သူက အခုမှ ကလေးပဲ ရှိသေးတာ
Vol. 27 Ch. 404
အခန်း (၄၀၄) : သူက အခုမှ ကလေးပဲ ရှိသေးတာ
ကောင်းကင်တွင် ရှန်ထျန်း မတ်တပ်ရပ်နေသည့်ပုံစံက သူရဲကောင်းဆန်လှသည်။
ရှုပ်ထွေးပွေလီ ပဒုမ္မာကြာ ပုံရိပ်သဏ္ဌာန်ပင် ပိုမိုတောက်ပလာကာ ကောင်းကင်ကို ဖုံးလွှမ်းသွားကာ တာအိုသင်္ကေတများကို ဖြစ်ပေါ်သွားစေသည်။
အဆုံးမဲ့ ကြီးကျယ်သော အံ့ဖွယ်အလင်းတန်းက ရှုပ်ထွေးပွေလီ ပဒုမ္မာကြာပန်းကို ဖုံးလွှမ်းသွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို ကျဆင်းသွားစေပြီး သင်္ကေတများ အစီအစဉ်မကျဖြစ်ကာ ဤကမ္ဘာပေါ်တွင် ကမောက်ကမဖြစ်မှုကို ပြန်လည်ထွက်ပေါ်လာစေချင်သည်။
“ ဒီကောင်လေးက တကယ်ကို အသွင်ပြောင်းနေတာပဲ”
ပဒုမ္မာကြာ နတ်ဧကရာဇ်က အံ့ဩမှင်သက်သွားသည်။ ရှေးခေတ်အခါက တားမြစ်ပုံရိပ်သဏ္ဌာန်က လူတစ်ယောက်၏နောက်တွင် ပေါ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ရှုပ်ထွေးပွေလီ ပဒုမ္မာကြာပဲ
အဲလိုမျိုး ပုံရိပ်သဏ္ဌာန်က ရှေးပဝေဏီမှာတောင် ဒဏ္ဍာရီသက်သက်ပဲလေ
ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်း ဆေးလုံးကို အပြည့်အဝ စုပ်ယူပြီးသွားပါက ဘာတွေဖြစ်လာမလဲဆိုတာကို သိချင်နေသည်။
ယခုလက်ရှိတွင် ရှန်ထျန်းက အာရုံစိုက်ခံထားရသည့်အတွက် ငြိမ်သက်နေမိသည်။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးက သူ၏ အုတ်မြစ်ကို ခိုင်မာအောင် လုပ်မပေးသလို သူ၏ အရည်အချင်းကိုလည်း မတိုးတက်စေသည့်အတွက် စွမ်းအားကြီးသော အကျိုးသက်ရောက်မှုများက သူ၏ ကျင့်ကြံဆင့်ကို အဆက်မပြတ် မြှင့်တင်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့ကို ထူးခြားသော အသွင်ပြောင်းလဲမှု ဖြစ်သွားအောင် လုပ်ဆောင်ပေးလိုက်သည်။
ယခုလက်ရှိတွင် သူ၏ ကျင့်ကြံဆင့်က ရွှေအမြုတေအဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိသွားကာ ဒီထက်ပိုပြီး တိုးမြှင့်လို့ မရကြောင်း ခံစားနေရသည်။
သူသာ နောက်ထပ် ကြိုးစားလိုက်ပါက ကနဦးဝိညာဉ်အဆင့်သို့ပင် ရောက်ရှိသွားနိုင်သည်။
ရှန်ထျန်း၏ ခေါင်းပေါ်ရှိ တောက်ပသော ရွှေအမြုတေကလည်း စက္ကန့်ပိုင်းအတွင်း ပိုမိုကြီးမားလာသည်။ အချင်းအားဖြင့် ဆယ်ပေရှိပြီး ဘေးဖက်ရှိ ပဒုမ္မာကြာ နတ်ဧကရာဇ်နှင့် မင်းသမီးလင်းလုံကို ကြောင်အသွားစေသည်။
တခြားသူများ၏ ရွှေအမြုတေများက နှင်းသီး အရွယ်အစားလောက်သာ ရှိသော်လည်း ရှန်ထျန်း၏ ရွှေအမြုတေ အရွယ်အစားက နဂါးဥကိုပင် နှိုင်းယှဉ်လို့ရသည်။
“ အစ်ကိုရှန်၏ အမြုတေက တကယ်ကို ကြီးတာပဲ”
မင်းသမီးလင်းလုံက အံ့ဩမှုကြောင့် မေးရိုးပြုတ်ကျမတတ် ဖြစ်သွားသည်။
သူမက နတ်ဘုရားတိုင်းပြည်က ဖြစ်သော်လည်း ဒီလောက်ထိ ကြီးမားသော ရွှေအမြုတေကို မမြင်ဖူးသေးပေ။
ရွှေအမြုတေကို စားလိုက်ရင် အခုငါက ငါ့ကံကြမ္မာရဲ့ အရှင်သခင် ဖြစ်လာမှာလား။ ဘယ်သူက ဒီလောက်ထိ ကြီးမားတဲ့ ရွှေအမြုတေကို စားနိုင်မှာလဲ
အစ်ကိုရှန်ကတော့ ထင်ထားတဲ့အတိုင်းပဲ
ဒါက သန္ဓေပြောင်း ရွှေအမြုတေပဲ
ပဒုမ္မာကြာ နတ်ဧကရာဇ်က ကမ္ဘာဦးခေတ်၏ နတ်ဧကရာဇ်တစ်ပါး ဖြစ်သည့်အတွက် သန္ဓေပြောင်း ရွှေအမြုတေများရှိသော ပါရမီရှင်များကို မြင်ဖူးထားသည့်အတွက် သိပ်ပြီးတော့ မအံ့ဩပေ။
ရှုပ်ထွေးပွေလီ ရွှေအမြုတေက ထူးခြားသည်။ အနည်းဆုံးတော့ ပဒုမ္မာကြာ နတ်ဧကရာဇ်က ဒုတိယတစ်ခုကို မမြင်ခဲ့ဖူးပေ။
ထို ရှုပ်ထွေးပွေလီ ရွှေအမြုတေက ပိုမိုလင်းလက်တောက်ပသွားကာ ရှန်ထျန်း၏ သည်းခြေအိတ်ထဲသို့ ဝင်သွားသည်။
ထိုနေရာက ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ရှိသောနေရာဖြစ်ပြီး ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာဟုပင် ခေါ်ဆိုနိုင်သည်။
ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက ကျင့်ကြံသူ၏ ကနဦးဝိညာဉ် တည်ရှိသောနေရာ ဖြစ်၏။
