← Chapters

စစ်သေနာပတိချုပ်က ပြောတယ်၊ မင်းက မတူဘူး

Vol. 10 Ch. 158

စစ်သေနာပတိချုပ်က ပြောတယ်၊ မင်းက မတူဘူး

Vol. 10 Ch. 158

ဒုက္ခသည်များသည် မည်သည့်နေရာမှ ဆီများ ရှာဖွေယူဆောင်လာကြသည်ကို မသိရသော်လည်း၊ ရှဲ့အန်းရှီအား ဦးခေါင်းမှ ခြေဖျားအထိ လောင်းချလိုက်ကြ၏။

ရှဲ့အန်းရှီသည် မေးရိုးသာ ကျိုးသွားခဲ့ခြင်း ဖြစ်ပြီး ပါးစပ်ကို ဖွင့်ပိတ်၍ စကား မပြောနိုင်သော်လည်း ကိုယ်မှာမူ လှုပ်ရှားနိုင်သေး၏။ အကြိမ်ပေါင်းများစွာ တွားသွားထပြေးရန် ကြိုးစားခဲ့သော်လည်း ဒုက္ခသည်များ၏ ကန်ကြောက်ထိုးကြိတ်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။ နောက်ဆုံးတွင် ထပ်မံမရုန်းကန်နိုင်တော့သော ရှဲ့သခင်လေးသုံးသည် မြေပြင်ပေါ်သို့ ပုံကျသွားပြီး၊ သူ့ကိုယ်အောက်ပိုင်း စိုစွတ်သွားကာ ဆီးနံ့များ ထွက်ပေါ်လာလေသည်။

ဒုက္ခသည်များစွာတို့နန်းတွင်းအရာရှိ၊ မင်းစိုးမင်းနွယ်၏ သားတော်ဟု ခေါ်ဆိုကြသူများသည် ဒုက္ခကြုံတွေ့ရသောအခါ အိမ်ခြေမဲ့ ခွေးတစ်ကောင်မျှသာ ဖြစ်ကြောင်း တွေ့ရှိသွားကြလေသည်။

ဒုက္ခသည်တစ်ဦးက မီးရှူးတိုင်ကို ရှဲ့အန်းရှီ၏ကိုယ်ပေါ်သို့ ပစ်ချလိုက်၏။

တစ်ကိုယ်လုံး မီးလောင်ကျွမ်းနေသော ရှဲ့အန်းရှီသည် မြေပြင်ပေါ်တွင် လူးလိမ့်ရင်း နာကျင်စွာ အော်ဟစ်နေလေသည်။

ဖန်းထန်သည် လိုကျစ်ကွေ့၏ အနားသို့ ပြန်ပြေးလာခဲ့ပြီးအခြေအနေများကိုတင်ပြလိုက်သည်။

"စစ်သေနာပတိချုပ်၊ အဲ့ကောင်လေးက သူ ဒီလို သေနည်းမျိုးနဲ့ သေရလိမ့်မယ်လို့ လုံးဝ တွေးမိမှာ မဟုတ်ဘူး။"

လိုကျစ်ကွေ့ စကားမဆိုခဲ့ပေ။ မြေပြင်ပေါ်တွင် လူးလိမ့်နေသော လူသားပုံစံ မီးတိုင်ကြီးကိုသာ ကြည့်နေ၏။ သူ့အကြည့်များမှာ ရေခဲများဖြင့် ဖုံးလွှမ်းနေသော အေးစက်သည့် ရေကန်နက်တစ်ခုကဲ့သို့ မှောင်မည်းကာ ညွှန်မှိုင်းနေလေသည်။

ဤလမ်းမနှင့် ဆက်သွယ်နေသော လမ်းသွယ်နက်ထဲမှ အလျင်အမြန် ပြေးလွှားလာသော မြင်းခွာသံများ ထွက်ပေါ်လာ၏။

"သတ်။" အမိန့်ပေးသံတစ်ချက်နှင့်အတူ၊ မြို့တော်စောင့်တပ်မှ မြင်းတပ်တစ်စုသည် လမ်းသွယ်သွယ်မှ သတ်ဖြတ်ရန်ထွက်ပေါ်လာကြသည်။

"ချန်လုပဲ။" ဖန်းထန်သည် တပ်ကို ဦးဆောင်လာသော စစ်သူကြီးကို တစ်ချက် မြင်လိုက်သည်နှင့် ချက်ချင်းပင် လိုကျစ်ကွေ့အား သတင်းပို့လိုက်၏။

"ဒုက္ခသည်တွေကို လူခွဲခိုင်းလိုက်တော့။" လိုကျစ်ကွေ့က တိုးညှင်းစွာ ပြောလိုက်၏။

"အခုထိ အမြန် မသွားကြသေးဘူးလား။"

