← Chapters

ရွှေအမြုတေ ဥပဒေသနယ်ပယ်၏ လျှို့ဝှက်ချက်၊ တတိယအဆင့် ဆေးဖော်စပ်ပညာရှင်(၂)။

Vol. 20 Ch. 244

ရွှေအမြုတေ ဥပဒေသနယ်ပယ်၏ လျှို့ဝှက်ချက်၊ တတိယအဆင့် ဆေးဖော်စပ်ပညာရှင်(၂)။

Vol. 20 Ch. 244

"အရည်အသွေးမြင့် အခြေတည်ဆေးလုံး ခြောက်လုံးတဲ့လား…"

"တတိယအဆင့် ဆေးဖော်စပ်ပညာရှင် တစ်ယောက်က စိတ်ဝိညာဉ်ဆေးဝါး အပိုင်းအစတိုင်းရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်တယ်လို့ ကောလာဟလတွေ ရှိတယ်…"

"ဒါကြောင့် ထုတ်လုပ်လိုက်တဲ့ ဆေးလုံး အရေအတွက်က တခြား ဆေးဖော်စပ်ပညာရှင်တွေထက် ပိုများနေတာ…"

"အကြီးအကဲကျိုးက တတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်နေပြီများလား…"

"ဟင့်အင်း.. မဖြစ်နိုင်ဘူး.. ဒါက တော်တော့်ကို အဓိပ္ပာယ်မရှိဘူး… ရွှေအမြုတေ ဆရာသခင်တစ်ယောက်မှသာ တတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာနိုင်တာလေ…"

"ဒါက ဥပဒေသပဲ… အကြီးအကဲကျိုးက ပါရမီ ရှိပေမယ့်.. သူက အခု အခြေတည်အဆင့်မှာပဲ ရှိသေးတယ်.."

"သူ တတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…"

ဆေးလုံးတောင်ထွတ်၏ တောင်ထွတ်သခင် မာချန်ကျွင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရင်း မျက်ဆံများ ကျုံ့သွားကာ၊ ကျိုးစွေ့ကို မှင်တက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ခေတ္တမျှ သူ စကားမပြောနိုင် ဖြစ်သွားသည်။

"မဆိုးဘူး.."

ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။ ထွက်ပေါ်လာသော ဆေးလုံးခြောက်လုံးကို ကြည့်ပြီး သူ အလွန်အမင်း ကျေနပ်နေသည်။

အစောပိုင်းက သူ အနည်းငယ် စမ်းသပ်ကြည့်ရုံမျှသာ ဖြစ်ပြီး၊ ဆေးဖော်စပ်ခြင်းအတွက် ဥပဒေသနယ်ပယ်၏ စွမ်းအားကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့သည်။

ဥပဒေသနယ်ပယ်၏ စွမ်းအားကို မရရှိမီက၊ သူ ဆေးဖော်စပ်သောအခါ ဆေးဖက်ဝင် အစွမ်းသတ္တိ ထက်ဝက်ကျော်ကို အမြဲတမ်း ဖြုန်းတီးပစ်ခဲ့ရသည်။

ထို့ကြောင့် စိတ်ဝိညာဉ်ဆေးဝါးမှ အညစ်အကြေးများကို သူ မည်မျှပင် ကောင်းစွာ ဖယ်ရှားနိုင်စေကာမူ၊ ဆေးလုံးသုံးလုံးသာ ထုတ်လုပ်နိုင်ခဲ့သည်။

သို့သော် အခြေအနေများ ကွာခြားသွားပြီ ဖြစ်သည်။

ဥပဒေသနယ်ပယ်၏ စွမ်းအားကို အသုံးပြု၍ အတားအဆီးတစ်ခု ဖွဲ့စည်းကာ စိတ်ဝိညာဉ်အရည် အပိုင်းအစတိုင်းကို ချိပ်ပိတ်လိုက်ခြင်းဖြင့်၊ သူသည် ဆေးဖက်ဝင် အစွမ်းသတ္တိအားလုံးကို ထိန်းသိမ်းနိုင်ခဲ့ပြီး၊ တစ်ရာရာခိုင်နှုန်းနီးပါးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

ရလဒ်အနေဖြင့်၊ သန့်စင်ထားသော ဆေးလုံးများသည် ယခင်ပမာဏထက် ထက်ဝက်ကျော် ပိုမို များပြားလာခဲ့သည်။

ဤအကြောင်းကြောင့်ပင် တတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးအတွက် ငွေရှာရန် အလွန် လွယ်ကူပေသည်။

