← Chapters

မင်းကို ပို့ပေးမယ်

Vol. 33 Ch. 462

မင်းကို ပို့ပေးမယ်

Vol. 33 Ch. 462

ကုံးဝမ်ချင်၊ အမတခေါ့နှင့် ကျုံးဝူဝမ့်တို့ နတ်ဘုရားအစစ် တာအိုဘုံကျောင်းသို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်အရှင်သည် တာအိုဘုံကျောင်းဝင်း အတွင်းရှိ ကျွယ်ရှန်တောင်ထိပ်ရှိ ထျန်းယွမ် နန်းတော်ထဲတွင် တံခါးပိတ်ကျင့်ကြံနေ၏။ ထျန်းယွမ် နန်းတော်ထဲ ဝင်သွားတော့ တပည့်ငယ်တစ်ယောက်က ဆိုလာသည်။

"ကောင်းကင်အရှင် နန်းတော်ထဲမှာ မရှိပါဘူး ကျေးဇူးပြုပြီး ပြန်ကြပါ..."

သုံးယောက်လုံး လန့်သွားသည်။

ကုံးဝမ်ချင် : "ကောင်းကင်အရှင်က ဘယ်သွားတာလဲ"

"အရှင်က မပြောသွားပါဘူး။"

သူတို့သုံးယောက်သည် နန်းတော်မှ ထွက်ခွာပြီး တာအိုနယ်မြေမှ ထွက်ခွာခဲ့ကြသည်။

အမတခေါ့: "ကောင်းကင်အရှင် မရှိဘူး ဘယ်သွားတာများလဲ"

ကုံးဝမ်ချင် : "အမတဖုန်းက နတ်ဆိုးမြို့တော်ရဲ့ နတ်ဆိုးဧကရာဇ်ကို စုံစမ်းဖို့ သက်ရှိလောကကို သွားတယ်... ကောင်းကင်အရှင်က နတ်ဆိုးဧကရာဇ်ကြောင့် စိတ်ပျက်ဖွယ် ကုန်းစောင်းက ဆင်းသွားခဲ့တာ ဖြစ်နိုင်လား?"

အမတခေါ့: "ဒါ ဖြစ်နိုင်တယ် .. ကောင်းကင်အရှင်လည်း သက်ရှိလောကကနေ ကောင်းကင်ပြင်နတ်ဘုရား ပြန်နိုးလာတာကို သိမှာပဲ... သူ့အကြံအစည်က ဘယ်လိုဖြစ်မလဲ မသိဘူး!"

သူက ဒေါသတကြီးနဲ့ :"ဘယ်ကောင်က ငါတို့ရဲ့ စိတ်ပျက်ဖွယ် ကုန်းစောင်းကို ခိုးဝင်ပြီး ကောင်းကင်ပြင်နတ်ဘုရားကို နှိုးလိုက်တာလဲ... သူ့ကို ဖမ်းရမယ် လွယ်လွယ်နဲ့ လွှတ်ထားလို့ မရဘူး!"

ကုံးဝမ်ချင်မှ အပြုံးတစ်ဝက်ဖြင့်: "ကုန်းစောင်းထဲက တစ်ယောက်ယောက်က ခိုးလုပ်နေတာလည်း ဖြစ်နိုင်တယ်.... ဒီကမ္ဘာကြီးမှာ စိတ်ပျက်ဖွယ်ကုန်းစောင်း အပြင် ကောင်းကင်ကိုးခုမြေဆယ်ထပ် ဖူထျန်းတကျောက် မဟာထုံးတမ်းစဉ်လာကို ဘယ်သူနားလည်လို့လဲ"

အမတခေါ့လည်း သူ့စိတ်ထဲတွင် အေးစက်သွားလေသည်။

"နတ်သမီးကုံးက အဓိကအချက်ကို ထုတ်ဖော်လိုက်တာပဲ... စစ်မှန်တဲ့ဘုရားသခင်ကို ပြန်ရှင်သန်စေတဲ့သူက စိတ်ပျက်ဖွယ်ကုန်းစောင်းကပဲ ဖြစ်ရမယ်!"

"ကောင်းကင်လမ်းလျှောက်သူတွေထဲမှာတော့ သေချာပေါက် ဒီနည်းလမ်းကို သုံးတတ်တဲ့သူ မရှိဘူး... ကောင်းကင်တာအို အမတတွေမှာပဲ ဒီလိုစွမ်းရည်ရှိတာ... ဆိုလိုတာက အဲဒီလူက..ငါတို့ထဲမှာပဲ..."