ဖန်းထန်သည် ဒုက္ခသည်များဘက်သို့ အော်ဟစ်လိုက်၏။

"ဒီနေရာမှာနေပြီး စစ်သားတွေ သတ်တာကို စောင့်နေကြတာလား။ သူတို့ကမြို့တော်စောင့်တပ်က အကောင်းဆုံး မြင်းတပ်သားတွေ၊ ခင်ဗျားတို့ အသက်မလိုချင်ကြတော့ဘူးလား။"

နဂါးအစောင့် အနည်းငယ်သည် ဖန်းထန်နှင့်အတူ ကူညီ အော်ဟစ်ကြ၏။

ချန်လုသည် စစ်တပ်ကို ဦးဆောင်၍ ဒုက္ခသည်အုပ်စုထဲသို့ ပြေးဝင် တိုက်ခိုက်လေသည်။ စစ်တပ်နှစ်ခု တိုက်ခိုက်ကြသောအခါ၊ မြင်းတပ်သည် ခြေလျင်တပ်နှင့် ကြုံတွေ့ရပါက အလွန်အသာစီး ရရှိလေ့ရှိ၏။ ထို့အပြင် ယခုအချိန်တွင် သူတို့ ရင်ဆိုင်နေရသည်မှာ လက်နက်မဲ့ ဒုက္ခသည်များစွာ ဖြစ်လေသည်။

ဒုက္ခသည်များသည် မကြာမီပင် အစုလိုက်အပြုံလိုက် လဲကျသွားကြ၏။

ဖန်းထန်တို့၏ ကျယ်လောင်စွာ အော်ဟစ်ခေါ်ဝေါ်ခြင်း၊ ထို့ပြင် သေခြင်းတရား၏ ခြောက်လှန့်ခြင်းကို ခံလိုက်ရသော ဒုက္ခသည်များသည် လေးဘက်လေးတန်သို့ စတင် ထွက်ပြေး လွတ်မြောက်ကြလေသည်။

ချန်လုသည် လက်အောက်ငယ်သားများအား လိုက်လံဖမ်းဆီးရန် အမိန့် မပေးခဲ့ပေ။ မြို့တော်စောင့်တပ်ရင်းကြီးကို အဓိက တာဝန်ယူထားသော စစ်သူကြီးသည် မြင်းကို ဒုန်းစိုင်း၍ ရှဲ့အန်းရှီ၏ရှေ့မှောက်သို့ ရောက်ရှိလာပြီး၊ အလျင်စလို ပြောလိုက်၏။ "မီးငြှိမ်းကြ၊ မြန်မြန် မီးငြှိမ်းကြ။"

ဖန်းထန်သည် ရှေ့သို့ တိုးသွားရန် ကြံရွယ်သော်လည်း၊ လိုကျစ်ကွေ့က လက်မြှောက်၍ တားဆီးလိုက်၏။

စစ်သားနှစ်ဦးသည် ရေယူ၍ လောင်းမည် ပြုသော်လည်း ချန်လုက အလျင်အမြန် ကျယ်လောင်စွာ အော်ငေါက်လိုက်၏။ "ဆီနံ့ မရကြဘူးလား။"

ဆီ စွဲကပ်၍ လောင်ကျွမ်းသော မီးကို၊ ရေဖြင့် ပက်ဖျန်းပါက ပို၍သာ ပြင်းထန်စွာ လောင်ကျွမ်းစေလိမ့်မည်။

စစ်သားနှစ်ဦးသည် သူတို့၏ အပေါ်ဝတ်ရုံများကို ချွတ်လိုက်ပြီး၊ အပေါ်ဝတ်ရုံများဖြင့် ရှဲ့အန်းရှီ၏ကိုယ်ပေါ်မှ မီးကို ရိုက်ပုတ် ငြှိမ်းသတ်ကြ၏။

"ရှဲ့အန်းရှီကို ဒီအတိုင်းပဲ အလွတ်ပေးလိုက်တော့မှာလား။" ဖန်းထန်က လိုကျစ်ကွေ့အား တိုးညှင်းစွာ မေးလိုက်၏။

လိုကျစ်ကွေ့က၊ "ဒီလောက်တောင် လောင်ကျွမ်းသွားတာ၊ သူ အသက်ရှင်နေတာက သေတာလောက်တောင် မကောင်းတော့ဘူး။"

ရှဲ့အန်းရှီ၏ကိုယ်ပေါ်မှ မီးသည် မကြာမီပင် ငြိမ်းသတ်သွားခဲ့၏။ ဤ ရှဲ့သခင်လေးသုံးသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေပြီး၊ တစ်ကိုယ်လုံး မီးသွေးခဲကဲ့သို့ မည်းနက်နေကာ၊ ခြေလက်များမှာ မီးလောင်၍ ပုံပျက်ပန်းပျက် ဖြစ်နေသဖြင့် ဘေးမှ လူများမှာ သူ သေလားရှင်လားကို မခွဲခြားနိုင်တော့ပေ။

