ပန်းနီရထား
Vol. 78 Ch. 1156
လျှိုချင်းယွမ်သည် တည်ငြိမ်မှုကို အမြန်ပြန်လည်ရယူလိုက်သည်။ ထိုစဉ် လူအချို့၏ ပုံရိပ်များ သူမ၏ စိတ်အာရုံထဲတွင် ပေါ်လာ၏။
သူမ၏ ကိုယ်ပွားကို ဖမ်းဆီးပြီး ထိုကဲ့သို့ပြုလုပ်သူသည် သူမ၏ ရန်သူသာဖြစ်နိုင်သည်။ ထို့ကြောင့် မည်သူဖြစ်နိုင်သည်ကို စုံစမ်းရန် သူမ၏ မှတ်ဉာဏ်များကို စတင်ရှာဖွေလိုက်သည်။
သို့သော် ခဏခန့် စဉ်းစားပြီးနောက် ဖြစ်နိုင် ခြေရှိသော ရန်သူကို သူမ ရှာမတွေ့ခဲ့ပေ။ အဓိကအားဖြင့် သူမ၏ ရန်သူများထဲမှ မည်သူမှ ဝိညာဉ်ချိတ်ဆက်မှုကို လွယ်ကူစွာ ပိတ်ဆို့နိုင်စွမ်းရှိသည်ဟု သူမ မယုံကြည်သောကြောင့် ဖြစ်သည်။
ဝိညာဉ်ချိတ်ဆက်မှုနှင့် သူမ၏ ကိုယ်ပွားအကြား အကြောင်းအကျိုး ဆက်နွယ်မှုကို ကာကွယ်နိုင်သည့် စွမ်းအားမျိုး ရှိသူတစ်ဦးအတွက် ထိုကဲ့သို့ အောက်တန်းကျသည့် လှည့်ကွက်များကို သုံးရန် လိုအပ်ပါဦးမည်လား။
ပင်မခန္ဓာကိုယ်ကို တိုက်ရိုက် ရင်ဆိုင်လိုက်ရုံသာ ရှိသည်။
ထားလိုက်ပါတော့။
ထိုနေရာသို့ ရောက်သည်နှင့် သူမ၏ ကိုယ်ပွားကို မည်သူ ကစားနေသည်ကို သိရပေလိမ့်မည်။
ဝိညာဉ်ချိတ်ဆက်မှု ပြတ်တောက်သွားခဲ့သော်လည်း ယေဘုယျ ဦးတည်ချက်ကို သူမ ရှာတွေ့ထားပြီးဖြစ်သည်။ ဝိညာဉ်ချိတ်ဆက်မှုက ရံဖန်ရံခါ ခဏခန့် ပြန်ရလာတတ်သည်။ ဝိညာဉ်ချိတ်ဆက်မှု ပြသသည့် လမ်းကြောင်းအတိုင်း ဆက်သွားနေပါက သူမ၏ ကိုယ်ပွားကို ရှာဖွေနိုင်မည် ဖြစ်သည်။
တစ်စုံတစ်ယောက်က သူမ၏ ကိုယ်ပွားကို ဖမ်းဆီးပြီး သူမကို မျှားခေါ်နေခြင်း ဖြစ်နိုင်ကြောင်း လျှိုချင်းယွမ် သံသယဝင်မိသော်လည်း ယခုအချိန်တွင် သူမ ဂရုမစိုက်နိုင်တော့ပေ။
ထိုနေရာသည် ထောင်ချောက်တစ်ခု ဖြစ်နေလျှင်ပင် သူမ သွားရမည် ဖြစ်သည်။
ရန်သူက သူမ၏ ကိုယ်ပွားကို ထိုကဲ့သို့သော လုပ်ရပ်များအတွက် ဆက်လက်အသုံးပြုနေပြီး မဖွယ်မရာပြုကျင့်ခံရသည့် ခံစားချက်များ သူမ၏ ခန္ဓာကိုယ်ထံသို့ မကြာခဏ ရောက်ရှိနေပါက သူမ မည်သို့ ကျင့်ကြံအားထုတ်နိုင်မည်နည်း။
