← Chapters

ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းခြင်း၏အတိဒုက္ခ၊ စိတ်မိစ္ဆာကပ်ဘေးနှင့် ကောင်းကင်မိုးကြိုး ကပ်ဘေး(၃)။

Vol. 20 Ch. 248

ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းခြင်း၏အတိဒုက္ခ၊ စိတ်မိစ္ဆာကပ်ဘေးနှင့် ကောင်းကင်မိုးကြိုး ကပ်ဘေး(၃)။

Vol. 20 Ch. 248

"အဟတ်... အနိုင်ကျင့်လို့ လွယ်တဲ့သူလို့ သဘောထားခံရတာပေါ့လေ…"

"ကြည့်ရတာ ဒီပင်လယ်ပြင် ဧရိယာအတွင်းမှာ ငါ့ ချင်မုဂိုဏ်းရဲ့ ဂုဏ်သတင်းက မပျံ့နှံ့သေးဘူး ထင်တယ်…"

"ကောင်းပြီလေ.. ငါ့ ချင်မုဂိုဏ်း နာမည်ကြီးလာဖို့အတွက် ဒီရွှေအမြုတေ ဆရာသခင်တွေရဲ့ အသက်တွေကို အသုံးပြုရမှာပေါ့…"

လင်းယာကျူ ဒေါသတကြီး အံကြိတ်လိုက်သည်။

ရွှေအမြုတေ ပြီးပြည့်စုံမှုအဆင့်မှ ထိပ်တန်းကျင့်ကြံသူတစ်ဦး ဖြစ်သော သူမအား အနိုင်ကျင့်လို့ လွယ်သူအဖြစ် ဆက်ဆံခံရခြင်း..။ ဤသည်မှာ အလွန်တရာ ဒေါသထွက်စရာ ကောင်းလှပေသည်။

သူမသည် ချက်ချင်းပင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်သွားသည်။

"စိတ်လိုက်မာန်ပါ မလုပ်နဲ့.. သူတို့မှာ အရေအတွက် အားသာချက် ရှိတယ်.."

"ဒီကိစ္စကို ကိုယ့်ကို လွှဲပေးလိုက်…"

"မင်း ဒီမှာပဲ အနားယူနေ.."

သူ၏အမျိုးသမီးကို ဤကိစ္စအား ကိုင်တွယ်ဖြေရှင်းခွင့် မည်သို့ ပြုနိုင်မည်နည်း။ တစုံတရာ ဖြစ်ပွားခဲ့လျှင် သူ အလွန် နောင်တရမိပေလိမ့်မည်။

ဤရွှေအမြုတေ ကျင့်ကြံသူ အုပ်စု၏ စွမ်းရည်များကို စမ်းသပ်ရန် သူ၏ ကိုယ်ပွားကို အရင် လှုပ်ရှားခိုင်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

"ကောင်းပါပြီ.."

ဤစကားများကို ကြားလိုက်ရသောအခါ လင်းယာကျူ၏ ပါးပြင်များ နီမြန်းသွားသည်။ သူမ ကျိုးစွေ့ ကို ငေးမော ကြည့်နေမိသော်လည်း မလှုပ်ရှားခဲ့ပေ။

ဤအခိုက်အတန့်တွင် သစ်သားကြယ်ကျွန်း၏ အစွန်းတစ်နေရာ၌ ပုံရိပ်ဆယ်ခု ရုတ်တရက် ပေါ်လာသည်။ သူတို့သည် တစ်ကိုယ်တော်ကျင့်ကြံသူများအဖြစ် ရုပ်ဖျက်ထားပြီး၊ သစ်သားကြယ်ကျွန်းသို့ တိတ်တဆိတ် ဝင်ရောက်လာကြသည်။

