← Chapters

မယ်တော်ကြီးရှဲ့၏ လူဝယ်နည်း

Vol. 11 Ch. 173

မယ်တော်ကြီးရှဲ့၏ လူဝယ်နည်း

Vol. 11 Ch. 173

နဉ်ရှောင်ယောင်းသည် စုတ်တံကို လှည့်ကစားရင်း အားမင်ဟုခေါ်သော ငန်းရိုင်းကြီးကို မေးလိုက်သည်။

"ဒါဆို မြောက်ဘက်ကို တောက်လျှောက်သွားရမှာ ဘယ်လောက်ကြာမလဲ။"

အားမင်က ဖြေလိုက်သည်။

"အရမ်းကြာတယ်ကွ။"

နဉ်ရှောင်ယောင်းက မေးပြန်သည်။

"အဲဒီ 'အရမ်းကြာတယ်' ဆိုတာ ဘယ်လောက်ကြာတာလဲ။"

အားမင်က ဖြေလိုက်ပြန်သည်။

"အရမ်းကြာတယ်ဆိုတာ အချိန်အကြာကြီးလို့ ပြောတာပေါ့။"

နဉ်ရှောင်ယောင်း "..."

သူနဲ့ စကားပြောရတာ တကယ်ခက်တာပဲ။

အားမင်သည် ခေါင်းငုံ့ပြီး ပန်းကန်ထဲမှ ဆန်လှော်အနည်းငယ်ကို ကောက်စားလိုက်သည်။ ထို့နောက် နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"ရှောင်ယောင်း၊ ဒီဟာတွေ အများကြီးစားရင် ဝမ်းချုပ်တတ်တယ်။"

"ဟင်..."

နဉ်ရှောင်ယောင်း၏အာရုံသည် ချက်ချင်း လွင့်ပါသွားသည်။

"မင်းတို့ ငန်းရိုင်းတွေလည်း ဝမ်းချုပ်တတ်တာလား။"

လောင်တသည် နဉ်ရှောင်ယောင်း၏လက်ကို လက်သည်းဖြင့် ကုတ်လိုက်ပြီး အော်ပြောလိုက်သည်။

"စစ်သေနာပတိချုပ်ရဲ့ အစ်ကိုကြီး! စစ်သေနာပတိချုပ်ရဲ့ အစ်ကိုကြီး! စစ်သေနာပတိချုပ်ရဲ့ အစ်ကိုကြီး!"

"အရမ်းစိတ်မလှုပ်ရှားနေနဲ့။"

အားမင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"စစ်သေနာပတိချုပ်ရဲ့ အစ်ကိုကြီး ဘယ်မှာရှိလဲဆိုတာ သိရင်တောင် မင်းတို့ အခုသွားကယ်လို့မှ မရတာ။"

နဉ်ရှောင်ယောင်းက မေးလိုက်သည်။

"ဘာလို့လဲ။"

အားမင် ခေါင်းမော့လိုက်သည်။

"ငါက နယ်စပ်ကလာတဲ့ ငန်းရိုင်းလေ။"

နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။ ကောင်းပြီလေ၊ ဒါဆို သူက နိုင်ငံခြားငှက်ပေါ့။

အားမင် ငါးပိကောင်လေးတစ်ကောင်ကို ထပ်စားလိုက်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"ငန်တာတွေ အရမ်းစားရင်လည်း မကောင်းဘူး၊ အမွှေးကျွတ်တတ်တယ်။"

"မင်းက ဘာကိစ္စ စကားတွေ ဒီလောက်များနေရတာလဲ။ မြောင်!"

