← Chapters

ရင်သွေးကမ္ဘာ မွေးဖွားနိုင်ဖို့ ကူညီပေးမယ်

Vol. 78 Ch. 1158

ရင်သွေးကမ္ဘာ မွေးဖွားနိုင်ဖို့ ကူညီပေးမယ်

Vol. 78 Ch. 1158

လေဝမ်တယ်၏ အစီရင်ခံမှုကို နားထောင်ပြီးသည်နှင့် ကျန်းဝူကမ္ဘာဆီသို့ လမ်းပြရန် လုချန်း ချက်ချင်း အမိန့်ပေးလိုက်၏။

ကျန်းဝူကမ္ဘာသည် ထျန်းချန်ကမ္ဘာနှင့် အတော်အတန် ကွာဝေးပြီး နတ်လှေဖြင့် ပျံသန်းလျှင်ပင် တစ်ရက်နီးပါး ကြာမြင့်တတ်သည်။ ထို့ပြင် ကျန်းဝူကမ္ဘာ တည်ရှိရာ အာကာသ နယ်မြေသည် တည်ငြိမ်မှု မရှိပဲ ကမ္ဘာ့အစိတ်အပိုင်း အစအန အမြောက်အမြား ရှိနေတတ်၏။

ကျန်းဝူကမ္ဘာ အပြင်ဘက်သို့ ရောက်ရှိလာပြီးနောက် အပြာရောင်ဖျော့ဖျော့ အလင်းတန်းများ ထုတ်လွှတ်နေသည့် ထိုကမ္ဘာကို လုချန်း လှမ်းကြည့်လိုက်သည်။ ထိုကမ္ဘာသည် လုံးဝန်းနေပြီး ထျန်းချန်ကမ္ဘာနှင့် အရွယ်အစား တူညီသယောင် ရှိ၏။

သို့သော် ထျန်းချန်ကမ္ဘာနှင့် ယှဉ်လိုက်လျှင် ထိုကမ္ဘာ၏ နိယာမများက ပိုပြည့်စုံနေသည်ဟု လုချန်း ခံစားမိသော်လည်း စိတ်ဝိညာဉ် စွမ်းအားကတော့ ရှားပါးသည်။

ထို့နောက် လုချန်းက ကျန်းဝူကမ္ဘာထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလိုက်သည်။ လုချန်း၏ နတ်လှေ ဝင်ရောက်လာသည်ကို မြင်လိုက်သည်နှင့် ကျန်းဝူကမ္ဘာမှ အင်အားစု အသီးသီးမှ အဆင့်မြင့် အရာရှိများ အားလုံး လုချန်း၏ ရှေ့မှောက်သို့ ရောက်လာကာ တညီတညွတ်တည်း ဦးညွှတ်လိုက်ကြ၏။

“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”

ကျန်းဝူကမ္ဘာမှ အဓိက အင်အားစုများသည် ဖရိုဖရဲ ကြယ်ပင်လယ်တွင်းမှ အခြေအနေကို အကြမ်းဖျင်း နားလည်ထားကြပြီး ဖြစ်သည်။ လေရန်ကမ္ဘာမှ စစ်တပ်များ ကျန်းဝူကမ္ဘာသို့ ဝင်ရောက်လာချိန်ကတည်းက လက်အောက်ခံအဖြစ် အညံ့ခံထားပြီး ဖြစ်၏။

ဤကမ္ဘာ၏ အမြင့်ဆုံး ကျင့်စဉ်အဆင့်မှာ မူလအစကမ္ဘာ နယ်ပယ်အဆင့်သာ ဖြစ်ပြီး ထိုအဆင့်ရှိ ကျင့်ကြံသူ အရေအတွက်မှာလည်း အလွန်ရှားပါးလှသည်။ လေရန်ကမ္ဘာမှ စစ်တပ်များ ရောက်ရှိလာချိန်တွင် ကျန်းဝူကမ္ဘာမှ မူလအစကမ္ဘာ နယ်ပယ်အဆင့် ကျင့်ကြံသူများ အားလုံးကို သတ်ပစ်ခဲ့သည်။

