← Chapters

ဧကရာဇ်က ပြောတယ်၊ စစ်သေနာပတိချုပ်က လူဆိုးမဟုတ်ဘူးတဲ့

Vol. 10 Ch. 160

ဧကရာဇ်က ပြောတယ်၊ စစ်သေနာပတိချုပ်က လူဆိုးမဟုတ်ဘူးတဲ့

Vol. 10 Ch. 160

အကြီးအကဲလီသည် မိုးမလင်းမီပင် နန်းတော်တံခါးဝသို့ ရောက်ရှိလာပြီး တွေ့ဆုံခွင့် တောင်းခံလေသည်။

နဉ်ရှောင်ယောင်းသည် ခုတင်၏နွေးထွေးမှုကို ခံစား၍ မဝသေးမီမှာပင် ခုတင်ထဲမှ ထပ်မံ ထလာခဲ့ရပြီး၊ အကြီးအကဲလီအတွက် လာရောက် သတင်းပို့သော ယင်းဖုန်းအား သမ်းဝေလျက် ကြည့်လိုက်၏။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး အမတ်ကြီးကို မိုးလင်းမှထပ်လာဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အမတ်ကြီးက အရှင်မင်းကြီးကို တွေ့ဆုံခွင့်ရဖို့ အတင်း တောင်းဆိုနေလို့ပါ။” ယင်းဖုန်းကပြန်လည်လျှောက်တင်လိုက်သည်။

"တွေ့ချင်တယ်ဆိုလည်း တွေ့တာပေါ့။ မြို့ထဲမှာ လူသေတာရော မီးလောင်တာရော ဖြစ်နေတာ အဘိုးကြီးလည်း အိပ်ပျော်နိုင်မှာ မဟုတ်ဘူး။" နဉ်ရှောင်ယောင်းသည် သူမ၏ ဆံပင်ကို လက်ဖြင့် ဖြစ်ကတတ်ကတ် ဖြီးသင်လိုက်ပြီး၊ ဘယ်ဘက်သို့ တစ်ချက် လိမ်လိုက်၊ ညာဘက်သို့ တစ်ချက် လိမ်လိုက်ဖြင့်၊ သိပ် ပုံမကျသော ဆံထုံးလုံးလေးတစ်ခု ထုံးလိုက်၏။

ယင်းဖုန်းသည် နဉ်ရှောင်ယောင်း၏ ဦးခေါင်းထပ်မှ ဆံထုံးလေးကို ကြည့်လိုက်သည်။ ဧကရာဇ်၏ပုံစံနှင့် လိုက်ဖက်သော်လည်း၊ ဧကရာဇ်၏ ဂုဏ်ပုဒ်နှင့်မူ မလိုက်ဖက်ပေ။ မိမိမှာ ဧကရာဇ်အား ဆံပင်ပြန်လည်ထုံးဖွဲ့ပေးချင်သော်လည်း၊ တပ်မှူးကြီးယင်းတွင်လက်နက်ရေးရာတွင်သာကျွမ်းကျင်၍ ဆံပင်ထုံးဖွဲ့ရာ၌ မရှိပေ။

သကြားလုံးတစ်လုံးကို နှိုက်ယူ၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး၊ နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "စစ်သေနာပတိချုပ်ရော။" အဘိုးကြီးလီနှင့် တွေ့ဆုံရန်၊ သူမ အဖော်တစ်ယောက် ရှာရပေမည်။

"စစ်သေနာပတိချုပ်က ရှဲ့အန်းဝူနဲ့ တွေ့ဖို့ သွားပါတယ်။ အရှင်မင်းကြီး သူ့ကို ခေါ်လိုက်ရမလား။" ယင်းဖုန်းက ပြန်လည် ဖြေကြား၏။

နဉ်ရှောင်ယောင်းသည် သူမ၏ နဖူးကို အမှတ်တမဲ့ပုတ်လိုက်သည်။

ဟုတ်ပေသည်၊ ရှဲ့အန်းဝူ၊ အမတ်ချုပ်ကြီးရှဲ့၏ မယားငယ်မှ မွေးသော သားကိုစစ်သေနာပတိချုပ်က နန်းတော်ထဲသို့ သူမနှင့် တွေ့ဆုံရန် ခေါ်ဆောင်လာခဲ့သူ ဖြစ်သည်။ သူမ အလုပ်များနေသဖြင့် ထိုပုဂ္ဂိုလ်ကို မေ့လျော့နေခဲ့သည်။

"ဒါဆို ကျွန်တော်မျိုး စစ်သေနာပတိချုပ်ကို သွားခေါ်လိုက်ရမလား။" ယင်းဖုန်းက မေးလိုက်၏။

"ထားလိုက်တော့။ သာ့ဖုန်း၊ မင်းပဲ ငါနဲ့အတူ အဘိုးကြီးကို သွားတွေ့လိုက်တော့။ တခြားသူတွေ စကားပြောနေတာကို နှောင့်ယှက်တာ မကောင်းပါဘူးလေ။"