လောင်တသည် စိတ်ရှုပ်လာသဖြင့် ထိုငန်းရိုင်းကြီးကို ကိုက်သတ်ချင်စိတ် ပေါက်လာသည်။

နဉ်ရှောင်ယောင်းသည် လောင်တကို ရင်ခွင်ထဲထည့်ပြီး ဖိထားလိုက်ကာ အားမင်ကို မေးလိုက်သည်။

"အားမင်ရေ၊ အဲဒီကျွန်က စစ်သေနာပတိချုပ်ရဲ့ အစ်ကိုကြီးဆိုတာ သေချာလို့လား။"

"မြောက်ပိုင်းဟူ တိုင်းပြည်ရဲ့ ဝံပုလွေဘုရင်က သူ့ကို 'လိုကျင်း' လို့ ခေါ်တာ ငါကြားလိုက်တယ်။"

"လိုကျင်းက ဘယ်သူလဲ။"

နဉ်ရှောင်ယောင်း စဉ်းစားမနေဘဲ မေးလိုက်သည်။

ပန်းခြံငယ်လေးထဲတွင် ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။ တိရိစ္ဆာန်လေးများအားလုံး နဉ်ရှောင်ယောင်းကို ဝိုင်းကြည့်နေကြသည်။

ဒီတစ်ခါတော့ လောင်တ လက်သည်းမထုတ်တော့ဘဲ တန်းကိုက်ရန် ပြင်လိုက်သည်။ သို့သော် နဉ်ရှောင်ယောင်းက ခေါင်းကို ရိုက်လိုက်သဖြင့် လောင်တ အော်ဟစ်လိုက်သည်။

"လိုကျင်းဆိုတာ စစ်သေနာပတိချုပ်ရဲ့ အစ်ကိုကြီးပေါ့၊ ငတုံးမရဲ့!"

အ,သွားမှန်း သိလိုက်ရသော နဉ်ရှောင်ယောင်းသည် ရှက်ရမ်းရမ်းကာ လောင်တကို ပြန်အော်လိုက်သည်။

"ငါ့ဘာသာ စဉ်းစားလို့ရတယ်၊ မင်း လာပြောစရာ မလိုဘူး!"

လောင်တ နဉ်ရှောင်ယောင်းနှင့် စကားဆက်မပြောချင်တော့ပေ။

အားမင်က အဘိုးစာကလေးကို တိုးတိုးလေး မေးလိုက်သည်။

"သူက လိုကျင်းကို တကယ်ပြန်ကယ်နိုင်မယ်လို့ ခင်ဗျားတို့ ယုံကြည်ကြတာလား။"

အဘိုးစာကလေးသည် ခေါင်းညိတ်ပြီး ယုံကြည်ပါတယ်လို့ပြောဖို့ သတ္တိမရှိမှန်း သတိထားမိလိုက်သည်။

"ဟေး... ဟေး..."

စိတ်ထိခိုက်သွားသော နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"မင်းတို့ပြောတာ ငါကြားတယ်နော်။"

အားမင် ခေါင်းငုံ့ပြီး ငါးပိကောင် ဆက်စားနေလိုက်သည်။

အဘိုးစာကလေးက မေးလိုက်သည်။

"ရှောင်ယောင်း၊ မင်း ဘယ်လိုလုပ်မလဲ။"

နဉ်ရှောင်ယောင်းသည် စာရွက်ဖြူကို ခေါက်ပြီး အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။

"အချိန်ရရင် ငါ နယ်စပ်ဘက် တစ်ခေါက်လောက် သွားလိုက်မယ်။ နယ်စပ်က လူတွေက ဝံပုလွေဖြူတောင်ကြား ဘယ်မှာရှိလဲဆိုတာ မပြောပြရင် နယ်စပ်က တိရိစ္ဆာန်လေးတွေကို မေးကြည့်တာပေါ့။"

အားမင်က ပြောလိုက်သည်။

"အဲဒါ ကောင်းတယ်။"

နဉ်ရှောင်ယောင်း ရင်ဘတ်ကို ပုတ်လိုက်သည်။

"ငါက ယုံကြည်အားထားလို့ရတဲ့သူဆိုတာ မင်းတို့ကို သက်သေပြပါ့မယ်။"

"လေကြီးမနေပါနဲ့။"