ထို့ပြင် သူမ၏ ကိုယ်ပွားအပေါ် သူတို့ ပြုလုပ်ခဲ့သည့်အရာများကြောင့် တရားခံကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရန် သူမ မစောင့်နိုင်တော့ပေ။ ထောင်ချောက်တစ်ခု ဖြစ်နေ၍ သူမ မသွားခဲ့လျှင် ထိုလူကို သူမ မည်သို့ အပိုင်းပိုင်း ဆွဲဖြဲနိုင်မည်နည်း။
ထိုအတွေးနှင့်အတူ နတ်လှေနန်းတော်ကို အရှိန်မြှင့်တင်ရန် လျှိုချင်းယွမ် ချက်ချင်း ထိန်းချုပ်လိုက်သည်။
ထိုအချိန်တွင် တိုးညင်းအားပျော့သော ခေါင်းလောင်းသံတစ်သံကို သူမ သဲ့သဲ့ကြားလိုက်ရသည်။
လျှိုချင်းယွမ် ချက်ချင်း သတိဝင်လာသည်။ ဟင်းလင်းပြင်ထဲတွင် ခေါင်းလောင်းသံ အဘယ်ကြောင့် ရှိနေရသနည်း။
သူမ၏ စိတ်အာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်ရာ နောက်တစ်ခဏ၌ အသံလာရာအရင်းမြစ်ကို ရှာတွေ့သွားပြီး နန်းတော်မှ ချက်ချင်း ထွက်ခွာလိုက်သည်။
ဤအခိုက်အတန့်တွင် ဟင်းလင်းပြင်၌ အနီရောင်အလင်းတန်းများ ထုတ်လွှတ်နေသော ရထားတစ်စီး ရှိနေသည်။ ဤထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် လျှိုချင်းယွမ် အံ့အားသင့်သွားသည်။
သတိပြန်ဝင်လာသည်နှင့် သူမ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ အစိမ်းရောင် ကြာပန်းတစ်ပွင့်က ပန်းနီ ရထားဆီသို့ ပျံသန်းသွားပြီး ရထားနှင့် ထိလုနီးပါးတွင် ကြာပန်း ပြင်းထန်စွာ ပေါက်ကွဲသွားကာ ထိုနားတဝိုက် အစိမ်းရောင် မြူခိုးများ ဖုံးလွှမ်းသွားစေသည်။
သို့သော် လျှိုချင်းယွမ်က သတိမလျှော့ခဲ့ပေ။ ခဏအကြာတွင် အစိမ်းရောင် အခိုးအငွေ့များ ရှင်းလင်းသွားသောအခါ ပန်းနီ ရထားသည် ဟင်းလင်းပြင်ထဲတွင် ပျက်စီးခြင်းမရှိပဲ ပေါလောပေါ်နေဆဲ ဖြစ်သည်။
ဤအရာကို မြင်သောအခါ လျှိုချင်းယွမ်၏ မျက်ခုံးများ တွန့်သွားပြီး သူမ၏ အေးစက်၍ လှပသော မျက်နှာက အလွန် တည်ကြည်သွားသည်။
သူမ၏ သူတော်စင်အဆင့် စွမ်းအားဖြင့်ပင် ဤပန်းနီရောင် ရထားကို မပျက်စီးစေနိုင်ပေ။
မည်သည့် ရတနာမျိုးနည်း။
ကောင်းကင်အဆင့် ဝိညာဉ်လက်နက်လား။ သို့မဟုတ် သူတော်စင် အဆင့် လက်နက်လား။
ကောင်းကင်အဆင့် မဖြစ်နိုင်ပေ။
အကယ်၍ ကောင်းကင်အဆင့်ဖြစ်ပါက သူမ ချက်ချင်း အာရုံခံမိမည် ဖြစ်သည်။ ဤအရာသည် သူတော်စင် အဆင့် လက်နက်တစ်ခု ဖြစ်နိုင်ခြေ အလွန်များသည်။
သို့သော်...
