← Chapters

ဖော်ထုတ်ခံရခြင်း 

Vol. 171 Ch. 2449

ဖော်ထုတ်ခံရခြင်း 

Vol. 171 Ch. 2449

“ဟုန်ယဲ့ ဘာတွေ ဖြစ်နေလို့လဲ။” ဟွာဂျီယူက မေးလိုက်သည်။

ဟုန်ယဲ့က ဟွာဂျီယူကို ကြည့်ကာ ပြောလိုက်၏။ “ဆရာ အရင်တုန်းက သူတော်စင်ကျန်းချန်ရဲ့ နောက်လိုက်တွေ ဘာလုပ်နေလဲဆိုတာ ကျွန်မကို မေးခဲ့တယ်မလား။ အခု သူတော်စင်ကျန်းချန်က ဆန္ဒခြောက်ပါးကောင်းကင်ထဲမှာ ရှိတဲ့ မြို့တွေနဲ့ အိမ်တော်တွေ အားလုံးကို စစ်ဆေးဖို့ အမိန့်ပေးခဲ့တယ်။ ပြီးတော့ ဆန္ဒခြောက်ပါးအရှင်သခင်နဲ့ အရှင်ချူးချန်ကြား တိုက်ခိုက်မှုကို သွေးထိုးလှုံ့ဆော်ပေးတဲ့ မကောင်းဆိုးဝါးနှစ်ယောက်ကို ဖော်ထုတ်​ပေးနိုင်တဲ့ ထိပ်သီးအင်အားစုတွေကြားက ဘယ်သူမဆို ဆုကြေးပေးမယ်လို့ ကမ်းလှမ်းထားတယ်။ အဲဒီလိုဖော်ထုတ်တဲ့ ဘယ်သူမဆို သူတို့ရဲ့ ပုံရိပ်တွေကိုလည်း ဖော်ပြပေးဖို့လိုတယ်။”

သူမက ပြောလိုက်ကာ ဟုန်ယဲ့က ရပ်လိုက်ကာ ဟွာဂျီယူနှင့် ရီဖူရှင်းအား ကြည့်လိုက်သည်။ ထို့နောက် သူမက မေးလိုက်၏။ “ဆရာ.. လွန်ခဲ့တဲ့ လအနည်းငယ်က အရှင်သခင် နှစ်ယောက် တိုက်ခိုက်မှုမှာ တကယ်ပဲ ဆရာတို့နှစ်ယောက်က သွေးထိုးလှုံ့ဆော်ခဲ့တာလား။ သူတို့လေးယောက် အချင်းချင်း တိုက်ခိုက်ခဲ့တဲ့အချိန်က အရှင်သခင်နှစ်ယောက်ကို သေစေခဲ့တာ ဆရာတို့နှစ်ယောက်လား။”

“သူတော်စင်ကျန်းချန် ကမ်းလှမ်းတဲ့ ဆုကြေးက သေချာပေါက် မျက်စိကျစရာပမာဏ ဖြစ်လိမ့်မယ်။ မင်း ဘာလို့ သူတို့ဆီ ကိုယ်တိုင် သတင်းပို့ပြီး ဆုကြေးသွားထုတ်ယူရမယ့်အစား ဒီကိုလာပြီး သတင်းပေးရတာလဲ။” ရီဖူရှင်းက မေးလိုက်သည်။ သူ့ကို ကြည့်သောအခါ ဟုန်ယဲ့၏ မျက်လုံးများထဲ၌ ဖုံးကွယ်ထားသည့် နာကျင်မှုတို့ ရှိနေခဲ့၏။ ထို့နောက် သူမက ဟွာဂျီယူကို ကြည့်ကာ ရှင်းပြလိုက်သည်။ “ဆရာ ဘယ်မှာ ရှိနေတယ်ဆိုတာ ဖော်ထုတ်လိုက်ရင် ကျွန်မက ကိုယ့်ဂိုဏ်းကိုယ် သစ္စာဖောက်သလို ဖြစ်သွားမယ် မဟုတ်ဘူးလား။ ကျွန်မ အဲဒီလိုမလုပ်နိုင်ဘူး။”

