← Chapters

နေကိုထွန်းညှိပြီ

Vol. 33 Ch. 461

နေကိုထွန်းညှိပြီ

Vol. 33 Ch. 461

ချန်ရှီ တစ်ဖက်က နတ်သမီးရှောင်သွမ့်ရဲ့ အမူအရာကို သတိမထားမိပေ။ လောလောဆယ်တော့ သူ့အကြည့်တွေက ချန်ယင်တူးနဲ့ တခြားသူတွေကိုသာ စိုက်ကြည့်နေသည်။

ချန်ယင်တူး၊ ဖန်တီးခံရှောင်ဝူနှင့် အခြားသူများသည် သူတို့​ဘက်သို့ အပြေးအလွှား ရောက်ရှိလာကြပြီး မဟာတံတိုင်းကြီးကို ဖြတ်ကျော်နေသည်။ သူတို့ပန်းတိုင်မှာ ထွက်ခွာဖို့ ပြင်နေတာ ရှင်းလေ၏။

ချန်ရှီသည် ချန်ယင်တူးနှင့် ကြေးနန်းမြို့ရိုးပေါ်တွင် ကျန်ရစ်ခဲ့သော အမျိုးသမီး၏ပုံများကို ပြန်သတိရသွားသည်။

"အဘိုးက ဟိုဘက်ကမ်းက ဒီမဟာတံတိုင်းကြီးကို ဖြတ်ပြီး ငါ့ဘက်ခြမ်းကို လာခဲ့တာဖြစ်မယ်... အဲဒါကြောင့် ကြေးဝါမြို့ရိုးပေါ်မှာ ဒီလို 'ငါဒီမှာ' ဆိုတဲ့ ပုံတူကို ထားခဲ့တာ... သူနဲ့ အဲဒီမိန်းမက ဟိုဘက်ကမ်းက သူတို့နဲ့တူတယ်"

သူ့စိတ်တွေ တဒိတ်ဒိတ်ခုန်လာပြီး သော့ချက်ကို ချက်ချင်း ဆုပ်ကိုင်မိသွားသည်။

အဘိုးသည် ဤကမ္ဘာ၏ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာရခြင်းကို နှစ်သက်သူပင်။ ဖုံးကွယ်ထားလေလေ၊ သူ စိတ်ဝင်စားလေလေ ဖြစ်လာသည်။ ဤမျှကြီးမားသော၊ ရှင်းလင်းစွာ မြင်ရသော တားမြစ်ဧရိယာကြီးသည် မဟာတံတိုင်းကြီးဖြင့် အလုံပိတ်ခံထားရသဖြင့် သူသေချာပေါက် ဂနာမငြိမ်ဖြစ်ကာ ၎င်းကို စူးစမ်းလိုမှာ မလွဲမသွေပဲ ဖြစ်သည်။

သူနဲ့ ပန်းချီကားထဲက အမျိုးသမီးက တူညီတဲ့ ဂိုဏ်းကဖြစ်နိုင်ပြီး သူ့ကို စွဲလန်းတဲ့ အမျိုးသမီးတွေလည်း ဖြစ်နိုင်သည်။ သူတို့နှစ်ယောက်သည် ဤနေရာသို့ အတူတကွ ရောက်ရှိလာပြီး မဟာတံတိုင်းကို ဖြတ်ကာ ကြေးဝါမြို့ရိုး၏ ဤဘက်သို့ ရောက်ရှိခဲ့ကြသည်။

ဒီရှာဖွေတွေ့ရှိမှုကို အထိမ်းအမှတ်အနေနဲ့ သူတို့ရဲ့ပုံတူတွေကို မြို့ရိုးပေါ်မှာ ထားခဲ့ပေမည်။

"ဒါဆို အဘိုးက မဟာတာအို တံတိုင်းကြီးမှာ အဆင်ပြေတဲ့ ထွက်ပေါက်လမ်းကို ချန်ထားခဲ့ရမှာပဲ... ဒါကြောင့် သူ၊ ဦးလေးဝူနဲ့ အဘွားရှားတို့က ဒီလိုကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်ကို ပြီးတာနဲ့ သူတို့ ဒီလမ်းကနေ ချက်ချင်း ထွက်ပြေးသွားကြမှာပဲ"

ချန်ရှီသည် ချန်ယင်တူးနှင့် အခြားလူများ အနီးသို့ ချဉ်းကပ်လာသည်ကို ကြည့်ပြီး သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလတ်လာသည်။

"ဒါဆို ဟိုဘက်ကမ်းမှာ ဘာရှိ​နေတာလဲ"

ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်ယံမှာ နတ်ဘုရားရဲ့ မျက်နှာက ပိုကြည်လင်လာ၏။

ဆန်း​ကြယ်ငှက်သည် ကမ္ဘာပေါ်ရှိ နေနှင့် လ၏ တောက်ပမှုကို စုပ်ယူလိုက်သကဲ့သို့ ပိုကြီးမားလာလေသည်။ ၎င်းက အတောင်ပံများကို ခတ်ကာ အက်ကွဲနေသော ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။

နှစ်ပေါင်းခြောက်ထောင်ကျော် မဟာတာအိုကြီးအတွင်း၌ ရှိသော နေနှင့်လ၏ တန်ခိုးကို ယူဆောင်ထားသော ဤဆန်း​ကြယ်ငှက်သည် ကောင်းကင်က နတ်ဘုရား၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။ ချန်ရှီလည်း ထိုအချိန်တွင် ကြီးမားသော အသက်စွမ်းအင်ကို ထုတ်လွှတ်လိုက်သကဲ့သို့ ကောင်းကင်ကြီးက ပြင်းထန်စွာ တုန်ခါသွားသည်ကို မြင်လိုက်ရသည်။

