← Chapters

ကောင်းကင်ပြုပြင်ရေးဆေးလုံးက ဆေးအတုလား

Vol. 27 Ch. 403

ကောင်းကင်ပြုပြင်ရေးဆေးလုံးက ဆေးအတုလား

Vol. 27 Ch. 403

အခန်း (၄၀၃) : ကောင်းကင်ပြုပြင်ရေးဆေးလုံးက ဆေးအတုလား

သိပ်သည်းသော ပန်းရနံ့က ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဂူဗိမာန်ထဲတွင် ပျံ့နှံ့သွားသည်။

အားလုံးက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဆေးမီးပြင်းဖိုအနားတွင် ဝိုင်းအုံသွားပြီး အထဲရှိ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ၁၂ လုံးကို စိုက်ကြည့်နေကြသည်။

“ ဒါက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးတွေလား”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ဘေးဖက်တွင်တွင် သက်ပြင်းချကာ တံတွေးမျိုချလိုက်မိသည်။ မီးပြင်းဖိုထဲရှိ ဆေး ၁၂ လုံးက ပြောင်တင်းနေကာ ပေါ့ပါးကြည်လင်သော ရနံ့ကို ထုတ်လွှတ်ပေးနေသည်။

ထိုဆေးလုံးများ၏ မျက်နှာပြင်တွင် အက္ခရာစာများ ဖြတ်ပြေးသွားကာ သူတို့ကိုယ်တိုင် သက်ဝင်လှုပ်ရှားနေသကဲ့သို့ စိတ်စွမ်းအင် ဟန်ချက်ညီမှုတို့ဖြင့် ပြည့်နှက်နေသည်။

ထိုအရာများက ကောင်းကင်၏ အလိုကို ကျော်ဖြတ်ပြီးတော့ ကံကြမ္မာအဆင့်အရ ဖော်စပ်ထားသည့် ပြိုင်ဘက်ကင်းဆေးလုံးများ ဖြစ်သည်။

ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်၏ သန့်စင်မှုနှင့် ရှုပ်ထွေးပွေလီ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီးနောက်တွင် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ခြင်း ဆေးလုံး၏ အကျိုးသက်ရောက်မှုက ကျင့်ကြံသူ၏ ကံကြမ္မာကို ပြောင်းလဲပေးဖို့အတွက် လုံလောက်မှု ရှိသည်။

ဤဆေးလုံး၏ အဆင့်က သေမျိုးလောကထက်ပင် ကျော်လွန်နေသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က စွမ်းအားအကြီးဆုံး အနေအထားမှာ ရှိပြီး ရှုပ်ထွေးပွေလီ ထူးခြားမီးတောက်ကို ထိန်းချုပ်နိုင်လျှင်ပင် ဤကဲ့သို့သော အံ့ဖွယ်ဆေးလုံးကို ဖော်စပ်နိုင်မည် မဟုတ်ပေ။

“ အစ်ကိုရှန်က အရမ်းအံ့ဩဖို့ကောင်းတာပဲ”

မင်းသမီးလင်းလုံ၏ မျက်နှာတွင် လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။

နတ်ဧကရာဇ်တောင် အဲလိုဆေးလုံးကို မဖော်စပ်နိုင်ပေမဲ့ အစ်ကိုရှန်ကတော့ လုပ်နိုင်တယ်တဲ့

ဒါဆိုရင် အစ်ကိုရှန်က နတ်ဧကရာဇ်ထက် ပိုပြီးတော့ စွမ်းအားကြီးတယ်လို့ ဆိုလိုတာ မဟုတ်လား

သေစမ်း

အစ်ကိုရှန်က အရမ်းချောမောရုံတင် မကသေးပဲ အရမ်းလည်း အရည်အချင်းရှိတယ်

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ အနာဂတ်အတွက် ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုရှန်ကို ငါတို့ဘက်ပါအောင် ဆွဲဆောင်ရမယ်

ငါ့ရဲ့ ခန္ဓာကို စတေးရမယ်ဆိုရင်တောင် ရတယ်

မင်းသမီးလင်းလုံက ကိုယ့်ကိုယ်ကို ကတိပေးရင်း မျက်နှာကြီး နီရဲလာသည်။

ဒါပေမဲ့… အစ်ကိုရှန်က ဘာလို့ ငါ့ကို စိုက်ကြည့်နေရတာလဲ

အစ်ကိုရှန်က လုပ်ချင်….

အစ်ကိုရှန်သာ အလိုရှိရင် ပေးလိုက်မယ်။ ပိုပြီးတော့တောင်ပေါ့

ရှန်ထျန်း၏ စိတ်အားထက်သန်သောအကြည့်ကြောင့် မင်းသမီးလင်းလုံ၏ မျက်နှာက ပိုမိုနီရဲလာသည်။

ဟုတ်တယ် ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ကြည့်တောင် မကြည့်ဘူး

အဲဒီအစား မင်းသမီးလင်းလုံရဲ့…ခေါင်းပေါ်မှာ ရှိတဲ့ ရောင်ဝါစက်ဝန်းကို ကြည့်နေခဲ့တာ

ယခင် အတွေ့အကြုံများအရ ကံကြမ္မာ၏ ကလေးနှင့်အတူ ကံအပြောင်းအလဲ အခွင့်အရေးကို အတူတူရရှိပါက သူတို့နှစ်ယောက်လုံး၏ ကံကြမ္မာ မြင့်တက်သွားမည် ဖြစ်သည်။

အခု ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရပြီးပြီဆိုပေမဲ့ မင်းသမီးလင်းလုံရဲ့ ခေါင်းပေါ်မှာရှိတဲ့ ရောင်ဝါစက်ဝန်းက ဘာလို့ မပြောင်းလဲရတာလဲ

ကံကြမ္မာ အစိတ်အပိုင်းကြီးကြီးကို ရိတ်သိမ်းခံလိုက်ရသည့်အတွက် ကံဆိုးနေသည်။

ငါ့ရဲ့ ကံကြမ္မာကို မြှင့်တင်နိုင်မှ ဖြစ်မယ် မဟုတ်ရင် ငါ အသက်ရှင်နိုင်တဲ့ နည်းလမ်းမရှိဘူး။

