ရှာဖွေခြင်း
Vol. 171 Ch. 2447
ဘုန်း...
ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်မှ နတ်အလင်းတို့ ပေါက်ကွဲထွက်လာပြီး အနန္တသင်္ကေတအက္ခရာတို့က အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံသွားခဲ့ပေသည်။ သူက မျက်နှာချင်းဆိုင်ရှိ အရှင်နှစ်ယောက်ကို ကြည့်လိုက်ပြီး သူတို့အား သူ၏ အလုံးစုံ ပျက်စီးခြင်းနယ်မြေအတွင်း သူတို့အား ခေါ်ဆောင်သွားချင်ပုံရပေသည်။
လွတ်လပ်မှုအရှင်သခင်နှင့် အရှင်ယဲ့တို့ကို မဟာလမ်းစဥ်နတ်အလင်းတို့ဖြင့် ဝန်းရံထားခဲ့ပေသည်။ သူတို့က ပြင်းထန်စွာ ဒဏ်ရာရရှိထားလျှင်ပင် သူတို့က မဟာလမ်းစဥ်နှင့် ဆက်သွယ်နိုင်ဆဲဖြစ်ပြီး မယုံနိုင်စရာစွမ်းအားများ စုစည်းလာပေသည်။ လွတ်လပ်မှုအရှင်သခင်က ပင့်သက်ရှိုက်လိုက်ပြီး သူ့နောက်တွင် မြင့်မားသော နတ်ဘုရားပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ သူက လွတ်လပ်မှု၏ ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပြီး ရီဖူရှင်းထံသို့ အကန့်အသတ်မဲ့ကြီးမားသော လက်ဝါးရိပ်ကြီးတစ်ခု ထုတ်လွှတ်လာပေသည်။
အရှင်ယဲ့က ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားတို့ကို စုစည်းလာသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် ဖျက်ဆီးခြင်းအလင်းတို့က ရီဖူရှင်းအား သတ်ဖြတ်ရန် ရောက်ရှိလာပေသည်။ ၎င်းက အလုံးစုံပျက်စီးခြင်းလမ်းစဥ်ကဲ့သို့ ထင်မှတ်ရသည်။
မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းတစ်ခုလုံးကို တောက်ပသည့် နတ်အလင်းတို့ လွှမ်းခြုံလာပြီး အနန္တသင်္ကေတအက္ခရာတို့ ဖုံးလွှမ်းထားသည်။
ကြောက်မက်ဖွယ် တိုက်ခိုက်မှုက ကျဆင်းလာပြီး သင်္ကေတအက္ခရာများကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။ ၎င်းက နတ်ဘုရားရုပ်ကြွင်းပေါ်သို့ ရိုက်ခတ်လာပြီး မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို နောက်သို့ ဆုတ်ခွာသွားစေသည်။ တစ်ချိန်တည်းတွင် ထိုအနန္တသင်္ကေတအက္ခရာများနှင့် ဖွဲ့စည်းထားသော နတ်အလင်းတို့က ကောင်းကင်မှ ကျဆင်းလာသည်။ နှိုင်းယှဥ်၍မရသော နတ်ဓားတို့က ကောင်းကင်နှင့် မြေကြီးကြား ဖြတ်သန်းလာကာ အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်အား သတ်ဖြတ်ရန် ဦးတည်လာသည်။
