ထျန်းဟုန် ဧကရီ
Vol. 78 Ch. 1162
နန်းကုန်းချင်ရနှင့် နန်းကုန်းယွဲ့ဟွာတို့သည် ညီအစ်မများ ဖြစ်ကြသော်လည်း ကျိယန်ကမ္ဘာ၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်ကြသည့်အားလျော်စွာ ပြိုင်ဘက် ဆက်ဆံရေး တစ်ခု ရှိကြသည်။
သို့သော် သူတို့ ယှဉ်ပြိုင်သည့်အရာများက ကွဲပြားခြားနားသည်။ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူဖြစ်သည့် နန်းကုန်းချင်ရက လုချန်း၏ မျက်နှာသာပေးမှုကို ရယူရန် ကြိုးပမ်းသော်လည်း နန်းကုန်းယွဲ့ဟွာကမူ လုချန်းပေးသော ကျင့်စဉ်အရင်းအမြစ်များနှင့် ရာထူးနေရာကို ရရှိရန် ယှဉ်ပြိုင်သည်။
သူတို့နှစ်ဦးက မတူညီသောအရာများကို ယှဉ်ပြိုင်နေပုံရသော်လည်း အခြေခံသဘောတရားကတော့ အတော်လေး ဆင်တူပေသည်။
နန်းကုန်းယွဲ့ဟွာ၏ အမြင်အရ သူမနှင့် နန်းကုန်းချင်ရတို့ နှစ်ဦးစလုံးသည် ကျိယန်ကမ္ဘာ၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်ကြရာ နန်းကုန်းချင်ရသာ လုချန်း၏ မျက်နှာသာပေးမှုကို ပိုရသွားပါက သူမကို လုချန်းက သိပ်ဂရုစိုက်တော့မည် မဟုတ်ပေ။
သူမအား ပေးအပ်မည့် ကျင့်စဉ်အရင်းအမြစ်များ သို့မဟုတ် ကောင်းမွန်သော အခွင့်အရေးများ ရှိလာပါက သူမအတွက် ဦးစားပေး စဉ်းစားတော့မည် မဟုတ်ချေ။
လုချန်း ကျိယန်ကမ္ဘာသို့ သွားရောက်သည့် အကြိမ်များစွာတွင် နန်းကုန်းချင်ရနှင့် ကုန်ဆုံးသည့်အချိန်က သူမနှင့် ကုန်ဆုံးသည့် အချိန်ထက် ပိုကြာလေ့ရှိသည်။
ဒါကလည်း နန်းကုန်းယွဲ့ဟွာ၏ အမြင်သက်သက်သာ ဖြစ်သည်။ သူမနှင့် နန်းကုန်းချင်ရတို့တွင် ကိုယ်ပိုင်ထူးခြားချက်များ အသီးသီး ရှိကြပြီး လုချန်းက နှစ်ဦးစလုံးကို တန်းတူဆက်ဆံသည်ကို သူမ မသိပေ။
တစ်ဦးမှာ သိက္ခာရှိပြီး အောင်နိုင်လိုစိတ်ကို နိုးကြားစေသော်လည်း အခြားတစ်ဦးမှာ လူကို တွယ်ကပ်တတ်သည့်အပြင် လုချန်း၏ ကြမ်းတမ်းသော စိတ်ခံစားချက်များကို နှိုးဆွနိုင်စွမ်း ရှိသည်။
ဤအခွင့်အရေးကို စေတနာသက်သက်ဖြင့် နန်းကုန်းချင်ရ လက်လွှတ်လိုက်သည်ဟု နန်းကုန်းယွဲ့ဟွာ မယုံကြည်ပေ။
နန်းကုန်းယွဲ့ဟွာ သတိထားနေသည်ကို မြင်သောအခါ နန်းကုန်းချင်ရက ပေါ့ပါးစွာ ပြောလိုက်သည်။
“မင်းကြီးက သူ့ရဲ့ ဇနီးအားလုံးကို ရင်သွေးကမ္ဘာ မွေးမြူနိုင်အောင် ကူညီပေးမယ်လို့ မပြောထားဘူးလား။ မင်းကြီးက အားလုံးကို တန်းတူဆက်ဆံတာဆိုတော့ စောတာနဲ့ နောက်ကျတာက ငါ့အတွက် သိပ်မထူးခြားပါဘူး။”
“နောက်ပြီး ငါကနတ်ဘဝပြောင်းလဲခြင်းအဆင့်ကို အစ်မထက်စောပြီး ရောက်သွားတာကို အစ်မ အမြဲတမ်း စိတ်ထဲထားနေတာ မဟုတ်ဘူးလား။ ဒီတစ်ခါတော့ ငါ အစ်မနဲ့ မပြိုင်တော့ပါဘူး။”