ရှဲ့အန်းရှီ၏ ပုံပျက်ပန်းပျက်ဖြစ်နေသောမျက်နှာကို တစ်ချက်ကြည့်လိုက်ရာ၊ ဖန်းထန်၏ မျက်လုံးထောင့်များ တစ်ချက် လှုပ်ခတ်သွားသည်။ ဤပုံစံဖြင့် အသက်ဆက်ရှင်ဦးမည် ဆိုလျှင် ရှဲ့အန်းရှီသည် အရှင်လတ်လတ် ငရဲကျတာပဲမဟုတ်လား။

ချန်လုသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်၏။ သူ့ရှေ့မှ မီးသွေးခဲတစ်တုံးကဲ့သို့သော လူကို သူဘယ်လိုမှမထိရဲပေ။

"ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ရတာ၊ ရှဲ့သခင်လေးသုံးနဲ့ တူတယ်။" ချန်လု၏ဘေးတွင် ရပ်နေသော ဒုစစ်သူကြီးက ပြောလိုက်သည်။

ချန်လုသည် ထိုင်ချလိုက်ပြီး၊ ရှဲ့အန်းရှီ၏ နှာခေါင်းထွက်သက်ကို စမ်းသပ်ကြည့်ရာ အသက်ရှူသံ ရှိနေသေး၏။ ထို့နောက် မြေပြင်ပေါ်မှ မီးလောင်၍ မည်းနက်နေသော နှာရှူဆေးပုလင်းတစ်လုံးကို ကောက်ယူလိုက်ပြီး၊ နှာရှူဆေးပုလင်းကို ဟိုဘက်ဒီဘက် လှန်လှော ကြည့်ရှုလိုက်ကာ၊ ချန်လုသည် အသက်ကိုပြင်းစွာရှူသွင်းလိုက်မိ၏။

"စစ်သူကြီး သူက ရှဲ့အန်းရှီပဲ။" ချန်လုက တိုးညှင်းစွာ ပြောလိုက်၏။ နှာရှူဆေးပုလင်းသည် ရှဲ့အန်းရှီ၏ ကိုယ်နှင့် မခွါယူဆောင်လေ့ရှိသော ပစ္စည်းဖြစ်ရာ ဤလူသည် ရှဲ့အန်းရှီ ဧကန် ဖြစ်ပေသည်။

ယခင်က သံသယမျှသာ ရှိခဲ့သော်လည်း၊ ယခုအခါ မဲမဲတူးတူးလူမှာ ရှဲ့အန်းရှီ ဖြစ်ကြောင်း သေချာသွားသောအခါ၊ ဒုတပ်မှူးတစ်ကိုယ်လုံး ချွေးစေးများ ထွက်လာခဲ့သည်။ သူတို့ မြို့တော်စောင့်တပ်မှ လူများသည် လမ်းကြားလေးတစ်ခုသာခြားသော လမ်းမပေါ်တွင် မီးငြှိမ်းသတ်နေကြစဉ် ရှဲ့မိသားစု၏ တတိယသခင်လေး ဤနေရာတွင် ဒုက္ခသည်များ၏မီးရှို့ခြင်းကိုခံရပြီး လူသားမီးသွေးခဲ ဖြစ်သွားခဲ့ရာ၊ သူတို့ အမတ်ချုပ်ကြီးရှဲ့ကို ဘယ်လိုရှင်းပြကြရမလဲ။

"လာကြဦး။" ချန်လုသည် ကိုယ်ကို မတ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။ "သခင်လေးသုံးကို အမတ်ချုပ်ကြီးရဲ့ အိမ်တော်ကို ပြန်ပို့လိုက်ကြ။"

စစ်သားအနည်းငယ် ပြေးတက်လာကြပြီး၊ လက်ပေါင်းစုံဖြင့် ရှဲ့အန်းရှီကို မတင်လိုက်ကြသည်။ သို့သော် မည်သူ သိနိုင်မည်နည်း၊ ရှဲ့အန်းရှီ၏ ကိုယ်လုံးကို ရွှေ့ပြောင်းလိုက်သည်နှင့် ကိုယ်ပေါ်မှ အသားများမှာ အောက်သို့ ပြုတ်ကျလာပြီး၊ မီးလောင်ကျွမ်းနေသော အသားများ ပြုတ်ကျသွားပြီးနောက် ဖြူဖွေးနေသော အရိုးများ ထွက်ပေါ်လာလေသည်။

လူကို ထမ်းမလိုက်သောသော စစ်သားများမှာ ထိုမြင်ကွင်းမျိုးကို မမြင်စဖူး ကြောက်လန့်သွားကြ၏။

ဒုစ်သူကြီးသည် လူများကို ဦးဆောင်၍ လမ်းမဘက်မှ ဆိုင်ခန်းတစ်ခု၏ ရှေ့သို့ ပြေးသွားပြီး တံခါးရွက်တစ်ချပ်ကို ဖြုတ်ယူလာခဲ့သည်။