ခေါင်းဆောင်မှာ ယုမိသားစု မြင့်မြတ်အကြီးအကဲ၊ ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ယုဖုန်းဖြစ်ပြီး၊ သူနှင့်အတူ ယုမိသားစုမှ ရွှေအမြုတေ အကြီးအကဲ သုံးဦးဖြစ်သော ယုဟုန်ရူ၊ ယုလျန်ဟွာနှင့် ယုယင်းတို့ လိုက်ပါလာကြသည်။

ထို့အပြင်၊ စုန်မိသားစု၏ ခေါင်းဆောင်၊ ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူ စုန်ကျီဝမ်ရှိပြီး၊ ရွှေအမြုတေ အစောပိုင်းအဆင့်ရှိ မြင့်မြတ်အကြီးအကဲ စုန်ကျယ်လည်း လိုက်ပါလာသည်။

အခြား လေးဦးမှာ အဓိက ရွှေအမြုတေ မိသားစုများမှ ခေါင်းဆောင်များ ဖြစ်ကြပြီး၊ အားလုံးသည် ရွှေအမြုတေ အစောပိုင်းအဆင့်တွင် ရှိကြသည်။

မိသားစုများတွင် ကျန်ရစ်ခဲ့သော ရွှေအမြုတေ ကျင့်ကြံသူများမှလွဲ၍၊ အစွမ်းထက် ပုဂ္ဂိုလ်များ အားလုံး ထွက်လာကြသည်ဟု ဆိုနိုင်သည်။

"ဒါ သစ်သားကြယ်ကျွန်းလား.. တကယ်ပဲ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေနဲ့ ထူးခြားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ရှိတဲ့ နေရာပဲ…"

"ကြယ်သုံးပွင့် ကျွန်းစုရဲ့ ဝိညာဉ်ကြောက ဒီလောက် ကောင်းမှန်း ငါ အရင်က ဘာလို့ မသိခဲ့ရတာလဲ…"

"ဒီလို ကောင်းတဲ့အရာကို ဘယ်လိုလုပ် ဒီပြင်ပအင်အားစု သုံးခုက လုယူသွားနိုင်ရတာလဲ.."

ယုမိသားစု၏ မြင့်မြတ်အကြီးအကဲ ယုဖုန်းသည် သစ်သားကြယ်ကျွန်းတစ်ခုလုံး၏ သဘာဝ စိတ်ဝိညာဉ်စွမ်းအင်ကို အာရုံခံမိလိုက်သည်။

၎င်းသည် အလွန် ကြွယ်ဝလှသည်။ သံသယဖြစ်ဖွယ် မလို၊ ၎င်းသည် သူ၏ ကိုယ်ပိုင် ယုမိသားစု၏ ကျွန်းထက် ပိုကောင်းသည်။ ၎င်းသည် တတိယအဆင့် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေသည်။

သို့သော် ယုမိသားစုကျွန်းမှာမူ၊ အခုချိန်ထိ အလယ်အလတ်အဆင့် ဝိညာဉ်ကြောသာ ရှိသေးသည်။

ဤပင်လယ်ပြင် ဧရိယာတွင် ယင်းသည် အတော်ပင် ကောင်းမွန်သည့်ကျွန်းတစ်ခုဟု သတ်မှတ်ခံထားရပြီးသား ဖြစ်သော်လည်း၊ နှိုင်းယှဉ်မှုမှာ အကြီးမားဆုံး ပြဿနာ ဖြစ်သည်။

သစ်သားကြယ်ကျွန်းပေါ်ရှိ ဝိညာဉ်ကြောအရှိန်အဝါကို အာရုံခံမိပြီးနောက်၊ သူ ချက်ချင်းပင် မနာလို ဖြစ်လာသည်။

တတိယအဆင့် ထိပ်တန်းနှင့် အလယ်အလတ်အဆင့်အကြား ကွာခြားချက်သည် အဆင့်တစ်ဆင့်တည်းဟု ထင်ရသော်လည်း၊ ဝိညာဉ်ကြော၏ သိပ်သည်းဆသည် အနည်းဆုံး နှစ်ဆ ကွာခြားပေသည်။

