← Chapters

ကမ္ဘာငယ်လေးတစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်ထားတယ်

Vol. 77 Ch. 1145

ကမ္ဘာငယ်လေးတစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်ထားတယ်

Vol. 77 Ch. 1145

လေဟုန်ယွမ်သည် ဧကရာဇ်အဆင့်ဝင်စားသူ ဖြစ်သည်။ လက်ရှိတွင် ဧကရာဇ်အဆင့် အင်အား မရှိသော်လည်း ဧကရာဇ်၏ နတ်ဝိညာဉ်က ကံကြမ္မာကြိုးမျှင်အချို့ကို မြင်နိုင်ရန် သူမကို ကူညီပေးနိုင်သည်။

ယခုလေးတင် သူမ၏ ပတ်လည်တွင် အနီရောင်ပိုးကြိုးကွင်းများ ပေါ်လာခဲ့သည်။ လက်ထပ်ထိမ်းမြားခြင်း ကံကြမ္မာကြိုးမျှင်များဖြစ်သည်။ သူမတွင် ကျင့်ကြံဖော်ရှိနေပြီဖြစ်ကြောင်း ထိုကြိုးမျှင်များက ဖော်ပြနေ ကြောင်း လေဟုန်ယွမ် ချက်ချင်း သဘောပေါက်လိုက်သည်။

ဤပိုးကြိုးမျှင်၏ အခြားတစ်ဖက်သည် သူမ၏ ကျင့်ကြံဖော်နှင့် ဆက်သွယ်ထား၏။

သူမတွင် ကျင့်ကြံဖော် ဘယ်အချိန်က ရှိသွားသနည်း။

သူမကိုယ်တိုင်လည်း မသိပေ။

ကံကြမ္မာကြိုးမျှင်များကို မြင်တွေ့နိုင်စွမ်းရှိသည့် ဧကရာဇ်အဆင့်၏ နတ်ဝိညာဉ် ဖြစ်သော်လည်း လက်ရှိအင်အားနှင့်ဆိုလျှင် ကံကြမ္မာကို ဖြတ်တောက်နိုင်စွမ်း သူမ၌ မရှိသေးပေ။

ဤကြိုးမျှင်ကို ဖြတ်တောက်နိုင်ရန် ဧကရာဇ်အဆင့်ထိ သူမ၏ ကျင့်စဉ်အဆင့် ပြန်လည်ရောက်ရှိရန် လိုအပ်သည်။ သူမ၏ မျက်နှာသည် ချက်ချင်း အေးစက်သွားပြီး အခြားတစ်ဖက်တွင် မည်သူနှင့် ချိတ်ဆက်ထားသည်ကို မသိသေးသော်လည်း သူမ ဝိုးတဝါး အာရုံခံမိနေပြီ ဖြစ်သည်။

ဆွမ်ဧကရာဇ်နှင့် သူမ ယခင်က တွေ့ဆုံဖူးခဲ့သည်။ သူသည် ဘဝနှစ်ခုလုံးတွင် ထူးကဲစွာ ချောမောခန့်ညားသည်ဟု သူမ ခံစားမိသော ပထမဆုံး အမျိုးသားဖြစ်၏။ သူမ၏ အတိတ်ဘဝတုန်းက အမျိုးသားတစ်ဦးနှင့် ဤမျှ စကားများများပြောရန် သူမ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပေ။

သို့သော်လည်း သူ့ပုံပန်းသွင်ပြင်က ထူးခြားသည်ဟုသာ သူမ တွေးခဲ့ပြီး သူနှင့် ကျင့်ကြံဖော်ဆက်ဆံရေး ထူထောင်ခဲ့ခြင်း မရှိပေ။ သူမနှင့် သူ၏ကြားတွင် လက်ထပ်ထိမ်းမြားခြင်း ကံကြမ္မာကြိုးမျှင် အဘယ်ကြောင့် ဖြစ်ပေါ်လာရသနည်း။