သူတို့သည် တူညီသော စိတ်ဝိညာဉ်ဆေးဝါး အမျိုးအစားကို အသုံးပြုလျှင်ပင် ဆေးလုံးများ ပိုမို ထုတ်လုပ်နိုင်ပြီး ငွေနှစ်ဆ ပိုရှာနိုင်သည်။

ဤသည်မှာ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး ယှဉ်ပြိုင်နိုင်သော အရာ မဟုတ်ပေ။

နာရီအနည်းငယ် ကုန်ဆုံးသွားသည်။

ကျန်ရှိနေသော အဆင့်နှစ် မိစ္ဆာအမြုတေနှစ်ခုကို ကျိုးစွေ့ အရည်အသွေးမြင့် အခြေတည်ဆေးလုံး ၁၂ လုံးအဖြစ်သို့ သန့်စင်လိုက်ပြီး၊ စုစုပေါင်း ဆေးလုံး ၁၈လုံး ရရှိသည်။

ဤပင်လယ်ပြင် နယ်မြေတွင် အရည်အသွေးမြင့် အခြေတည်ဆေးလုံး တစ်လုံးစီသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော် တန်ကြေးရှိသည်။

ထို့ကြောင့်၊ ကုန်ကျစရိတ်များကို နှုတ်ပြီးနောက် အသားတင် အမြတ်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းကျော် ဖြစ်သည်။

ဤသည်မှာ ဆေးဖော်စပ်ပညာရှင်တစ်ဦး ဝင်ငွေပင် ဖြစ်သည်။

အပြင်ထွက်ကာ အသက်အန္တရာယ် စွန့်စားစရာ မလိုဘဲ၊ အိမ်တွင်နေပြီး ဆေးလုံးများ ဖော်စပ်ရုံဖြင့် မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများကို ရှာဖွေနိုင်သည်။

ထိပ်တန်း ပါရမီရှင်များသည် မည်သည့် ကမ္ဘာတွင်မဆို အလွန် ရေပန်းစားကြသည်။

…

ညအချိန်...။

ရေကြယ်ကျွန်း၊ အင်မော်တယ်ရှားတောင်ထွတ်ရှိ နန်းတော်ထဲ၌။

ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီနှင့် ရှန်ပိချန်တို့သည် ကျိုးစွေ့ နှင့်အတူ ထမင်းစားရန် စုဝေးနေကြသည်။ စားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာမျိုးစုံ တည်ခင်းထားပြီး၊ လေထဲတွင် ပျံ့လွင့်နေသော ရနံ့က သွားရည်ကျစေနိုင်သည်။

"ယောက်ျား... မကြာသေးမီက ဆေးဖော်စပ်တဲ့ဖြစ်စဉ်မှာ အရည်အသွေးမြင့် အခြေတည်ဆေးလုံး ၁၈လုံး ထုတ်လုပ်ခဲ့တယ်လို့ ကြားတယ်…"

"ပြီးတော့ ယောက်ျားက အခြေတည်ဆေးလုံး သုံးလုံးစာ စိတ်ဝိညာဉ်ဆေးဝါးကိုပဲ သုံးခဲ့တာဆို…"

"ယောက်ျား.. တတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်သွားပြီလို့တော့ မပြောနဲ့နော်.."

ရှန်ပိချန်က စူးစမ်းစွာ မေးလိုက်ပြီး၊ သူမ၏ တောက်ပသော မျက်လုံးဝိုင်းကြီးများဖြင့် ကျိုးစွေ့ကို စိုက်ကြည့်နေသည်။

တတိယအဆင့် အဆင့်မြင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက်၊ သူမသည် တတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး၏ စွမ်းဆောင်ရည်ကို သဘာဝကျကျ ကောင်းစွာ သိရှိသည်။

ယေဘုယျအားဖြင့် ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးက အခြေတည်ဆေးလုံး သုံးလုံး ထုတ်လုပ်နိုင်လျှင် အတော်ပင် ကောင်းမွန်သည်ဟု ယူဆကြသည်။

သို့သော် ယခု၊ သူမ၏ ခင်ပွန်းသည် ဆေးလုံး ခြောက်လုံး ထုတ်လုပ်နိုင်ခဲ့သည်။

ထင်ရှားစွာပင်၊ ဤသည်မှာ တတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး၏ စွမ်းဆောင်ရည် ဖြစ်သည်။

"ဟုတ်တယ်.. ကိုယ် တကယ်ပဲ တတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်သွားပြီ.."

