← Chapters

အစာရှောင်ထားလား

Vol. 78 Ch. 1159

အစာရှောင်ထားလား

Vol. 78 Ch. 1159

လုချန်း၏ စကားကို ကြားလိုက်သည်နှင့် လုချန်း မလှုပ်ရှားရသေးခင်မှာပင် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို စုဟန်ယန် ချက်ချင်း စတင်လည်ပတ်စေလိုက်သည်။

လုချန်း ဆွံ့အသွားမိသည်။ ဤအမျိုးသမီးသည် အကျိုးအမြတ်ရမည့်အရာ ရှိလျှင် သူ့ထက်ပင် ပို၍ တက်ကြွနေတတ်သည်။

တက်ကြွမှုရှိခြင်းက ကောင်းသော်လည်း ကိုယ်တိုင် ဦးဆောင်ရသည်ကို လုချန်း ပိုနှစ်သက်သည်။

ထို့နောက် မငြိမ်မသက် လှုပ်ရှားနေသော စုဟန်ယန်ကို လုချန်း ဖိချုပ်လိုက်ပြီး ပြင်းပြင်းထန်ထန် စတင် ကိုင်တွယ်လိုက်သည်။

မကြာမီမှာပင် စုဟန်ယန် အားအင်ကုန်ခမ်းသွားပြီး လုချန်း သဘောရှိ ပြုမူသမျှကိုသာ ငြိမ်ခံနေရတော့သည်။

အခန်းထဲရှိ ခေါင်းလောင်းငယ်များ လေတိုက်၍ မြည်နေသော်လည်း ထိုအသံများသည် လူသံများအောက်တွင် လုံးဝ နစ်မြုပ်ပျောက်ကွယ်သွားသည်။

လုချန်းနှင့် အချိန်ကြာမြင့်စွာ အတူနေဖူးသော မည်သည့်အမျိုးသမီးမဆို အသံကို တမင်တကာ ထိန်းချုပ်မထားပဲ အရှိအတိုင်း လွှတ်ထားကြစမြဲ ဖြစ်သည်။

ရှက်ရွံ့ခြင်းနှင့် ပတ်သက်၍ တွေးတောနိုင်သည့် အသိစိတ်ပင် သူတို့၌ မရှိကြတော့ပေ။

အချိန် မည်မျှကြာသွားသည်မသိ စုဟန်ယန်၏ ခန္ဓာကိုယ်ထဲသို့ ကံစွမ်းအားများ လုချန်း ထည့်သွင်းပေးလိုက်ပြီးနောက် စနစ်၏ အသံ ထွက်ပေါ်လာသည်။

“ဂုဏ်ယူပါတယ်။ စုဟန်ယန်ကို ရင်သွေးကမ္ဘာ မွေးဖွားနိုင်အောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် စကြာဝဠာ ကြယ်မြေပုံတစ်ခု ဆုချီးမြှင့်လိုက်ပါတယ်။”

စနစ်၏ အသိပေးစကားကို ကြားလိုက်ရသဖြင့် ဆက်လက် ကြိုးစားရန် ပြင်နေသော လုချန်း ခဏခန့် ရပ်တန့်သွားသည်။

စကြာဝဠာ ကြယ်မြေပုံ ဟုတ်လား။

ဤကဲ့သို့သော ဆုလာဘ်မျိုး သူ ပထမဆုံးအကြိမ် ရရှိဖူးခြင်း ဖြစ်သည်။

ထို့နောက် ပန်းရောင်သန်းနေသော စုဟန်ယန်၏ ဖြူဖွေးသည့် ခန္ဓာကိုယ်ကို လုချန်း ပွေ့ဖက်လိုက်ပြီး တစ်ဖက်သို့ အနည်းငယ် လှည့်ကာ သူမကို ရင်ခွင်ပေါ်၌ အနားယူစေလိုက်သည်။

ထိုအချိန်တွင် စုဟန်ယန် အသိစိတ် ပြန်ဝင်လာသည်။ သူမ၏ လှပသော မျက်ဝန်းများသည် ဆောင်းဦးရေကန်ကဲ့သို့ တောက်ပနေပြီး ခန္ဓာကိုယ်ကို အနည်းငယ် ကြွကာ လုချန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

ယခင်ကဆိုလျှင် လုချန်းသည် ဆယ်ရက်၊ လဝက်၊ သို့မဟုတ် တစ်လခန့် ကြာသည်အထိ ပြီးဆုံးလေ့ မရှိပေ။ ဒီနေ့ကျမှ ဘာလို့ ဒီလောက်မြန်မြန် ပြီးသွားရတာလဲ...

