← Chapters

အထွတ်အထိပ် အံ့ဖွယ်စွမ်းအား… မိုးမြေကို ခွဲခြမ်းခြင်း

Vol. 27 Ch. 405

အထွတ်အထိပ် အံ့ဖွယ်စွမ်းအား… မိုးမြေကို ခွဲခြမ်းခြင်း

Vol. 27 Ch. 405

အခန်း (၄၀၅) : အထွတ်အထိပ် အံ့ဖွယ်စွမ်းအား… မိုးမြေကို ခွဲခြမ်းခြင်း

ရှန်ထျန်းက တင်ပျဉ်ခွေ ထိုင်ကာ ဧရာမ ကနဦးဝိညာဉ် ပြသခဲ့သော စွမ်းအားကို နားလည်နိုင်ဖို့အတွက် ကြိုးစားနေသည်။

ဧရာမ ကနဦးဝိညာဉ်၏ ခန္ဓာကိုယ်တွင် သွေးကြောဆုံမှတ် ၃၆၅ ခု ရှိပြီး လူသားခန္ဓာတွင်လည်း သွေးကြောဆုံမှတ် ၃၆၅ ခု ရှိသည်။ သွေးကြောဆုံမှတ် တစ်ခုချင်းစီက တောက်ပနေကာ အချင်းချင်း ရောစပ်ပြီးနောက် ထိတ်လန့်စရာကောင်းသော စွမ်းအားကို ဖန်တီးနေသည်။

သို့သော် ဤစွမ်းအင်က နိဗာနကျင့်ကြံသူတစ်ယောက်  ထိန်းချုပ်နိုင်သော စွမ်းအင်မျိုး မဟုတ်ပေ။

လူသား ခန္ဓာကိုယ်တွင် စုစုပေါင်း သွေးကြောဆုံမှတ်ကြီး ၃၆၅ ခု၊ သွေးကြောဆုံမှတ်ငယ် ၃၆၅၀ နှင့် ဖုံးကွယ်ထားသော သွေးကြောဆုံမှတ် တစ်သိန်း ပါဝင်သည်။

နိဗာနနယ်ပယ်အဆင့် သွေးကြောဆုံမှတ်ထဲရှိ စွမ်းအင်ကို ခန္ဓာကိုယ်တစ်ခုလုံးသို့ မဆုံတွေ့နိုင်သော ပြောက်ကျား စစ်သားများကဲ့သို့ ဖြန့်ကျက်ထားသည်။ ခန္ဓာကိုယ်ကို အသွင်ပြောင်းနိုင်မည့် ဧရာမစွမ်းပကားရှင် နယ်ပယ်အဆင့်သို့ ရောက်ရှိသွားမှသာ ပြန့်ကျဲနေသော သွေးကြောဆုံမှတ်များက စတင်စုစည်းကာ ဧရာမစွမ်းပကားရှင်တစ်ယောက်၏ စွမ်းအားကို ပြသပေးမည် ဖြစ်သည်။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ လှုံ့ဆော်မှုကြောင့် ဧရာမ ကနဦးဝိညာဉ်၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောဆုံမှတ်များက တစ်နေရာထဲတွင် ပေါင်းစည်းသွားကြသည်။

ထိုအရာက လုံးဝစိတ်ကူးယဉ်ကြည့်လို့ပင် မရသောအရာ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ရှန်ထျန်းက ဉာဏ်အလင်းပွင့်သွားသည်။

သူ၏ ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်သွေးကြော ဆုံမှတ်များက စွမ်းအားပြင်းစွာ ပေါက်ကွဲသွားသည့်အတွက် လင်းလက်သွားသည်။ ရှန်ထျန်း၏ ခန္ဓာကိုယ်မှ ဆန်းကြယ်သော စွမ်းအား တိုးထွက်လာကာ တောက်ပသော အလင်းတန်းကိုလည်း သူ့ဆီမှ ထုတ်လွှတ်နေသည်။

သူ့ ခန္ဓာကိုယ်ထဲရှိ သွေးကြောဆုံမှတ် ၃၆၅ ခုကို ဆက်သွယ်ဖို့အတွက် ဧရာမကနဦးဝိညာဉ် အသုံးပြုနေသော စွမ်းအားကို နားလည်အောင် သူ ကြိုးစားနေသည်။

ထိုအချိန်တွင် ခရမ်းစံအိမ် ဝိညာဉ်ကမ္ဘာထဲတွင် ရှိသော ဧရာမ ကနဦးဝိညာဉ်က နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

အဆုံးမဲ့ရှုပ်ထွေးမှုများ ဖြတ်ထုတ်ခံလိုက်ရကာ ကမောက်ကမ စည်းမျဉ်းများလည်း ဖိနှိပ်ခံလိုက်ရသည်။ ရှုပ်ထွေးမှုကမ္ဘာက လုံးဝယဉ်ပါးသွားပုံပေါ်သည်။

ဧရာမ ကနဦးဝိညာဉ်က ပြိုင်ဘက်ကင်း တိုက်ပွဲဝင်ပုဆိန်ကို ကိုင်မြှောက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောဆုံမှတ် ၃၆၅ ခု က လင်းလက်သွားကာ အရှိန်အဝါက ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။

ယခုလာတော့မည့် လွှဲခုတ်ချက်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ခွဲခြမ်းလိုက်နိုင်လောက်သည်။

ဝုန်း…

ရှန်ထျန်း၏ ခန္ဓာကိုယ်မှ တောက်ပသော အံ့ဖွယ်အလင်းတန်း ပေါက်ကွဲသွားကာ အဆုံးစွန်ထိ တောက်ပနေသည်။

မမြင်နိုင်သော အားဖြင့် ဆက်နွယ်သွားသော သွေးကြောဆုံမှတ်ကြီးများက သူ့ခန္ဓာကိုယ်ဆီမှ အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်စေကာ အရှိန်အဝါကိုလည်း ပုံမှန်မြင့်တက်သွားစေသည်။

ချွင်…

ရှန်ထျန်း၏ အဆုတ်ထဲရှိ ထျန်းကျူဓားက တစ်စုံတစ်ခုကို အာရုံခံမိသည့်ပုံစံဖြင့် ပြင်းထန်စွာ တုန်ခါနေသည်။

ရှန်ထျန်းက ညာဖက်လက်ကိုဆန့်ထုတ်လိုက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

ထျန်းကျူဓားက ရုတ်တရက် ရှန်ထျန်း၏ အဆုတ်ထဲမှ ထွက်လာသည့်အတွက် ကောင်းကင်တွင် အနီရောင်အလင်းတစ်ခု ထွက်ပေါ်သွားသည်။ ထျန်းကျူဓားက သူ့လက်ထဲသို့ ဝင်သွားသည့်အခါ အလွန်အမင်း အေးစက်သော ဓားအရှိန်အဝါက ကောင်းကင်သို့ တက်သွားသည်။ တစ်ချိန်တည်းမှာပဲ ရှန်ထျန်း၏ သွေးကြောဆုံမှတ် တစ်ဝက်ကျော်ကလည်း မမြင်နိုင်သောအားအင်ကြောင့် ဆက်နွယ်ကုန်သည်။

“ ဒါက… အံ့ဖွယ်စွမ်းအားရဲ့ ခွန်အားပဲ”