ထိုအချိန်တွင် မင်းသမီးလင်းလုံ၏ ရောင်ဝါစက်ဝန်းထဲမှ ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်သွားသည်။ သူမ၏ ယခင်က ဖျော့တော့နေသော ခရမ်းရောင် ရောင်ဝါစက်ဝန်းက ဖြည်းဖြည်းချင်း ခရမ်းရင့်ရောင်သို့ ပြောင်းလဲလာသည်။ ခရမ်းရောင်အလင်းက တောက်ပသော ခရမ်းနေမင်းနှင့် အသွင်တူပြီး ပိုမိုနက်နဲလာသည်။

ရှန်ထျန်း ရုတ်တရက် စိတ်အေးသွားသည်။

တိုးတက်လာပြီ

တိုးတက်လာပြီ

နောက်ဆုံးတော့ ငါ့ရဲ့ ကံကြမ္မာ တိုးတက်လာပြီ

ရှန်ထျန်း၏ ခေါင်းပေါ်ရှိ ဖျော့တော့သော ရွှေရောင် ရောင်ဝါစက်ဝန်းက ပိုမိုတောက်ပလာသည်။ တောက်ပသော ရွှေအလင်းက စွမ်းအားကြီးသော လှိုင်းများအဖြစ် ရွေ့လျားကာ ရှန်ထျန်း၏ ရောင်ဝါစက်ဝန်းကို ရွှေဝါရောင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။

ယခင်ကလိုမျိုး ပြန်မပြောင်းသွားသည့်အတွက် ထိုအရာက ရှန်ထျန်းကို ပိုပြီးတော့ ယုံကြည်မှု ရှိသွားစေသည်။ တစ်စုံတစ်ယောက်၏ ကံကြမ္မာကျဆင်းနေပါက လုံးဝ လုံခြုံမှု မရှိပေ။

အခုတော့ နည်းနည်း သက်သာသွားပြီ

နောက်ထပ် တစ်ဆင့်အနေနဲ့ သူ ဒီထက်ပိုတဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို မျှယူရမယ်

ဒါက ငါ လုပ်ရမဲ့အရာပဲ

ငါ့ရဲ့ ကံကြမ္မာက အရင်တုန်းက အဆင့်တွေကို ပြန်မရောက်ခင် လုပ်စရာရှိတာကို ဆက်ပြီးတော့ လုပ်နေရမယ်။

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ် ကျွန်တော်တို့ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးတွေကို အညီအမျှခွဲယူလိုက်ရအောင်”

ရှန်ထျန်းက ဤ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးများကို ညီမျှစွာ ခွဲဝေဖို့အတွက် ဆုံးဖြတ်လိုက်သည်။

သာမန်လူတစ်ယောက်သာ ဤကံကြမ္မာပြောင်းလဲ ပြိုင်ဘက်ကင်းဆေးလုံးများကို ရရှိသွားပါက သူတို့ဘာသာ သူတို့ သုံးဖို့အတွက် သိမ်းထားမည် ဖြစ်သည်။

ထို့အပြင် ထိုအရာများက အရမ်းအဖိုးတန်သော နတ်ဧကရာဇ်အဆင့် ဆေးလုံးများဖြစ်ပြီး အဖိုးဖြတ် မရနိုင်ပေ။ ထိုဆေးလုံးများကို ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းများနှင့် လဲလှယ်လိုက်ပါက စော်ကားရာကျလိမ့်မည်။

နယ်မြေငါးခုရှိ ကျင့်ကြံသူများအားလုံး ထိုကဲ့သို့သော ဆွဲဆောင်ခြင်းကို ဘယ်သူမှ မခုခံနိုင်ပေ။

သို့သော် ရှန်ထျန်းက အရာအားလုံးကို သိမ်းပိုက်လိုသည့် ရည်ရွယ်ချက် မရှိပေ။ သူ၏ ကိုယ်ပိုင်တန်ဖိုးက ခွင့်မပြုပေ။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးဆေးဖော်စပ်နည်းနှင့် အဆင့် ၁၂ ပဒုမ္မာကြာပန်းကို မပေးခဲ့ပါက သူလည်း ဤ နတ်ဧကရာဇ်အဆင့် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဘယ်တော့မှ ဖော်စပ်နိုင်မည် မဟုတ်ခဲ့ပေ။

ရှန်ထျန်းက ကျေးဇူးဆပ်ဖို့ မေ့လျော့တတ်သည့်သူမျိုး မဟုတ်ပေ။ သူက ထို ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးများကို ဘယ်တော့မှ တစ်ယောက်ထဲ လက်ဝါးကြီးအုပ်မည် မဟုတ်ပေ။

ထို့အပြင် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးများက သူ့အတွက် အရမ်းအသုံးမဝင်ပေ။

ဖော်စပ်နည်းများအရ အကျိုးရလဒ်က ကျင့်ကြံသူ၏ အုတ်မြစ်နှင့် နားလည်နိုင်စွမ်းကိုသာ မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် လုပ်ပေးခြင်း ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုံး ဆေးလုံးကပဲ အသုံးဝင်လိမ့်မယ်

ပြီးတော့ ဒါက ကံကြမ္မာ ပြောင်းလဲဆေးလုံးလေ။ ဘယ်သူမှ ကန့်သတ်ချက် မရှိဘဲ သုံးစွဲမှာတော့ မဟုတ်ဘူး

ရှန်ထျန်း၏ လက်ရှိခန္ဓာတည်ဆောက်ပုံအရ သူ၏ အုတ်မြစ် ဖြစ်စေ၊ နားလည်နိုင်စွမ်းဖြစ်စေ အရာအားလုံးက ထိပ်သီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ တိုးတက်မှုအတွက် နေရာသိပ်မရှိတော့ပေ။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက သူ့အတွက် အများကြီး အသုံးမဝင်ပေ။

အံ့ဩမှုက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

“ မိတ်ဆွေလေး … မင်းက သိပ်ပြီးတော့ ရက်ရောတာပဲ။ မင်းက ဒီနတ်ဧကရာဇ်အဆင့်ဆေးလုံးတွေကို ပေးချင်တယ်ပေါ့။ မဆိုးဘူး။ မဆိုးဘူး”