သူ့ခန္ဓာကိုယ်မှာ တစ်ခုခု ချို့ယွင်းနေတာများလား။

စုဟန်ယန် ထိုသို့ တွေးနေစဉ်မှာပင် လုချန်းတစ်ယောက် စိတ်လှုပ်ရှားနေသည့် အခြေအနေ၌ ရှိနေသေးကြောင်း သူမ သတိထားမိလိုက်သည်။ ရင်းနှီးစွာ ထိတွေ့နေရသဖြင့် သူ့အခြေအနေကို သူမ ရှင်းလင်းစွာ ခံစားသိရှိနေသည်။

ထိုအချိန်တွင် လုချန်းက လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လက်တစ်ဖက်ဖြင့် သူမ၏ ကျောပြင်ကို ပွတ်သပ်ပေးနေကာ အခြားလက်တစ်ဖက်ကတော့ လေထဲတွင် ဝဲပျံနေပြီး တစ်စုံတစ်ခုကို ပြုလုပ်နေပုံရသည်။

စကြာဝဠာ ကြယ်မြေပုံကို လုချန်း ဖွင့်လိုက်သောအခါ ရှင်းလင်းချက်စာသားများ သူ့ရှေ့တွင် ပေါ်လာသည်။

[စကြာဝဠာ ကြယ်မြေပုံ : ဤစကြာဝဠာ၏ ပြီးပြည့်စုံသော ကြယ်မြေပုံ ဖြစ်သည်။ ဤမြေပုံရှိပါက သင်သည် ဤစကြာဝဠာထဲတွင် ဘယ်တော့မှ လမ်းပျောက်တော့မည် မဟုတ်ပါ]

စကြာဝဠာ ကြယ်မြေပုံ၏ မိတ်ဆက်ကို မြင်လိုက်ရသောအခါ ၎င်းသည် ရတနာတစ်ခု မဟုတ်သော်လည်း အနာဂတ် နယ်မြေချဲ့ထွင်မှုအတွက် အမှန်တကယ် အသုံးဝင်ပြီး အကျိုးသက်ရောက်မှု မသေးငယ်ကြောင်း လုချန်း တွေးလိုက်သည်။

စကြာဝဠာ ကြယ်မြေပုံထဲရှိ ဖရိုဖရဲ ကြယ်ပင်လယ်၏ တည်နေရာကို သူ ကြည့်လိုက်ရာ ဖရိုဖရဲ ကြယ်ပင်လယ်သည် စကြာဝဠာ အစွန်အဖျားရှိ ပြိုလဲပျက်စီးနေသော နယ်မြေတစ်ခု၌ တည်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

ဒီနေရာရှိ အာကာသနယ်မြေ တည်ငြိမ်မှု မရှိခြင်းမှာ မဆန်းပေ။ ၎င်းသည် စကြာဝဠာ၏ အစွန်အဖျား တွင်ရှိနေသည်။ ရှနိုင်ငံတော်အတွက် ပိုမိုတည်ငြိမ်သော ကြယ်နယ်မြေတစ်ခု ရှာဖွေရန် ပြင်ပသို့ အမြန်ဆုံး နယ်မြေချဲ့ထွင်ရန် လိုအပ်ပုံရသည်။

လုချန်း ငေးငိုင်နေသည်ကို သတိပြုမိသော စုဟန်ယန်က နားမလည်နိုင်စွာ မေးလိုက်သည်။

“ရှင် တခြားမိန်းမတစ်ယောက်ရဲ့ ကုတင်ပေါ်ကနေ ထလာတာတော့ မဟုတ်ပါဘူးနော်။”