တတိယအဆင့် ထိပ်တန်းဝိညာဉ်ကြောတစ်ခုတွင် ရွှေအမြုတေ ဆရာသခင် ဒါဇင်ပေါင်းများစွာ ကျင့်ကြံနေလျှင်ပင် ပြဿနာ ရှိမည် မဟုတ်ပေ။

သို့သော် အလယ်အလတ်အဆင့် ဝိညာဉ်ကြောတစ်ခုအတွက်၊ ရွှေအမြုတေ ဆရာသခင် အနည်းငယ်နှင့် အခြေတည်အဆင့် ကျင့်ကြံသူ အများအပြား စုဝေးနေခြင်းသည် အနည်းငယ် ကျပ်တည်းပေလိမ့်မည်။

ထို့ကြောင့်၊ သဘာဝအတိုင်းပင် သူသည် ပိုကောင်းသော ဝိညာဉ်ကြောရှိသည့် ကျွန်းတစ်ကျွန်းကို ရှာဖွေလိုသည်။

"စိတ်မပူပါနဲ့ အကြီးအကဲ… ကျုပ်တို့ အင်မော်တယ်ရှား မြို့တော်ကို သုတ်သင်ရှင်းလင်းပြီးရင်.. ဒီကြယ်သုံးပွင့် ကျွန်းစုက ကျုပ်တို့အပိုင် ဖြစ်လာမှာ မဟုတ်ဘူးလား.."

ယုဟုန်ရူက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ပြောတာကောင်းတယ်…”

ဤစကားကို ကြားလိုက်ရသောအခါ မြင့်မြတ်အကြီးအကဲ ယုဖုန်းက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ချက်ချင်းပင် စိတ်အခြေအနေ ပိုကောင်းသွားသည်။

"ငါတို့ ဘာလို့ သစ်သားကြယ်ကျွန်းကို လာခဲ့ကြတာလဲ.. ငါတို့ အင်မော်တယ်ရှား မြို့တော်ကို ကိုင်တွယ်ဖြေရှင်းရမယ်လို့ ထင်ထားတာ…"

စုန်မိသားစု၏ ခေါင်းဆောင် စုန်ကျီဝမ်က မေးလိုက်သည်။

"ရှင်းပါတယ်.. ချင်မုဂိုဏ်း.. တန်တိန်ဂိုဏ်းနဲ့ အင်မော်တယ်ရှားဂိုဏ်းတို့က ဇာစ်မြစ် တစ်ခုတည်းပဲ.."

"သူတို့က အင်မော်တယ်ရှား မြို့တော်ကို ပူးပေါင်း တည်ထောင်ခဲ့ကြတာ…"

"ဒါပေမဲ့ တန်တိန်ဂိုဏ်းနဲ့ အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေက အင်မော်တယ်ရှား မြို့တော် အနီးမှာပဲ အမြဲနေထိုင်ကြလို့.. ချုံခိုတိုက်ခိုက်ဖို့ အခွင့်အရေး ရှာရခက်တယ်.."

"ချင်မုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကတော့ မတူဘူး… သူက သစ်သားကြယ်ကျွန်းပေါ်မှာပဲ အမြဲ နေတယ်လေ.."

"ဒါကြောင့် ငါတို့က ချင်မုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ဖြုတ်ချဖို့ သစ်သားကြယ်ကျွန်းကို အရင် လာခဲ့ကြတာ.."