ကျိုးစွေ့က အနည်းငယ် ပြုံးပြီး ဘာကိုမှ ဖုံးကွယ်မထားဘဲ ပြန်ဖြေလိုက်သည်။

အကယ်၍ အခြားသူများသာ ဖြစ်ပါက၊ သူသည် သူ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသလိုမည် မဟုတ်သည်မှာ သဘာဝကျသည်။

သို့သော်၊ သူမတို့သည် သူ၏ ဇနီးမယားများ ဖြစ်ကြသဖြင့်၊ ထိုကဲ့သို့သော အသေးစိတ် အချက်အလက်များကို မျှဝေရာတွင် ပြဿနာ မရှိဟု သူ မြင်သည်။ ဇနီးမယားများ သိသွား၍ စိုးရိမ်စရာ ဘာမျှ မရှိပေ။

"ယောက်ျားက တကယ် အံ့ဩစရာ ကောင်းတာပဲ.."

"အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က တတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာတယ်လို့ ကျွန်မ တစ်ခါမှ မကြားဖူးဘူး.."

"ယောက်ျားက အင်မော်တယ်မြူခိုးကျွန်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသော အခြေတည်အဆင့် တတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်မယ် ထင်တယ်.."

ရှန်ပိချန်၏ မျက်လုံးများ အရောင်လက်နေပြီး ကျိုးစွေ့ ကို ကြည့်နေကာ၊ သူမ၏ မျက်နှာသည် လေးစားအားကျမှု၊ ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

သူတို့ ထမင်းစားနေဆဲသာ မဟုတ်ပါက၊ သူမ သူ့အပေါ်သို့ ခုန်အုပ်လိုက်မိလောက်ပြီ ဖြစ်သည်။

သူတို့ မိသားစု၏ယောက်ျားသည် တကယ့်ကို စိတ်ကူးမယဉ်နိုင်သော ပါရမီရှင်ပင်။

"အဟမ်း... သေးသေးမွှားမွှား ကိစ္စလေးပါပဲ.."

"မကြာသေးမီက အင်မော်တယ်ရှား မြို့တော်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ.. ပြဿနာကြီးကြီးမားမား မရှိဘူးမလား.."

ကျိုးစွေ့ လက်ဝှေ့ယမ်းလိုက်ပြီး ခေါင်းစဉ် လွှဲလိုက်သည်။ သူသည် အင်မော်တယ်ရှား မြို့တော်၏ လက်ရှိ အခြေအနေကို သိလိုသည်။

မည်သို့ပင်ဆိုစေကာမူ၊ ယင်းသည် ဂိုဏ်းကြီးသုံးခု၏ အနာဂတ်နှင့် သက်ဆိုင်သည် မဟုတ်ပါလော။

"ယောက်ျားကျေးဇူးကြောင့် လေလံပွဲတွေမှာ အရည်အသွေးမြင့် အခြေတည်ဆေးလုံးတွေ မကြာခဏ ပါဝင်လာနိုင်တယ်လေ.."

"ဒါက အင်မော်တယ်ရှား မြို့တော်မှာ ကုန်သွယ်ဖို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေနဲ့ မိသားစု ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့တယ်.."

"အင်မော်တယ်ရှား မြို့တော်မှာ နေထိုင်တဲ့ ဧည့်သည်ကျင့်ကြံသူ အရေအတွက်က အခုဆို တစ်သိန်း ကျော်သွားပြီ…"

"အခွန်တစ်ခုတည်းကနေတင် နေ့တိုင်း ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရရှိနေတယ်လို့ ပြောရမယ်.."

"တကယ်ပဲ... ကုန်သွယ်ရေး မြို့တော်တစ်ခု တည်ထောင်တာက အများကြီး အမြတ်ထွက်တဲ့ ကိစ္စပဲ…"

"ငါတို့သာ ဆေးလုံးတွေ.. စိတ်ဝိညာဉ်အဆောင်တွေ.. မှော်လက်နက်တွေနဲ့ တခြားအရာတွေကိုပဲ အားကိုးနေမယ်ဆိုရင်.. ဂိုဏ်းကြီးသုံးခုက ကျင့်ကြံသူတွေကို ထောက်ပံ့ဖို့ လုံးဝ လုံလောက်မှာ မဟုတ်ဘူး…"