လုချန်း၏ အင်အားနှင့်ဆိုလျှင် ဤမျှတိုတောင်းသော အချိန်အတွင်း အဆုံးသတ်ခြင်းက ဖြစ်လေ့ဖြစ်ထ မရှိပေ။ သူ့ခန္ဓာကိုယ်တွင်လည်း ချို့ယွင်းချက် တစ်စုံတစ်ရာ မရှိသဖြင့် အခြားဇနီး တစ်ဦးဦးနှင့် ဆယ်ရက် သို့မဟုတ် လဝက်ခန့် အတူနေခဲ့ပြီးနောက် ယခု စိတ်ဝင်စားမှု လျော့နည်းနေခြင်း ဖြစ်မည်ဟုသာ စုဟန်ယန် ယူဆလိုက်သည်။

စုဟန်ယန်၏ အသံကို ကြားလိုက်ရသောအခါ လုချန်း သတိပြန်ဝင်လာပြီး ပြုံးလျက်

“မင်းရဲ့ခန္ဓာကိုယ်ကို စမ်းစစ်ကြည့်ပါဦး။”

စုဟန်ယန်က လုချန်းကို သံသယဖြင့် ကြည့်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် စိတ်အာရုံကို အသုံးပြုလိုက်သည်။ စစ်ဆေးလိုက်သည့် ခဏ၌ပင် သူမ အံ့အားသင့် သွားသည်။

သူမ၏ ခန္ဓာကိုယ်ထဲတွင် ကိုယ်တွင်းကမ္ဘာကဲ့သို့ပင် မှောင်မိုက်နေသော ကမ္ဘာတစ်ခု ရှိနေပုံရသည်။ ထိုကမ္ဘာသည် ဖန်ဆင်းခြင်းများ မပြုမီက စကြာဝဠာကဲ့သို့ ခြောက်သွေ့ကာ လူသူကင်းမဲ့နေသည်။

စိတ်အာရုံကို အမြန် ပြန်ရုတ်သိမ်းလိုက်ပြီး သူမက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဒါက ရင်သွေးကမ္ဘာလား”

လုချန်းက

“ဟုတ်တယ်။ ရင်သွေးကမ္ဘာက အစောပိုင်း အဆင့်မှာပဲ ရှိသေးတယ်။ အပြည့်အဝ ဖွံ့ဖြိုးဖို့ တစ်နှစ် နှစ်နှစ်လောက် ကြာလိမ့်မယ်။”

လုချန်း၏ စကားကို ကြားသောအခါ စုဟန်ယန်၏ စိတ်နှလုံးထဲ စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။ ရင်သွေးကမ္ဘာ ဖန်တီးခြင်းသည် သူမ၏ ကျင့်စဉ်တိုးတက်ရန်အတွက် များစွာ အထောက်အကူ ဖြစ်စေမည် မဟုတ်ပါလား။

သူ ဆက်မလုပ်တော့တာ မဆန်းတော့ပေ။ သူမကို ကိုယ်ဝန်ရအောင် လုပ်ပေးပြီးသွားလို့ ရပ်တန့်လိုက်ခြင်းဟု စုဟန်ယန် တွေးလိုက်သည်။

သို့သော် ရင်သွေးကမ္ဘာကို ထည့်သွင်းပြီးသွားပြီ ဆိုလျှင်တောင် သူတို့ ဆက်လုပ်ဖို့ အနှောင့်အယှက် မဖြစ်သင့်ဘူး မဟုတ်လား။

ပြောရရင် ရင်သွေးကမ္ဘာဆိုတာက ကလေးမဟုတ်ပေ။ သူတို့ရဲ့ စုံတွဲကျင့်စဉ်အပေါ် သက်ရောက်မှု မရှိနိုင်ပေ။

ထိုသို့ တွေးလိုက်ပြီးနောက် စုဟန်ယန် သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ကြွလိုက်ပြီး ပြန်ဖိချလိုက်သည်။