ရွှေအမြုတေ ကျင့်ကြံသူများ ကနဦးဝိညာဉ်အဆင့်သို့ မရောက်ခင် သူတို့၏ ရွှေအမြုတေက ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲသို့ အသွင်ပြောင်းဖို့အတွက် ဝင်ရောက်သွားကာ ကနဦးဝိညာဉ်အဖြစ် စတင်ပြောင်းလဲသည်။
စွမ်းအားကြီးသော ခရမ်းရောင် အရှိန်အဝါက ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာမှ ထိုးထွက်လာပြီး အဆုံးမဲ့ဝိညာဉ်စွမ်းအင်ကို အာကာပြင်ကို ကျယ်ပြန့်အောင် လုပ်ပေးသည့် အဆုံးမဲ့ သမုဒ္ဒရာအဖြစ်သို့ ပြောင်းလဲလိုက်သည်။
ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအားက အားကောင်းလေလေ ကျင့်ကြံသူ၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက ပိုပြီးတော့ ကြီးမားလေလေ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှုပ်ထွေးပွေလီ အငွေ့အသက်က ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲတွင် စတင်ဖြစ်တည်လာသည်။
ထိုအရာမှ ထုတ်လွှတ်သော အလင်းတန်းက မှေးမှိန်နေပြီး ရှန်ထျန်း၏ အနား လည်ပတ်နေသည်။ ထိုအရာက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ စွမ်းအားဖြစ်သည်။ ပါဝင်သော စွမ်းအားက ရှန်ထျန်း၏ ခြေလက်များ၊ အရိုးများ၊ ကိုယ်တွင်းအင်္ဂါများနှင့် စွမ်းအင်ဗဟိုချက်ထဲသို့ ဝင်ရောက်သွားသည်။
ထိုဆေးလုံး၏ ပြင်းထန်သောစွမ်းအားက ရွေ့လျားလာကာ ကြီးမားသော အဟုန်နှင့် ပေါင်းစပ်သွားသည်။
ခရမ်းစံအိမ် တစ်ခုလုံးက စွမ်းအားကြီးသော သက်ဝင်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
အဆင့်၁၂ ပဒုမ္မာကြာပန်းက ရှုပ်ထွေးပွေလီ အငွေ့အသက်ထဲတွင် ပွင့်လန်းလာပြီး နေရာကို သိမ်းပိုက်ထားကာ တောက်ပသောအလင်းတန်းကို ထုတ်လွှတ်နေသည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်က ဆက်တိုက် ခရမ်းစံအိမ်ကို ဖန်တီးနေသည့်အတွက် အဆုံးမဲ့ပုံပေါ်သည်။ ကြာရွက်များက ကောင်းကင်နှင့် ကမ္ဘာမြေကို ဆက်နွယ်ပေးသလိုမျိုး လင်းလက်စွာ တောက်ပနေသည်။
အဆုံးမဲ့စည်းမျဉ်းများက ကောင်းကင်မှ ကျလာကာ စကြဝဠာမှ နဂါးငွေ့တန်း ပြုတ်ကျလာသလိုမျိုး တောက်ပသော အလင်းတန်းကို ထုတ်လွှတ်ကာ အဆင့် ၁၂ ပဒုမ္မာကြာပန်းကို လုံးဝ ဖုံးလွှမ်းထားသည်။
အလုံးစုံ စည်းမျဉ်းက ရှုပ်ထွေးသည်။
အဆင့်၁၂ ရှုပ်ထွေးပွေလီ ကြာပန်းက ရှုပ်ထွေးပွေလီ အငွေ့အသက်၏ အားဖြည့်မှုအောက်တွင် စည်းမျဉ်း၊ ကောင်းကင်တာအိုနှင့်မြေကြီးတို့ဖြင့် ဆက်နွယ်နေသည်။
အဆုံးမဲ့စည်းမျဉ်းက ဖြည့်စွက်ပေးနေသည့်အတွက် ကြာရွက်များက တစ်ရွက်ချင်း ထွက်ပေါ်လာကာ ခမ်းနားသော အရှိန်အဝါကို လွှတ်ထုတ်နေသည်။
အဆင့် ၁၂
အဆင့် ၁၈
အဆင့် ၂၄
အဆင့် ၃၆
အဆင့် ၃၆ ရှုပ်ထွေးပွေလီ ပဒုမ္မာကြာရွက်များက ခရမ်းစံအိမ်တစ်ခုလုံးကို ကာထားကြသည်။
ထိုမျက်စိကျိန်းလောက်အောင် တောက်ပသော အရွက်များက အပြည့်အဝ ပွင့်လန်းလာပြီး မတူညီသော နယ်မြေများသို့ ခွဲထွက်သွားကာ အဆုံးမဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ဆွဲဆောင်နေသည်။ ထိုအရာက ကြီးကျယ်သော မြင်ကွင်းတစ်ခု ဖြစ်သည်။
ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက ရှုပ်ထွေးပွေလီ အငွေ့အသက်၏ လွှမ်းခြုံခြင်းကို ခံထားရသည်။ စကြဝဠာအသစ်တစ်ခုကို စတင်လိုက်သလိုမျိုး နေရာလွတ်မကျန် သိပ်သည်းသော မြူခိုးများဖြင့် ပြည့်နှက်နေသည်။
အဆင့်မြင့် ပါရမီရှင်များသာ ထိုကဲ့သို့သော မြင်ကွင်းကို မြင်လိုက်ရပါက သူတို့ သေချာပေါက် အံ့ဩမှင်သက်သွားမည်ဖြစ်သည်။
အဆင့် ၁၂ ရှုပ်ထွေးပွေလီ ပဒုမ္မာကြာက တားမြစ်ထားသော ပစ္စည်းဖြစ်ပါက အဆင့် ၃၆ ရှုပ်ထွေးပွေလီ ပဒုမ္မာကြာက ဖန်တီးခြင်းအဆင့်တွင် တည်ရှိသည်။
ကနဦးဝိညာဉ်အဆင့်ကို ရောက်ခါနီး ငယ်ရွယ်တဲ့ ကျင့်ကြံသူလေးဆီမှာ ဒီလိုမျိုး ထူးခြားတဲ့အရာကို ရသွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ
ဒါက လုံးဝ မယုံကြည်နိုင်စရာပဲ