ယင်းဖုန်းမှာမူ သူတို့၏ ဧကရာဇ် မည်သို့ စဉ်းစားနေသည်ကို နားမလည်နိုင်တော့ပေ။ ကိစ္စရှိလို့ ဆင့်ခေါ်တာက ဘယ်လိုလုပ် နှောက်ယှက်တာဖြစ်ပါ့မလဲ။

အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ရင်း ဦးနှောက်ထဲတွင် အကြီးအကဲလီ၏ နှစ်ထောင်ပေါင်းများစွာ မပြောင်းလဲနိုင်သော ပိန်လှီသော မျက်နှာကို မြင်

ယောင်လာသောအခါ နဉ်ရှောင်ယောင်း တစ်ယောက် အနည်းငယ်စိတ်ပျက်သွားသည်။ အကြီးအကဲလီ၏ ဇနီးကို မျက်နှာချိုသွေးရန် ကိစ္စအား၊ မဖြစ်မနေ လုပ်ဆောင်ရမည့် စာရင်းထဲသို့ ထည့်သွင်းရပေတော့မည်။

"အရှင်မင်းကြီး။" နဉ်ရှောင်ယောင်း တံခါးဝတွင် ရပ်လျက် မသွားသေးသည်ကို မြင်သော်ကြောင့်ယင်းဖုန်းသည် နဉ်ရှောင်ယောင်းအား နောက်တစ်ကြိမ် ထပ်မံခေါ်လိုက်ရ၏။

"သွားကြစို့။" နဉ်ရှောင်ယောင်းသည် တံခါးခုံကို ကျော်ဖြတ်ရာ၌ မကျော်လွှားနိုင်ဘဲ တံခါးခုံနှင့် တိုက်မိကာ ရှေ့သို့ တစ်ပတ်လည် မှောက်ကျသွားလေသည်။

"အရှင်မင်းကြီး။" ယင်းဖုန်းသည် အလျင်အမြန် အခန်းအပြင်ဘက်သို့ ပြေး၍ မကူပေးရန်ကြိုးစားလိုက်သည်။

"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး။" နဉ်ရှောင်ယောင်းသည် မြေပြင်ပေါ်မှ ပြန်လည် ထလာခဲ့၏။

"မျက်နှာပေါ်မှာ ဖုန်တွေ..." ယင်းဖုန်းသည် နဉ်ရှောင်ယောင်း၏ မျက်နှာပေါ်တွင် ဖုန်များ ရှိနေကြောင်း သတိပေးလိုသော်လည်း၊

မိမိဧကရာဇ်မှာမူ မိုးရေ အနည်းငယ်ကို လက်ခုပ်ဖြင့် ခံယူကာ မျက်နှာ သစ်လိုက်

သည်ကို မြင်တွေ့လိုက်ရသဖြင့် တပ်မှူးကြီးယင်း ပါးစပ် ပိတ်လိုက်လေသည်။

"မနေ့ညက ကိစ္စအတွက်၊ ငါ အဘိုးကြီးကို ရှင်းပြချက်တစ်ခု ပေးဖို့လိုနေသေးတယ်။”

နဉ်ရှောင်ယောင်းသည် မိုးရေဖြင့် မျက်နှာ သစ်ရုံသာမက၊ မိုးရေ အနည်းငယ်ကိုပါ သောက်သုံးလိုက်ပြီး၊ ယင်းဖုန်းအား ပြောလိုက်သည်။

"ငါ အမှားလုပ်လိုက်မိပေမဲ့ အမတ်

ချုပ်ကြီးလည်း အမှားလုပ်ဖူးတာပဲဟုတ်ဟုတ်တယ်မလား။"

"အရှင်မင်းကြီးမှာ ဘယ်လို အမှား ရှိနိုင်မှာလဲ။" ယင်းဖုန်းက တည်ကြည်စွာဖြေကြားခဲ့သည်။

"ငါ့အမှားက လောဘကြီးလွန်းသွားတာလေ။”

နဉ်ရှောင်ယောင်းကဆိုလိုက်သည်။

"တစ်ခါတည်းနဲ့ အမတ်ချုပ်ကြီးရဲ့ အိမ်တွေ မြေတွေ ဒီလောက် အများကြီးကို လောဘတကြီး ယူလိုက်မိတာ။ သူက ငါ့ကို ဒေါသ မထွက်ဘဲ နေပါ့မလား။"

ယင်းဖုန်းသည် နဉ်ရှောင်ယောင်း မိမိကိုယ်

အပြစ်တင်ပြောဆိုသည်ကို နားမထောငနိုင်သဖြင့်ချက်ချင်း ပြောဆိုရန် ပြင်လိုက်သည်။

"တော်ပြီ၊ သာ့ဖုန်း မင်း ဘာမှ မပြောနဲ့တော့။" နဉ်ရှောင်ယောင်းသည် ယင်းဖုန်းအား လက်ကာပြလိုက်၏။

"ငါ့ကို နှစ်သိမ့်စရာ မလိုပါဘူး၊ ငါ အားလုံး နားလည်ပါတယ်။"

ယင်းဖုန်း “….”