တုန်တုန်ယင်ယင်ဖြင့် ဆက်လက် ရေရွတ်လိုက်သည်။

“အဲဒီလူက ဘယ်သူလဲ”

ကုံးဝမ်ချင် အမူအရာက လေးနက်လွန်းလာသည်။

"အမတခေါ့ ဒီကိစ္စကို ရှင်၊ ကျွန်မနဲ့ ဝူဝမ့်ပဲသိတယ်... စတုတ္ထလူကို လုံးဝ သိခွင့်မပြုနိုင်ဘူး... သူတို့ကို သတိပေးတာမျိုး မလုပ်ဘဲ တခြား ကောင်းကင်တာအို အမတတွေကို ဖြည်းဖြည်းချင်း စုံစမ်းသင့်တယ်"

အမတခေါ့ကလည်း ခေါင်းညိတ်ပြီး ကျုံးဝူဝမ့်ဘက် လှည့်လိုက်သည်။

"ဝူဝမ့်.... မင်းဘယ်လိုထင်လဲ"

ကျုံးဝူဝမ့်: "ကျွန်တော့်ရဲ့ ဆရာတူဦးလေး နှစ်ယောက်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်မှာပါ"

ယွီချောင်ပိုင်၊ တာအိုထျန်းကွမ်း နှင့် အခြားကျင့်ကြံသူများ၏ မျက်နှာများ သူ့စိတ်ထဲ ပေါ်လာပြီး 'နတ်ဘုရားအစစ်ကို ရှင်ပြန်ထမြောက်စေတဲ့ လူတွေက သူတို့ပဲ ဖြစ်ရမယ်! ဒါပေမယ့် သူတို့က တကယ့်အစစ်တွေတော့ မဟုတ်ဘူး... သူတို့က သက်ရှိလောကကနေ ရောက်လာတာ...အရင်က အမတဖုန်း ရန်သူတွေကို ရှာဖွေဖို့ နတ်မြို့တော်ကို ဆင်းသွားတယ်... အဲဒီကာလအတွင်းမှာ သူတို့ အစားထိုးခံလိုက်ရတာ... သူတို့ရဲ့အသက်မီးခွက်တွေ လင်းနေသေးတာက သူတို့ သက်ရှိလောကထဲမှာ ရှိနေသေးတယ် ဆိုတာ ညွှန်ပြနေတာပဲ... အမတဖုန်း ခေါ်သွားတဲ့ လူတွေထဲမှာ ယွီချောင်ပိုင် မပါသွားဘူး....' ဟု တွေးမိလာသည်။

ကုံးဝမ်ချင်က ပြုံးပြီး မေးလေ၏။

"ဝူဝမ့်... ဘာတွေတွေးနေတာလဲ သံသယရှိသူရှိလို့လား"

ကျုံးဝူဝမ့်က ခေါင်းခါပြီး :"မရှိပါဘူး"

အမတခေါ့ : "ဝူဝမ့် ဒီကိစ္စမှာ မပါဝင်ပါနဲ့... နောက်ဆုံးတော့ ပြိုင်ဘက်က ကောင်းကင်တာအို အမတပဲ... မင်းမသိသလို ဟန်ဆောင်နေလိုက်..."

ကျုံးဝူဝမ့် သဘောတူလိုက်သည်။ အမတခေါ့နဲ့ ကုံးဝမ်ချင် ထွက်ခွာသွားခဲ့သည်။

'အကြီးတန်း ဦးလေးခြောက်ယောက်ကို ကောင်းကောင်း တုပနိုင်တယ် ဆိုတော့ သူတို့ထဲက တစ်ယောက်က စိတ်ပျက်ဖွယ်ကုန်းစောင်းမှာ အကြာကြီး ပုန်းအောင်းနေတာပဲ ဖြစ်မယ်.. သူတို့ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီး တစ်ရှိန်ထိုး ဖမ်းဆုပ်လိုက်တာ... ပြီးတော့ သူတို့ကို နေ့တိုင်း စောင့်ကြည့်နေတဲ့ အဲဒီလူက ယွီချောင်ပိုင်... ယွီချောင်ပိုင်က ကျွမ်းဝူကျို့ရဲ့ ဆရာ.. ဘယ်တုန်းကမှ အပြင်မထွက်ခဲ့ဘူး... ကျွမ်းဝူကျို့က သက်ရှိလောကက ကောင်းကင်နားစွင့်သူတွေရဲ့ တာဝန်ခံပဲ... တစ်နည်းဆိုရရင် ကျွမ်းဝူကျို့မှာလည်း ပြဿနာရှိနေတယ်...'

