← Chapters

ခွေးကောင်...

Vol. 77 Ch. 1155

ခွေးကောင်...

Vol. 77 Ch. 1155

လုချန်း၏ စကားကို ကြားသောအခါ လျှိုချင်းချိုက ချက်ချင်းပင် တုံ့ပြန်ပြောဆိုလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ ကျင့်ကြံနေတုန်း မူလခန္ဓာကိုယ်ရဲ့ စိတ်ဝိညာဉ်အာရုံကို ရုတ်တရက် အာရုံခံမိလိုက်ပါတယ်။”

“ခဏ ဆိုပေမဲ့ သူက ကျွန်မရဲ့ တည်နေရာကို သိရှိသွားပြီဖြစ်လို့ မကြာခင်မှာ ထျန်းချန်ကမ္ဘာကို ရှာဖွေတွေ့ရှိနိုင်ခြေ အလွန်များပါတယ်။”

လုချန်း၏ အဆင့်အတန်း ထူးခြားကြောင်း သိထားသော်လည်း သူမ၏ ပင်မခန္ဓာကိုယ်မှာလည်း သာမန်လူမဟုတ်ကြောင်း နားလည်ထားသဖြင့် လျှိုချင်းချို၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုအချို့ ဖြစ်ပေါ်လာသည်။

အကယ်၍ သူမ၏ မူလခန္ဓာကိုယ်သာ ဒေါသထွက်လာပါက လုချန်း၏ အဆင့်အတန်းကို ဂရုမစိုက်ပဲ တိုက်ရိုက် တိုက်ခိုက်လာပေလိမ့်မည်။

လုချန်းက လျှိုချင်းချို၏ ခန္ဓာကိုယ်ကို သိုင်းဖက်လိုက်ပြီး သူမ၏ နားနားကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

“ချင်းချို... မင်းရဲ့ မူလခန္ဓာကိုယ်က အခု ဘယ်လို အဆင့်ရောက်နေပြီလဲဆိုတာ မင်း သိလား။”

လျှိုချင်းချိုက ပြန်ဖြေလိုက်သည်။

“ကျွန်မ မသိပါဘူး။ ဒါပေမဲ့ သူရဲ့ ပါရမီနဲ့ အရည်အချင်းအရဆိုရင် အခုလောက်ဆို သူတော်စင်အဆင့်ကို ရောက်နေလောက်ပါပြီ။”

ထိုစကားကို ကြားသောအခါ လုချန်း အနည်းငယ် အံ့ဩသွားသည်။

သူတော်စင်အဆင့် ဟုတ်လား။

တကယ်ကြီးလား။

အကယ်၍ သူတော်စင်အဆင့် ဖြစ်နေလျှင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။ ထျန်းချန်ကမ္ဘာသို့ သူမ မည်သည့်အချိန် ရောက်ရှိလာမည်ကို မသိနိုင်ခြင်းကလည်း ပြဿနာတစ်ခုဖြစ်သည်။

ထိုသို့ တွေးတောရင်း လုချန်း တိတ်ဆိတ်သွားပြီး လျှိုချင်းချို၏ ပင်မခန္ဓာကိုယ်ကို မည်သို့ ကိုင်တွယ်လျှင် ကောင်းမလဲဟု စတင် စဉ်းစားလိုက်သည်။

လျှိုချင်းချို၏ ဤကိုယ်ပွားခန္ဓာကိုယ်ကပင် အမှတ်ကိုးဆယ်ကျော် ရှိနေပြီဖြစ်ရာ သူမ၏ မူလခန္ဓာကိုယ်မှာလည်း သေချာပေါက် ကိုးဆယ်ကျော်ပေလိမ့်မည်။ သူ့တံခါးသို့ လာခေါက်သော မိန်းမလှများကို လုချန်း အလွတ်ပေးမည် မဟုတ်ပေ။

သို့သော် ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ ပြန်လည်ပျက်ဆီးခြင်းအဆင့်သာ ရှိသော လေဟုန်ယွင်ကိုပင် သူ မထိန်းထားနိုင်ခဲ့လျှင် သူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦးကို ကိုင်တွယ်ရန် ပို၍ပင် မဖြစ်နိုင်ပေ။

