ကြပေသည်။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် လောကတစ်

ခွင်ရှိရတနာများကို တွေ့မြင်နိုင်သည်။ အခြားသူများ၏ အိမ်တွင် တန်ဖိုးထားသိမ်းဆည်းရသော ပစ္စည်းများသည် သခင်မကြီးရှဲ့ထံတွင် အလှဆင်ပစ္စည်းများအဖြစ်သာ ထားရှိသည်။

ကျောက်မျက်ရတနာများ၏ အလင်းရောင်ကြောင့် မျက်စိကျိန်းသွားသော နဉ်ရှောင်ယောင်းသည် ထပ်မံခြေလှမ်းမလှမ်းနိုင်တော့ပေ။ ဒီလောက်ကြောက်စရာကောင်းတဲ့အခန်းမျိုး ရှိနိုင်ပါ့မလား။

လိုကျစ်ကွေ့သည် အခန်းထဲမှ မလဲကျသေးသော စားပွဲ၊ လက်ဖက်ရည်စားပွဲများကို ကြည့်လိုက်ပြီး တိုးညင်းစွာ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ “အဆိပ် ဘယ်မှာလဲ။”

လိုကျစ်ကွေ့၏ မေးခွန်းကြောင့် နဉ်ရှောင်ယောင်းသည် အာရုံစိုက်ကာ အဆိပ်ထည့်ထားနိုင်သော လက်ဖက်ရည်ခွက်၊ ပန်းကန်များကို ကြည့်လိုက်သည်။ ဤအခန်းထဲတွင် လက်ဖက်ရည်ခွက်များစွာ ရှိနေပြီး အတွင်းတွင် လက်ဖက်ရည်များပါ ရှိနေသည်။

“ဒါကို ငါကဘယ်လိုရှာရမှာလဲ?”

နဉ်ရှောင်ယောင်းသည် ခေါင်းကုတ်လိုက်ပြီး လက်ညှိုးဖြင့် လက်ဖက်ရည်ခွက်တစ်လုံးထဲမှ လက်ဖက်ရည်ကို တို့ယူကာ မြည်းစမ်းကြည့်ရန် ပြင်လိုက်သည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ လက်ကို ဆွဲကိုင်လိုက်ပြီး အနည်းငယ် စိုးရိမ်သော အသံဖြင့် ပြောလိုက်သည်။ “မင်း ဘာလုပ်နေတာလဲ။”

နဉ်ရှောင်ယောင်း - “ကျွန်တော် မြည်းကြည့်လိုက်ရင် ဘယ်ခွက်ထဲမှာ အဆိပ်ရှိလဲဆိုတာ သိနိုင်မှာပေါ့။”

“မလုပ်ရဘူး။”

နဉ်ရှောင်ယောင်း "...." ဧကရာဇ်တစ်ပါးကို ဒီလိုပြောဆိုရဲတဲ့သူရှိပါဦးမလား။

လောင်တသည် နဉ်ရှောင်ယောင်း၏ ပခုံးပေါ်မှ ခုန်ချလိုက်ပြီး လူများ၏ ဘယ်ဘက်ခြမ်း၊ အဓိကထိုင်ခုံနှင့် အနီးဆုံးသော လက်ဖက်ရည်စားပွဲပေါ်သို့ ခုန်တက်၍ နဉ်ရှောင်ယောင်းကို အော်ပြောလိုက်သည်။

“ခေါက်ရှာငှက်က ဒါလို့ ပြောတယ်။”

နဉ်ရှောင်ယောင်းသည် ထိုလက်ဖက်ရည်စားပွဲရှေ့သို့ လျှောက်သွားပြီး စားပွဲပေါ်တွင် တင်ထားသော အပြာရောင်ပန်းပွင့်ကြွေပန်းကန်ကို ကြည့်ကာ သံသယဖြင့် ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ဘယ်တုန်းက အဆက်အသွယ်ရသွားတာလဲ။”

လောင်တသည် အမြီးကို ဝှေ့ယမ်းလိုက်ပြီး အလွန်ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “မင်း ပွဲကြည့်နေတုန်းကပဲ။”