ရှုပ်ထွေးပွေလီ အငွေ့အသက်၏ အားအင်ဖြည့်တင်းပေးမှုကြောင့် ရှန်ထျန်း၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။
ရွှေရောင်ဝိညာဉ် ပင်လယ်က ကုန်းမြေအဖြစ်သို့ ပြောင်းလဲသွားကာ ရှုပ်ထွေးပွေလီ အငွေ့အသက်က ပြင်းထန်းစွာ လှုပ်ရှားနေသည်။ ကောင်းကင်က အရာအားလုံးကို ကမောက်ကမဖြစ်အောင် လုပ်သည့် အမှောင်ထုဖြင့် ဖုံးအုပ်သွားသည်။
ထိုပြင်းထန်သောခွန်အားက ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာတစ်လျှောက် ပျံ့နှံ့သွားသည်။
တောက်ပသော ထူးခြားမီးတောက်က ပြင်းထန်သော လှိုင်းလုံးကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားကာ အာကာပြင်ကို ဗလာနတ္ထိဖြစ်အောင် လောင်ကျွမ်းလိုက်သည်။
ပြင်းထန်သောလေက တစ်နေရာလုံးကို ဖြတ်တိုက်သွားကာ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ပိုပြီးတော့ ပြင်းထန်သွားစေသည်။
တုန်ခါမှုကြောင့် မြေကြီးက ပြိုကွဲလာကာ မရေတွက်နိုင်သော အပေါက်များဖြစ်ပြီး လုံးဝ ပြိုလဲတော့မလို ဖြစ်နေသည်။
ကောင်းကင်တွင် ထိတ်လန့်စရာကောင်းသော ကပ်ဘေးများ၊ မိုးကြိုးတိမ်တိုက်များ စုဝေးလာကာ ကောင်းကင်တာအိုက နေရာတစ်ခုလုံးကို ဖျက်စီးတော့မလိုမျိုး ကမောက်ကမ ဖြစ်လာသည်။
အဲဒါတင်မကသေးပဲ ရှန်ထျန်း၏ ရှုပ်ထွေးပွေလီ ရွှေအမြုတေကလည်း အသွင်ပြောင်းလာပြန်သည်။
ရှုပ်ထွေးပွေလီ ရွှေအမြုတေက အဆင့် ၃၆ ရှုပ်ထွေးပွေလီ ပဒုမ္မာကြာ၏ နှလုံးသားပေါ်တွင် ဖြည်းဖြည်းချင်း ရစ်ဝဲနေသည်။
အဆင့် ၃၆ ရှုပ်ထွေးပွေလီ ပဒုမ္မာကြာဆီမှ ထွက်ပေါ်လာသော သိပ်သည်းသည့် ရှုပ်ထွေးပွေလီ အငွေ့အသက်ကလည်း ဆက်လက်မြှင့်တက်နေကာ ရှုပ်ထွေးပွေလီ ရွှေအမြုတေကို လုံးဝ လွှမ်းခြုံထားသည်။ လွှတ်ထုတ်နေသော အလင်းတန်းကလည်း အရမ်းကို လင်းလက်တောက်ပနေသည်။
ရှုပ်ထွေးပွေလီ ရွှေအမြုတေက ရှုပ်ထွေးပွေလီ အငွေ့အသက်ကို တွေဝေခြင်းမရှိ စုပ်ယူနေပြီး အာကာပြင်တွင် ရွှေရောင်အလင်းတန်းနှင့် မိုးကြိုးတို့ဖြင့် ပြည့်နှက်နေသည်။
ဝုန်း…
ရှန်ထျန်း၏ ခရမ်းစံအိမ်က ပြင်းထန်စွာ လှုပ်ရှားနေကာ ကြီးမားသော ပြောင်းလဲမှုကို ဖြစ်ပေါ်သွားစေသည်။
ရှုပ်ထွေးပွေလီ ရွှေအမြုတေက အင်မတန် လင်းလက်သော အလင်းတန်းကို ထုတ်လွှတ်ကာ ရှုပ်ထွေးပွေလီ အငွေ့အသက်က အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်၏ အားဖြည့်မှုကြောင့် သူ၏ ရှုပ်ထွေးပွေလီ ရွှေအမြုတေက ပြောင်းလဲနေကာ ဆက်လက်ကြီးထွားနေသည်။
ဆယ်ပေ
ပေနှစ်ဆယ်
ပေသုံးဆယ်
ပေရှစ်ဆယ်
ပေ ၃၃၀
အချင်း ပေ ၃၃၀ ရှိသော ရှုပ်ထွေးပွေလီ ရွှေအမြုတေက ရှုပ်ထွေးပွေလီ အာကာပြင်၏ အလယ်ခေါင်တည့်တည့်တွင် တည်ရှိနေသည်။
ထိုအရာက ရှုပ်ထွေးပွေလီ အငွေ့အသက်၏ ဝန်းရံမှုကို ခံထားရပြီး ကြောက်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။
ရှန်ထျန်းက သူ့ရှေ့ရှိ ရှုပ်ထွေးပွေလီ ရွှေအမြုတေကို မြင်လိုက်သည့်အခါ မထိန်းချုပ်နိုင်စွာဖြင့် နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
ဒါက ငါ့ရဲ့ ရှုပ်ထွေးပွေလီ ရွှေအမြုတေလား
အဲဒါက ဘာလို့ ဒိုင်နိုဆောဥနဲ့ တူနေရတာလဲ
မဟုတ်သေးဘူး…ဒီလောက်ထိ ကြီးတဲ့ ဥကြီးရှိနေတာ ဖြစ်နိုင်လို့လား
ဒိုင်နိုဆောဥလို့ မပြောနဲ့ဦး နဂါးအစစ်ရဲ့ ဥကတောင် ဒီလောက်ထိ ကြီးမှာမဟုတ်ဘူး
သို့သော် ရှန်ထျန်း စိုးရိမ်ပူပန်ခြင်းမရှိဘဲ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသည်။
ရွှေအမြုတေဆီမှ အသက်အဆီအနှစ်ကို စုပ်ယူပြီးသည်နှင့် တစ်ပြိုင်နက် ရွှေအမြုတေဆီမှ ကနဦးဝိညာဉ် မွေးဖွားလာသည်။
အရှင်းလင်းဆုံး ပြောရလျှင် ကျင့်ကြံသူ၏ ရွှေအမြုတေက သန်မာလေလေ ဖြစ်ပေါ်လာသော ကနဦးဝိညာဉ်က စွမ်းအားကြီးလေလေဖြစ်သည်။
ပေပေါင်း ၃၃၀ နီးပါးအမြင့်ရှိသော ရှုပ်ထွေးပွေလီ ရွှေအမြုတေကို စိုက်ကြည့်ပြီး ရှန်ထျန်း ပြုံးလိုက်မိသည်။