ထိုနှစ်ယောက်၏ မျက်နှာများက အနည်းငယ် ပြောင်းလဲသွားပြီး ခုခံကာကွယ်ရန်အတွက် မဟာလမ်းစဥ်စွမ်းအားတို့ကို စုစည်းရင်း အလုပ်များသွားခဲ့သည်။ သို့သော် သူတို့က ပြင်းထန်သော ဒဏ်ရာများကို ရရှိထားပြီး သူတို့၏ ခန္ဓာကိုယ်များတွင် မဟာလမ်းစဥ်၏ ဒဏ်ရာများ ဖြစ်ပေါ်လာကာ ရီဖူရှင်းအား ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် နောက်ဆုံးတိုက်ခိုက်မှုက သူတို့၏ ကိုယ်ပိုင်ခွန်အားတို့ကို အလွန်အမင်း ဆုတ်ယုတ်စေခဲ့သည်။
နတ်ဓားများကျဆင်းလာသောအခါ ၎င်းတို့သည် သူတို့၏ ခုခံကာကွယ်မှုကို အမှန်တကယ် ချိုးဖောက်နိုင်ပြီး သူတို့ထံ တည့်တည့် တိုးဝင်လာခဲ့သည်။
ထိုနတ်ဘုရားအလင်းတန်းနှစ်ခုနှင့်အတူ အော်မြည်သံများ ထွက်ပေါ်လာပြီး လေဟာနယ်အတွင်း အက်ကြောင်းများ ပေါ်ပေါက်လာကာ သူတို့နှစ်ယောက်က လျင်မြန်စွာ ကျဆုံးသွားခဲ့သည်။ လွတ်လပ်မှုအရှင်သခင်နှင့် အရှင်ယဲ့က နတ်ဓားမှ အလင်းတို့ဖြင့် တစ်ဖန် ထိုးဖောက်ခံလိုက်ရပေသည်။ သူတို့နှစ်ယောက်လုံးက ညည်းညူလိုက်ပြီး သွေးအချို့ အန်ထုတ်လိုက်သည်။ သူတို့မျက်နှာများက ဖြူဖျော့သွားပြီး ယခုရရှိသွားသော သူတို့၏ ဒဏ်ရာများက ပို၍ နက်ရှိုင်းပေသည်။
ရီဖူရှင်းနှင့် အရှင်ယဲ့တို့နှစ်ယောက်လုံးက မတူညီသော နေရာနှစ်ခု၌ ရှိနေကြပြီး သူတို့ကြား၌ ကြီးမားသည့် အကွာအဝေးတို့ ရှိပေသည်။ ဤတစ်ကြိမ်၌ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းအထက်မှ နတ်အလင်းတို့က မှေးမှိန်သွားခဲ့ပေသည်။ သူသည်လည်း ထိုကျင့်ကြံသူနှစ်ယောက်ထံမှ ပြင်းထန်သည့် တိုက်ခိုက်မှုကို ခံခဲ့ရပြီး နတ်ဘုရားရုပ်ကြွင်းသည်လည်း ထိုဒဏ်ကို ခံလိုက်ရသည်ဟု ဆုံးဖြတ်နိုင်ပေသည်။ သူ၏ စိတ်ဝိညာဥ်သည်လည်း ပြင်းထန်စွာ နာကျင်နေခဲ့သည်။
အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်က သူတို့၏ တည်ရှိမှုကို ထိန်းညှိလိုက်နိုင်သော်လည်း ချောင်းဆိုးကာ ပါးစပ်အပြည့် သွေးတို့ အန်ထုတ်လိုက်ရပေသည်။ သူတို့၏ အရှိန်အဝါက အလွန်အမင်း အားနည်းနေခဲ့၏။ သူတို့ ရီဖူရှင်းကို ကြည့်လိုက်သည့် မျက်လုံးများထဲ၌ အေးစက်မှုတို့နှင့် ပြည့်နေခဲ့သည်။ ကြည့်ရသည်မှာ သူတို့က ရီဖူရှင်းကို လက်လွှတ်ပေးရန် ငြင်းဆန်ချင်နေကြဆဲဖြစ်ကာ သူတို့က ဆက်လက်၍ ပူးပေါင်းတိုက်ခိုက်ရန် ကြံစည်နေကြပေသည်။