လောင်တက နဉ်ရှောင်ယောင်းကို မျက်စောင်းထိုးကြည့်ကာ ပြောလိုက်သည်။

"မင်း ထွက်သွားမယ့်ရက်ကို အရင်ဆုံးဖြတ်လိုက်။ ရှဲ့ဝမ်ယွမ်ဆိုတဲ့ ဘေးဆိုးကြီးကို မသတ်ရသေးဘဲနဲ့ မင်းက နယ်စပ်ကို စိတ်ချလက်ချ သွားနိုင်မှာမို့လို့လား။"

နဉ်ရှောင်ယောင်း ခေါင်းကို အုပ်လိုက်မိသည်။ ဟုတ်သားပဲ၊ ဒါက ပြဿနာပဲ။ ရှဲ့အဘိုးကြီးကို မသတ်ရသေးဘဲ ငါဘယ်လိုလုပ် စိတ်ချလက်ချ ထွက်သွားနိုင်မှာလဲ။

"လူလာနေတယ်။"

ကံ့ကော်ပင်အကိုင်းပေါ်မှ စာကလေးတစ်ကောင် လှမ်းအော်ပြောလိုက်သည်။

နဉ်ရှောင်ယောင်း မော့ကြည့်လိုက်ရာ ယင်းတျန့် သူမရှိရာသို့ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

ယင်းတျန့်သည် ပန်းခြံငယ်လေးထဲ ရောက်သည်နှင့် နဉ်ရှောင်ယောင်းရှေ့တွင် ရပ်နေသော ငန်းရိုင်းကြီးကို တွေ့လိုက်ရသဖြင့် ကြောင်အသွားသည်။ ဒါက အိမ်မှာမွေးလို့ရတဲ့ ငှက်မဟုတ်ဘူးလေ။

"ရှောင်တျန့်... ရှောင်ထောင်ဟွားကိစ္စ ဘယ်လိုဖြစ်သွားလဲ။"

ယင်းတျန့် သတိပြန်ဝင်လာပြီး နဉ်ရှောင်ယောင်းရှေ့သို့ လျှောက်လာကာ ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး ရှောင်ထောင်ဟွားကို မယ်တော်ကြီးနန်းဆောင်ကို ပို့လိုက်ပါပြီ။"

"သာ့ဖုန်းရော။"

နဉ်ရှောင်ယောင်းက ယင်းဖုန်းကို စိတ်ပူစွာ မေးလိုက်သည်။

"အစ်ကိုကြီးက နန်းတော်တံခါးဝကို သွားပါတယ်။ ကြည့်ရတာ အစ်ကိုကြီး ဘာမှမဖြစ်ပါဘူး။"

"သူက မင်းကို ငိုပြမယ်များ ထင်နေတာလား။"

ယင်းတျန့် ပြောစရာစကား မရှိတော့ပေ။

"အမယ်လေး..."

နဉ်ရှောင်ယောင်း စိတ်ညစ်စွာ ညည်းတွားလိုက်သည်။

"ငါ စိတ်ပူရတဲ့ကိစ္စတွေက များလိုက်တာ။"

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဘာလုပ်ပေးရမလဲ။"

"သာ့ဖုန်းအတွက် မိန်းမရှာပေး။"

နဉ်ရှောင်ယောင်းက ချက်ချင်း ပြောလိုက်သည်။

ယင်းတျန့်တစ်ယောက် ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။ ဒီကိစ္စတော့ သူ မကူညီနိုင်ဘူး။ ကိုယ့်ဘာသာတောင် မိန်းမမရှာနိုင်သေးတာ သူများအတွက် ဘယ်လိုရှာပေးရမှာလဲ။

"ရှောင်တျန့်၊ ဝံပုလွေဖြူတောင်ကြားဆိုတာ ကြားဖူးလား။"

နဉ်ရှောင်ယောင်းက ရုတ်တရက် မေးလိုက်ပြန်သည်။

ယင်းတျန့် ခေါင်းခါလိုက်သည်။

"အရှင်မင်းကြီး၊ အဲဒါ ဘယ်နေရာလဲ။"

နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။

"မြောက်ပိုင်းဟူ ဘုရင်ရဲ့ အမဲလိုက်ကွင်းပြင်လေ။"

ယင်းတျန့် ခေါင်းကုတ်လိုက်သည်။ အရှင်မင်းကြီးက ဘာကိစ္စ မြောက်ပိုင်းဟူ ဘုရင်ရဲ့ အမဲလိုက်ကွင်းပြင်ကို စိတ်ဝင်စားနေရတာလဲ။

.......