ကောင်းကင်ဘုံရှိ နတ်ဘုရား၏ တင်းတင်းစေ့ထားသော မျက်လုံးများသည် အက်ကွဲကြောင်းဖြင့် ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ချန်ယင်တူး၊ ဖန်တီးခံရှောင်ဝူ နှင့် အခြားသူများသည် Great Dao ၏ မဟာတံတိုင်းသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ထိပ်ပြောင်သော တာအိုဘုန်းကြီးအဖြစ် အသွင်ဆောင်ထားသော ချန်ယင်တူးက ဦးဆောင်​နေကာ သူ၏သွေးနှင့် ချီတို့သည် မဟာတာအို တံတိုင်းကြီးပေါ်တွင် တူညီသောပုံစံဖြင့် ပေါင်းစပ်ထားသည့် ဝိညာဥ်လမ်းပြ တာအိုစာလုံး ပုံစံနှင့် လုံး၀လိုက်ဖက်ညီစွာ ပုံဖော်နေသည်။

အနှီ စွမ်းအင်နှစ်ခုရဲ့ ပေါင်းစပ်မှုက ဖွဲ့စည်းခြင်းကို မသက်ဝင်စေသေးချေ။

ချန်ယင်တူးသည် ဤသေးငယ်သော ဖွဲ့စည်းမှုတွင် ဝိညာဥ်လမ်းပြ တာအိုစာလုံး အားလုံးကို အဆောင်လက်ဖွဲ့ စာလုံးဖြင့် ဂရုတစိုက် အစားထိုးခဲ့သော်လည်း သက်ရောက်မှုက မပြောင်းလဲသေးပါ။ ထို့နောက် သူသည် အဆောင်လက်ဖွဲ့များကို အသက်သွင်းကာ မဟာတာအိုတံတိုင်းကို ဖြတ်ကာ အဖွဲ့ကို ဦးဆောင်ခဲ့သည်။

မြို့ရိုးပေါ်မှာတော့ ချန်ရှီ မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။

ဝိညာဥ်လမ်းပြဝူးကျိတို့၏ ထုံးတမ်းစဉ်လာ တာအိုစာလုံးနှင့် အဆောင်စာလုံးများကို တစ်ခုနှင့်တစ်ခု အသွင်ပြောင်းနိုင်သည်။ ဥပမာ နတ်သမီးရှောင်သွမ့်သည် ကောင်းကင်သံပေတံပေါ်က ဝိညာဥ်လမ်းပြဝူးကျိ တာအိုစာလုံးကို ပုံဖော်ပြီး အဆောင်စာလုံးအသစ် ကိုးခုအဖြစ် ပြောင်းလဲခဲ့သည်။

ထျန်းကျစ်ပြည်တွင် သူ ရခဲ့သော သွေးအိုင်ကျမ်း (သွေးကန်ကျင့်စဥ်) သည် ဝိညာဥ်လမ်းပြဝူးကျိ စာလုံးဖြင့် ရေးသားထားသော ကျင့်စဥ် တစ်ခုဖြစ်ပြီး အဆောင်စာလုံး အသစ်အဖြစ် ပုံဖော်နိုင်သည်။

မဟာတာအိုတံတိုင်းတွင် ကူးယူထားသော ဝိညာဥ်လမ်းပြ စာလုံးများကို အဆောင်စာလုံး အဖြစ် ပြောင်းလဲနိုင်သည်။

သို့သော် မဖြစ်နိုင်ဘူးဟု ထင်ရသော မဟာတံတိုင်းကြီးကို ဖြတ်ကျော်ရန် ချန်ယင်တူးလိုလူက အသုံးပြု​နေသည်ကို တွေ့ရခဲပါသည်။

ချန်ယင်တူးသည် ဖန်တီးခံရှောင်ဝူ၊ အခြားသူများနှင့်အတူ မဟာတာအိုတံတိုင်းပေါ်သို့ လျင်မြန်စွာ ပြေးထွက်နေ၏။

"ဒီကိစ္စက စိတ်ပျက်ဖွယ်ကုန်းစောင်းက ကောင်းကင်လမ်းလျှောက်သူ အမတတွေကို သတိပေးပြီးလောက်ပြီ... ဒါပေမယ့် သူတို့ ယဇ်ပူဇော်မှုတွေကို ရပ်တန့်ဖို့ အချိန်မရှိသေးဘူး တံတိုင်းအပြင် ရောက်တာနဲ့ ငါတို့ ဘေးကင်းပြီ..."

"အဘိုး!"

ချန်ယင်တူး အလွန်တုန်လှုပ်သွားသည်။ အသံကြားရာဆီကို လှမ်းကြည့်လိုက်တော့ ကောင်လေးတစ်ယောက် သူ့ဆီပြေးလာနေတာ တွေ့လိုက်ရသည်။

"အဘိုး!"

သူ အတန်ငယ် မှင်တက်သွားသည်။

တစ်ဆယ်လေးလား?