သူမ သိထားသလောက်ဆိုလျှင် ကျင့်ဖော်ဆက်ဆံရေးကို တိတိကျကျ သတ်မှတ်ပြီးမှသာ ထိုကဲ့သို့ လက်ထပ်ထိမ်းမြားခြင်း ကြိုးမျှင်များ ဖြစ်ပေါ်လာလေ့ရှိသည်။ မည်သူကမှ အတင်းအကျပ် ဖန်တီးနိုင်သော အရာမျိုး မဟုတ်ပေ။

ကံကြမ္မာကြိုးမျှင်အချို့ကို ဧကရာဇ်အဆင့်တစ်ပါးက ဖြတ်တောက်နိုင်သော်လည်း ဗလာနယ်မှ ကံကြမ္မာကို အတင်းအကျပ် ဖန်တီးယူခြင်းက မလွယ်ကူလှပေ။ အကယ်၍ လူတစ်ဦးက ဗလာနယ်မှ ကံကြမ္မာကို အတင်းအကျပ် ဖန်တီးနိုင်ခဲ့လျှင် ထိုလူသည် ဤလောကတွင် ပြိုင်ဘက်ကင်း ဖြစ်နေပေလိမ့်မည်။

အတော်ကြာ စဉ်းစားပြီးနောက် လေဟုန်ယွမ် အဖြေရှာမရ ဖြစ်နေပြီး ထိုအတိုင်းသာ ထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဧကရာဇ် စွမ်းအားကို ပြန်လည်ရရှိသည်နှင့် ဤလက်ထပ်ထိမ်းမြားခြင်း ကြိုးမျှင်ကို သူမ ဖြတ်တောက်မည်ဖြစ်သည်။

ဤလက်ထပ်ထိမ်းမြားခြင်း ကြိုးမျှင်က သေးငယ်လွန်းသဖြင့် သူမအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်စေမည် မဟုတ်ပေ။ ထိုအတွေးဖြင့် ဤကိစ္စကို လေဟုန်ယွမ် ဆက်လက် တွေးတောမနေတော့ပေ။

……

ရက်အနည်းငယ် ကြာပြီးနောက်...

လေရန်ကမ္ဘာတွင်။

လေရန်ကမ္ဘာသည် ယခုအခါ လုချန်း၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိသွားပြီ ဖြစ်သည်။ ကိစ္စရပ်များ ပြီးစီးသလောက်ရှိပြီဟု ခံစားရသဖြင့် ဤကမ္ဘာ၏ ကံတရားစွမ်းအားကို လုချန်း စတင် စုပ်ယူလိုက်သည်။ အလယ်အလတ်ကမ္ဘာ၏ ကံတရားစွမ်းအားသည် အနိမ့်ပိုင်းကမ္ဘာတစ်ခုထက် များစွာ ပိုမို ကြွယ်ဝသည်။

အဆင့်မြင့်ကမ္ဘာတစ်ခုသို့ ရောက်ရှိပါက အဆင့်မြင့်ကမ္ဘာ၏ ကံတရားစွမ်းအား တစ်ဝက်ခန့်ကို စုပ်ယူခြင်းသည် ဇနီးသည်များ ရင်သွေးကမ္ဘာ ကိုယ်ဝန်ရစေရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု လုချန်း တွေးမိသည်။

……

ဖေးဟုန်နတ်လှေပေါ်တွင် ဖြစ်သည်။

ကုတင်ပေါ်တွင် လုချန်း တင်ပလ္လင်ခွေ ထိုင်နေသည်။ လေရန်ကမ္ဘာ၏ ကံစွမ်းအားကို စုပ်ယူပြီးနောက် ထိုကံစွမ်းအားကို သူ့ကိုယ်ပိုင်အဖြစ် စတင် ပြောင်းလဲလိုက်သည်။

ခဏအကြာတွင် ကံစွမ်းအားကို လုံးဝ ပြောင်းလဲပြီးနောက် လုချန်း အတွေးနက်သွားသည်။ မည်သည့်ဇနီးသည်ကို ရင်သွေးကမ္ဘာ ဦးစွာ မွေးဖွားခွင့် ပြုရမည်နည်း။