ရှဲ့အန်းရှီအား တံခါးရွက်ပေါ်သို့ တင်လိုက်ပြီးနောက်၊ ချန်လုသည် နှာခေါင်းထွက်သက်ကို ထပ်မံ စမ်းသပ်ကြည့်လိုက်ရာ ရှဲ့သခင်လေးသုံး၏အသက်ရှူသံမှာ ယခုအခါ ပိုးမျှင်ကဲ့သို့ တိုးညှင်းနေပြီး ကြည့်ရသည်မှာ မရတော့သည့်ပုံ ဖြစ်နေလေသည်။

"မြန်မြန်။" ချန်လုက စစ်သားများအား လောဆော်လိုက်၏။ "မြန်မြန် အမတ်ချုပ်ကြီးရဲ့ အိမ်တော်ကို ပို့လိုက်ကြ။"

စစ်သူကြီးချန်လုသည် မူလက ထိုက်ဟွာခန်းမသို့ လူများစေလွှတ်၍ သမားတော်ချုပ်ကို ပင့်ဖိတ်ရန် ကြံရွယ်ခဲ့သော်လည်း၊ ခေါင်းမော့၍ မလှမ်းမကမ်းတွင် ရပ်နေသော လိုကျစ်ကွေ့တို့ တစ်ဖွဲ့ကို ကြည့်

လိုက်မိသောအခါ ထိုစကားကို ပြန်လည် မျိုချလိုက်ရသည်။ လက်ရှိ ဧကရာဇ်သည် ရှဲ့မိသားစုဝင်များ သေဆုံးသွားမှ ကျေနပ်

မည့်သူ ဖြစ်ရာ သမားတော်ချုပ်ကို ပင့်ဖိတ်ဖို့ ကြိုးစားခြင်းသည် ကိုယ့်လည်မျိုကိုယ်နင်းသတ်ခြင်းပင်။

စစ်သားများသည် တံခါးရွက်ကို အသုံးပြု၍ ရှဲ့အန်းရှီကို ထမ်းပိုးကာ လမ်းသွယ်နက်ထဲသို့ ပြေးထွက်သွားကြလေသည်။

"မင်း လိုက်သွား။" ချန်လုက သူ့ဘေးမှ ဒုစ်သူကြီးအား အမိန့်ပေးလိုက်၏။

ဒုစစ်သူကြီး "စစ်သူကြီး၊ အမတ်ချုပ်ကြီးနဲ့ တွေ့ရင် ကျွန်တော်မျိုး ဘယ်လို ပြောရမလဲ။"

"လိုကျစ်ကွေ့ကို တွေ့ခဲ့တယ်လို့ပဲ ပြောလိုက်။ တခြားဟာတွေ မင်း ဘာတစ်ခုမှ ပြောဖို့မလိုဘူး။"

ဒုစစ်သူကြီးသည် 'ဟုတ်ကဲ့' ဟု ခေါင်းညိတ် ဖြေကြားပြီး၊ ထိုစစ်သားအုပ်စု၏နောက်သို့ လိုက်၍ ပြေးထွက်သွားလေသည်။

ချန်လုသည် လိုကျစ်ကွေ့၏ရှေ့မှောက်သို့ လျှောက်လှမ်းသွားပြီး၊ ရပ်တန့်ကာ ပြောလိုက်၏။ "စစ်သေနာပတိချုပ်၊ ဒီကိစ္စက ပြီးဆုံးဖို့ ခက်ခဲလောက်ပြီ ထင်တယ်။"

"ဟုတ်လို့လား။" လိုကျစ်ကွေ့က တစ်ချက် ပြုံးလိုက်၏။ အလင်းရောင်ကွယ်သောနေရာတွင် ရပ်နေသော လူသည် ပြုံးလိုက်သောအခါ အနည်းငယ် ပေါ်လွင်လာသော သွားများမှာ ဖြူဖွေး၍ ကြောက်မက်ဖွယ် ကောင်းနေ၏။

ချန်လုက၊ "ခင်ဗျား အမတ်ချုပ်ကြီးကို ရှင်းပြချက်တစ်ခုတော့ ပေးရလိမ့်မယ်။"

"မြို့တော်ရဲ့ ဒီမီးလောင်မှုကြီးအတွက်၊ အမတ်ချုပ်ကြီးက အရှင်မင်းကြီးကို ရှင်းပြချက်တစ်ခု ပေးရမှာပါပဲ။" လိုကျစ်ကွေ့၏ မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲထားသော်လည်း၊ အသံမှာမူ နွေးထွေးမှု တစ်စုံတစ်ရာ မရှိဘဲ ပြောလိုက်၏။ "မင်း အမတ်ချုပ်ကြီးနဲ့ တွေ့တဲ့အခါ၊ သူ့ကို ပြောလိုက်ဖို့ မမေ့နဲ့။ လူတစ်ယောက်က အရမ်း တွက်ချက်လွန်းရင် ကိုယ့်ကိုယ်ကိုယ်ပါ တွက်ချက်မှုထဲ ထည့်မိသွားတတ်တယ်လို့။"