နတ်ဧကရာဇ်အဆင့် ဆေးလုံးက သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။ ကြီးမြတ်သော နတ်ဧကရာဇ်၏ နှလုံးသားကို မွှေနှောက်ပြီး ဝိဇ္ဇာများကို ရူးသွပ်သွားအောင် လုပ်နိုင်သည့် ပြိုင်ဘက်ကင်းဆေးလုံး ဖြစ်သည်။

ကမ္ဘာဦးခေတ်က ချမ်းသာသော မိသားစုပင် နတ်ဧကရာဇ်အဆင့်ဆေးလုံးကို ပေးလိုက်ဖို့အတွက် အရမ်းရက်ရောခြင်း မရှိပေ။

ထိုအရာက ကျင့်ကြံသူ၏ အုတ်မြစ်နှင့် နားလည်နိုင်စွမ်းကို မြှင့်တင်ပေးသည့် နတ်ဧကရာဇ်အဆင့် ဆေးလုံး ဖြစ်သည်။ တခြားနတ်ဧကရာဇ်အဆင့် ဆေးလုံးများထဲတွင်ပင် အထွတ်အထိပ်အဆင့် ပစ္စည်းဟု သတ်မှတ်နိုင်ပြီး အဖိုးမဖြတ်နိုင်ပေ။

သို့သော် ရှန်ထျန်းက ညီတူညီမျှခွဲယူဖို့အတွက် ပြောသည့်အတွက် ပဒုမ္မာကြာ နတ်ဧကရာဇ်က အလွန်အမင်း စိတ်ကျေနပ်နေမိသည်။

“ စီနီယာက အရမ်းကြင်နာတတ်တာပဲ။ ကမ္ဘာမြေကြီးပေါ် ရောက်လာရတဲ့ အကြောင်းအရင်းက အမြဲတမ်း ကျင့်စဉ်မှာ အဓိကသော့ချက် ဖြစ်နေခဲ့တာပဲ။

ဆေးလုံးတွေက အရေးမပါတဲ့အရာတွေသာဖြစ်ပြီးတော့ ဖြည့်စွက်စာ တစ်ခုသက်သက်ပါပဲ။

ခန္ဓာကိုယ်က သူ့ဘာသာသူ သန်မာနေရင် အဲဒါက စစ်မှန်တဲ့စွမ်းအားပဲ။ ပြီးတော့ ဆေးလုံးတွေက လူတွေ အသုံးပြုဖို့အတွက် ရည်ရွယ်ထားတာပဲ။ ရလဒ်ကို တိုးမြှင့်ပေးနိုင်မဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ အသုံးပြုရမယ်”

ရှန်ထျန်း ပြုံးလိုက်ကာ အကြည့်ထဲတွင် စိတ်ဓာတ်ခိုင်မာမှုတို့ ထင်ဟပ်နေသည်။

“ ဘယ်လောက်တောင် အမြော်အမြင်ရှိလိုက်တဲ့ ကောင်လေးလဲ။ ဒါပေမဲ့ အဲဒီဆေးလုံးက ငါ့အတွက် အသုံးမဝင်ဘူး။

ငါက ဝိညာဉ်ရဲ့ အကြွင်းအကျန် သက်သက်ပဲလေ။ အဲဒါကြောင့် သုံးလို့မရဘူး။ မင်းအတွက်မင်းပဲ သိမ်းထားလိုက်ပါ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ပြုံးလိုက်သည်။ ရှန်ထျန်းက ယောက်ျားပီသကြောင်း သူ သိနိုင်သည်။

အရမ်းကောင်းသော ရတနာကို သူက မတပ်မက်ပေ။

သူက ငါ့ရဲ့ အမွေအနှစ်ကို ရဖို့အတွက် ထိုက်တန်တဲ့သူတစ်ယောက်ပဲ

“ လင်းလုံ… ကျွန်တော်တို့ရဲ့ စောစောက သဘောတူညီချက်အရ ကံအပြောင်းအလဲ အခွင့်အရေးတွေ အားလုံးကို မျှယူကြမယ်။

စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်ဆီကနေ ရရှိထားတဲ့ အမွေအနှစ်ကိုတော့ သူ့ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ပေးလို့မရဘူး။ ဒါပေမဲ့ ဒီ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးတွေကို အညီအမျှခွဲယူလိုက်ရအောင်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က အသုံးမပြုဘူးဆိုရင် မင်းသမီးလင်းလုံကို ပေးလိုက်လို့ ရတယ်

သူမက ခရမ်းရောင် ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားတဲ့ ကံကြမ္မာရဲ့ သမီးတော်ပဲ

သူက ယခင်က သူမရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို မျှယူလိုက်သည့်အတွက် ကောင်းမွန်သော အရာများ ဖြစ်ပျက်လာခဲ့သည်။

သူ့ရဲ့ ကိုယ်ပိုင် ကံကြမ္မာလည်း အများကြီး တိုးတက်သွားခဲ့တယ်

သူမကို သေချာပေးကမ်းထားမှ ရှေ့လျှောက် သူမရဲ့ ကံကြမ္မာက သူ့ကို အမြင့်တင်ပေးနိုင်မှာ

ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးခြောက်လုံးကို ထုတ်ယူကာ မင်းသမီးလင်းလုံဆီ ပေးလိုက်သည်။

“ အစ်ကိုရှန် အဲဒါကို ကျွန်မ လက်မခံနိုင်ဘူး။ ဒါက အစ်ကိုရှန်ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးလေ။ ကျွန်မကို ဘာလို့ အများကြီး ပေးနေရတာလဲ။

အစ်ကိုက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးတွေကို ဖော်စပ်ခဲ့တဲ့သူဆိုတော့ အစ်ကိုပဲ ပိုင်သင့်ပါတယ်။ အစ်ကိုရှန် ပြန်ယူထားလိုက်ပါနော်”

မင်းသမီးလင်းလုံက သူ့ကို အလျင်အမြန်ငြင်းလိုက်သည်။ သူမ၏ မျက်နှာကလည်း နီရဲနေသည်။

ဒီလောက်အများကြီးကို လက်ခံဖို့အတွက် သူမ တကယ်ရှက်နေမိသည်။ သူမ ဟန်ဆောင်ဖို့အတွက် ကြိုးစားနေခြင်း မဟုတ်ပေ။ မင်းသမီးရှိလင်းလုံ၏ အမြင်အရ ရှန်ထျန်းသာ လမ်းမပြခဲ့ပါက သူမ ဂူဗိမာန်ကို ရှာတွေ့နိုင်ခဲ့မှာ မဟုတ်ကြောင်း ထင်ထားခဲ့သည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အမွေအနှစ်တစ်ဝက်နှင့်တင် သူမ အရမ်းကျေနပ်နေပြီဖြစ်သည်။