ပုံမှန်အားဖြင့် သူမသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လေ့ရှိပြီး စုံတွဲကျင့်စဉ်အပေါ် သိပ်စိတ်ဝင်စားမှု မရှိသော်လည်း ဤကိစ္စ စတင်မိပြီးနောက်တွင်တော့ သူမကိုယ်သူမ အလိုလိုက်သင့်သည်ဟု ယူဆလိုက်သည်။

ထိုအရာကို မြင်သောအခါ လုချန်း ရယ်မောလိုက်၏။ စုဟန်ယန်၏ မသိမသာ လှုပ်ရှားမှုများကို သူ အရေးမစိုက်တော့ပေ။

ထို့နောက် စကြာဝဠာ ကြယ်မြေပုံကို လုချန်း က တိုက်ရိုက် ထုတ်ယူလိုက်ရာ နောက်တစ်ခဏ၌ တစ်ခန်းလုံး ကြယ်များကြားတွင် ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်။

စုဟန်ယန်လည်း ကြောင်အသွားပြီး လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ အဆုံးမရှိသော ကြယ်ကောင်းကင်ကြီးကို ကြည့်ကာ သူမက မျက်ခုံးတွန့် ၍ ဇဝေဇဝါဖြင့် မေးလိုက်သည်။

“မင်းကြီးမှာ ဒီလိုစိတ်မျိုး ရှိနေလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။”

အသစ်အဆန်းများကို စမ်းသပ်လိုသည့် လုချန်း၏ အကျင့်ဟောင်း ပေါ်လာပြန်ပြီဟု စုဟန်ယန် ထင်မှတ်လိုက်သည်။ ကြယ်ကောင်းကင် အလယ်၌ ထိုကိစ္စမျိုး လုပ်ဆောင်ရန် ကြံစည်နေခြင်း ဖြစ်ရမည်။

စုဟန်ယန်က

“ဟင်း... မင်းကြီး တကယ် အလိုရှိတယ်ဆိုရင်လည်း ဘာလို့... လေဟာနယ်ထဲ တိုက်ရိုက် မသွားတာလဲ။ ဘာလို့များ ပုံရိပ်ယောင် နည်းလမ်းတွေကို သုံးနေရတာလဲ။”

လုချန်းက အသံထွက် ရယ်မောလိုက်ပြီး “မင်းရဲ့ခေါင်းထဲမှာ ဘာတွေ တွေးနေတာလဲ။ ဒါ ဘာလဲဆိုတာ သေချာ ကြည့်စမ်းပါ။”

ထိုစကားကို ကြားသောအခါ စုဟန်ယန်လည်း ပတ်ဝန်းကျင်ကို သေချာ ကြည့်ရှုလိုက်ပြီး နောက်တစ်ခဏ၌ သူမ သဘောပေါက်သွားသည်။

“ဒါက...”

“ကြယ်မြေပုံလား”

ထို့နောက် မလှမ်းမကမ်းရှိ အနီရောင် အလင်းတန်း ထုတ်လွှတ်နေသော ကမ္ဘာတစ်ခုပေါ်သို့ စုဟန်ယန်၏ အကြည့်များ ရောက်ရှိသွားသည်။

ထိုကမ္ဘာကို စုဟန်ယန် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။

၎င်းသည် နေ့ညမပြတ် သူမ လွမ်းဆွတ်တောင့်တခဲ့ရသော ဇာတိမြေ ဖြစ်သည်။

အာကာသ လေပွေလှိုင်းတစ်ခုက သူတို့ကို ထျန်းချန်ကမ္ဘာသို့ ခေါ်ဆောင်လာကတည်းက ပိရှကမ္ဘာသို့ ပြန်သွားရန် အမြဲ ဆန္ဒရှိခဲ့ကြသော်လည်း ကံဆိုးစွာပင် သူတို့၌ အင်အားနှင့် ကြယ်မြေပုံ မရှိခဲ့ပေ။ သူမ၏ အင်အားသည် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်သို့ ရောက်ရှိပြီး နတ်လှေကို ရရှိခဲ့လျှင်တောင်မှ ပိရှကမ္ဘာသို့ ပြန်သွားရန် ခက်ခဲနေဆဲ ဖြစ်သည်။

