← Chapters

ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းခြင်း၏အတိဒုက္ခ၊ စိတ်မိစ္ဆာကပ်ဘေးနှင့် ကောင်းကင်မိုးကြိုး ကပ်ဘေး(၁)။

Vol. 20 Ch. 246

ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းခြင်း၏အတိဒုက္ခ၊ စိတ်မိစ္ဆာကပ်ဘေးနှင့် ကောင်းကင်မိုးကြိုး ကပ်ဘေး(၁)။

Vol. 20 Ch. 246

"အင်မော်တယ်ရှား မြို့တော်ကို တိုက်ခိုက်မယ် ဟုတ်လား.."

"ခက်တာက... သူတို့က ဝူကျိမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်နေတာပဲ…"

"ငါတို့သာ သူတို့ကို သွားတိုက်ခိုက်ရင်.. တရားဝင်အကြောင်းပြချက်မရှိ ဖြစ်နေနိုင်တယ်.."

"တစ်ချိန်တည်းမှာ ဝူကျိမဟာမိတ်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကိုလည်း ခံရနိုင်တယ်…"

စုန်မိသားစုမှ ရွှေအမြုတေ ဆရာသခင်တစ်ဦးက အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

သူသည် အင်မော်တယ်ရှား မြို့တော်ကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်သည်မဟုတ်သော်လည်း၊ တရားဝင်အကြောင်းပြချက် မရှိခြင်းကြောင့် ဝေဖန်မှုများ အလွယ်တကူခံရနိုင်မည်အား စိုးရိမ်မိသည်။

မည်သို့ပင်ဆိုစေကာမူ၊ ဝူကျိမဟာမိတ်အဖွဲ့သည် ၎င်း၏ ကိုယ်ပိုင် အင်အားစုများကို အချင်းချင်း စစ်ခင်းခွင့် မပြုထားပေ။

ဤအချက်က ဝူကျိမဟာမိတ်အဖွဲ့ကို အတွင်းရေး ပဋိပက္ခများအတွင်းသို့ အလွယ်တကူ ကျရောက်သွားစေနိုင်သည်။

အကယ်၍ ဝူကျိမဟာမိတ်အဖွဲ့သာ ဒေါသထွက်သွားပါက၊ သူတို့ လွယ်လွယ်ကူကူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"စိတ်မပူပါနဲ့.. ငါတို့က အင်မော်တယ်ရှား မြို့တော်ကို ပေါ်တင် တိုက်ခိုက်မှာမှ မဟုတ်တာ…"

"တကယ်တော့... ငါတို့က ကိုယ့်ကိုယ်ကို ဓားပြကျင့်ကြံသူတွေအဖြစ် အပြည့်အဝ ဟန်ဆောင်လို့ ရတယ်လေ…"

"ဘာပဲဖြစ်ဖြစ်.. ဒီပင်လယ်ပြင် နယ်မြေတွေမှာ ပင်လယ်ဓားပြ ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိနေတာပဲ… သူတို့ကို ဖမ်းမိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…"

"ငါတို့ အင်မော်တယ်ရှား မြို့တော်ကို သုတ်သင်ရှင်းလင်းပြီးတာနဲ့.. ငါတို့ ထွက်သွားလိုက်ရုံပဲ.. ဝူကျိမဟာမိတ်အဖွဲ့တောင် ဘယ်သူ လုပ်သွားလဲဆိုတာ သိနိုင်မှာ မဟုတ်ဘူး…"

ယုမိသားစုခေါင်းဆောင် ယုမင်က ပြုံးလိုက်သည်။

တုံ့ပြန်မည့် နည်းလမ်းတစ်ခုကို စဉ်းစားထားပြီးသား ဖြစ်သည်။ ၎င်းမှာ ဓားပြကျင့်ကြံသူအဖြစ် ဟန်ဆောင်ပြီး အင်မော်တယ်ရှား မြို့တော်ကို တိုက်ခိုက်ရန် ဖြစ်သည်။

ဤကဲ့သို့သော ကိစ္စရပ်များသည် ဤကျယ်ပြန့်သော ပင်လယ်ဒေသတွင် လက်တွေ့ကျကျ ဖြစ်လေ့ဖြစ်ထ ရှိပြီး လုံးဝ အထူးအဆန်း မဟုတ်ပေ။

အမျိုးမျိုးသော မျိုးနွယ်စုများမှ ကျင့်ကြံသူ အများအပြားသည် မကြာခဏ ရန်ဖြစ်ကြပြီး၊ ဓားပြ ကျင့်ကြံသူများအဖြစ် ပြောင်းလဲကာ အခြား ကျင့်ကြံသူများကို သတ်ဖြတ်လေ့ ရှိကြသည်။

ဤရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများ၏ အရေအတွက်သည် ရေတွက်၍ မကုန်နိုင်အောင်ပင် များပြားလှသည်။

ဝူကျိမဟာမိတ်အဖွဲ့ပင်လျှင် ထိုကဲ့သို့သော ကိစ္စရပ်များကို ဘာမျှ မလုပ်နိုင်ပေ။

လူထု အမျက်ဒေါသကို လှုံဆော်ခြင်း မရှိသရွေ့၊ ဝူကျိမဟာမိတ်အဖွဲ့က ယေဘုယျအားဖြင့် မျက်ကွယ်ပြုပေးလေ့ ရှိသည်။

"ဒါပေမဲ့ အင်မော်တယ်ရှား မြို့တော်ကို အင်မော်တယ်ရှားဂိုဏ်း.. ချင်မုဂိုဏ်းနဲ့ တန်တိန်ဂိုဏ်းဆိုတဲ့ အဓိကဂိုဏ်းကြီးသုံးခုက တည်ထောင်ထားတာနော်.."

"သူတို့မှာ စုစုပေါင်း ရွှေအမြုတေ ဆရာသခင်သုံးယောက် ရှိတယ်.."

"သူတို့က ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူတွေ ဆိုပေမဲ့.. သူတို့ ဝူကျိမဟာမိတ်အဖွဲ့ကို စရောက်တုန်းက ဝူမိသားစုရဲ့ ထင်ရှားတဲ့ တိုက်ခိုက်ရေးသမား သုံးယောက်ကို သတ်ခဲ့တယ်လို့ ကောလာဟလတွေ ရှိတယ်.. သူတို့ကို လျှော့တွက်လို့ မရဘူး.."

"ငါတို့သာ သူတို့နဲ့ ထိပ်တိုက် တွေ့ရင်.. ငါတို့ဘက်က သေချာပေါက် အသေအပျောက် များလိမ့်မယ်… ငါတို့ သတိထားရမယ်…"

ရွှေအမြုတေ ဆရာသခင်တစ်ဦး မျက်မှောင်ကြုတ်လိုက်ကာ၊ အင်မော်တယ်ရှား မြို့တော်၏ ရွှေအမြုတေ ဆရာသခင်များသည် အသေးအမွှား မဟုတ်ဘဲ၊ အတော်လေး ကြောက်မက်ဖွယ် ကောင်းသည်ဟု သူ ယူဆသည်။

အကယ်၍ တစ်ချက်ပေါ့ဆခဲ့လျှင်၊ သူတို့ အလွယ်တကူ ရှုံးနိမ့်သွားနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ၊ သူသည် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး ဖြစ်လာရန် ဆန္ဒရှိနေသေးသည်။ အခြား ရွှေအမြုတေ ဆရာသခင်များနှင့် စစ်ခင်းခြင်းဖြင့် သေးငယ်သော အမြတ်အစွန်းအတွက် သူ့အသက်ကို မစွန့်စားလိုပေ။

သူသာ ကျဆုံးသွားခဲ့ပါက၊ သူ၏မျိုးနွယ်စုသည် ဤဒီကျယ်ပြန့်သော သမုဒ္ဒရာတွေထဲမှ ပျောက်ကွယ်သွားဖို့ များပေသည်။ ၎င်းတို့၏ မူလမျိုးနွယ်စုကျွန်းသည်လည်း ဝူကျိမဟာမိတ်အဖွဲ့မှ ပြန်လည် သိမ်းယူသွားပေလိမ့်မည်။

"ဟမ့်… ဝူမိသားစုရဲ့ ထင်ရှားတဲ့ တိုက်ခိုက်ရေးသမား သုံးယောက်က ဘာများ အရေးပါလို့လဲ.. သူတို့က ဓားပြကျင့်ကြံသူ အုပ်စုတစ်စုထက် မပိုပါဘူး…"

"သူတို့ ဒီလောက်ကြာကြာ အသက်ရှင်နိုင်ခဲ့တဲ့ အကြောင်းရင်းက သူတို့မှာ ထူးခြားတဲ့ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိလို့ပဲ.."

"တကယ်လို့သာ တစ်ယောက်ချင်းစီ တိုက်ခိုက်တဲ့ တိုက်ပွဲစစ်စစ်.. ထိပ်တိုက်တွေ့တဲ့ တိုက်ပွဲဆိုရင်.. သူတို့ ငါတို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး.."