ယခု ရှန်ထျန်းက သူမကို ဤနတ်ဧကရာဇ်အဆင့် ဆေးလုံးများကို ပေးနေသေးသည်။

မင်းသမီးလင်းလုံ အရမ်းစိတ်လှုပ်ရှားသွားမိသည်။ သူမ တစ်စုံတစ်ခုကိုလည်း သတိရသွားပုံပေါ်သည်။

အစ်ကိုရှန်က ငါ့အပေါ် အရမ်းကောင်းတယ်။ နတ်ဧကရာဇ်အဆင့် ဆေးလုံးတွေကိုလည်း ဒီအတိုင်း ပေးနေပြန်ပြီ

သူ ငါ့ကို ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်

ဟုတ်တယ်…သူ ငါ့ကို ကြိုက်နေလို့ ငါ့ကို ကောင်းကောင်း ဆက်ဆံပေးတာပဲ ဖြစ်လိမ့်မယ်

အရမ်းပျော်တာပဲ

မင်းသမီးလင်းလုံက စိတ်ကူးယဉ်ရင်း မျက်နှာလေး ပန်းရောင်သန်းနေသည်။

ရှန်ထျန်းက မင်းသမီးလင်းလုံ၏ ငြင်းဆိုမှုကို ကြားသည့်အခါ ခေါင်းကို ကုတ်လိုက်မိသည်။

ဘာတွေဖြစ်ကုန်တာလဲ။ အားလုံးက ဘာလို့ အလကားရတဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ငြင်းနေရတာလဲ

ထိုအခိုက်အတန့်တွင် ပဒုမ္မာကြာ နတ်ဧကရာဇ်က စကားပြောလိုက်သည်

“ မိန်းကလေး ဒီရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးတွေက မင်းအတွက် အရမ်းအသုံးဝင်တယ်။ ဒါတွေက မင်းရဲ့ ခန္ဓာကိုယ်ကို အသွင်ပြောင်းပေးနိုင်တယ်။ ယူထားလိုက်ပါ။

မင်းဒီ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးတွေကို မယူဘူးဆိုရင် ဒီကလေးကို ဘယ်တော့မှ လိုက်မှီမှာ မဟုတ်ဘူး”

မင်းသမီးလင်းလုံ၏ ငြင်းဆိုမှုကို မြင်လိုက်ရသည့်အခါ ပဒုမ္မာကြာ နတ်ဧကရာဇ်က နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ဒီကြောင်တောင်တောင် ကောင်မလေးက ဘယ်သူလဲ။ သူမကို ဒီအတိုင်း အလကားပေးနေတာတောင် ဒီလောက်ကောင်းတဲ့ ကံအပြောင်းအလဲအခွင့်အရေးကို ငြင်းဆိုနေတယ်ပေါ့လေ

သူမရဲ့ မိသားစုက အရမ်းချမ်းသာလို့လား။ သူတို့ဆီမှာ အရင်းအမြစ်တွေ အရမ်းများလို့လား

ဒါက လမ်းဘေးမှာ ပေါက်တဲ့ မြက် မဟုတ်ဘူး။ ကံကြမ္မာပြောင်းလဲပေးတဲ့ နတ်ဧကရာဇ်အဆင့် ဆေးလုံးပါဆိုနေ

ဒီနတ်ဧကရာဇ်အဆင့် ဆေးလုံးက ဘယ်အချိန်တုန်းက ဒီလောက်ထိ တန်ဖိုးမဲ့သွားရတာလဲ

အလကားပေးတာတောင် မယူချင်တော့ဘူးလား

သူ ကမ္ဘာကြီးကို မြင်သည့်အမြင်က ပြိုလဲခါနီးဖြစ်သွားသည်ဟု ပဒုမ္မာကြာ နတ်ဧကရာဇ်က ခံစားလိုက်ရသည်။

ဒီမိန်းကလေးက သူ့ရဲ့ အမွေအနှစ်တစ်ဝက်ကို ရရှိထားလို့ အမွေဆက်ခံသူတစ်ဝက်လို့ ပြောလို့ရတယ်။ မဟုတ်ရင်တော့ ဝင်ပြောနေမှာ မဟုတ်ဘူး။ သူ ပေါ့ဆသွားခဲ့တယ်

အရမ်းမိုက်မဲတာပဲ

“ အာ ဒါဆိုလည်း ကောင်းပြီလေ

အစ်ကိုရှန် ကျွန်မကို ဆေးလုံးတစ်လုံးပဲ ပေးပါ”

ရှန်ထျန်းက သူမ လိုက်မှီဖို့ အတော်ဝေးကွာသော အဆင့်မှာ ရှိနေသည်ဆိုသောအချက်က မင်းသမီးလင်းလုံကို ထိတ်လန့်သွားစေသည်။

စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ် ပြောတာမှန်တယ်။ ရှန်ထျန်းရဲ့ မွေးရာပါ အရည်အချင်းက အရမ်းစွမ်းအားကောင်းလွန်းတယ်။ သူက အနာဂတ်မှာ နယ်မြေငါးခုလုံးကို လွှမ်းမိုးပြီးတော့ လုံးဝ ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လာမှာ

ငါ့ရဲ့ စွမ်းအားကို မတိုးမြှင့်ရင် အစ်ကိုရှန်ကို ဘယ်တော့မှ လိုက်မှီမှာ မဟုတ်ဘူး

သူ့ကို ငါ့ဆီကနေ လုယူချင်နေတဲ့ ဈေးပေါပေါ မိန်းမတွေ ရှိနေရင်ရော ဘယ်လိုလုပ်မလဲ။ ငါ သေချာပေါက် အရေးယူရမယ်

မဖြစ်ဘူး။ အစ်ကိုရှန်ရဲ့ ဘေးမှာ ရှိနေနိုင်အောင်လို့ ငါ့ရဲ့ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်မှ ဖြစ်မယ်