အရှင်မင်းကြီး ဘာတွေများ နားလည်သွားခဲ့ပြန်တာလဲ။

နဉ်ရှောင်ယောင်းသည် အဘွားယာ၏ လက်ထဲမှ ထီးကို ယူကာ ဆောင်းလိုက်ပြီး မိုးရေထဲသို့ လျှောက်သွားခဲ့သည်။

မှားရင်လဲ မှားတယ်ပေါ့ဘာဖြစ်လဲ။ ဝန်ခံလိုက်မယ်။

အကြီးအကဲလီအား ယင်းလေက ထိုက်ဟွာခန်းမရှိ စာကြည့်ခန်းငယ်ထဲသို့ ဦးဆောင် ခေါ်ဆောင်သွားခဲ့သည်။

အကြီးအကဲလီ ဒူးမထောက်မီမှာပင် နဉ်ရှောင်ယောင်းက အော်လိုက်၏။ "အရိုအသေ ပြုစရာ မလိုပါဘူး၊ အဘိုးကြီး ထိုင်ပါ။"

အကြီးအကဲလီသည် နဉ်ရှောင်ယောင်းအား ရိုသေစွာ ကိုယ်ကို ကိုင်းညွှတ်၍ အရိုအသေ ပြုလိုက်၍ ကျေးဇူးတင်စကား ဆိုပြီးမှ နဉ်ရှောင်ယောင်း၏ ဘယ်ဘက်လက်ခြမ်းရှိ ထိုင်ခုံတွင် ထိုင်လိုက်လေသည်။

နဉ်ရှောင်ယောင်းသည် အကြီးအကဲလီ၏ အမူအရာကို တစ်ချက်အကဲခတ်ကြည့်

လိုက်သော်လည်း ဘာကိုမှ မမှန်းဆနိုင်ခဲ့ပေ။

အကြီးအကဲလီသည်လည်း နဉ်ရှောင်ယောင်းကို အကဲခတ် ကြည့်လိုက်ရာ၊ ဧကရာဇ်မှာ တစ်ညလုံး မအိပ်ခဲ့ရသော ပုံစံမျိုး မရှိသည်ကို တွေ့ရှိလိုက်ရသည်။ "အရှင်မင်းကြီး။" အကဲခတ် ကြည့်ရှုနေသော အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက်၊ အကြီးအကဲလီသည် နဉ်ရှောင်ယောင်းအား ပြောလိုက်၏။

"အမတ်အားလုံး လာရောက်ကြမှာကို ကျွန်တော်မျိုး တားဆီးထားလိုက်ပါတယ်။ ကျွန်တော်မျိုးက အရှင်မင်းကြီးနဲ့ သီးသန့် စကားပြောဆိုချင်လို့ပါ။"

"အိုး၊ ဒါဆို အဘိုးကြီး ပြောပါ၊ ကျွန်တော် နားထောင်နေပါတယ်။" နဉ်ရှောင်ယောင်းက ဆို၏။

အကြီးအကဲလီသည် နဉ်ရှောင်ယောင်း၏ဘေးတွင်ရပ်နေသော ယင်းဖုန်းကို ကြည့်လိုက်၏။

နဉ်ရှောင်ယောင်း "သာ့ဖုန်းက လူစိမ်း မဟုတ်ပါဘူး။ အဘိုးကြီး ပြောစရာ ရှိရင် ပြောပါ။"

အကြီးအကဲလီ "ကျွန်တော်မျိုး အရှင်မင်းကြီးကို မေးမြန်းခွင့် ပြုပါ။ ညဘက်က မီးလောင်မှုက ဘာကြောင့် ဖြစ်ပွားခဲ့တာပါလဲ။"

နဉ်ရှောင်ယောင်း “အဲ... အဲ့တာ ကျွန်တော်က အမတ်ချုပ်ကြီးရဲ့ အိမ်တွေ၊မြေတွေရဲ့ စာချုပ်စာတမ်း အများကြီးကို ယူလိုက်တယ်လေ။ အမတ်ချုပ်ကြီးက ကျွန်တော့်ကို မပေးချင်တော့ လူလွှတ်ပြီး တန်ဖိုးအကြီးဆုံး ဆိုင်ခန်းတွေကို မီးရှို့ပစ်လိုက်တာ။"

အကြီးအကဲလီ "ဒါဆို ဒုက္ခသည်တွေက ဘာကြောင့် ဆူပူသောင်းကျန်းကြတာလဲ။"

နဉ်ရှောင်ယောင်း "ဘာလို့လဲဆိုတော့ ရှဲ့အန်းရှီကြောင့်လေ။ ဒုက္ခသည်တွေက သူတို့ ရှဲ့မိသားစုကို ကျိန်ဆဲတာကို ကြားတော့ အဲ့ဒုက္ခသည်တွေကို အရှင်လတ်လတ် မီးရှို့သတ်ပစ်လိုက်တယ်လေ။ တကယ်တုံးလိုက်တဲ့ ရှဲ့အန်းရှီ။ အဲ့တာနဲ့ဒုက္ခသည်တွေဒေါသထွက်သွားကြကော အဲ့ဒီအချိန် ရှဲ့အန်းရှီက ထောင်ချန်ရဲ့အိမ်ထဲမှာ ရှိနေတယ်ဆိုတဲ့သတင်းလည်းကြားကော ဒုက္ခသည်တွေက ထောင်ချန်ရဲ့ အိမ်ကို သွားသတ်ကြတာ။”

အကြီးအကဲလီ “အရှင်မင်းကြီး၊ စစ်သေနာပတိချုပ်ကရော ဘာတွေလုပ်ခဲ့သေးလဲ။"

"စစ်သေနာပတိချုပ်?”