သူက အနည်းငယ်ပြုံးကာ လှည့်ထွက်သွားသည်- "ဒီလူရဲ့ အထောက်အထားကို မဖော်ထုတ်ရသေးဘူး သေချာပေါက် စိတ်ပျက်ဖွယ်ကုန်းစောင်းကို ပြန်လာလိမ့်မယ် ဒါပေမယ့် ယွီချောင်ပိုင်ရဲ့ ဝိသေသလက္ခဏာကို မသုံးရဲလို့ ကျွမ်းဝူကျို့ အနေနဲ့ ပြန်လာလိမ့်မယ်။ သူ့မှာ ဘယ်လိုနည်းလမ်းတွေ ရှိဦးမလဲ ကြည့်ရသေးတာပေါ့!"

ကြေးဝါမြို့ရိုး၏ တစ်ဖက်တွင်မူ ဇီးကွက်လှေသည် မှောင်မည်းနေသော မြစ်ကမ်းတစ်လျှောက် တိတ်တဆိတ် ရွက်လွှင့်နေ၏။ သင်္ဘောပေါ်တွင် ချန်ရှီသည် ခွဲခွာသွားပြီးနောက် သူ၏အတွေ့အကြုံများအကြောင်း အဆက်မပြတ် ပြောနေသည့် ချန်ယင်တူး၏နောက်တွင် အလွန်စိတ်လှုပ်ရှားစွာ ရပ်နေသည်။

သူသည်လည်း နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တိုင်းကို သူ့အဘိုးထံ ပြန်ပြောပြနေရတာကိုပင် စိတ်အားထက်သန်စွာ ဝမ်းမြောက်နေ၏။

ချန်မိသားစုထဲမှာ သူနဲ့ အရင်းနှီးဆုံးသူက သူ့အမေ ဝူးချင်းယွီ၊ ချန်ထန်၊ ဖန်တီးခံရှောင်ဝူနဲ့ သူ့အဖိုး ချန်ယင်တူးပါပဲ။

ချန်ယင်တူးသည် သူသေပြီးနောက်တွင် သူ့အတွက် လက်စားချေရန် အရာအားလုံးကို လျစ်လျူရှုကာ သူ့အတွက် အသက်စွန့်သည်။ အနောက်နွားရှင်းကျိုးက တတ်နိုင်သမျှ လူများ အားလုံးကို ကယ်တင်ရန် မရဏကမ္ဘာသို့ အကြိမ်ကြိမ် ဆင်းဖို့ ဖိတ်ခေါ်ခဲ့သည်။

ချန်ယင်တူးဟာ သူ့ကို ရှင်ပြန်ထမြောက်​စေဖို့ ဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့သူပဲ ဖြစ်လေသည်။

ချန်ယင်တူး ဒဏ်ရာအပြင်းအထန် ရကာ သေခါနီး ဖြစ်နေချိန်၌ သက်ရှိကမ္ဘာတွင် လက်မခံနိုင်သော အမတအလောင်းကောင်ကို မွေးမြူရန် ​ကြိုးစားခဲ့သော်လည်း သူ၏နတ်ဆိုး သဘာဝကို နှိမ်နင်းရန် ကြိုးစားနေရဆဲပင်။ သူ့အနားမှာနေကာ အရွယ်ရောက်ပြီးသူအဖြစ် ကြီးပြင်းလာမှုကို စောင့်ကြည့်​နေချင်ခဲ့သည်။

ချန်ယင်တူးဟာ အလွန်စိတ်ပျက်အားငယ်စွာဖြင့် နေရာတိုင်းမှာ အကူအညီ လိုက်တောင်းသည်။ သူ့ကို အဘွားရှားနဲ့ ချင်းယန်တို့လက်ထဲ အပ်နှံထားခဲ့သောကြောင့် ချန်ရှီ ဤကမ္ဘာကြီးတွင် ရှင်သန်နိုင်ခဲ့သည်။

ချန်ယင်တူးနှင့် အခြားသူများသည် ၎င်းတို့၏ မူလပုံစံများကို ပြန်လည် ပြောင်းလဲခဲ့ကြသည်။ တကယ့် ယွီချောင်ပိုင်၊ တာအိုထျန်းကွမ်း နဲ့ တခြားသူတွေ အသက်ရှင်နေသေးပေမယ့် ဖန်တီးခံရှောင်ဝူက တည်နေရာကို မပြောပြခဲ့။ အံ့သြစရာကောင်းတာက ချန်ယင်တူးနဲ့ အဘွားရှားတို့ကလည်း သူတို့အကြောင်း မမေးကြဘူး။

မြစ်အောက်ခြေရှိ လျှို့ဝှက်အပေါက်ကြီးသို့ရောက်သောအခါ ချန်ရှီသည် ထိုက်ယိနတ်ဆိုးနှင်လွန်းပျံယာဥ်ကို ဖွင့်ပြီး လူတိုင်းကို ထျန်းကျစ်ပြည်သို့ သယ်ဆောင်သွားသည်။