ဤမိုက်မဲသောကောင်မလေးသည် အဓိကအချက်ကို ဘယ်တော့မှ နားမလည်ပေ။ အဘိုးကြီးနှစ်ယောက် ရန်ဖြစ်နေတာကို ကြည့်နေလို့ ဘာကောင်းမှာလဲ။

နဉ်ရှောင်ယောင်းသည် လောင်တကို မျက်လုံးလှန်ပြလိုက်ပြီး မိမိဘေးသို့ လျှောက်လာသော လိုကျစ်ကွေ့နှင့် ယင်းဖုန်းကို ပြောလိုက်သည်။ “ဒါပဲ။”

လိုကျစ်ကွေ့သည် ပန်းကန်ထဲမှ အရည်ကို လက်ဖက်ရည်စားပွဲပေါ်သို့ အနည်းငယ် လောင်းချလိုက်သည်။

လူသုံးယောက်၊ ကြောင်တစ်ကောင်၊ မျက်လုံးရှစ်လုံး၏ စိုက်ကြည့်မှုအောက်တွင် လက်ဖက်ရည်စားပွဲ၏ မျက်နှာပြင်သည် မကြာမီ အဖြူရောင်အမြှုပ်များ ထွက်လာပြီး ဆာလဖျူရစ်အက်ဆစ် လောင်းချခံရသကဲ့သို့ တိုက်စားသွားသည်။

“ဒီရေတစ်ခွက်သာသောက်လိုက်ရင် သခင်မကြီးလည်း သေမှာပဲ။” နဉ်ရှောင်ယောင်းက သက်ပြင်းချလိုက်သည်။ “ကံကြမ္မာအရ ဒီနေ့က သခင်မကြီးရဲ့ သေဆုံးရက်ပဲ။”

“ရေမဟုတ်ဘူး။” လိုကျစ်ကွေ့က ပြောသည်။ “ဒါက ဂျင်ဆင်းပြုတ်ရည်ပဲ။”

ဂျင်ဆင်းပြုတ်ရည်။ နဉ်ရှောင်

ယောင်း၏မျက်လုံးများက ထပ်မံအရောင်တောက်သွားခဲ့သည်။ ဒီလောက် ခန္တာကိုယ်အတွက်အားရှိတဲ့ ဂျင်ဆင်းပြုတ်

ရည်ကိုသူမ သောက်လိုက်ရမှာ။ သွန်ပစ်

ရင်နှမြောစရာကြီးမလား။

ယင်ဖုန်းကထိုအချိန်တွင်ပြောလိုက်သည်။

“အခု ကျွန်တော်တို့ပြစ်မှုသက်သေကိုရှာတွေ့သွားပြီ ဒါပေမဲ့ အဲဒီသူတွေအပေါ်မှာ ဘယ်လိုပုံချမလဲ။”

နဉ်ရှောင်ယောင်းသည် မိမိ၏ဆန္ဒကိုသိက္ခာဖြင့်ထိန်းလိုက်သည်။ သူမသာ ပြစ်မှုသက်သေကို တစ်ကျိုက်တည်း သောက်လိုက်လျှင် စစ်သေနာပတိချုပ်က သူမကို ရိုက်နှက်ပေလိမ့်မည်။

လိုကျစ်ကွေ့သည် လက်ညှိုးဖြင့် လက်ဖက်ရည်စားပွဲကို ခေါက်လိုက်သည်။ ဤသည်မှာ နောက်ထပ်ပြဿနာတစ်ခုပင်။

အမတ်ချုပ်ကြီးရှဲ့သည် ဤအချိန်တွင် အခန်းထဲတွင် ရပ်နေသော်လည်း မိမိကို မကြိုဆိုကြောင်း သိသောကြောင့် အမတ်ချုပ်ကြီးသည် နဉ်ရှောင်ယောင်းထံသို့ မချဉ်းကပ်ဘဲ သူတို့သခင်မကြီး၏ အခန်းကို ကြည့်ရှုနေသည်ကို လွှတ်ထားလိုက်သည်။ အမတ်ချုပ်ကြီးရှဲ့၏ စိတ်ထဲတွင် နဉ်ယွီနှင့် လိုကျစ်ကွေ့တို့ ဘာများထပ်လုပ်ချင်နေလဲဟု တွေးတောနေသည်။ ဤနှစ်ယောက်