ပဒုမ္မာကြာ နတ်ဧကရာဇ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ အံ့ဖွယ်စွမ်းအား၏ ခွန်အားက အရမ်းစွမ်းအားကြီးရုံတင် မကသေးပဲ ထိုအရာက ကျင့်ကြံသူတစ်ယောက်က ဧရာမစွမ်းပကားရှင် နယ်ပယ်အဆင့်သို့ ဝင်ရောက်သွားသည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။

ဧရာမစွမ်းပကားရှင် ကျင့်ကြံသူသာလျှင် သူတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောဆုံမှတ်များကို ဆက်နွယ်ဖို့အတွက် အံ့ဖွယ်စွမ်းအားကို အသုံးပြုနိုင်သည်။

သို့သော် ယခု ရှန်ထျန်းက နိဗာနကျင့်ကြံရေးဖြင့် သွေးကြောဆုံမှတ် တစ်ဝက်လောက်ကို ဆက်နွယ်နိုင်နေပြီ ဖြစ်သည်။

ရှန်ထျန်းက အံ့ဖွယ်စွမ်းအား၏ အဓိက သော့ချက်ကို နားလည်နိုင်သွားပြီဟုလည်း ဆိုနိုင်သည်။

သူသာ ဆန္ဒရှိပါက ဘယ်အချိန်မဆို အဆင့်တက်အောင် လုပ်လို့ရနိုင်သည်။

ဤအဆင့်တွင် သူက ဧရာမစွမ်းပကားရှင် နယ်ပယ်အဆင့်သို့ ခြေတစ်ဖက် ရောက်ရှိနေပြီဟုပင် သတ်မှတ်နိုင်သည်။

သူက နိဗာန အစောပိုင်းအဆင့်မှ ဧရာမစွမ်းပကားရှင် တစ်ပိုင်းအဆင့်သို့ ခဏအတွင်းမှာ အဆင့်တက်သွားသည်။ ရှန်ထျန်း အရမ်းမြန်သည်ဆိုတာကိုတော့ ပြောဖို့ပင် မလိုတော့ပေ။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ထောက်ပံ့ပေးသော ဝိညာဉ်ချီပမာဏ အများကြီးနှင့်လည်း ဆက်စပ်နေသည်။

ဤအရာက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဂူဗိမာန်ထဲရှိ ရတနာတွေထဲမှ တစ်ခု ဖြစ်သည်။ ဂူဗိမာန်က နှစ်ပေါင်းတစ်သောင်းကြာ အချိန်တိုင်း ဝိညာဉ်ချီကို မစုပ်ယူနိုင်ခဲ့သော်လည်း သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်သည့်အခါ လုံးဝ ပြည့်ဝနေခဲ့သည်။

သို့သော် ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ခန့်မှန်းချက်အရ ဂူဗိမာန်ထဲရှိ ဝိညာဉ်ချီ ပမာဏက အဆင့်မြင့် ဝိဇ္ဇာအနည်းငယ်၏ စွမ်းအားများ ပေါင်းစပ်ခြင်းနှင့် ညီမျှသည်ဟု ယူဆသည်။

သို့သော် ထိုအရာအားလုံးကို ရှန်ထျန်းက အခုလိုမျိုး စုပ်ယူသွားပြီး အဆင့်တက်အောင် လုပ်လိုက်သည်။

ထိုအကြောင်းကို စဉ်းစားလိုက်ရုံဖြင့် ခေါင်းရှုပ်စေသည်။

ဧရာမ ကနဦးဝိညာဉ်က ကောင်းကင်ကို ခွဲခြမ်းလိုက်သည့် ပုံရိပ်ကို ပြန်လည်မြင်ယောင်လာသည့်အတွက် ရှန်ထျန်း မျက်လုံးများကို တင်းကြပ်စွာ ပိတ်ထားလိုက်သည်။

ဧရာမ ကနဦးဝိညာဉ်က နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပြီပဲ

ပြိုင်ဘက်ကင်း တိုက်ပွဲသုံးပုဆိန်ကို အပြည့်အဝ အသက်သွင်းပြီး ရှုပ်ထွေးပွေလီ ကောင်းကင်နှင့် ကမ္ဘာမြေကို ဖျက်စီးစွမ်းအားဖြင့် ပြင်းထန်စွာ ခုတ်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးက ပြိုလဲတော့မလို ဖြစ်နေပြီး ရှေးဦး ပရမ်းပတာဖြစ်မှုများကို ဖျက်စီးပစ်တော့မည့်ပုံပေါ်သည်။

သူ့အရှိန်အဝါ၏ အကျိုးသက်ရောက်မှုကြောင့် ရှန်ထျန်းက ရုတ်တရက် ထျန်းကျူဓားကို ကောင်းကင်သို့ လွှဲလိုက်သည်။

“ အဲဒီကောင်လေး ဘာတွေ လုပ်နေတာလဲ။ သေစမ်း… ကောင်စုတ်လေးက ငါ့ရဲ့ ဂူသင်္ချိုင်းကို ဖျက်စီးချင်နေတာပဲ။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ချက်ချင်း ဒေါသထွက်သွားသည်။ ရှန်ထျန်းက ဉာဏ်အလင်းပွင့် အခြေအနေသို့ ရောက်နေသည့်အတွက် မသိစိတ်တစ်ပိုင်းဖြင့် တိုက်ခိုက်နေသည်ကို သူ သိသည်။

အဲလိုဆိုရင်တောင် ဒီနတ်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို ဘယ်လိုလုပ်ပြီးတော့ ဖျက်စီးနိုင်တာလဲ။ ဒါကတော့ အရမ်းလွန်သွားပြီ။

ပြီးတော့ ဒီစွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်

ဓားခုတ်ချက်က လေကို ဖြတ်သန်းသွားသည်။

ပြိုင်ဘက်ကင်း တောက်ပသော ဓားအလင်းတန်းက အလျားလိုက်ဖြတ်သွားကာ ခမ်းနားသော အရှိန်အဝါက ကောင်းကင်ကို တစ်စစီလုပ်ချင်နေသလိုမျိုး အေးစက်နေသည်။

ပတ်ဝန်းကျင်ရှိ အာကာပြင်က ချက်ချင်းပြိုလဲသွားပြီး ဖြတ်ပိုင်းခံထားရသော အာကာပြင်ကြီးလည်း သုတ်သင်ရှင်းလင်း ခံလိုက်ရသည်။

ဓားအလင်းတန်းက ရှေ့တိုးလာကာ ဂူဗိမာန်၏ ထိပ်ဆီသို့ ဦးတည်သွားနေသည်။

“ အဲဒီနားမှာတင် ရပ်လိုက်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က အော်ပြောကာ ဓားအလင်းတန်းကို တားဖို့အတွက် အားဖြင့် ခုန်လိုက်သည်။

ဤဓားအလင်းတန်းက အင်မတန် ကြောက်စရာ ကောင်းလှသည်။ ထိုအရာက ဂူဗိမာန်အပေါ်သာ ကျရောက်သွားပါက အပေါက်ကြီးတစ်ပေါက်ကို ဖန်တီးလိုက်သည်။

ဒါက ပဒုမ္မာကြာ နတ်ဧကရာဇ် ပင်ပန်းစွာ တည်ဆောက်ထားတဲ့ ဂူဗိမာန်လေ။ ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ ဖျက်စီးခံပါ့မလဲ

ပြီးတော့ သူ့ရဲ့ ဂူသင်္ချိုင်း မရှိတော့ဘူးဆိုရင် သူ့ကို ဘယ်နေရာမှာ မြှုပ်နှံရမှာလဲ