ထိုအချိန်တွင် မယ်တော်ကြီးနန်းဆောင်၌ ရှောင်ထောင်ဟွားသည် မယ်တော်ကြီးရှဲ့ရှေ့တွင် ဒူးထောက်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။

မယ်တော်ကြီးရှဲ့သည် ရှောင်ထောင်ဟွားကို အကဲခတ်ကြည့်လိုက်သည်။ ဒီကောင်မလေးက မျက်လုံးတွေက ရီဝေဝေ၊ ခါးလေးက သေးကျဉ်ကျဉ်နဲ့... ယင်းဖုန်းက မျက်လုံးကန်းနေတာလား။ ဒီလိုအလှလေးကိုတောင် မကြိုက်ဘူးတဲ့လား။

ရှောင်ထောင်ဟွားသည် ခဏမျှ ဒူးထောက်ပြီးနောက် ငိုယိုကာ မယ်တော်ကြီးရှဲ့ကို ဦးခိုက်လိုက်သည်။

"မယ်တော်ကြီး၊ အသက်ချမ်းသာပေးပါ။ ကျွန်တော်မျိုးမ ဘယ်နေရာမှာ အမှားလုပ်မိလဲဆိုတာ တကယ်မသိပါဘူး။"

"အေးလေ၊ အိုက်ကျားလည်း စဉ်းစားမရဘူး။ မင်း ဘယ်နေရာမှာ အမှားလုပ်မိလို့ အရှင်မင်းကြီးက ရိပ်မိသွားတာလဲ။"

မယ်တော်ကြီးရှဲ့က လက်ကာပြပြီး ရှောင်ထောင်ဟွားကို ထခိုင်းလိုက်သည်။

မယ်တော်ကြီးရှဲ့ ထခိုင်းသည်ကို မြင်သောအခါ ရှောင်ထောင်ဟွား၏ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်သမ်းလာသည်။ မယ်တော်ကြီးက သူမအသက်ကို မလိုချင်ဘူးလား။

မယ်တော်ကြီးရှဲ့၏မျက်နှာထားသည် ၈ပုံက ကူရာမဲ့နေပြီး၊ ၂ပုံခန့် ဝမ်းနည်းနေသည်။ ထိုက်ဟွာနန်းဆောင်တွင် နဉ်ရှောင်ယောင်းနှင့် တွေ့စဉ်ကနှင့် လုံးဝကွာခြားနေသည်။

"မင်း သွားတော့။"

မယ်တော်ကြီးရှဲ့က ရှောင်ထောင်ဟွားကို ပြောလိုက်သည်။

"အိုက်ကျား မင်းရဲ့အသက်ကို မလိုချင်ပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးကတော့ ပြောလို့မရဘူး။"

"မယ်... မယ်တော်ကြီး။"

ရှောင်ထောင်ဟွား စကားထစ်သွားသည်။

"မင်းလည်း အရာရှိမျိုးရိုးက ဆင်းသက်လာတာပဲ။ နန်းတော်အပြင်ရောက်ရင် မင်းမှာ အားကိုးစရာ ရှိမှာပါ။ အရှင်မင်းကြီးက မင်းနာမည် ရှောင်ထောင်ဟွားဆိုတာလောက်ပဲ သိတာ။ မင်းရဲ့နောက်ကြောင်းကို အရှင်မင်းကြီး စုံစမ်းလို့မရအောင် အိုက်ကျား အာမခံတယ်။"