နဉ်ရှောင်ယောင်း ယင်းဖုန်းကို ကြည့်လိုက်သည်။ စစ်သေနာပတိချုပ်က မကောင်းတာ တစ်ခုခုလုပ်ခဲ့သေးတာလား?

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး အဲ့ဒိအချိန်တုန်ရက မြို့အပြင်ဘက် လယ်ယာခြံဘက်မှာ မြေသွားသိမ်းနေခဲ့တာမို့ကျွန်တော်မျိုး မသိလိုက်ပါဘူး။" ယင်းဖုန်းက တိုးညှင်းစွာ ဆို၏။

ငါကလည်း နန်းတော်ထဲမှာ ရှိနေခဲ့တာမို့ အဲ့နေ့ကအကြောင်း သေချာဘာမှကိုမသိခဲ့တာ

နဉ်ရှောင်ယောင်း ပါးစပ် လှုပ်ရှာလိုက်သော်လည်း၊ စကား မဆိုခဲ့ပေ။

အကြီးအကဲလီသည် နဉ်ရှောင်ယောင်း နှုတ်ဆိတ်သွားသည်ကို မြင်သောအခါ သံသယများဖြင့်မေးလိုက်သည်။

"ဒီအဘိုးကြီး မေးချင်တဲ့အဓိပ္ပာယ်ကဒုက္ခသည်တွေ ဆူပူသောင်းကျန်းတဲ့ ကိစ္စမှာ စစ်သေနာပတိချုပ် ပါဝင်ပတ်သက်ခဲ့တာလား ဆိုတာကိုပါ”

နဉ်ရှောင်ယောင်းက အလျင်အမြန်ပြန်ဖြေလိုက်သည်။

"မပါပါဘူး။ စစ်သေနာပတိချုပ်က အဆိပ်မှ မခတ်ခဲ့တာ။ သူက ဒုက္ခသည်တွေကို ဘယ်လို လှုံ့ဆော်ပြီး ဆူပူသောင်းကျန်းခိုင်းနိုင်မှာလဲ။"

အကြီးအကဲလီ “…..”

အဲ့ဒုက္ခသည်တစ်သိုက်ပို လှုံ့ဆော်ပြီးဆူပူသောင်းကျန်းခိုင်းဖို့က အဆိပ်ခတ်သည့် နည်းတစ်နည်းတည်းရှိတာမှမဟုတ်တာ

အရှင်မင်းကြီးရယ်

"အဘိုးကြီး၊ ဘာလို့ ဒီလို မေးရတာလဲ။" နဉ်ရှောင်ယောင်းက နားမလည်နိုင်စွာမေးလိုက်သည်။

"မနေ့က ကိစ္စအတွက် ဒုက္ခသည်တွေကို လက်နက်တစ်ခုအဖြစ် စစ်သေနာပတိချုပ်လိုက အသုံးချခဲ့မယ်ဆိုရင် သူနဲ့ ရှဲ့ဝမ်ယွမ်နဲ့ ဘာများ ကွာခြားဦးမှာလဲ။ အရှင်မင်းကြီးကော မတွေးမိဘူးလား?" အကြီးအကဲလီသည် အကဲဖြတ်လိုသော မျက်လုံးများဖြင့် နဉ်ရှောင်ယောင်းအား စိုက်ကြည့်ကာ ပြောလိုက်သည်။

နဉ်ရှောင်ယောင်း ခဏ စဉ်းစားလိုက်ပြီးနောက်အဘိုးကြီးလီ ပြောသည်မှာလည်းအဓိပ္ပာယ် ရှိသည်ဟု ခံစားလိုက်ရသည်။

အကြီးအကဲလီက သက်ပြင်းချကာပြောလိုက်သည်။

"အရှင်မင်းကြီး၊ လောကကြီးကို အုပ်ချုပ်တယ်ဆိုတာ လူတွေရဲ့ စိတ်နှလုံးကိုလည်း အုပ်ချုပ်ရတာပါ။ ပညာရှိ အမှုထမ်းတွေကို အနီးကပ်ထားပြီး ယုတ်မာသူတွေကို ဝေးဝေးမှာ ထားမှ၊ တိုင်းပြည်က ကြီးပွား တိုးတက်နိုင်မှာပါ။"

"အဲ... စစ်သေနာပတိချုပ်က လူယုတ်မာ မဟုတ်ပါဘူး။"

နဉ်ရှောင်ယောင်းသည် အကြီးအကဲလီအား ခေါင်းခါပြရင်း ရှင်းပြလိုက်သည်။

"စစ်သေနာပတိချုပ်က အဲ့လိုလူမျိုး မဟုတ်ပါဘူး။ သူ ဒီလိုကိစ္စမျိုး လုပ်မှာ မဟုတ်ဘူး၊ တကယ်ပါ။"