သူက အဆက်မပြတ် စကားပြောနေ၏။

အချိန်အတော်ကြာပြီးနောက်မှ ချန်ရှီ နောက်ဆုံးတွင် ရပ်တန့်လိုက်ကာ။

"အဘိုး... ကျနော် အဘိုးကို လွမ်းတယ်"

ချန်ယင်တူး ပြုံး၍။

"မင်း ကြီးလာပြီ... အရပ်ရှည်လာတယ် ပိုသန်မာလာတယ်"

အဘွားရှားကလည်း ပြုံးပြီး :"မင်းအဘိုးနဲ့ တွေ့တော့ သူ မင်းအကြောင်း မေးတယ်... သူ မင်းအကြောင်း အကုန်သိထားပြီးသား တစ်ကြိမ်ထက်မက ကြားနေရတာ"

ချန်ရှီ ရှက်ရွံ့သွားသော်လည်း အရာအားလုံးထက်ပို၍ စိတ်လှုပ်ရှားသွားသည်။ ထိုစဥ် လွန်းပျံယာဉ်က ထျန်းကျစ်ပြည်မှာ မရပ်တန့်သွားဘဲ တောင်တစ်သောင်း၏ အစွန်းဘက်သို့ ဦးတည်သွားခဲ့သည်။

ဒါပေမယ့် သူတို့ကုန်းမြင့်ကိုရောက်တဲ့အခါ ချန်ယင်တူးက ရယ်လျက်။

"တစ်ဆယ်လေး... အဘိုး မင်းနဲ့အတူ သေနိုင်တဲ့ ဘုံကို မပြန်နိုင်တော့ဘူး ငါက အလောင်းကောင်ကို ချေဖျက်နိုင်တဲ့ မသေနိုင်တဲ့ လမ်းကြောင်းကို လိုက်နေတာ... သက်ရှိကမ္ဘာကို ပြန်ရောက်ရင် ငါ့ကို ပျက်စီးစေလိမ့်မယ် မရဏကမ္ဘာကပဲ ငါ့အတွက် ပိုသင့်တော်တယ်"

"ကျွန်တော် မေ့သွားတယ်!"

ချန်ရှီသည် နတ်ဝိညာဥ်ကို လျင်မြန်စွာ ခေါ်ဆောင်ကာ ဘုံကျောင်းငယ်ထဲသို့ ပြေးဝင်သွားသည်။ ထို့နောက် ဝိညာဉ်ဆေးအပင်များစွာကို ခူးဆွတ်ကာ အားလုံးကို ထုပ်ပိုးလိုက်သည်။

"အဘိုး... ဒီလိုလုပ်... ဒီဂျင်ဆင်းအသီးက အဘိုးရဲ့အသက်ကို အနှစ်ငါးရာလောက် သက်တမ်းတိုးနိုင်တယ် ပြီးတော့ ဒီဂျင်ဆင်းနက်က အဘိုးရဲ့အသက်ကို အနှစ်သုံးရာလောက် သက်တမ်းတိုးနိုင်တယ်... ပြီးတော့ ဒီကြက်သွေးရောင်အသီးက အသက်ကို အနှစ်သုံးရာခြောက်ဆယ်အထိ ရှည်စေတယ်... ဒီဆေးပင်က အသက်ကို အနှစ်နှစ်ရာရှစ်ဆယ်အထိ သက်တမ်းတိုးနိုင်တယ်…”

ထို့နောက် သူက ယဇ်ပလ္လင်ကို မွှေလိုက်ပြီး :"အဘိုး အဘိုးရဲ့ ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးနိုင်တဲ့ ယင်ယန်ပြောင်းလဲခြင်းကို ကျနော် ကျွမ်းကျင်တယ်... အဘိုးကို နတ်ဆိုးမဖြစ်အောင် တားဆီးပေးမယ်... စကားမစပ် ကျ​နော် အဘိုးကို လက်ဆင့်ကမ်းပေးလို့ ရတာပဲ... အဘိုးကိုယ်တိုင် ကျင့်ကြံလို့ရတယ်... ကျနော် ကမ္ဘာငယ်လေးထဲမှာလည်း အခြေခံအုတ်မြစ်ကို ထည့်လိုက်ပြီ... အဘိုးသာလေ့ကျင့်ရင် အထက်ပျံသန်းနယ်ပယ်က စကားထဲတောင် ထည့်နေစရာ မလိုဘူး... ကျနော့်မှာ ဘုံကျောင်းလေးတစ်ခုလည်း ရှိတယ် အဘိုး အဲဒီမှာ ကျင့်ကြံရင်း မကောင်းဆိုးဝါး စွမ်းအင်တွေကို ဖယ်ရှားပေးနိုင်လိမ့်မယ်"