"ပြီးရင်.. ကျန်နေတဲ့ ရွှေအမြုတေ ဆရာသခင်နှစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းရတာ အများကြီး ပိုလွယ်ကူသွားလိမ့်မယ်…"

အကြီးအကဲ ယုဖုန်းက ယုံကြည်ချက်ရှိသော အပြုံးတစ်ခု ပြသလိုက်သည်။ သူသည် သူမတို့အား တစ်ယောက်ပြီးတစ်ယောက် အမှည့်ချွေလိုနေသည်။

"သဘောပေါက်ပြီ…"

ရွှေအမြုတေ ဆရာသခင်များ အသီးသီး ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်။ သူတို့တွင် အားသာချက် ရှိသည်မှာ မှန်သော်လည်း၊ ရန်သူကို ထိပ်တိုက် ရင်ဆိုင်ရမည်ဟု မဆိုလိုပေ။

ရန်သူကို ပေါ့ပေါ့ပါးပါး အနိုင်ယူနိုင်လျှင်၊ အဘယ်ကြောင့် စွမ်းအင် အများကြီး ဖြုန်းတီးနေမည်နည်း။

"ချင်မုဂိုဏ်းမှာ တတိယအဆင့် အစီအရင်ရှိတယ်လို့ ကြားတယ်… ငါတို့ သစ်သားကြယ်ကျွန်းကို ရောက်တာနဲ့.. ငါတို့ ရှိနေတာကို သူတို့သိမသွားနိင်ဘူးလား.."

ရွှေအမြုတေ ဆရာသခင်တစ်ဦးက မေးလိုက်သည်။

"အဲ့ဒါ ပြဿနာ မဟုတ်ဘူး.."

"တတိယအဆင့် အစီအရင်က အတိုင်းအတာ တစ်ခုအထိပဲ လွှမ်းခြုံနိုင်တာ…"

"ဒါက သစ်သားကြယ်ကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ လွှမ်းခြုံနိုင်တယ်…"

"ငါတို့က သစ်သားကြယ်ကျွန်းရဲ့ အစွန်အဖျားကိုပဲ ရောက်သေးတာ.. ချင်မုဂိုဏ်းက လူတွေ ငါတို့ကို ထောက်လှမ်းနိုင်ဖို့ မဖြစ်နိုင်ဘူး.."

"ငါတို့ ချင်မုဂိုဏ်းကို ရောက်တာနဲ့… တတိယအဆင့် အစီအရင်ကို ဖျက်ဆီးဖို့ တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင်ကို ချက်ချင်း အသုံးပြုလိုက်မယ်.."

"ပြီးရင် ချင်မုဂိုဏ်း ဂိုဏ်းချုပ်ကို ချက်ချင်း ဖြုတ်ချမယ်…"

အကြီးအကဲယုဖုန်းက သတ်ဖြတ်လိုစိတ် ပြင်းထန်သော အသံဖြင့် ပြောလိုက်သည်။

"ကောင်းပြီ.."

ရွှေအမြုတေ ဆရာသခင်များ ခေါင်းညိတ်လိုက်ကြသည်။ အစီအစဉ်က ရိုးရှင်းကြမ်းတမ်းသော်လည်း၊ ထိရောက်မှု ရှိပေသည်။

ဝှစ်..ဝှစ်…ဝှစ်…။

မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကဲယုဖုန်း၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ချင်မုဂိုဏ်းရှိရာ လမ်းကြောင်းဆီသို့ ပျံသန်းသွားကြသည်။

သူတို့သည် အရှိန်အဝါကို ဖုံးကွယ်ထားပြီး၊ ချင်မုဂိုဏ်းဆီသို့ တိတ်တဆိတ် လျင်မြန်စွာ သွားရောက်နေကြသည်။

ရွှေအမြုတေ ဆရာသခင်များအနေဖြင့်၊ သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ရန် အကောင်းဆုံး ကြိုးစားပါက၊ ရွှေအမြုတေ အဆင့်အောက်ရှိ ကျင့်ကြံသူများသည် သူတို့ကို ထောက်လှမ်းနိုင်မည် မဟုတ်ပေ။

"ဘာဖြစ်တာလဲ.. ဘာလို့ ဒီကျွန်းပေါ်မှာ ဒီလောက် တိတ်ဆိတ်နေရတာလဲ.."