အကြီးအကဲလီ “အရှင်မင်းကြီး သေချာလို့လား။"

ယင်းဖုန်းသည်လည်း နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်၊ အရှင်မင်းကြီး သေချာလို့လား။

နဉ်ရှောင်ယောင်းသည် တွန့်ဆုတ်ခြင်းမရှိဘဲ အခိုင်အမာခေါင်းညိတ်လိုက်သည်။

"အင်း။"

စစ်သေနာပတိချုပ်လိုသည် မည်မျှပင် ယုတ်မာကောက်ကျစ်သည် ဖြစ်စေ၊ အဘိုးကြီးရှဲ့လို လူမျိုး ဖြစ်လာမည် မဟုတ်ပေ။

အကြီးအကဲလီသည် အာရုံစူးစိုက်၍ အသေအချာ စဉ်းစားလိုက်သည်။

လိုကျစ်ကွေ့ မဟုတ်ဘူးဆိုရင်၊ ရှဲ့ဝမ်ယွမ်ကို မုန်းတီးတဲ့ တခြားတစ်ယောက်ယောက်က လုပ်ခဲ့တာများလား။

သားဖြစ်သူကလည်းဒဏ်ရာအပြင်းအထန်ရသွားတဲ့အပြင် သမီးနှင့် သမက်မိသားစုပါရက်ရက်စက်စက်သေသွားခဲ့တာဆိုတော့ရှဲ့ဝမ်ယွမ်သာ လက်စားချေမည် ဆိုလျှင် မြို့တော်မှ ဒုက္ခသည်များ တစ်ယောက်မျှ အသက်ရှင်နိုင်မည် မဟုတ်ပေ။ လူပေါင်း သောင်းချီသော အသက်များက ရှဲ့ဝမ်ယွမ်၏ စိတ်အခြေအနေ အပြောင်းအလဲပေါ်မူတည်ရာ တစ်ချက်ကလေး လေးဆွဲလိုက်သည်နှင့် မတွေးရဲစရာပင်။ ထိုလူ၏ စိတ်နေသဘောထားမှာ အလွန်အမင်း အေးစက် ရက်စက်လှပေသည်။

"ဒါပေမဲ့ ရှဲ့အန်းရှီက လူမသတ်ဘူးဆိုရင် အဲ့ဒုက္ခသည်တွေကလည်း ဒေါသထွက်ကြမှာ မဟုတ်ဘူးလေ။" နဉ်ရှောင်ယောင်းက ဒုက္ခသည်များဘက်မှ ကာကွယ် ပြောဆိုလိုက်လေသည်။

"အဘိုးကြီး ခင်ဗျား ထောင်မိသားစုက ကလေးငယ်တွေကိုသနားနေတာလား။ ဒါဆို ဒုက္ခသည်မိသားစုက ကလေးငယ်တွေကကော သေသင့်လို့လား။"

"အရှင်မင်းကြီး။"

"လူသတ်ပြီးတော့၊ ဘာကိစ္စမှ မရှိသလိုမျိုး အစ်မဖြစ်သူရဲ့ အိမ်ကို ဧည့်သည်

အဖြစ်တောင် သွားလည်နေသေးတယ်။ ရှဲ့အန်းရှီက ဒုက္ခသည်တွေရဲ့ အသက်ကို လူ့အသက်လို့တောင် သဘောမထားခဲ့ဘူး။ ကြက်ကလေးငှက်ကလေး သတ်သလိုပဲ၊ အဘိုးကြီး ဘယ်လိုပဲ စဉ်းစား စဉ်းစား ကျွန်တော်တော့ သူ့ကို မသနားဘူး။ ထောင်ချန်တစ်မိသားစုလုံးသေတဲ့ကိစ္စကတော့ ရှဲ့အန်းရှီကိုပဲ သွား အပြစ်တင်လိုက်ပေါ့။" နဉ်ရှောင်ယောင်းကဒေါသထွက်စွာပြောလိုက်သည်။

"ရှဲ့အန်းရှီ သေဆုံးတဲ့နေရာမှာ စစ်သေနာပတိချုပ်လိုလည်းအဲ့ဒီမှာ ရှိနေခဲ့တယ်။" အကြီးအကဲလီက ဆို၏။

"စစ်သေနာပတိချုပ်က သူ့ကို ဘာအကြွေးမှ မတင်တာ စစ်သေနာပတိချုပ်က ဘာလို့ အဲ့အမျိုးယုတ်ကို သွားကယ်ရမှာလဲ။"

နဉ်ရှောင်ယောင်း မျက်ခုံးပင့်လိုက်ပြီး လိုကျစ်ကွေ့အား ကာကွယ်ပြောဆိုနေခဲ့သည်။

"အဘိုးကြီး ကျွန်တော် ထင်တာတော့ ခင်ဗျားက ဒီနေ့ စစ်သေနာပတိချုပ်ကိုသံသယဝင်နေပြီး တရာခံစစ်လာစစ်နေတာပဲ။”