နည်းမျိုးစုံ ပေါ်လာတော့သည်။

ချန်ယင်တူးက သူ့ကို အပြုံးလေးနဲ့ ကြည့်​နေပြီး သူ ပြောပြီးလို့ ငြိမ်သက်သွားတဲ့အထိ စောင့်နေ၏။

"တစ်ဆယ်လေး... မင်း ကြီး​ပြင်းလာပြီ... တကယ် ကြီး​ပြင်းလာပြီ"

နတ်သန္ဓေသား မရှိသည့် ချန်ရှီသည် တစ်ချိန်က သူ၏ ပျော့ညံ့ပြီး အိုမင်းရင့်ရော်သော အဖိုးကို ကာကွယ်ရန်၊ အစွမ်းအစများကို ပြုစုပျိုးထောင်ရန် စိတ်အားထက်သန်သော ကလေးတစ်ဦးဖြစ်သည်။ ယခုတော့ သူကြီးပြင်းလာကာ အဘိုးပင် မဖြေရှင်းနိုင်သော ပြဿနာမျိုးစုံကို ဖြေရှင်းနိုင်ခဲ့ပြီ။

ချန်ယင်တူးသည် သူ့အသက်ကို ရှည်စေမည့် အမျိုးမျိုးသော အဂ္ဂိရတ်​ဆေးများကို စားသုံးခဲ့သော်လည်း အမတအလောင်းကောင် လမ်းကြောင်းကို လိုက်လျှောက်ကာ သက်တမ်းရှည်ရုံမျှဖြင့် မဖြေရှင်းနိုင်သော အခြေအနေတစ်ရပ်ကို တိုးဝင်မိသွားခဲ့သည်။ သက်ရှိကမ္ဘာထဲသို့ ဝင်ရောက်မိပါက ကောင်းကင်နှင့်မြေကြီးရှိ အရာခပ်သိမ်းကို ပျက်ဆီးစေသော ကပ်ဆိုးများကို တွန်းလှန်နိုင်စွမ်းရှိမည် မဟုတ်ပေ။

သို့သော် ချန်ရှီ၏ တာအိုနယ်မြေရောင်ဝါ ပျံ့နှံ့သွားတဲ့အခိုက် သူ့ကိုယ်အတွင်းရှိ မကောင်းသောစွမ်းအင်များကို ငြိမ်သက်စေကာ ဖြစ်လာနိုင်သော ကပ်ဆိုးစွမ်းအင်များကို တားဆီးထား​လေသည်။ ချန်ရှီသည် ယင်ယန်အသွင်ပြောင်းမှုကို အသက်သွင်းခဲ့ပြီး သူ့အတွင်းမှ မကောင်းသော စွမ်းအင်များကို အဆက်မပြတ် သန့်စင်ဖယ်ရှားကာ ၎င်းနည်းကိုလည်း သင်ကြားပေးခဲ့သည်။

ချန်ယင်တူး ၎င်းကို အတိုချုံး လေ့ကျင့်လိုက်တာနဲ့ကို ကျွမ်းကျင်လာ၏။ သို့သော်လည်း ဤကျင့်စဥ်ဟာ ယင်ယန် သဘောတရားများကို အလွန်လေးနက်စွာ နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ချန်ရှီ သိသည်။ သူသည် ဤနည်းကို လူများစွာအား သင်ကြားပေးခဲ့သော်လည်း အများစုမှာ ၎င်းကို မကျွမ်းကျင်နိုင်ခဲ့ပေ။ လူအနည်းငယ်မျှသာ ဆုပ်ကိုင်နိုင်ခဲ့သည်။

ချန်ယင်တူး တစ်ယောက်တည်းကသာ လျင်မြန်စွာ သင်ယူခဲ့သည်။ ချန်ရှီ၏ တာအိုနယ်မြေ ရောင်ဝါ ပျံ့နှံ့သွားပြီး ယင်နဲ့ယန် ပြောင်းပြန်ဖြစ်ပြီးသွားတဲ့ နောက်အခိုက်အတန့်တွင်တော့ လူတိုင်းသည် သက်ရှိကမ္ဘာရှိ ကုန်းစောင်း၏ ခြေရင်း၌ ပေါ်လာသည်။ ကျူးရှို့ချိုင်၊ ကျွယ်ရန်ကျစ်နှင့် တာအိုလျိုက တောင်စောင်းပေါ်တွင် စောင့်နေကြ၏။

ချန်ယင်တူး လှည့်ကြည့်လိုက်သည်။ ဟွမ်ဖောရွာမှ ရွာသားများသည် မိသားစုများနှင့်အတူ တောင်ပေါ်မှ ဆင်းလာနေကြပြီး သူ့ကို အဝေးမှ မြင်လိုက်ရသောအခါ အားလုံး ထိတ်လန့်သွားကြသည်။

"ချန်ယင်တူး... အသက်ပြန်ရှင်လာပြီလား"

အဘွားဝူကျူ တုန်လှုပ်သွားပြီး သူမပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

"ငါသေရတော့မှာမို့လို့ သရဲတစ္ဆေတွေ မြင်နေတာပဲ ​ဖြစ်မယ်..."

