သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ
Vol. 77 Ch. 1146
“ဟူး...”
“နေလို့ကောင်းလိုက်တာ...”
ဖေးဟုန် နတ်လှေပေါ်ရှိ အိပ်ခန်းတစ်ခုအတွင်း။
လုချန်းသည် ပိုင်ချင်းချင်းအတွက် ကမ္ဘာငယ်တစ်ခု တည်ဆောက်ရန် ကူညီပေးနေခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ ပိုင်ချင်းချင်း၏ မျက်နှာသည် နီမြန်းနေပြီး တစ်ကိုယ်လုံး ပန်းရောင်သမ်းနေသည်။
မွှေးကြိုင်သော ချွေးစက်များဖြင့် စိုရွှဲနေသည့် ပိုင်ချင်းချင်း၏ မျက်နှာကို လုချန်း ငုံ့ကြည့်လိုက်သည်။ ထို့နောက် အနည်းငယ် ရှုပ်ပွနေသော သူမ၏ ဆံပင်များကို လက်ဖြင့် ညင်သာစွာ သပ်တင်ပေးလိုက်၏။
ထို့နောက် သူက
“မင်းရဲ့ ခန္ဓာကိုယ်ထဲက ရင်သွေးကမ္ဘာကို အာရုံခံကြည့်လိုက်။”
ထိုစကားကို ကြားသောအခါ ပိုင်ချင်းချင်းသည် လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။ သူမ၏ မျက်လုံးများကို ချက်ချင်း မှိတ်လိုက်သည်။ နောက်တစ်ခဏတွင် သူမ၏ စိတ်အာရုံသည် မည်သည့်အရာမှ မရှိပဲ လုံးဝ တိတ်ဆိတ်ခြောက်ကပ်နေသော အမှောင်ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည်။
ထိုအချိန်တွင် လုချန်း၏ အသံ သူမ၏ နားထဲသို့ ရောက်လာ၏။
“ရင်သွေးကမ္ဘာက လက်ရှိအချိန်မှာ သန္ဓေတည်နေတဲ့ အဆင့်ပဲ ရှိသေးတယ်။ ရင့်ကျက်လာပြီး သက်ရှိတွေကို မွေးထုတ်ပေးနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခု လိုဦးမယ်။”
ထိုစကားများကြောင့် ပိုင်ချင်းချင်း စိတ်သက်သာရာ ရသွားသည်။ တစ်စုံတစ်ခု မှားယွင်းနေပြီဟု သူမ ထင်မှတ်နေခဲ့ခြင်းဖြစ်သည်။
သူမ၏ အမျိုးသားက ထိုသို့ ပြောလာသဖြင့် စိတ်ပူစရာ မလိုတော့ကြောင်း သိလိုက်ရသည်။ ထို့နောက် ပိုင်ချင်းချင်း၏ စိတ်အာရုံ ရင်သွေးကမ္ဘာမှ ပြန်ထွက်လာ၏။
ပိုင်ချင်းချင်း မျက်လုံး ပြန်ဖွင့်လိုက်သောအခါ သူမ၏ နှာခေါင်းနှင့် လုချန်း၏ နှာခေါင်း ထိကပ်နေသည်ကို တွေ့လိုက်ရသည်။ သူမကို ငေးကြည့်နေသော လုချန်း၏ မျက်လုံးများတွင် ကြင်နာယုယမှုများ ပြည့်နှက်နေ၏။ ထိုအခါ ပိုင်ချင်းချင်း၏ စိတ်နှလုံးထဲတွင် ရှက်ရွံ့မှုလှိုင်းတစ်ခု ထပ်မံ မြင့်တက်လာပြန်သည်။