သူတော်စင်အဆင့် လက်နက်တစ်ခုက ဤနေရာတွင် မည်သို့ ပေါ်လာနိုင်သနည်း။
ပြီးတော့ ထိုသူတော်စင်အဆင့် လက်နက်တွင် ပိုင်ရှင်ရှိပုံရသည်။
လျှိုချင်းယွမ်က
“အရိပ်ထဲမှာ ပုန်းနေတာပဲ”
ဟု အေးစက်စွာ ရေရွတ်လိုက်သည်။
စကားပြောလိုက်သည်နှင့် လျှိုချင်းယွမ်၏ တစ်ကိုယ်လုံးတွင် ကျင့်စဉ်အငွေ့အသက်များ စီးဆင်းသွားသည်။ နောက်တစ်ခဏ၌ သူမ၏ ခေါင်းထက်တွင် နောက်ထပ် အစိမ်းရောင် ကြာပန်းတစ်ပွင့် ဖြစ်ပေါ်လာသည်။ လျှိုချင်းယွမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင် ကြာပန်းသည် ပန်းနီ ရထားဆီသို့ ထပ်မံ တိုက်ခိုက်လိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင်လည်း ပန်းနီရထားကို သူမ မဖျက်ဆီးနိုင်ခဲ့ပေ။ ထိုအချက်အရ သူမ၏ ရှေ့မှအရာသည် သူတော်စင် အဆင့် လက်နက် အစစ်အမှန်ဖြစ်ကြောင်း လျှိုချင်းယွမ် ပိုသေချာသွားသည်။
သူတော်စင် အဆင့် လက်နက်ကို ထုတ်လုပ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ပိုင်ရှင်သည်လည်း ဧကန်မုချ အစွမ်းထက်ပေလိမ့်မည်။ သို့သော် လျှိုချင်းယွမ် မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း သူတော်စင်အဆင့် ဖြစ်ပြီး ဤသူတော်စင် အဆင့် လက်နက်ပိုင်ရှင်သည် ဧကရာဇ် အဆင့် မဟုတ်သရွေ့ သူမကို ယှဉ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
သို့သော်လည်း သူမ မည်သည့် ဧကရာဇ်ကိုမှ ပြစ်မှားမိဖူးခြင်း မရှိကြောင်း ပြန်တွေးမိသည်။ ဧကရာဇ် မဟုတ်သည့်အတွက် စိုးရိမ်စရာ မလိုပေ။
လျှိုချင်းယွမ် ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်စဉ် ပန်းနီရထား ရုတ်တရက် အဝေးသို့ ပျံသန်းသွားသည်။ လျှိုချင်းယွမ်လည်း နှစ်ခါမစဉ်းစားပဲ နောက်မှ လိုက်ရန် နတ်လှေနန်းတော်ကို တိုက်ရိုက် ထိန်းချုပ်လိုက်သည်။ သူမ၏ လမ်းကို မည်သူ ပိတ်ဆို့နေသည်ကို သူမ သိချင်သည်။
သို့သော် ပန်းနီရထားသည် သူမကို တစ်နေရာရာသို့ ခေါ်ဆောင်သွားနေပုံရကြောင်း လျှိုချင်းယွမ် မကြာမီ သဘောပေါက်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း တစ်လ ကုန်ဆုံးသွားပြီး ပန်းနီရထား ရပ်တန့်ခြင်း မရှိသေးပေ။
ပန်းနီရထား၏ ဦးတည်ချက်သည် သူမ သွားလိုသော လမ်းကြောင်းနှင့် အတူတူ ဖြစ်မနေပါက သူမ ဆက်လိုက်ဖြစ်တော့မည် မဟုတ်ပေ။
ဤအချက်က ဤသူတော်စင် အဆင့် လက်နက်ပိုင်ရှင်သည် သူမ၏ ကိုယ်ပွားကို ဖမ်းဆီးထားသော လူယုတ်မာ ဖြစ်နိုင်သလားဟု လျှိုချင်းယွမ်အား တွေးမိစေသည်။
ထိုအတွေးကြောင့် လျှိုချင်းယွမ်၏ မျက်နှာက ပို၍ အရုပ်ဆိုးသွားပြီး သူမ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာသည်။
ဤလက်နက်ပိုင်ရှင်သည် သူမ၏ ကိုယ်ပွားကို ဖမ်းဆီးထားသူ တကယ် ဖြစ်ပါက ၎င်း၏ သူတော်စင် အဆင့် လက်နက်ကို သူမထံ စေလွှတ်လိုက်ခြင်းက ရန်စခြင်း သက်သက်သာ ဖြစ်သည်။
လျှိုချင်းယွမ်က နှာခေါင်းရှုံ့လိုက်ပြီး
“ရှင်က သေချင်နေမှတော့ ရှင့်ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
……..
