← Chapters

ကမ္ဘာနှစ်ခု အပြည့်အဝ ပေါင်းစည်းခြင်း

Vol. 78 Ch. 1168

ကမ္ဘာနှစ်ခု အပြည့်အဝ ပေါင်းစည်းခြင်း

Vol. 78 Ch. 1168

ကောင်းကင်ဘုံ အသိစိတ်နှင့် ပုံသဏ္ဍာန်မဲ့မိုးမခပင်တို့၏ ပေါင်းစပ်မှုဖြစ်စဉ်သည် အလွန် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်သည်။ ကမ္ဘာတစ်ခုလုံးအား ကောင်းကင်ပြိုကျလုမတတ် မဲမှောင်သွားစေခဲ့သည်။

ဤထူးဆန်းသော ဖြစ်စဉ်များအားလုံးမှာ ၎င်းတို့၏ ကောင်းကင်ဧကရာဇ်ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း လူအများ သိရှိစေရန် ကမ္ဘာအနှံ့သို့ လုချန်း၏ အသံသာ ပျံ့နှံ့မသွားခဲ့ပါက ထျန်းချန်ကမ္ဘာ ပျက်စီးတော့မည်ဟု လူတို့ ထင်မှတ်ကောင်း ထင်မှတ်မိကြပေလိမ့်မည်။

ထိုအချိန်တွင် လုချန်း၏ ဘေး၌ ရှိနေသော နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့သည်လည်း သူတို့ရှေ့မှ မြင်ကွင်းကြောင့် အလွန် တုန်လှုပ်နေကြပြီး စကားမပြောနိုင် ဖြစ်နေကြသည်။ သူတို့သည် ပုံသဏ္ဍာန်မဲ့ မိုးမခပင်နှင့် နီးကပ်စွာ ရှိနေသဖြင့် ဖြစ်စဉ်အားလုံးကို ပိုမို ရှင်းလင်းစွာ မြင်တွေ့နေရပြီး ပို၍ပင် အံ့အားသင့်နေကြခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာပင် ကောင်းကင်ဘုံ အသိစိတ်နှင့် ပုံသဏ္ဍာန်မဲ့မိုးမခပင်တို့၏ ပေါင်းစပ်မှုခြင်း ဖြစ်စဉ်က မကြာခဲ့ပေ။ မကြာမီ ကောင်းကင်ယံရှိ ပုံမှန်မဟုတ်သော အခြေအနေများ ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ပုံသဏ္ဍာန်မဲ့မိုးမခပင်၏ အကိုင်းအခက်များ တွဲကျလာသော်လည်း ထျန်းချန်ကမ္ဘာ၏ ပြောင်းလဲမှုကတော့ မပြီးဆုံးသေးပေ။ ပုံသဏ္ဍာန်မဲ့မိုးမခပင်က စိတ်ဝိညာဉ် စွမ်းအားများကို ပိုမိုထုတ်လွှတ်လိုက်ရာ စိတ်ဝိညာဉ် စွမ်းအားများ စုစည်းမိသွားပြီး အံ့အားသင့်ဖွယ် ကောင်းစွာပင် စိတ်ဝိညာဉ် မိုးရေများအဖြစ် ပြောင်းလဲသွားသည်။

ရုတ်တရက် ထျန်းချန်ကမ္ဘာ တစ်ခုလုံးသို့ စိတ်ဝိညာဉ် မိုးရေများ ရွာကျလာသည်။

စိတ်ဝိညာဉ် မိုးရေနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ ခန္ဓာကိုယ်များ သိသိသာသာ ပြောင်းလဲသွားကြောင်း လူတို့ အံ့သြစွာ တွေ့ရှိလိုက်ကြသည်။

“ဘုရားရေ... ဒီမိုးရေက ငါ့ရဲ့ နာတာရှည် ရောဂါကို ပျောက်ကင်းသွားစေပါလား”