သူ ပြန်လည်ပျက်ဆီးခြင်းအဆင့်သို့ အမြန်ဆုံး ချိုးဖောက်ဝင်ရောက်ရန် လိုအပ်နေပြီ ဖြစ်သည်။

ပြန်လည်ပျက်ဆီးခြင်းအဆင့်သို့ ရောက်ရှိပြီး ရှန်ဟွေသံချပ်ကာကို ဝတ်ဆင်နိုင်မှသာ သူတော်စင်အဆင့်၏ စွမ်းအားကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး လျှိုချင်းချို၏ မူလခန္ဓာကိုယ်ကို ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် လုချန်း၏ အသံက လျှိုချင်းချို၏ နားနား၌ ထပ်မံ ထွက်ပေါ်လာသည်။

“ချင်းချို... ကိုယ် မင်းဆီကို မလာတာ တော်တော်ကြာနေပြီလား”

ထိုစကားကို ကြားသည်နှင့် လုချန်း၏ ဆိုလိုရင်းကို လျှိုချင်းချို ချက်ချင်း နားလည်လိုက်သည်။ ဒီလူက သူမနှင့် ထပ်ပြီး ရှုပ်ပွေချင်နေပြန်ပြီ။ ထို့ကြောင့် သူမက

“မင်းကြီး ဒီနေ့ အရေးကြီးကိစ္စတွေ ရှိနေပါသေးတယ်။ မင်းကြီးရဲ့ အချိန်တွေကို အလဟဿ မဖြစ်စေပါရစေနဲ့။ ရှင့်ကိစ္စတွေကို သွားလုပ်ပါတော့။”

သူမ လုချန်း၏ ဘေးမှ မခွာနိုင်တော့သော်လည်း ၎င်းမှာ စိတ်ပိုင်းဆိုင်ရာ တွယ်တာမှုသာ ဖြစ်သည်။ ကျားမ ကိစ္စများနှင့် ပတ်သက်လျှင် လုချန်းက စတင်ခြင်း မရှိသရွေ့ သူမဘက်က သိပ်စိတ်ဝင်စားမှု မရှိပေ။

လျှိုချင်းချို မည်ကဲ့သို့သော မိန်းမမျိုးဖြစ်ကြောင်း လုချန်းလည်း နားလည်သည်။ သူမ စကားဆုံးသည်နှင့် မျက်လုံးရှေ့မှ မြင်ကွင်းများ မှောင်ကျသွား၏။ အလင်းရောင် ပြန်လာသောအခါ လုချန်းက သူမကို ကုတင်ပေါ် တင်ထားပြီးဖြစ်ကာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဖိကပ်ထားလိုက်သည်။

ဒီနေ့တော့ သူမ၏ ကံကြမ္မာမှ မလွတ်မြောက်နိုင်တော့ကြောင်း လျှိုချင်းချို သိလိုက်ပြီး ငြင်းဆန်မနေတော့ပဲ မေးလိုက်သည်။

“မင်းကြီး... တကယ်လို့ ကျွန်မရဲ့ ပင်မခန္ဓာကိုယ် တကယ်ရောက်လာရင် ရှင် ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ။”

လုချန်း၏ လက်များက လျှိုချင်းချို၏ အဝတ်အစားများကို ထိတွေ့နေရင်း ပြောလိုက်သည်။

“ဘာလို့ ဖြေရှင်းရမှာလဲ”

“မင်းနဲ့ သူက တစ်သားတည်းပဲလေ။ မင်းက ကိုယ့်ရဲ့ မိန်းမဖြစ်နေပြီဆိုတော့ သူလည်း ကိုယ့်ရဲ့ မိန်းမ ဖြစ်လာရမှာပေါ့”

ထိုစကားကို ကြားသောအခါ လျှိုချင်းချို လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

ခွေးမြီးကောက် ကျည်တောက်စွပ်မရ ဆိုသလို ဒီလူ့အကျင့်က ဘယ်တော့မှ ပြောင်းလဲမည် မဟုတ်ဟု သူမ စိတ်ထဲ ကျိန်ဆဲလိုက်သည်။