နဂါးနက်မြို့။
နန်းတော်။
လျှိုချင်းချိုသည် အဆောင်အတွင်း၌ နွေဦးလေပြေများကဲ့သို့ ရှင်သန် လှုပ်ရှားနေသည်။
လုချန်းသည်လည်း အနားယူခြင်း မရှိသော စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။
အချိန်မည်မျှ ကြာသွားသည်မသိ နောက်ဆုံးတွင် လုချန်း ရပ်တန့်လိုက်ပြီး လျှိုချင်းချို၏ ခန္ဓာကိုယ်ကို ဖက်ထားလိုက်သည်။ သို့သော် သူ၏ လက်များက လျှိုချင်းချို၏ ကိုယ်ပေါ်တွင် လှည့်လည်သွားလာကာ ကစားနေဆဲ ဖြစ်သည်။
လုချန်းက
“ဒီတစ်လအတွင်း မင်းရဲ့ ပင်မခန္ဓာကိုယ်ရဲ့ စိတ်အာရုံကို ခံစားမိလား။”
လုချန်း တစ်လလုံး နေရသည့် အကြောင်းရင်းက ရိုးရှင်းသည်။ ကိုယ်ပွား ခံစားခဲ့ရသော ခံစားချက်များကို သူမ၏ ပင်မခန္ဓာကိုယ်ထံ ပေးပို့ရန် ဖြစ်သည်။ ထို့ကြောင့် လျှိုချင်းချို၏ ခံစားရသည့် ခံစားချက်များ လျှိုချင်းချို၏ ပင်မခန္ဓာကိုယ်ထံ ရောက်ရှိနေလောက်ပြီဖြစ်သည်။
သူမ၏ ပင်မခန္ဓာကိုယ်ကို အရင်ဆုံး ကောင်းကောင်း ခံစားခိုင်းလိုက်တာ ပိုကောင်းပေမည်။
လုချန်း၏ မေးခွန်းကို ကြားသောအခါ လျှိုချင်းချိုက သူ၏ ရည်ရွယ်ချက်များကို ချက်ချင်း နားလည်လိုက်ပြီး
“ဟင်း.... ရှင်ကမြန်မြန် သေချင်နေတာလား”
သူမ၏ ပင်မခန္ဓာကိုယ်၏ စိတ်နေသဘောထားကို လျှိုချင်းချို ကောင်းစွာ သိသည်။ လုချန်းက သူမကို အရှက်ရစေရန် ဤနည်းလမ်းကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေကြောင်း သိပါက သူမ၏ ပင်မခန္ဓာကိုယ်သည် ဒေါသပေါက်ကွဲသွားပြီး လုချန်းကို အပိုင်းပိုင်း ဆွဲဖြဲချင်နေပေလိမ့်မည်။
လုချန်းက ရယ်မောလိုက်ပြီး
“ကိုယ်က မင်းရဲ့ ခန္ဓာကိုယ်ကို ယူပြီးပြီပဲ။ သူ့ဒေါသမီးကို လောင်စာ ဖြည့်ပေးလိုက်တာ ကိစ္စမရှိပါဘူး။”
သူ လျှိုချင်းချိုကို ပိုင်ဆိုင်ထားကြောင်း သိလိုက်သည်နှင့် လျှိုချင်းချို၏ မူလခန္ဓာကိုယ်က သူ့ကို သတ်ချင်နေလောက်ပြီဟု လုချန်း ခန့်မှန်းမိသည်။ ထိုကြောင့် သူ ထပ်ပြီး စိုးရိမ်စရာ မရှိတော့ပေ။