"ပိုအရေးကြီးတာက.. ဝူမျိုးနွယ် သိမ်းငှက်သုံးကောင်က ဘယ်လောက်ပဲ ကြောက်စရာ ကောင်းပါစေ.. ရွှေအမြုတေ တစ်ကိုယ်တော်ကျင့်ကြံသူလေးတွေသာ ဖြစ်တယ်.."

"ဒါပေမဲ့ ငါတို့ ရွှေအမြုတေ မိသားစုတွေ အားလုံး ပေါင်းလိုက်ရင်.. ငါတို့မှာ အနည်းဆုံး ရွှေအမြုတေ ဆရာသခင် ဆယ်ယောက်ရှိတယ်…"

"ဝူမိသားစု တိုက်ခိုက်ရေးသမား သုံးယောက်က ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ…"

ယုမိသားစုခေါင်းဆောင် ယုမင်က လုံးဝ မထီမဲ့မြင် ပြုလိုက်သည်။

သာမန် ဓားပြကျင့်ကြံသူများသည် အရေးမပါဘဲ၊ သူတို့ကဲ့သို့ မိသားစုကျင့်ကြံသူများနှင့် ဘယ်တော့မှ မယှဉ်နိုင်ဟု သူခံစားမိသည်။

"ဒါ့အပြင်... ငါတို့မှာ အခု လူအင်အား အသာစီး ရထားတယ်.. အင်မော်တယ်ရှား မြို့တော်ကို သုတ်သင်ရှင်းလင်းတာက ငါတို့ရဲ့ လက်ဖဝါးကို လှန်လိုက်သလိုပဲ လွယ်ကူလိမ့်မယ်.."

သူ့ပတ်ဝန်းကျင်ရှိ သတ္တိနည်းသော လူအုပ်စုကို သူ အလွန် အထင်သေးသော်လည်း၊ နှစ်ဖက်ကြားရှိ အင်အား ကွာခြားချက်ကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"အင်မော်တယ်ရှား မြို့တော်မှာ တတိယအဆင့် အစီအရင်ရှိတယ်လို့ ငါတို့ ကြားတယ်.. ငါတို့ အင်မော်တယ်ရှား မြို့တော်ကို ချဉ်းကပ်ရင်.. ထောင်ချောက်ထဲကို ဝင်သွားသလို ဖြစ်မနေဘူးလား.."

ရွှေအမြုတေ ဆရာသခင်တစ်ဦးက မေးခွန်းထုတ်လိုက်သည်။

သူတို့အားလုံးသည် ကိုယ်ကျိုးရှာသူ အခွင့်အရေးသမားများသာ ဖြစ်ကြသည်။ အင်မော်တယ်ရှား မြို့တော်သည် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည့်တိုင်၊ ထိုအချက်က သူတို့၏ အသက်ကို စွန့်စားလိုသည်ဟု မဆိုလိုပေ။

အကယ်၍ ကိုင်တွယ်ရ အရမ်း ခက်ခဲနေမည်ဆိုပါက၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် မထိခိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ၊ လက်ရှိ အခြေအနေအရ ယုမိသားစုသည်သာ အကြီးမားဆုံး ဆုံးရှုံးမှုများအား ခံစားနေရခြင်းဖြစ်ပြီး သူတို့မိသားစုများ မဟုတ်ချေ။

စိုးရိမ်ရမယ့်သူမှာ သူတို့ မဟုတ်သေးဘဲ၊ အမှန်တကယ်တွင် ဘေးမှနေ၍ ပွဲထိုင်ကြည့်နေ၍ပင် ရသေးသည်။

အကယ်၍ နှစ်ဖက်စလုံး ပြင်းထန်သော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက၊ သူတို့သည် ကြားမှ အကျိုးအမြတ် ယူနိုင်ဦးမည် ဖြစ်သည်။

"မပြောပလောက်တဲ့ တတိယအဆင့် အစီအရင်လေးများ စကားထဲ ထည့်ပြောနေသေးတယ်.. ဟမ့်.. သိပ်မကြာသေးခင်ကမှ ငါတို့ ယုမိသားစုမှာ တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင် သုံးခုရထားတယ်…"

"ဒီတတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင် သုံးခုနဲ့ဆိုရင်.. တတိယအဆင့် အစီအရင်ကို ချိုးဖျက်တာက ငှက်ပျောသီးအခွံခွာသလို လွယ်ကူလိမ့်မယ်…"

ယုမိသားစုခေါင်းဆောင် ယုမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး၊ သူ့ကိုယ်ပေါ်မှ အဆောင်သုံးခုကို ထုတ်ယူလိုက်သည်။

"ဘာ..."