အဲလိုမျိုး ကြီးမားတဲ့ ရွှေအမြုတေဆီက ရလာတဲ့ ကနဦးဝိညာဉ်က သေချာပေါက် ပြိုင်ဘက်ကင်းမှာပဲ
စောင့်မျှော်နေပြီ
“ ရွှေအမြုတေကို ကွဲအက်အောင် လုပ်ပြီးတော့ ကနဦးဝိညာဉ်ကို ဖန်တီးမယ်”
ရှန်ထျန်းက ဆေးလုံး၏ စွမ်းအားကို ရှုပ်ထွေးပွေလီ ရွှေအမြုတေဆီသို့ လမ်းပြပြီး အော်ပြောလိုက်သည်။
ဆေးလုံး၏ အဆုံးမဲ့စွမ်းအားကြောင့် ရွှေအမြုတေကို ကွဲအက်အောင်လုပ်ကာ ကနဦးဝိညာဉ်ကို ဖန်တီးခြင်းက အရမ်းလွယ်ကူသော ကိစ္စတစ်ခု ဖြစ်နေပြီဖြစ်သည်။
ရှန်ထျန်း၏ ရွှေအမြုတေက အရမ်း…ကြီး…လွန်း…တယ်
ဟုတ်တယ် အရမ်းကိုကြီးတယ်
ဆေးလုံး၏ အဆုံးမဲ့စွမ်းအားက ရှည်လျားသော ရှုပ်ထွေးပွေလီ အငွေ့အသက်စွမ်းအားကို စုစည်းကာ ရွှေရောင်ဥထဲသို့ ဝင်သွားသည်။
ထိုအချိန်တွင် ရွှေရောင်ဥက လင်းလက်စွာ တောက်ပနေသည်။ ခဲရောင် ရှုပ်ထွေးပွေလီ အငွေ့အသက်နှင့် ရောနှောနေသော ခမ်းနားကြီးကျယ်သည့် မြင်ကွင်းက ထိုအရာဆီမှ ထင်ဟပ်နေသည်။
မြင့်တက်လာသော ရွှေရောင်နေမင်းက အမှောင်ထုကို ဖြိုခွင်းချင်သလိုမျိုး အဆုံးမဲ့ ရှုပ်ထွေးပွေလီ အာကာပြင်ထဲတွင် တောက်ပနေသည်။
ဝုန်း…
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ထို ကြီးမားသော ရွှေအမြုတေက ကွဲအက်သွားကာ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ ထို့နောက် တောက်ပသော ကနဦးဝိညာဉ် မွေးဖွားလာသည်။
ကနဦးဝိညာဉ်၏ ခန္ဓာကိုယ်တစ်ခုလုံးက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကာ အလင်းဖောက်ဝင်နိုင်သည်။ ချောမွေ့ရှင်းသန့်သော အသားအရည်မျိုးရှိပြီး လုံးဝ ကိုယ်လုံးတီးဖြစ်နေကာ ရှန်ထျန်းနှင့် ဆင်တူသည်။
အနည်းသာ ကြီးမနေဘူးဆိုရင် တချို့သူတွေက ရှန်ထျန်းရဲ့ ကလေးလို့တောင် ထင်ကြလိမ့်မယ်
အင်း နည်းနည်းတော့…ကြီးနေတယ်
ကဲပါ…နည်းနည်းလေးပဲ ကြီးနေတာ မဟုတ်ဘူး
အရမ်း အရမ်းကို ကြီးတယ်
ရှုပ်ထွေးပွေလီ ရွှေအမြုတေလောက်ကို ကြီးတယ်
ပေ ၃၃၀ မြင့်သော ဧရာမ ကနဦးဝိညာဉ်က ခရမ်းစံအိမ်၏ အလယ်ခေါင်တွင် ထိုင်နေသည်။ တခြားသူများပေါ်သို့ တက်ထိုင်ပြီး ခြေမွဖျက်စီးနိုင်သည့် ခံစားချက်မျိုးကို ပေးစွမ်းသည့်အတွက် တခြားသူများကို အံ့ဩမှင်သက်သွားစေသည်။
ရှန်ထျန်းက ထိုမြင်ကွင်းကိုကြည့်ပြီး နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
တခြားသူတွေက ရွှေအမြုတေကို ကွဲအက်အောင် လုပ်ပြီးတော့ ဝိညာဉ်အသစ် ဖန်တီးပေမဲ့လည်း ဒီဧရာမဝိညာဉ်ကြီးက ငါ့ဆီကနေ ထွက်လာတာတဲ့လား
ဒီထက်ပိုပြီးတော့ အရေးကြီးတာက ငါက ငါ့ကနဦးဝိညာဉ်ရဲ့ နှာခေါင်းလောက်တောင် အရပ်မရှည်ဘူးတဲ့။ ဒါက ဖြစ်နိုင်လို့လား
မယုံကြည်နိုင်စရာပဲ
သူက ကနဦးဝိညာဉ်၏ ခန္ဓာကိုယ်အပေါ်ပိုင်း ဖြစ်သည့် ဦးခေါင်း၊ လက်များ၊ ဗိုက်တို့ကို ခြုံကြည့်ပြီးနောက် အောက်ပိုင်းသို့ ရောက်ရှိသွားသည်။ ရှန်ထျန်း၏ အကြည့်က ကနဦးဝိညာဉ်၏ ပေါင်ကြားထဲသို့ ရောက်ရှိသွားသောအခါ…
ရှန်ထျန်း တိတ်ဆိတ်သွားသည်။
အမလေး
နတ်ဘုရား …ဘာလို့ မမျှတရတာလဲ
သူက အခုမှ ကလေးပဲ ရှိသေးတာလေ
ငါ ဘယ်လိုမျိုး ထူးဆန်းတဲ့ ကနဦးဝိညာဉ်ကို ဖန်တီးမိသွားရတာလဲ
ရှန်ထျန်းက ကိုယ့်ကိုယ်ကို သံသယဝင်နေစဉ် သူ၏ ရှုပ်ထွေးပွေလီ မီးစာကျမ်းစွမ်းအားက သူ့ဘာသာသူ လည်ပတ်နေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်၏ လွှမ်းမိုးမှုအောက်တွင် ထူးခြားအံ့ဖွယ်ပစ္စည်း ဆယ်ခုကျော်၏ စွမ်းအားက စတင်လည်ပတ်နေသည်။ သူတို့က ရှုပ်ထွေးပွေလီ မီးစာကျမ်းနှင့် ပေါင်းစပ်ကာ ကျက်သရေရှိပြီး ရောင်စုံသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။
ဓာတ်ငါးပါးက လာရောက်ပေါင်းစပ်ကာ ရှုပ်ထွေးပွေလီ အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ ကနဦးဝိညာဉ်ကို ဖုံးလွှမ်းသွားသည်။
“ ဘာတွေဖြစ်ကုန်တာလဲ။ ဒီလိုမျိုး မဖြစ်သင့်ဘူးလေ။ ဒါက ငါ့ရဲ့ ကနဦးဝိညာဉ်လေ ဘာလို့ မီးစာကျမ်းရဲ့ စွမ်းအားတွေကို အသုံးပြုနေရတာလဲ”