ရီဖူရှင်းက ဆက်ပြောလိုက်သည်။ “အဲဒီအရှင်သခင် လေးယောက်ကြား တိုက်ခိုက်မှုမှာ ကျုပ်တို့နှစ်ယောက်က သွေးထိုးလှုံ့ဆော်ပေးတယ်ဆိုတဲ့ ကောလာဟလကို ယုံကြည်တယ်ဆိုမှတော့ သူတို့ကို စစ်ဖြစ်ရလောက်အောင် လုံလောက်တဲ့ သွေးထိုးလှုံ့ဆော်မှုကို လုပ်နိုင်တဲ့ အရာက ဘာဖြစ်မယ်လို့ ထင်လဲ။ ပြီးတော့ သူတို့နှစ်ယောက် အချင်းချင်း သတ်ဖြတ်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းကရော ဘာများလဲ။” ရီဖူရှင်း၏ မေးခွန်းက ဟုန်ယဲ့ကို အံ့သြမှင်တက်သွားစေခဲ့သည်။ သူမက ဇဝေဇဝါ ဖြစ်နေခဲ့၏။ သူမက သူ့ကို ကြည့်ကာ မေးလိုက်သည်။ “အဲဒါက ဘာများပါလဲ။”

ရီဖူရှင်းက ရှင်းပြလိုက်သည်။ “ငါက မင်းတို့ရဲ့ ဘုံက ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး။ တခြားဘုံကနေ လာခဲ့တာ။ ငါ ပိုင်ဆိုင်ထားတဲ့ ရတနာကြောင့် ဆန္ဒခြောက်ပါးအရှင်သခင်ရဲ့ နတ်ဘုရားတောင်တန်းမှာ အကျဥ်းချခံခဲ့ရတယ်။ အဲဒီအဖြစ်အပျက်တွေကို သိပြီးတော့ တခြားအရှင်သခင် သုံးယောက်ကလည်း လောဘကြောင့် မျက်ကန်းဖြစ်သွားကြတယ်။ သူတို့က ဆန္ဒခြောက်ပါးအရှင်သခင်ဆီ ရောက်လာပြီး သူတို့ကိုပါ ရတနာတွေပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါကြောင့် တိုက်ခိုက်ဖို့ဖြစ်လာတာပဲ။ အဲဒီလေးယောက်ကြားမှာ ငါ တကယ်ပဲ သွေးထိုးလှုံ့ဆော်ပေးခဲ့တာ။ ဒါပေမယ့် ငါ အဲဒီလိုမလုပ်ခဲ့ရင် သူတို့ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားလိမ့်မယ်။ အသက်ရှင်ချင်မှတောင် ရှင်လိမ့်မယ်။” သူ့စကားလုံးများက ဟုန်ယဲ့ကို ထိတ်လန့်သွားစေခဲ့သည်။ ရီဖူရှင်းက ဟွာဂျီယူကို ကြည့်ကာ စိတ်ငြိမ်စေရန် သတိပေးလိုက်သည်။

“အဲဒီတော့ အဲဒီလိုဖြစ်ခဲ့တာပေါ့။ ဒီလိုဆိုမှတော့ ဒါက ရတနာတွေအတွက် သူတို့ရဲ့ လောဘကြောင့် တိုက်ပွဲဖြစ်ခဲ့ရတာပေါ့။ ပြီးတော့ သူတော်စင်ကျန်းချန်က ဆရာတို့ကို ရှာဖွေဖို့အတွက် ဆုကြေးတောင် ထုတ်ထားတယ်ဆိုတော့ ဆိုလိုတာက...” ဟုန်ယဲ့က ရေရွတ်လိုက်ရင်း ရုတ်တရက် နားလည်သွားသည်။ သူမက ဟွာဂျီယူနှင့် ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “ဆရာ အခု မြို့ထဲက လူတွေတော်တော်များများ ဆရာတို့နှစ်ယောက်လုံးရဲ့ ပုံကို မြင်ဖူးကြတယ်။ ထွက်သွားဖို့ နည်းလမ်းရှိမှာ မဟုတ်ဘူး။ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။”

“အဲဒါ ပြဿနာမဟုတ်ဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ “ငါတို့နှစ်ယောက် ဒီမှာ ရှိနေတယ်လို့ သူတို့ကို သွားပြောလိုက်။”

ဟုန်ယဲ့က အံ့သြမှင်တက်သွားခဲ့သည်။ သူမက ရီဖူရှင်းကို ကြည့်ပြီးနောက် ဟွာဂျီယူအား ကြည့်လိုက်သည်။ သူမက နားမလည်နိုင်ပေ။