ချန်ယင်တူး ပြုံးပြီး: "အဘွားဝူကျူက အသက်ပိုရှည်ပါတယ်"

အခြားရွာသားများလည်း ရောက်ရှိလာပြီး သူ့ကို အံ့သြစွာကြည့်ကာ ရိုသေစွာ ဦးညွှတ်ကြလေသည်။

ချန်ယင်တူးလည်း နှုတ်ခွန်းဆက်စကား ပြန်ပြောသည် ။

အဘွားယွိကျူး: "လူအိုချန်... မင်းမြေးက သူ့ဘာသာသူ လုပ်ခဲ့တာ... ထိပ်တန်းဂုဏ်ထူးဆောင်တွေနဲ့ အင်ပါယာစာမေးပွဲကို အောင်ပြီး အခု ဆရာကြီးဖြစ်နေပြီ... မင်းရဲ့သားကတော့ နေမကောင်းလို့ ရာထူးက ထုတ်ပယ်ခံရပြီး အလုပ်လက်မဲ့ဖြစ်နေပြီ"

ထိုအချိန်တွင် ချန်ထန်အသံက အဖွားယွိကျူး နောက်ကွယ်မှ ထွက်ပေါ်လာ၏။

"မှားတယ်.. ကျနော် ရာထူးတိုးပြီးပြီ အခု နန်းတော်ရဲ့ သမား​တော်ရုံလု ဖြစ်နေပြီ... လစဉ် လစာ ခုနစ်ဆယ့်လေးရှီ၊ ငွေငါးဆယ်နဲ့ ညီမျှတဲ့ ဆန်ခုနစ်ဆယ်လေးဆ ရတယ်.."

ချန်ယင်တူး တချက်ကြည့်လိုက်သည်။ ချန်ထန်သည် အရပ်ရှည်ရှည် ဖြောင့်စင်းသော မျက်လုံးများဖြင့် အနောက်မှ လျှောက်လာပြီး သူ့ရှေ့တွင် ရပ်လိုက်သည်။

"အဖေ"

ချန်ထန် သူ့ကို အံ့သြမှုမပြဘဲ ခေါ်လိုက်သည်။

ချန်ယင်တူး ပြုံးပြီး :"တစ်ဆယ်လေးက မင်းအကြောင်း အလေးအနက်နဲ့ ပြောပြတယ်.. သူက မင်းကိုယ်တိုင် တစ်ခုခု လုပ်ထားပြီးပြီ မင်းရဲ့ ဓားရေးက အရမ်းကောင်းတယ်တဲ့"

ချန်ထန် ချန်ရှီကို စိုက်ကြည့်ရင်း အတော်လေး တုန်လှုပ်သွားပြီး ချန်ယင်တူးဆီသို့ ဆက်လျှောက်သွားကာ ပွေ့ဖက်ချင်လိုက်သည်။ သို့သော် ချန်ယင်တူးက ထိုနေရာတွင် အထိမ်းအမှတ် ကျောက်တိုင်တစ်ခုလို ရပ်နေကာ သူ၏ ခံ့ညားထည်ဝါသော တည်ရှိမှုက ချန်ထန်အား ပွေ့ဖက်ရန် ချီတုံချတုံ ဖြစ်စေသည်။ သူ့လက်များက အတောင်ပံများကဲ့သို့ တဖျပ်ဖျပ်လွင့်လျက်။

"မင်းလူတွေကို ဘယ်လိုပွေ့ဖက်ရမှန်း မသိဘူးလား... ငါလုပ်ပေးမယ်..."