ရှန်ထျန်း အံ့ဩမှင်သက်သွားမိသည်။ ရှုပ်ထွေးပွေလီ မီးစာကျမ်းက ကိုယ်ထည်မာ ပညာရပ်တစ်ခု ဖြစ်သည်။
ကနဦးဝိညာဉ်က ချီသန့်စင်ခြင်းစနစ်ကို ပိုင်ဆိုင်ထားပြီး ကျင့်ကြံသူ၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲတွင် တည်ရှိသည်။
ထို့ကြောင့် ထိုအရာနှစ်ခုက နေ့နှင့်ညလိုမျိုး ကွာခြားသည့်အတွက် နှစ်ခုကြားတွင် ဘာဆက်နွယ်မှုမှ မရှိသင့်ပေ။
သို့သော် ရှန်ထျန်း၏ ဧရာမ ကနဦးဝိညာဉ်က ထူးခြားအံ့ဖွယ်ပစ္စည်းများ၏ စွမ်းအားကို အသုံးပြုကာ သူတို့နှင့်ပင် ဆက်နွယ်လိုက်သေးသည်။
ထိုအရာက ကို့ရိုးကားရားနိုင်လှပြီး ယုံကြည်နိုင်စရာ မကောင်းလှပေ။
အဲလို မဟုတ်သေးဘူး
တောက်ပသော သွေးကြောဆုံမှတ်များက ကနဦးဝိညာဉ်ပေါ်တွင် တောက်ပသော ကြယ်များကဲ့သို့ ပေါ်ထွက်လာသည်။
ထိုအရာက သွေးကြောဆုံမှတ်များ၏ နိဗာနနယ်ပယ်အဆင့် စွမ်းအားဖြစ်ပြီး ထူးခြားအံ့ဖွယ် စွမ်းအားဟု လူသိများသည်။
နိဗာနကျင့်ကြံသူများက သူတို့၏ သွေးကြောဆုံမှတ်များကို များပြားသော စွမ်းအင်ပမာဏဖြင့် ပြည့်နှက်နေသည့် အံ့ဖွယ်သွေးကြော ဆုံမှတ်များအဖြစ်သို့ ပြောင်းလဲကာ သူတို့၏ ဖုံးကွယ်ထားသော အလားအလာရှိမှုကို ထုတ်ဖော်ပြီး ထူးခြားသော အဆင့်သို့ ရောက်ရှိသွားကြသည်။
ထိုအချိန်တွင် ထို အံ့ဖွယ်သွေးကြော ဆုံမှတ်များကို ဖန်တီးဖို့အတွက် များပြားသော စွမ်းအင်ပမာဏကို အသုံးပြုဖို့ လိုအပ်သည်။ အံ့ဖွယ်သွေးကြော ဆုံမှတ်တစ်ခုစီကို ဖန်တီးဖို့အတွက် လိုအပ်သော စွမ်းအင် ပမာဏက ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ချီအားလုံးနှင့် နှိုင်းယှဉ်လို့ရနိုင်သည်။
ကိုယ်ထည်မာကျင့်စဉ်တွင် နိဗာနနယ်ပယ်အဆင့် ပြီးသွားပါက မိသားစုက မချမ်းသာလျှင် ဆက်လက်ပြီး ထိုလမ်းကို မလျှောက်လမ်းနိုင်သည့် အကြောင်းအရင်းက အကုန်အကျများသောကြောင့် ဖြစ်သည်။
သို့သော် ရှုပ်ထွေးပွေလီ အငွေ့အသက် မြင့်တက်လာမှုကြောင့် ထိုသွေးကြောဆုံမှတ်များက ပိုမိုတောက်ပလာပြီး များပြားသော စွမ်းအင်များကို စုပ်ယူကာ တစ်ခုပြီးတစ်ခု အံ့ဖွယ် သွေးကြောဆုံမှတ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ရှန်ထျန်း အံ့ဩမှင်သက်သွားမိသည်။
အံ့ဖွယ်သွေးကြောဆုံမှတ်များကို ဖန်တီးခြင်းက နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ်နည်းနှင့်သာ သက်ဆိုင်ပြီး ချီသန့်စင်ခြင်း ကျင့်စဉ်နည်းနှင့် လုံးဝ မသက်ဆိုင်ပေ။
သို့သော် ရှန်ထျန်း၏ ကနဦးဝိညာဉ် ရှုပ်ထွေးပွေလီ မီးစာကျမ်း၏ စွမ်းအင်ကို စုပ်ယူနိုင်ရုံသာမက သွေးကြောဆုံမှတ်များကို အံ့ဖွယ်သွေးကြော ဆုံမှတ်များအဖြစ်သို့လည်း ပြောင်းလဲနိုင်သည်။
ထိုအရာက ကို့ရို့ကားရားနိုင်လှပြီး ယုံကြည်နိုင်ဖွယ်ရာ မရှိပေ။
ရှန်ထျန်းက တစ်စုံတစ်ခု တွေးမိသွားသည့်ပုံစံဖြင့် ရေရွတ်လိုက်သည်
“ ရှုပ်ထွေးပွေလီမှုက ပညာရပ်တွေအားလုံးရဲ့ အရင်းအမြစ်လို့ ကြားဖူးတယ်။ နတ်ဘုရားကိုယ်ထည်မာ ပညာရပ်ရော ချီသန့်စင်ခြင်း ပညာရပ်တွေရောက ရှုပ်ထွေးပွေလီမှုကနေ ဖြစ်ပေါ်လာတာပဲ။
ကျင့်စဉ်တွေ အားလုံးက တူညီတဲ့ အရင်းအမြစ်ကနေ လာတာပဲ။ မတူညီတဲ့ ဆင်းသက်မှုတွေအဖြစ် တိုးတက်သွားရုံလေးပါ။
ပြီးတော့ နတ်ဘုရား ကိုယ်ထည်မာ ကျင့်စဉ်နဲ့ ချီသန့်စင်ခြင်း ကျင့်စဉ်လိုမျိုး လုံးဝ မတူတဲ့ အရာနှစ်ခုလည်း ရှိနိုင်တာပဲ။
ငါ့ဆီမှာ ရှုပ်ထွေးပွေလီ အငွေ့အသက်ရှိနေတယ်ဆိုတော့ ဘာမဆို အရာအားလုံးကို လက်သင့်ခံပေးလို့ ရတယ်။ ရှုပ်ထွေးပွေလီ အငွေ့အသက်ကြောင့် နတ်ဘုရား ကိုယ်ထည်မာ ကျင့်စဉ်နဲ့ ချီသန့်စင်ခြင်း ကျင့်စဉ်တွေအားလုံးက ပေါင်းစပ်သွားပြီးတော့ တူညီတဲ့ လမ်းကြောင်းကို ရောက်ရှိသွားပြီ”
ထိုအတွေးကြောင့် ရှန်ထျန်း၏ အကြည့်တို့ တောက်ပသွားသည်။
