ရွှေအမြုတေ ဥပဒေသနယ်ပယ်၏ လျှို့ဝှက်ချက်၊ တတိယအဆင့် ဆေးဖော်စပ်ပညာရှင်(၃)။
Vol. 20 Ch. 245
ထင်ရှားသည်မှာ၊ ကျင့်ကြံခြင်းလောကတွင် ရှင်သန်နိုင်သော ရွှေအမြုတေ မိသားစုများသည် မည်သည့်နည်းနှင့်မျှ ကြင်နာတတ်သော သတ္တဝါများ မဟုတ်ကြပေ။
စီးပွားရေး စစ်ပွဲတွင် မနိုင်လျှင်၊ သူတို့သည် ရက်စက်ကြမ်းကြုတ်စွာနှင့် တိတ်တဆိတ် သေချာပေါက် တိုက်ခိုက်လာကြပေလိမ့်မည်။
သူတို့သည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုပင် အသုံးပြုလာနိုင်သည်။
ဤသည်မှာ ကျင့်ကြံခြင်းလောက၏ အရိုးရှင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
ဤပင်လယ်ပြင် နယ်မြေများတွင် ပဋိပက္ခများ နေရာအနှံ့ ဖြစ်ပွားနေပြီး၊ အင်မော်တယ်မြူခိုးကျွန်းထက် များစွာ ပိုမို ပြင်းထန်သည်။
"စိတ်မပူပါနဲ့… ယောက်ျား.."
"ကျွန်မ အင်မော်တယ်ရှားဂိုဏ်းက တပည့်တွေကို သတိထားဖို့နဲ့ ယုမိသားစုက ကျင့်ကြံသူတွေရဲ့ ချုံခိုတိုက်ခိုက်တာ မခံရအောင် ရှောင်ရှားဖို့ ညွှန်ကြားထားပြီးပါပြီ…"
လန်ယွဲ့ရှီ ခေါင်းညိတ်လိုက်သည်။ အကြံကုန် ဂဠုန်ဆားချက် တိုက်ခိုက်လာခြင်းကို ကာကွယ်ရန် ဤရွှေအမြုတေ မိသားစုများ၏ တိုက်ခိုက်မှုများကို သတိထားရန် လိုအပ်သည်ဟု သူမလည်း အခိုင်အမာ ယုံကြည်သည်။
"ကိုယ် အင်မော်တယ်ရှားဂိုဏ်း တပည့်တွေအတွက် စိတ်မပူပါဘူး.. မင်းတို့အားလုံးအတွက်ပဲ စိတ်ပူတာ.."
"မင်းတို့ထဲက တစ်ယောက်ယောက် တစ်ခုခု ဖြစ်သွားရင်.. အဲ့ဒါက ပြန်လည် အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုပဲ.."
"မင်းတို့အားလုံး မရှိဘဲနဲ့.. ကိုယ် ထာဝရအသက် ရရင်တောင်မှ ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်ဘူး…"
ကျိုးစွေ့သည် သူ၏ လက်တွဲဖော်များကို ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်ပြီး၊ ဤစိတ်ရင်းပါသော စကားများကို သဘာဝကျကျ ပြောလိုက်သည်။
ယခုအခါ၊ ဤအရာသည် သူ၏ ဗီဇစိတ် ဖြစ်လာပြီဟု ဆိုနိုင်သည်။
"ယောက်ျားရယ်..."
ဤစကားများကို ကြားလိုက်ရသောအခါ လန်ယွဲ့ရှီ၊ ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်နှင့် ရှန်ပိချန်အပါအဝင် လူတိုင်း နက်ရှိုင်းစွာ စိတ်လှုပ်ရှားသွားကြသည်။ ထိုကဲ့သို့သော ရိုမန်တစ်ဆန်သော စကားများကို မရေမတွက်နိုင်အောင် ကြားနေရသော်လည်း၊ သူတို့ ဘယ်တော့မှ မငြီးငွေ့ကြပေ။
"ဒီလိုလုပ်မယ်... ကိုယ်က ကိုယ်ပွားပညာရပ်မှာ ကျွမ်းကျင်တယ်…"
"ကိုယ် မင်းတို့ဘေးမှာ ကိုယ်ပွားတစ်ခု ချန်ထားခဲ့မယ်.."