“သွားလိုက်။” ဟွာဂျီယူက ညွှန်ကြားလိုက်၏။

“ဆရာ...။” ဟုန်ယဲ့က ဟွာဂျီယူကို စိုက်ကြည့်ရင်း ခေါ်လိုက်သည်။

ဟွာဂျီယူက ဟုန်ယဲ့ကို ရှင်းပြလိုက်ပေသည်။ “ငါတို့ကြားက ဆက်ဆံရေးကို မဖြတ်ပစ်ရင် ဒီပြဿနာထဲ နင်ပါ ကြားညပ်သွားလိမ့်မယ်။ ဟုန်ယဲ့ တခြားလူတွေကို နင်က ငါ့ တပည့်လို့ မပြောနဲ့။ နင့်အပြင် နင့်ရဲ့ အဖေကလည်း ငါတို့ကို မြင်ဖူးတယ်။ ဒါကြောင့် ငါတို့က ကျိန်းသေ ဖော်ထုတ်ခံရမှာပဲ။ ဒါပေမယ့် သူက နင့်ကို သစ္စာဖောက်မှာ မဟုတ်ဘူး။ ဒါကြောင့် နင်ပဲသွားပြီး ငါတို့နေရာကို သတင်းပို့ပေးလိုက်။ အဲဒါဆို နင့်အနေနဲ့ ဆုကြေးလည်း ရလိမ့်မယ်။ ဒါက နင့်ဆရာအနေနဲ့ နောက်ဆုံးလုပ်ပေးနိုင်တဲ့အရာပဲ။” သူမ အသံက အလွန် တည်ငြိမ်နေသည်။

“မဟုတ်ဘူး။ ကျွန်မ အဖေ့ကို သွားရှာလိုက်မယ်။ ဆရာက ကျွန်မကို တပည့်အဖြစ် လက်ခံလိုက်ပြီးပြီဆိုတာ သူသိရင် ဆရာတို့ကို ရောင်းစားမှာ မဟုတ်ပါဘူး။” ဟုန်ယဲ့က ပြောလိုက်သည်။

ရီဖူရှင်းနှင့် ဟွာဂျီယူက သူမကို စိုက်ကြည့်လိုက်သည်။ သူမက အလွန် ငယ်ရွယ်သေး၏။

ကိုယ်ပိုင်အကျိုးအမြတ်နှင့် သေရေးရှင်ရေးတို့ဖြင့် ကြုံတွေ့လာရသည့်အခါ ပတ်သတ်မှုဟူသည်က မည်မျှ ခိုင်မြဲပါမည်နည်း။

သူတို့က အချင်းချင်း သိရုံမျှသာ ဖြစ်သည်။ သူမ အဖေက မည်သည့်အတွက်ကြောင့် သူတို့အတွက် အသက်အန္တရာယ်နှင့် စွန့်စားလိမ့်ပါမည်နည်း။

“ဟုန်ယဲ့” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ငါတို့ရဲ့ နေရာ ဖော်ထုတ်ခံလိုက်ရရင်တောင် ထွက်ပြေးလွတ်မြောက်နိုင်ပါသေးတယ်။ မြို့ထဲမှာရှိတဲ့ လူတွေက ကျုပ်တို့ကို ထိန်းမထားနိုင်ဘူး။ မဟုတ်ရင် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော် တိုက်ပွဲကနေ ဘယ်လို ထွက်ပြေးနိုင်ခဲ့မှာလဲ။ ဖြစ်လာဖို့ သတ်မှတ်ထားပြီးတဲ့ အရာတွေကို ဖြစ်လာတာကနေ တားဆီးထားဖို့ မလိုအပ်ဘူး။ အခု ဒီလိုလုပ်ဖို့ ပြောရတာက မင်းကို ကာကွယ်ဖို့အတွက်ပဲ။ ငါတို့ကို အပြစ်ရှိတဲ့စိတ်ခံစားရအောင်တော့ မလုပ်ဘူးမလား။”

ဟုန်ယဲ့က ဟွာဂျီယူကို တစ်ဖန် ထပ်ကြည့်လိုက်သည်။ ဟွာဂျီယူ က ခေါင်းညိတ်၍ ပြောလိုက်၏။ “သွားပါ။ ငါတို့ အဆင်ပြေမှာပါ။”

ဟုန်ယဲ့က တွေဝေနေဆဲဖြစ်သည်ကို မြင်သောအခါ တင်းမာစွာ အမိန့်ပေးလိုက်သည်။ “နင့်ရဲ့ ဆရာအနေနဲ့ သွားဖို့ အမိန့်ပေးတယ်။”

ဟုန်ယဲ့၏ မျက်လုံးများက အနည်းငယ် နီရဲသွားသည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။ “ဟုတ်ကဲ့ပါ ဆရာ။”