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ နောက်တွင် အဆင့်၁၂ ပဒုမ္မာကြာပန်း ပုံရိပ်သဏ္ဌာန် ထွက်ပေါ်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို စောင့်ရှောက်သည့် ဧရာမ စိမ်းပြာရောင် ဆေးမီးပြင်းဖိုကြီးတစ်ခု ထွက်ပေါ်လာသည်။

အစိမ်းရောင် ပဒုမ္မာကြာပန်းက ပြိုင်ဘက်ကင်း ကြံ့ခိုင်သော ဆေးမီးပြင်းဖိုအဖြစ် ပြောင်းလဲသွားသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ယုံကြည်မှုရှိနေပြီး သူ ဤအရာကို ခံနိုင်ရည် မရှိဘူးဟု မယုံနိုင်ပေ။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။

အစိမ်းရောင် ဆေးမီးပြင်းဖိုက ဓားအလင်းတန်းနှင့် တိုက်မိသွားကာ ပေါက်ကွဲပြီး အဆုံးမဲ့ အလင်းတန်းများကို ထုတ်လွှတ်နေသည်။

ဓားအလင်းတန်းကို ရပ်တန့်အောင် မလုပ်နိုင်ပေ။

“ ငါ သရဲများ မြင်နေမိတာလား”

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ မယုံနိုင်သော အသံက ချက်ချင်းပျောက်ကွယ်သွားသည်။

ဤအရာက ပဒုမ္မာကြာ နတ်ဧကရာဇ်မှ ချန်ထားခဲ့သော အကြွင်းအကျန်သာ ဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံက နတ်ဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်လို့ရနေသည်။

ဓား၏ ထိတ်လန့်စရာကောင်းသော စွမ်းအားကို အာရုံခံမိပြီးနောက် တတိယမြောက် အတိဒုက္ခလွန် ဖြတ်ကျော်ခြင်း ဝိဇ္ဇာအဆင့်ထိ တိုးမြှင့်လိုက်ပြီး ဝိဇ္ဇာစည်းမျဉ်းများကိုပင် အသုံးပြုလိုက်သည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ လက်ရှိခွန်အားအရ ခြောက်ကြိမ်မြောက် အတိဒုက္ခ စမ်းသပ်ချက်ကို ဖြတ်ကျော်ထားသော ဝိဇ္ဇာများကိုပင် အလွယ်တကူ အနိုင်ယူနိုင်မည်ဖြစ်သည်။

ဝိဇ္ဇာများကို သူတို့ ခံယူခဲ့သော မိုးကြိုးစမ်းသပ်ချက် အကြိမ်အရေအတွက်ပေါ် မူတည်ပြီး ခွဲခြားလေ့ ရှိသည်။ သို့သော် သုံးကြိမ်မြောက်နှင့် ခြောက်ကြိမ်မြောက်က လုံးဝ မတူညီသော အဆင့်များတွင် တည်ရှိသည်။ ဝိဇ္ဇာတစ်ယောက်က ခြောက်ကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးသွားသည့်အခါ အရည်အသွေးက လုံးဝ တက်သွားသည်။

သို့သော် ရှန်ထျန်း၏ ဓားချက်အောက်တွင် အရာအားလုံး ပျက်စီးသွားကာ ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ ရင်းနှီးသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ဂူဗိမာန်က နှစ်ခြမ်းကွဲသွားကာ အစီအစဉ် ပြတ်တောက်သွားသည့်အတွက် မရေတွက်နိုင်သော ကာကွယ်ရေး အစီအရင်များကို ပြိုကွဲသွားစေကာ ဂူဗိမာန်၏ တစ်ဝက်ထက် ပိုသော အစိတ်အပိုင်းများကို ပြိုလဲသွားစေသည်။

ဓားခုတ်ချက်က အရမ်းကြောက်ဖို့ကောင်းတယ်

“ ငါ့ရဲ့ ဂူဗိမာန်လေး”

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်က ထပ်မံ သိပ်သည်းသွားကာ သူ၏ တစ်ဝက် ဖျက်စီးခံထားရသော ဂူဗိမာန်ကို စိုက်ကြည့်ပြီး နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။ သူက ဤတိုက်ခိုက်မှု၏ ထိတ်လန့်စရာကောင်းမှုကို လျှော့တွက်ခဲ့မိသည့်အတွက် အလျင်အမြန် မတုံ့ပြန်နိုင်ခဲ့ပေ။

အချိန်ခဏအတွင်းမှာပင် သူ၏ ဂူသင်္ချိုင်း ဖျက်စီးခံလိုက်ရသည်။

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်…အစ်ကိုကြီး ရှန်ထျန်းက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာ မဟုတ်ပါဘူး”

ပဒုမ္မာကြာ နတ်ဧကရာဇ်ကို မြင်ပြီးနောက် ထိန်းမရသိမ်းမရ ဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက် မင်းသမီးလင်းလုံက အမြန်အဆန် ဝင်ပြောလိုက်သည်။

“ ဒါပေါ့ ငါ သိတာပေါ့။

စွမ်းအင်က အရမ်းပြင်းထန်လွန်းတော့ ဒီကောင်စုတ်လေးကို ကံဆိုးသွားစေမှာ စိုးရိမ်လို့ပါ။ အဲဒါကြောင့် ငါ့ရဲ့ ဂူဗိမာန်ကို လက်လွှတ်ဖို့အတွက် ဆန္ဒရှိပါတယ်။

မဟုတ်ရင် ဒီကောင်လေးက သူ့ရဲ့ အရည်အချင်းနဲ့ ငါ့ရဲ့ ဂူဗိမာန်ကို ဘယ်လိုလုပ်ပြီးတော့ ဖျက်စီးနိုင်မှာလဲ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က လက်ကို နောက်ပစ်ကာ ပါရမီရှင်တစ်ယောက် ပုံစံဖမ်းနေသည်။

သို့သော် သူ့နှလုံးသားထဲတွင် ဗြောင်းဆန်နေလေပြီ။

ဒီကလေးက အရမ်းယုတ်မာတာပဲ

ဒီလိုမျိုး လုပ်ဖို့အတွက် သူက ဘယ်လို အံ့ဖွယ်စွမ်းအားမျိုးကို နားလည်သွားတာလဲ

ငါက သုံးကြိမ်မြောက် အတိဒုက္ခစမ်းသပ်ချက်ကို ခံယူထားတဲ့ ဝိဇ္ဇာတစ်ပါးရဲ့ ကျင့်ကြံဆင့်ထိ မြှင့်တင်ပြီးတော့ ဝိဇ္ဇာစည်းမျဉ်းတွေကိုတောင် အသက်သွင်းခဲ့သေးတယ်လေ။ အဲဒါတောင် သူ့ရဲ့ ဓားကို ရပ်တန့်အောင် လုပ်လို့မရသေးဘူးပဲ

ဒါက…ငါ့ရဲ့ ပုံမှန်အသိစိတ်ကို ဖျက်စီးနေတာပဲ

ကောင်းပြီလေ

ဒီကိစ္စ အပြင်ကို သတင်းထွက်သွားလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါ့မျက်နှာကို ဘယ်နားထားရမလဲ