အကြီးအကဲလီ "အရှင်မင်းကြီး ဒီအဘိုးကြီးပြောတာ ဘာအမှားများပါလို့လဲ။”

နဉ်ရှောင်ယောင်း "အမတ်ချုပ်ကြီးရှဲ့ကို ခင်ဗျား အခုချိန်ထိကို ဖြုတ်မချနိုင်သေးဘူး။ ရန်သူတစ်ယောက်ကိုတောင် အမြစ်မဖြုတ်နိုင်သေးတာကို နောက်ထပ်ရန်သူတစ်ယောက်ထပ်တိုးချင်နေသေးတာလား။”

ဒီအဘိုးကြီးကတော့ လူတိုင်းကိုသံသယလွန်ကဲနေတာပဲ။ လူတိုင်းကိုသူ့ရန်သူ မှတ်လို့ ။

“ အဘိုးကြီး ရှေရှည်ကိုမကြည့်ပဲ မြေပုံကြည့် ပစ်ခတ်နေတာလွန်တာပေါ့!”

အကြီးအကဲလီသည် နဉ်ရှောင်ယောင်းအား ကြည့်လိုက်ပြီး၊ အချိန်အတော်ကြာမှ ပြောလိုက်သည်။

"'မြေပုံကြည့် ပစ်ခတ်' ဆိုတာ ဘာအဓိပ္ပာယ်များလဲ အရှင်မင်းကြီး။”

"ထားပါ အဲ့တာကို ကျွန်တော်နောက်မှပဲ ရှင်းပြမယ်။ ဘာပဲဖြစ်ဖြစ် စစ်သေနာပတိချုပ်က လူဆိုး မဟုတ်ဘူး။”

လူနှစ်ယောက်စကားပြောနေသောအခန်းတံခါးအရှေ့တွင် ရပ်နေသော လိုကျစ်ကွေ့သည် တိတ်ဆိတ်စွာ လှည့်ထွက်သွားလေသည်။

တံခါးကို စောင့်ကြပ်နေသော ယင်းလေသည် လိုကျစ်ကွေ့ ထွက်ခွာသွားသည်ကို မြင်သောအခါ၊ သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ချလိုက်မိသည်။ ခုနကတည်းကပင် စစ်သေနာပတိချုပ်လို ရှိနေသဖြင်ါအသက်ပင် ပြင်းပြင်း မရှူဝံ့ခဲ့ပေ။

နဉ်ရှောင်ယောင်းသည် ပိတ်ထားသော စာကြည့်ခန်း တံခါးကို တစ်ချက် ကြည့်

လိုက်သည်။ စစ်သေနာပတိချုပ်သာ အဘိုးကြီးလီက သူ၏ သစ္စာရှိမှုကို သံသယဝင်သော စကားကို ကြားသွားခဲ့လျှင်၊ စိတ်ထိခိုက်သွားမလား မသိပေ။

အကြီးအကဲလီတွင် နဉ်ရှောင်ယောင်းကဲ့သို့ အဆင့်မြှင့်ထားသော လူသားမျိုးနွယ်၏ အကြားအာရုံ မရှိသောကြောင့် လိုကျစ်ကွေ့ လာရောက်ခဲ့ပြီး ပြန်လည် ထွက်ခွာသွားသည်ကို လုံးဝ သတိမမူမိပေ။

"အရှင်မင်းကြီး၊ ရှဲ့မိသားစုရဲ့ အိမ်ဂရန်၊ မြေဂရန်တွေက ဘယ်လိုလုပ် အရှင်မင်းကြီးရဲ့ လက်ထဲမှာ ရောက်နေရတာလဲ။"

"သခင်မကြီးက ကျွန်တော့်ကို ပေးခဲ့တဲ့ အမွေအနှစ်လေ။" နဉ်ရှောင်ယောင်းက ယုံကြည်ချက်အပြည့်ဖြင့် မိမိဖန်တီးထားသောဇာတ်လမ်းကို ပြောလိုက်လေသည်။

နဉ်ရှောင်ယောင်းစကားကို အကြီးအကဲလီက ခေါင်းခါလိုက်ပြီး မယုံသ်ကာဖြင့် ပြန်ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ရှဲ့သခင်မကြီးကရုတ်တရက် အသတ်ခံခဲ့ရတာပါ။ရုတ်တရက် သေဆုံးသွားတဲ့သူက ဘယ်လိုလုပ် သေတမ်စားရေးပြီးအမွေ ချန်ထားနိုင်မှာလဲ။"

"အာ။" နဉ်ရှောင်ယောင်းသည် မိမိရှေ့မှအဘိုးကြီးကြောင့် အလိမ်ပေါ်တော့မလိုခံစားလိုက်ရသည်။

“လူတစ်ယောက်က ကိုယ်သေမဲ့ရက်ကိုကြိုမသိပဲ ဘယ်လိုလုပ်လက်ရေးမူသေတမ်းစာချန်ထားခဲ့နိုင်မှာလဲ"

နဉ်ရှောင်ယောင်း "ဒါ... ဒါပေမဲ့ ကြိုတင် စီစဉ်ထားတာလည်းဖြစ်နိုင်တာပဲကို”