အင်အားကြီးမားသော စစ်အင်အားနှင့် ရင်ဆိုင်ရသောအခါ ကျန်းဝူကမ္ဘာမှ အဓိက အင်အားစုများလည်း ခုခံခြင်း မပြုကြ‌တော့ပဲ တိုက်ရိုက် လက်နက်ချရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

မလှမ်းမကမ်းတွင် ရှိနေသော လုချန်းကို ကျန်းဝူကမ္ဘာရှိ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများ လှမ်းကြည့်လိုက်ကြပြီး ဤသူသည် လေရန်ကမ္ဘာမှ စစ်သည်များ ပြောဆိုနေသည့် ကောင်းကင်ဧကရာဇ် ဖြစ်နေမလား ဟု တွေးတောနေမိကြသည်။

“သိပ်ငယ်ပါလား”

ဖရိုဖရဲ ကြယ်ပင်လယ်တွင် ရှနိုင်ငံတော်ဟု ခေါ်သော နိုင်ငံတစ်ခု ရှိကြောင်း ကြားသိ ထားကြပြီးနောက် ကောင်းကင်ဧကရာဇ် ဆိုသူမှာ အသက်အရွယ်ကြီးရင့်သည့် အဘိုးအိုတစ်ဦး ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ယခု မြင်တွေ့လိုက်ရချိန်တွင် ကောင်းကင်ဧကရာဇ်သည် အသက် နှစ်ဆယ်၊ သုံးဆယ်ဝန်းကျင်သာ ရှိပုံရသည်။

ဟုတ်ပါသည်။ ရှိနေသူများသည် လုချန်း၏ ငယ်ရွယ်မှုကြောင့် လျှော့တွက်ခြင်း မရှိကြပေ။ သူတို့ကမ္ဘာမှ မူလအစကမ္ဘာ နယ်ပယ်အဆင့် ကျင့်ကြံသူများ အားလုံး ဆုံးရှုံးခဲ့ရပြီး တစ်ဖက်လူတွင်မူ ယင်ယန်အဆင့်နှင့် ဥပဒေနိယာမ အလုံးစုံ နယ်ပယ် လက်အောက်ငယ်သား အမြောက်အမြားရှိနေသည်။ သူတို့အနေနှင့် ရှနိုင်ငံတော်၏ ကောင်းကင်ဧကရာဇ်ကို အထင်သေးရဲသည့် သတ္တိမျိုး ရှိမည် မဟုတ်ပေ။

ရောက်ရှိနေသည့် ကျင့်ကြံသူများကို လုချန်း အကဲခတ် ကြည့်ရှုလိုက်ပြီး အမှတ် ကိုးဆယ်ပြည့်သည့် အမျိုးသမီးများ ပါဝင်ခြင်း ရှိမရှိ ရှာဖွေလိုက်သည်။ ထိုသို့ ရှာဖွေကြည့်ပြီးနောက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အမျိုးသမီး တစ်ဦးကိုမှ လုချန်း မတွေ့ရှိခဲ့ပေ။

လုချန်း ထိုကိစ္စကို သိပ်အာရုံမစိုက်တော့ပေ။ လေရန်ကမ္ဘာတွင်ပင် အမှတ် ကိုးဆယ်ကျော်သည့် အမျိုးသမီးဟူ၍ လေဟုန်ယွမ် တစ်ဦးတည်းကိုသာ တွေ့ရှိခဲ့ရသည်။ စနစ်၏ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အမျိုးသမီးများမှာ ထင်သလောက် မပေါများကြောင်း ပြသနေသည်။

ထျန်းချန်ကမ္ဘာတွင် အမှတ် ကိုးဆယ်ကျော်သည့် အမျိုးသမီး အမြောက်အမြားကို တွေ့ရှိခဲ့ရခြင်းမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ဖြစ်သည်။

