← Chapters

မီးနတ်ဘုရား သေနတ်၊မီးနတ်ဘုရား အမြောက်

Vol. 78 Ch. 1157

မီးနတ်ဘုရား သေနတ်၊မီးနတ်ဘုရား အမြောက်

Vol. 78 Ch. 1157

လျှိုချင်းချို၏ အတွေးများကို လုချန်း ချက်ချင်း အကဲခတ်မိလိုက်သည်။ အမျိုးသမီးများနှင့် သာယာမှုတွင် နစ်မွန်းနေခြင်းကြောင့် သူ၏ ကျင့်ကြံခြင်းကို လစ်လျူရှုမိမည်ကို ဇနီးများအလွန် စိုးရိမ်နေကြကြောင်း သူ၏ စိတ်ထဲ ရှင်းလင်းစွာ သိနားလည်ထားသည်။

စုံတွဲကျင့်စဉ်သည် သူ၏ ကျင့်စဉ်အဆင့် တိုးတက်မှုကို ထိခိုက်စေမည် မဟုတ်ကြောင်း စိတ်ချရန် သူတို့ကို တစ်ကြိမ်မက အာမခံခဲ့သော်လည်း သူ၏ဇနီးများကတော့ စုံတွဲကျင့်စဉ်အပေါ် အယုံအကြည် မရှိကြသေးပေ။

အထူးသဖြင့် အခြားကမ္ဘာမှ လာသော ယွမ်ရှန်ရှန်ကဲ့သို့ အမျိုးသမီးများသည် လုချန်း၏ စုံတွဲကျင့်စဉ်အပေါ် အမြဲတစေ သံသယရှိတတ်ကြပြီး ထျန်းချန်ကမ္ဘာမှ ဒေသခံဖြစ်သော မုကျိရွှမ်းကဲ့သို့ အမျိုးသမီးများကမူ လုံးဝ ဂရုမစိုက်ပဲ လုချန်း ပြောသမျှကို ယုံကြည်ကြသည်။

သူ လမ်းမှားရောက်သွားပြီး ပြန်လမ်းမဲ့ လမ်းကြောင်းပေါ် ရောက်သွားမည်ကို စိုးရိမ်ခြင်းသာဖြစ်သောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ လုချန်းက ဒေါသထွက်မည် မဟုတ်ပေ။

လျှိုချင်းချို၏ နှင်းကဲ့သို့ ဖြူဝင်းကျောပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း လုချန်းက

“မင်း ဘာပြောချင်လဲဆိုတာ ကိုယ် သိပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ပါ။ သာမန်လူတစ်ယောက်ကနေ နတ်ဘဝ ပြောင်းလဲခြင်းအဆင့်အထိ ကိုယ် ကျင့်ကြံလာတာ နှစ်ငါးဆယ်တောင် မကြာဘူး။”

“အဆင့်မြင့် ကျင့်စဉ်လောကမှာတောင် ပါရမီနဲ့ အရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေ ကိုယ့်လောက် ကျင့်စဉ်အဆင့် မြန်မြန် မတက်နိုင်ဘူး မဟုတ်လား။”

“ဒီလမ်းကြောင်းပေါ်မှာ ကိုယ် ဆက်သွားနိုင်မလား ဆိုတာကို သက်သေပြဖို့ အချိန်လိုတစ်ခုလိုသေးတယ်။”

လုချန်း ထိုသို့ပြောသည်ကို ကြားသောအခါ လျှိုချင်းချို ဘာမှ မတုံ့ပြန်ပေ။ သို့သော်လုချန်း၏ ကျင့်စဉ်အဆင့် မကြာသေးမီက များစွာ တိုးတက်ခြင်း မရှိတာကတော့ အမှန်ပင် ဖြစ်သည်။