ချန်လုသည် လိုကျစ်ကွေ့တို့ တစ်ဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ရင်း၊ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။ ယခုမီးလောင်မှုသည် အမတ်ချုပ်ကြီးက ဧကရာဇ်ကို ရင်ဆိုင်ရန် ရှို့လိုက်သော မီးများလား။

ထောင်ချန်၏ အိမ်တော်သို့ သွားရောက်ခဲ့သော တပ်မှူးငယ်တစ်ဦးသည် လမ်းတစ်လျှောက် ယိုင်နဲ့ ထော့နဲ့ဖြင့် ပြေးလာပြီး၊ ချန်လုအား အော်ဟစ်လိုက်၏။ "ဗိုလ်ချုပ်၊ ထောင်အိမ်တော်... ထောင်အိမ်တော်က လူတွေ အကုန် သေကုန်ပြီ။"

ချန်လု၏ ခေါင်းထဲတွင် တဝီဝီမြည်သွား၏။

ချန်လုတို့တပ်ဖွဲ့ ထောင်အိမ်တော်သို့ ရောက်ရှိသွားသောအခါ၊ ကျယ်ဝန်းစွာ ဖွင့်ထားသော တံခါးမကြီးထဲတွင် မျက်စိတစ်ဆုံး ကြည့်လိုက်သည်နှင့် အလောင်းများသာ ဖြစ်နေပြီး မြင့်သော နေရာမှ သွေးများသည် နိမ့်သော နေရာသို့ စီးဆင်းကာ ခြံဝန်းအတွင်း အနိမ့်ဆုံး နေရာဖြစ်သော ထောင့်တစ်နေရာတွင် အိုင်ထွန်းနေလေသည်။

"သွားရှာကြည့်ကြ။" ချန်လုသည် ခြေလက်များ အေးစက်လျက် ခြံဝန်းထဲတွင် ရပ်ကာ၊ အမိန့်ပေးလိုက်၏။ "အသက်ရှင်တဲ့သူ ရှိသေးလားဆိုတာ ကြည့်လိုက်၊ အမတ်ကြီးထောင်ကို သေချာပေါက် ရှာတွေ့ရမယ်။"

စစ်သားများသည် လေးဘက်လေးတန်သို့ ပြေးထွက်သွားကြ၏။

"အိမ်တော်ထဲက ပစ္စည်းတွေလည်း လုယက်ခံလိုက်ရတယ်။" သတင်းပို့သော တပ်မှူးငယ်သည် စစ်သူကြီးနောက်သို့ လိုက်၍ အတွင်းအိမ်တော်ဆီသို့ လျှောက်လှမ်းသွားရင်း၊ တိုးညှင်းစွာ ပြောလိုက်၏။ "လမ်းမပေါ်မှာ ဒုက္ခသည်တွေ အရမ်း များလွန်းတာကြောင့် ဘယ်သူတွေက တရားခံလဲဆိုတာ ခွဲခြားလို့ မရခဲ့ပါဘူး။”

ချန်လု၏ခြေအောက်တွင် ပျော့ပျောင်းသော အရာတစ်ခုကို နင်းမိလိုက်သောကြောင့် ခေါင်းငုံ့၍ မီးရှူးတိုင်၏ အလင်းရောင်ကို အကူအညီ ယူကာ ကြည့်လိုက်သည့်နောက် ၎င်းမှာ လူ့လက်

တစ်ဖက် ဖြစ်နေပြီး၊ သွေးများ မရှိဘဲအထီးကျန်စွာ မြေပြင်ပေါ်တွင် လဲလျောင်းနေ၏။

မြို့တော်စောင့်တပ်မှ စစ်သားတစ်ဦးသည် ခြံဝန်းထဲသို့ ပြေးဝင်လာပြီး၊ ခြံဝန်းထဲမှ ကြောက်မက်ဖွယ်မြင်ကွင်းကြောင့် တစ်

ချက် ထိတ်လန့်သွားသော်လည်း သတိပြန်ဝင်လာပြီးနောက် ချန်လု၏ရှေ့မှောက်သို့ ပြေးလာခဲ့ပြီး သတင်းပို့လိုက်၏။ "စစ်သူကြီး၊ လမ်းမပေါ်က ဒုက္ခသည်တွေ လူစုခွဲသွားကြပါပြီ။"

ချန်လုသည် သူ့ခြေအောက်မှ လူ့လက်တစ်ဖက်ကို ကန်ထုတ်လိုက်သည်။ အမတ်ချုပ်ကြီးရှဲ့ လက်စားချေမှာမှာကို မကြောက်ကြဘူးလား။ ရှဲ့သခင်လေးသုံးကို မီးရှို့၊ ထောင်ချန်၏ အိမ်တော်ကို ဖျက်ဆီးခဲ့ပြီးနောက်၊ အမတ်ချုပ်ကြီးရှဲ့က လက်စားမချေဘဲ၊ ခင်ဗျားတို့ ဒုက္ခသည်တွေကို အသက်ချမ်းသာခွင့်ပေးမယ်လို့များ ထင်နေတာလား။