ရေနွေးပူကို မကြောက်သော ဝက်သေကဲ့သို့ လုချန်း၏ ဂရုမစိုက်သော အမူအရာကို မြင်သဖြင့် လျှိုချင်းချို ဘာမှ ဆက်မပြောတော့ပေ။
ဤအချိန်တွင် လုချန်း ဖြည်းညှင်းစွာ ထထိုင်လိုက်ပြီး သူနှင့်အတူ မျက်နှာချင်းဆိုင် ထိုင်နိုင်ရန် လျှိုချင်းချိုကို ဆွဲထူလိုက်သည်။
လျှိုချင်းချိုက သူမ၏ လက်ကို မြှောက်ကာ လုချန်း၏ ရင်ဘတ်ပေါ် တင်လိုက်ပြီး ရီဝေနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။
လျှိုချင်းချိုက
“ရှင့်ရဲ့ အဆင့်က အခုတလော သိပ်မတိုးတက်လာဘူး မဟုတ်လား။”
လုချန်းက သူ၏ လှုပ်ရှားမှုများကို ပြန်စလိုက်သည်။
“ဘာလို့ မေးတာလဲ”။
လျှိုချင်းချိုက
“ရှင့်ရဲ့ လမ်းစဉ်က... တိုးတက်မှု မရှိတော့သလိုပဲ”
ကျင့်ကြံခြင်းကို အာရုံစိုက်ရန် အမျိုးသမီးတစ်ဦးက အကြံပြုလာတိုင်း သူ၏ ကျင့်စဉ် လမ်းစဉ်ကို လိုက်နာနေကြောင်း လုချန်း ပြောလေ့ရှိ၏။ ထိုစဉ်က သူ၏ ကျင့်စဉ်အဆင့်သည် လျင်မြန်စွာ တိုးတက်နေခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် သူ၏ ဇနီးများလည်း သူ့ကို နားချရန် စိတ်မပါကြတော့ပေ။
သို့သော် ယခု လုချန်း အခက်အခဲ တစ်ခုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ ဆက်မတိုးတက်ပဲ အဆင့်တစ်ခုတွင် သောင်တင်နေတာ ကြာနေပုံရသည်။ လုချန်း၏ ဖိအား တိုးလာသည်ကို သူမတို့ မခံစားရသည်မှာ ကြာပြီဖြစ်သည်။
ဤအရာသည် စုံတွဲကျင့်စဉ်၏ ကန့်သတ်ချက် ဖြစ်ပုံရသည်။ လုချန်း၏ စုံတွဲကျင့်စဉ် နည်းစနစ်သည် အတော်လေး ထိရောက်သော်လည်း မည်သည့် စုံတွဲကျင့်စဉ် စွမ်းအားကမှ ထာဝရ ထိရောက်မှုကို ထိန်းသိမ်းထားရန် မဖြစ်နိုင်ပေ။ ထိုသို့ဖြစ်ပါက ကျင့်စဉ်လောကရှိ လူတိုင်း သူတို့၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန် စုံတွဲကျင့်စဉ် နည်းလမ်းကိုသာ ကျင့်သုံးကြမည် မဟုတ်ပါလား။