သူမ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဆုပ်ကိုင်လိုက်သည့်အခါ မင်းသမီးလင်းလုံ၏ အကြည့်ထဲတွင် ဆုံးဖြတ်ချက် ပြတ်သားခြင်းတို့ဖြင့် ပြည့်နှက်သွားသည်။

ဒီနေ့ကစပြီးတော့ ငါ ပိုပြီးတော့ သန်မာလာရမယ်

“ ကောင်းပြီလေ မင်းတို့ အရင်ဆုံး ဒီရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ကို သန့်စင်လိုက်ဦး။ မင်းတို့ကို ကာကွယ်ရေးအစီအရင် လုပ်နိုင်အောင် ကူညီပေးမယ်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ဝင်ပြောလိုက်သည်။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာကို သူလည်း မြင်ချင်နေလေပြီ။

ထိုအရာက ရှေးပဝေဏီခေတ်မှ ဆင်းသက်လာသော ပြိုင်ဘက်ကင်း ဆေးလုံးဖြစ်သည့်အတွက် ကောင်းကင်ဘုံကို ဆန့်ကျင်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ထိုအရာက ဘယ်လောက်ထိ စွမ်းအားကြီးမလဲဆိုတာကို သိချင်နေသည်။

“စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ် … ကျေးဇူးတင်ပါတယ် ”

ရှန်ထျန်းနှင့် မင်းသမီးလင်းလုံတို့က ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ကြင်နာမှုကြောင့် ကျေးဇူးတင်လိုက်ကြသည်။

မင်းသမီးလင်းလုံက သူမ၏ စွမ်းအားကို အလျင်အမြန် တိုးတက်အောင် လုပ်ပြီး ရှန်ထျန်းကို အမှီလိုက်ချင်နေပြီဖြစ်သည်။

ဒါဆိုရင် ရှန်ထျန်းက ဘာလို့ သဘောတူညီခဲ့တာလဲ။ အဓိက အကြောင်းအရင်းကတော့ သူ လောဘကြီးလို့ပဲ…

ရှင်းသန့်တဲ့ ရနံ့ကို ထုတ်လွှတ်နေတဲ့ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးတွေကို စိုက်ကြည့်ပြီးတော့ နှုတ်ခမ်းများကို လျှာမသပ်ဘဲ မနေနိုင်ပေ။

ထိုဆေးလုံးများက သူ့အတွက် အသုံးမဝင်သော်လည်း အရသာရှိမည့်ပုံ ပေါ်သည်။

ရှန်ထျန်းက အရသာပြောင်းပြီး စားကြည့်ချင်သည့်အတွက် ဆေးဖော်နည်းများကို သင်ယူခဲ့ခြင်း ဖြစ်သည်။ ယခု နတ်ဧကရာဇ်အဆင့် ဆေးလုံးက သူ့ရှေ့မှာ ရောက်ရှိနေပြီဖြစ်သည့်အတွက် အနည်းဆုံး အရသာတော့ ခံကြည့်သင့်သည်။

နတ်ဧကရာဇ်အဆင့် ဆေးလုံးကို အရင်က မစားခဲ့ဖူးဘူး

ပြီးခဲ့တဲ့နှစ်ပတ်လုံး အရမ်းအလုပ်ကြိုးစားထားတာ။ အလကားတော့ အလုပ်မလုပ်နိုင်ပါဘူး

သူတို့နှစ်ယောက်လုံးက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးတစ်လုံးစီကို သောက်သုံးလိုက်ကြသည်။

မင်းသမီးလင်းလုံက တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားရင်း ဆေးလုံးကို စတင်သန့်စင်တော့သည်။

ထိုအချိန်တွင် ရှန်ထျန်းက ဆေးလုံးကို မျိုချလိုက်ပြီး မျက်လုံးများ လင်းလက်တောက်ပလာသည်။

“ အင်း…အရသာက သိပ်မဆိုးဘူးပဲ။ ပဒုမ္မာကြာအနှစ် သုတ်လိမ်းထားတဲ့ ချောကလက်လိုပဲ….။

ငါ အခုအရမ်းကို မြန်မြန်ကြီး စားသုံးလိုက်တာ။ အရသာကိုတောင် သေချာမခံလိုက်ရဘူး။ နောက်ထပ် တစ်လုံးလောက် စားသင့်လား”

ရှန်ထျန်းက ကျန်ရှိနေသော ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ဆယ်လုံးကို လိုချင်တပ်မက်လာမိသည်။

“…”

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ နှုတ်ခမ်းတို့ တွန့်ချိုးလိုက်မိသည်။

မင်းက ဒီနတ်ဧကရာဇ်အဆင့် ဆေးလုံးကို ဘာဖြစ်လို့ သောက်တာလဲ

လမ်းဘေးသွားရည်စာလား

ပဒုမ္မာကြာအနှစ်နဲ့ လုပ်ထားတဲ့ ချောကလက်လား

အဲဒါကဘာလဲ… ကြားရတာတော့ အရမ်း အရသာရှိတာပဲ…

မဟုတ်သေးဘူး…မဟုတ်သေးဘူး…ဒါက နတ်ဧကရာဇ်အဆင့် ဆေးလုံးလေ ဟုတ်ပြီ

ဘယ်သူက နတ်ဧကရာဇ်အဆင့် ဆေးလုံးကို လမ်းဘေးအစားအစာအဖြစ် စားလို့လဲ

“ အဟမ်း…လူငယ်လေး ဒီ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို အများကြီး သောက်သုံးလို့ မရဘူးနော်။ အဲဒီအကျိုးသက်ရောက်မှုတွေကို ခံစားနိုင်အောင် အခု စတင်ပြီး သန့်စင်လိုက်တာ ကောင်းမယ်”

ရှန်ထျန်းက နောက်ထပ် ဆေးလုံးတစ်လုံးကို စားဖို့အတွက် ရည်ရွယ်နေသည်ကို မြင်လိုက်ရသည့်အတွက် ပဒုမ္မာကြာ နတ်ဧကရာဇ်က အလျင်အမြန် သတိပေးလိုက်သည်။

နတ်ဧကရာဇ်အဆင့် ဆေးလုံးက အရမ်းစွမ်းအားကြီးသည်။ ဆေးတစ်လုံးကပင် ဝိဇ္ဇာတစ်ယောက်အတွက် နှစ်ပေါင်းများစွာ သန့်စင်ဖို့ လုံလောက်သည်။