လုချန်း၏ အတွေးများကိုလည်း သူမ ရိပ်မိပသည်။ ဒီလူက မိန်းမများခြင်းကို လုံးဝ ဂရုမစိုက်တတ်ပေ။ သူ၏ နန်းတော်တွင်း၌ မိန်းမလှများစွာ ရှိနေပြီးသား ဖြစ်သော်လည်း ထပ်မံတိုးချဲ့ရန် စဉ်းစားနေဆဲပင်။

ဤကိစ္စအတွက် လျှိုချင်းချို သူ့ကို အနည်းငယ် မနှစ်မြို့သော်လည်း သူမကိုယ်တိုင်ကမူ သိပ်ဂရုမစိုက်လှပေ။ သူမအတွက် လုချန်း၌ မိန်းမဘယ်နှယောက်ရှိရှိ အရေးမကြီးတော့ပေ။

အဓိက အကြောင်းရင်းမှာ ထိုလူ၌ စွမ်းအင်များ ပြည့်လျှံနေပြီး သူ့မေတ္တာကို မျှတစွာ ခွဲဝေပေးတတ်သောကြောင့် ဖြစ်သည်။ လုချန်းက သူ့မိန်းမများကို သူ့အပေါ် ပြင်းပြင်းထန်ထန် နာကြည်းမုန်းတီးစေသည့် အဖြစ်မျိုး ရှားပါးသည်။

သို့သော် အနည်းငယ် စိတ်ကောက်ခြင်းမျိုးတော့ ရှိတတ်သည်။ သူက မိန်းမများနှင့် အတူနေလျှင် တစ်ဖက်လူကို အားကုန်ခမ်းသွားအောင် ပြုလုပ်တတ်သောကြောင့် ဖြစ်သည်။

လျှိုချင်းချိုက

“ရှင်က သူ့ကို ရှင့်မိန်းမ ဖြစ်စေချင်တယ်ဆိုရင် ရှင်မှာ အဲဒီလောက် စွမ်းရည်ရှိရဲ့လားဆိုတာ အရင်စဉ်းစားရမယ်။ သူက ရှင့်ရဲ့ တခြားမိန်းမတွေလို အရူးလုပ်ဖို့ မလွယ်ဘူး။ နဂါးဖီးနစ်လက်ဖက်ရည်က သူ့အပေါ်မှာ လုံးဝ အလုပ်ဖြစ်မှာ မဟုတ်ဘူး။”

သူမ၏ ပင်မခန္ဓာကိုယ်သာ သူတော်စင်အဆင့် ရောက်နေပြီဆိုလျှင် နဂါးဖီးနစ်လက်ဖက်ရည်၏ အားနည်းချက်ကို တစ်ချက်ကြည့်ရုံဖြင့် သေချာပေါက် သိမြင်သွားလိမ့်မည်။ ထိုအခါ လုချန်းအနေနှင့် လက်ဖက်ရည်သုံးပြီး သူမကို သိမ်းသွင်းရန် ကြိုးစားမှုက အရာထင်မည် မဟုတ်ပေ။

တစ်ခုတည်းသော နည်းလမ်းမှာ စွမ်းအားချင်း ယှဉ်ပြိုင်အနိုင်ယူပြီး သူမ ဒဏ်ရာအပြင်းအထန် ရသွားမှသာ နဂါးဖီးနစ်လက်ဖက်ရည်ကို တိုက်လို့ရပေလိမ့်မည်။

လျှိုချင်းချို၏ စကားကို ကြားသောအခါ လုချန်းက ခပ်ရေးရေး ပြုံးလိုက်သည်။

“ရေလာ မြောင်းပေးပေါ့။ သူရောက်လာမှပဲ ဘယ်လို ကိုင်တွယ်ရမလဲ ကြည့်ကြတာပေါ့”

ထိုသို့ ပြောရင်း လုချန်းက လျှိုချင်းချို၏ ခြေထောက်ကို မယူလိုက်ပြီး သူ့

၏ခန္ဓာကိုယ်ဘေးသို့ ချထားလိုက်သည်။

လျှိုချင်းချို တစ်ခဏမျှ ကြောင်အသွားသည်။ ယခင်ကဆိုလျှင် ဒီလူက အနည်းဆုံး သူမကို အရင် နမ်းလေ့ရှိသည်။

ဒီနေ့ကျမှ ဘာလို့...