“ငါ အခု ကျင့်ကြံလို့ ရသွားပြီ”

“ကောင်းကင်ဧကရာဇ်ကို ကျေးဇူးတင်လိုက်တာ... နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ အဆင့်တက်ဖို့ အခက်အခဲတွေ နောက်ဆုံးတော့ ပြေလည်သွားပြီ”

စိတ်ဝိညာဉ် မိုးရေ၏ အကျိုးသက်ရောက်မှုကို သိပြီးနောက် ထျန်းချန်ကမ္ဘာမှ သာမန်ပြည်သူများ အားလုံး လမ်းမများပေါ် ထွက်ကာ မိုးရေချိုးကြသည်။ ထိုအချိန်တွင် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့လည်း ဤစိတ်ဝိညာဉ် မိုးရေ၏ ထူးခြားဆန်းပြားမှုကို ခံစားမိလိုက်ကြသည်။

မိုးရေ မစိုစေရန် စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်ကို ကာကွယ်နိုင်သော်လည်း ထိုသို့ မပြုလုပ်ရန် ရွေးချယ်လိုက်ကြကာ စိတ်ဝိညာဉ် မိုးရေဖြင့် စိုရွှဲစေလိုက်ကြသည်။

စိတ်ဝိညာဉ် မိုးရေများ သူတို့အပေါ် ကျရောက်လာသောအခါ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ မကြာမီပင် ခန္ဓာကိုယ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ဝိညာဉ် စွမ်းအား စုပ်ယူမှုမှာလည်း ပိုမို ချောမွေ့လာသည်။

စိတ်ဝိညာဉ် မိုးရွာသွန်းချိန်က မကြာသော်လည်း ပြောင်းလဲမှု ဖြစ်စဉ်များကတော့ မပြီးဆုံးသေးပေ။ ထျန်းချန်ကမ္ဘာသည် သာမန်မျက်စိဖြင့် မြင်နိုင်သော နှုန်းထားဖြင့် သိသိသာသာ ကျယ်ပြန့်လာကာ အနီးနားရှိ ကမ္ဘာ့အစိတ်အအပိုင်းများသည် အားကောင်းသော ဆွဲငင်အားတစ်ခုကြောင့် ထျန်းချန်ကမ္ဘာဆီသို့ ဆွဲခေါ်ခံလိုက်ရပြီး တိုက်အသစ်များ ဖြစ်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ကျိယန်ကမ္ဘာနှင့် ထျန်းချန်ကမ္ဘာတို့၏ ပေါင်းစပ်မှုမှာလည်း အရှိန်မြင့်တက်လာကာ ကမ္ဘာနှစ်ခုသည် သိသာထင်ရှားသော အရှိန်ဖြင့် ပေါင်းစပ်သွားသည်။

ထျန်းချန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာကြားရှိ နယ်နိမိတ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ မှင်တက်သွားကြသည်။

မူလက ကျိယန်နှင့် ထျန်းချန်သည် သီးခြားကမ္ဘာနှစ်ခု ဖြစ်နေသဖြင့် စီမံခန့်ခွဲရန် အဆင်မပြေသောကြောင့် သူတို့ကို ကျိယန်ကမ္ဘာ စီမံခန့်ခွဲသူများအဖြစ် လုချန်းက ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ကျိယန်ကမ္ဘာသာ ထျန်းချန်ကမ္ဘာနှင့် လုံးဝ ပေါင်းစည်းသွားပါက ကျိယန်ကမ္ဘာတစ်ခုလုံးကို ရှနိုင်ငံတော်က တိုက်ရိုက် ထိန်းချုပ်နိုင်သွားမည်မှာ သေချာသည်။

ထိုအချိန်ရောက်လျှင် ကျိယန်ကမ္ဘာဟူ၍ ရှိတော့မည် မဟုတ်ပေ။

နန်းကုန်းယွဲ့ဟွာ စိတ်ဓာတ်ကျသွားသည်။ သူမ၏ အာဏာကို လက်လွှတ်ရန် နန်းကုန်းယွဲ့ ဝန်လေးနေပြီး ဤလူနှင့် ညှိနှိုင်းရန် အခွင့်အရေး မရှိကြောင်းကိုလည်း သူမ နားလည်ထားသည်။

ထားလိုက်ပါတော့...