မသိလိုက်ချိန်မှာပဲ ကောင်လေးက အလွန်ကြီးထွားလာခဲ့​ပြီ။ ယခုဆို အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ် ရှိ​တော့မည်။ သူထွက်သွားတုန်းက ချန်ရှီ ငယ်ငယ်လေးပဲ ရှိပါသေး၏။

မျက်စိတစ်မှိတ်အတွင်းမှာ သူဘယ်လိုလုပ် ဒီလောက်တောင် အရပ်ရှည်လာတာလဲ။

သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားလိုက်ရသည်။ တစ်ဆယ်လေးသည် လွန်ခဲ့တဲ့ နှစ်တွေကတည်းက နှုတ်မဆက်ဘဲ ထွက်ခွာသွားတဲ့အတွက် သူ့ကို ဒေါသထွက်​နေ​လောက်လား။

ဤကလေးသည် သက်ရှိကမ္ဘာမှာ တစ်ယောက်တည်း ဘယ်လိုများ စီမံနေခဲ့သလဲ။

သူဘယ်လောက် ဒုက္ခခံခဲ့ရမလဲ။ မတရားမှု ဘယ်လောက်များ ခံစားခဲ့ရလဲ။ အခက်​အခဲ​တွေ ဘယ်​​လောက်​​တောင်​ ကြုံခဲ့ရလဲ။

သူ့ဘေးမှာသာ နေနိုင်ခဲ့ရင် ဒါတွေကို မခံစားရလောက်ချေ။

ချန်ယင်တူးသည် ထူးထူးခြားခြား ဉာဏ်ပညာရှိသူ ဖြစ်သော်လည်း ထိုမျှများပြား ရှုပ်ထွေးသော အတွေးများ သူ့စိတ်ထဲတွင် တခဏချင်း ပြေးလွှားသွားနေတာအား မတားဆီးနိုင်လိုက်။

ချန်ရှီ ပြေးလာပြီး အဘိုးဖြစ်သူ နောက်တစ်ကြိမ် ထွက်သွားမှာကို ကြောက်၍ မလွှတ်စတမ်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

"ငါ သူ့ကို မြှောက်ပြီး ငါ့ပခုံးပေါ် ထမ်းထားလို့ မရတော့ဘူး... မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ ကြီးလာပြီ" ချန်ယင်တူး ဝမ်းနည်းစွာ တွေးလိုက်မိသည်။

ဖန်တီးခံရှောင်ဝူက ရှေ့ကို လှမ်းလာသည်။

"အဖေ... သွားရမယ့်အချိန် ရောက်ပြီ ကျ​နော်တို့ မသွားဘူးဆိုရင် စိတ်ပျက်ဖွယ်ကုန်းစောင်းက မသေနိုင်တဲ့ အကောင်တွေ မကြာခင် ကျ​နော်တို့ကို ရှာတွေ့သွားလိမ့်မယ်"

သူသည် ချန်ယင်တူး၏ တုန်လှုပ်ချောက်ချားသော စိတ်ခံစားချက်များကို စုပ်ယူရန် ကြိုးစားခဲ့ပြီး သူ၏ တရားစီရင်ခြင်းကို အနှောင့်အယှက် မဖြစ်အောင် တားဆီးခဲ့သည်။ သို့သော် ချန်ယင်တူး၏ အတွေးအမြင်များ လွှမ်းမိုးလာသောအခါတွင် သူ ငြင်းပယ်ခံခဲ့ရသည်။

ချန်ယင်တူးသည် အဖိုးနှင့် မြေးတို့ကြားက သံယောဇဉ်ကို အလွန်တန်ဖိုးထားကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီး ထိုကိစ္စကို ခေတ္တဖယ်ထားရန် တွန့်ဆုတ်နေခဲ့သည်။

“တစ်ဆယ်လေး... သွားကြရအောင်”

ချန်ယင်တူး ပြုံးလိုက်သည်။

"အိမ်ပြန်ကြမယ်"

စိတ်ပျက်ဖွယ်ကုန်းစောင်းက မယုံနိုင်လောက်အောင် အစွမ်းထက်သော အမတများ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကာ ကြေးရုပ်တုများ တဖြည်းဖြည်း မှောင်လာနေသည်အား တွေ့လိုက်ရသည်။ သူတို့မျက်နှာတွေက ပြာနှမ်းသွားပြီး တစ်ဖက်စီခွဲကာ ကျူးကျော်သူတွေကို လိုက်ရှာကြတော့၏။

သူတို့သည် စိတ်ပျက်ဖွယ်ကုန်းစောင်း၏ ဝင်ပေါက်ကို ပိတ်ထားပြီး အိုးထဲ ရောက်နေသော လိပ်များကို ထောင်ချောက်ဆင်ရန် ကြိုးစား​နေကြသည်။

ထိုစဥ် နောက်ထပ် ကောင်းကင်လမ်းလျှောက်သူများလည်း ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ရှာဖွေကာ ကျူးကျော်သူတို့၏ ပုန်းအောင်းရာနေရာကို ရှာဖွေရန် စတင် ကြိုးစားကြ​လေသည်။

"နတ်သမီးကုံး ဘာကြည့်နေတာလဲ"

အမတတစ်ဦးက ကုံးဝမ်ချင်ထံ ချဉ်းကပ်လာကာ မေး၏။

သူသည် ကုံးဝမ်ချင်၏ အကြည့်နောက်လိုက်ကာ ကြည့်လိုက်သော် ကြေးဝါမြို့တော်တံတိုင်းနောက်ကွယ်တွင် ယောင်ဝါးဝါး မြင်နေရသော ကြေးဝါမြို့ရိုးနဲ့ ကုန်းစောင်းအား ဝန်းရံထားသည့် မဟာတာအို တံတိုင်းကြီးကိုသာ တွေ့လိုက်ရသည်။