ရှောင်ထောင်ဟွား မယ်တော်ကြီးရှဲ့ကို ထပ်မံဒူးထောက်လိုက်ပြန်သည်။

"သွားတော့။ နန်းတော်ထဲမှာ အိပ်မက်ဆိုးတစ်ခု မက်ခဲ့တယ်လို့ သဘောထားလိုက်။ နန်းတော်အပြင်ရောက်ရင် မင်းရဲ့ ဖူးစာရှင်ကို သွားရှာချေ။"

မားမားတစ်ဦးက အထုပ်တစ်ထုပ် ယူလာပေးသည်။

"ဒါ အိုက်ကျား မင်းကို ဆုချတာ။"

မယ်တော်ကြီးရှဲ့က ရှောင်ထောင်ဟွားကို ပြောလိုက်သည်။

"မင်းတစ်သက်လုံး သုံးဖို့ လောက်ပါတယ်။"

ရှောင်ထောင်ဟွားသည် မယ်တော်ကြီးရှဲ့ကို သုံးကြိမ်တိုင်တိုင် ဦးခိုက်လိုက်သည်။

"သွားတော့။"

မယ်တော်ကြီးရှဲ့က တိုးတိုးလေး ပြောလိုက်သည်။

"အိုက်ကျား မင်းကို ကာကွယ်ပေးနိုင်တုန်း အမြန်သွားချေ။"

မားမားသည် အထုပ်ကို ရှောင်ထောင်ဟွားလက်ထဲ ထည့်ပေးပြီး ရှောင်ထောင်ဟွားကို နန်းဆောင်အပြင်ဘက်သို့ ခေါ်ထုတ်သွားလေသည်။

နန်းဆောင်ထဲရှိ အစေခံများသည် ရှောင်ထောင်ဟွား ငိုယိုထွက်ခွာသွားသည်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိကြသည်။ တကယ်လို့များ တစ်နေ့ကျရင် အရှင်မင်းကြီးက မယ်တော်ကြီးကို သတ်ချင်လာရင် သူတို့တွေ ဘယ်လိုလုပ်ကြမလဲ။

....

ထိုအချိန်တွင် လိုကျစ်ကွေ့သည် နန်းတော်တံခါးဝတွင် မြင်းပေါ်မှဆင်းလိုက်သည်။ စစ်မြင်းနီလေး၏ ဇက်ကြိုးကို လာကြိုသော နဂါးအစောင့်ထံပေးလိုက်ပြီး လိုကျစ်ကွေ့နန်းတော်ထဲသို့ ဝင်သွားလိုက်သည်။

မားမားသည် ရှောင်ထောင်ဟွားကို ဘေးပေါက်မှ ခေါ်ထုတ်လာရင်း ပြောလိုက်သည်။

"ဒီတစ်ခါတော့ နင့်ဘိုးဘေးတွေက ကောင်းမှုကုသိုလ် ပြုခဲ့လို့ နင့်အသက်ကို ကယ်ပေးလိုက်တာပဲ။ နန်းတော်အပြင်ရောက်ရင် ကိုယ့်ဘာသာကိုယ် ဂရုစိုက်တော့။"

ရှောင်ထောင်ဟွား စကားမပြောဘဲ ခေါင်းညိတ်လိုက်သည်။

"မယ်တော်ကြီးရဲ့ ကျေးဇူးတရားကို မှတ်ထားနော်။"

မားမားက ထပ်ပြောလိုက်သည်။

"ဟုတ်ကဲ့။"

ရှောင်ထောင်ဟွား ပြန်ဖြေလိုက်သည်။

ပါးစပ်ကသာ ပြန်ဖြေနေသော်လည်း မျက်နှာပေါ်တွင် ကျေးဇူးမတင်ကြောင်း ပေါ်လွင်နေသည်။ သို့သော် ရှောင်ထောင်ဟွား စိတ်ထဲတွင် သိနေသည်မှာ သူမသာ မယ်တော်ကြီးအတွက် အလုပ်မလုပ်ပေးခဲ့လျှင် ဒီနေ့ ဒီလိုအဖြစ်မျိုး ကြုံရမှာ မဟုတ်ပေ။