စဉ်းစားနေစဉ်အတွင်း တံခါးပေါက်နားတွင် ရပ်နေသော ပိုင်ချင်းချင်းကို လုချန်း လှမ်းကြည့်လိုက်သည်။

ပိုင်ချင်းချင်းသည် သူ့ဘေးနားတွင် အမြဲလိုက်ပါခဲ့ပြီး အနာဂတ်တွင် အန္တရာယ်များစွာနှင့် ကြုံတွေ့ရနိုင်သည်။ အင်အားတိုးတက်ရန် အလိုအပ်ဆုံးသူမှာ သူမ ဖြစ်သည်။

ဒါဆိုရင်...

ပိုင်ချင်းချင်းကိုလည်း ရင်သွေးကမ္ဘာ မွေးဖွားခွင့် ပေးလိုက်မည်။ ထိုအတွေးဖြင့် လုချန်း ပြောလိုက်သည်။

“ပိုင်... ဒီကို ခဏလာပါဦး”

ထိုစကားကို ကြားသောအခါ ပိုင်ချင်းချင်း တုံ့ဆိုင်းမနေပဲ ကုတင်ဆီသို့ ရောက်လာသည်။

“ဘာကိစ္စပါလဲ မင်းကြီး”

တကယ်တော့ လုချန်း ဘာလုပ်မည်ကို ပိုင်ချင်းချင်း ခန့်မှန်းမိပြီး ဖြစ်သည်။ သူမသည် သူ့နောက်သို့ အချိန်ကြာမြင့်စွာ လိုက်ပါခဲ့ပြီး သူ့အကြောင်း ကောင်းစွာ နားလည်လာခဲ့ပြီ ဖြစ်သည်။

ထိုအတွေးကြောင့် ပိုင်ချင်းချင်း၏ အေးမြသော ပါးပြင်ပေါ်တွင် ပန်းရောင်သန်းသွားသည်။ လုချန်းက ချက်ချင်း ပြန်မဖြေပဲ ပြုံးလျက်

“လေရန်ကမ္ဘာရဲ့ ရာသီဥတုက နည်းနည်းပူတယ်။ သံချပ်ကာ ချွတ်လိုက်သင့်တယ်။”

လက်ရှိတွင် ပိုင်ချင်းချင်းသည် ရှန်ဟွေ သံချပ်ကာကို ဝတ်ဆင်ထားပြီး ၎င်းအပေါ်မှ ရွှေနက်ရောင် တိုက်ပွဲဝင် သံချပ်ကာကို ထပ်၍ ဝတ်ဆင်ထားသဖြင့် ရဲရင့်ပြီး ခန့်ညားပုံပေါ်နေသည်။

လုချန်း၏ စကားကို ကြားသောအခါ ပိုင်ချင်းချင်း၏ မျက်နှာ ပို၍ နီရဲလာသည်။

လေရန်ကမ္ဘာရှိ အပူချိန်သည် ထျန်းချန်ကမ္ဘာထက် များစွာ ပိုမြင့်မားသော်လည်း သူတို့ကဲ့သို့ ကျင့်ကြံသူများအတွက် ဤမျှလောက် အပူချိန်က အရေးမကြီးလှပေ။ အပူဒဏ်ကို ကာကွယ်ရန် ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ဖုံးအုပ်ထားနိုင်သဖြင့် မည်မျှ ထူထဲစွာ ဝတ်ဆင်ထားစေကာမူ သူတို့ ပူအိုက်လိမ့်မည် မဟုတ်ပေ။

လုချန်း၏ စကားများက ရှင်းလင်းနေသည်...