ပိုင်ချင်းချင်း၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများ တင်းမာသွားသည်ကို ခံစားလိုက်ရသဖြင့် လုချန်းက ပြုံး၍
“ပိုင်... မင်းက ဆိုးတာပဲ။ ဒီလောက် ရက်ပေါင်းများစွာ ကြာတာတောင် မင်းက ဒါကို တွေးနေတုန်းလား။”
ပိုင်ချင်းချင်းက စကားတစ်ခွန်းမှ မပြောပဲ သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်သည်။ သူမ အနည်းငယ် ပင်ပန်းနေသော်လည်း လုချန်းသည် သူမ၏ အမျိုးသား ဖြစ်သည်။ လုချန်း ဆက်လုပ်ချင်လျှင် သူမအနေနှင့် အဆုံးထိ လိုက်လျောရန် ဆန္ဒရှိ၏။
သို့သော် ဤအချိန်တွင် လုချန်းက ဆက်လက်၍ ရှေ့ဆက်မတိုးတော့ပေ။ သူက သူ့ဘေးရှိ စနစ် မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။
[ဇနီးအား ရင်သွေးကမ္ဘာ သန္ဓေတည်အောင် ကူညီပေးခဲ့သည့်အတွက် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ကို ဆုချီးမြှင့်ပါသည်။]
ထိုအရာကို စဉ်းစားရင်း ပိုင်ချင်းချင်း၏ ခန္ဓာကိုယ်ကို ဖက်ထားရာမှ လုချန်း တစ်ဖက်သို့ လှည့်လိုက်သည်။ ထို့နောက် ပိုင်ချင်းချင်းကို သူ့အပေါ်တင်လိုက်ကာ သူမ၏ ကျောပြင်ပေါ်သို့ သူ၏ လက်တစ်ဖက်ကို တင်ထားပြီး သူမကို ရင်ခွင်ထဲ၌ ပွေ့ထားလိုက်သည်။
ထို့နောက် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ၏ အသေးစိတ် အချက်အလက်များကို လုချန်း ဖွင့်ကြည့်လိုက်သည်။
[သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ : ဤစကြာဝဠာအတွင်းရှိ မည်သည့်ကမ္ဘာတွင်မဆို ဤနည်းဗျူဟာပုံစံ ကို တည်ဆောက်ပါက တစ်နေရာမှ တစ်နေရာသို့ မျက်စိတစ်မှိတ်အတွင်း ချက်ချင်း သွားလာနိုင်သည်။]
ထိုနည်းဗျူဟာ ပုံစံ၏ လုပ်ဆောင်ချက်ကို မြင်သောအခါ လုချန်း အလွန် အံ့အားသင့်သွားရ၏။ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံသည် ဤစကြာဝဠာအတွင်း၌ အကွာအဝေး အတားအဆီး မရှိအောင် အမှန်တကယ် စွမ်းဆောင်နိုင်လား။
ဤနည်းဗျူဟာပုံစံကို အနည်းဆုံး နတ်ဘုရားအဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာဟု သတ်မှတ်သင့်သည် မဟုတ်ပါလား။
သူတော်စင်အဆင့် နည်းဗျူဟာပုံစံပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ရှိလျှင် နတ်ဘုရားအဆင့် နည်းဗျူဟာပုံစံဆိုပါက မည်သို့ ရှိမည်နည်း...