ကနဦးဝိညာဉ်က သွေးကြောဆုံမှတ်မှ အံ့ဖွယ်သွေးကြော ဆုံမှတ်သို့ ပြောင်းလဲနေသည်ကို မရပ်တန့်ပေ။ ထို ကျင့်စဉ်နှစ်ခု ပေါင်းစပ်သွားပါက ဘာဖြစ်သွားမလဲဆိုတာကို သူ သိချင်နေမိသည်။
အဲလိုဆိုရင် သူ့ဆီမှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်သွားမှာလဲ
သူ့ရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ ကျင့်ကြံရေးလမ်းကြောင်း တစ်ခုကိုတောင် ဖန်တီးနိုင်လောက်တယ်
ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ကနဦးဝိညာဉ်က စုပ်ယူနေပြီး ပို၍များပြားသော သွေးကြော ဆုံမှတ်များက အံ့ဖွယ်သွေးကြော ဆုံမှတ်များ ဖြစ်လာကာ ပိုမို တောက်ပလာကြသည်။
ဖိအားပါသော စွမ်းအားက သွေးကြော ဆုံမှတ်များဆီမှ ထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဝါးမျိုချင်နေသကဲ့သို့ အရာအားလုံးကို လွှမ်းမိုးသွားသည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်က ကနဦးဝိညာဉ်၏ စုပ်ယူခြင်းကို ခံနေရသည့်အတွက် အရှိန်အဝါက ပိုမို ထိတ်လန့်စရာကောင်းလာသည်။
သူ့ သွေးကြောဆုံမှတ်များ၏ စွမ်းအားက ခန္ဓာကိုယ်ကို လည်ပတ်နေသည်။
ထို့နောက် စွမ်းအားက ညာဖက်လက်မှ ထွက်လာကာ ဧရာမ တိုက်ပွဲသုံးပုဆိန်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို တိုက်ပွဲသုံးပုဆိန်က ရှုပ်ထွေးပွေလီ အရှိန်အဝါမှ ဖြစ်တည်လာပြီး အဆုံးမဲ့ ဖျက်စီးလိုခြင်း၊ ဖန်တီးလိုခြင်းနှင့် စကားလုံးဖြင့် ဖော်ပြလို့မရနိုင်သောအရာများ ပါဝင်နေသည်။
ကနဦးဝိညာဉ်က မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကာ တောက်ပသောအလင်းတန်းက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ထိုးဖောက်သွားသည်။
“ အား…”
ဆူညံသော ကမ္ဘာကြောင့် နိုးထလာရသလိုမျိုး ကနဦးဝိညာဉ်က စိတ်အနှောင့်အယှက်ဖြစ်မှုကို ဖော်ပြနေသည်။
ကိုယ်လုံးတီးဖြစ်နေရင်း ရုတ်တရက် လှုပ်ရှားမှုတစ်ခုကို လုပ်လိုက်သည်။ လက်ထဲရှိ တိုက်ပွဲသုံးပုဆိန်ကို လွှဲယမ်းကာ ရှုပ်ထွေးမှုထဲရှိ အဆုံးမဲ့စည်းမျဉ်းများဆီ လွှဲခုတ်လိုက်သည်။
ဝုန်း…
ထိုခုတ်ချက်က ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကိုပင် ကွဲသွားနိုင်စေသည်။
ကြောက်စရာကောင်းသော အရှိန်အဝါက ရုတ်တရက် ပေါက်ကွဲထွက်လာကာ ကြယ်တာရာများ ပေါက်ကွဲပြီး ကောင်းကင်များ ပြိုလဲကာ ယိုယွင်းပျက်စီးသော အခြေအနေကို ပြသနေသည်။
တောက်ပနေသော ထူးခြားမီးတောက်များကို လုံးဝ ဝါးမျိုသွားကာ အေးစက်ပြီး ပြင်းထန်သောလေကလည်း ဖိနှိပ်ခံထားလိုက်ရသည်။
တစ်ချိန်တည်းမှာပဲ ထိုဖျက်စီးခြင်း ကပ်ဘေးများကလည်း ထိုခုတ်ချက်ကြောင့် သုတ်သင်ရှင်းလင်းခံလိုက်ရသည်။
ထို့နောက် ကနဦးဝိညာဉ်က မတ်တပ်ရပ်ကာ စည်းမျဉ်းများကို ဖိနှိပ်ထားကာ ပြီးပြည့်စုံသော လောကတစ်ခုကို ဖန်တီးချင်သည့်အတွက် ရှုပ်ထွေးမှုကို တည်ငြိမ်အောင် လုပ်လိုက်သည်။
ရှန်ထျန်းက အရာအားလုံးကို မျက်မြင်တွေ့လိုက်ရသည်။
သူက တည်ငြိမ်နေသည်။ ဖြည်းဖြည်းချင်း ဉာဏ်အလင်းပွင့် အခြေအနေသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားကာ ရှုပ်ထွေးပွေလီ စကြဝဠာတစ်ခု ဖန်တီးလိုက်သည့် အဖြစ်အပျက်ကို မျက်မြင်တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပဲ ဖန်တီးထားသော ဆန်းကြယ်စွမ်းအားက ကောင်းကင်ကို လွှမ်းခြုံလိုက်သည်။
ရှန်ထျန်းက အာကာပြင်ထဲတွင် မျက်လုံးမှိတ်ထားရင်း တင်ပျဉ်ခွေထိုင်နေသည်။
ထို တောက်ပနေသော သွေးကြောဆုံမှတ်များက သူ၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်လာကာ ဝါးမျိုဖို့အတွက် စွမ်းအားကြီးသော ဆန္ဒကို ထုတ်ဖော်နေသည်။
အံ့ဖွယ်သွေးကြော ဆုံမှတ် ဆက်လက်တောက်ပနေပြီး ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုအခိုက်အတန့်တွင် ဂူဗိမာန်တစ်ခုလုံး တုန်လှုပ်သွားသည်။
“ သူက အဆင့်ကျော်ဖြတ်နေတုန်း ထူးခြားအံ့ဖွယ်မြင်ကွင်းကို ပြသပေးနေတာပဲ”
ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်းသည် ဉာဏ်အလင်းပွင့် အခြေအနေကို ရောက်ရှိနေပြီး သူ့ ကျင့်ကြံဆင့်က အဆမတန် မြင့်တက်နေပြီဖြစ်ကြောင်း သတိထားမိသည်။
ရှန်ထျန်း၏ သွေးကြောဆုံမှတ်များမှ အလင်းတန်းများကို ထုတ်လွှတ်နေသည့်အတွက် ရှန်ထျန်း၏ ခန္ဓာကိုယ်က လင်းလက်တောက်ပနေသည်။ သူ၏ သွေးကြောဆုံမှတ်များက တွင်းနက်ကြီးကဲ့သို့ ဝိညာဉ်ချီများစွာကို ဝါးမျိုနေသည်။ ထိုအရာက အံ့ဖွယ်သွေးကြော ဆုံမှတ်အဖြစ် ပြောင်းလဲဖို့အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။
“ ကဲပါ မင်းကို ကူညီပါရစေ”
ပဒုမ္မာကြာနတ်ဧကရာဇ်က မျက်မှောင်ကြုတ်ကာ လက်ကို ဝှေ့ယမ်းရင်း ဝိညာဉ်ချီကို ထုတ်လွှတ်လိုက်သည်။
ဝိညာဉ်ချီများက ရှည်လျားသော မြစ်တစ်စင်းကဲ့သို့ စုပေါင်းသွားကာ ရှန်ထျန်းဆီ ဝင်ရောက်သွားသည်။
ဝိညာဉ်ချီများကို စုပ်ယူလိုက်သည့်အတွက် ရှန်ထျန်း၏ အရှိန်အဝါက ပိုမိုစွမ်းအားကြီးလာက သူ၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ သွေးကြောဆုံမှတ်များက ကောင်းကင်ရှိ ကြယ်တာရာများကဲ့သို့ လင်းလက်တောက်ပနေသည်။
သို့သော် လုံလောက်ပုံမပေါ်ပေ။
ဝိညာဉ်ချီအားလုံး စုပ်ယူခံလိုက်ရသည့်အတွက် လေထဲတွင်ပင် ဝိညာဉ်ချီများ စတင်ခြောက်ကပ်သွားသည်။
“ ဒီကောင်လေး တကယ်ကို မကောင်းဆိုးဝါးပဲ။ ဒီလောက်များတဲ့ ဝိညာဉ်ချီတွေတောင် မလုံလောက်ဘူး”
ပဒုမ္မာကြာ နတ်ဧကရာဇ်က ထိတ်လန့်သွားသည်။ သူက ဂူဗိမာန်ထဲရှိ ဝိညာဉ်ချီများအားလုံးကို ဤနေရာသို့ ရောက်အောင် ခေါ်ဆောင်လာသော်လည်း နည်းပါးနေသေးသည်။
“ ငါ နှစ်ပေါင်းတစ်သောင်းကျော် စုဆောင်းလာတဲ့ ဝိညာဉ်ချီတွေက နောက်ဆုံး မင်းအပိုင် ဖြစ်ပြီးတော့ အဆုံးသတ်သွားမယ်လို့ ထင်မထားခဲ့ဘူး”
ပဒုမ္မာကြာ နတ်ဧကရာဇ်က ခေါင်းယမ်းကာ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။
ချက်ချင်းဆိုသလို ဝိညာဉ်ချီများက ဂူဗိမာန်ထဲမှ ထွက်လာသည်။
ဝိညာဉ်ချီမြူခိုးများက ရုတ်တရက် ဂူဗိမာန်၏ အောက်ခြေမှ ထွက်ပေါ်လာသည်။
ဝိညာဉ်ချီမြူခိုးဆိုသည်မှာ ဝိညာဉ်ချီ၏ သိပ်သည်းဆ အမြင့်ဆုံးသို့ ရောက်ရှိသွားချိန်တွင် ဖြစ်ပေါ်လာသော သဘာဝ ဖြစ်စဉ်တစ်ခု ဖြစ်သည်။
ပဒုမ္မာကြာ နတ်ဧကရာဇ်က ဝိညာဉ်ချီမြူခိုးကို နှစ်ပေါင်းတစ်သောင်းကြာ စုဆောင်းခဲ့သည့်အတွက် သိပ်သည်းဆက စိတ်ကူးယဉ်ကြည့်လို့ မရနိုင်ပေ။
ထိုကဲ့သို့သော များပြားသော ဝိညာဉ်ချီ ပမာဏက ဝိဇ္ဇာတစ်ယောက်ကို ဖန်တီးနိုင်ရုံသာ မကပေ။
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ လမ်းညွှန်မှုအောက်တွင် အဆုံးမဲ့ ဝိညာဉ်ချီက နဂါးပုံစံဖြင့် ရှန်ထျန်းဆီ တိုးဝင်သွားကာ ကျင့်ကြံဆင့်ကို မြှင့်တင်ပေးလိုက်သည်။
အစောပိုင်း ကနဦးဝိညာဉ်အဆင့်
အလယ်ပိုင်း ကနဦးဝိညာဉ်အဆင့်
နောက်ပိုင်း ကနဦးဝိညာဉ်အဆင့်
ထိပ်သီး ကနဦးဝိညာဉ်အဆင့်
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်ထျန်းက ထိပ်သီး ကနဦးဝိညာဉ်အဆင့် သို့ ရောက်ရှိသွားသည်။
ဝုန်း…
အဲဒါတင် မကသေးပဲ ရှန်ထျန်း၏ နတ်ဘုရား ကိုယ်ထည်မာ ကျင့်စဉ်ကလည်း အလျင်အမြန် တိုးတက်နေသည်။
အစောပိုင်း နိဗာန အဆင့်
အလယ်ပိုင်း နိဗာန အဆင့်
နောက်ပိုင်း နိဗာန အဆင့်
ထိပ်သီး နိဗာန အဆင့်
သူက ဧရာမစွမ်းပကားအရှင်သို့ ရောက်ရန်အတွက် ခြေတစ်လှမ်းလောက်သာ လိုတော့သည်။
သို့သော် အရာအားလုံးက ထိုနေရာတွင် ရပ်တန့်သွားသည်။
ထိုအချိန်တွင် ကြောက်စရာကောင်းသော အရှိန်အဝါ ထွက်လာကာ ရှန်ထျန်း၏ သွေးကြောဆုံမှတ် ၃၆၅ ခုက အံ့ဖွယ်သွေးကြော ဆုံမှတ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
တောက်ပသော အလင်းတန်းက ရှန်ထျန်းကို လုံးဝ ဖုံးအုပ်သွားကာ ပြိုင်ဘက်ကင်း အရှိန်အဝါတစ်ခု ထွက်လာသည်။
တစ်ချိန်တည်းမှာပဲ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲရှိ ကနဦးဝိညာဉ်ကလည်း ပြိုင်ဘက်ကင်း အရှိန်အဝါကို လွှတ်ထုတ်နေသည်။