"မမျှော်လင့်ထားတာ တစ်ခုခု ဖြစ်လာရင်… ဒီကိုယ်ပွားက မင်းတို့အားလုံး ဘေးကင်းရာ ရောက်အောင် လုပ်ဆောင်ပေးလိမ့်မယ်.."
ခေတ္တမျှ စဉ်းစားပြီးနောက်၊ ကျိုးစွေ့ သည် သူ၏လက်တွဲဖော်များဘေးတွင် ကိုယ်ပွားတစ်ခုကို ထားရှိရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ၊ သူ၏ ‘ကိုယ်ပွားကူ’သည် အဆင့်နှစ် အထွတ်အထိပ်သို့ တက်လှမ်းထားပြီးဖြစ်ရာ ကိုယ်ပွား (၇၂)ခုအထိ ဖန်တီးနိုင်သည်။
ကိုယ်ပွားတစ်ခုစီသည် သူ၏မူလ တိုက်ခိုက်ရေးစွမ်းအား၏ ထက်ဝက်ကို အမွေဆက်ခံထားသည်။
သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ ရွှေအမြုတေ ရုပ်ခန္ဓာ ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်နိုင်သဖြင့်၊ သူ၏ တိုက်ခိုက်ရေးစွမ်းအား တစ်ဝက်သာ ရှိလျှင်ပင် ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်ရန် လုံလောက်သင့်သည်။ ဤစွမ်းအားသည် ခြိမ်းခြောက်မှု များစွာကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိသည်။
ထို့အပြင်၊ ကိုယ်ပွားတစ်ခုစီသည် နတ်ဆိုးအသွင်ပြောင်း ပညာရပ်ကို လုပ်ဆောင်နိုင်ပြီး၊ ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲကာ သူမတို့၏ ဆံပင်တွင် ရစ်ပတ်ထားနိုင်သည်။
ဤပုံစံဖြင့် သယ်ဆောင်ရန် အလွန် အဆင်ပြေသွားပေမည်။
"ကျေးဇူးတင်ပါတယ် ယောက်ျား.."
ကျိပင်းယွီနှင့် အခြားသူများက ချိုသာစွာ ပြောလိုက်ကြသည်။ ခင်ပွန်းသည်၏ ကိုယ်ပွားစွမ်းရည်သည် ကြောက်မက်ဖွယ် ကောင်းပြီး သာမန်ထက် များစွာ သာလွန်ကြောင်း သူတို့ သိကြသည်။
အကျပ်အတည်း ကြုံလာချိန်တွင် ကိုယ်ပွားတစ်ခု ရှိနေခြင်းသည် သူတို့၏ လျှို့ဝှက်လက်နက်တစ်ခု အဖြစ် ဆောင်ရွက်နိုင်သည်။
သူတို့သည် ပုံမှန်အားဖြင့် အင်မော်တယ်ရှားဂိုဏ်းမှ ထွက်ခွာလေ့ မရှိကြသော်လည်း၊ ခြွင်းချက်များ ရှိမလာနိုင်ဟု မည်သူ ပြောနိုင်ပါမည်နည်း။
သူတို့တွင် ဤသို့သော လျှို့ဝှက်လက်နက် ရှိနေပါက၊ သဘာဝအတိုင်း ပိုမို လုံခြုံသည်ဟု ခံစားရပေလိမ့်မည်။
"နောက်ကျနေပြီ.. ရေချိုးကြစို့…"