ကံကောင်းစွာနဲ့ ဒီကောင်မလေးက ဖြစ်ပျက်သွားတာတွေကို ဘာမှ နားလည်ပုံမပေါ်ဘူး

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်က တကယ်ကို သဘောထားကြီးတာပဲ။ လင်းလုံက သူ့ကိုယ်စား ကျေးဇူးတင်ပါတယ်နော်”

မင်းသမီးလင်းလုံက လက်ချင်းယှက်ကာ ကျေးဇူးတင်ကြောင်း ပြောလိုက်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

ရှန်ထျန်းကတော့ ဖြစ်ပျက်နေသည်များအားလုံးကို လုံးဝ သတိမထားမိပေ။ သူ့စိတ်က ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲမှာသာ ရှိနေသည်။ ဧရာမ ကနဦးဝိညာဉ်က ရှေးဦးကမောက်ကမဖြစ်မှုကို ဖြတ်တောက်ကာ ဖွင့်လိုက်ပြီး တင်ပါးမှ ဖုန်ခါပြီး ထိုင်ချလိုက်သည်။

ထို့နောက် မျက်လုံးများကို ပိတ်ကာ အနားယူတော့သည်။ ကနဦးဝိညာည်၏ စွမ်းအားနှင့် သွေးကြောဆုံမှတ်တို့၏ စွမ်းအားက ဆက်တိုက် ပေါင်းစပ်သွားကာ တစ်သားထဲ ဖြစ်လာသည်။

သို့သော် ဤဖြစ်စဉ်က အရမ်းနှေးပြီး အချိန်များစွာ လိုအပ်သည်။

“ ဒီတိုက်ကွက်ကို မိုးမြေခွဲခြမ်းခြင်း အံ့ဖွယ်စွမ်းအားလို့ ခေါ်မယ်”

ရှန်ထျန်း၏ နှုတ်ခမ်းက ကွေးညွတ်သွားသည်။ ရှေးဦးကမောက်ကမဖြစ်မှုကို ဖြတ်တောက်နိုင်လောက်သည်အထိ သူ၏ ရွှေအမြုတေမှ မွေးဖွားလာသော ကောင်စုတ်လေးက အရမ်းကြောက်စရာကောင်းမည်ဟု သူ တွေးမထားခဲ့ပေ။

ရှန်ထျန်းလည်း မိုးမြေခွဲခြမ်းခြင်း အံ့ဖွယ်စွမ်းအားကို ဧရာမ ကနဦးဝိညာဉ်ဆီမှ နားလည်လိုက်သည်။

ရှေ့လျှောက် ရှန်ထျန်းသာ ဧရာမစွမ်းပကားရှင် နယ်ပယ်အဆင့်သို့ ရောက်ရှိသွားပြီး သွေးကြောဆုံမှတ်များအားလုံးကို ဆက်သွယ်လိုက်ပါက ဒီထက် ပိုပြီးများပြားသော စွမ်းအားကိုပင် ထုတ်နိုင်လိမ့်မည်။

“ ငါ ကံကြမ္မာ ကျဆင်းမှာကိုသာ မစိုးရိမ်ခဲ့ရင် အခု ချက်ချင်း အဆင့်တက်အောင် လုပ်ဖို့ ဆန္ဒရှိတယ်”

ရှန်ထျန်းက ခေါင်းယမ်းပြလိုက်သည်။ သူ၏ ခန္ဓာတည်ဆောက်ပုံအရ ဒီထက်ပိုပြီးများပြားသော စွမ်းအင်များကို စုပ်ယူပြီး ဧရာမစွမ်းပကားရှင် နယ်ပယ်အဆင့်သို့ ရောက်အောင် လုပ်နိုင်သည်။

သို့သော် သူ အဆင့်မတက်ခဲ့ပေ။ ထိုအစား ဆေးစွမ်းအင်ကို ပျံ့နှံ့အောင်လုပ်ကာ သူ၏ ခြေလက်များနှင့် အရိုးများဖြင့် ပေါင်းစပ်ပြီး ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်ထားလိုက်သည်။

ဧရာမစွမ်းပကားရှင် နယ်ပယ်အဆင့်သို့ ရောက်အောင်လုပ်တာက ကောင်းသည့်အရာလို့လည်း ပြောလို့မရပေ။ မီးစာကျမ်းကို ကျင့်ကြံသူများအနေဖြင့် အဆင့်တစ်ဆင့် တက်သွားတိုင်း ကံဆိုးတတ်သည့်အတွက် ဖြစ်သည်။

သူက အရင်တစ်ခေါက်က ဆုံးရှုံးထားသော ကံကြမ္မာကို ပြန်ပြီးတော့ အဖတ်မဆယ်နိုင်သေးပေ။ သူသာ ထပ်ပြီးတော့ အဆင့်တက်အောင် လုပ်မည်ဆိုပါက ကြီးမားသော ကံဆိုးမှုနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

ငါက အမြဲတမ်း တည်ငြိမ်မှုနဲ့ လုံခြုံမှုအတွက်ပဲ အသားပေးခဲ့တာ။ ငါ့ရဲ့ ကံကြမ္မာကို အပြည့်အဝ ပြန်မရမချင်း အဆင့်တက်အောင် မလုပ်ဘူး

ငါ အခု မသိမသာလေး ဆက်နေရမယ်

ရှန်ထျန်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး သူ၏ အသိစိတ်ကို ခရမ်းစံအိမ် ဝိညာဉ်ကမ္ဘာထဲမှ ပြန်ဆွဲခေါ်လိုက်သည်။

ဂူဗိမာန်က ကမောက်ကမဖြစ်နေပြီး ပျက်စီးနေသော ကျောက်တုံးများက အစီအစဉ်မကျနေပြီး ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခု ပြသနေသည်။ ဂူဗိမာန်အပေါ်တွင် ဧရာမ အပေါက်ကြီးတစ်ခုဖြစ်ပေါ်သွားသည့်အတွက် ထိုအရာကို ဖြတ်သန်းပြီး ပင်လယ်ရေနှင့် ငါးများကိုပင် မြင်နေရသည်။

ထိုအရာက မူလက ခမ်းနားသော ဂူဗိမာန်ကို ပိုပြီးတော့ စိတ်ကူးယဉ်ဆန်သွားစေသည်။

သောက်ရမ်းတွေ စိတ်ကူးယဉ်ဆန်နေလိုက် …

ပဒုမ္မာကြာ နတ်ဧကရာဇ်က အငြိုးအတေးများ စတင်ဖြစ်ပေါ်လာသည်။

မကောင်းသော စွမ်းအင် များပြားနေသည်။

ရှန်ထျန်းက အသိစိတ်လွတ်သွားရာမှ ပြန်လည်နိုးထလာကာ ဂူဗိမာန်ကို စိုက်ကြည့်လိုက်သည်။

ဘာတွေဖြစ်သွားတာလဲ။ ငါ ကျင့်ကြံတာ ခဏလေးပဲ ကြာတာပါ။ ဂူဗိမာန်က ဘယ်လိုလုပ်ပြီးတော့ ပြိုလဲသွားရတာလဲ။ သန်မာတဲ့ရန်သူက ကျူးကျော်ဝင်ရောက်လာတာများလား

ရှန်ထျန်းက ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ရန်သူ အရိပ်အယောင်ကို မတွေ့ရသည့်အတွက် ပိုမို နားမလည်နိုင်ဖြစ်သွားရသည်။