သည် အကြောင်းမဲ့ အမတ်ချုပ်ကြီးဖြစ်သော သူ၏အိမ်တော်ကို ပိတ်ဆို့ပြီး မိခင်ဖြစ်သူအတွက် လူသတ်သမားကို ဖမ်းဆီးပေးတာဖြစ်ပါ့မလား။ ထိုကိစ္စတစ်ခုလုံးကို အမတ်ချုပ်ကြီးရှဲ့သည် ဟာသတစ်ခုအဖြစ်သာ မှတ်ယူထားသည်။

“အမတ်ချုပ်ကြီး။” အစောင့်တစ်ဦးသည် အခန်းအပြင်ဘက်မှ ပြေးဝင်လာပြီး အမတ်ချုပ်ကြီးရှဲ့ကို တိတ်တဆိတ် အစီရင်ခံလိုက်သည်။ “ရှေ့နောက်တံခါး၊ ဘေးတံခါး၊ တံခါးငယ်လေးတွေအားလုံးကို ကိုယ်ရံတော်တွေက စောင့်ကြည့်နေပါတယ်။”

အမတ်ချုပ်ကြီးရှဲ့သည် လက်ဝှေ့ယမ်းကာ ဤအစောင့်ကို ဆုတ်ခွာခိုင်းလိုက်သည်။ ဦးနှောက်ထဲတွင် စဉ်းစားနေသည်မှာ တံခါးပိတ်ခြင်းသည် ဖမ်းချင်သောလူကို မပြေးစေရန်ဖြစ်သည်။ ဤအချိန်တွင် နဉ်ယွီသည် အဖမ်းချင်ဆုံးသူက ဘယ်သူဖြစ်မလဲ။ ဟုတ်တယ် တပ်သားတွေ၊ တောင်ပိုင်းကနလာတဲ့ တပ်သားတွေ ဒီနေ့သူအိမ်တော်ကိုအမိန့်ပြန်ဖို့လာတဲ့ တပ်မှူးခုနစ်ယောက်ကို သူမေ့နေခဲ့တာပဲ။ အမတ်ချုပ်ကြီးရှဲ့၏ အကြည့်သည် ရုတ်တရက် ခက်ထန်သွားပြီး လက်ယပ်ခေါ်ကာ တံခါးအပြင်ဘက်တွင် ရပ်နေသော ရှဲ့အန်းရှီကို ခေါ်လိုက်သည်။

နဉ်ရှောင်ယောင်းသည် ဤအချိန်တွင် လိုကျစ်ကွေ့ကို ပြောလိုက်သည်။

“နည်းလမ်းမရှိတော့ဘူးလား။ မဖြစ်နိုင်ရင်လည်း ဒီအတိုင်းသာတိုက်ခိုက်လိုက်ကြရအောင်။ ကျွန်မတို့ အဲဒီခုနစ်ယောက်ကို ရိုက်နှက်ပြီး တစ်နေရာမှာ ဖမ်းထားလိုက်မယ်၊ စစ်သေနာပတိချုပ် ဘယ်လိုထင်လဲ။”

ယင်းဖုန်း - “ဧကရာဇ်၊ ကျွန်တော်တို့ရန်ဖြစ်ဖို့ အကြောင်းပြချက်လိုတယ်လေ။”

နဉ်ရှောင်ယောင်း - “လွယ်ပါတယ်။ ငါက သူတို့ကို မကြိုက်ဘူးလေ ဧကရာဇ်တစ်ပါးအနေနဲ့ ငါ သူတို့ကို ရိုက်လို့မရဘူးလား။”