ကျိုးစွေ့ ပြုံးလျက် ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ အမျိုးသမီးများ အားလုံး မျက်နှာ နီမြန်းသွားကြသည်။ ဤလူဆိုးလေး ဘာရည်ရွယ်သည်ကို အတိအကျ သိနေကြသည်။
သို့သော် လင်နှင့်မယား ဖြစ်နေကြပြီ ဖြစ်သဖြင့်၊ သူတို့သည် ဤကိစ္စများနှင့် ပတ်သက်၍ ယခင်ကကဲ့သို့ မရှက်ကြောက်ကြတော့ပေ။
သူတို့ တစ်ဦးချင်းစီသည် သူတို့၏ ဂုဏ်ယူဖွယ်ရာ ခန္ဓာကိုယ်ကောက်ကြောင်းများကို ထုတ်ဖော်ပြသလိုက်ကြပြီး၊ အင်မော်တယ်ရှားတောင်ထွတ်၏ ရေပူစမ်းများဆီသို့ ကျက်သရေရှိစွာ လှုပ်လီလှုပ်လဲ့ လျှောက်သွားကြသည်။
သူတို့အားလုံး ရင်းနှီးမှု အခိုက်အတန့်ကို ပျော်ရွှင်စွာ ခံစားနေကြသည်။
မကြာမီ၊ ရေပူစမ်းသည် ပျော်ရွှင်ကြည်နူးဖွယ်ရာ ချစ်တင်းနှီးနှောသံများဖြင့် ပြည့်နှက်သွားသည်။
..
ဤအချိန်တွင်၊ ယုမိသားစုကျွန်းပေါ်၌...။
ရွှေအမြုတေ ကျင့်ကြံသူ များစွာသည် စံအိမ်ကြီး တစ်ခုအတွင်း စုရုံးနေကြသည်။
ယုမိသားစုမှ ရွှေအမြုတေ ဆရာသခင်များ သာမက၊ တိုင်မိသားစု၊ စုန်မိသားစုနှင့် အခြား ရွှေအမြုတေ ဆရာသခင်များလည်း ထိုနေရာတွင် စုဝေးနေကြသည်။
ကြယ်သုံးပွင့် ကျွန်းစုအနီးရှိ ရွှေအမြုတေ မိသားစုများမှ ရွှေအမြုတေ ဆရာသခင် အများအပြား ဤအစည်းအဝေးကို တက်ရောက်ခဲ့ကြသည်ဟု ဆိုနိုင်သည်။
"ကျုပ် ခင်ဗျားတို့ကို ဘာလို့ ဒီကို ဖိတ်ခေါ်လဲဆိုတာ ခင်ဗျားတို့ အားလုံး သိကြမှာပါ…"
"အဲ့ဒါကတော့ အင်မော်တယ်ရှား မြို့တော်ရဲ့ ခြိမ်းခြောက်မှုကို ဘယ်လို တွန်းလှန်မလဲ ဆိုတာ ဆွေးနွေးဖို့ ခင်ဗျားတို့ အားလုံးကို ဖိတ်ခေါ်လိုက်တာပါ.."
စကားပြောသူမှာ ယုမိသားစု၏ ခေါင်းဆောင်၊ ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူ ယုမင်ဖြစ်သည်။
သူသည် ပတ်ဝန်းကျင်ကို စိုးမိုးထားနိုင်သော အစွမ်းထက် ဂုဏ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"အင်မော်တယ်ရှား မြို့တော် ဟုတ်လား.. ဟိုအသစ် ထွက်ပေါ်လာတဲ့ ကုန်သွယ်ရေး မြို့တော်ကို ပြောတာလား…"
"သူတို့က နှစ်တိုင်း အရည်အသွေးမြင့် အခြေတည်ဆေးလုံး အမြောက်အမြားကို လေလံတင် ရောင်းချနေပြီး… တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားကို အဲ့ဒီဘက် ဆွဲဆောင်နေတယ်လို့ ကြားတယ်.."