ကျင့်စဉ်လောကတွင် ထိုအတိုင်း ဖြစ်တတ်သည်။ ကျင့်စဉ်အဆင့် မြင့်လေလေ အဆင့်တက်ရန် ပိုခက်ခဲလေလေဖြစ်သည်။ အတိတ်တုန်းက လုချန်း၏ ကျင့်စဉ်အဆင့် အလွန်လျင်မြန်စွာ တိုးတက်ခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ရသဖြင့် ယခု သူ၏ ကျင့်စဉ်အဆင့် အနည်းငယ် ရပ်တန့်သွားသောအခါ လုချန်း၏ စုံတွဲကျင့်စဉ် နည်းလမ်း အလုပ်မဖြစ်တော့ဟု သူတို့ ထင်မှတ်မိကြသည်။

သို့သော် ထိုကဲ့သို့သော အတွေးမှာ သိသာထင်ရှားစွာ မှားယွင်းနေသည်။ လုချန်း၏ ကျင့်စဉ်နည်းလမ်းသာ မထိရောက်ပါက နှစ်ထောင်ချီ အချိန်ကုန်ခံပြီးမှ နတ်ဘဝ ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရန် မနည်း ကြိုးစားခဲ့ရသော ကျင့်ကြံသူများကရော မည်သို့ ဆိုမည်နည်း။

လုချန်း၏ ကျင့်စဉ်နည်းလမ်း အလားအလာ ရှိမရှိသည် အနာဂတ် ကန့်သတ်ချက်များကို ကျော်ဖြတ်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်နေဆဲ ဖြစ်သည်။

ထိုအတွေးဖြင့် လုချန်း၏ ကျင့်ကြံခြင်းအကြောင်း လျှိုချင်းချို ထပ်မပြောတော့ပေ။ ထိုကိစ္စနှင့် ပတ်သက်၍ ပိုပြောရန် သူမ စိတ်မဝင်စားတော့ပေ။

ဤအချိန်တွင် လျှိုချင်းချိုလည်း သူမ၏ စိတ်အာရုံကို လုချန်းအပေါ် ပြန်လည်အာရုံစိုက်လိုက်ပြီး လက်မောင်းကို မြှောက်ကာ လုချန်း၏ လည်ပင်းကို ဖက်တွယ်လိုက်ရင်း သူ ပေးစွမ်းသော သာယာမှုကို ခံစားလိုက်သည်။

တစ်လဟူသော အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

……

နဂါးနက်မြို့။

နန်းတော်။

နန်းတော် စာကြည့်ခန်း အလယ်တွင် လုချန်း ရပ်နေပြီး ပြုလုပ်ထားသော ကောင်းကင်အင်းကွက် လက်နက်များကို ကြည့်ရှုနေသည်။

ယင်ကျန်းယဲ့က သတိပေးလိုက်သည်။

“မင်းကြီး... ဒီလက်နက်နှစ်ခုကို နာမည် မပေးရသေးပါဘူး။ နာမည် ပေးလိုက်ပါလား”

စနိုက်ပါ ရိုင်ဖယ်သေနတ်နှင့် တူသော အင်းကွက်လက်နက်တစ်ခုကို လုချန်း ကောက်ယူလိုက်ပြီး ခဏခန့် စဉ်းစားကာ

“ဒီလက်နက်ကို ဒီနေ့ကစပြီး မီးနတ်ဘုရား သေနတ်လို့ ခေါ်မယ်”

ဤအချိန်တွင် လုချန်း၏ အကြည့်က ဘေးနားရှိ အမြောက်ကြီးပေါ်သို့ ကျရောက်သွားသည်။ ယမ်းမှုန့်ကို အသုံးပြုခြင်း မရှိတော့ပဲ ဝိညာဉ်ကျောက်တုံးများဖြင့် စွမ်းအင်ရယူခြင်းမှလွဲ၍ ဤအမြောက်သည် ယခင်က ရှနိုင်ငံတော်၏ အမြောက်များနှင့် ဘာမှကွာခြားခြင်း မရှိပေ။

ထို့နောက် လုချန်းက

“ဒီအမြောက်ကိုတော့ မီးနတ်ဘုရား အမြောက်လို့ ခေါ်မယ်”