အမှောင်ထဲတွင် ပုန်းနေသော နဂါးအစောင့်တပ်သားတစ်ဦးသည် မားမားနှင့် ရှောင်ထောင်ဟွား ဝေးရာသို့ ထွက်ခွာသွားသည်ကို မြင်သောအခါ လှည့်ပြီး ထိုက်ဟွာနန်းဆောင်သို့ ပြေးသွားလေသည်။

ထိုအချိန်တွင် လိုကျစ်ကွေ့သည် နန်းတော်တံခါးဝတွင် ယင်းဖုန်းကို တွေ့လိုက်ရသည်။ လက်ကာပြပြီး ယင်းဖုန်းကို သူ့နောက်လိုက်ခဲ့ရန် ခေါ်လိုက်သည်။ လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။

"ရှောင်ထောင်ဟွားက မယ်တော်ကြီးရဲ့ လူပဲ။ အရှင်မင်းကြီးက မင်းကို ဘယ်လိုပြောရမလဲ မသိဖြစ်နေလို့ ငါပဲ မင်းကို ပြောပြလိုက်မယ်။"

ယင်းဖုန်း မျက်နှာထားမပြောင်းလဲဘဲ ပြောလိုက်သည်။

"စောစောက မယ်တော်ကြီး သူ့ကိုခေါ်ပြီး ထိုက်ဟွာနန်းဆောင်မှာ ပြဿနာလာရှာတုန်းက သူ့ဘယ်သူလဲဆိုတာ ကျွန်တော် သိလိုက်ရပါပြီ။ အရှင်မင်းကြီး ကျွန်တော့်ကို ပြောပြပြီးပါပြီ။"

လိုကျစ်ကွေ့ ခြေလှမ်းရပ်တန့်သွားသည်။

"ပြဿနာလာရှာတယ် ဟုတ်လား။"

ယင်းဖုန်းသည် ထိုက်ဟွာနန်းဆောင်တွင် ဖြစ်ပျက်ခဲ့သမျှကို လိုကျစ်ကွေ့အား ပြောပြလိုက်သည်။

လက်ရှိမယ်တော်ကြီးကို လူရှေ့သူရှေ့ ဆဲဆိုလို့မရသဖြင့် ယင်းဖုန်း ပြောပြသည်ကို နားထောင်ပြီးနောက် လိုကျစ်ကွေ့ အေးစက်စွာ ရယ်မောလိုက်သည်။

ယင်းဖုန်းက ပြောလိုက်သည်။

"ကျွန်တော့်အမှားပါ။ ကျွန်တော် အဲဒီနန်းတွင်းအပျိုတော်နဲ့ ခဏခဏ တွေ့ဖြစ်ပေမယ့် သူ့ရဲ့ မူမမှန်တာကို မရိပ်မိခဲ့ဘူး။"

လိုကျစ်ကွေ့က မေးလိုက်သည်။

"အဲဒီအပျိုတော်က မင်းဆီကနေ အရှင်မင်းကြီးအကြောင်း စုံစမ်းလား။"

ယင်းဖုန်း ခေါင်းခါလိုက်သည်။

"မစုံစမ်းပါဘူး။ တစ်ခါမှ မစုံစမ်းပါဘူး။"

"သူ့မှာ ဟာကွက်မရှိတော့ မင်းမရိပ်မိတာ ပုံမှန်ပါပဲ။"

လိုကျစ်ကွေ့က ပြောလိုက်သည်။

"မတွေးနဲ့တော့။ မိန်းကလေးတစ်ယောက်ပဲလေ။"