သို့သော် ပိုင်ချင်းချင်းလည်း သိပ်မစဉ်းစားတော့ပဲ သူမ၏ သံချပ်ကာကို ဖြည်းညှင်းစွာ စတင် ချွတ်လိုက်သည်။ သံချပ်ကာအောက်တွင် အဖြူရောင် အတွင်းခံဝတ်စုံ ရှိနေ၏။ ထိုအချိန်တွင် လုချန်းက လက်လှမ်းလိုက်ကာ ပိုင်ချင်းချင်း၏ ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ပိုင်ချင်းချင်းက အနည်းငယ် လှည့်ကာ လုချန်း၏ ချောမောသော မျက်နှာကို ငေးကြည့်လိုက်သည်။ သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။ အိမ်ထောင်သက် ကြာပြီဖြစ်သော်လည်း ရင်းနှီးကျွမ်းဝင်မှု ရှိသည့်အချိန်တိုင်း စိတ်လှုပ်ရှားမှု အနည်းငယ် ခံစားရဆဲဖြစ်သည်။

ထိုစိတ်လှုပ်ရှားမှုသည် မကောင်းသော အရာမဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် အေးစက်သော အလှမယ်၏ ရှက်ရွံ့မှုက လုချန်းကို ပို၍ စိတ်လှုပ်ရှားစေသည်။

ပိုင်ချင်းချင်းကို ရင်ခွင်ထဲ ဆွဲသွင်းပြီးနောက် လုချန်း ဆက်လက် တုံ့ဆိုင်းမနေပဲ သူမ၏ အဝတ်အစားများကို ထိလိုက်သည်။ ထို့နောက် ကိုယ်ကိုကိုင်းကာ သူမ၏ နှုတ်ခမ်းကို အနမ်းဖြင့် ပိတ်ဆို့လိုက်သည်။

“အင်း...”

ပိုင်ချင်းချင်း မငြင်းဆန်ခဲ့ပေ။ သူမ ဤအရာကို ကျင့်သားရနေပြီဖြစ်ပြီး မကြာမီ သူတို့ ပြင်းထန်စွာ နမ်းရှိုက်နေကြသည်။

ပဏာမ အဆင့်များ လုံလောက်သွားသောအခါ လုချန်းက ပိုင်ချင်းချင်းကို ကုတင်ပေါ်သို့ လှဲချလိုက်သည်။

“အင်း..”

ပိုင်ချင်းချင်း၏ လှပသော မျက်နှာကို လုချန်း ကြည့်လိုက်ပြီး ပြုံးလျက်

“ပိုင်... မင်းအတွက် ကမ္ဘာငယ်လေးတစ်ခု ဖန်တီးပေးဖို့ ကိုယ် စီစဉ်ထားတယ်။”

ကျင့်ကြံသူများ အဆင့်တစ်ခုသို့ ရောက်ရှိသောအခါ ကိုယ်ပိုင် ကမ္ဘာငယ်များကို ဖန်တီးနိုင်သည်။ ပိုင်ချင်းချင်း၏ ကျင့်စဉ်အဆင့်သည် ထိုသို့ ကမ္ဘာငယ် ဖန်တီးနိုင်သည့် အဆင့်သို့ မရောက်သေးပေ။

သို့သော် ကမ္ဘာငယ်များအကြောင်း ပိုင်ချင်းချင်း ကြားဖူးပြီးဖြစ်ရာ လုချန်း၏ စကားကို ချက်ချင်း နားလည်သွားသည်။

“မင်းကြီးကို ကျေးဇူးတင်ပါတယ်”

ဟု မျက်နှာနီရဲစွာဖြင့် ပြောလိုက်သည်။

လုချန်းလည်း ဆက်လက် တုံ့ဆိုင်းမနေတော့ပဲ ထိုကိစ္စဖြင့် အလုပ်ရှုပ်နေတော့သည်။

……..