ဖန်းထန်၏လက်ရှိအတွေးမှာ ချန်လုနှင့် တူညီနေ၏။ မြင်းပေါ်တွင် ထိုင်လျက်၊ တပ်မှူးလေး ဖန်းထန်သည် လိုကျစ်ကွေ့အား မေးလိုက်၏။ "စစ်သေနာပတိချုပ်၊ ရှဲ့ဝမ်ယွမ်က ဒီဒုက္ခသည်တွေကို အလွတ်ပေးပါ့မလား။"

လိုကျစ်ကွေ့ "ရှဲ့ဝမ်ယွမ်မှာ လုပ်စရာ အများကြီး ရှိတယ်။ သူ လောလောဆယ် လက်စားချေဖို့ အချိန် မရှိသေးဘူး။"

"အာ။ သူ့မှာ တခြား ဘာကိစ္စတွေ လုပ်စရာ ရှိသေးလို့လဲ။"

ထိုအချိန်တွင် လိုကျစ်ကွေ့သည် မြင်းဇက်ကြိုးကို ပြင်းထန်စွာ တစ်ချက် ဆွဲလိုက်ပြီး မြင်းကို ရပ်တန့်ကာ၊ တိုးညှင်းစွာ ကျိန်ဆဲလိုက်၏။ "သေစမ်း။"

ဖန်းထန်တို့သည် လိုကျစ်ကွေ့၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ၊ နဉ်ရှောင်ယောင်းသည် ဘယ်ဘက်ပခုံးပေါ်တွင် လောင်တ၊ ဦးခေါင်းထိပ်တွင် နှင်းဝံပုလွေငယ်လေးအား တင်လျက်၊ လမ်းဘေး လျှောက်လမ်းပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

လိုကျစ်ကွေ့သည် မြင်းပေါ်မှ ဆင်းလိုက်ပြီး၊ ခြေလှမ်းအနည်းငယ်ဖြင့် နဉ်ရှောင်

ယောင်း၏ ရှေ့သို့ ရောက်ရှိသွားကာ တိုးညှင်းစွာ ပြောလိုက်၏။ "မင်း ဘာလို့ နန်းတော်ထဲက ထွက်လာရတာလဲ။"

နဉ်ရှောင်ယောင်းသည် လက်ကို လမ်းမ၏ ရှေ့ဘက်သို့ လက်ညှိုးထိုးပြလိုက်ပြီး၊ ဆို၏။ "ထောင်ချန်တို့တစ်အိမ်လုံးကို သတ်ပစ်လိုက်ကြပြီလား။"

ဖန်းထန် "အရှင်မင်းကြီး ဘယ်လို သိတာလဲ။"

နဉ်ရှောင်ယောင်းသည် သူမ၏လက်ဖဝါးကို ကုတ်ခြစ်လိုက်သည်။ ခုနက ကျီးကန်းတစ်အုပ်စု လူသား စားရန် ထွက်သွားကြသည် မဟုတ်လား။

"ထောင်ချန်က သူ့အပြစ်နဲ့သူ ခံရတာပဲ။" လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏လက်ကို ဆွဲကိုင်လိုက်ရာ သခင်မလေးနဉ်၏လက်သည် ဤအချိန်တွင် အလွန်အမင်း အေးစက်နေ၏။

"ဒီတစ်ခေါက် လူတွေ အများကြီး သေသွားတာလား။" နဉ်ရှောင်ယောင်းက မေးလိုက်၏။

ဖန်းထန်တို့အားလုံး စကားမဆိုခဲ့ကြပေ။ လူအများအပြား သေဆုံးခဲ့သည်မှာ မှန်သော်လည်း၊ ဤကိစ္စကို ဧကရာဇ် နဉ်ရှောင်ယောင်း၏ ရှေ့မှောက်တွင် ထုတ်ဖော် ပြောဆိုရ ခက်နေသကဲ့သို့ ရှိ၏။

လိုကျစ်ကွေ့သည် ဖန်းထန်အား လူများကို ဦးဆောင်၍ အရင်ထွက်ခွာသွားရန် ပြောလိုက်ပြီး၊ သူကိုယ်တိုင်မှာမူ နဉ်ရှောင်ယောင်းနှင့်အတူ လျှောက်လမ်းပေါ်တွင် ရပ်လျက် ကျန်ရစ်ခဲ့၏။

"ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင်၊ ကျွန်မ…ကျွန်မ အမတ်ချုပ်ကြီးရဲ့ အိမ်တွေကို မယူခဲ့ပါဘူး။" နဉ်ရှောင်ယောင်းသည် ခြေဖြင့် မြေကြီးကို ပွတ်တိုက်လျက်၊ ခေါင်းငုံ့ကာ နောင်တရစွာ ပြောလိုက်၏။