အတွေးတစ်ချက်နှင့် မဟာလမ်းစဥ်က ပြင်းထန်စွာ လှုပ်ရှားလာသည်။ သို့သော် ထိုအချိန်၌ ကြီးမားသော အင်အားတစ်ခုက ရွေ့လျားလာပြီး သူတို့အား လွှမ်းခြုံလာပေသည်။ လှပသော ပုံရိပ်တစ်ခု ဆင်းသက်လာသည်ကို မြင်သောအခါ သူတို့က မျက်မှောင်ကြုတ်လိုက်ကြသည်။ သူမကို နတ်အလင်းတို့ ဝန်းရံထားပြီး သူမ၏ အေးစက်သော မျက်လုံးများက သူတို့နှစ်ယောက်ထံ ကျရောက်လာ၏။
ရောက်ရှိလာသူမှာ ဟွာဂျီယူမှလွဲ၍ အခြားသူမဟုတ်ပေ။ သူမက မျက်မမြင်ထျယ်၊ အခြားလူများနှင့်အတူ ထွက်ခွာမသွားဘဲ အနီး၌ ရှိနေခဲ့သည်။ သူမက တိုက်ပွဲအကြောင်း ကြားသည်နှင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ပေသည်။
ထိုအခိုက်အတန့်တွင် သူမ၏ အေးစက်ကာ ကြည်လင်နေသော မျက်လုံးများထဲ၌ အားကောင်းသည့် သတ်ဖြတ်လိုစိတ်များ ရှိနေပေသည်။
“ဂျီယူ သွားကြစို့။”
ရီဖူရှင်း၏ အသံက တစ်မူထူးခြားစွာ အားနည်းနေခဲ့ပြီး ၎င်းက ဟွာဂျီယူ၏ နှလုံးသားကို ဆွဲထုတ်သလို နာကျင်သွားစေခဲ့သည်။ သူမ၏ မျက်လုံးများက သူ့ထံ ကျရောက်သွားသည့်ခဏ၌ အကြည့်များက နူးညံ့သွားခဲ့ပေသည်။ သူမပုံရိပ်က လှုပ်ရှားသွားခဲ့သည်။ သူမက အရှင်ယဲ့နှင့် အခြားတစ်ယောက်ကို အနည်းငယ်မျှ အရေးမစိုက်တော့ဘဲ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ရီဖူရှင်း အချို့သော စောင့်ထိန်းမှုများ လုပ်ရန် လိုအပ်နေသေးသည့်အတွက် သူမအား ဤအရှုပ်အထွေးများထဲ ပါဝင်ပတ်သတ်စေလိုခြင်းမရှိပေ။ အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်က အကြီးအကျယ် အားနည်းသွားလျှင်ပင် သူတို့က မဟာလမ်းစဥ်၏ ဒုတိယမြောက် နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့သူများ ဖြစ်ကြသည်။ ထိုသို့သော လူမျိုးက အသက်ရှင်လျက်ရှိနေသရွေ့ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ သူက ယခု ပြန်ဆုတ်ခွာခြင်းထက် ဂျီယူ အန္တရာယ်တောထဲ ကျရောက်သွားလိမ့်မည်ကို ပိုစိတ်ပူမိပေသည်။
အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်က သူတို့နောက်သို့ လိုက်ရန် အလုပ်ရှုပ်ခံမနေခဲ့ပေ။ အမှန်မှာ သူတို့က ဤတစ်ကြိမ်၌ အကြီးအကျယ် ဒဏ်ရာရရှိသွားခဲ့သဖြင့် လိုက်သွားနိုင်စွမ်းမရှိခဲ့ခြင်း ဖြစ်ပေသည်။ သူတို့က ထိုစုံတွဲထွက်ခွာသွားသည်ကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။ ရီဖူရှင်းက လမ်းလျှောက်နေသည့် သေလူတစ်ယောက်သာ ဖြစ်သည်။ နောက်ထပ် ရန်ဟောင်တစ်ပါး ထပ်တိုးလာခြင်းက မည်သည့် ကွာခြားမှုမှ မရှိပေ။ အရှင်ချူးချန်က သူ၏ သေဆုံးခြင်းနှင့် သူတော်စင်ကျန်းချန်ကို သတင်းပေးလိုက်သည်ဖြစ်ရာ ယခုအခါတွင် ကျန်းချန်နန်းတော်မှ ကျင့်ကြံသူများက လမ်းခုလတ်၌ ရောက်နေလောက်ပြီ ဖြစ်သည်။