နန်းကုန်းချင်ရက ညီမကောင်းတစ်ယောက်အသွင် လှပစွာ ပြောဆိုနေသော်လည်း နန်းကုန်းချင်ရတွင် ဤမျှ ကောင်းမွန်သော ရည်ရွယ်ချက်ရှိသည်ဟု နန်းကုန်းယွဲ့ဟွာ မယုံကြည်နိုင်သေးပေ။
သို့သော် နန်းကုန်းချင်ရ၏ ရည်ရွယ်ချက်အမှန်ကို သူမ ခန့်မှန်း၍မရသဖြင့် ဆက်မတွေးတော့ပေ။
နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ ပြောစရာမရှိတော့သည်ကို မြင်သောအခါ လုချန်းက ပြုံးပြီး
“ဒါဆိုရင် ဒီတစ်ခါ အခွင့်အရေးက ယွဲ့ဟွာအတွက်ပေါ့။”
ထိုအချိန်တွင် နန်းကုန်းချင်ရက
“မင်းကြီး... သူ့ကို ရင်သွေးကမ္ဘာ မွေးမြူဖို့ ကူညီပေးတဲ့အချိန် ကျွန်မ ဘေးကနေ ကြည့်နေလို့ ရမလား။ မင်းကြီးက သူ့ကို ဘယ်လိုကူညီပေးမလဲဆိုတာ ကျွန်မ သိချင်လို့ပါ။”
လုချန်းက ပြုံးလျက်
“ဒါပေါ့... ရတာပေါ့”
နန်းကုန်းချင်ရ၏ စကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာလည်း အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်လာသည်။ အခြားသူများကို ရင်သွေးကမ္ဘာ မွေးမြူနိုင်အောင် လုချန်း မည်သို့ ကူညီပေးမည်ကို သူမ သိချင်နေမိသည်။
ရင်သွေးကမ္ဘာဆိုသည်မှာ ကမ္ဘာငယ်တစ်ခုနှင့် တူညီကြောင်း၊ မိမိကိုယ်ပိုင် ကမ္ဘာငယ်ကို ကျင့်ကြံသူများကိုယ်တိုင်သာ ဖန်တီးနိုင်သည်ဟု ဆိုကြကြောင်း လုချန်း ယခင်က ပြောဖူးသည်။ အထူးသဖြင့် သူမ၏ လက်ရှိ ကျင့်စဉ်အဆင့်က ကမ္ဘာငယ်တစ်ခု ဖန်တီးနိုင်သော အဆင့်သို့ မရောက်ရှိသေးချိန်တွင် လုချန်းက မည်သို့ ကူညီပေးနိုင်မည်နည်း။
လုချန်း ဘာဆက်လုပ်မည်ကို နန်းကုန်းယွဲ့ဟွာ တွေးတောနေစဉ် လုချန်းက အလင်းအရိပ်ကို အသုံးပြုပြီး နန်းကုန်းယွဲ့ဟွာ၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
လုချန်း ရုတ်တရက် နီးကပ်လာမှုကြောင့် နန်းကုန်းယွဲ့ဟွာ လန့်သွားသည်။ သူမ ဘာမှမတုံ့ပြန်နိုင်မီ နောက်တစ်ခဏတွင် လုချန်းက သူမ၏ ခန္ဓာကိုယ်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
သူမ စကားတစ်ခွန်းမှ မပြောနိုင်မီ လုချန်းက အလင်းအရိပ်ကို ထပ်မံအသုံးပြုလိုက်ရာ သူတို့နှစ်ဦး ကုတင်ကြီးပေါ်သို့ ရောက်ရှိသွားကြသည်။
နန်းကုန်းယွဲ့ဟွာသည် လုချန်းနှင့် လုံးဝပူးကပ်သွားသည်။
လုချန်းက သူ့အောက်ရှိ သိက္ခာရှိပြီး မြင့်မြတ်သော ဧကရီကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။
လုချန်း၏ မငြိမ်သက်မှုကို ခံစားမိလိုက်သည်နှင့် လုချန်း ဘာလုပ်တော့မည်ကို နန်းကုန်းယွဲ့ဟွာ ချက်ချင်း နားလည်သွားသည်။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် လုချန်းက ကိုင်းလိုကမပြီး သူမ၏ နှုတ်ခမ်းများကို ပိတ်လိုက်သည်။
“အွန်း... အွန်း...”