အချို့အရာများကို နောက်ဆုံး လက်လွှတ်လိုက်သင့်သည်။ ယခုမှစ၍ သူမ၏ ကျင့်စဉ်အပေါ်တွင်သာ အာရုံစိုက်သင့်သည်။

ထျန်းချန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာတို့၏ ပေါင်းစပ်မှု ဆက်လက် အရှိန်မြင့်တက်လာသည်။ တစ်နာရီမပြည့်မီအချိန်အတွင်း ထျန်းချန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာကြားရှိ နယ်နိမိတ် လုံးဝ ပျောက်ကွယ်သွားကြောင်း လူတို့ တွေ့ရှိလိုက်ကြသည်။

ကျင့်စဉ်အဆင့်တစ်ခု ရှိသူများသည် ကျိယန်ကမ္ဘာကို တိုက်ရိုက် မြင်တွေ့နိုင်လာသည်။

သို့သော် ကျိယန်ကမ္ဘာနှင့် ထျန်းချန်ကမ္ဘာကြားတွင် ပင်လယ်တစ်ခု ရှိနေသည်။ အဆင့်မြင့် ကျင့်ကြံသူတစ်ဦး မဟုတ်ပါက ဤပင်လယ်ကို ဖြတ်ကျော်၍ ကျိယန်ကမ္ဘာသို့ သွားရောက်ရန် အချိန်များစွာ ပေးရလိမ့်မည်။

ထိုအချိန်တွင် ကျိရှောင်နိုင်ငံတော်အား ထိန်းချုပ်ခွင့်ကို လွှဲပြောင်းပေးရန် ပြင်ဆင်ထားရင်း လုချန်း၏ ကျောပြင်ကို နန်းကုန်းယွဲ့ဟွာက စိုးရိမ်တကြီး ကြည့်နေမိသည်။

ထိုအချိန်တွင် ကျိယန်ကမ္ဘာ ရှိရာဘက်သို့ လုချန်း လှမ်းကြည့်လိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။

“ကောင်းကင်ဘုံ လမ်းစဉ် ဥပဒေနိယာမတွေကို ပြုပြင်ပြီးတဲ့နောက် ကမ္ဘာနှစ်ခု ပေါင်းစည်းတာကိုတောင် မြန်စေလိမ့်မယ်လို့ မထင်ထားမိဘူး။”

“လက်ရှိ စိတ်ဝိညာဉ် စွမ်းအား ကြွယ်ဝမှုနဲ့ ထျန်းချန်ကမ္ဘာရဲ့ နယ်မြေအကျယ်အဝန်းအရဆိုရင် အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုလို့ သတ်မှတ်လို့ ရလောက်ပြီ မဟုတ်လား။”

တစ်နေ့တွင် ထျန်းချန်ကမ္ဘာမှ ထွက်ခွာရမည်ဟု လုချန်း အမြဲ တွေးထားခဲ့သည်။ ထျန်းချန်ကမ္ဘာနှင့် ခွဲခွာရန် သူ ဝန်လေးနေခဲ့သည်။ သို့သော် ဒါက သူ့အတွက် တွေးနေခြင်း မဟုတ်ပဲ ဇနီးသည်များနှင့် ကလေးများအတွက် တွေးနေခြင်း ဖြစ်သည်။

ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ် စွမ်းအားများ တဖြည်းဖြည်း ပါးလွှာလာသဖြင့် အဆင့်မြင့် ကျင့်ကြံသူ များစွာကို ထောက်ပံ့ပေးရန် မလုံလောက်တော့ပေ။ ဇနီးများနှင့် ကလေးများ၏ ကျင့်စဉ်အဆင့်ကို ပိုတိုးတက်စေလိုပါက အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုသို့ ပြောင်းရွှေ့ရန် လိုအပ်မည် ဖြစ်သည်။

သို့သော် ယခုတော့ ထျန်းချန်ကမ္ဘာမှ သူတို့ ထွက်ခွာရန် လိုအပ်ပုံ မရတော့ပေ။

ခဏအကြာတွင် သတိပြန်ဝင်လာပြီးနောက် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ဘက်သို့ လှည့်ကြည့်ကာ လုချန်းက ပြုံး၍ မေးလိုက်သည်။

“မင်းတို့... ဘာလို့ ကိုယ့်ဆီ အမြန် ပြန်ရောက်လာကြတာလဲ။ ပျော်လို့ မဝကြသေးဘူးလား။”

ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ ပြောစရာစကား မရှိ ဖြစ်သွားသည်။ ပြီးနောက် သူမက ဦးဆောင်၍ ပြောလိုက်သည်။

“မင်းကြီး... အခု ကျိယန်ကမ္ဘာနဲ့ ထျန်းချန်ကမ္ဘာ ပေါင်းစည်းသွားပြီဆိုတော့ ကျိရှောင်နိုင်ငံတော်ကို ရှနိုင်ငံတော်ရဲ့ တိုက်ရိုက် အုပ်ချုပ်မှုအောက် လွှဲပြောင်းပေးရမယ့် အချိန် ရောက်ပါပြီ။”

မိမိပိုင်ဆိုင်ထားသည်ကို လိုလိုလားလား စွန့်လွှတ်မည်လား သို့မဟုတ် လုချန်း တောင်းဆိုသည်အထိ စောင့်ဆိုင်းရမလား ဆိုတာကို နန်းကုန်းယွဲ့ဟွာ ရွေးချယ်တတ်သည်။

နန်းကုန်းယွဲ့ဟွာ၏ စကားကို ကြားသောအခါ လုချန်းက ချက်ချင်း ပြန်မဖြေပဲ မေးခွန်းပြန်ထုတ်လိုက်သည်။

“မင်း လက်ထဲက အာဏာကို စွန့်လွှတ်ဖို့ ဆန္ဒရှိရဲ့လား။”

နန်းကုန်းယွဲ့ဟွာက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

“ ကျွန်မက ကျိရှောင်နိုင်ငံတော်ကို စီမံခန့်ခွဲဖို့ ကူညီပေးနေရုံပါ... အစကတည်းက ကျွန်မအပိုင်မှ မဟုတ်တာ။ ဒါကြောင့် မလိုလားဘူး ဆိုတာမျိုး မရှိပါဘူး။”

ထိုသို့ ပြောလိုက်သော်လည်း သူမ ကိုင်စွဲထားသော အာဏာကို စွန့်လွှတ်ရန် နန်းကုန်းယွဲ့ဟွာ တကယ် ဝန်လေးနေသည်ကို လုချန်း မြင်နေရသည်။

သို့သော် ယခုအခါ ကျိယန်ကမ္ဘာသည် ထျန်းချန်ကမ္ဘာနှင့် ပေါင်းစည်းသွားပြီ ဖြစ်ရာ နန်းကုန်းယွဲ့ဟွာက သူ့မိန်းမ ဖြစ်နေလျှင်ပင် ကျိယန်ကမ္ဘာကို အုပ်ချုပ်ခွင့် ပေးထားဖို့ မဖြစ်နိုင်တော့ပေ။

ထို့နောက် လုချန်းက

“ချန်ရန်ကမ္ဘာမှာ အဓိက အင်အားစုကြီးတွေကို ဖိနှိပ်ထားနိုင်မယ့် နိုင်ငံတစ်နိုင်ငံ လိုအပ်နေသေးတယ်။”