အဆင့်မြင့်အရှင်လေးယောက်လုံး မည်သူကမှ ရီဖူရှင်းအား အနိုင်မယူနိုင်ခဲ့ကြပေ။ ထို့အစား သူတို့က ရီဖူရှင်း၏ အကွက်ဆင်ခြင်းကိုသာ တစ်ကြိမ်ပြီးတစ်ကြိမ် ခံခဲ့ကြရပေသည်။ ယခု နှစ်ယောက်က သေဆုံးသွားပြီး နှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပေသည်။ ထိုရလဒ်မှာ ဖော်ပြ၍မရလောက်အောင် အရှက်တကွဲဖြစ်စေခဲ့သည်။
အနာဂတ်၌ မည်သို့ဖြစ်လာပါစေ ဤပရမ်းပတာအဖြစ်အပျက်များ ဖြစ်ပြီးနောက် သူတို့က ဝင်ပါရန် အခွင့်အရေး ရှိလိမ့်တော့မည် မဟုတ်ပေ။
ကောင်းကင်ဒေသမှ လူငယ်များသည်လည်း ကိစ္စများက ထိုမျှထိ ရှုပ်ထွေးသွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။
“သွားကြစို့။” အရှင်ယဲ့က ပြောလိုက်သည်။ ထို့နောက် သူနှင့် လွတ်လပ်မှုအရှင်သခင်တို့ နှစ်ယောက်လုံးက ဒဏ်ရာဒဏ်ချက်များစွာဖြင့် တိုက်ပွဲမြေပြင်မှ ထွက်ခွာသွားကြပေသည်။
သူတို့ ထွက်ခွာသွားပြီးနောက် နတ်အလင်းတန်းတို့ ကောင်းကင်မှ ကျဆင်းလာကာ နတ်ဘုရားတောင်တန်းကို လွှမ်းခြုံသွားသည်။ အလင်းများလင်းလက်လာပြီးနောက် မကြာခင်၌ လူတစ်စု ဆင်းသက်လာပြီး သူတို့အားလုံးက နတ်အလင်းတို့ဖြင့် တောက်ပမေပေသည်။ သူတို့ကို ကြည့်ရသည်မှာ နတ်စစ်သူကြီးများကဲ့သို့ ထင်မှတ်ရ၏။ သူတို့၏ တောက်ပမှုက မျက်စိကျိန်းလောက်အောင်ပင် ဖြစ်ပေသည်။ သူတို့ကို ဗုဒ္ဓ၏ အလင်းရောင်တို့ဖြင့် လွှမ်းခြုံပေးထားသော်လည်း သူတို့က ဘုန်းတော်ကြီးများ မဟုတ်ကြပေ။
အနောက်ဘက်လောကမှ ကျင့်ကြံသူများကြားတွင် ဗုဒ္ဓလမ်းစဥ်ကို အခြေခံသော နည်းစနစ်များအား ကျင့်ကြံသည့် ထိပ်သီးပုဂ္ဂိုလ်များ ရှိသော်လည်း သူတို့အားလုံးက ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူများဟုတော့ မဆိုလိုပေါ
“ဆန္ဒခြောက်ပါးကောင်းကင်ထဲမှာ ရှိတဲ့ အင်အားစုအားလုံးကို သေသေချာချာ ရှာဖွေကြ။”
ဦးဆောင်လာသည့်လူက ကျယ်လောင်ရှင်းလင်းစွာ ပြောလိုက်သည်။ ချက်ချင်းပင် သူ့ဘေးမှ ကျင့်ကြံသူများက လေထုကို ဖြတ်ကာ အဝေးရှိ မတူညီသော နေရာများသို့ ထွက်ခွာသွားခဲ့ပေသည်။ ဦးဆောင်လာသည့် ကျင့်ကြံသူက အဝေးသို့ တစ်ဖန်ကြည့်လိုက်ပြီး ထိုနေရာ၌ ကျင့်ကြွသူများစွာ ရပ်နေသည်ကို မြင်လိုက်ရသည်။ သူတို့သည် ယခင်ကတည်းက ဆန္ဒခြောက်ပါးကောင်းကင်တွင် ရှိနေခဲ့ကြသော်လည်း ထိုတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခဲ့ကြခြင်းမရှိသလို ရီဖူရှင်း နောက်သို့ လိုက်သွားရဲခဲ့ခြင်းလည်း မရှိပေ။