ကုံးဝမ်ချင် သူမအကြည့်ကို ဆုတ်လိုက်ပြီး ခေါင်းခါလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး... ရုတ်တရတ် ကိစ္စဟောင်းတွေကို သတိရသွားလို့... အစ်ကိုခေါ့... ဒီကိစ္စက သိပ်အရေးကြီးတယ် ကျွန်မတို့ ကောင်းကင်အရှင်ကို အကြောင်းကြားမလား"

အမတခေါ့ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး "သူခိုးတွေက စိတ်ပျက်ဖွယ်ကုန်းစောင်းထဲ ခိုးဝင်လာပြီး ကောင်းကင် ကိုးပါးနဲ့ ကမ္ဘာမြေကြီး ဆယ်ပါး ဖူထျန်းတကျောက် အခမ်းအနားကြီးတစ်ခုလုံးကို စုစည်းနေတာတောင် ဘယ်သူမှ သတိမထားမိလိုက်ဘူး.... အဲဒီသူခိုးတွေက ကုန်းစောင်းမှာ ရှိနေလောက်သေးတယ် ဒီကိစ္စကို ကောင်းကင်အရှင်ဆီ သတင်းပို့ကိုပို့ရမယ်"

"ကျွန်မလည်း လိုက်ခဲ့မယ်!"

အမတခေါ့လည်း သူတစ်ယောက်တည်း ကောင်းကင်အရှင်ဆီ သွားကြည့်လျှင် အပြစ်ပေးခံရမည်ကို စိုးရိမ်နေခသည်။ သူမနှင့် အတူရှိနေခြင်းသက ဖိအားအချို့ကို မျှဝေခံစားနိုင်မည် ဖြစ်သည်။ ဒါကြောင့် သူက ပြုံးပြီး။

"ဒါဆို မင်းကို ငါဒုက္ခပေးရတော့မှာပဲ နတ်သမီးကုံး"

ကုံးဝမ်ချင် သူ့နောက်သို့ လိုက်သွားနေရင်း ခေါင်းပြန်လှည့်ကာ မဟာတာအို တံတိုင်းကြီးကို ကြည့်ကာ "သူ များလား" ဟု တွေးလိုက်သည်။

သူမ၏ နှလုံးသားထဲတွင် ထိုလူကသာ စိတ်ပျက်ဖွယ်ကုန်းစောင်းထဲကို တိတ်တဆိတ် စိမ့်ဝင်နိုင်ပြီး ထိုလူကသာ တိတ်တဆိတ် ထွက်သွားနိုင်သည်။ ထိုအချိန်က သူမနှင့် ထိုလူသည် ဆရာ တပည့်များ ဖြစ်ကြသော်လည်း လေးနက်စွာ ချစ်ခဲ့ကြသည်။

အဲဒီလူက နံရံနောက်မှာ ဘာရှိလဲလို့ မေးခဲ့ဖူး၏။

ပြင်ပရှိ မကောင်းသော လွှမ်းမိုးမှုများမှ ခွဲထုတ်ရန် ကောင်းကင်အရှင်က မဟာတံတိုင်းကြီးကို ဆောက်လုပ်ခဲ့သည်။ ၎င်းက စိတ်ပျက်ဖွယ်ကုန်းစောင်း၏ တားမြစ်နယ်မြေ ဖြစ်ကြောင်း သူမ ပြောပြသည်။ သူ မြင်ချင်ခဲ့သည်။

သူမ သဘောမတူသင့်ပေမယ့် တားမြစ်နယ်မြေနဲ့ ပတ်သက်ပြီး သူမရဲ့စစ်မှန်တဲ့ သိချင်စိတ်ကို မခံနိုင်တာကြောင့် သူမကိုယ်သူမ ပိုင်သလိုပဲ သူ့နောက်ကို လိုက်သွားခဲ့၏။

ထိုယောက်ျားက သူမတပည့် ဖြစ်သည်။ သူ၏ ကျင့်ကြံမှုမှာ မမြင့်မားသော်လည်း သူ့အသိပညာသည် သူမအား အလွန်သဘောကျ​စေခဲ့သည်။ သူတို့နှစ်ယောက် မဟာတာအို တံတိုင်းကြီးဆီကို ရောက်သွားခဲ့စဥ်က သူမသည် အောက်ခြေတွင်ထိုင်ကာ အတွေးနက်နက်ဖြင့် သူ့ကိုကြည့်နေခဲ့၏။ ရုတ်တရက် သူက မထင်မှတ်ထားသော ကျင့်စဥ်ကို အသုံးပြုကာ ကောင်းကင်သျှင် တံတိုင်းကို ဖြတ်ကျော်သွားခဲ့သည်။ နှစ်ယောက်သား အေးအေးဆေးဆေး နံရံကိုဖြတ်ပြီး အပြင်ကို ရောက်သွားကြသည်။

"သူပြန်လာတာ ဖြစ်မယ် သူ နေထွန်းညှိဖို့ ပြန်လာတာ... ဒါပေမယ့် သူဘာလို့ ငါ့ကို လာမတွေ့တာလဲ"