ဒီလူယုတ်မာ...
လုချန်းက နန်းကုန်းယွဲ့ဟွာကို ပြင်ဆင်ချိန် များများစားစား မပေးပဲ သူမနှင့်အတူ စုံတွဲကျင့်ကြံခြင်း အခြေအနေသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ထိုမြင်ကွင်းကို မြင်သောအခါ နန်းကုန်းချင်ရ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ သူမ ခန့်မှန်းထားသည့်အတိုင်းပင် ဇနီးမယားများကို ရင်သွေးကမ္ဘာ မွေးမြူနိုင်အောင် လုချန်း ကူညီပေးသည့် နည်းလမ်းမှာ ဤကဲ့သို့သော ကိစ္စများ လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ မဟုတ်ပါက သူတို့ကို ဤအခန်းထဲသို့ ခေါ်လာမည် မဟုတ်ပေ။
ဤအခန်းသည် ထိုရည်ရွယ်ချက်အတွက် ဖြစ်ကြောင်း နန်းကုန်းချင်ရ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
ထိုအချိန်တွင် နန်းကုန်းချင်ရသည် ကျောက်တုံးဝိုင်းတစ်တုံးကို ထုတ်ယူလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအား ဖြည့်သွင်းလိုက်သည်။
၎င်းသည် ချန်ရန်ကမ္ဘာကို တိုက်ခိုက်စဉ်က ဂိုဏ်းတစ်ခုအတွင်းမှ သူတို့ ရှာတွေ့ခဲ့သော ပုံရိပ်ဖမ်းကျောက်တုံး ဖြစ်သည်။
ပုံရိပ်ဖမ်းကျောက်တုံးသည် အဖြစ်အပျက်များကို မှတ်တမ်းတင်နိုင်ပြီး စိတ်ဝိညာဉ်စွမ်းအား ဖြည့်သွင်းလိုက်သောအခါ မှတ်တမ်းတင်ထားသော မြင်ကွင်းများကို ပြန်လည်ပြသနိုင်သည်။
ရင်သွေးကမ္ဘာ ပဋိသန္ဓေယူနိုင်ရန် ဇနီးမယားများကို လုချန်း ကူညီပေးသော နည်းလမ်းကို ခန့်မှန်းမိပြီးနောက် လုချန်းနှင့် နန်းကုန်းယွဲ့ဟွာတို့၏ မြင်ကွင်းကို ပုံရိပ်ဖမ်း ကျောက်တုံးဖြင့် မှတ်တမ်းတင်ရန် သူမ စဉ်းစားခဲ့ခြင်းဖြစ်သည်။
နန်းကုန်းယွဲ့ဟွာက သူမအား အရှက်မဲ့သူဟု အမြဲပြောလေ့ရှိသည်။ ဤသက်သေနှင့်ဆိုလျှင် နန်းကုန်းယွဲ့ဟွာ ထိုစကား ထပ်ပြောရဲမလား ဆိုတာကို နန်းကုန်းချင်ရ သိချင်မိသည်။
ခဏအကြာတွင် နန်းကုန်းယွဲ့ဟွာ၏ အသံများ ခန်းမထဲ၌ ပဲ့တင်ထပ်သွားသည်။ လုချန်းက ညှာတာမှု လုံးဝမရှိပဲ နန်းကုန်းယွဲ့ဟွာ၏ ခန္ဓာကိုယ်ထဲသို့ ကံစွမ်းအားများကို ရက်ရက်ရောရော ဖြည့်သွင်းပေးနေသည်။
လုချန်းက ထိုမျှ ကြမ်းတမ်းသည်ကို မြင်သောအခါ နန်းကုန်းချင်ရ စိတ်ထဲ အလွန်ပျော်ရွှင်သွားသည်။
ဟုတ်တယ်... အဲဒီအတိုင်းပဲ။
ဤအချိန်တွင် နန်းကုန်းယွဲ့ဟွာလည်း လုချန်းနှင့် ဆက်ဆံနေရသော တိရစ္ဆာန်တစ်ကောင် ဖြစ်သွားသကဲ့သို့ သူမကိုယ်သူမ ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် အခန်း၏ ထောင့်တစ်နေရာ၌ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် အိပ်ဆောင်အတွင်းရှိ မြင်ကွင်းကို ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကြည့်ရှုနေသည်။