ဥပမာအနေနဲ့ မင်းသမီးလင်းလုံကို ကြည့်လိုက်လေ။ သူမ သောက်သုံးထားတဲ့ နတ်ဧကရာဇ်အဆင့် ဆေးလုံးရဲ့ တစ်ထောင်ပုံပုံတစ်ပုံကိုပဲ သန့်စင်နိုင်သေးတယ်လေ

ကျန်ရှိနေသောဆေးလုံးကို သူမ၏ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားကာ ဖြည်းဖြည်းချင်း သန့်စင်စုပ်ယူရင်း သူမ၏ ကျင့်ကြံဆင့်ကို တိုးမြှင့်သည်။

တစ်ချိန်တည်းမှာပဲ သူမ၏ ခန္ဓာတည်ဆောက်ပုံကို တိုးတက်အောင် တိတ်တဆိတ် လုပ်ဆောင်ပေးကာ သူမ၏ အနာဂတ်ကျင့်စဉ်အတွက် အကျိုးအမြတ်ရှိစေသည်။

ဒီလောက်ထိ စွမ်းအားကြီးတဲ့ နတ်ဧကရာဇ်အဆင့် ဆေးလုံးကို မင်းက အချိုပွဲလိုမျိုး စားချင်နေတာ

မင်းက ပထမဆုံးတစ်လုံးကို မျိုချပြီးတော့ နောက်ထပ်တစ်လုံးကို ထပ်ပြီးတော့ စားချင်နေပြန်ပြီလား။ မင်းရဲ့ ခန္ဓာကိုယ် ပေါက်ကွဲသွားမှာ မစိုးရိမ်ဘူးလား

အဲဒီကောင်လေးရဲ့ ထူးဆန်းတဲ့ ခန္ဓာတည်ဆောက်ပုံကြောင့် နှစ်လုံးလောက်စားပြီးလည်း သူ့ ခန္ဓာကိုယ် မပေါက်ကွဲဘူးဆိုတာကို ငါ တွက်ချက်ကြည့်လို့ရတယ်

အဲလိုဆိုရင်တောင် သူ့အနေနဲ့ အရမ်းမဖြုန်းတီးသင့်ဘူးလေ

နတ်ဧကရာဇ်အဆင့် ဆေးလုံးကို သကြားလုံးလိုမျိုး စားနေတာတဲ့လား

အဲဒါကိုတွေးလိုက်ရုံနဲ့တင် ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ နှလုံးသားကို နာကျင်သွားစေတယ်…

ရှန်ထျန်းက ခေါင်းကုတ်လိုက်သည်။ ပဒုမ္မာကြာ နတ်ဧကရာဇ် ပြောသော စကားလုံးများက အဓိပ္ပာယ်ရှိသည်ဟု သူ ခံစားရသည်။ ထို့ကြောင့် တင်ပျဉ်ခွေထိုင်ကာ နတ်ဧကရာဇ်အဆင့်ဆေးလုံးကို စတင် သန့်စင်လိုက်သည်။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးက သူ့ကို ဘယ်လိုမျိုး အထောက်အကူပြုမလဲဆိုတာကို ရှန်ထျန်းလည်း မြင်ချင်နေသည်။

အချိန်များ ကုန်ဆုံးလာသည်။

ယခုအတွက် အမြင့်ဆုံးအဆင့်သို့ ဆေးလုံးကို မင်းသမီးလင်းလုံက သန့်စင်နိုင်တော့မည် ဖြစ်သည်။

သူမ၏ လက်ရှိအဆင့်အရ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို လုံးဝ သန့်စင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ သူမ၏ ခန္ဓာကိုယ်က မကြာခင် ပြည့်ဝသွားတော့မည် ဖြစ်ပြီး ဆေးအဆီအနှစ်ကလည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားကာ သိုလှောင်နိုင်လိမ့်မည်။

သူမ၏ ကျင့်စဉ်က အနာဂတ်တွင် တိုးတက်လာသည့်အတွက် သူမ၏ ခန္ဓာကိုယ်က ကျန်ရှိနေသော ဆေးလုံးကို ဖြည်းဖြည်းချင်းသာ ဆက်လက် စုပ်ယူတော့သည်။

သို့သော် ဆေးလုံးက မင်းသမီးလင်းလုံ၏ ကျင့်ကြံခြင်း ခန္ဓာတည်ဆောက်ပုံကို အဆင့်တစ်ဆင့်ထက်ပိုပြီးတော့ တိုးတက်သွားစေသည်။

သူမကို လုံးဝ အသွင်ပြောင်းသွားစေဖို့အတွက် လုံလောက်မှုရှိသည်။

အဲဒါတင်မကသေးပဲ မင်းသမီးလင်းလုံ၏ ကျင့်ကြံဆင့်က ပိုမိုမြန်ဆန်စွာ တိုးတက်လာနိုင်သည်။

ထိုအရာက နတ်ဧကရာဇ်အဆင့် ဆေးလုံး ဖြစ်သည်။ ထိုဆေးလုံး၏ အဓိကအာနိသင်က ကျင့်ကြံဆင့်ကို တိုးတက်စေဖို့ မဟုတ်သော်လည်း မင်းသမီးလင်းလုံ၏ ကျင့်ကြံဆင့်ကို များစွာ တိုးတက်သွားစေသည်။

တောက်ပသော အလင်းတန်းက မင်းသမီးလင်းလုံ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

တောက်ပသော အလင်းတန်းက ရစ်ပတ်ကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားပြီး သူမကို အရမ်းဆန်းကြယ်သည့် ပုံစံပေါ်အောင် လုပ်ဆောင်ပေးထားသည်။

အဆုံးမဲ့ အရှိန်အဝါများက မင်းသမီးလင်းလုံဆီမှ ထွက်လာကာ ကမ္ဘာမြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

မှော်ဆန်သော အလင်းတန်းများက အချင်းချင်း ကြက်ခြေခတ်ဖြတ်ကာ ဆန်းကြယ်သော ပုံရိပ်တစ်ခုကို ဖန်တီးနေသည်။