များပြားလှသော ရွှေအမြုတေ ဆရာသခင်များ၏ မျက်ဆံများ ကျုံ့သွားသည်။

တစ်ဖက်လူထံတွင် ရှိနေသော တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင်ကို သူတို့ ချက်ချင်း သတိပြုမိလိုက်ကြသည်။ ထိုကဲ့သို့သော တတိယအဆင့် အဆောင်သည် မည်မျှ အဖိုးတန်ကြောင်း သူတို့ သိကြသည်။ ဤအဆောင်သည် မည်သည့် တတိယအဆင့် အစီအရင်ကိုမဆို ချိုးဖျက်နိုင်သည်ဟု ဆိုကြသည်။

ဤအဆောင် ထွက်ပေါ်လာသည်နှင့် ၎င်းသည် မည်သည့် တတိယအဆင့် အစီအရင်ကိုမဆို အလွယ်တကူ ထိုးဖောက်နိုင်ပေလိမ့်မည်။

"ဒါပေါ့.. ဒီလို အဆောင်အမျိုးအစားကို ပြုလုပ်ရတာက တတိယအဆင့် အဆောင်တွေထဲမှာ အခက်ခဲဆုံးပဲ…"

"စတုတ္တအဆင့် အဆောင်ပညာရှင်တစ်ယောက်အတွက်တောင်မ်.. ဒါက အရမ်း ခက်ခဲတယ်.."

"တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင်တစ်ခု ရယူဖို့က ထိပ်တန်းအဆင့် မှော်ပစ္စည်းတစ်ခု ရယူနိုင်မဲ့အခက်အခဲနဲ့ တူတူပဲ.."

"စွမ်းအားအရ တတိယအဆင့် ဆိုဘေမဲ့.. ထုတ်လုပ်ရတဲ့ ခက်ခဲမှုကတော့ စတုတ္တအဆင့် အဆောင်တစ်ခုနဲ့ တန်းတူပဲ…"

ယုမိသားစုတွင် တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင် အမှန်တကယ် ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိပေ။ ၎င်းသည် လုံးဝ မယုံကြည်နိုင်စရာပင်။

"ခင်ဗျား ဒီတတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင်ကို ဘယ်က ရတာလဲ…"

ရွှေအမြုတေ ဆရာသခင်တစ်ဦး အတော်လေး လန့်သွားသည်။ ယုမိသားစုတွင် ထိုကဲ့သို့သော ဝှက်ဖဲအရင်းအမြစ် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ဟား ဟား... ဒါက ကံတရားပဲ ဆိုရမယ်.."

"ငါတို့ ယုမိသားစု ပိုင်ဆိုင်တဲ့ ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူတစ်ခုထဲမှာ မတော်တဆ တွေ့ခဲ့တာ.."

"အဲ့ဒီ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးက တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင် အနည်းငယ်ကို ချန်ထားခဲ့တဲ့ စတုတ္တအဆင့် အဆောင်ပညာရှင်တစ်ယောက် ဖြစ်နေခဲ့တာပဲ.."

"ဒါပေါ့.. တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင်က တတိယအဆင့် အစီအရင်တစ်ခုကို မဖျက်ဆီးနိုင်ဘူး.. သူ့ရဲ့ အဓိငလုပ်ဆောင်ချက်က တတိယအဆင့် အစီအရင်ကို ယာယီ အလုပ်မလုပ်နိုင်အောင် လုပ်ပြီး သူ့ရဲ့ အခန်းကဏ္ဍကို တားဆီးတာပဲ.."

"ဒါပေမဲ့ ဒါက လုံးဝ လုံလောက်ပါတယ်.. တတိယအဆင့် အစီအရင် မရှိတော့တာနဲ့.. မပြောပလောက်တဲ့ အင်မော်တယ်ရှား မြို့တော်လေးက ငါတို့ကို ဘယ်လို ယှဉ်နိုင်မှာလဲ.."