လျှိုချင်းချိုက လုချန်းကို မျက်စောင်းထိုးကြည့်လိုက်သော်လည်း ထိုအချိန်တွင် သူက အလုပ်စနေပြီ ဖြစ်သည်။ ထို့နောက် လျှိုချင်းချိုက သူမ၏ လက်မောင်းများကို လိုလိုလားလား ဆန့်ထုတ်လိုက်ပြီး ဖက်ထားပေးပါဟု တောင်းဆိုသည့် ပုံစံမျိုး လုပ်လိုက်သည်။

သူတို့နှစ်ဦးမှာ ရင်းနှီးကျွမ်းဝင်နေသည့် အနေအထား ဖြစ်သည့်အတွက် လျှိုချင်းချိုအနေနှင့် ရှက်ရွံ့ခြင်း မရှိသလို လုချန်းကလည်း သူမကို ငြင်းဆန်ခြင်း မရှိပေ။ သူက ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းကို နမ်းရှိုက်ကာ သူတို့၏ ခန္ဓာကိုယ်များကို တင်းကြပ်စွာ ပူးကပ်ထားလိုက်သည်။

…….

တစ်ချိန်တည်းမှာပင်။

အာကာသ ဟင်းလင်းပြင်ထဲ၌။

ကြီးမားသော နန်းတော်ကြီးတစ်ခု ထျန်းချန်ကမ္ဘာဆီသို့ ပျံသန်းလာနေသည်။

နန်းတော်တစ်ခုလုံးမှာ ရွှေရောင်လွှမ်းမိုးနေပြီး အလွန် ကျယ်ဝန်းကာ ခမ်းနားထည်ဝါသော ပုံရိပ်ကို ပေါ်လွင်စေသည်။

နန်းတော်ကြီးက ရွေ့လျားနေသော ကျွန်းကြီးတစ်ခုအလား စကြဝဠာကို ဖြတ်သန်းနေသည်။

ထိုအချိန်တွင် နန်းဆောင်တစ်ခုအတွင်း၌ အသက်ရှူမှားလောက်အောင် လှပသော အမျိုးသမီးတစ်ဦးသည် ရုတ်တရက် သူမ၏ မျက်လုံးများကိုဖွင့်လိုက်၏။ ထိုခဏတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ သူမ၏ မျက်ဝန်းထဲတွင် ဖြတ်သန်းသွားသည်။

“ခွေးကောင်... လုပ်ပြန်ပြီ”

“အဲ့ဒီကမ္ဘာကို ရောက်တာနဲ့ နင့်ကို တစ်စစီ ဆွဲဖြဲပစ်မယ်”

လျှိုချင်းယွင်၏ စိတ်ထဲ ဒေါသများဖြင့် ပြည့်နှက်နေသည်။ မကြာသေးမီကမှ သူမ သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း သူတော်စင်တစ်ပါး ဖြစ်ပါလျက်နှင့် သူမ၏ ကိုယ်ပွားမှာ ဖမ်းဆီးခံထားရပြီး ကစားစရာတစ်ခုအဖြစ် အဆင့်နှိမ့်ချခံလိုက်ရသည်။

အစပိုင်းတွင် သူမ၏ ကိုယ်ပွားကို အာရုံမခံနိုင်ခဲ့ပေ။ ကိုယ်ပွားဖြစ်သူ ဒုက္ခရောက်လျှင်ပင် ထိုခံစားချက်များ သူမဆီ ရောက်မလာခဲ့ပေ။ သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မတော်မတရား ပြုကျင့်ခံရသော ခံစားချက်များက စိတ်ဝိညာဉ်အာရုံ ချိတ်ဆက်မှုမှတစ်ဆင့် သူမ၏ စိတ်ထဲသို့ မကြာခဏ ရောက်ရှိလာတတ်သည်။