ယင်းဖုန်းသည် မကြိုက်ဘူးဟူသော အဓိပ္ပာယ်ကို နားမလည်သေးမီ လိုကျစ်ကွေ့က ပြောလိုက်သည်။ “မဖြစ်ဘူး၊ ဒီလိုလုပ်ရင် မင်းရဲ့နာမည်ဂုဏ်သတင်းကို ထိခိုက်စေမှာ။”

နဉ်ရှောင်ယောင်းက ချက်ချင်း ပြောလိုက်သည်။ “ကျွန်တော့်အတွက်နာမည်

ဂုဏ်သတင်းမလိုဘူး။ စစ်တပ်ပဲလိုချင်

တာ။”

လိုကျစ်ကွေ့သည် ခေါင်းခါကာ ပြောလိုက်သည်။ “မဖြစ်ဘူး၊ ကြိုက်သလို အပြစ်ပေးတာက အရည်အချင်းမရှိတဲ့ ဘုရင်တွေလုပ်တဲ့အလုပ်ပဲ။”

“ဂရုမစိုက်ဘူး။” နဉ်ရှောင်ယောင်းက ပြန်လည်ချေပခဲ့သညါ။။ သူမက အရည်အချင်းမရှိတဲ့ ဘုရင်ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ အမတ်ချုပ်ကြီးရှဲ့က သူမကို နှိပ်စက်နေသည် မဟုတ်ပါလား။

လိုကျစ်ကွေ့က ပြောသည်။ “ဒါပေမဲ့ကျွန်တော် ဂရုစိုက်တယ်။”

နဉ်ရှောင်ယောင်းသည် ခေါင်းကို အားကုန်ကုတ်လိုက်ပြီး ညည်းညူလိုက်သည်။ “ဒီဧကရာဇ်ဖြစ်ရတာ ဘာမှအဓိပ္ပာယ်မရှိဘူး။”

ယင်းဖုန်းသည် ခေါင်းငုံ့လိုက်ကာ သူ ဘာမှမကြားလိုက်သကဲ့သို့ ဟန်ဆောင်နေလိုက်သည်။

နဉ်ရှောင်ယောင်းသည် လှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်စဉ် အမတ်ချုပ်ကြီးရှဲ့နှင့် ရှဲ့အန်းရှီတို့ တံခါးဝတွင် စကားပြောနေသည်ကို တွေ့သောအခါ နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ အင်္ကျီလက်စကို ဆွဲလိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော့်စိတ်ထင် အမတ်ချုပ်ကြီးက သူ့သားနဲ့ မကောင်းတဲ့အကြံအစည်တွေ တိုင်ပင်နေတာသေချာတယ်။”

လောင်တသည် စကားမပြောဘဲ လက်ဖက်ရည်စားပွဲပေါ်မှ ခုန်ချလိုက်ပြီး တံတိုင်းဘေးမှ အမတ်ချုပ်ကြီးရှဲ့ထံသို့ ပြေးသွားသည်။

ယင်းဖုန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “သူက သွားနားထောင်တာလား။”

နဉ်ရှောင်ယောင်းသည် ခေါင်းညိတ်လိုက်သည်။ ဤအနက်ရောင်အဆီတုံးသည် လူသားများကို ချောင်းကြည့်နေသည်မှာ တစ်ရက်နှစ်ရက်မဟုတ်တော့ပေ။

ယင်းဖုန်းသည် တွေဝေသွားသည်။ ဤကြောင်သည် အမတ်ချုပ်ကြီးရှဲ့သားအဖ၏ စကားကို ကြားလျှင်ပင် သူက စကားကို ဘယ်လိုပြန်ပို့နိုင်မှာလဲ။

လိုကျစ်ကွေ့သည် ဤအချိန်တွင် လက်စွပ်ထဲမှ ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး ယင်းဖုန်းကို ပြောလိုက်သည်။ “မင်းဒါကို အဲဒီခုနစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ ထားလိုက်။ ဘယ်သူ့ဆီမှာပဲဖြစ်ဖြစ် ရတယ်။”