မလှမ်းမကမ်းတွင်ရှိ ကျုံးဝူဝမ့်သည် ကြီးမားသော ယဇ်ပလ္လင်ကြီးပေါ်ကို ငေးကြည့်ရင်း ကောင်းကင်ကို မျှော်ကြည့်ကာ ရေရွတ်နေ၏။

"ဘုရင်ကျန်း ယဇ်ပူဇော်ခံရတာက ဒီနေရာမှာလား... ဒါဆို သူနဲ့အတူ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေလည်း ယဇ်ပူဇော်ခံရမှာ သေချာတယ်"

ကောင်းကင်ထက်မှ နတ်ဘုရားကို တစ်ချက် ကြည့်လိုက်သည်။

မွေးရာပါတာအိုသန္ဓေသားက ကောင်းတဲ့အရာလား ဒါမှမဟုတ် မကောင်းတဲ့ အရာလား။ ဒါမှမဟုတ် မွေးရာပါတာအို သန္ဓေသားလောင်းဟာ ကောင်းကင်ပြင်နတ်ဘုရားရဲ့ မျက်လုံးတွေကို ရှင်သန်စေမယ့်ကိရိယာတစ်ခုဖြစ်တဲ့ ထောင်ချောက်မျှသာလား။

"နတ်ဘုရားအစစ်ကို နှိုးဖို့ အရင်ဆုံး တာအို သန္ဓေသားလောင်းကို သုံးရမှာ မဟုတ်ဘူးလား.. ဘာလို့ မသုံးဘဲ နေကို ထွန်းညှိနိုင်တာလဲ"

သူ့မျက်လုံးတွေ ပြူးကျယ်သွားသည်။

"ငါတို့ လုံလောက်တဲ့ အစွမ်းထက် သတ္တဝါတွေကို ယဇ်ပူဇော်ရင် မွေးရာပါတာအိုသန္ဓေသားကို ယဇ်ပူဇော်ဖို့ မလိုဘူး... စွမ်းအားကြီးတဲ့ သတ္တဝါတွေ... ဒီကမ္ဘာပေါ်မှာ အများကြီး ရှိတယ်..."

ဤအခိုက်တွင် အမတခေါ့အသံက အဝေးမှ ထွက်ပေါ်လာ၏။

"ဝူဝမ့် မင်းလည်း ဒီတစ်ခေါက် ကောင်းကင်အရှင်ကို လိုက်တွေ့လှည့်!"

ကျုံးဝူဝမ့်သည် အမူအရာ မပြောင်းလဲသွားဘဲ လူနှစ်ယောက်နောက် လိုက်ရင်း တစ်ယောက်တည်း တွေးကြည့်နေသည်။

"ရှင်းဖို့ လိုသေးတယ်... ပြင်ပက နတ်ဘုရားက သက်ရှိသတ္တဝါလား သက်မဲ့ အရာလား အဲဒါက ရှေးဦး တာအိုသန္ဓေသားလောင်းကို ယဇ်ပူဇော်တာလား ဒါမှမဟုတ် ပြန်ယူသွားတာလား အရင်တုံးကရော တာအိုသန္ဓေသားကို ဘယ်နှစ်ခါ ပူဇော်ပြီးပြီလဲ"

သက်ရှိလောက၌။

ဖုန်းရော့ထုံသည် ကောင်းကင်လမ်းလျှောက်သူ ခုနစ်ယောက်ကို ဦးဆောင်ကာ နတ်မြို့တော်၏ ယဇ်ပုရောဟိတ်နှင့် သူ့အဖွဲ့ကို မဆုတ်မနစ် လိုက်လံသတ်ဖြတ်​နေခဲ့သည်။ နှစ်ဘက်စလုံးသည် တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ကြပြီး တစ်ဖက်နှင့်တစ်ဖက် အောင်ပွဲများနှင့် ရှုံးနိမ့်မှုများ ကြုံတွေ့နေရသည်။

စိတ်ပျက်ဖွယ်ကုန်းစောင်းကနေ ကောင်းကင်လမ်းလျှောက်သူ နှင့် ကောင်းကင်အမတများ ထပ်မံစေလွှတ်မည်ကို စိုးရိမ်နေသော ယဇ်ပုရောဟိတ်မင်းသည် စိတ်တိုသော်လည်း ဖုန်းရော့ထုံတို့အဖွဲ့ကို မတုန်မလှုပ် တွန်းလှန်နိုင်ခဲ့သည်။

"တာအိုဖုန်းက မျှော့တစ်ကောင်လို ငါတို့ကို အမြဲတမ်း လိုက်ကပ်နေတာပဲ!"

နှစ်ဘက်စလုံး အတိတ်မေ့မြစ်တွင် ထပ်မံတွေ့ဆုံခဲ့ကြ​ပြန်သည်။ ယဇ်ပုရောဟိတ်မင်းသည် ဒေါသတကြီး ရယ်မောကာ အေးစက်စွာ ဆိုလိုက်သည်။

(TN - မေ့လျော့ခြင်းမြစ်ကို အတိတ်မေ့မြစ်လို့ ပြောင်းပြန်လိုက်ပါတယ်)

“ငါသေတဲ့အထိ တိုက်​နေရမှာ မကြောက်ဘူးလား... ပြီးရင် ငါတို့နှစ်ယောက်လုံး သေလိမ့်မယ်”