ပထမတော့ သူမ၏ ကိုယ်ပွားကို ဖျက်ဆီးပစ်ချင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအခြေအနေထိ နှိမ့်ချခံလိုက်ရပြီးနောက် ကိုယ်ပွား ဆက်လက်ရှင်သန်နေခြင်းက သူမအတွက် စော်ကားမှုတစ်ခု ဖြစ်နေသောကြောင့်ဖြစ်သည်။

သို့သော် သူမ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုပြီး ကိုယ်ပွားကို ဖျက်ဆီးရန် ကြိုးစားတိုင်း တစ်စုံတစ်ယောက်က တမင်သက်သက် လုပ်ဆောင်နေသကဲ့သို့ သူတို့ကြားမှ ချိတ်ဆက်မှု ပြတ်တောက်သွားလေ့ရှိသည်။

ယခုအခါ သူမသည် ပထမအလွှာ သူတော်စင်တစ်ပါး ဖြစ်နေသော်လည်း ကံတရားအကျိုးပေးကို ဖြတ်တောက်ပြီး သူမ၏ ကိုယ်ပွားကို စွန့်ပစ်ရန် မတတ်နိုင်ပဲ ဖြစ်နေသည်။ အကယ်၍ ဤခံစားချက်များ ဆက်လက် ဖြစ်ပေါ်နေပါက သူမ၏ ကျင့်စဉ်ကို သေချာပေါက် ထိခိုက်စေမည်ဖြစ်ပြီး လမ်းမှားရောက်ကာ ရူးသွပ်သွားသည်အထိ ဖြစ်စေနိုင်သည်။

လျှိုချင်းချိုသည် သူမ၏ ကိုယ်ပွားဖြစ်ကြောင်း တစ်စုံတစ်ယောက်က သိရှိပြီး သူမ၏ ကျင့်စဉ်ကို ဟန့်တားရန်နှင့် နောက်ဆုံးတွင် ရူးသွပ်သွားစေရန်၊ သူမ၏ ကျင့်စဉ်စိတ်နှလုံးကို ရိုက်ချိုးရန် ရည်ရွယ်ချက်ဖြင့် တမင်တကာ ဖမ်းဆီးပြီး ကစားနေခြင်းဖြစ်သည်ဟု လျှိုချင်းယွင် သံသယဝင်မိသည်။

ထိုခံစားချက်က သူမကို ထပ်မံ တိုက်ခိုက်လာသည်ကို ခံစားလိုက်ရသဖြင့် လျှိုချင်းယွင်လည်း ကြံ့ကြံ့ခံရင်း စိတ်ဝိညာဉ်အာရုံ ချိတ်ဆက်မှုမှတစ်ဆင့် လျှိုချင်းချို၏ အခြေအနေကို စုံစမ်းရန် ထပ်မံ ကြိုးစားလိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူတို့၏ ချိတ်ဆက်မှုက ထပ်မံ ပြတ်တောက်သွားပြန်သည်။

လျှိုချင်းယွင် ဒေါသပေါက်ကွဲသွားသည်။

“တောက်... ထပ်ဖြစ်ပြန်ပြီလား”

တစ်စုံတစ်ယောက်က သူမကို နှောင့်ယှက်ရန်အတွက် သူမ၏ ကိုယ်ပွားကို တမင်သက်သက် ဖမ်းဆီးပြီး ထိုညစ်ညမ်းသော လုပ်ရပ်များကို ကျူးလွန်နေကြောင်း လျှိုချင်းယွင် ယခု သေချာသွားပြီ ဖြစ်သည်။

မဟုတ်ပါက သူမ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုပြီး ကိုယ်ပွားကို ဖျက်ဆီးတော့မည့်အချိန်ကျမှ သူမနှင့် ကိုယ်ပွားကြားရှိ ဆက်သွယ်မှုကို ထိုလူက အဘယ်ကြောင့် အမြဲတမ်း ဖြတ်တောက်နိုင်ရသနည်း။

All Chapters