လဝက်ကြာပြီးနောက်။

ဟွမ်းကျိကမ္ဘာ။

ချန်ဟိုင်ဂိုဏ်း။

လူတစ်ဦး ချန်ဟိုင်ဂိုဏ်း၏ ဝင်ပေါက်တွင် ရပ်နေပြီး အနည်းငယ် တုံ့ဆိုင်းနေပုံ ရသည်။ သို့သော် လုချန်းက သူ့ထံမှ အရာအားလုံး ယူဆောင်သွားပြီး သူ၏ ကိုယ်ပွားတစ်ခုကိုပါ သတ်ဖြတ်ခဲ့သဖြင့် သူ၏အင်အားများ ကျဆင်းသွားသည်ကို တွေးမိသောအခါ သူ ဒေါသထွက်သွားသည်။

သူ လက်စားချေရမည်။

ထို့နောက် လေဟောင်ရန်သည် ချန်ဟိုင်ဂိုဏ်းသို့ ဦးတည်သွားနေသော လူအုပ်နောက်သို့ လိုက်ပါသွားပြီး တောင်ပေါ်သို့ တက်ခဲ့သည်။ ယနေ့သည် ချန်ဟိုင်ဂိုဏ်း၏ နှစ်စဉ် တပည့်သစ် ခေါ်ယူပွဲနေ့ ဖြစ်သည်။

ဟွမ်းကျိကမ္ဘာရှိ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်သည့်အလျောက် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နှစ်စဉ် ချန်ဟိုင်ဂိုဏ်းသို့ ဝင်ရောက်ရန် ဆန္ဒရှိကြသဖြင့် တပည့်ရွေးချယ်ပွဲတွင် ပြိုင်ဆိုင်မှု ပြင်းထန်သည်။ ဂိုဏ်းပြင်ပ တပည့်နေရာအတွက်ပင် လူတစ်ထောင်တွင် တစ်ယောက် အရွေးခံရရန် မလွယ်ကူပေ။

လေဟောင်ရန် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ချန်ဟိုင်ဂိုဏ်းကဲ့သို့ ကြီးမားသော ဂိုဏ်းကြီးတွင် သူ၏ စွမ်းရည်နှင့် ဝင်ရောက်ရန် လွယ်ကူမည် မဟုတ်ပေ။

အလယ်အလတ် ကျင့်စဉ်ကမ္ဘာတစ်ခုတွင် ဧကရာဇ် ဖြစ်ခဲ့သော်လည်း ဤအဆင့်မြင့် ကျင့်စဉ်ကမ္ဘာတွင်မူ သူသည် သာမန် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။

သူရောက်ရှိနေသော ဟွမ်းကျိကမ္ဘာသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် တည်ရှိပြီး ကျင့်စဉ်အရင်းအမြစ်များ ပေါကြွယ်ဝကာ အဆင့်မြင့် ကျင့်စဉ်ကမ္ဘာများစွာ တည်ရှိရာ နေရာဖြစ်သည်။ နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူများသည် နေရာတိုင်းတွင် ရှိသည်။

နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူများကို ထားဦးတော့...

သူတော်စင်များစွာလည်း ရှိသည်။

စိုးရိမ်ပူပန်မှုများ ရှိသော်လည်း လေဟောင်ရန် ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ချန်ဟိုင်ဂိုဏ်းသို့ ဝင်ရောက်နိုင်ပြီး အကြီးအကဲတစ်ဦးနှင့် ချိတ်ဆက်နိုင်ပါက ထျန်းချန်ကမ္ဘာရှိ မဟာဧကရာဇ် သင်္ချိုင်းဂူအကြောင်း ဂိုဏ်းကို ချက်ချင်း အသိပေးနိုင်သည်။

ချန်ဟိုင်ဂိုဏ်းကို အင်အားကြီး အဖွဲ့အစည်းဟု သတ်မှတ်နိုင်သော်လည်း မဟာဧကရာဇ် သင်္ချိုင်းဂူသည် သူတို့အတွက် ဆွဲဆောင်မှု ပြင်းထန်နေဆဲဖြစ်သည်။

မဟာဧကရာဇ် သင်္ချိုင်းဂူ သတင်းကို ချန်ဟိုင်ဂိုဏ်းမှ လူတစ်ဦးဦးထံ ပေးပို့နိုင်ပါက ဆုချမှာ သေချာသည်ဟု လေဟောင်ရန် ယုံကြည်သည်။

All Chapters