ရုတ်တရက်၊ စုန်မိသားစု၏ ခေါင်းဆောင် စုန်ကျီဝမ်က ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ကြီးမားသော ပြဿနာတစ်ခု ရှိနေကြောင်း သူ၏ ဗီဇစိတ်က ပြောပြနေသည်။ လေထုထဲတွင် အန္တရာယ်ရှိသော အရှိန်အဝါများ ပြည့်နှက်နေသကဲ့သို့ ထင်ရသည်။

"ဒါက တော်တော်လေး ပုံမှန်ပဲ မဟုတ်ဘူးလား.."

"ချင်မုဂိုဏ်း မရောက်ခင်တုန်းက ဒါက လူမနေတဲ့ ကျွန်းတစ်ကျွန်း ဖြစ်ခဲ့တယ်လို့ ကြားတယ်…"

"ချင်မုဂိုဏ်း အခြေချပြီးတာတောင်မှ.. လူ ထောင်ဂဏန်းလောက်ပဲ ရှိတာ.."

"ငါတို့ ချင်မုဂိုဏ်းရဲ့ အဓိက နယ်မြေကို မရောက်မချင်း ဘယ်လူမှ မြင်ရမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်…"

ယုမိသားစုမှ ရွှေအမြုတေ ဆရာသခင်တစ်ဦးက ဝင်ပြောလိုက်ပြီး၊ ဤအရာသည် ပုံမှန်ဟု သူထင်မြင်နေသည်။

"မဟုတ်သေးဘူး.. အဲ့ဒီလောက် မရိုးရှင်းဘူး.."

"ပြဿနာက လူမရှိတာ မဟုတ်ဘူး.. ဘယ်သက်ရှိမှ မရှိသလို ဖြစ်နေတာ.."

"ပတ်ဝန်းကျင်မှာ ငှက်အော်သံတွေ မကြားရဘူး.. ဆိုလိုတာက အနီးအနားမှာ လူတွေ ချုံခိုစောင့်ဆိုင်းနေကြလို့ပဲ…"

"သေစမ်း...ယုဖုန်း… မင်း ငါတို့ကို သတ်ဖို့ အင်မော်တယ်ရှား မြို့တော်နဲ့ ပူးပေါင်းလိုက်တာလား.."

စုန်မိသားစု၏ ခေါင်းဆောင် စုန်ကျီဝမ်သည် ထိတ်လန့်ကာ ဒေါသထွက်သွားသည်။ သူသည် ယုမိသားစု၏ မြင့်မြတ်အကြီးအကဲယုဖုန်းကို စိုက်ကြည့်လိုက်သည်။

အကြီးအကဲယုဖုန်း ဘာမှ ပြောခွင့်မရလိုက်ခင်၊ မမြင်နိုင်သော စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးတစ်ခု လွှမ်းခြုံသွားပြီး၊ ရွှေအမြုတေကျင့်ကြံသူ ဆယ်ဦးလုံးကို ရုတ်တရက် ဖုံးအုပ်သွားတော့သည်။

ထုံးစံအတိုင်း၊ လှုပ်ရှားလိုက်သူမှာ အိပ်မက်ဝိညာဉ်ကူဖြစ်ပြီး အိပ်မက်ဆိုးစွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

၎င်းသည် အဆင့်နှစ် အထွတ်အထိပ်တွင်သာ ရှိသေးသော်လည်း၊ ၎င်း၏ ပိုင်ရှင်အနေဖြင့် ကျိုးစွေ့၏ စိတ်ဝိညာဉ်စွမ်းအားသည် ရွှေအမြုတေ နှောင်းပိုင်းအဆင့်နှင့် ညီမျှသည်။

ဤနှစ်ခု၏ ပေါင်းစပ်စွမ်းအားသည် ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူများကို သက်ရောက်မှု ရှိစေရန် လုံလောက်သည်။

ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက်ပင်၊ တုန်လှုပ်သွားစေနိုင်သည်။