သူ၏ ဇနီးမယားများထဲမှ တစ်ချို့သည် လျှို့ဝှက်ဆန်းကြယ်သော ပန်းနီရထား၏ ဆွဲဆောင်မှု ခံခဲ့ရသည်။ ၎င်းမှာ စနစ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိရမည်ဖြစ်ပြီး စနစ်၏ နောက်ကွယ်ရှိ အရာတစ်ခုက အမှတ် ကိုးဆယ်ကျော်သည့် အမျိုးသမီးများကို ထျန်းချန်ကမ္ဘာ၌ စုစည်းပေးထားခြင်း ဖြစ်မည်ဟု လုချန်းက ခန့်မှန်းမိသည်။

ထိုအချိန်တွင် လုချန်းက

“အခုကစပြီး ကျန်းဝူကမ္ဘာက ရှနိုင်ငံတော်ရဲ့ အစိတ်အပိုင်း ဖြစ်သွားပြီ။ ခင်ဗျားတို့အားလုံးက ရှနိုင်ငံတော်ရဲ့ နိုင်ငံသားတွေ ဖြစ်သွားကြပြီ။”

လုချန်း စကားဆုံးသည်နှင့် ရှိနေသူများ အားလုံးက ချက်ချင်း ထပ်မံ ဦးညွှတ်လိုက်ကြပြီး တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။

“ကောင်းကင်ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် ဘေးတွင် ရပ်နေသော လေဝမ်တယ်ကို လုချန်းက

“ကျန်းဝူ ကမ္ဘာကိစ္စတွေကို အခုကစပြီး ခင်ဗျားပဲ တာဝန်ယူလိုက်တော့။”

လေဝမ်တယ်က ကပျာကယာဖြင့်

“အမိန့်တော်အတိုင်းပါ မင်းကြီး”

ထို့နောက် ဖေးဟုန် နတ်လှေပေါ်သို့ လုချန်း ပြန်လာခဲ့သော်လည်း ချက်ချင်း ထွက်ခွာခြင်း မရှိသေးပဲ ဤကမ္ဘာ၏ ကောင်းကင်ဘုံ လမ်းစဉ် အသိစိတ်နှင့် ဆက်သွယ်ရန် သူ စတင် ကြိုးပမ်းလိုက်သည်။

မူလအစ စွမ်းအား၏ အကူအညီဖြင့် မျက်လုံး မှိတ်လိုက်သည်နှင့် ဖျော့တော့သော အသိစိတ် တစ်ခုကို လုချန်း ခံစားလိုက်ရသည်။

ထိုအသိစိတ်သည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်မည့်ပုံ ပေါက်နေ၏။

သို့သော် လုချန်းသည် စွမ်းအားကြီးမားသော ဖြစ်တည်မှု တစ်ခုမှန်း ၎င်းက အသိအမှတ်ပြုထားပုံရသဖြင့် ရှေ့သို့ တက်ကြွစွာ တိုးကပ်လာပြီး ၎င်း၏ ကံစွမ်းအားများကို လွှဲပြောင်းပေးအပ်လိုက်သည်။

ကျန်းဝူကမ္ဘာ၏ ကံစွမ်းအားများ သူ၏ကိုယ်ထဲသို့ တက်ကြွစွာ ဝင်ရောက်လာမှုကို မြင်လိုက်ရသောအခါ လုချန်း အနည်းငယ် အံ့သြသွားမိသည်။ ဤမျှ တက်ကြွသော ကောင်းကင်ဘုံ လမ်းစဉ် အသိစိတ်မျိုး သူ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။

“သဘောကောင်းသားပဲ”

ဤကမ္ဘာ၏ ကံစွမ်းအား ထက်ဝက်ခန့် ရောက်ရှိလာသောအခါ ကျန်းဝူကမ္ဘာ၏ ကောင်းကင်ဘုံ လမ်းစဉ်အား လုချန်းက

“ကောင်းပါပြီ။ တော်လောက်ပြီ”