“ စီနီယာ ဂူဗိမာန်က နတ်ဧကရာဇ်တွေတောင် ဖျက်စီးလို့ မရလောက်အောင်အထိ ကြံ့ခိုင်တယ် မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး အခုလို ဖြစ်သွားရတာလဲ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ငါ့ရဲ့ ဂူဗိမာန်က နတ်ဧကရာဇ်တစ်ပါး ဖျက်စီးဖို့တောင် အင်မတန်ခက်ခဲတာပေါ့။ အဲဒါက အပြင်ဘက်ကနေ တိုက်ခိုက်တဲ့ ရန်သူတွေအတွက်ပဲလေ

ဂူဗိမာန်ထဲမှာ ရောက်နေတဲ့သူကို ဘယ်လိုလုပ်ပြီးတော့ ခုခံဖို့ ဂရုစိုက်နေရမှာလဲ။ သူလျှိုနဲ့ ဘာလုပ်နိုင်မှာလဲ

မင်းရဲ့ ဓားက အားနည်းတဲ့နေရာကို တိုက်ရိုက်ထိသွားတာ … ဘယ်ကာကွယ်ရေး အစီအရင်က အဲဒါကို ကြံ့ကြံ့ခံနိုင်မှာလဲ

ငါ့ရဲ့ ဂူဗိမာန် လုံးဝ မပြိုလဲသွားတာနဲ့တင် ကံကောင်းနေပြီ ဟုတ်ပြီလား

သူက စိတ်ထဲမှာ ကျိန်စာတိုက်နေပေမဲ့ ဘာလို့ ထုတ်မပြောလိုက်ရတာလဲ

သူ မပြောနိုင်ဘူး

သူ ပေါ့ဆမိသွားလို့ ရှန်ထျန်းရဲ့ တိုက်ခိုက်မှုကို မတားဆီးလိုက်နိုင်ဘဲနဲ့ ဂူဗိမာန်ထဲမှာ ကြီးမားတဲ့ အပေါက်ကြီး ဖြစ်သွားတာလို့ ပြောလိုက်ရမှာလား

သူ့မှာလည်း ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်လေ

“ ကောင်းပြီလေ။ ငါ ဒီထက်ပိုပြီး လုပ်နိုင်တာလည်း မရှိတော့ဘူးလေ။ တိုက်တိုက်ဆိုင်ဆိုင် ပင်လယ်နက်ထဲက မြင်ကွင်းကို ကြည့်ချင်လာတာနဲ့ ဂူဗိမာန်မှာ အပေါက်ဖောက်လိုက်တာ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က လက်ယမ်းပြကာ ပြောလိုက်ရင်း တည်ငြိမ်ချင်ယောင်ဆောင်နေသည်။

ရှန်ထျန်းက မော့ကြည့်လိုက်သည့်အခါ သူ့ခေါင်းပေါ်ရှိ အပေါက်ကြီးမှတစ်ဆင့် ပင်လယ်နက်ထဲမှ မြင်ကွင်းကို မြင်နေရသည်။

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်က တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ”

ရှန်ထျန်းက သက်ပြင်းချလိုက်မိသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ တွေးတောမှုကတော့ အမြဲတမ်း ရှေ့ပြေးနေတာပဲ။ သူက “ ရေအောက် လည်ပတ်စရာနေရာ”ကိုတောင် တွေးမိတယ်

အနာဂတ်မှာ ငါ ထာဝရဘုံဗိမာန်ကျွန်းနဲ့ ဖန်းလဲ့ကျွန်းကို အမွေရပြီးရင် လည်ပတ်သူတွေအတွက် ရေအောက်ကမ္ဘာကို ဖန်တီးပေးမယ်။ လူတွေ အများကြီး ကြိုက်မှာ သေချာတယ်

ပဒုမ္မာကြာ နတ်ဧကရာဇ်က လက်ကို နောက်ပစ်ထားရင်း ဒေါသထွက်နေသည်ကိုတော့ သူ သတိမထားမိခဲ့ပေ။

“ ကဲဒါဆိုရင် မိတ်ဆွေလေးတို့ ပေးသင့်တဲ့ အမွေအနှစ်ကိုလည်း ပေးပြီးသွားပြီ။ ငါ့ရဲ့ ကျန်ရှိနေတဲ့ ဝိညာဉ်ကလည်း ပျောက်ကွယ်သွားတော့မယ်။ မင်းတို့အခု ဂူဗိမာန်ထဲကနေ ထွက်သွားပြီးတော့ ပြင်ပလောကဆီ ပြန်လို့ရပြီ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က လက်ယမ်းပြကာ ဧည့်သည်များကို နှုတ်ဆက်ချင်ယောင်ဆောင်နေသည်။ သူတို့ကို ကြာကြာနေဖို့အတွက် ခွင့်ပြုပေးနိုင်သော်လည်း ပဒုမ္မာကြာနတ်ဧကရာဇ်က စိတ်ထဲတွင် ထိတ်လန့်နေသည်။

အဲဒီကောင်လေးက နောက်ထပ် ဘာလှည့်ကွက်တွေ သုံးဦးမယ်ဆိုတာကို ဘယ်သူသိနိုင်မှာလဲ

ငါ့ရဲ့ အမွေအနှစ်အားလုံးနဲ့ နတ်ဧကရာဇ်တစ်ပိုင်း လက်နက်တွေကို ဒီကောင်လေးဆီ အကုန်ပေးပြီးသွားပြီ

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးအတွက် အဆင့်၁၂ ပဒုမ္မာကြာပန်းကိုတောင် ပေးခဲ့ရသေးတယ်

အဆုံးသတ်ကျတော့ ဘာဖြစ်သွားလဲဆိုတာကို ကြည့်လိုက်လေ။ ဒီကောင်လေးက ငါ နှစ်ပေါင်းတစ်သောင်းကြာ စုဆောင်းထားခဲ့ရတဲ့ ဝိညာဉ်ချီတွေ အကုန်လုံးကိုလည်း ယူသွားတယ်

ငါ့ရဲ့ ဒီနတ်ဧကရာဇ် ဂူဗိမာန်မှာလည်း အပေါက်ကြီးတစ်ပေါက် ဖောက်လိုက်သေးတယ်။ ပြိုလဲခါနီးအထိကို ဖြစ်သွားတာ

သူသာ ဒီထက်ကြာကြာ ထပ်နေမယ်ဆိုရင် ငါ့ရဲ့ မြေကို နေရာရွှေ့ရတော့မှာ မဟုတ်လား

ဒီကောင်လေးက ပြဿနာရှာတဲ့ နေရာမှာတော့ အရမ်းတော်တယ်

သူ့ကို အမြန်ဆုံး အဝေးပို့လိုက်တာက ပိုကောင်းပြီးတော့ ပိုလုံခြုံတယ်

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်….ကျွန်တော်ရဲ့ ဆေးပညာရပ်က အခုထိ မကောင်းမွန်သေးဘူးလို့ ခံစားရတယ်။ စီနီယာရဲ့ လမ်းညွှန်မှုတွေ ဒီထက်ပိုပြီးတော့ လိုအပ်နေသေးတယ်”

ရှန်ထျန်းက အမြန်ထွက်သွားဖို့အတွက် အလျင်မလိုပေ။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ အကျိုးသက်ရောက်မှုက ထိတ်လန့်စရာကောင်းလှသည်။