လန်ယွဲ့ရှီ သက်ပြင်းချလိုက်သည်။

အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာပြီးနောက်၊ ဂိုဏ်းတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရသည်မှာ မည်မျှ ခက်ခဲကြောင်း သူမ ပိုမို သဘောပေါက်လာခဲ့သည်။

အင်မော်တယ်မြူခိုးကျွန်းတွင် နေထိုင်စဉ်က ရန်သူ သိပ်မများလှသဖြင့် သိပ်စိတ်ပူစရာ မလိုခဲ့ပေ။

သို့သော် ဝူကျိမဟာမိတ်အဖွဲ့၏ နယ်မြေသို့ ရောက်ရှိလာပြီးနောက်၊ နေရာတိုင်းတွင် ရွှေအမြုတေ အင်အားစုများ ရှိနေပြီး၊ အဆက်မပြတ် ညှိနှိုင်း ဆက်ဆံနေရသည်။

နေရာတိုင်းလိုလိုတွင် အတားအဆီးများနှင့် ရင်ဆိုင်နေရပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမို ခက်ခဲစေသည်။

"အင်မော်တယ်ရှားဂိုဏ်းက ဒီလောက် မြန်မြန် ကြီးထွားလာတာ... ဒုက္ခတွေကို မဖိတ်ခေါ်မိဖို့ မျှော်လင့်ပါတယ်.."

ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင်၊ အင်မော်တယ်ရှား မြို့တော်၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းသောကိစ္စ ဖြစ်ချင်မှ ဖြစ်ပေမည်။

မည်သို့ပင်ဆိုစေကာမူ၊ ဤပင်လယ်ပြင် နယ်မြေတွင် အကျိုးအမြတ် ဝေစုက အကန့်အသတ် ရှိသည်။

အင်မော်တယ်ရှား မြို့တော်က တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်လိုက်လျှင်၊ တခြား အင်အားစုများအတွက် ဝေစု နည်းသွားပေမည်။

ထိုအခါတွင်၊ မလွဲမသွေ ပဋိပက္ခများဆီ ဦးတည်စေပြီး၊ တခြား ရွှေအမြုတေ အင်အားစုများ၏ ရန်ငြိုးကို ဆွဲဆောင်မိပေမည်။

သို့သော် ဤအခြေအနေသည် ရှောင်လွှဲ၍ မရနိုင်ပေ။

အခြား အင်အားစုများနှင့် ရန်သူ မဖြစ်လိုရုံသက်သက်ဖြင့်၊ တိုးတက်မှုကို ရပ်တန့်ပြီး သူတို့၏ အကျိုးအမြတ်များကို စွန့်လွှတ်လိုက်ကြရမည်လော။

ယင်းက လုံးဝ မဖြစ်နိုင်ပေ။

ကျင့်ကြံခြင်းလောကတွင် ပဋိပက္ခသည် မရှိမဖြစ် လိုအပ်သည်။

ရုန်းကန်လှုပ်ရှားမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းခြင်း၊ ဤသည်မှာ အကောင်းဆုံး နည်းလမ်း ဖြစ်သည်။

သူသည် ရှောင်တိမ်းခြင်းတာအိုသမား တစ်ဦးဖြစ်သော်လည်း၊ မည်သည့် အရှက်ခွဲမှုကိုမဆို လိုလိုလားလား မျိုသိပ်သွားမည်ဟု မဆိုလိုပေ။

"တကယ်ပဲ... ပြဿနာတချို့တော့ ရှိခဲ့တယ်.."

"ဥပမာအားဖြင့်... ဒီဒေသရဲ့ အာဏာရှင် ယုမိသားစုပေါ့.."

"အင်မော်တယ်ရှား မြို့တော်ရဲ့ လျင်မြန်တဲ့ တိုးတက်မှုကြောင့် ယုမိသားစုရဲ့ ကျွန်းကို လာရောက်လည်ပတ်တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူအရေအတွက် သိသိသာသာ လျော့နည်းသွားတယ်.. အနှစ်ချုပ်ပြောရရင် ငါတို့က ယုမိသားစုရဲ့ အကျိုးစီးပွား တစ်စိတ်တစ်ပိုင်းကို သွယ်ဝိုက်ပြီး သိမ်းပိုက်လိုက်တာပဲ.."

"သူတို့က သူတို့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်ခဲ့ကြတယ်.."

"သူတို့က ငါတို့ရဲ့ အရည်အသွေးမြင့် အခြေတည်ဆေးလုံးရောင်းချမှုကို ကန့်သတ်ဖို့တောင် ရည်ရွယ်ထားကြတယ်.. ငါတို့ အခြေတည်ဆေးလုံးတွေ အများကြီး လေလံမတင်သင့်ဘူးလို့ ငြင်းခုံနေကြတယ်.."