ယင်းဖုန်း ခေါင်းညိတ်လိုက်သည်။

သူတို့အဖွဲ့ ထိုက်ဟွာနန်းဆောင်ရှေ့သို့ ရောက်သောအခါ မယ်တော်ကြီးနန်းဆောင်ဘက်မှ ပြေးလာသော နဂါးအစောင့်တပ်သားတစ်ဦးကို တွေ့လိုက်ရသည်။

လိုကျစ်ကွေ့သည် ထိုက်ဟွာနန်းဆောင်ရှေ့ လှေကားထစ်များအောက်တွင် ရပ်လိုက်ပြီး နဂါးအစောင့်တပ်သား ရောက်လာသည်ကို စောင့်လိုက်သည်။ ထို့နောက် တိုးတိုးလေး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ။"

ထိုနဂါးအစောင့်တပ်သားသည် ယင်းဖုန်းကို တစ်ချက်ကြည့်ပြီး လိုကျစ်ကွေ့ကို လျှောက်တင်လိုက်သည်။

"မယ်တော်ကြီးက မားမားတစ်ယောက်ကို ရှောင်ထောင်ဟွားကို နန်းတော်အပြင် ပို့ခိုင်းလိုက်ပါတယ်။"

လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။ မယ်တော်ကြီးရှဲ့က လူဝယ်တဲ့နေရာမှာ တော်တော်ကျွမ်းကျင်တာပဲ။

ယင်းဖုန်းက မေးလိုက်သည်။

"သူတို့ ဘယ်တံခါးက ထွက်တာလဲ။"

"တောင်ဘက်တံခါးပေါက်ကပါ။"

နဂါးအစောင့်တပ်သားက ဖြေလိုက်သည်။

ယင်းဖုန်း ခြေလှမ်းလှမ်းရန် ပြင်လိုက်သည်။

လိုကျစ်ကွေ့ လက်ကာပြပြီး ယင်းဖုန်းကို တားလိုက်ကာ နဂါးအစောင့်တပ်သားကို အမိန့်ပေးလိုက်သည်။

"မင်း နန်းတော်အပြင် ထွက်လိုက်။ ရှောင်ထောင်ဟွားရဲ့ ခေါင်းကို မရရအောင် ယူခဲ့။"

နဂါးအစောင့်တပ်သား အမိန့်နာခံပြီး ထွက်ခွာရန် ပြင်လိုက်သည်။

"နေဦး။"

လိုကျစ်ကွေ့ တားလိုက်ပြန်သည်။

"မင်း မသွားနဲ့တော့။ မင်း..."

စစ်သေနာပတိချုပ်လိုသည် သူ့လက်အောက်မှ စစ်သူကြီးတစ်ဦးကို ကြည့်လိုက်သည်။

"မင်း သွားလိုက်။"

ထိုစစ်သူကြီး အမိန့်နာခံပြီး ချက်ချင်း ထွက်ခွာသွားလေသည်။

"မင်းတို့က နန်းတော်ထဲမှာ တာဝန်ထမ်းဆောင်နေရတဲ့သူတွေ။"

လိုကျစ်ကွေ့က ယင်းဖုန်းနှင့် နဂါးအစောင့်တပ်သားကို ရှင်းပြလိုက်သည်။

"မယ်တော်ကြီးနဲ့ ရန်ငြိုးဖွဲ့စရာ မလိုဘူး။"

"ခင်ဗျားတို့ ဘာတွေပြောနေကြတာလဲ။"

နဉ်ရှောင်ယောင်းသည် ထိုက်ဟွာနန်းဆောင် တံခါးဝမှ ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း လိုကျစ်ကွေ့ရှေ့သို့ ရောက်လာကာ မေးလိုက်သည်။

"ဘယ်သူက မယ်တော်ကြီးနဲ့ ရန်ငြိုးဖွဲ့ဦးမလို့လဲ။"

"ဘာမှမဟုတ်ပါဘူး။"

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကိုဆွဲပြီး လှေကားထစ်များပေါ်သို့ တက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်တော်တို့ ပြောနေတာက မယ်တော်ကြီးက ရှောင်ထောင်ဟွားဆိုတဲ့ အပျိုတော်ကို နန်းတော်အပြင် လွှတ်ပေးလိုက်တဲ့အကြောင်းပါ။"

"ဟင်..."