ဖုန်းရော့ထုံကတော့ ယဇ်ပုရောဟိတ်မင်းနှင့် မတူဘဲ ထိတ်လန့်ပုံ မပေါ်ပါ။ အဲဒီအစား သူက စိတ်အေးလက်အေး ရယ်မောရင်း။

"မင်း သေတဲ့အထိ တိုက်ခိုက်ရဲရင် ငါ ​ပေလိုင်မြို့က လက်ဖက်ရည်ဆိုင် တိုက်ပွဲက လွတ်မြောက်ဖို့ အခွင့်မသာ​လောက်ဘူး... ငါ သေတဲ့အထိ တိုက်ပွဲဝင်​နေမှာကို မင်း စိုးရိမ်နေတာ....ငါ သေရင်တောင် မင်းကို ဆွဲထုတ်သွားမှာ ကြောက်နေတာ... အစ်ကိုရင်း... ငါတို့ သေတဲ့အထိ တိုက်မှာ မဟုတ်ဘူး"

သူက လှောင်ပြောင်တဲ့အမူအရာနဲ့ :"ပြီးခဲ့တဲ့ အကြိမ် ငါတို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲမှာ ငါတို့ နှစ်ယောက်လုံး ဒဏ်ရာ ပြင်းထန်ခဲ့တယ်... ဒဏ်ရာ ရပြီးတော့ စွမ်းအားတွေ ကျသွားတာကို မင်းသိလိုက်ရတယ် ဒါကြောင့် အဲဒီတုန်းကလို တိုက်ပွဲမျိုး မင်း ထပ်ပြီး ခွင့်မပြု​လောက်တော့ဘူး..."

ယဇ်ပုရောဟိတ်မင်းကလည်း မငြင်းဘဲ ဟစ်အော်လိုက်သည်။

“မင်း ငါတို့ကို သေတဲ့အထိ မောင်းထုတ်လိုက်တာနဲ့ ငါလည်း သေတဲ့အထိ တိုက်ပွဲဝင်မယ်”

ဖုန်းရော့ထုံ : "ငါ့ရဲ့ပစ်မှတ်က မင်း မဟုတ်ပါဘူး မင်း နောက်ကွယ်က နတ်ဆိုးမြို့တော်ရဲ့ နတ်ဆိုးဧကရာဇ်... အစ်ကိုရင်း နတ်ဆိုးဧကရာဇ်က ငါ့ရဲ့ရည်မှန်းချက်ပဲ... သူတစ်ယောက်တည်းကပဲ စိတ်ပျက်ဖွယ်ကုန်းစောင်း အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီး ဖြစ်နေတာ!"

နတ်မြို့တော် တည်ထောင်ပြီး မကြာမီတွင် နတ်ဆိုးနတ်ဘုရားသည် မရဏနိုင်ငံမှ နတ်ဆိုးများနှင့် ဘေးဥပဒ်များစွာကို စုဆောင်းခဲ့သည်။ ဒါက စိတ်ပျက်ဖွယ်ကုန်းစောင်းက ကောင်းကင်နားစွင့်သူ သူလျှိုများဆီမှ ရှာဖွေတွေ့ရှိခဲ့သည့် အချက်ဖြစ်သည်။

မြေအောက်ကမ္ဘာ၏ နတ်ဆိုးများသည် မြောက်မြားစွာရှိပြီး တစ်​ကောင်စီသည် ၎င်းတို့၏ တိုက်ပွဲ​ကြီးများကို ဆင်နွှဲနိုင်ကြသည်။ ဘေးဥပဒ်များမှာလည်း ဖရိုဖရဲဖြစ်ပြီး စည်းမဲ့ကမ်းမဲ့ ရှိကာ ၎င်းတို့၏ စွမ်းအားများသည် ရှုပ်ထွေးပြီး အရေးမပါလှပေ။ သို့တိုင် ဤကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများသည် လက်မှိုင်ချ​စေနိုင်သော စိတ်ပျက်ဖွယ်ကုန်းစောင်းကို လှုပ်ခတ်သွားစေသည့် အလွန်အရေးကြီးသော ကိစ္စဖြစ်သည့် နတ်မြို့တော်အဖြစ် ဖွဲ့စည်းကာ စည်းလုံးညီညွတ်ပြီး ခိုင်မာလာခဲ့သည်။

စိတ်ပျက်ဖွယ်ကုန်းစောင်းသည် နတ်မြို့တော်၏ နောက်ကွယ်မှ တပ်ဖွဲ့များကို စုံစမ်းရန် ဖုန်းရော့ထုံကို စေလွှတ်ခဲ့သည်။ ဖုန်းရော့ထုံသည် နတ်မြို့တော်၏ တပ်ဖွဲ့များနှင့် ရင်ဆိုင်ရပြီး ယဇ်ပုရောဟိတ်မင်းသည် ၎င်းတို့၏ဆုတ်ခွာမှုကို ဖုံးကွယ်ကာ ဖုန်းရော့ထုံကို တိုက်ခိုက်ခဲ့သည်။

နှစ်ယောက်လုံး အံ့ဩသွားကြသည်။

ယဇ်ပုရောဟိတ်မင်းမှာ ဖုန်းရော့ထုံ ခွန်အားကြောင့် ထိတ်လန့်သွားရသလို ဖုန်းရော့ထုံဘက်ကလည်း ယဇ်ပုရောဟိတ်မင်း၏ နောက်ကွယ်က နားမလည်နိုင်သော နတ်ဆိုးဧကရာဇ်ကြောင့် ထိတ်လန့်သွားသည်။