ယင်းဖုန်းသည် လူများသတိပြုမိမည်ကို စိုးရိမ်သောကြောင့် လက်နှစ်ဖက်ဖြင့် မယူဘဲ လက်တစ်ဖက်ဖြင့် လျင်မြန်စွာ ကြွေပုလင်းကို ယူလိုက်ပြီး လိုကျစ်ကွေ့ကို မေးလိုက်သည်။ “ဒါက ဘာလဲ။”

“အဆိပ်။” လိုကျစ်ကွေ့က ပြောသည်။

နဉ်ရှောင်ယောင်းသည် အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “စစ်သေနာပတိချုပ်က ဒီလိုပစ္စည်းကို ကိုယ်နဲ့မကွာ ဆောင်ထားတာလား။”

လိုကျစ်ကွေ့သည် မျက်နှာအမူအရာမပြောင်းဘဲ ပြောလိုက်သည်။ “အရေးပေါ်အခြေအနေအတွက်ပါ။”

နဉ်ရှောင်ယောင်းသည် ဘယ်လိုအရေးပေါ်အခြေအနေမျိုးတွင် လိုကျစ်ကွေ့က အဆိပ်ကို အသုံးပြုမည်ကို စဉ်းစားမရနိုင်တော့ပေ။

ယင်းဖုန်း - “ ဒါဆိုသူတို့ကိုယ်ပေါ်မှာ ထားပြီးရင်ရော။”

“ပြီးရင် ငါ့မှာ အစီအစဉ်ရှိတယ်။” လိုကျစ်ကွေ့သည် တံခါးရှေ့တွင် ရပ်နေသော ရှဲ့သားအဖကို တစ်ချက်ကြည့်လိုက်ပြီး ယင်းဖုန်းကို ပြောလိုက်သည်။ “မင်းသွားတော့။”

“သာ့ဖုန်း၊ သွားတော့။” နဉ်ရှောင်ယောင်းက အလျင်လိုစွာဆော်ဪလိုက်သည်။

“စစ်သေနာပတိချုပ်က အမှန်တော့အကွက်ချတဲ့နေရာမှာတော်တဲ့လူဆိုးကြီးပဲ၊ အဲ့တာကြောင့်လူလိမ်တဲ့ကိစ္စတွေမှာ စစ်သေနာပတိချုပ်ကို ယုံကြည်လို့ရတယ်။”

ယင်းဖုန်းသည် လိုကျစ်ကွေ့၏ မျက်နှာအမူအယာကို မကြည့်ဝံ့ဘဲ လှည့်ပြေးသွားသည်။ လိုကျစ်ကွေ့သည် သူ့ဧကရာဇ်ကို ရိုက်နှက်မည်မဟုတ်ပေ။

“ကိုယ်က လူဆိုးကြီးလား။” လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ကြည့်ကာ မေးလိုက်သည်။

ပတ်ဝန်းကျင်မှ နဂါးအစောင့်များသည် နောက်သို့ဆုတ်လိုက်ကြသည်။ ဤကိစ္စတွင် သူတို့ ဝင်မပါဝင်နိုင်ပေ။

နဉ်ရှောင်ယောင်းသည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး နောက်ကျမှ သတိရသွားသည်။ လူဆိုးကြီးဟူသော စကားလုံးသည် ကောင်းသောစကားမဟုတ်ပေ။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို မိမိရှေ့သို့ ဆွဲလိုက်သည်။

“ကျွန်တော်က ခင်ဗျားကို ထက်မြက်တယ်လို့ ပြောတာပါ။” နဉ်ရှောင်ယောင်းသည် လျင်မြန်စွာ ပြောလိုက်သည်။ “ခင်ဗျားကို ချီးကျူးနေတာ။”

“အမတ်ချုပ်ကြီးက ကိုယ်တို့ ဘာလုပ်မလဲဆိုတာကို သိသွားလောက်ပြီ။” ထက်မြက်သော လိုကျစ်ကွေ့သည် အပေါ်မှအကြောင်းအရာကို ဆက်မပြောတော့ဘဲ နဉ်ရှောင်ယောင်းကို အမတ်ချုပ်ကြီးရှဲ့ကို ကြည့်ခိုင်းလိုက်သည်။