ထိုနှစ်ခု တွေ့ဆုံသွားကာ ပြင်းထန်သော အရှိန်အဝါက ဂူဗိမာန်တစ်ခုလုံးတွင် ဖြတ်သန်းသွားသည်။
ထိုအချိန်တွင် အာကာပြင်ထဲ၌ မမြင်ရသော လှိုင်းများထသွားကာ ပြိုင်ဘက်ကင်း အရှိန်အဝါများလည်း ပါဝင်နေသည်။
ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ခန္ဓာကိုယ်က အံ့ဩမှင်သက်မှုကြောင့် တုန်လှုပ်နေမိသည်။
“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ … ဒီစွမ်းအာက”
ပဒုမ္မာကြာ နတ်ဧကရာဇ်က အံ့ဩမှင်သက်သွားသည့်အတွက် ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများပင် ထလာမိသည်။
ဤစွမ်းအားက ဘယ်လောက်ထိ ကြောက်လန့်ဖို့ ကောင်းလဲဆိုတာကို သူ ခံစားမိသည်။ ဤလောက၏ အဆင့်ထက်ပင် ကျော်လွန်သည့် အဆင့်တစ်ခု ဖြစ်သည်။
အရေအတွက်က အရေးမကြီးဘူး အရည်အသွေးက အရေးကြီးတာ
ထိုအရာ၏ အရည်အသွေးက သူ စိတ်ကူးမယဉ်နိုင်သော အမြင့်သို့ပင် ရောက်ရှိသွားပြီဖြစ်သည်။
ပဒုမ္မာကြာ နတ်ဧကရာဇ်ပင် နားမလည်နိုင်သော စွမ်းအား ဖြစ်၏။
တစ်ဖက်တွင် မင်းသမီးလင်းလုံက ထိုစွမ်းအားကြီးသော အရှိန်အဝါကြောင့် မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရပြီး မလှုပ်နိုင်ပေ။
“ ဘာတွေဖြစ်ကုန်တာလဲ။ ကြွင်းကျန် အရှိန်အဝါက ဘာလို့ ဒီလောက်ထိ စွမ်းအားကြီးနေရတာလဲ။ ငါ လုံးဝ မလှုပ်နိုင်တော့ဘူး”
တောင်ကဲ့သို့ လေးလံပြီး လွှမ်းမိုးသော အရှိန်အဝါ၏ ဖိအားကြောင့် မင်းသမီးလင်းလုံက မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူမ လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိပေ။
“ ငါ အစ်ကိုရှန်ရဲ့ မြေပြင်ပေါ်မှ ဖိနှိပ်ထားတာကို ခံချင်တယ်။ ဒါပေမဲ့ ဒီလိုပုံစံမျိုးတော့ မဟုတ်ဘူးလေ”
ရှန်ထျန်း၏ ဆန်းကြယ်သော ခန္ဓာကို စိုက်ကြည့်ပြီး သူမ ရုန်းကန်ရင်း မျက်နှာများလည်း နီရဲနေသည်။
တစ်ချိန်တည်းမှာပဲ ရှန်ထျန်း၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာ၌…
ဧရာမ ကနဦးဝိညာဉ်က နောက်ဆုံးတော့ ကမောက်က မဖြစ်နေသော လောကကို ငြိမ်းချမ်းမှု ယူဆောင်လာပေးသည်။
သို့သော် ဧရာမ ကနဦးဝိညာဉ်က ဒီမှေးမှိန်သောလောကကို ရှုပ်ထွေးပွေလီ အငွေ့အသက် ဖုံးလွှမ်းသွားတာကို သဘောကျသည့်ပုံ မပေါ်ပေ။ ထိုအရာက ဧရာမ အဆင့် ၃၆ ရှုပ်ထွေးပွေလီ ပဒုမ္မာကြာဆီမှ လျှိုထွက်လာကာ ဝတုတ်သော တင်ပါးလေးကို ပုတ်လိုက်သည်။
အဆုံးမဲ့ ရှုပ်ထွေးပွေလီ အရှိန်အဝါက အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားသည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်က သိပ်သည်းလာကာ ကနဦးဝိညာဉ်၏ တစ်မူထူးခြားသော အစိတ်အပိုင်းများကို ဖုံးကွယ်ပေးဖို့အတွက် ဝိညာဉ်သစ်ပင်များကို ဖြည်းဖြည်းချင်း ဖန်တီးလိုက်သည်။
ကနဦးဝိညာဉ်က တိုက်ပွဲသုံးပုဆိန်ကို လက်ထဲတွင် ကိုင်ဆောင်ထားကာ ကောင်းကင်သို့ ညွှန်ပြနေသည်။
ထိုအချိန်တွင် တိုက်ပွဲသုံးပုဆိန်ဆီမှ ထွက်လာသော အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းက ရှုပ်ထွေးပွေလီ အငွေ့အသက်ကောင်းကင်ကို ထိုးဖောက်သွားသည်။
ဂျိန်း…
ထိုကျယ်ကျယ်လောင်လောင် အသံက ခရမ်းစံအိမ်တစ်ခွင် ပျံ့နှံ့သွားသည်။
အာကာပြင် ပြိုလဲသွားကာ အဆုံးမဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်က ထိုရိုက်ချက်ကြောင့် ရှင်းထုတ်ခံလိုက်ရသည်။
အမှောင်ထုကိုပင် တိုက်ရိုက်ဖြတ်ထုတ်လိုက်သည့်အတွက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် နှစ်ခြမ်းကွဲသွားပြီး ကမ္ဘာလောကဆီသို့ အလင်းကို ထပ်မံ ယူဆောင်လာပေးသည်။
ရှန်ထျန်းက သူ ထိုအရာကို မျက်မြင်တွေ့ပြီးနောက် ဆွံ့အသွားမိသည်။
နောက်ဆုံးတော့ ရှန်ထျန်း သူ့ရွှေအမြုတေမှ မွေးထုတ်လိုက်သော ကလေးက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်တီးနေကြောင်း သဘောပေါက်သွားလေသည်။