အကြီးအကဲလီ "အရှင်မင်းကြီး အဲ့နေ့ကနန်းတော်ထဲမှာ ရှိနေတာ၊ သခင်မကြီးက ဘယ်တုန်းကအမွေစီစဉ်တဲ့ကိစ္စကို အရှင်မင်းကြီးကို အသိပေးခဲ့တာလဲ။"

နဉ်ရှောင်ယောင်းသည် အညာပေါ်တော့မည်ကိုစိုးရိမ်ကာ ရုတ်တရက်ခြေတုန်လက်တုန်ဖြစ်လာခဲ့သည်။

ထိုအချိန် ယင်းဖုန်းက၊ "အမတ်ကြီးက ဒါ အရှင်မင်းကြီးကို စစ်မေးနေတာလား။"

"မိုက်ရိုင်းလိုက်တာ။" အကြီးအကဲလီသည် ယင်းဖုန်းအား မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်၏။ "ဘယ်တုန်းက၊ ဧကရာဇ်နဲ့

အမတ်တစ်ယောက် ဆွေးနွေးတိုင်ပင်နေချိန်မှာ နဂါးအစောင့်တပ်က ဝင်ပြောခွင့် ရှိသွားတာလဲ။" ယင်းဖုန်းသည် အကြီးအကဲလီ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရသဖြင့် စကားဆက်၍မဆိုနိုင်တော့ပေ။

"အိုက်ယိုး နည်းနည်းပါးပါးလေးဝင်ပြောတာကို ဘယ်လောက်တောင် ကြီးကျယ်တဲ့ ကိစ္စမို့လို့လဲ။" နဉ်ရှောင်ယောင်းက ဆို၏။

အကြီးအကဲလီသည် ကိုယ်ကို မတ်လိုက်ပြီး၊ နဉ်ရှောင်ယောင်း၏ ရှေ့မှောက်တွင် ဒူးတစ်ဖက် ထောက်ကာ၊ ကျယ်လောင်စွာ ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ဒါက စည်းမျဉ်းစည်းကမ်းပါ။ အမှုထမ်းမှာ အမှုထမ်းရဲ့ တာဝန်ဝတ္တရား ရှိပါတယ်။ ကိုယ်ရံတော်မှာ ကိုယ်ရံတော်ရဲ့ တာဝန်ဝတ္တရား ရှိပါတယ်။ ဒီနှစ်ခုကို ဘယ်လိုလုပ် ရောထွေးလို့ ရနိုင်မှာလဲ။"

ကောင်းရော...။ နဉ်ရှောင်ယောင်း လက်ညိုးဖြင့် သူမခေါင်းကို ဖိထားလိုက်သည်။

ငါတကယ် ဧကရာဇ် မလုပ်တော့လို့ မရဘူးလား။ အရမ်း စိတ်ညစ်ဖို့ ကောင်းတာပဲ။ လူကို စကားမပြောခိုင်းဖို့တောင် ဒီအဘိုးကြီးက ကြီးကြီးကျယ်ကျယ်အကြောင်းပြချက်တွေ ပေးနိုင်သေးတယ်။

"အရှင်မင်းကြီး။" အကြီးအကဲလီ ထပ်ပြောရန် ပြင်လိုက်စဉ်…

"ခင်ဗျား ဆက်မပြောပါနဲ့တော့ ကျေးဇူးပြုပြီး ကျွန်တော် အမှန်အတိုင်း ဝန်ခံရင်ရပြီမလား။ အဘိုးကြီး လောလောဆယ် ခင်ဗျား အရင် ထပါ။" နဉ်ရှောင်ယောင်းက လူအိုကြီးအား မနိုင်တော်သည့်လေသံဖြင့်ပြောလိုက်သည်၊

အကြီးအကဲလီသည် ကိုယ်ကို မတ်လိုက်ပြီး

"မဟုတ်မှလွဲရော အရှင်မင်းကြီး ခိုးခဲ့တာလား။"

"မဟုတ်ပါဘူး တကယ် မဟုတ်ဘူး။"

နဉ်ရှောင်ယောင်းသည် အကြီးအကဲလီအား အချဉ်သိပ်အိုးများ အကြောင်းကို ပြောပြလိုက်ပြီး သူ၏အပြစ်ကင်းစင်မှုကိုထုတ်ဖော်ခဲ့သည်။

"အဘိုးကြီး ခင်ဗျားလည်းအဲ့ဒီတုန်းက အဲ့ဒီမှာ ရှိနေခဲ့တာပဲ။ အမတ်ချုပ်ကြီးက ကျွန်တော့်ကို ပေးလိုက်တာလေ။ ဘယ်လိုလုပ်ပြီး ကျွန်တော်ခိုးတာ ဖြစ်ရမှာလဲ။"

အကြီးအကဲလီ.”….”