သူမက ပြောပြီးသည်နှင့် ပြန်လှည့်ထွက်သွားခဲ့၏။

ဟုန်ယဲ့ထွက်ခွာသွားပြီးနောက် မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်း ထွက်ပေါ်လာသည်။ ရီဖူရှင်းက ၎င်းကို ကြည့်ကာ ရေရွတ်လိုက်သည်။ “ငါ ဒီနတ်ဘုရားရုပ်ကြွင်းကို မမှီခိုဘဲ တိုက်ခိုက်နိုင်မလား သိချင်မိတယ်။”

“နင် ကြုံတွေ့နေရတဲ့ ပြိုင်ဘက်တွေ အားလုံးက မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးကို ကြုံတွေ့ခဲ့ဖူးတဲ့ ကျင့်ကြံသူတွေချည်းပဲ။ နင် ရန်ဟောင်အထွတ်အထိပ်အဆင့်ကို ရောက်တဲ့အခါ နတ်ဘုရားခန္ဓာပေါ် မှီခိုတဲ့အကြောင်း မေ့ထားလို့ရလိမ့်မယ်။” ဟွာဂျီယူက ပြောလိုက်သည်။ သူမက ဖြစ်နိုင်ချေကိုသာ ပြောခြင်းဖြစ်၏။ သူက ထိုအဆင့်သို့ ရောက်ခဲ့လျှင်ပင် သူရင်ဆိုင်ရမည့်သူမှာ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်မှ ရှင်သန်နိုင်ခဲ့သူများ ဖြစ်ကြသည်။

သိပ်မကြာခင်မှာပင် ရီဖူရှင်းသည် အဘက်ဘက်မှ ချဥ်းကပ်လာသည့် အစွမ်းထက် အရှိန်အဝါတို့ကို ခံစားမိခဲ့ပေသည်။ ထို့နောက် သဏ္ဌာန်မဲ့သော လှိုင်းများက ပျောက်ကွယ်သွားခဲ့သည်။ သူက သူတို့၏ အရှိန်အဝါများမှ ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ စွမ်းအားများက သူတို့၏ ပုံရိပ်များကို ရိုင်းစိုင်းစွာ လွှမ်းခြုံသွားခဲ့ပေသည်။

ကောင်းကင်တွင် ကျင့်ကြံသူများစွာ၏ ပုံရိပ်တို့က အဆက်မပြတ် ထွက်ပေါ်လာသည်။ အများစုက ထိပ်တန်းအဆင့် ရန်ဟောင်များ ဖြစ်ကြပေသည်။ သူတို့၏ နေရာကို သတင်းရပြီးနောက် သူတို့က ချ​က်ချင်း အလျင်အမြန် ရောက်လာကြခြင်း ဖြစ်သည်။ သူတော်စင်ကျန်းချန်၏ ဆုလာဘ်က အလွန် မက်လောက်စရာပင် ဖြစ်သည်။ ထိုဆုလာဘ်ကြောင့် မည်သူကမှ တုန့်ဆိုင်းမနေနိုင်ကြပေ။

သို့သော် လူအများစုက ရီဖူရှင်း၏ စွမ်းရည်ကို သေချာမသိကြပေ။ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်မှ စစ်ပွဲ၏ အသေးစိတ်အချက်အလက်များက ပိတ်ဆို့ခံထားရပြီး ဖြစ်သည်။ ကျန်ရှိသည့် အချို့သော အချက်အလက်များမှာ ဟုန်ယဲ့ သိရှိထားသည်ကဲ့သို့သော သာမန် အချက်အလက်လေးများသာ ဖြစ်ပေသည်။ အဖြစ်အပျက်တစ်ခုလုံးကို သတိပြုမိသည့် လူက များများစားစား မရှိပေ။

ဟုန်ယဲ့သည်လည်း အဝေးရှိ လူအုပ်ကြီးထဲတွင် ရှိနေခဲ့၏။ သူမက သူမအဖေနောက်၌ ရှိနေခဲ့ပြီး ရီဖူရှင်းနှင့် ဟွာဂျီယူထံ ကြည့်လိုက်သည်။ သူမက အပြစ်ရှိစိတ်ကြောင့် မျက်လုံးများ နီရဲနေခဲ့၏။ သူမက သူတို့ တည်နေရာကို ဖော်ထုတ်ရန် မရည်ရွယ်ခဲ့ပေ။ ထိုသို့လုပ်ဆောင်ခဲ့သူမှာ ရီဖူရှင်း ခန့်မှန်းခဲ့သလို သူမ၏ အဖေသာ ဖြစ်ပေသည်။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ဟုန်ယဲ့ကို မကြည့်ခဲ့ပေ။ ရီဖူရှင်းက ကြေညာလိုက်၏။ “ကျုပ်တို့ရဲ့ လမ်းကိုပိတ်တဲ့ ဘယ်သူမဆို အညှာအတာမရှိဘဲ သတ်ဖြတ်ခံရမယ်။”