စကားဆုံးသည်နှင့် ယင်ကျန်းယဲ့ကို လှည့်ကြည့်ပြီး လုချန်းက ထပ်ပြောလိုက်သည်။

“နောက်တစ်ဆင့် အနေနဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို မြှင့်တင်ပြီး အင်းကွက်လက်နက်တွေ ပိုထုတ်လုပ်နိုင်ဖို့ လိုတယ်။”

ယင်ကျန်းယဲ့က

“အမိန့်အတိုင်းပါ မင်းကြီး”

သူ၏ လက်ထဲရှိ မီးနတ်ဘုရား သေနတ်နှင့် မီးနတ်ဘုရား အမြောက်ကို လုချန်း နောက်တစ်ကြိမ် ကြည့်လိုက်ပြီး

“ပစ္စည်းတွေ ရပြီဆိုတော့ သူတို့ရဲ့ စွမ်းအားကို စမ်းသပ်ဖို့ အချိန်တန်ပြီ။”

ထို့နောက် နန်းတော်စာကြည့်ခန်းမှ မီးနတ်ဘုရား အမြောက်ကို သူ၏ အာကာသ လက်စွပ်ထဲသို့ လုချန်း တိုက်ရိုက် သိမ်းဆည်းလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ထျန်းချန်ကမ္ဘာ အပြင်ဘက် ဟင်းလင်းပြင်၌ ပေါ်လာသည်။

ဟင်းလင်းပြင်ထဲတွင် တိတ်ဆိတ်စွာ ပေါလောပေါ်နေသော ကမ္ဘာ့အပိုင်းအစတစ်ခုကို ကြည့်လိုက်ပြီး သူ၏ လက်စွပ်ထဲမှ မီးနတ်ဘုရား အမြောက်ကို ထုတ်လိုက်သည်။

ချက်ချင်းပင် မီးနတ်ဘုရား အမြောက်ကို လုချန်း ထိန်းချုပ်လိုက်ပြီး ဟင်းလင်းပြင်ထဲတွင် ပေါလောပေါ်နေသော ကမ္ဘာ့အပိုင်းအစကို ပစ်ခတ်လိုက်သည်။

မီးနတ်ဘုရား အမြောက်ထဲသို့ ဝိညာဉ်စွမ်းအားများကို လုချန်း ထည့်သွင်းလိုက်သောအခါ မျက်နှာပြင်ပေါ်ရှိ အင်းကွက်ပုံစံများမှ အပြာရောင်အလင်းတန်းများ ထုတ်လွှတ်လာသည်။ အင်းကွက်ပုံစံအားလုံး အပြာရောင် လင်းလက်လာချိန်တွင် မီးနတ်ဘုရား အမြောက်မှ အပြာရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

အဝေးတွင် ဧဝရက်တောင် အရွယ်အစားခန့်ရှိသော ကမ္ဘာ့အပိုင်းအစတစ်ခု ရှိနေသော်လည်း မီးနတ်ဘုရား အမြောက်မှ အလင်းတန်းနှင့် ထိမှန်သောအခါ ကမ္ဘာအပိုင်းအစသည် ချက်ချင်းပင် အပိုင်းပိုင်းအစစ ကွဲကြေသွားသည်။

ထိုမြင်ကွင်းကို ကြည့်ရင်းလုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ မီးနတ်ဘုရား အမြောက်သည် ပြန်လည်ပျက်စီးခြင်းအဆင့်နှင့် တန်းတူနီးပါး ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားသောကြောင့် ဖြစ်သည်။

မီးနတ်ဘုရား အမြောက်ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည့်အတွက် ပြန်လည်ပျက်စီးခြင်းအဆင့်မှ ရန်သူများစွာနှင့် ရင်ဆိုင်ရလျှင်ပင် ထျန်းချန်ကမ္ဘာသည် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း အချို့ ရှိလာပြီ ဖြစ်သည်။

“ကောင်းတယ်... သိပ်ကောင်းတယ်”