"မင်းနဲ့ မဆိုင်ပါဘူး။" နဉ်ရှောင်ယောင်း၏လက်ကို နွေးထွေးအောင် လုပ်ပေး၍ မရနိုင်သည်ကို တွေ့သောအခါ၊ လိုကျစ်ကွေ့သည် သူ့အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး နဉ်ရှောင်ယောင်းအား ခြုံပေးလိုက်ကာ ပြောလိုက်သည်။

"ရှဲ့အန်းရှီက ဒုက္ခသည်တွေ ရှဲ့မိသားစုကို ကျိန်ဆဲတာကို ကြားတော့ အဲ့ဒီ ဒုက္ခသည်တွေကို လမ်းကြားထဲမှာပိတ်ဆို့ပြီး မီးရှို့သတ်ပစ်ဖို့ အမိန့်ပေးလိုက်တယ်။"

နဉ်ရှောင်ယောင်းသည် ဤကိစ္စကို မသိရှိသေးရာ ကြားလိုက်သည်နှင့် ကြက်သေသေသွားလေသည်။

"ဒုက္ခသည်တွေက နောက်ပိုင်းမှာ ဆူပူသောင်းကျန်းပြီး၊ ထောင်ချန်ရဲ့ အိမ်တော်ထဲကို ရှဲ့အန်းရှီကို ဖမ်းဖို့ ပြေးဝင်သွားကြတာ။ ဒါက ထောင်ချန်တို့တစ်အိမ်လုံး အသတ်ခံလိုက်ရတဲ့ အကြောင်းရင်းပဲ။"

"ဒါ... ဒါဆို ရှဲ့အန်းရှီ... အဲ့ဒီ အယုတ်မာကရော။" သတိပြန်ဝင်လာသော နဉ်ရှောင်ယောင်းက ဒေါသတကြီး ပြောလိုက်သည်။

"သူ့ကို ဒုက္ခသည်တွေက ဖမ်းမိပြီး၊ မီးရှို့လိုက်ကြပြီ။" လိုကျစ်ကွေ့သည် လက်တစ်ဖက်ဖြင့် မြင်းကို ဆွဲလျက်၊ လက်တစ်ဖက်ဖြင့် နဉ်ရှောင်ယောင်းကို ဆွဲကာ ထိုက်ဟွာခန်းမ၏ဆီသို့ လမ်းလျှောက်သွားရင်း ဘေးနားကအရူးမလေးကို စိတ်ရှည်

ရှည်ဖြင့် ပြောပြနေခဲ့သည်။

"သူ အသက်ရှင်နိုင်သည်ဖြစ်စေ၊ မရှင်နိုင်သည်ဖြစ်စေ၊ သူ ဒီဘဝမှာတော့ အသုံးမကျတဲ့လူတစ်ယောက် ဖြစ်သွားပြီ။"

နဉ်ရှောင်ယောင်း နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။

လိုကျစ်ကွေ့ "ဒါက သူ့ရဲ့ ဝဋ်ကြွေးပဲ။"

"ရှဲ့အန်းရှီ သေသေ ရှင်ရှင် ကျွန်မနဲ့ မဆိုင်ဘူး၊ အဲ့ဒီ ဒုက္ခသည်တွေကရော ဘယ်လိုလုပ်မလဲ။ အဘိုးကြီးရှဲ့ လက်ထဲမှာ စစ်တပ် ရှိနေတာ။ အဲ့ဒီ အဘိုးကြီး ရူးသွပ်လာပြီး စစ်တပ်လွှတ်ပြီး အဲ့ဒီ ဒုက္ခသည်တွေကို သတ်ပစ်လိုက်မှာလား။"

လိုကျစ်ကွေ့ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး၊ "မင်း စိတ်ပူနေတာက ဒီအကြောင်းလား။"

"ဟုတ်တယ်လေ၊ ဒီအကြောင်းကို စိတ်မပူရရင်၊ ကျွန်မက ရှဲ့အန်းရှီ အဲ့ဒီ မယုတ်တမာကို သွား စိတ်ပူရမှာလား။ ရှင်ကရော ဘာကို စိတ်ပူနေတာလဲ။" နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့အား အလွန် နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ယခုအချိန်တွင် ထိုကိစ္စထပ်ပို၍ အရေးကြီးသော စိတ်ပူစရာ ကိစ္စ ရှိနေသေးလို့လား။

လက်ထဲမှ ဇက်ကြိုးကိုလွှတ်လိုက်ပြီး လိုကျစ်ကွေ့သည် လက်နှစ်ဖက်ဖြင့် နဉ်ရှောင်ယောင်းအား ပွေ့ဖက်လိုက်၏။