သို့သော် လုချန်း ထုတ်လိုက်သော ကြယ်မြေပုံထဲတွင် ပိရှကမ္ဘာ၏ တည်နေရာ ပါရှိနေသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းလျက် အခန်းထဲရှိ ကမ္ဘာတစ်ခုကို စိုက်ကြည့်နေသော စုဟန်ယန်ကို မြင်လိုက်ရသဖြင့် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။

စုဟန်ယန် ညည်းညူလိုက်ပြီး သတိပြန်ဝင်လာကာ လုချန်း၏ စနောက်လိုသော မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။

စုဟန်ယန်က

“မင်းကြီး... ဒီကြယ်မြေပုံက အစစ် ဟုတ်တယ်မလား။”

လုချန်းက ပြန်မေးလိုက်သည်။

“မင်းက ဒီကြယ်မြေပုံကို အစစ် ဖြစ်စေချင်တာလား အတု ဖြစ်စေချင်တာလား။”

စုဟန်ယန်က လုချန်းကို နက်ရှိုင်းသော ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မင်းကြီး ဒီနေ့ ကျွန်မအတွက် ဒီလောက်ကြီးမားတဲ့ လက်ဆောင်တစ်ခု ယူလာပေးတာ ကျွန်မက ဘယ်လို ပြန်ပေးဆပ်ရမလဲ။”

စုဟန်ယန်၏ အမြင်တွင် လုချန်းသည် သူမကို ဇာတိမြေသို့ ပြန်စေချင်သဖြင့် ပိရှကမ္ဘာသို့ သွားနိုင်သည့် ကြယ်မြေပုံကို တမင်တကာ ရှာဖွေပေးခဲ့ခြင်းဟု ယူဆသည်။ ၎င်းသည် လုချန်း ပြင်ဆင်ပေးသော အံ့အားသင့်စရာ လက်ဆောင်တစ်ခု ဖြစ်သည်။

ဤလူက သူမအတွက် ကြီးမားသော အံ့အားသင့်စရာ လက်ဆောင်ကို တကယ် ပြင်ဆင်ပေးခဲ့သည်ဟု တွေးမိပြီး စုဟန်ယန်၏ စိတ်နှလုံး လှုပ်ရှားသွားကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မသိမသာ တင်းမာသွားသည်။

လုချန်းလည်း များများစားစား ရှင်းပြမနေတော့ပေ။ ကြယ်မြေပုံသည် သူ အထူးတလည် ပြင်ဆင်ထားခြင်း မဟုတ်သော်လည်း ၎င်းပေါ်ရှိ တည်နေရာ အမှတ်အသားများသည် စုဟန်ယန် ပိရှကမ္ဘာသို့ ပြန်နိုင်ရန် တကယ် ကူညီပေးနိုင်သည်။

စုဟန်ယန် ပျော်ရွှင်စေရန်အတွက်လည်း ကြယ်မြေပုံကို သူ ထုတ်ပြခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက ကောက်ကျစ်သော အပြုံးဖြင့် မေးလိုက်သည်။

“မင်း မကြာသေးခင်က အစာရှောင်ထားလား”

စုဟန်ယန်ကဲ့သို့သော အဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးအတွက် နှစ်ပေါင်း အမြောက်အမြား အစာမစားပဲ နေခြင်းက ပုံမှန်ဖြစ်သည်။ အစာမစားသည့်အပြင် ကျင့်ကြံသူများသည် ခန္ဓာကိုယ်မှ အညစ်အကြေးများကို စွန့်ထုတ်ရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်သောကြောင့် စုဟန်ယန်၏ ခန္ဓာကိုယ်သည် အလွန် သန့်ရှင်းသည်ဟု ဆိုနိုင်သည်။

All Chapters