"တခြား ရွှေအမြုတေ မိသားစုတွေလည်း အနည်းနဲ့အများ အမြင်တူကြတယ်.."

"ဒါပေမဲ့ ဂိုဏ်းကြီးသုံးခု လက်တွဲထားတဲ့ အချက်ကြောင့်.. ဒီရွှေအမြုတေ မိသားစုတွေက ငါတို့နဲ့ ဗြောင်ကျကျ ရန်မဖြစ်ရဲကြဘူး.."

လန်ယွဲ့ရှီက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

မကြာသေးမီက၊ အင်မော်တယ်ရှားဂိုဏ်းသည် တန်တိန်ဂိုဏ်း၊ ချင်မုဂိုဏ်းတို့နှင့်အတူ အခြား ရွှေအမြုတေ မိသားစုများ၏ ဖိအားပေးမှုကို ခံခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ၊ ဂိုဏ်းကြီးသုံးခုစလုံးသည် ပြင်ပကလာသော အင်အားစုများသာ ဖြစ်သည် မဟုတ်ပါလော။

သူတို့သည် ဤရွှေအမြုတေ မိသားစုများ၏ ရာစုနှစ်များစွာကြာ တည်ရှိခဲ့သော အဆက်အသွယ်များနှင့် မယှဉ်နိုင်ပေ။

အကယ်၍ သူတို့သာ ပူးပေါင်းပြီး ဖိအားပေးလာပါက၊ အခြေအနေ ဆိုးရွားသွားနိုင်သည်။

ဂိုဏ်းကြီးသုံးခုသည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံရနိုင်သည်။

"သူတို့က ငါတို့ရဲ့ အရည်အသွေးမြင့် အခြေတည်ဆေးလုံးရောင်းချမှုကို ကန့်သတ်ချင်တယ် ဟုတ်လား.."

"ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ.."

"ဒါက တရားမျှတတဲ့ စီးပွားရေး ယှဉ်ပြိုင်မှုပဲလေ.. ဟမ့်.. သူတို့ တတ်နိုင်ရင် သူတို့ကိုယ်ပိုင် အရည်အသွေးမြင့် အခြေတည်ဆေးလုံးတွေကို ဖန်တီးကြပါ့လား.."

မုဇီယန်က လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

"ယုမိသားစုမှာ အဲ့ဒီလို လုပ်နိုင်စွမ်း ရှိပုံမပေါ်ဘူး.."

"သူတို့မိသားစုမှာ ရွှေအမြုတေ ဆရာသခင်ငါးယောက် ရှိပေမယ့်.. သူတို့မှာ တတိယအဆင့် ဆေးဖော်စပ်ပညာရှင် တစ်ယောက်တောင် မရှိဘူး.."

"သူတို့က တတိယအဆင့် ဆေးဖော်စပ်ပညာရှင် တစ်ယောက်ကို ငှားဖို့တောင် မတတ်နိုင်ကြဘူးလေ.."

"အများဆုံး သူတို့မှာ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တွေပဲ ရှိတယ်…"

"ဒါကြောင့် သူတို့က အသုတ်တိုင်းမှာ အရည်အသွေးမြင့် အခြေတည်ဆေးလုံး တစ်လုံး ထွက်လာဖို့ဆိုတာ ယောက်ျား လုပ်နိုင်သလိုမျိုး ဘယ်ဖြစ်နိုင်ပါ့မလဲ.."

"ဒါကြောင့် သူတို့ အလိုလို ငါတို့နဲ့ မယှဉ်ပြိုင်နိုင်ကြဘူးပေါ့"

ရှားကျင်းယန်က အပြုံးလေးဖြင့် ပြောလိုက်သည်။

တတိယအဆင့် ဆေးဖော်စပ်ပညာရှင်များသည် ရွှေအမြုတေ မိသားစုများ ငှားရမ်းနိုင်သော အရာ မဟုတ်ပေ။ များသောအားဖြင့် ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုများကသာ စုဆောင်းလေ့ ရှိသည်။

"ဒီလိုဆိုရင်တော့... ငါတို့ သူတို့ရဲ့ အကြံကုန် ဂဠုန်ဆားချက်တဲ့ လှုပ်ရှားမှုတွေကို သတိထားဖို့ လိုလိမ့်မယ်.."

ကျိုးစွေ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

All Chapters