သူက ပြောလိုက်ပြီးသည်နှင့် လူအုပ်ကြီးက ကောင်းကင်၌ နတ်ဘုရားရုပ်ကြွင်းတစ်ခု မျောလွင့်လာသည်ကို မြင်တွေ့လိုက်ရ၏။ ဟွာဂျီယူက နတ်ဘုရားရုပ်ကြွင်း ဘေး၌ ရှိနေခဲ့သည်။ ၎င်းမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထွက်ပေါ်နေပြီး မဟာလမ်းစဥ်စွမ်းအားများက တုန်ခါနေခဲ့သည်။ ၎င်းသည် အနီးရှိ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ နှလုံးသားတို့ကို တုန်ယင်စေခဲ့သည်။

“သွားကြစို့။” ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က ကောင်းကင်သို့ တက်ကာ နေရာမှ ထွက်ခွာသွားခဲ့သည်။

ကျင့်ကြံသူများက ရီဖူရှင်းတို့ ထွက်သွားသည်ကို မြင်သောအခါ သူတို့အားလုံး အမှန်တကယ် တွေဝေသွားခဲ့ကြသည်။ သူတို့က ချက်ချင်း မတိုက်ခိုက်ရဲခဲ့ကြပေ။

“သူတို့ကို တားထား။ ကျုပ်တို့တွေ သူတော်စင်ကျန်းချန်ရဲ့ လူတွေ ရောက်လာတဲ့အထိ စောင့်ဆိုင်းရုံပဲ လိုအပ်တယ်။” နက်ရှိုင်း၍ အစွမ်းထက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ရန်ဟောင်အထွတ်အထိပ်အဆင့်၌ ရှိနေသည့် ကျင့်ကြံသူတစ်ယောက်က ရှေ့သို့ ခြေလှမ်းလာပြီး လေထဲသို့ တက်သွားခဲ့၏။ ရှေးဟောင်းရွှေရောင်နာရီများက လေဟာနယ်ကို ချိပ်ပိတ်ကာ ကောင်းကင်မှ ကျဆင်းလာပြီး ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ထွက်ခွာသွားခြင်းကနေ တားဆီးရန် ကြိုးစားလိုက်ကြသည်။

ရီဖူရှင်းက ခေါင်းကိုမော့ကာ နာရီများအား ကြည့်လိုက်သည်။

ဒေါင်... ဒေါင်...

နာရီများ၏အသံက အဆက်မပြတ် ထွက်ပေါ်လာသည်ကို ကြားလိုက်ရပေသည်။ ထိုနာရီများအားလုံးမှ နတ်အလင်းတို့ ပေါက်ကွဲထွက်လာပြီး အပိုင်းအစများအဖြစ် ပြိုကွဲသွားပေသည်။ လျှပ်တပြက်ပင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ရွှေရောင်အလင်းတို့အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးဖောက်သွားပေသည်။

ဒုန်း...

ရန်ဟောင်အထွတ်အထိပ်အဆင့်မှ ကျင့်ကြံသူ၏ မျက်နှာအမူအရာက အရုပ်ဆိုးသွားခဲ့ပေသည်။ ကြီးမားလှသည့် ရှေးဟောင်းနာရီကြီးတစ်ခု ပေါ်ပေါက်လာကာ သူ့အား ကာကွယ်ပေးထားသည်။ သို့သော် နတ်အလင်းတို့က နာရီကို တိုက်ရိုက်ထိုးဖောက်လာခဲ့သည်။ ရှေးဟောင်းနာရီက တုန်ယင်လာခဲ့ပြီး ကျင့်ကြံသူများက ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။ ထို့နောက် သူက မရေတွက်နိုင်သော မဟာလမ်းစဥ် အလင်းစက်များအဖြစ် ပြိုကွဲသွးးခဲ့ပေသည်။ သူက သုတ်သင်ခံလိုက်ရပြီဖြစ်၏။

“ဒါက..”

ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရသည့် လူများအားလုံးသည် သူတို့၏ နှလုံးသားများက တုန်ယင်လာသည်ကို ခံစားလိုက်ကြရပေသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူက ချက်ချင်းပင် ကောင်းကင်ကို ဖြတ်သန်းကာ ထွက်ခွာသွားသည်။ ထိုအခိုက်အတန့်၌ မည်သူကမှ သူတို လမ်းကို မတားဆီးထားရဲတော့ချေ။

All Chapters