"ဟိုလေ...။" နဉ်ရှောင်ယောင်းသည် စားပွဲခုံပေါ်မှ မြေဂရန်များကို ယူလိုက်ပြီး၊ အကြီးအကဲလီအား ဝှေ့ယမ်းပြကာ ဆက်ပြောလိုက်သည်။

"ကြည့် မြေတွေ ပြန်ရလာပြီ။ အဘိုးကြီး ခင်ဗျား လူခေါ်ပြီး သွားကြည့်လိုက်။ မြို့ထဲက ဒုက္ခသည်တွေကို ဘယ်လောက် နေရာ ချထားပေးနိုင်မလဲ။ အဆင်ပြေရင် ချထားပေးနိုင်သလောက် ချထားပေးလိုက်တော့။"

နဉ်ရှောင်ယောင်း၏လက်ထဲမှ မြေဂရန်များကို ကြည့်ရင်း၊ အကြီးအကဲလီ စကား မဆိုနိုင်သေးပေ။ ကိစ္စက ဘယ်လိုလုပ် ဒီလိုတွေဖြစ်ကုန်ရတာလဲ။ မြို့အနောက်ဘက် မီးလောင်မှု၊ ဒုက္ခသည်များ ဆူပူသောင်းကျန်းမှု၊ ထောင်ချန် တစ်အိမ်လုံး အသတ်ခံရမှု၊ ရှဲ့အန်းရှီ လူများ၏ မီးရှို့ခြင်းကို ခံရမှု၊ ဤအရာအားလုံးသည် လူကို ရယ်ရမလား ငိုရမလား မသိစေသော အချဉ်သိပ်အိုးကနေစတင် ဖြစ်ခဲ့တာပေါ့ဟုတ်လား။

နဉ်ရှောင်ယောင်းသည် အကြီးအကဲလီအား မျက်လုံးစိမ်းကြီးဖြင့် စိုက်ကြည့်နေသည်။အခုကြဒီအဘိုးကြီး စကားလည်း မပြော၊ လှုပ်လည်းမလှုပ် ဘာလဲ ငါသူ့ကိုအလွန်အကျူးခိုင်းမိလို့လား။

လိုကျစ်ကွေ့သည် ကွေးကောက် ရှည်လျားသော စင်္ကြံလမ်းကို ဖြတ်ကျော် လျှောက်လှမ်းလာခဲ့ပြီး၊ ရှဲ့အန်းဝူ ယာယီတည်းခိုနေသော နန်းဆောင်၏တံခါးရှေ့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ တံခါးကို တွန်းဖွင့်၍ အခန်းထဲသို့ ဝင်ရောက်လိုက်ရာ၊ ရှဲ့သခင်လေး ၄သည် အခန်းထဲတွင် ငိုင်တွေစွာ ထိုင်နေပြီး၊ လိုကျစ်ကွေ့ ဝင်လာသည်ကို မြင်သောအခါ၊ ထိုင်ခုံပေါ်မှ အလျင်အမြန် ထရပ်လိုက်သည်။

"ထိုင်ပါ။" လိုကျစ်ကွေ့က ရှဲ့အန်းဝူအား ထိုင်ရန် ပြောလိုက်၏။

ရှဲ့အန်းဝူသည် လိမ်လိမ်မာမာပင် ပြန်လည် ထိုင်ချလိုက်ရ၏။

"ရှဲ့အန်းရှီ ဒဏ်ရာ အပြင်းအထန် ရသွားပြီ။" လိုကျစ်ကွေ့သည် လွတ်နေသော ထိုင်ခုံတစ်လုံးတွင် ထိုင်လိုက်ပြီး၊ ရှဲ့အန်းဝူအား ရင်ဆိုင်လျက် ပြောလိုက်သည်။

"အသက်ရှင်ခဲ့ရင်တောင်၊ သူက အသုံးမကျတဲ့လူတစ်ယောက် ဖြစ်သွားပြီ။"

ရှဲ့အန်းဝူသည် ခုတင်ထိုင်ခုံပေါ်တွင် ထိုင်

နေရာမှ၊ လိုကျစ်ကွေ့၏စကားကို ကြားသောအခါ၊ အံ့အားသင့်စွာဖြင့် ထိုင်ခုံပေါ်မှ ထပ်မံ ထရပ်လိုက်ပြန်သည်။

လိုကျစ်ကွေ့သည် ရှဲ့အန်းဝူအား ကြည့်လိုက်သည်။ သူ့အမူအရာမှာ နူးညံ့သိမ်မွေ့သည်ဟု မဆိုနိုင်သော်လည်း၊ အေးစက်နေခြင်းလည်း လုံးဝ မရှိဘဲ ပြောလိုက်သည်။

"မင်း အခု ရှဲ့အိမ်တော်ကို ပြန်ရင် အချိန်မီသေးတယ်။ ရှဲ့အန်းကျိက ကိစ္စကြီးတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့လူ မဟုတ်ဘူး။ တရားဝင်ဇနီးက မွေးတဲ့ သားသုံးယောက်ထဲက နှစ်ယောက်က အသုံးမကျ ဖြစ်သွားပြီ။ ကျန်တစ်ယောက်ကလည်း အသုံးမဝင်ဘူး။ မင်းလို မယားငယ်က မွေးတဲ့ သား ထင်ပေါ်လာနိုင်တဲ့ အခွင့်အရေး ရလာပြီ။"

***

All Chapters