ထိုအရာက သူ၏ ခန္ဓာတည်ဆောက်ပုံနှင့် နားလည်နိုင်စွမ်းကို မတိုးမြှင့်ပေးခဲ့သော်လည်း ရှန်ထျန်းက ရွှေအမြုတေကို အောင်မြင်စွာ ခွဲကာ ကနဦးဝိညာဉ်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။

သူ၏ ချီသန့်စင်ခြင်းကျင့်စဉ်ပင် ကနဦးဝိညာဉ် ထိပ်သီးအဆင့်သို့ ရောက်ရှိသွားပြီး နတ်ဘုရား ကိုယ်ထည်မာကျင့်စဉ်က နိဗာန ထိပ်သီးနယ်ပယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သူက မိုးမြေခွဲခြမ်းခြင်း အံ့ဖွယ်စွမ်းအားကိုပင် နားလည်သွားပြီး ကောင်းမွန်သော သတ်ဖြတ်ရေးတိုက်ကွက်ကို သင်ယူနိုင်ခဲ့သည်။

ဒီတစ်ခေါက် ဖန်းလဲ့ကျွန်း ခရီးက သူ့ကို ခွန်အားတိုးတက်မှုနှင့် ပတ်သက်ပြီး အတွေ့အကြုံရအောင် လုပ်ပေးလိုက်သည်။

ထို့ကြောင့် ရှန်ထျန်းက ပဒုမ္မာကြာ နတ်ဧကရာဇ်ဆီမှ နောက်ထပ် လမ်းညွှန်မှုများ ရချင်သေးသည်။ သူ့ဆီမှ နောက်ထပ် အထွတ်အထိပ်ဆေးလုံးများ ရနိုင်သေးလားဆိုတာကိုလည်း သိချင်နေသည်။

“ ငါ့ရဲ့ ထိပ်တန်းပညာရပ်တွေအကုန်လုံးက ဒီကျမ်းနှစ်ခုထဲမှာ ရှိတယ်။ မင်းတို့နှစ်ယောက် ဖြည်းဖြည်းချင်း နားလည်အောင် လုပ်ရင် သေချာပေါက် တစ်ခုခုကို ရရှိလာလိမ့်မယ်။

အခု အားလုံးကို ပြန်ဖို့အတွက် လိုက်ပို့မယ်။ မင်းတို့အားလုံး ငါ့ရဲ့ အမွေအနှစ်ကို အမြင့်ဆုံးအထိ ယူဆောင်သွားပြီးတော့ နယ်မြေငါးခုလုံးမှာ ကျော်ကြားလာအောင် လုပ်ပေးမယ်လို့ ယုံကြည်တယ်”

ဘယ်လို …

ထိုအရာကို ကြားပြီးနောက် ရှန်ထျန်း ဆက်ပြီး နေချင်နေဆဲ ဖြစ်၏။

ပဒုမ္မာကြာ နတ်ဧကရာဇ်က မုတ်ဆိတ်ဖြူကို သပ်ကာ အထွတ်အထိပ်ကျင့်စဉ်ကို အသုံးပြုပြီး ပင်လယ်နက်နှင့် ပြင်ပလောကကို ဆက်စပ်ပေးထားသည့် စင်္ကြန်လမ်းကို ဖန်တီးလိုက်သည်။

သူ့လက်ကို ယမ်းလိုက်သည့်အခါ သူတို့နှစ်ယောက်ကို မရေတွက်နိုင်သော စည်းမျဉ်းများက လွှမ်းခြုံသွားကာ ဂူဗိမာန်ထဲမှ ပျောက်ကွယ်သွားသည်။

မင်းသမီးလင်းလုံ၏ စာချုပ်တွဲဖက် ဖြစ်သည့် ထာဝရဇာမဏီမင်းသမီးဖန်းဝူကို သူမ၏ ခန္ဓာတည်ဆောက်ပုံကြောင့် ပဒုမ္မာကြာ နတ်ဧကရာဇ်က အရင်ကတည်းက ပြန်လွှတ်လိုက်ပြီ ဖြစ်သည်။

သူတို့နှစ်ယောက် ပျောက်သွားတာသေချာမှ ပဒုမ္မာကြာနတ်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်က သက်ပြင်းချကာ ပြောလိုက်သည်

“ နောက်ဆုံးတော့ ပြန်လွှတ်လိုက်နိုင်ပြီ။ အဲဒီကောင်စုတ်လေးနဲ့ အတူရှိနေရတာ ငါ သွေးတက်တော့မလို့ပဲ ”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလိုက်သည်။ သူ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း မှေးမှိန်သွားကာ ဂူဗိမာန်ဆီမှ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပဲ ဂူဗိမာန်၏ ဘေးပတ်လည်ရှိ ကာကွယ်ရေး အစီအရင် မြင့်တက်လာကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည့် ကြောက်စရာကောင်းသော စွမ်းအားကို လွှတ်ထုတ်နေသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ထိုဂူဗိမာန်ထဲသို့ ထပ်ပြီး ဝင်လို့မရနိုင်တော့ပေ။

…………….

မြောက်ပင်လယ်အပေါ်တွင်…

ရှန်ထျန်းနှင့် လင်းလုံတို့ ရုတ်တရက် ထွက်ပေါ်လာကြသည်။ သူတို့နှစ်ယောက်လုံးက ပတ်ဝန်းကျင်ကို ကြည့်ပြီး အံ့ဩသွားကြသည်။

သူတို့ စကားမဆုံးသေးခင်မှာပင် ပဒုမ္မာကြာ နတ်ဧကရာဇ်က သူတို့ကို နှင်ထုတ်လိုက်သည်။

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်က ဘာတွေဖြစ်နေတာလဲ”

ရှန်ထျန်းက စိတ်ရှုပ်ထွေးနေသည့်အတွက် ခေါင်းကို ကုတ်လိုက်သည်။

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်က ပင်ပန်းပြီးတော့ နားချင်နေလို့ ဖြစ်ပါလိမ့်မယ်”

မင်းသမီးလင်းလုံက ပေါ့ပါးစွာ ရယ်လိုက်သည်။ ဘာတွေဖြစ်နေခဲ့မှန်း ရှန်ထျန်းက မသိသော်လည်း အရာအားလုံးကို သူမက ရှင်းလင်းစွာ မြင်လိုက်ရသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ပုံရိပ်သဏ္ဌာန်က အကြိမ်ပေါင်းများစွာ ဖျက်စီးခံလိုက်ရသည့်အတွက် အားပြန်ဖြည့်ဖို့ လိုအပ်သည်။

ဟုတ်တယ် အဲလိုပဲ ဖြစ်သင့်တယ်

ရှန်ထျန်းက ဂူဗိမာန်ကို ဖျက်စီးနိုင်တယ်ဆိုတာက သူ ဘယ်လောက်ထိ အရည်အချင်းရှိလဲဆိုတာကို ပြသနေတာပဲ

ရှန်ထျန်း၏ ခပ်ချောချာ မျက်နှာကို ကြည့်ပြီး မင်းသမီးလင်းလုံ၏ မျက်နှာက မဆီမဆိုင် နီရဲလာသည်။

သူက ဒီလောက်ထိ ပြိုင်ဘက်ကင်းနေမှတော့ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ အရေးအတွက် သူ့ကို အပိုင်ချုပ်ထားရမယ်

တကယ်လို့ ငါ့ကိုယ်ငါ စတေးရမယ်ဆိုရင်တောင်ပေါ့

ရှန်ထျန်းက ဘာကိုမှ သံသယမဝင်ဘဲ မေးစေ့ကို ပွတ်ကာ ပြောလိုက်သည်

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ်က တကယ်ကို အမြော်အမြင်ကြီးတာပဲ။