နှစ်ယောက်စလုံး အချင်းချင်း သတိထား​နေခဲ့ကြသည်။

ဖုန်းရော့ထုံ၏ ရည်ရွယ်ချက်မှာ ဤလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ်ကို ရှာဖွေဖို့ ဖြစ်သည်။ နတ်မိစ္ဆာဧကရာဇ်ကို ရှာတွေ့ပါက ကောင်းကင်အရှင်သည် ကြားဝင်ကာ နတ်ဆိုးဧကရာဇ်ကို နတ်မြို့တော်နှင့်အတူ ကြားဝင် ချေမှုန်းပစ်လိမ့်မည်။

"မင်း ဒဏ်ရာ ပြင်းထန်နေသရွေ့ နတ်ဆိုးဧကရာဇ်က မင်း သေတာကို စောင့်ကြည့်နေမယ်လို့ ငါ မယုံဘူး!"

ယဇ်ပုရောဟိတ်မင်းမှာတော့ ထိုစကားကို ကြားသောအခါ အလွန်အံ့ဩသွား၏။

နတ်ဆိုးဧကရာဇ်? မင်းတို့ တွေ့ပြီးပြီ မဟုတ်ဘူးလား။

ချန်ရှီသည် လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်သော နတ်ဆိုးဧကရာဇ်ပဲ ဖြစ်သည်။

သို့သော် ဖုန်းရော့ထုံက ထိုအချက်ကို ဘယ်လိုမှ မယုံကြည်ခဲ့ပေ။ ချန်ရှီ၏ ကျင့်​ကြံမှုမှာ မမြင့်မားချေ။ နတ်မြို့တော်တွင် အပြင်းထန်ဆုံးမှာ အနည်းဆုံး အရွယ်ရောက်ပြီးသော နတ်ဆိုးများသာဖြစ်ပြီး ဘေးဥပဒ်၏ အစွမ်းသည် တုနှိုင်းမရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်။ ထိုသတ္တဝါများသည် ချန်ရှီကို နတ်ဆိုးဧကရာဇ်အဖြစ် ဘယ်လိုလုပ် အသိအမှတ် ပြုနိုင်ပါ့မလဲ။

ကောင်းကင်နှင့်မြေကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားသောအခါတွင် နှစ်ဖက်စလုံးသည် နောက်ထပ် တိုက်ပွဲတစ်ခုနှင့် နီးကပ်လာခဲ့သည်။ ကမ္ဘာ၏ ထည်ဝါသော တောင်များနှင့် မြစ်များက ၎င်းတို့ကို အရပ်ရပ်မှ တွန်းလှန်တိုက်ခိုက်ပြီး မတည်မငြိမ်ဖြစ်စေသည်။

မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေသော လူအုပ်ကြီးသည် လေထဲသို့ ခုန်တက်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေကြသည်။ ထိုအခိုက် တောင်များ၊ မြစ်များ၊ ရွာများနှင့် မြို့များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်အား မြင်လိုက်ရ​လေ၏။

အဝေးက ကောင်းကင်နှင့်မြေကြီးကြားတွင် ခမ်းနားထည်ဝါသော ဘုံကျောင်းများ ပေါ်လာသည်။ တိမ်တိုက်များထဲသို့ တိုးဝင် ရောက်ရှိလာသည့် မြင့်မားသော ကမ္ဘာ့နေရောင် တဖြည်းဖြည်း နေရာယူလာစဥ် ၎င်းတို့ကို စောင့်ကြပ်နေသော နတ်ဘုရားများသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

"ယင်နဲ့ယန် ပြန်ကွဲကွာနေပြီ!"

တစ်ယောက်က တုန်လှုပ်ခြောက်ခြားစွာ အော်လိုက်သည်။

ဖုန်းရော့ထုံ၏ တခဏတာ ထိတ်လန့်မှုကို အခွင့်ကောင်းယူပြီး ယဇ်ပုရောဟိတ်မင်းသည် သူ၏ ရောင်ဝါသော့ခတ်မှုမှ ချက်ချင်း လွတ်မြောက်ပြီး သူ့နောက်လိုက်များနှင့် အမြန်ပြန်ဆုတ်သွားခဲ့သည်။

ဖုန်းရော့ထုံသည် ကောင်းကင်လမ်းလျှောက်သူ ခုနစ်ယောက်ကို ခေါ်ကာ အလျင်အမြန် လိုက်ရှာခဲ့သော်လည်း ရုတ်တရက် ၎င်းတို့၏ အမြင်အာရုံများ မှုန်ဝါးသွားပြီး မြေကြီးနှင့် တောင်များနှင့်အတူ မရဏကမ္ဘာမှ အလိုအလျောက် မျောပါသွားခဲ့သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူတို့ကမ္ဘာမှာ အဝေးကတောင်တွေ လျင်မြန်စွာ ပေါ်ထွက်နေပြီး သရဲတစ္ဆေတွေနဲ့ တစ္ဆေနတ်ဘုရားတွေ ပျောက်ကွယ်သွားချေပြီ။ ဒါ့အပြင် ကမ္ဘာကြီးက ပြန်လည် တည်ဆောက်နေတာအား မြင်လိုက်ရလေသည်။