လုချန်း တွေးတောနေစဉ် စနစ်က သတိပေးလိုက်သည်။
“သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို တည်ဆောက်ရန် ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်ပါတယ်”
ထိုအရာကို ကြားသောအခါ လုချန်း ခဏမျှ ကြောင်သွားသည်။ ထို့နောက် နည်းဗျူဟာ တည်ဆောက်ရန် လိုအပ်သော ဝိညာဉ်ကျောက်တုံး ပမာဏကို အလျင်အမြန် စစ်ဆေးလိုက်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရေတွက်မရနိုင်သော သုညများစွာကို တွေ့လိုက်ရ၏။ ၎င်းတို့ကို ဝိညာဉ်ပုံဆောင်ခဲများဖြင့် တိုင်းတာထားခြင်း ဖြစ်သည်။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးကိုမှသာ အဆင့်နိမ့် ဝိညာဉ်ပုံဆောင်ခဲ တစ်ခုနှင့် လဲလှယ်နိုင်သည်။ သူ ပိုင်ဆိုင်သမျှ အားလုံး ရောင်းချလျှင်ပင် သူတော်စင်အဆင့် နည်းဗျူဟာ တစ်ခု တည်ဆောက်ရန် လိုအပ်သော ဝိညာဉ်ပုံဆောင်ခဲ ပမာဏကို စုဆောင်းနိုင်မည် မဟုတ်ပေ။
ထို့ပြင် ဤကဲ့သို့သော နည်းဗျူဟာပုံစံ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် သွားလာလိုသော ကမ္ဘာ နှစ်ခုလုံး၌ နည်းဗျူဟာပုံစံ တည်ရှိနေရန် လိုအပ်သည်။ ကမ္ဘာတစ်ခုတည်း၌သာ တည်ဆောက်ထားပါက အသုံးဝင်မည် မဟုတ်ပေ။
သူတော်စင်အဆင့် နည်းဗျူဟာ တစ်ခုကိုပင် တည်ဆောက်ဖို့ မတတ်နိုင်ရာ နှစ်ခုဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ သူ ဆင်းရဲလွန်းသေးကြောင်း လုချန်း နားလည်လိုက်သည်။ ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်ပုံဆောင်ခဲများ ပိုမို ရရှိရန် နည်းလမ်းရှာရ တော့မည်ဖြစ်၏။
ထိုအချိန်တွင် ပိုင်ချင်းချင်းသည် လုချန်း၏ ရင်ဘတ်ပေါ်၌ မှီနေသည်။ လုချန်း နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသည်ကို သူမ တိတ်ဆိတ်စွာ ကြည့်နေမိ၏။
မည်သည့်အချိန်၊ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သူမအောက်ရှိ အမျိုးသားသည် အမြဲတမ်း ခန့်ညားချောမောနေသည်။ ပျော်ရွှင်ဖွယ် အချိန်များ ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ဤခံစားချက်ကို သူမ အလွန် နှစ်သက်နေဆဲဖြစ်သည်။
ဤငြိမ်းချမ်းသော အခိုက်အတန့်များကို သူမ နှစ်သက်သည်။ လုချန်း၏ ရင်ခွင်ထဲတွင် ဆက်လက် လဲလျောင်းကာ သူ၏ နွေးထွေးမှုကို ခံစားရခြင်းလောက် မည်သည့်အရာကိုမှ သူမ ပိုမနှစ်သက်ပေ။
တကယ်တော့ လုချန်း၏ အမျိုးသမီးများအားလုံး ထိုကဲ့သို့ပင် ဖြစ်ကြသည်။ သူ့ရင်ခွင်ထဲတွင် ခွေနေပြီး ကြင်နာယုယမှု၏ အရသာကို ခံစားရသည်ကို နှစ်သက်ကြသည်။
…….
ဟွမ်းကျိကမ္ဘာ။
ချန်ဟိုင်ဂိုဏ်း အတွင်း၌...