သူ ညဖက်မှာ အဲဒီအပေါက်ကြီးနဲ့ ပင်လယ်ပြင်ကြီးကို ကြည့်လို့တောင်ရတယ်။ မဆိုးပါဘူး။ ဘဝက တကယ်ကို အားကျစရာကြီး”

တစ်ဖက်တွင် ပဒုမ္မာကြာ နတ်ဧကရာဇ်က နှာချေနေသည်။

သူက နှာခေါင်းကို ပွတ်ကာ ပြောလိုက်သည်

“ ဘာတွေဖြစ်နေတာလဲ။ ငါ အသက်ကြီးလာလို့များလား”

ဝိညာဉ်အကြွင်းအကျန်က တကယ် နှာချေနိုင်လားဆိုတာကိုတော့ ဘယ်သူသိမှာလဲ

“ အစ်ကိုရှန်ဆီမှာ နောက်ထပ် ဘာအစီအစဉ်တွေ ရှိသေးလဲဟင်”

သူတို့ ဂူဗိမာန်ထဲမှ ထွက်လာပြီးပြီဖြစ်သည့်အတွက် စွန့်စားခရီးက ပြီးခါနီးပြီဟု ပြောလို့ရသည်။ သူနှင့် ခွဲခြားပြီးပါက သူ၏ ဆွဲဆောင်မှု ရှိသော ဒီမျက်နှာကို ထပ်ပြီး မမြင်ရတော့ဘူးဟု တွေးလိုက်သည့်အခါ မင်းသမီးလင်းလုံ၏ နှလုံးသားထဲတွင် တွေဝေမှုတို့ဖြင့် ပြည့်နှက်သွားသည်။

“ ပုံမှန်ဆိုရင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ပြန်ဖို့ အချိန်ရောက်ပြီ”

ရှန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။ သူ့ရဲ့ ကံကြမ္မာက ပြန်လည်မကောင်းမွန်သေးသည့်အတွက် သေချာပုန်းကွယ်ပြီးနေရမည် ဖြစ်သည်။

အကောင်းဆုံး လုပ်ရမည့်အရာက ချစ်စရာကောင်းသော ဂျူနီယာများကို ရှာဖွေခြင်း ဖြစ်လိမ့်မည်။

ငါ့ရဲ့ ကံကြမ္မာကောင်း မရှိတော့ ငါ နည်းနည်းတော့ ကြောက်မိတယ်။

“ အစ်ကိုရှန်ထျန်း လင်းလုံနဲ့အတူ အလယ်ပိုင်းကုန်းမြေကို လိုက်ခဲ့ပါလားဟင်။

ကျွန်မတို့ရဲ့ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က အစ်ကိုရှန်ထျန်းကို သေချာပေါက် ကြိုဆိုမှာပါ။ ကျွန်မရဲ့အဖေကလည်း အစ်ကိုကို ကြိုဆိုဖို့အတွက် အရမ်းပျော်နေမှာ”

မင်းသမီးလင်းလုံက ရှန်ထျန်းကို ဧည့်သည်အဖြစ် လိုက်လည်ဖို့ဖိတ်ခေါ်ရင်း မျက်နှာ အနည်းငယ်နီရဲနေသည်။

ငါက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်အတွက် အစ်ကိုရှန်ထျန်းကို အပိုင်ချုပ်ဖို့ ကြိုးစားနေတာ

အစ်ကိုရှန်ထျန်းက ရုပ်ချောလို့ လုံးဝ မဟုတ်ဘူးနော်

ငါ သူ့ဘေးမှာနေချင်လို့လည်း လုံးဝ မဟုတ်ဘူးနော်

အားလုံးက တိုင်းပြည်အတွက်ပဲ

ထိုအချိန်တွင် ကောင်းကင် ကွဲထွက်ကာ ပွင့်သွားသည်။

အဆုံးမဲ့လျှပ်စီးကြောင်းများကြောင့် အာကာပြင် စုတ်ဖြဲခံလိုက်ရပြီး လေဟာနယ်မုခ်ဝကို ဖြစ်ပေါ်သွားစေပြီး ထိုမုခ်ဝထဲမှ ပုံရိပ်အချို့ လမ်းလျှောက်ထွက်လာကြသည်။

ခေါင်းဆောင်လာသူက တခြားသူ မဟုတ်ဘဲ မိုးကြိုးအရှိန်အဝါ လွှမ်းခြုံနေသည့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ပင် ဖြစ်၏။

သူ့ဘေးတွင် ခရမ်းရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် ကြာပြာ ကောင်းကင်အသျှင် ရှိနေသည်။

သူတို့၏ နောက်တွင် ကျန်းယွင်ရှီး၊ ကျန်းယွင်ထင်၊ ဖန်ချန်း၊ ကျောက်ဟောင်၊ ကွေ့ကုန်းကုန်းနှင့် တခြားသူများ ပါဝင်သည်။ သူတို့က ရှန်ထျန်း၏ မိတ်ဆွေများ ဖြစ်ကြသည်။

သူတို့ ရှန်ထျန်းအကြောင်းကို ကြားသည့်အခါ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဆီ အပြေးလာခဲ့ကြသည်။

“ ဆရာ”

ရှန်ထျန်း အပျော်လွန်သွားသည်။ သူ့အနေဖြင့် အထွတ်အမြတ်မြေကို ပြန်ဖို့အတွက် ကိုယ့်ဘာသာ လမ်းရှာစရာ မလိုတော့ပေ။

“ ထျန်းအာ အဆင်ပြေရဲ့လား”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှန်ထျန်းကို စိုက်ကြည့်ကာ မိုးကြိုးအရှိန်အဝါများက လှုပ်ခတ်နေသည်။

“ ဂိုဏ်းတူမောင်လေး အဆင်ပြေရဲ့လား”

ကျန်းယွင်ရှီးက ရှန်ထျန်းကို စိုးရိမ်စွာဖြင့် စိုက်ကြည့်လိုက်သည်။

တခြားသူများကလည်း သူ့ကို သာကြောင်းမာကြောင်းမေးဖို့အတွက် ဝိုင်းအုံလာကြသည်။

“ ဂိုဏ်းတူညီလေး အဆင်ပြေရဲ့လား”

“ဂိုဏ်းတူအစ်ကို အဆင်ပြေရဲ့လားဟင်”

“ အစ်ကိုရှန် အဆင်ပြေရဲ့လား”

“ အဟမ်း အားလုံးပဲ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် အဆင်ပြေပါတယ်”

လူအုပ်၏နောက်တွင် လူအုပ်ဝန်းရံနေသော ရှန်ထျန်းကို မြင်ပြီး ကွေ့ကုန်းကုန်း မျက်ရည်များ စီးကျလာမိသည်။

ထို့နောက် သူ့ဘာသာသူ ရေရွတ်လိုက်သည်

“ သူ့ကို ကောင်းကင်ဘုံကနေ ကာကွယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ကိုယ်လုပ်တော်လန်။ အရှင့်သား အဆင်ပြေသွားပါပြီ။

အရှင့်သားအကြောင်းကို ကြားတော့ အားလုံးက သူ့ကို ကူညီပြီး ရှာပေးဖို့အတွက် အထွတ်အမြတ်မြေဆီကို ပြန်လာခဲ့တယ်။ အဲဒါက တကယ်ကို ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုပဲ။