ကျန်းဝူကမ္ဘာသည် အဆင့်နိမ့် ကမ္ဘာတစ်ခု သာဖြစ်ပြီး ဖရိုဖရဲ ကြယ်ပင်လယ်တွင် တည်ရှိနေသောကြောင့် ကံစွမ်းအား အများစု စုပ်ယူခံလိုက်ရပါက ကပ်ဘေးသင့်ကာ ပျက်စီးသွားနိုင်သည်။

လုချန်း၏ စကားကို ကြားသောအခါ

ကျန်းဝူကမ္ဘာ၏ ကောင်းကင်ဘုံ လမ်းစဉ်က ကံစွမ်းအားများ ပေးပို့နေမှုကို ချက်ချင်း ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် ကျန်းဝူကမ္ဘာ၏ ကံစွမ်းအား အားလုံးကို မိမိ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် လုချန်း ပြောင်းလဲလိုက်သည်။ နောက်တစ်ခဏ၌ မည်သည့် ဇနီးကို ရင်သွေးကမ္ဘာ ပေးလျှင်ကောင်းမလဲဟု သူ စတင် စဉ်းစားလိုက်သည်။

တွေးတောပြီးနောက် ဤအခွင့်အရေးကို စုဟန်ယန်အား ပေးရန် လုချန်း ဆုံးဖြတ်လိုက်သည်။ အခြား ဇနီးသည်များနှင့် ယှဉ်လျှင် စုဟန်ယန်နှင့် တွေ့ဆုံမှုက နောက်ကျခဲ့သော်လည်း ယခု အရေးအကြီးဆုံးမှာ ထျန်းချန်ကမ္ဘာ၏ အင်အားကို မြှင့်တင်ရန် ဖြစ်သည်။

စုဟန်ယန်သည် ဥပဒေနိယာမ အလုံးစုံ နယ်ပယ် နံပါတ်ကိုးအလွှာသို့ ရောက်ရှိနေပြီဖြစ်ရာ နတ်ဘဝပြောင်းလဲခြင်း အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူမသာ နတ်ဘဝ ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိသွားပါက ရှန်ဟွေ သံချပ်ကာ၏ အကူအညီဖြင့် ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်လာမည် ဖြစ်သည်။ ထိုအခါ ထျန်းချန်ကမ္ဘာတွင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ နောက်တစ်ဦး တိုးလာသကဲ့သို့ ဖြစ်ပေမည်။

ထိုသို့ တွေးမိသည်နှင့် လုချန်း တုံ့ဆိုင်းမနေ‌ တော့ပဲ ထျန်းချန်ကမ္ဘာသို့ ပြန်ရန် နတ်လှေကို တိုက်ရိုက် မောင်းနှင်လိုက်သည်။

ထျန်းချန်ကမ္ဘာသို့ ပြန်ရောက်သည်နှင့် မြူခိုးမှော်ဂိုဏ်းသို့ လုချန်း တန်းသွားလိုက်သည်။

ထိုအချိန်၌ စုဟန်ယန်၏ အခန်းထဲတွင် အမွှေးနံ့သာ ငွေ့များ ပျံ့လွင့်နေပြီး မွှေးကြိုင်သော ရနံ့များဖြင့် ပြည့်နှက်နေသည်။

စုဟန်ယန်သည် ခရမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူမသည် သူမ၏ မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။

လေပြေတစ်ချက် တိုက်ခတ်လာပြီး အခန်းထဲရှိ ခေါင်းလောင်းငယ်များ မြည်သွားသည်။

စုဟန်ယန်လည်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်သလို ရှိသဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ ကုတင်ပေါ်တွင် ထိုင်လျက် သူမကို စိုက်ကြည့်နေသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။

စုဟန်ယန် နှုတ်ခမ်းဆူလိုက်သည်။ မည်သည့် အငွေ့အသက်ကိုမှ သူမ သတိမထားမိခြင်းမှာ မဆန်းပေ။