ရုတ်တရက် ကောင်းကင်မှာ တောက်ပတဲ့ အလင်းရောင်တစ်ခု ပေါ်လာ၏။

ဖုန်းရော့ထုံ မော့ကြည့်လိုက်တော့ ကောင်းကင်နတ်ဘုရားက သူ့ရဲ့ကျဉ်းမြောင်းတဲ့ မျက်ခွံတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။ မျက်ဝန်းထဲ၌ မီးတောက်တွေ တောက်လောင်နေပြီး နေရောင်က ကမ္ဘာမြေကြီးပေါ် ဖြာကျလာနေတာ တွေ့လိုက်ရသည်။

​နေ​ရောင်​ ​နောက်​တစ်​​ခေါက် ပေါ်ထွက်လာပြီ။

ဖုန်းရော့ထုံမှာတော့ အံ့သြမှုနှင့် သံသယများဖြင့် ပြည့်နှက်နေသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အထက်ကမ္ဘာက နေနဲ့ လပေါင်း ထောင်ပေါင်းများစွာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီပဲ ဖြစ်သည်။

"ကောင်းကင်ကိုးပါးမြေဆယ်ထပ် ဖူထျန်းတကျောက်ကို ဘယ်သူ အသက်သွင်းလိုက်တာလဲ... နတ်ဆိုးမြို့တော်ရဲ့ နတ်ဆိုးဧကရာဇ်ကို ရှာတွေ့ပြီး အရှင်မဟုတ်ထူရဲ့ ကိုယ်ပွားနဲ့ ဟွာရှရှန်ကျိုးက နတ်ဘုရားတွေကို ဖယ်ရှားပြီးမှ နတ်ဘုရား နိုးလာလိမ့်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

"ကောင်းကင်အရှင်က မဟာကရုဏာကြောင့် သတ္တဝါတွေရဲ့ ဆင်းရဲဒုက္ခတွေကို လွတ်မြောက်စေဖို့ နတ်ဘုရားကို နှိုးလိုက်တာများလား"

အနောက်နွားရှင်းကျိုး၏ ပြည်နယ်ငါးဆယ်တွင် နေနှင့်လများ ထောင်ပေါင်းများစွာ ပျောက်ကွယ်သွားသည်နှင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ အစွန်းတွင် ရုန်းကန်နေရသော လူများသည် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရသည်။ ချန်ယန်တောင်ပေါ်က ယန်ရှန့်ကျစ်သည် ကောင်းကင်ကို မော့ကြည့်ရင်း သူ့မျက်နှာမှာ ပြာနေ၏။ သူ့မယားငယ်က သားငယ်ကို ထိန်းကာ ကြောက်စိတ်ဖြင့် တိုးတိုးလေး ငိုနေသည်။

ထိုစဥ် ရုတ်တရက် လူတစ်ယောက်က ကောင်းကင်ကို မျှော်ကြည့်ကာ အော်လိုက်သည်။

"ကြည့်စမ်း... အဲဒါ ဘာလဲ"

မီးတောင်ကြီး ကောင်းကင်တစ်ခွင် ဖြတ်သန်း စီးဆင်းသွားသည်။ ကောင်းကင်ဘုံမှ နတ်ဘုရားသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီမလို့ ချန်ယန်တောင်ပတ်လည်ရှိ တောင်ပေါင်းတစ်သောင်းသည် လျင်မြန်စွာ ဆုတ်ယုတ်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ၎င်းတို့ကြားရှိ အကွာအဝေးသည် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပိတ်သွားသည်။

နေမင်းကြီးသည် ရှည်လျား ကျဉ်းမြောင်းသော ရောင်ခြည်တန်းမှ စက်ဝိုင်းအပြည့်သို့ အသွင်ပြောင်းပေးနေကာ ထိုအလင်းရောင်ကြောင့် ယင်နှင့် ယန်တို့၏ နယ်ပယ်များလည်း လုံးဝ ကွဲထွက်သွားသည်။

လူတွေအားလုံး သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ လှည့်ပတ်ကြည့်ရှုကြပြီး အချင်းချင်း ပွေ့ဖက်ကာ ပြေးလွှား အားပေးနေကြ၏။ ကောင်းကင်က နတ်ဘုရား ဘာကြောင့် အသက်ပြန်ရှင်လာတယ် ဆိုတာ သူတို့မသိပေမယ့် ဒီမြင်ကွင်းက နောက်ဆုံးတော့ ကပ်ဘေးကြီး ပြီးသွားမှန်းတော့ နားလည်ကြပါသေးသည်။

နောက်ဆုံးတော့ နေ့ကောင်းနေ့မြတ်တွေ ရောက်လာပြီ။

ယန်ရှန့်ကျစ်လည်း ဝမ်းသာအားရ ငိုကြွေးကာ မယားငယ်နှင့် သားထွေးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

"ယင်းယန်နယ်ပယ်က ကွဲကွာသွားပြီ... အပျက်သဘောဆောင်တဲ့ ဘေးဆိုးကြီး ပြီးသွားပြီ... ငါ မဟာဝန်ကြီးချုပ် ဆက်လုပ်ဖို့ ရှီးကျင်းကို ပြန်သွားနိုင်ပြီ!"

"မိသားစုကြီးဆယ့်သုံးစုက ဆုံးရှုံးမှုကြီးတွေ ခံခဲ့ရလည်း မပျက်စီးသွားဘူး"

သူ့စိတ်နှလုံးမှာ ရင်တထိတ်ထိတ်ဖြင့် တုန်လှုပ်နေခဲ့သည်။

All Chapters