ရီဖူရှင်း ထွက်ခွာသွားခဲ့သော်လည်း အဆင့်မြင့်ကျင့်ကြံသူအရှင်နှစ်ယောက်က ကျဆုံးသွားကာ နှစ်ယောက်က ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ရာ မည်သူက ဂရုတစိုက်မတွေးဘဲ လှုပ်ရှားရဲလိမ့်ပါမည်နည်း။
“မင်းတို့ တွေ့သမျှ ကျုပ်ကို အကုန်ပြပေး။”
ထိုလူက အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် တစ်စုံတစ်ယောက်က ရှေ့ထွက်လာခဲ့၏။ သူ၏ နတ်အာရုံက ထိုးထွက်လာကာ လေဟာနယ်အတွင်း ပုံရိပ်တစ်ခု ပေါ်ပေါက်လာသော်လည်း တစ်စိတ်တစ်ပိုင်းသာလျှင် ဖြစ်ပေသည်။ မဟာလမ်းစဥ်စွမ်းအားတို့က တိုက်ပွဲအတွင်း လေဟာနယ်ကို ပိတ်ဆို့ဟန့်တားထားလေရာ သူတို့က တိုက်ပွဲကြီး၏ မြင်ကွင်းအများစုကို မျက်မြင်မတွေ့နိုင်ခဲ့ပေ။
ထိုအချိန်က အခြေအနေအောက်တွင် မည်သူကမှ တိုက်ပွဲမြေပြင်အတွင်း ဝင်ရောက်ရဲခဲ့ခြင်းမရှိပေ။ တိုက်ပွဲအတွင်းမှ စွမ်းအင်လှိုင်းများက သူတို့ကို အလွယ်တကူ ဖျက်ဆီးပစ်ပေလိမ့်မည်။
တိုက်ပွဲမှ အကြောင်းအရာများကို တစ်စိတ်တစ်ပိုင်းမျှကို မျက်မြင်တွေ့ရှိပြီးနောက် ဦးဆောင်လာသည့် ကျင့်ကြံသူ၏ မျက်လုံးများထဲ၌ ရွှေရောင်နတ်အလင်းတို့ လင်းလက်လာစေသည်။ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းက ထိုကဲ့သို့ အစွမ်းထက်လှသည်လား။
“သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်။ မင်းတို့ သူ့ကို ကြားဖြတ်လိုက်မယ်ဆိုရင် သူ အဝေးကြီး ထွက်သွားနိုင်မှာ မဟုတ်ဘူး။”
ခေါင်းဆောင်ဖြစ်သူက အဝေးရှိ ကျင့်ကြံသူများကို ကြည့်ရင်း မှတ်ချက်ချလိုက်သည်။ သူတို့ကြားတွင် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးအား ကျော်ဖြတ်နိုင်ခဲ့သူမရှားလှပေ။ သို့သော် ထိုအဆင့်မြင့်ကျင့်ကြံသူ အရှင်လေးယောက် တွေ့ကြုံခဲ့ရသည့် ဆိုးဝါးလှသည့် အဖြစ်အပျက်ကြောင့် သူတို့က ရီဖူရှင်းကို ဆွဲမထားရဲပေ။
“စပြီး ရှာလိုက်ကြရအောင်။”
ထိုလူက တစ်ခါထပ်ကာ အမိန့်ပေးလိုက်သည်နှင့် အားလုံးသော ကျင့်ကြံသူများက ချက်ချင်း လေထဲသို့ တက်သွားခဲ့ပြီး ဆန္ဒခြောက်ပါးကောင်းကင်အတွင်း မတူညီသော နေရာများသို့ ဦးတည်လိုက်ကာ ရီဖူရှင်း၏ အစအနအား ရှာဖွေရန် ထွက်ခွာသွားခဲ့ပေသည်။