ထို့နောက် လုချန်း၏ အာရုံက မီးနတ်ဘုရား သေနတ်ဆီသို့ ရောက်သွားသည်။ မီးနတ်ဘုရား သေနတ်သည် ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ လိုအပ်ပြီး သဘာတရားအရ စွမ်းအား များစွာ လျော့နည်းသည်။ လုချန်း ၎င်းအပေါ် မျှော်လင့်ချက် သိပ်မထားပေ။

မီးနတ်ဘုရား အမြောက်ကဲ့သို့ အားကောင်းသော လက်နက်ကို ပိုင်ဆိုင်ထားသဖြင့် ထျန်းချန်ကမ္ဘာသည် မီးနတ်ဘုရား သေနတ် မရှိလျှင်လည်း ကြောက်မက်ဖွယ် အင်အား ရှိနေပြီဖြစ်သည်။

သို့သော် မီးနတ်ဘုရား အမြောက်နှင့် ယှဉ်လျှင် မီးနတ်ဘုရား သေနတ်သည် ကျင့်စဉ်အဆင့် နိမ့်သော ကျင့်ကြံသူများ ကိုင်တွယ်ရန် ပိုသင့်လျော်သည်။

ထို့နောက် မီးနတ်ဘုရား သေနတ်ကို လုချန်း မလိုက်ပြီး ဟင်းလင်းပြင်ထဲတွင် ပေါလောပေါ်နေသော အခြားကမ္ဘာ့အပိုင်းအစတစ်ခုကို ချိန်ရွယ်ကာ မောင်းခလုတ်ကို ဆွဲလိုက်သည်။ နောက်တစ်ခဏ၌ နောက်ထပ် အပြာရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပြီး ကမ္ဘာ့အပိုင်းအစကို အလားတူပင် အပိုင်းပိုင်းအစစ ကွဲကြေသွားစေသည်။ သို့သော် ၎င်း၏ စွမ်းအားမှာ သိသိသာသာ လျော့နည်းပြီး နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ပထမ သို့မဟုတ် ဒုတိယအလွှာ ခွန်အားနှင့် ညီမျှသည်။

ထိုသို့ဆိုလျှင် ကောင်းကင်လူသားအဆင့် ကျင့်ကြံသူတစ်ဦးသည် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို အနိုင်ယူနိုင်ပေမည်။ ထိုကဲ့သို့သော အင်းကွက်လက်နက်များကို အများအပြား ထုတ်လုပ်လိုက်သည်နှင့် ရှနိုင်ငံတော်၏ အင်အားသည် အလယ်အလတ်တန်းစား အင်ပါယာများနှင့် တန်းတူ ဖြစ်လာလောက်သည်။

ထိုအင်အားကြီး အင်ပါယာများကို ချက်ချင်း ရန်စရန် လုချန်း၌ ရည်ရွယ်ချက် မရှိပေ။ အရေးကြီးသော ကိစ္စမှာ သူ၏ အင်အားကို အမြန်ဆုံး မြှင့်တင်ရန် ဖြစ်သည်။

ယခု သူ၏ ကျင့်စဉ်အဆင့်တိုးတက်နိုင်ရန် အခက်အခဲအချို့နှင့် ကြုံတွေ့နေရ၏။ မူလစွမ်းအင်များကို စုပ်ယူလျှင်ပင် ဆက်လက် တိုးတက်နိုင်ခြင်း မရှိတော့ပေ။ ယခု သူ လုပ်နိုင်သည်မှာ ဇနီးများကို ရင်သွေးကမ္ဘာ ပြုစုပျိုးထောင်ရာတွင် ကူညီပေးခြင်းဖြစ်သည်။ ထိုအခါမှ သူ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ပေးမည့် ဆုလာဘ်များ ရရှိရန် မျှော်လင့်နိုင်သည်။

ထိုအတွေးဖြင့် လုချန်း နဂါးနက်မြို့ နန်းတော်သို့ ပြန်လာခဲ့သည်။ နန်းတော် စာကြည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ပိုင်ချင်းချင်း ရောက်လာပြီး

“မင်းကြီး... လေဧကရာဇ်က မင်းကြီးနဲ့ တွေ့ဖို့ လာပါတယ်”