နဉ်ရှောင်ယောင်းက ပြောသည်။ “ဒါဆိုရင် ကျွန်တော်တို့ အိမ်ပြန်ကြရအောင်လား။” လုပ်မည့်မကောင်းမှုကို အိမ်ရှင်က သိသွားပြီ၊ သူတို့ ဘာများဆက်လုပ်နိုင်ဦးမှာလဲ။ အိမ်ပြန်ပြီး ရေမိုးချိုးအိပ်လိုက်ကြစို့။

“ယင်းဖုန်း ပြန်လာတဲ့အထိ စောင့်။” လိုကျစ်ကွေ့သည် မလှုပ်မယှက် ရပ်နေလိုက်သည်။

နဉ်ရှောင်ယောင်းက ပြောသည်။ “တကယ်ပဲ အပြစ်ပုံချလို့ရော အောင်မြင်မှာလား။ ကျွန်တော်ထင်တာတော့ ဒီကိစ္စက ယုံကြည်ရလောက်စရာမရှိဘူး။”

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်

သည်။ “မအောင်မြင်ရင်လည်း ကိုယ်တို့ ဘာမှမဆုံးရှုံးဘူး၊ စိတ်ပူစရာမရှိဘူး၊ စမ်းကြည့်ရုံပဲ။”

နဉ်ရှောင်ယောင်းသည် နဂါးအစောင့်များကို ကြည့်လိုက်သည်။ ဒါဆိုရင် သူတို့ဒီလောက်များတဲ့လူအုပ်ကြီးက ဒီနေ့ အမတ်ချုပ်ကြီးအိမ်တော်ကို လာတာက မကောင်းမှုလုပ်ဖို့ စမ်းကြည့်ရုံပဲလား။ အိုး၊ မဟုတ်ဘူး၊ နဉ်ရှောင်ယောင်းသည် ချက်ချင်း မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။ အနည်းဆုံးတော့ သူမက အမတ်ချုပ်ကြီးရှဲ့ရဲ့ စပါးကျီကို ရွှေ့ပြောင်းနိုင်သေးတယ်၊ အလကားမဖြစ်ဘူး။

ရှဲ့အန်းရှီသည် ဤအချိန်တွင် အခန်းထဲမှ ထွက်လာသည်။

လောင်တသည် တစ်ချက်တည်း ပြန်ပြေးလာသည်။ သခင်မကြီး၏ ဤအခန်းသည် ပတ်ဝန်းကျင်တွင် သစ်ပင်များ ထူထပ်သောကြောင့် အလင်းရောင်သိပ်မကောင်းပေ။ လောင်တသည် တစ်ကိုယ်လုံး အနက်ရောင်ဖြစ်သော ကြောင်ဖြစ်ရာ ဤကဲ့သို့သော အလင်းရောင်မှိန်သော အခန်းထဲတွင် ပြေးလွှားလျှင် သာမန်လူတစ်ယောက် သတိမထားမိလျှင် တွေ့ရှိနိုင်မည်မဟုတ်ပေ။

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ထံမှ သကြားလုံးတစ်ထုပ်တစ်ဝက်ကို တောင်းယူလိုက်ပြီး ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ကာ သကြားလုံးစားနေလိုက်သည်။ သူမ ဒီကိစ္စကို စိတ်မပူတော့ပေ။

လောင်တသည် နဉ်ရှောင်ယောင်း၏ ပခုံးပေါ်သို့ ခုန်တက်လိုက်ပြီး ပြောလိုက်သည်။ “အမတ်ချုပ်ကြီးက သူ့သားကို ပြောတယ်၊ အဲဒီခုနစ်ယောက်က သူတို့ရှဲ့မိသားစုရဲ့ အဝေးကဆွေမျိုးတွေတဲ့၊ မင်းကြည့်လိုက်၊ သူ့သားက ထွက်သွားပြီ၊ မကြာခင် အမတ်ချုပ်ကြီးအိမ်တော်တစ်ခုလုံးက အိမ်တော်မှာ ဆွေမျိုးခုနစ်ယောက် ထပ်တိုးလာတယ်ဆိုတာကို သိသွားကြမှာပဲ။”