ဆန္ဒခြောက်ပါးကောင်းကင်က အဆုံးမရှိသော မြို့များ၊ ဒေသများ၊ မရေတွက်နိုင်သော နတ်တောင်တန်းများအပြင် ကျင့်ကြံရေးနန်းဆောင်များစွာနှင့် မှန်းဆ၍မရအောင် ကြီးမားကျယ်ပြန့်လှသော ကမ္ဘာတစ်ခု ဖြစ်ပေသည်။
ဟွာဂျီယူက ရီဖူရှင်းအား ခေါ်ဆောင်၍ ဆန္ဒခြောက်ပါးကောင်းကင်မှ ထွက်ခွာသွားပြီးနောက် သူတို့က တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲမြေပြင်မှ အလွန် ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့ခြင်း မရှိသေးပေ။ သူတို့က မြို့တစ်မြို့သို့ ရောက်ရှိလာပြီး အခြေချရန် နေရာတစ်နေရာ ရှာခဲ့ကြသည်။ မမြင်ရသော အရှိန်အဝါတို့က သူတို့ အနားယူနေသည့်နေရာကို လွှမ်းခြုံလာခဲ့သည်။ ၎င်းက မမြင်နိုင်သလို ပုံသဏ္ဌာန်မရှိသော်လည်း အခြားထိပ်သီးကျင့်ကြံသူများ၏ နတ်အာရုံများနှင့် မည်သည့်အရှိန်အဝါကိုမဆို သီးခြားခွဲထုတ်နိုင်စွမ်း ရှိပေသည်။
ဤသည်မှာ ရီဖူရှင်း၏ သက်စောင့်ဝိညာဥ်မှ ဖန်တီးထားသည့် တားမြစ်နေရာတစ်ခု ဖြစ်ပေသည်။ ၎င်းက အိမ်နှင့် ခြံတို့ဖြင့် ပြည့်စုံနေပြီး အပြင်ဘက်မှ လူများ လုံးဝ ထောက်လှမ်းနိုင်စွမ်း ရှိလိမ့်မည်မဟုတ်သည့် အမှီအခိုကင်းသော ကမ္ဘာလေးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။
ကျင့်ကြံခြင်းလောကမှ ထိပ်သီးကျင့်ကြံသူများ၏ နတ်အာရုံများက အတွေးတစ်ချက်နှင့် ကျယ်ပြန့်သော နယ်မြေအား လွှမ်းခြုံနိုင်စွမ်း ရှိပေသည်။ သို့သော် သူတို့က ရှာဖွေရာ၌ မျက်လုံးဖြင့်မဟုတ်ဘဲ သူတို့၏ နတ်အာရုံဖြင့်သာ လုပ်ဆောင်ခြင်းကို အသားကျနေကြဖြစ်ရာ ဆန္ဒခြောက်ပါးကောင်းကင်၏ အဆုံးမဲ့ ကျယ်ပြောလှသော နယ်မြေအတွင်း တစ်စုံတစ်ယောက်ကို ရှာဖွေရန်မှာ လွယ်ကူသည့် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။
ခြံဝန်းအတွင်း၌ ရီဖူရှင်း၏ စိတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီးဖြစ်ကာ သူက မျက်လုံးများကို မှိတ်၍ ကျင့်ကြံခြင်းတွင် နစ်မြုပ်နေခဲ့ပြီးသူ့ကို မဟာလမ်းစဥ်အသက်စွမ်းအားတို့က လွှမ်းခြုံထားသည်။ သူ၏ သက်စောင့်ဝိညာဥ်အတွင ရှေးဟောင်းကမ္ဘာ့သစ်ပင်မှ အရှိန်အဝါတို့က သူ့ခန္ဓာကိုယ်၏ နေရာအနှံ့ကို ထိုးဖောက်လာကာ ပြန်လည်ပြုပြင်နေပြီး သူ၏ စိတ်ဝိညာဥ်ကို ပြန်လည် အားဖြည့်ပေးနေသည်။