ချန်ယင်တူး သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

"ဒါပေမယ့် မင်းအပြစ်တော့ မဟုတ်ဘူး ငယ်ငယ်ကတည်းက ပွေ့ဖက်တာ ရှားတော့ တခြားသူတွေကို ဘယ်လို ပွေ့ဖက်ရမှန်းမသိဘူး"

ချန်ထန်မျက်လုံးများ ချက်ချင်းပင် နီရဲလာပြီး သူ့မျက်နှာပေါ် မျက်ရည်များ စီးကျလာသည်။ ဖန်တီးခံရှောင်ဝူက ဘေးမှ လှောင်ပြောင်လေ၏။ ထိုစဥ် ဝူးချင်းယွီက ထိုသားအဖကို လှမ်းကြည့်ရင်း ပြုံးလျက် လျှောက်လာသည်။

ချန်ယင်တူးသည် သူ့သားအပေါ် သနားညှာတာမှု သိပ်မပြတတ်သောကြောင့် ချန်ထန်ကို အမြန်လွှတ်ပေးပြီး။

"ငါ့ရဲ့ သီလရှိတဲ့ချွေးမကို ကျေးဇူးရမယ်... ဒီမိသားစုက မပြိုကွဲသေးဘူး ငါ့ရဲ့ ဂါဝရပြုမှုကို လက်ခံပေးပါ!"

ဝူးချင်းယွီ လန့်ဖျပ်သွားသည်။

"ယောက္ခထီးသာ ဟော့သော်ကို ဖိတ်ခဲ့လို့မဟုတ်ရင် ကျွန်မ သေသွားတာကြာပြီ... ဒီလိုမလုပ်ပါနဲ့ ကျွန်မကို ကြောက်အောင် လုပ်နေသလိုပဲ!"

ချန်ယင်တူး: "မင်းက ငါ့သားထက် ပိုထက်မြက်တယ်... မင်း သူ့ကို နေရာချပေးလို့ မင်းကို လက်ထပ်နိုင်ခဲ့တာ... မင်း ​ပင်ပန်းသွားပြီ..."

ချန်ထန်လက်သည် ရွှမ်ဝေးဓားစောင်းပေါ်တွင် တိတ်တဆိတ် မှီနေပြီး သူ့လက်နောက်ဘက်ရှိ သွေးကြောများ ပေါက်ထွက်နေသည်။

"အားထန်က ပိုထက်မြက်ပါတယ်... ကျွန်မက သူ့လောက် ဉာဏ်မကောင်းဘူး အူတူတူနဲ့..."

ချန်ယင်တူး ခေါင်းခါလိုက်ပြီး :"ငါ့သားကို ငါအသိဆုံးပဲ တစ်ဆယ်လေးက သူ့ဆီက အမွေမခံခဲ့ရဘူး မင်းဆီကပဲ"

ဝူးချင်းယွီသည် ချန်ထန်လက်ကိုဆွဲကာ အဆက်မပြတ် ရယ်မောလိုက်သည်။ သို့နှင့် ချန်ထန် သူ့ဓားကို မဆွဲနိုင်ဘဲ အရှုံးပေးခဲ့ရသည်။

ချန်ရှီသည် ဟွမ်ဖောရွာမှ ရွာသားများကို လှည့်ပတ်ကြည့်ရှု စစ်ဆေးလိုက်သည်။ ထို့နောက် ချန်ထန်အနားကို ရောက်လာပြီး "အဖေ ယန်ရှန့်ကျစ် ဘယ်မှာလဲ" ဟု အသံတိုးတိုးဖြင့် မေးသည်။

"သူထွက်သွားပြီ... ရှီးကျင်းကို ပြန်မယ်လို့ပြောတယ်"

ချန်ယင်တူးအသံက အဝေးမှ ထွက်ပေါ်လာသည်။

"တစ်ဆယ်လေး သူငယ်ချင်းဟောင်းတွေကို တွေ့ဖို့ ငါနဲ့ လိုက်ခဲ့..."

"အဘိုး ခဏနေပါဦး... ကျနော်လည်း သူငယ်ချင်းဟောင်းကို နှုတ်ဆက်လိုက်ဦးမယ်!"

သူသည် လေထဲသို့ ခုန်ဆင်းကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ အဝေးသို့ ပြေးထွက် ပျောက်ကွယ်သွားခဲ့သည်။

ကုံကျိုး၊ ထိုက်ဖျင်ခရိုင်တွင်တော့ ယန်ရှန့်ကျစ် တိမ်တိုက်များပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

"ရှန်းအာ.. ငါတို့ ထိုက်ဖျင်မြို့ စာတိုက်မှာနေမယ်... ခရိုင် တရားသူကြီးက ယန်မိသားစုထဲက အဖွဲ့ဝင်တစ်ယောက်ပဲ... ငါတို့ရောက်တာနဲ့ လှည်းတစ်စီးက ရှီးကျင်းကို ခေါ်သွားပေးလိမ့်မယ်"