မင်းသမီးလင်းလုံ၏နောက်တွင် တောက်ပသော ဂူဝတစ်ခု မြင့်တက်လာကာ နားလည်ရခက်ခဲသော မြူခိုးဖြင့် ပတ်လည်ဝန်းရံနေကာ စွမ်းအားကြီးသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ အဆင့်မြှင့်တင်ပေးမှုကြောင့် လင်းလုံ၏ ခန္ဓာကိုယ်က သိသာသောပြောင်းလဲမှုများဖြစ်ပေါ်နေသည်။

ဝုန်း…

ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

မင်းသမီးလင်းလုံ၏ ခန္ဓာကိုယ်ပေါ်ရှိ အံ့ဖွယ်အလင်းတန်းက ကမ္ဘာတစ်ခုလုံးသို့ ဖြန့်ကျက်တော့မည့်အတိုင်း ဖြစ်နေသည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေသည်။

သူမ၏ နောက်တွင် ဂူဝကလည်း ပြင်းထန်စွာ တုန်လှုပ်နေကော မရေတွက်နိုင်သော အလင်းတန်းများကလည်း ထွက်ပေါ်နေသည်။

အလင်းတန်း ပေါက်ကွဲသွားပြီးနောက် ဒုတိယဂူဝနှင့် တတိယ ဂူဝကိုပါ ထပ်မံဖြစ်ပေါ်စေပြီး လေထဲတွင် ပေါလောပေါ်နေစေသည်။

ဂူဝသုံးခုမှ အလင်းတန်းများက ကြက်ခြေခတ်ဖြတ်ကာ ကြောက်မက်ဖွယ်ကောင်းသော အံ့ဖွယ်စွမ်းအင်ကို ထုတ်လွှတ်နေသည်။

မင်းသမီးလင်းလုံ၏ အရှိန်အဝါက ပြင်းထန်စွာ ထွက်ပေါ်လာသည်။

ကနဦးဝိညာဉ်အစောပိုင်း အဆင့်

ကနဦးဝိညာဉ် အလယ်ပိုင်းအဆင့်

ကနဦးဝိညာဉ် နောက်ဆုံးအဆင့်

မင်းသမီးလင်းလုံ၏ ခန္ဓာတည်ဆောက်ပုံ တိုးတက်လာကာ သူမ၏ ကျင့်ကြံဆင့်က ချက်ချင်း ကနဦးဝိညာဉ် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။

“ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက အရမ်းထူးခြားတယ်။ ကျွန်မဆီမှာ သိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်သွားပြီ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဒါက ကောင်းကင်ကို ဆန့်ကျင်တဲ့ဆေးလုံးပဲ။ မင်းသမီးလင်းလုံရဲ့ ထိပ်တန်းအဆင့် ခန္ဓာတည်ဆောက်ပုံတောင် အဲဒီကနေ အကျိုးအမြတ်ရပြီးတော့ အသွင်ပြောင်းနိုင်တယ်

“အစ်ကိုရှန်နဲ့ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်ကို  ကျေးဇူးတင်ပါတယ်။”

မင်းသမီးလင်းလုံက ဖြည်းဖြည်းချင်း ကျင့်ကြံခြင်းကို ရပ်တန့်ကာ မတ်တပ်ထရပ်လိုက်သည်။ သူမ ပြောင်းလဲသွားပြီး လုပ်ငန်းစဉ်၏ ပြိုင်ဘက်ကင်းအဆင့်ကို ရလိုက်သည်ကို ခံစားနိုင်သည့်အတွက် ကျေးဇူးတင်စိတ်တို့ဖြင့် ပြည့်နှက်နေသည်။

သူမ ခန္ဓာကိုယ်၏ ပုံပန်းသွင်ပြင်က သူမ၏ အခြေခံခန္ဓာတည်ဆောက်ပုံ တိုးတက်သွားမှုနှင့် နားလည်နိုင်စွမ်း မြင့်မားလာမှုကြောင့် ပြောင်းလဲသွားသည်။

သူမက အရပ်ပိုရှည်လာကာ ပိုမိုသေးသွယ်လာပြီး ရှေးကျသော ပုလဲလုံးလေးသဖွယ် တောက်ပနေသည်။

သူမက ဂူဝများ၏ အလင်းအောက်တွင် တောက်ပပြီး သက်ဝင်လှုပ်ရှားနေသည်။

သူမ၏ ခန္ဓာကိုယ်က တောက်ပသော အံ့ဖွယ်အလင်းတန်းထဲတွင် ကျရောက်နေကာ သေမျိုးလောကသို့ ဆင်းသက်လာသော နတ်မိမယ်တစ်ပါး အသွင်ဆောင်နေသည်။

သူမကို ကျက်သရေရှိသော နတ်မိမယ်လေးလို့ခေါ်လျှင်ပင် အပိုမဟုတ်ပေ။

သူမ၏ ပုံပန်းသွင်ပြင် ပြောင်းလဲမှုကို ခံစားမိသည့်အတွက် မင်းသမီးလင်းလုံ ပြုံးလိုက်သည်။

ပိုပြီးတော့ လှလာတာကို မကြိုက်တဲ့ မိန်းကလေး ရှိလို့လား။ ပိုပြီးတော့ လှလေလေ ပိုပြီးတော့ ကောင်းလာလေလေပဲ

ဒီ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက အရမ်းစွမ်းအားကြီးတယ်။ ငါ့ရဲ့ ရုပ်ရည်ကို အများကြီး ပြောင်းလဲသွားစေတယ်

အစ်ကိုရှန်က ငါ့ကို ပိုပြီးတော့ သဘောကျတော့မှာ သေချာတယ်

မင်းသမီးလင်းလုံက ရှန်ထျန်းကို စိတ်အားထက်သန်စွာဖြင့် လှည့်ကြည့်လိုက်သော်လည်း အတွေးထဲ နစ်မြောနေရင်း မျက်မှောင်ကြုတ်ထားသည်ကိုသာ တွေ့လိုက်ရသည်။ သူက သူမကို လုံးဝ သတိမထားမိပေ။

လေထုထဲတွင် ပြင်းထန်သော အငြိုးအတေးများဖြင့် ပြည့်နှက်သွားသည်။

“ သခင် ကျွန်မ နောက်ထပ် အငြိုးအတေးလှိုင်းကို ခံစားနေရတယ်…”

ဟာရီတီ ပုတီးစေ့များတုန်ခါလာပြီး ကျိုးအာ၏ သတိပေးသောအသံတစ်ခု ထွက်ပေါ်လာသော်လည်း ရှန်ထျန်းက အတွေးထဲနစ်မြောနေဆဲဖြစ်သည်။