ထိုစကားကို ကြားသောအခါ လေရန်ကမ္ဘာမှ ထွက်ခွာပြီး သူ့ကို ကိုယ်တိုင်ကိုယ်ကျ လာရှာရသည့် အကြောင်းရင်းကို တွေးတောရင်း

လုချန်း ဇဝေဇဝါ ဖြစ်သွားသည်။

“ဝင်ခွင့်ပြုလိုက်”

နောက်တစ်ခဏ၌ လေဝမ်တယ် နန်းတော် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာပြီး လုချန်းကို ဦးညွှတ်ကာ ပြောလိုက်သည်။

“ဂါရဝပြုပါတယ် ကောင်းကင်ဧကရာဇ်မင်းကြီး”

ယခုအခါ ရှနိုင်ငံတော်သည် အင်ပါယာတစ်ခု ဖြစ်လာပြီ ဖြစ်သည်။ လုချန်း၏ ကျင့်စဉ် အဆင့်သည် ဧကရာဇ်နယ်ပယ်သို့ မရောက်ရှိသေးသော်လည်း အင်ပါယာရှင် ဧကရာဇ်တို့အား ပုံမှန်အားဖြင့် ကောင်းကင် ဧကရာဇ်ဟုသာ ခေါ်ဆိုကြသည်။

လေဝမ်တယ် အသုံးပြုသော ဂုဏ်ပုဒ်ကို ကြားလိုက်ရသဖြင့် လုချန်း မျက်နှာမဲ့သွားသည်။ ကောင်းကင်ဧကရာဇ်ဟု အခေါ်ခံရခြင်းကို သူ နေသားမကျသေးပေ။ မိမိကိုယ်ကို ဆွမ်ဧကရာဇ်ဟု ရည်ညွှန်းခြင်းမှာ မသင့်လျော်တော့ကြောင်း သူ သိသော်လည်း ကောင်းကင်ဧကရာဇ်ဟူသော ဂုဏ်ပုဒ်မှာ အနည်းငယ် လွန်ကဲသည်ဟု ခံစားနေရသည်။

ဂုဏ်ပုဒ်တစ်ခုသာ ဖြစ်သည့်အတွက် လုချန်း ဘာမှ ထပ်မပြောတော့ပေ။

“ဘာကိစ္စ ရှိလို့လဲ”

လေဝမ်တယ်က

“မင်းကြီး... မနေ့က အဆင့်နိမ့်ကမ္ဘာတစ်ခုကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်”

လုချန်းက မေးလိုက်သည်။

“အဲ့ဒီလောက် မြန်သလား”

အသက်ရှိသော ကမ္ဘာများ၏ အခြေအနေများကို ကင်းထောက်ပြီးမှ တပ်များ စေလွှတ်ရန် လုချန်း မူလက ရည်ရွယ်ထားသည်။ သို့သော် လေရန်ကမ္ဘာသည် ကမ္ဘာတစ်ခုကို အလွန်လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

လေဝမ်တယ်က

“အဲဒီကမ္ဘာကို ကျန်းဝူကမ္ဘာလို့ ခေါ်ပြီး ဝိညာဉ်စွမ်းအင် အလွန် ပါးလွှာပါတယ်။ မူလအစကမ္ဘာ နယ်ပယ်အဆင့် ကျင့်ကြံသူတောင် မရှိသလောက်မို့ ကျွန်တော်က တပ်တွေ လွှတ်ပြီး သိမ်းပိုက်ခိုင်းလိုက်တာပါ။”

ထိုကမ္ဘာသည် ယခင် ထျန်းချန်ကမ္ဘာနှင့် ဆင်တူကြောင်း လုချန်း သဘောပေါက်လိုက်သည်။

လုချန်းက

“တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ကျွန်တော်အားနေတာနဲ့ အတော်ပဲ။ အဲ့ဒီကမ္ဘာ ဘယ်လိုလဲဆိုတာ သွားကြည့်ရအောင် ကျွန်တော့်ကို ခေါ်သွားပေးပါ။”

“အမိန့်အတိုင်းပါ မင်းကြီး”

All Chapters