"မိသားစု ကျင့်ကြံသူ တချို့တောင်မှ သွားဖို့ ရွေးချယ်နေကြတယ်…"
"ငါးနှစ် အတွင်းမှာတင်.. အင်မော်တယ်ရှား မြို့တော်ရဲ့ လူဦးရေက တစ်သိန်း ကျော်သွားပြီ.. ငါတို့ စီးပွားရေး အများကြီးကို ယူသွားကြတယ်.."
စကားပြောသူမှာ တိုင်မိသားစုမှ ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူ တိုင်ဖန်ဖေး ဖြစ်သည်။
သူ၏ မျက်နှာမှာလည်း အလွန် တည်ကြည်နေသည်။
"ဒီပင်လယ်ပြင် ဧရိယာက ဒီလောက်ပဲ ကျယ်တယ်ဆိုတာ လူတိုင်း သိကြမယ်လို့ ကျုပ် ယုံကြည်ပါတယ်.."
"တစ်ကိုယ်တော်ကျင့်ကြံသူတွေ အကုန်လုံး အင်မော်တယ်ရှား မြို့တော်ကို သွားကြရင်.. ငါတို့အတွက် နေရာ ကျန်တော့မှာ မဟုတ်ဘူး…"
"ငါးနှစ် အတွင်းမှာတင်.. သူတို့က ကျင့်ကြံသူ တစ်သိန်းလောက်ကို အဲ့ဒီမှာ နေထိုင်ဖို့ ဆွဲဆောင်နိုင်ခဲ့တယ်…"
"နောက် ဆယ်နှစ်.. အနှစ် နှစ်ဆယ် ကြာရင်ရော.. အဲ့ဒီမှာ နေထိုင်တဲ့ ကျင့်ကြံသူ တစ်သန်းလောက် ဖြစ်လာမလား…"
"အဲ့ဒီအချိန်ကျရင်.. ငါတို့ မြို့တွေမှာ လာပြီး ကုန်သွယ်မယ့်သူ ရှိတော့မှာ မဟုတ်ဘူး.. ပြီးတော့ မြို့တွေက သေချာပေါက် ခြောက်ကပ်သွားလိမ့်မယ်.."
"ငါတို့ အားလုံး ငတ်သေကြလိမ့်မယ်.."
ယုမိသားစု၏ ခေါင်းဆောင် ယုမင်က အံကြိတ်လျက် ပြောလိုက်သည်။ သူအလွန် ဒေါသထွက်နေကြောင်း ထင်ရှားပေသည်။
လွန်ခဲ့သော ငါးနှစ်က၊ ကြယ်သုံးပွင့် ကျွန်းစုသည် ကြီးမားသော ရွှေအမြုတေ ဂိုဏ်းသုံးခုကို ကြိုဆိုခဲ့သည်ကို သူ သိခဲ့သည်။
သို့သော် သူသည် ဤပြင်ပ ဂိုဏ်းသုံးခုကို လုံးဝ အလေးအနက် မထားခဲ့ပေ။
သူတို့သည် လူသစ်များသာ ဖြစ်ပြီး၊ နှစ်ပေါင်း ရာနှင့်ချီ၍ တည်ထောင်ထားသော သူတို့၏ ရွှေအမြုတေ မိသားစုများနှင့် ယှဉ်လျှင် နှိုင်းယှဉ်စရာပင် မရှိပေ။
ဤဂိုဏ်းသုံးခု ပူးပေါင်းပြီး အင်မော်တယ်ရှား မြို့တော်ကို ဖန်တီးကာ၊ အရည်အသွေးမြင့် အခြေတည်ဆေးလုံး အမြောက်အမြားကို ကမ်းလှမ်းလျက်၊ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ထိုနေရာတွင် ကုန်သွယ်မှု ပြုလုပ်ရန် ဆွဲဆောင်ပြီး စီဖွန်အကျိုးသက်ရောက်မှုကို ဖန်တီးလိမ့်မည်ဟု မည်သူက ကြိုတင် ခန့်မှန်းနိုင်မည်နည်း။