အရှင့်သားက သူ့မိတ်ဆွေတွေရဲ့ ချစ်ခြင်းတွေ၊ လေးစားခြင်းတွေကို ခံယူရတယ်။ ကိုယ်လုပ်တော်လန် အခု ဘယ်နေရာမှာပဲ ရောက်နေပါစေ သေချာပေါက် ပြုံးနေမှာပဲ”

ရှန်ထျန်းဘေးနားတွင် ဝိုင်းရံနေသော ပါရမီရှင်များနှင့် မတူဘဲ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပိုပြီးတော့ ကျိုးကြောင်းစဉ်းစားတတ်သည်။

သူက ရှန်ထျန်းကို ကြည့်ရင်း မိုးကြိုးအရှိန်အဝါက တုန်လှုပ်နေကော ပြောလိုက်သည်

“ မင်း အဆင်ပြေလို့ တော်သေးတာပေါ့။

ထျန်းအာ မင်းက ကံကြမ္မာသားတော်ဖြစ်ပြီးတော့ ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးဆိုတာကို သိနေတယ်။

အခု ဂိုဏ်းချုပ် အမှတ်အသားပြားသုံးပြီးတော့ မင်းရဲ့တည်နေရာကို ခြေရာခံကြည့်ဖို့လုပ်ပေမဲ့ မလုပ်နိုင်ဘူး ဖြစ်နေသည်။ မင်း ထပ်ပြီးတော့ ထူးခြားတဲ့ ဆန်းကြယ်နယ်မြေထဲကို ဝင်ခဲ့တာလား။ မင်းရဲ့ လေ့ကျင့်မှုက ဘယ်လိုနေလဲ”

သူ့ ခန္ဓာကိုယ်ပတ်လည်ရှိ မိုးကြိုးအရှိန်အဝါ တုန်ခါမှုက ပိုမိုသိသာလာသည့်အတွက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ ဆရာ…သိပ်မကြာခင်တုန်းက မင်းသမီးလင်းလုံနဲ့အတူ ဖန်းလဲ့ကျွန်းကို ရှာတွေ့ခဲ့တာ။

ပဒုမ္မာကြာနတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ကိုလည်း တွေ့ခဲ့ပြီးတော့ ပဒုမ္မာကြာနတ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရယူနိုင်ဖို့ စစ်ဆေးတာလည်း အောင်မြင်ခဲ့တယ်”

ကြာပြာ ကောင်းကင်အသျှင်၏ အကြည့်တို့ တောက်ပသွားကာ ပြောလိုက်သည်

“ ဖန်းလဲ့ကျွန်းတဲ့လား။ နံပါတ်တစ် ဆေးပညာရှင် နတ်ဧကရာဇ် ကျင့်ကြံခဲ့တယ်ဆိုတဲ့နေရာမလား”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဟုတ်ပါတယ် ဆရာဦးလေး”

“ ဒါဆိုရင် ငါတို့ရှေ့မှာ ရှိနေတဲ့ ကျွန်းက ဒဏ္ဍာရီလာ ဖန်းလဲ့ကျွန်းပေါ့”

ကြာပြာ ကောင်းကင်အသျှင်၏ အကြည့်တို့ စူးရှသွားသည်။ သိပ်သည်းသော မြူခိုးများ ဖုံးအုပ်နေသည့် ဖန်းလဲ့ကျွန်းကို သိပ်မဝေးသော နေရာတွင် မြင်နေရသည်။

ဖန်းလဲ့ကျွန်းက ဘာကိုဆိုလိုလဲဆိုတာကို သူ ကောင်းကောင်းသိသည်။

ထိုနေရာက နံပါတ်တစ် ဆေးပညာရှင်နတ်ဧကရာဇ်၏ အမွေအနှစ်မြေ ဖြစ်ပြီး များပြားသော အဖိုးတန်ဆေးပင်များနှင့် ပြည့်နှက်နေမှာ သေချာသည်။

ဒီအတောအတွင်း ကြာပြာ ကောင်းကင်အသျှင်၏ ကျင့်ကြံခြင်း အရင်းအမြစ်များ ကုန်ဆုံးသွားခဲ့ရသည်။ သူက အရင်းအမြစ်များကို ပြန်လည်ဖြည့်တင်းဖို့အတွက် နေရာမရှိမှာကို စိုးရိမ်နေခဲ့သည်။

ဖန်းလဲ့ကျွန်းက နေရာကောင်းတစ်ခု မဟုတ်လား

စိတ်လှုပ်ရှားနေသော ကြာပြာ ကောင်းကင်အသျှင်ကိုကြည့်ပြီး ရှန်ထျန်းက ခေါင်းယမ်းပြကာ ရှင်းပြလိုက်သည်

“ ဆရာဦးလေး ဖန်းလဲ့ကျွန်းက စွန့်ပစ်ခံထားရတာ။ အဲဒီမှာ ဘာရတနာမှ မကျန်တော့ဘူး”

ကြာပြာ ကောင်းကင်အသျှင်က မရေတွက်နိုင်သော ရတနာများကို ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး သူ့နှလုံးသားထဲတွင် နောင်တတို့ဖြင့် ပြည့်နှက်နေသည်။

သို့သော် သူ တစ်စုံတစ်ခုကို စဉ်းစားမိပြီး အလျင်အမြန်မေးလိုက်သည်

“ ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ကရော ဘယ်လိုလဲ။ ဂူဗိမာန်ထဲမှာ ကောင်းတာလေးတွေ ရှိလား”

ရှန်ထျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်

“ ဂူဗိမာန်က ပင်လယ်ထဲ ပေပေါင်းသန်းချီနက်တဲ့ နေရာမှာရှိနေတာ ဒါပေမဲ့…”

ရှန်ထျန်း၏ စကားမဆုံးသေးခင် ကြာပြာ ကောင်းကင်အသျှင်က နဂါးတစ်ကောင်လိုမျိုး ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားသည်။ သူ့အရှိန်က အရမ်းမြန်သည့်အတွက် တခြားသူများကို ကြောင်အသွားစေသည်။

ရှန်ထျန်း ဘာလုပ်ရမယ်မှန်းမသိတော့ပေ။

ကျွန်တော်ပြောတာလေးကို အရင်နားထောင်ပေးလို့ မရဘူးလား

ဟင်း…ခင်ဗျားရဲ့ ကံဆိုးမှုနဲ့ဆိုရင်တော့ ဂူဗိမာန်ဆီသွားလည်း ကောင်းတဲ့အရာတွေ ကျန်မှာ မဟုတ်ဘူး

တစ်ဖက်တွင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဂူဗိမာန်ကို သွားရောက်ဖို့အတွက် အလျင်မလိုပေ။

သူက ယခင်ကထက် အဆပေါင်းများစွာ အားကောင်းနေသည့် ရှန်ထျန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါကို အာရုံခံလိုက်မိပြီး မိုးကြိုးအရှိန်အဝါ သိမ်မွေ့စွာ လှုပ်ခတ်သွားသည်။

ငါ မှန်တယ်….ထျန်းအာက ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုကို ရခဲ့တာပဲ

ငါ့တပည့် ရှန်ထျန်းက ထာဝရအရှင်ဘုရင် ဖြစ်လာဖို့အတွက် အလားအလာ ရှိတယ်

ဟား…ဟား…ဟား….

All Chapters