စာတိုက်ကို ရောက်လာပေမယ့် နေရာလွတ်ကြီးသာ ရှိသည်။ ယန်ရှန့်ကျစ် အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူ့မယားငယ်ကို ခရိုင်အစိုးရရုံးဆီသို့ ပို့ဆောင်လိုက်သည်။ ထိုက်ဖျင်ခရိုင်ဟာ ပုံမှန်အရွယ်အစား၏ သုံးပုံတစ်ပုံထက် သေးငယ်လာပြီး လူဦးရေ ကျဲပါးနေကာ သူမြင်ခဲ့ရသည့် လူများမှာ ဖြူဖျော့ပြီး ဖျားနာနေပုံရသည်။

"လူကြီးမင်းယန်.. ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ"

ယန်ရှန့်ကျစ်ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားခဲ့သည်။ သို့သော် သူက ရှေ့ကို လှမ်းကြည့်ရင်း ပြုံးလေ၏။

"လတ်စသတ်တော့ ချန်ကျွမ့်ယွမ်ကိုး... လူကြီးမင်းငယ်ချန်နဲ့ ဒီမှာ တွေ့ရတာ တိုက်ဆိုင်လိုက်တာ"

ချန်ရှီ သူ့ဆီ လျှောက်သွားလိုက်သည်။

"တိုက်ဆိုင်တာ မဟုတ်ပါဘူး ခင်ဗျားကို တွေ့ဖို့ အတိအကျ လာခဲ့တာ... လူကြီးမင်းယန်.. ချန်ယန်တောင်နဲ့ လယ်တောမှာ နေရတာ ပိုကောင်းတယ် မဟုတ်ဘူးလား... ရှီးကျင်းရဲ့ ကျော်ကြားမှုနဲ့ ကြွယ်ဝမှု လောကထဲကို ပြန်ဝင်ဖို့ ဘာလို့ စွဲလန်းနေတာလဲ"

ယန်ရှန့်ကျစ်က တခစ်ခစ်ရယ်ပြီး :"အခု ဘေးဆိုးကြီး ပြီးသွား​ပြီဆို​တော့ အနောက်နွားရှင်းကျိုးကို ပြန်တည်ဆောက်ဖို့ အပြင်းအထန် လိုအပ်နေပြီ... ဒီလူကြီးက စီရင်စုငါးဆယ်ကို ပြန်လည်ရှင်သန်စေဖို့အတွက် ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိပါဘူး"

ချန်ရှီ ရောက်လာခြင်းအတွက် သူတော်တော်လေး သတိထားနေ၏။

"အထက်ကမ္ဘာ မရှိတော့ပေမယ့် ငါတို့မိသားစုဆယ့်သုံးစုက ဒီမြေကြီးထဲမှာ နက်နက်နဲနဲ အမြစ်တွယ်နေတုန်းပဲ"

သူ တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ ပြောနေခဲ့သည်။

"မြေက မရွေ့မပြောင်းနိုင်တော့ဘူးလေ ဒါကြောင့် ရှီးကျင်းကို သွားပြီးတော့ ကမ္ဘာကြီးကို ငြိမ်းချမ်းရေးယူဖို့ ရှောင်လွှဲလို့မရတဲ့ တာဝန်တစ်ခုရှိတယ်"

ချန်ရှီက သူ့အနားသို့ လျှောက်လာကာ ခေါင်းယမ်းပြလေသည်။

"လူကြီးမင်းယန်.. ဒီကပ်ဆိုးကြီးကြောင့် အနောက်နွားရှင်းကျိုးက လူတွေအတွက် မိသားစုကြီးတွေ မရှိရင် ပိုကောင်းလာမယ် ဆိုတာ သဘောပေါက်လာပြီ ဒီနေ့ကစပြီး ခင်ဗျားတို့ရဲ့ မိသားစုဆယ့်သုံးစုကို တစ်ခုပြီးတစ်ခု ဖယ်ရှားပစ်မယ်... လူကြီးမင်း ချန်ယန်တောင်တန်းရဲ့ လယ်တွေဆီကိုပဲ ပြန်သွားလိုက်ပါ... ရှီးကျင်းကို သွားရင်တော့ ခင်ဗျား အသက်အန္တရာယ် ဖြစ်မှာကို ကြောက်မိတယ်..."

ယန်ရှန့်ကျစ်က ရပ်လိုက်ပြီး သူ့ကို အေးစက်စက် ကြည့်လေသည်။

"ချန်ရှီ မင်း ပုန်ကန်ချင်နေတာပဲ"

"ကျ​နော်က စစ်မှန်တဲ့ ဘုရင်​လေ... ဒါကို ပုန်ကန်တယ်လို့ ဘယ်လိုလုပ် ယူဆနိုင်မှာလဲ လူကြီးမင်းယန် ခင်ဗျားမှာ လမ်းနှစ်သွယ်ရှိတယ်... အသက် ရှင်မလား... ဒါမှမဟုတ် သေမလား..."

All Chapters