နဉ်ရှောင်ယောင်းသည် လက်မြှောက်ကာ လိုကျစ်ကွေ့၏မျက်နှာကို စမ်းကြည့်လိုက်

သည်။ မည်သို့ပင်ဖြစ်စေ သူမ၏ လက်အောက်မှ အရေပြားမှာမူ အေးစက်

နေ၏။ "ရှင်..." နဉ်ရှောင်ယောင်းက တစ်ခုခုကို ခန့်မှန်းမိလိုက်၍ ပြောလိုက်သည်။ "ရှင်လည်း စိတ်ပူနေတာပဲ။ ဒါပေမဲ့ လောလောဆယ် နည်းလမ်း မစဉ်းစားမိသေးဘူးလား။"

"မြို့တော်စောင့်တပ်က လူတွေ အခုမီးငြှိမ်းသတ်နေကြပြီ။ ဒီမီးက အကြာကြီး ထပ်လောင်နေမှာ မဟုတ်တော့ဘူး။"

"အိုး... ဟုတ်သားပဲ၊ ဒီတစ်ခေါက် မီးကရော။ စုစုပေါင်း အိမ်ဘယ်နှလုံးလောက် လောင်သွားလဲ။"

လိုကျစ်ကွေ့သည် ခေါင်းငုံ့လိုက်ပြီး၊ သူ့နဖူးဖြင့် နဉ်ရှောင်ယောင်း၏ ဦးခေါင်းကို တစ်ချက် ပွတ်သပ်လိုက်၏။

စစ်သေနာပတိချုပ်လို၏ ယခုကဲ့သို့ပြုမူနေသောအကြောင်းအရင်းကို နားမလည်သော နဉ်ရှောင်ယောင်းမှာမူ၊ မလှုပ်မယှက် ရပ်နေရုံသာ တတ်နိုင်လေသည်။

သူပွေ့ဖက်ထားသော မိန်းကလေးသည် အရင်ဧကရာဇ်နှင့်၊ ရှဲ့ဝမ်ယွမ်နှင့် မတူညီပေ။ လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းအား ပွေ့ဖက်ထားရင်း တွေးတောနေမိသည်။ သွေးသား တော်စပ်သော်လည်း မိမိရင်ခွင်ထဲမှ မိန်းမပျိုလေးမှာမတူညီပေ။ ဤမိန်းကလေးသည် ဆိုးသွမ်းယုတ်မာခြင်း မရှိသည့်အပြင် သူ့အပေါ်လည်းအလွန် ကောင်းမွန်သည်။ ကယ်တင်ခဲ့ဖူးသော အသက်ကျေးဇူးလည်းရှိသေးသည့်အတွက် "မင်းကတော့ သူတို့တွေနဲ့မတူဘူး။" လိုကျစ်ကွေ့က တိုးညှင်းစွာ ရေရွတ်လိုက်၏။

"ရှင် ဘာဖြစ်နေတာလဲ။" နဉ်ရှောင်ယောင်းက စိတ်ပူပန်စွာ မေးလိုက်သည်။ သူမကို အခုလိုဝမ်းနည်းနေရတဲ့အကြောင်းအရင်းကိုအရင် ပြောလို့မရဘူးလား။

ရှောင်ဟုန်၏ကိုယ်ပေါ်သို့ ခုန်တက်သွားသော လောင်တသည် တိုးတိုးလေး ရေရွတ်လိုက်၏။ "ငတုံးမလေး။"

"ရှောင်ယောင်းကို ဒီလို မပြောရဘူး။" လောင်တ၏ဘေးတွင် ထိုင်နေသော နှင်းဝံပုလွေငယ်လေးသည် ပါးစပ် ဟ၍ ကိုက်လိုက်ရာ အမွှေးမည်းတစ်ပါးစပ်လုံးသာ ရရှိလိုက်၏။

"စစ်သေနာပတိချုပ်က မင်းနဲ့ အချစ်စကားပြောနေတာလေ။" လောင်တသည် အထင်သေးသော မျက်နှာဖြင့် နဉ်ရှောင်ယောင်းအား ကြည့်လိုက်၏။ "ဒါလေးတောင် မသိဘူး၊ တုံးလိုက်တာ။"

ပွေ့ဖက်ခြင်း၊ ပွတ်သပ်ခြင်း၊ လုပ်ခြင်းသည် အချစ်၏ အခြေခံဖွင့်ဟချက်ဖြစ်သည့်အပြင် သူတို့ ကြောင်များသည်လည်း ဤသို့ပင် ချစ်စကားကြိုက်စကားပြောဆိုကြသည် မဟုတ်လား။

နဉ်ရှောင်ယောင်းသည် လောင်တစကားကြောင့် ခေါင်းစောင်း၍ လိုကျစ်ကွေ့အား ကြည့်လိုက်သည်။ အခုချိန်က ချစ်ကြောင်းကြိုက်ကြောင်းပြောရမယ့်အချိန်မဟုတ်သေးဘူးလေ။

***

All Chapters