ဘုန်း…။

သို့သော် နောက်တစ်စက္ကန့်တွင် ယုဖုန်းနှင့် အခြား ရွှေအမြုတေကျင့်ကြံသူများသည် ညင်သာစွာ ညည်းညူရုံသာ ပြုလိုက်ကြပြီး၊ သူတို့၏ ခန္ဓာကိုယ်မှ မမြင်နိုင်သော စွမ်းအင်အကာအကွယ် တစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးများသည် စူးရှနေပြီး၊ သက်ရောက်မှု မရှိပုံရသည်။

တိုက်ခိုက်ခံရပြီးနောက် တစ်ဦးစီသည် သူတို့၏ မှော်ရတနာများကို ထုတ်ယူလိုက်ကြသည်။ အားလုံးသည် အနည်းဆုံး အဆင့်နိမ့် မှော်ရတနာအဆင့်တွင် ရှိကြသည်။

"သူတို့က 'အိပ်မက်ဝိညာဉ်ကူ'ရဲ့ စွမ်းအားကို ခံနိုင်ရည် ရှိတယ်လား…"

"ကြည့်ရတာ ဒီပင်လယ်ပြင် ရွှေအမြုတေ ကျင့်ကြံသူတွေက ရိုးရှင်းပုံ မရဘူး.. လူတိုင်းနီးပါးမှာ စိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်တွေကို ကာကွယ်နိုင်တဲ့ မှော်ရတနာတွေ ရှိနေကြတာပဲ…"

"မဟုတ်ရင်... သူတို့ 'အိပ်မက်ဝိညာဉ်ကူ'ရဲ့ စွမ်းအားကို ဒီလောက် လွယ်လွယ်ကူကူ ခုခံနိုင်မှာ မဟုတ်ဘူး…"

"'အိပ်မက်ဝိညာဉ်ကူ'ရဲ့ စွမ်းအားကို ထုတ်သုံးနိုင်ဖို့ဆိုရင် အနည်းဆုံး အဆင့်သုံးကို တက်လှမ်းဖို့ လိုလိမ့်မယ်.."

မလှမ်းမကမ်းတွင် ရှိနေသော ကျိုးစွေ့သည် ဤမြင်ကွင်းကို သဘာဝကျကျ သတိပြုမိလိုက်သည်။

သူသည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

'အိပ်မက်ဝိညာဉ်ကူ'၏ တိုက်ခိုက်မှုသည် အနည်းဆုံးတော့ ဤကျင့်ကြံသူများကို တုန်လှုပ်သွားစေပြီး၊ အိပ်မက်ကမ္ဘာထဲသို့ ကျရောက်သွားစေလိမ့်မည်ဟု သူ မူလက ထင်ထားခဲ့သည်။

သို့သော်၊ လုံးဝ သက်ရောက်မှု မရှိဘဲ သူတို့ အပြည့်အဝ ကာကွယ်ထားနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"သေစမ်း... ဘယ်သူလဲ… ဘယ်သူက ငါ့ကို ချုံခိုတိုက်ခိုက်ရဲတာလဲ…"

ယုမိသားစုမှ အကြီးအကဲယုဖုန်း ထိတ်လန့် ဒေါသထွက်သွားသည်။

ဤအစီအစဉ်သည် လုံခြုံစိတ်ချရပြီး ချင်မုဂိုဏ်း၏ ဂိုဏ်းချုပ်ကို အသံမထွက်စေဘဲ သေချာပေါက် သုတ်သင်နိုင်မည်ဟု သူ မူလက ထင်ထားခဲ့သည်။ ချင်မုဂိုဏ်း၏ နယ်မြေထဲသို့ မရောက်မီမှာပင် သူတို့ ရှာဖွေတွေ့ရှိခံရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သစ်သားကြယ်ကျွန်းပေါ်သို့ ခြေချလိုက်သည့် အချိန်မှစ၍၊ သူတို့၏ တည်နေရာကို ထောက်လှမ်းမိသွားခြင်း ဖြစ်နိုင်ကြောင်း သူ ကောင်းစွာ သိရှိလိုက်သည်။

All Chapters