နဉ်ရှောင်ယောင်းသည် နှုတ်ခမ်းစူလိုက်ပြီး ပြောလိုက်သည်။ “ကျစ်၊ ငါစဉ်းစားထားတဲ့ ဆင်ခြေနဲ့တူတူပဲ၊ အမတ်ချုပ်ကြီးက တီထွင်ဖန်တီးမှုကိုမရှိဘူး။”

လောင်တက ပြောသည်။ “တီထွင်ဖန်တီးမှုဆိုတာ ဘာလဲ။”

“တီထွင်ဖန်တီးမှုဆိုတာ...”

“ထားလိုက်တော့၊ မင်းပြောစရာမလိုဘူး၊ ငါမသိချင်ဘူး။” နဉ်ရှောင်ယောင်းသည် စကားလေးလုံးသာ ပြောရသေးသည်၊ လောင်တက မဆိုင်းမတွ ဖြတ်ပြောလိုက်သည်။ “စစ်သေနာပတိချုပ်က လုပ်နိုင်မှာလား။”

နဉ်ရှောင်ယောင်းသည် ပါးစပ်ထဲသို့ သကြားလုံးတစ်လုံး ပစ်ထည့်လိုက်သည်။ သူမ ဤအနက်ရောင်အဆီတုံးနှင့် စကားမပြောချင်တော့ပေ။

အကြီးအကဲလီသည် အခန်းထဲသို့ ခဏဝင်ရပ်ပြီးနောက် ထွက်သွားသည်။ အဘိုးကြီးသည်လည်း လိုကျစ်ကွေ့က သခင်မကြီးရှဲ့အတွက် ထရပ်ပြီး လူသတ်သမားကို ဖမ်းဆီးပေးမည်ကို မယုံကြည်ပေ။ ဤကိစ္စတွင် တစ်ခုခုရှိမည်ကို စဉ်းစားရင်း အဘိုးကြီးလီသည် ဘေးမှသာရပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အကြီးအကဲလီ တိတ်ဆိတ်သွားသောအခါ အကြီးအကဲလီ၏ အဖွဲ့မှ အရာရှိများသည်လည်း စကားမပြောတော့ပေ။ ဝိညာဉ်ခန်းမခြံဝင်းထဲတွင် အမတ်ချုပ်ကြီး၏ အဖွဲ့နှင့် ရန်ဖြစ်ခဲ့သော အရှိန်အဝါ လုံးဝမရှိတော့ပေ။

ရှဲ့အန်းရှီသည် အိမ်တော်ထဲမှ လူများကို မှာကြားပြီးနောက် သခင်မကြီး၏ အခန်းနှင့် ခြံဝင်းသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ စိတ်ခြောက်ခြားဖွယ် တိတ်ဆိတ်မှုပင်။

“ဘယ်လိုလဲ။” အမတ်ချုပ်ကြီးရှဲ့သည် အမူအရာပုံမှန်ဖြစ်နေပြီး တစ်ခုခုဖြစ်နေသည်ကို မခံစားရသကဲ့သို့ သားငယ်ကို မေးလိုက်သည်။

ရှဲ့အန်းရှီသည် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “တပ်မှူးတွေကို စမ်းကြည့်ပြီးပြီ။ သူတို့ထွက်လို့မရဘူး။ ခမည်းတော်၊ သူတို့ကို အခန်းတစ်ခုခုထဲမှာ ရှောင်ခိုင်းရမလား။”

အမတ်ချုပ်ကြီးရှဲ့သည် မုတ်ဆိတ်ကို ပွတ်သပ်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။ “ဧကရာဇ်နဲ့ လိုကျစ်ကွေ့က သူတို့ကိုပဲ ဖမ်းချင်နေတာ။ ဒီခုနစ်ယောက် ပျောက်သွားရင် ဧကရာဇ်နဲ့ လိုကျစ်ကွေ့က အိမ်တော်ကို ရှာဖွေဖို့ အမိန့်မပေးဘဲ နေမယ်လို့ မင်းထင်နေတာလား။”