ယုမိသားစုခေါင်းဆောင် ယုမင်က ဂုဏ်ယူစွာ ပြောလိုက်သည်။

ဤသည်မှာ ယုမိသားစု ရရှိခဲ့သော ကြီးမားသည့် အခွင့်အလမ်း ဖြစ်ပြီး၊ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး၏ အမွေအနှစ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းကြောင့်ပင်၊ သူတို့မိသားစုသည် ခေတ်တစ်ခုတည်းမှာပင် ရွှေအမြုတေ ဆရာသခင်ငါးဦး မွေးထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင်သည် ၎င်းတို့ ရရှိခဲ့သည့် အခွင့်အလမ်းများထဲမှ တစ်ခုမျှသာ ဖြစ်ပေသည်။

"ဒီလိုဆိုရင်တော့.. ငါတို့ ဒီ စစ်ဆင်ရေးမှာ ပါဝင်သင့်တယ်…"

"ဟုတ်တယ်.. တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင်နဲ့ဆိုရင်.. အင်မော်တယ်ရှား မြို့တော်က ကိစ္စကြီး မဟုတ်တော့ဘူး…"

"ဝူမျိုးနွယ် သိမ်းငှက်သုံးကောင်ကို သတ်လိုက်တယ် ဆိုရင်ကော ဘာဖြစ်လဲ.. ငါတို့က အရေအတွက် ပိုများတယ်.. သူတို့ကို လုံးဝ သုတ်သင်ရှင်းလင်းပစ်နိုင်တယ်.."

ရွှေအမြုတေ ဆရာသခင်များစွာ၏ သဘောထားများ ချက်ချင်း ပြောင်းလဲသွားသည်။

သူတို့အားလုံး လာမည့် စစ်ဆင်ရေးတွင် ပါဝင်ချင်လာကြသည်။

သူတို့သည် တစ်စုံတစ်ယောက် ဒုက္ခရောက်နေချိန်တွင် ကူညီချင်မှ ကူညီကြမည် ဖြစ်သော်လည်း၊ လဲနေတဲ့သူကို ထပ်ကန်နိုင်မည့် အခွင့်အရေး ရလာလျှင်မူ ပျော်ပျော်ကြီး လုပ်ကြမည်သာ ဖြစ်၏။

ဒီတစ်ကြိမ်တွင်၊ ယုမိသားစု၌ ဤမျှ အားကောင်းသည့်ဝှက်ဖဲ ရှိနေသောကြောင့် ယင်းသည် သေချာပေါက် အနိုင်ရမည့်ပွဲဟု ယူဆကြလေသည်။

အခြေအနေကို အခွင့်ကောင်းယူ၍၊ အင်မော်တယ်ရှား မြို့တော်ကို ခွဲဝေယူချင်ကြပေသည်။

"ကောင်းတယ်.. အရမ်းကောင်းတယ်.."

ယုမိသားစုခေါင်းဆောင် ယုမင် အနည်းငယ် ပြုံးလိုက်ပြီး၊ အလွန် ကျေနပ်သွားသည်။

ဤရွှေအမြုတေ ဆရာသခင်းများသည် အားကိုးမရဘဲ၊ အနိုင်သေချာမည့် တိုက်ပွဲကိုသာ တိုက်ခိုက်လိုကြမှန်း သူသိထားသည်။

ဤလူများအား သူတို့အသက်နှင့်ရင်း၍ စွန့်စားခိုင်းဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

သို့သော် ဤတိုက်ပွဲသည် လုံးဝ အပိုင်သေချာသော တိုက်ပွဲတစ်ခု ဖြစ်ပြီး၊ အင်မော်တယ်ရှား မြို့တော် မည်သို့ပင် ရုန်းကန်စေကာမူ၊ သူတို့ ခုခံနိုင်မည် မဟုတ်ပေ။

ယုမိသားစုသည် ဤပင်လယ်ပြင် နယ်မြေ၏ တစ်ခုတည်းသော အာဏာရှင် ဖြစ်ကြောင်း သက်သေပြရန် ဤစစ်ပွဲကို အသုံးချ၍ ပြသရပေမည်။

ယုမိသားစုကို စိန်ခေါ်ရန် ကြိုးစားသော မည်သည့်အင်အားစုမဆို ကျဆုံးရန် ကံပါလာပြီးသားသာ ဖြစ်ချေသည်။

ထင်ရှားသည်မှာ၊ ဤသည်မှာ ဂနာမငြိမ် ဖြစ်လာနေသော ပတ်ဝန်းကျင် အင်အားစုများကို ခြိမ်းခြောက်ရန် လှုပ်ရှားမှုတစ်ခုလည်း ဖြစ်သည်။

သို့မဟုတ်ပါက၊ ဤကမ္ဘာသည် ယုမိသားစုရဲ့ အစွမ်းသတ္တိကို မေ့လျော့နေကြပေမည်။

…

All Chapters