သူက ကိုယ့်ကိုယ်ကိုလည်း သံသယဝင်သော အခြေအနေသို့ ရောက်ရှိနေသည်။

“ တစ်ခုခုတော့ မှားနေပြီ။ ငါက ဘာလို့ လုံးဝ မပြောင်းလဲသွားရတာလဲ”

ရှုပ်ထွေးပွေလီ ကောင်းကင် ပြုပြင်ရေး ဆေးလုံးကို သောက်သုံးပြီးသွားသော်လည်း သူ့ဆီမှာ ဘာမှမဖြစ်လာသောကြောင့် ခေါင်းကုတ်လိုက်မိသည်။

သူ၏ နားလည်နိုင်စွမ်းကလည်း ယခင်ကနှင့် အတူတူသာ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တွင်လည်း တိုးတက်မှု နည်းနည်းလေးမှ မရှိပေ။

ငါက ထိပ်ဆုံးအဆင့် ရောက်နေပြီ

ဒါပေမဲ့ နတ်ဧကရာဇ်အဆင့် ဆေးလုံး လုပ်ပေးနိုင်တာ ဒါ အကုန်ပဲလား

ဒါ အကုန်ပဲလား။ ဒါ အကုန်ပဲလား

ဒီအသုံးမဝင်တဲ့အရာကို သန့်စင်ဖို့အတွက် ငါက ယန်မီးဓာတ်တွေကို အများကြီး အသုံးပြုခဲ့မိတာလား

ငါ ဘာလို့ ညစ်ခံလိုက်ရသလိုမျိုး ခံစားနေရတာလဲ

ဒါက ဆေးအတုများလား

အနည်းဆုံးတော့ ငါ့ကို ပုံရိပ်သဏ္ဌာန်အသစ်တစ်ခု ပေးသင့်တာပေါ့

ငါ့ကိုလည်း နည်းနည်းလောက် ပိုပြီးတော့ ခပ်မိုက်မိုက်လေး နေခွင့်ပေးပါ

ရှန်ထျန်းက ယခု ဘဝ၏ အဓိပ္ပာယ်ကို သံသယဝင်နေပြီဖြစ်သည်။

ရှန်ထျန်းက ရုတ်တရက် တောက်ပသော အလင်းတန်းဖြင့် တောက်ပနေသည်။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက နောက်ဆုံးတော့ အကျိုးသက်ရောက်မှု ရှိလာပြီဖြစ်သည်။

ရှန်ထျန်းက ဝမ်းမြောက်ဝမ်းသာဖြစ်မိသည်။

ပြောင်းလဲလာပြီ

ပြောင်းလဲလာပြီ

ပုံရိပ်သဏ္ဌာန် ထွက်ပေါ်လာပြီ

အလင်းတန်းက ပိုမိုသိပ်သည်းလာကာ ရှန်ထျန်းကို လုံးဝ လွှမ်းခြုံသွားသည်။

ဧရာမ ပဒုမ္မာကြာ ပုံရိပ်သဏ္ဌာန်က သူ့နောက်တွင် ပေါ်လာပြီး အဆင့် ၁၂ ပဒုမ္မာကြာပန်းက လေနှင့်အတူ ယိမ်းနွဲ့သွားသည်။

ပဒုမ္မာကြာပွင့်ဖတ် တစ်ခုချင်းစီက ဆန်းကြယ်သော မှော်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

“ ဒါက…ရှုပ်ထွေးပွေလီ ပဒုမ္မာကြာ ပုံရိပ်သဏ္ဌာန်လား”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။

သူ၏ မူလအသွင်က အဆင့်၁၂ ပဒုမ္မာကြာပန်းဖြစ်ခဲ့ပြီး ကမ္ဘာဦးခေတ်တွင် အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းကို ခံယူပြီးမှ နတ်ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။

ထို့ကြောင့် ရှန်ထျန်းက ယခု အလွန်ပြင်းထန်သော ပဒုမ္မာကြာပန်း စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ပဒုမ္မာကြာ နတ်ဧကရာဇ် ခံစားနေရသည်။ ထိုအရာက သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများထဲ စိမ့်ဝင်ပျံ့နှံ့သွားသည်။

ထိုအရာက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ ပြီးပြည့်စုံသော သန့်စင်ခြင်း ဖြစ်သည်။

ဒါပေမဲ့ အဲဒါက  အကုန်မဟုတ်သေးဘူး

ပဒုမ္မာကြာပန်းစွမ်းအားက ဒဏ္ဍာရီလာ ရှုပ်ထွေးပွေလီ ပဒုမ္မာကြာပန်းကို ဖန်တီးဖို့အတွက် ရှန်ထျန်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်နဲ့ ပေါင်းစပ်သွားတယ်

ထိုအရာက တားမြစ် ပြိုင်ဘက်ကင်း ဆေးလုံးဟု ခေါ်ဆိုနိုင်ပြီး နတ်ဧကရာဇ်အဆင့် ဆေးလုံးများထဲတွင် ထိပ်ဆုံး၏ ထိပ်ဆုံးမှာ တည်ရှိပြီး ဒဏ္ဍာရီထဲတွင်သာ တွေ့ရှိနိုင်သည်။

ထိုအရာက ပုံရိပ်သဏ္ဌာန်တစ်ခုသာ ဖြစ်သော်လည်း စိတ်ကူးမယဉ်နိုင်သောစွမ်းအားကို ပိုင်ဆိုင်နေဆဲ ဖြစ်သည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှေးပဝေဏီခေတ်မှ ချန်ထားခဲ့သော စာအုပ်ဟောင်းများတွင် ထိုကဲ့သို့သော ပုံရိပ်သဏ္ဌာန်မှတ်တမ်းကို တွေ့ဖူးသည်။

မှတ်တမ်းထဲတွင် ဤ ရှုပ်ထွေးပွေလီ ပဒုမ္မာကြာပန်းက ကမ္ဘာအသစ်ကို ဖန်တီးနိုင်သော စွမ်းအားရှိသည့် စွမ်းအားကြီးသော ပုံရိပ်သဏ္ဌာန်တစ်ခုဖြစ်သည်ဟု ပြောထားသည်။

All Chapters