ရင်ပြင်ပေါ်တွင် မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသားတစ်ဦးသည် အသစ် ခေါ်ယူလိုက်သော ဂိုဏ်းသားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။
“ဒီနှစ် အလားအလာရှိတဲ့သူ အတော်များသားပဲ”
ထိုစကားကို ကြားသောအခါ လေဟောင်ရန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူသည် ဂိုဏ်းဝင်စာမေးပွဲကို အောင်မြင်ခဲ့ပြီး ယခုအခါ ဂိုဏ်းသားတစ်ဦး ဖြစ်လာပြီ ဖြစ်သည်။ သို့သော် တစ်ဖက်လူက သူ့ကို အမည်မဖော်လိုသော ဂိုဏ်းသားအဖြစ် သတ်မှတ်လိုက်ပါက ချန်ဟိုင်ဂိုဏ်း၏ အဓိကပုဂ္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံရန် ခက်ခဲသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ ပြောမည့်စကားကို မည်သူမှ ယုံကြည်ရန် အလားအလာ မရှိပေ။
ထိုအချိန်တွင် ဂိုဏ်းပြင်ပ တာဝန်ခံ၏ အကြည့်သည် လေဟောင်ရန်အပေါ် ကျရောက်လာရာ လေဟောင်ရန်၏ စိတ်လှုပ်ရှားမှု ပိုမို ပြင်းထန်လာ၏။
ကျုံးချန်ယွဲ့က စတင်ပြောလိုက်သည်။
“မင်းက ငယ်ပေမယ့် မင်းရဲ့ နတ်ဝိညာဉ်က အတော်လေး သန်မာတာပဲ။ ဒါပေမဲ့ ဒဏ်ရာအချို့ ရထားပုံရတယ်။ အဲဒါက မင်းရဲ့ စွမ်းအားကို ကျဆင်းစေခဲ့တယ်။ ငါ ထင်တာတော့ မင်းရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခံလိုက်ရတယ် မဟုတ်လား။”
လေဟောင်ရန်က ယဉ်ကျေးစွာဖြင့် လျင်မြန်စွာ တုံ့ပြန်လိုပ်သည်။
“အကြီးအကဲ ခန့်မှန်းတဲ့အတိုင်းပါပဲ... ကျွန်တော်ရဲ့ နတ်ဝိညာဉ် အကြီးအကျယ် ထိခိုက်ထားပါတယ်။”
ကျုံးချန်ယွဲ့က ခပ်အေးအေး ပြောလိုက်သည်။
“မင်း ချန်ဟိုင်ဂိုဏ်းကို ဝင်လိုက်တာနဲ့ မင်းရဲ့ နတ်ဝိညာဉ်ကို ပြန်လည်ကုသဖို့ဆိုတာ ခက်ခဲတဲ့အလုပ် မဟုတ်ပါဘူး။ ကောင်းပြီ... အခုကစပြီး မင်း ဂိုဏ်းအပြင်စည်း တပည့်အဖြစ် ဝင်ရောက်နိုင်ပြီ။”
ထိုစကားကို ကြားသောအခါ လေဟောင်ရန် ကျေးဇူးတင်စကား အလျင်အမြန် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ”
လေဟောင်ရန် စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတွင် သူ ချန်ဟိုင်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ယခု သူ လုပ်ရမည့်အရာမှာ ဖရိုဖရဲကြယ်ပင်လယ်ရှိ မဟာဧကရာဇ် ဂူသင်္ချိုင်းအကြောင်း ဂိုဏ်းပြင်ပ အကြီးအကဲကို ပြောပြရန် အခွင့်အရေး ရှာဖွေခြင်း ဖြစ်သည်။ သို့မှသာ လေရန်ကမ္ဘာသို့ အမြန်ဆုံး ပြန်နိုင်ပေလိမ့်မည်။
ထိုအတွေးဖြင့် လေဟောင်ရန်၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြတ်သန်းသွားသည်။
ဆွမ်ဧကရာဇ်ကို ကလဲ့စားချေရမည့်နေ့က မဝေးတော့ပေ။
…….
မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်နှစ် ကုန်ဆုံးသွားခဲ့သည်။
ယခုအခါ ထျန်းချန်ကမ္ဘာ၊ ကျိယန်ကမ္ဘာနှင့် လေရန်ကမ္ဘာတို့အပေါ် လုချန်း၏ ထိန်းချုပ်မှု တည်ငြိမ်သွားပြီ ဖြစ်သည်။ အတွင်းပိုင်း၌ မကောင်းသော ရည်ရွယ်ချက်များ ရှိနေသူများစွာ ရှိနေသေးသော်လည်း အုပ်ချုပ်ရေးကို မထိခိုက်နိုင်ပေ။
သို့သော် ဖရိုဖရဲကြယ်ပင်လယ်ကဲ့သို့ ဝေးလံခေါင်သီသော ဒေသများတွင် မည်မျှပင် အကြံအစည်များ ရှိစေကာမူ ၎င်းတို့အနေနှင့် အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပေ။
…….