ကိုယ်ရံတော်နှင့် နဂါးအစောင့်များသည် အမတ်ချုပ်ကြီးအိမ်တော်ကို တစ်ကြိမ်ထက်မက ရှာဖွေခဲ့ပြီးဖြစ်သည်။ ဤလူအုပ်စုသည် အတွေ့အကြုံရှိသည်။

ရှဲ့အန်းရှီသည် ထိုင်ခုံပေါ်တွင် ထိုင်ကာ အစာစားနေသော နဉ်ရှောင်ယောင်းကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ဧကရာဇ်ကသာ မရှိတဲ့ အပြစ်တစ်ခုခု ဖန်တီးလိုက်ရင်ရော။”

အမတ်ချုပ်ကြီးရှဲ့က ပြောသည်။ “ငါရှိနေသရွေ့ ဧကရာဇ်က ဒီလိုနည်းလမ်းမျိုး သုံးရုံနဲ့ မလုံလောက်လောက်ဘူး။”

ရှဲ့အန်းရှီမှာ... ဧကရာဇ်ရဲ့နည်းလမ်းတွေက အကန့်အသတ်ရှိတယ်ဆိုပေမယ့် အဖေလည်း ဧကရာဇ်ကို နည်းနည်းလေးမှ အသာစီးမရဖူးဘူးလေ။

နဉ်ရှောင်ယောင်းသည် အသက်ကိုအောင့်ကာ နားစွင့်လိုက်သည်။ တံခါးရှေ့မှ လှုပ်ရှားမှုကို နားထောင်လိုက်သည်။ ယခုအချိန်တွင် ပတ်ဝန်းကျင် တိတ်ဆိတ်နေသောကြောင့် ရှဲ့သားအဖ၏ စကားကို နဉ်ရှောင်ယောင်းသည် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်ပြီး နဉ်ရှောင်ယောင်းသည် တိုက်ခိုက်လိုက်လျှင် ပိုကောင်းမည်ဟု ထပ်ထင်မိပြန်သည်။ လျှို့ဝှက်ကြံစည်မှုများသည် အလွန်စိတ်ညစ်စရာကောင်းလှသည်။

ယင်းဖုန်းသည် အခန်းအပြင်ဘက်မှ ပြေးဝင်လာပြီး စကားမပြောဘဲ လိုကျစ်ကွေ့ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

နဉ်ရှောင်ယောင်းသည် တိုးတိုးလေး ရေရွတ်လိုက်သည်။ “တကယ်ကြီး အပြစ်ပုံချလို့ အောင်မြင်သွားတာလား။”

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို အထူးတလည် မှာကြားလိုက်သည်။ “ခဏနေရင် စကားမပြောနဲ့၊ ရှဲ့ဝမ်ယွမ် ဘာပဲပြောပြော၊ မင်း စကားမပြောနဲ့။”

စကားမပြောရပြန်ဘူးလား။ နဉ်ရှောင်ယောင်းသည် မကျေမနပ်ဖြစ်သွားသည်။ “ဒါဆိုရင် သူက ကျွန်တော့်ကို ဆဲရင်ရော။”

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ ဖောင်းကားနေသော မျက်နှာကို ညှစ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ဧကရာဇ်ကို ဆဲဆိုတာက မလေးမစားပြုတာပဲ။ မင်းက သူ့ကို ရိုက်နှက်လိုက်ရုံပဲ။”

နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ကို ကြည့်လိုက်သည်။ အမတ်ချုပ်ကြီး၊ ရှင် ခဏနေရင် ကျွန်မကို သေချာပေါက် ဆဲရမယ်နော်။

(T/N- လူရိုက်ချင်နေသော သမီးလေး :(

သားမက်လေးအစားရင်လေးတယ်)

***

All Chapters