ထိုစကားကို ကြားသောအခါ လုချန်း၏ အကြံအစည်ကို နန်းကုန်းယွဲ့ဟွာ ချက်ချင်း နားလည်လိုက်သည်။ ချန်ရန်ကမ္ဘာအား အုပ်ချုပ်ခွင့်ကို သူမအား ပေးအပ်ရန် သူ စီစဉ်နေခြင်း ဖြစ်သည်။

နန်းကုန်းယွဲ့ဟွာ နက်နက်နဲနဲ တွေးတောလိုက်သည်။ တကယ်တန်းတွင် ကျိယန်ကမ္ဘာမှ ထွက်ခွာရန် ဝန်လေးနေသဖြင့် လုချန်းကို သူမ ချက်ချင်း ပြန်မဖြေပေ။

ထို့ပြင် ချန်ရန်ကမ္ဘာသို့ သွားရောက်ပါက သူမ၏ အုပ်ချုပ်မှု ယန္တရားကို အသစ်ပြန်လည် တည်ဆောက်ရမည် ဖြစ်ပြီး နေသားမကျသလို ခံစားရလိမ့်မည်။

သို့သော် သူမ၏ အာဏာကိုလည်း လက်မလွှတ်လိုပေ။ အာဏာနှင့် ယှဉ်လိုက်လျှင် “နေသားမကျခြင်း” ခံစားချက်ကို သူမ ကျော်လွှားနိုင်သည်။

အချိန်တစ်ခု ရောက်လာလျှင် အသားကျသွားပေလိမ့်မည်။

ထိုအတွေးနှင့်အတူ နန်းကုန်းယွဲ့ဟွာက

“မင်းကြီး စီစဉ်တဲ့အတိုင်း ကျွန်မ လိုက်နာပါ့မယ်”

နန်းကုန်းယွဲ့ဟွာ သဘောတူသည်ကို မြင်လိုက်ရသဖြင့် လုချန်းက

“ကျိယန်ကမ္ဘာက လူတွေက မင်းနောက်ကို လိုက်ပြီး ချန်ရန်ကမ္ဘာကို သွားချင်တယ်ဆိုရင် သူတို့အားလုံးကို ခေါ်လို့ ရတယ်။”

ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ ခဏခန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် လျင်မြန်စွာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

သို့သော် ထျန်းချန်ကမ္ဘာသည် ယခုအခါ အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုနီးပါး ဖြစ်နေကြောင်း နန်းကုန်းယွဲ့ဟွာ မကြာမီ သတိပြုမိလိုက်သည်။ အဆင့်နိမ့်ကမ္ဘာတစ်ခုသို့လိုက်ရန် သူမ၏ လူများက တကယ် ဆန္ဒရှိကြပါ့မလား။

အနာဂတ်တွင် ထျန်းချန်ကမ္ဘာသည် ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပြီး ရှနိုင်ငံတော်တွင် ရာထူးနေရာတစ်ခု ရရှိခြင်းက အချို့လူများအတွက် ပိုကောင်းသည်။

ထိုအချိန်တွင် နန်းကုန်းချင်ရက ရုတ်တရက် ပြောလိုက်သည်။

“မင်းကြီး... ကျွန်မလည်း ချန်ရန်ကမ္ဘာကို လိုက်သွားချင်ပါတယ်။”

ဒါက...

နန်းကုန်းယွဲ့ဟွာ မျက်မှောင်ကြုတ်လိုက်သည်။ ဒီအချိန်ကျမှ နန်းကုန်းချင်ရက ဘာလို့ ပြဿနာ ထရှာနေရတာလဲ။

သူမ၏ အာဏာကို ထိန်းညှိရန် ချန်ရန်ကမ္ဘာသို့ နန်းကုန်းချင်ရ လိုက်ပါလာမည်ကို သူမ လုံးဝ မလိုလားပေ။

လုချန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဘာကြောင့်လဲ”

All Chapters