ကျိယန်ကမ္ဘာ။
ကျိရှောင်နိုင်ငံတော် နန်းတော်အတွင်း၌...
ဧကရီ၏ အိပ်ဆောင်အတွင်းမှ အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ အပြင်ဘက်တွင် စောင့်ကြပ်နေသော အစေခံမိန်းကလေးများသည် နားရွက်များ နီရဲ နေကာ မျက်နှာများ နီမြန်းနေကြ၏။ ဧကရာဇ် လာရောက်လည်ပတ်တိုင်း ဤကဲ့သို့သော အသံများ ဧကရီ၏ အိပ်ဆောင်မှ ထွက်ပေါ်လာလေ့ရှိသည်။
အစေခံမိန်းကလေးများမှာ ယင်းကို ကျင့်သားရနေပြီ ဖြစ်သော်လည်း ထိုအသံများကို ကြားရတိုင်း သည်းခံရန် ခက်ခဲနေဆဲဖြစ်သည်။ အထူးသဖြင့် ဆွမ်ဧကရာဇ် လာရောက်လည်ပတ်မှုများသည် တစ်ကြိမ်လျှင် ၁၀ ရက်မှ ၁၅ ရက်အထိ ကြာမြင့်တတ်သောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် အိပ်ခန်းအတွင်း၌ နန်းကုန်းယွဲ့ဟွာသည် ကြိုးစား၍ တောင့်ခံနေသော်လည်း ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို မည်မျှပင် လှည့်ပတ်စေကာမူ လုချန်း ပေးစွမ်းသော ခံစားမှုကို မတောင့်ခံနိုင်ပေ။
နန်းကုန်းယွဲ့ဟွာ စိတ်ထဲ အနည်းငယ် ဒေါသထွက်လာသည်။
ဒီလူဆိုးက တမင်လုပ်နေတာ...
သူမ တိတ်ဆိတ်နေတိုင်း သူက သူမကို သေလုမတတ် နှိပ်စက်လေ့ရှိသည်။
ယခင်က သူမ သည်းခံရသည်ကို နှစ်သက်ခဲ့သော်လည်း ယခုအခါ ဧကရီ၏ ဟန်ပန်ကို ဆက်လက် ထိန်းသိမ်းထားရန် စိတ်မပါတော့ပေ။ သူက အသံကြားရတာကို သိပ်ကြိုက်နေမှတော့ သူ့ကို ကြားစေလိုက်တော့မည်။
အချိန်အတော်ကြာပြီးနောက် လုချန်း သူ၏ ကြမ်းတမ်းသော အပြုအမူကို ရပ်တန့်လိုက်သည်။
လုချန်း ရပ်တန့်သွားသည်ကို မြင်သောအခါ နန်းကုန်းယွဲ့ဟွာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
“ဟူး...”
ဒီနေ့ကစပြီး သူမ၏ တည်ငြိမ်အေးဆေးသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားနိုင်တော့မည့်ပုံ မပေါ်ပေ။ ဤလူ၏ ရှေ့တွင် ဧကရီဟန်ပန် ဖမ်းလေလေ သူက ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်ပုံရသည်။
လုချန်းနှင့် အချိန်များစွာ ကုန်ဆုံးပြီးနောက် သူ၏ စရိုက်ကို နန်းကုန်းယွဲ့ဟွာ အတော်အတန် နားလည်လာပြီ ဖြစ်သည်။
ထိုအချိန်တွင် စိုစွတ်နေသော သူမ၏ မျက်လုံးများကို လုချန်း ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
“မင်းက သူနဲ့ ဘာမှမခြားနားဘူးလို့ ချင်ရက ပြောတယ်... သူပြောတာ မှန်ပုံရတယ်”
ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။