[ စီဖွန် အကျိုးသက်ရောက်မှုဆိုတာ မြင့်ရာကနေ နိမ့်ရာကို ရေစုပ်ထုတ်တဲ့ ပိုက်အကွေးကို ပြောတာပါ။ ရေကန်အကြီးထဲကနေ ရေကန်ငယ်ထဲကို ရေပိုက်နဲ့ ရေထုတ်တဲ့သဘောမျိုးပါ။]
လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း ယုမိသားစုကျွန်းသည် ၎င်း၏ ယခင် ဘုန်းကျက်သရေကို ဆုံးရှုံးခဲ့ရသည်။
ကျင့်ကြံသူ အမြောက်အမြားသည် အင်မော်တယ်ရှား မြို့တော်တွင် သွားရောက် နေထိုင်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော်၊ အင်မော်တယ်ရှား မြို့တော်ရှိ ကုန်ပစ္စည်းများသည် အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်း သက်သာကာ၊ သူတို့သည် အရည်အသွေးမြင့် အခြေတည်ဆေးလုံးများကိုလည်း ထောက်ပံ့ပေးသောကြောင့် ဖြစ်သည်။
မိမိတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းအပေါ် ရည်မှန်းချက်ကြီးသော မည်သူမဆို မည်သို့ ရွေးချယ်ရမည်ကို သိကြပေသည်။
ထိုတစ်ကိုယ်တော်ကျင့်ကြံသူများသည် အလွန် လက်တွေ့ကျပြီး၊ သူတို့သည် ကမ်းလှမ်းမှု ပေးနိုင်သူ နောက်သို့ လိုက်ကြမည်သာ ဖြစ်သည်။
"အင်မော်တယ်ရှား မြို့တော်က တကယ်ကို လွန်လာပြီ…"
"ဒီပင်လယ်ပြင်ကို ရောက်လာတာတောင်.. သူတို့ ငါတို့ကို လာပြီး ဂါရဝ မပြုကြဘူး…."
"သူတို့က ဒီလောက် ကြီးမားတဲ့ အမြတ်အစွန်းတွေကို လက်ဝါးကြီးအုပ်ချင်ကြတယ်.. ဒါက ငါတို့ အသက်ကို တောင်းနေတာနဲ့ တူတူပဲ မဟုတ်လား…"
"သူတို့က ငါတို့ကို ရှင်သန်ဖို့ လမ်းစ မပေးချင်ရင်.. ငါတို့လည်း သူတို့ကို မျက်နှာသာ ပေးစရာ မလိုတော့ဘူး…"
ရွှေအမြုတေ ဆရာသခင် အများအပြား သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
သူတို့ အားလုံးသည် နှစ်ပေါင်း ရာနှင့်ချီ၍ သိကျွမ်းခဲ့သော မိသားစုဝင်များ ဖြစ်ကြပြီး၊ အေးအတူ ပူအမျှ အတူတကွ ရှိနေခဲ့ကြသူများ ဖြစ်သည်။
အင်မော်တယ်ရှား မြို့တော်သည် ပြင်ပ အင်အားစု တစ်ခုမျှသာ ဖြစ်သည်။ သူတို့သည် ပြင်ပ အင်အားစုများကို ဆန့်ကျင်ရန် သဘာဝအလျောက် စည်းလုံးကြသည်။
"အတိအကျပဲ.. ငါတို့ တူညီတဲ့ ကောက်ချက်တစ်ခု ရပြီထင်တယ်…"
"အစက.. ငါ သူတို့ကို နောက်ဆုံး ရာဇသံ ပေးခဲ့ပြီးတော့ အရည်အသွေးမြင့် အခြေတည်ဆေးလုံးတွေ ရောင်းချတာကို တားမြစ်ခဲ့တယ်.."