နဉ်ရှောင်ယောင်း ယင်းဖုန်းဘက် လှည့်ကြည့်လိုက်သည်။

ယင်းဖုန်း၏မျက်နှာထားသည် ပုံမှန်အတိုင်းပင် ဖြစ်သည်။

"ဒီကိစ္စကို ဂရုမစိုက်နဲ့တော့။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"သာမန် နန်းတွင်းအပျိုတော်တစ်ယောက်အတွက် မင်းက ဘယ်အချိန်ထိ စိတ်ပူနေမှာလဲ။"

"ဟာ..."

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ကျွန်မက ရှောင်ထောင်ဟွားကို စိတ်ပူနေတာမှ မဟုတ်တာ။ ကျွန်မက ယင်းဖုန်းအတွက် မိန်းမကောင်းတစ်ယောက် ဘယ်ကသွားရှာရမလဲဆိုတာ စိတ်ပူနေတာ။ နန်းတော်ထဲမှာ မိန်းကလေးတွေ များပေမယ့် သူတို့က မယ်တော်ကြီးရဲ့ လူတွေ ဟုတ်မဟုတ် ကျွန်မဘယ်လိုသိမှာလဲ။"

လိုကျစ်ကွေ့က ပြောလိုက်သည်။

"နန်းတော်ထဲက မိန်းမတွေအားလုံးက ဧကရာဇ်ရဲ့ မိန်းမတွေလေ။"

နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

"ဟဲဟဲ။"

လိုကျစ်ကွေ့ သူလက်ဆွဲထားသောသူကို လှည့်ကြည့်လိုက်သည်။ ဟုတ်သားပဲ၊ သူက မိန်းကလေးပဲ...

"ဟို စစ်သူကြီး ၇ ယောက် ပြန်သွားကြပြီလား။"

နဉ်ရှောင်ယောင်း စကားလမ်းကြောင်းလွှဲရန် ဆုံးဖြတ်လိုက်သည်။ အချစ်ကို နားမလည်သော စစ်သူကြီးနှင့် မိန်းမကောင်းအကြောင်း၊ အချစ်အကြောင်း ပြောနေရတာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေသလို ဖြစ်နေလိမ့်မယ်။

"ပြန်သွားကြပြီ။ ရှဲ့ဝမ်ယွမ်က လူမလွှတ်လိုက်ဘူး။"

နဉ်ရှောင်ယောင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

"ဒါပေမဲ့ ကျွန်တော်လူလွှတ်လိုက်တယ်။ အမတ်ချုပ်ကြီးအိမ်တော်က လုပ်ကြံသတ်ဖြတ်သူတွေလို ရုပ်ဖျက်ခိုင်းထားတယ်။"

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ပါးကို ဆွဲလိုက်သည်။

နဉ်ရှောင်ယောင်း ခေါင်းခါရမ်းပြီး စကားပြောရန် ပြင်လိုက်သည်။

"ကျွန်တော့်ကို လူဆိုးလို့ ထပ်ပြောဦးမလို့လား။"

လိုကျစ်ကွေ့က တိုးတိုးလေး မေးလိုက်သည်။

နဉ်ရှောင်ယောင်းသည် ပါးစပ်ဖျား ရောက်နေသော စကားလုံးများကို ပြန်မျိုချလိုက်ပြီး စိတ်မပါဘဲ ပြောလိုက်သည်။

"မဟုတ်ပါဘူး၊ စစ်သေနာပတိချုပ်က အရမ်းမိုက်တယ်လို့ ပြောချင်တာပါ။ ယေး..."

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို အောင်ပွဲခံသည့် လက်သင်္ကေတ ပြလိုက်သည်။

လိုကျစ်ကွေ့ "..."

***

All Chapters