ဤတဏှာသမား ရောက်လာတာကိုး။

စုဟန်ယန်လည်း ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး ကုတင်ပေါ်တွင် လှဲချကာ ခပ်အေးအေး ပြောလိုက်သည်။

“လာလေ”

ထိုစကားကို ကြားသောအခါ လုချန်း ရယ်မောလိုက်သည်။

“ဘာသဘောနဲ့ ဒီလိုပြောတာလဲ။ ပျော်ပါးချင်တဲ့အချိန်မှ မင်းဆီ ရောက်လာတဲ့ လူတစ်ယောက်လို့ ကိုယ့်ကို တကယ် မြင်နေတာလား။”

စုဟန်ယန်က ခံစားချက်မပါသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

“ရှင် ဘယ်လိုလူစားလဲ ဆိုတာ ရှင်ကိုယ်တိုင် အသိဆုံး မဟုတ်ဘူးလား။”

စုဟန်ယန်က ဆက်လက်၍

“မြန်မြန်လုပ်ပါ။ ကျွန်မ စောစော အပြီးသတ်ပြီး ကျင့်စဉ် ပြန်ကျင့်ချင်တယ်။ မကြာခင် အဆင့်တက်တော့မယ်လို့ ကျွန်မ ခံစားနေရတယ်။”

လုချန်း ရောက်လာလျှင် အနိုင်ကျင့်ခံရမည်ကို စုဟန်ယန် သိထားပြီးဖြစ်သဖြင့် သူမ၌ ငြင်းဆန်ရန် စိတ်ကူးမရှိပေ။

လိုရင်းကို တန်းသွားပြီး စောစော အပြီးသတ်ကာ ကျင့်စဉ် ပြန်ကျင့်သည်က ပို ကောင်းပေသည်။

အလွန်ဆုံးကြာမှ တစ်လပေါ့။

စုဟန်ယန်၏ တက်ကြွမှုကို မြင်လိုက်ရသောအခါ လုချန်းလည်း စကား အပိုတွေ ပြောမနေတော့ပဲ စုဟန်ယန်၏ ခရမ်းရောင် ဝတ်စုံကို ဆွဲကိုင်ကာ အားဖြင့် ဆွဲဖြဲလိုက်သည်။

လုချန်း လှုပ်ရှားလိုက်သည်နှင့် စုဟန်ယန်က ပူးပေါင်းဆောင်ရွက်သည့် အနေဖြင့် ကိုယ်ကို မြှောက်ပေးလိုက်သော်လည်း လုချန်းက ဆက်မလုပ်ခဲ့ပေ။ သူက စုဟန်ယန်၏ အေးစက်သော မျက်နှာကို ပွတ်သပ်ပြီး

“မင်း ရင်သွေးကမ္ဘာ ရနိုင်ဖို့ ကိုယ် ကူညီပေးမလို့။”

ထိုစကားကို ကြားသောအခါ စုဟန်ယန် ခဏခန့် ကြောင်သွားပြီး မျက်ခုံးတွန့်ကာ မေးလိုက်သည်။

“တကယ်လား”

လုချန်း၏ ဇနီးများအကြား ရင်သွေးကမ္ဘာ ရရှိသူများသည် ကျင့်စဉ်အဆင့် တိုးတက်မှု အလွန်မြန်ဆန်ကြောင်း သူမ ကြားသိထားသည်။ အထူးသဖြင့် ထျန်းချန်ကမ္ဘာ ဒေသခံဖြစ်သော မုကျိရွှမ်းပင် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်နှင့် နီးကပ်နေပြီ ဖြစ်သည်။

သူမ ရင်သွေးကမ္ဘာ ရရှိရန် လုချန်း ကူညီပေးမည်ဆိုပါက နတ်ဘဝပြောင်းလဲခြင်း အဆင့်သို့ တက်လှမ်းရန်က အလွန် လွယ်ကူသွားမည် မဟုတ်ပါလား။

All Chapters