"အရည်အသွေးမြင့် အခြေတည်ဆေးလုံးတွေ မရှိရင်.. အင်မော်တယ်ရှား မြို့တော်က ဒီလောက် ဆွဲဆောင်မှု ရှိမှာ မဟုတ်ဘူး…"
"ဒါပေမဲ့ သူတို့က ယဉ်ကျေးမှုကို လျစ်လျူရှုပြီး ငါ့ကို မျက်နှာသာမပေးဘူးလို့ ဘယ်သူ ထင်မှာလဲ.."
"ဒီလိုဆိုရင်တော့.. အင်မော်တယ်ရှား မြို့တော်နဲ့ စကားပြောစရာ မလိုတော့ဘူး…"
"ငါတို့ ရွှေအမြုတေ မိသားစုတွေ ပေါင်းစည်းပြီး အင်မော်တယ်ရှား မြို့တော်အပေါ် စုပေါင်း ပိတ်ဆို့မှုတွေ ပြုလုပ်သင့်တယ်…"
ယုမိသားစုခေါင်းဆောင် ယုမင်က သတ်ဖြတ်လိုစိတ် ပြင်းပြစွာ ပြောလိုက်သည်။
သူ၏ ရည်ရွယ်ချက်အမှန်များ နောက်ဆုံးတွင် အပြည့်အဝ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ဤမျှ များပြားသော ရွှေအမြုတေ ဆရာသခင်များကို ဤနေရာသို့ ဆင့်ခေါ်လိုက်ခြင်းမှာ ရွှေအမြုတေ မိသားစုများစွာ၏ အင်အားကို အသုံးပြု၍ အင်မော်တယ်ရှား မြို့တော်ကို ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရန် ကြိုးစားလိုခြင်း ဖြစ်သည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် သူတို့သည် အင်မော်တယ်ရှား မြို့တော်ကို ရှင်သန်ရန် လမ်းစ မရှိအောင် ပြုလုပ်လိုက်မည် ဖြစ်သည်။
"ရောင်းရင်းယုမှာ ဘယ်လို အကြံအစည် ရှိလဲ သိချင်ပါတယ်…"
"ခင်ဗျား အင်မော်တယ်ရှား မြို့တော်ကို တိုက်ခိုက်ချင်တာလား…"
ရွှေအမြုတေ ဆရာသခင်တစ်ဦးက ယုမိသားစု၏ နောက်တစ်ဆင့် အစီအစဉ်ကို သိလိုသဖြင့် မေးလိုက်သည်။
"ဟုတ်တယ်… ဒါပေါ့... ကျုပ် အင်မော်တယ်ရှား မြို့တော်ကို တိုက်ခိုက်ချင်တယ်…"
"ကျွန်တော် အင်မော်တယ်ရှား မြို့တော်ရဲ့ စွမ်းရည်တွေကို စမ်းသပ်ကြည့်ချင်တယ်.."
"သူတို့ ခုခံနိုင်ရင်.. ဒီပင်လယ်ပြင် ဧရိယာမှာ ရှင်သန်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ဆိုရမှာပေါ့…"
"ဟမ့် မခုခံနိုင်ရင်တော့.. ငါတို့ အင်မော်တယ်ရှား မြို့တော်ကို ဝါးမျိုပစ်ပြီး အဓိကဂိုဏ်းကြီး သုံးခုကို သုတ်သင်ရှင်းလင်းပစ်လို့ ရပြီ…"
ယုမိသားစုခေါင်းဆောင် ယုမင်က လက်ကို နောက်ပစ်လျက် မတ်တတ်ရပ်ကာ ပြောလိုက်သည်။ သူ၏ မျက်လုံးများသည် အေးစက်သော အရောင်ဖြင့် တောက်ပနေချေသည်။