သူမ၏ ပုံရိပ်မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး ထိတွေ့ကိုင်တွယ်၍ မရနိုင်သော ဝိညာဉ်တစ်ခု၏ပုံစံ ဖြစ်နေသည်။
လုချန်း၏ ကြမ်းတမ်းမှုကို မြင်သောအခါ ထျန်းဟုန်ဧကရီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ မိန်းမကိစ္စကို ဤမျှ စွဲလမ်းနေခြင်းက သူ့ကိုဧကရာဇ်အဆင့် ဖြစ်မလာအောင် တားဆီးလိမ့်မည်ဟု သူမ တွေးလိုက်သည်။
ယခု မြင်ရသည့် အခြေအနေအရ သူမ၏ ရုပ်ခန္ဓာကိုယ် ပြန်လည်ရရှိရန် သူ့အပေါ် မှီခိုရန် မဖြစ်နိုင်တော့ပေ။ ပန်းနီ ရထားက သူမကို အဘယ်ကြောင့် ဤနေရာသို့ ခေါ်ဆောင်လာသနည်းဟု သူမ တွေးတောမိသည်။
သူမသည် သေဆုံးသွားပြီး ဖြစ်သော်လည်း ဧကရီ တစ်ပါး ဖြစ်နေဆဲပင်။ ကာမဂုဏ်လိုက်စားသူတစ်ဦးအတွက် နတ်လှေကို အဆက်မပြတ် မောင်းနှင်ပေးနေရသော ဖေးဟုန် နတ်လှေ၏ ဝိညာဉ် ဖြစ်နေရသည့် ဘဝကို သူမ အလွန်မနှစ်မသက် ဖြစ်မိသည်။
ဤအချိန်တွင် သူမ မသေဆုံးမီက ဖြစ်ရပ်များကို ထျန်းဟုန် ဧကရီ ပြန်လည်အမှတ်ရလာသည်။ ပြင်ပနယ်မြေ၌ ကောင်းကင်နတ်ဆိုးတစ်ကောင်နှင့် တိုက်ခိုက်နေစဉ် ဧကရာဇ် အမြောက်အမြား၏ ခြုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရပြီး သူမ သေဆုံးခဲ့ရသည်ကို ဝေဝါးဝါး မှတ်မိလိုက်သည်။
သို့သော် သူမ တကယ်သေဆုံးခဲ့ခြင်း မဟုတ်ပေ။ သူမ၏ ဝိညာဉ်က အိပ်မောကျနေခဲ့သည်။ ဝိညာဉ်ကျန်ရှိနေသမျှ ကာလပတ်လုံး သဘောတရားအရ သူမ အသက်ရှင်နေသေးသည်။
ဧကရီ တစ်ပါးအနေနှင့် ရုပ်ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းခြင်းမှာ လွယ်ကူသင့်သော်လည်း သူမ၏ ဝိညာဉ်သည် ချုပ်နှောင်ခံထားရပုံပေါ်ပြီး ခန္ဓာကိုယ်ကို ပြန်လည်မရယူနိုင် ဖြစ်နေသည်။
ရုပ်ခန္ဓာ သေဆုံးချိန်တွင် သူမ၏ ဝိညာဉ် အစိတ်စိတ်အမွှာမွှာ ကွဲသွားခြင်းကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ခြင်း မပြုလုပ်နိုင်တာ ဖြစ်နိုင်ကြောင်း ဧကရီ ထျန်းဟုန် တွေးမိလိုက်သည်။
သူမ၏ မှတ်ဉာဏ်များစွာလည်း ပျောက်ဆုံးနေ၏။ အခြားဝိညာဉ် အပိုင်းအစများက ယူဆောင်သွားပုံရသည်။
ထိုအချိန်တွင် ပြင်ပ စစ်မြေပြင်၌ ပန်းနီရထားနှင့် တွေ့ဆုံခဲ့သောနေ့ကို ထျန်းဟုန် ဧကရီ သတိရသွားသည်။
သူမ ခန္ဓာကိုယ်ကို ပြန်လည်ရယူရန် ဤစကြဝဠာသို့ ပြန်လာလိုသည့် ရည်ရွယ်ချက် ဖြစ်ပေါ်နေချိန်နှင့် တိုက်ဆိုင်စွာပင် ထူးခြားဆန်းကြယ်သော ပန်းနီရထားကို တွေ့ရှိလိုက်ရပြီး လိုက်ပါလာခဲ့မိသည်ကို အမှတ်ရလိုက်သည်။
သို့သော် ရထားက သူမကို ဖေးဟုန် နတ်လှေပေါ်သို့ မျှားခေါ်လာပုံရပြီးနောက် အင်အားတစ်ခု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရကာ နတ်လှေ၏ ဝိညာဉ် ဖြစ်လာခဲ့ရသည်။
ဖေးဟုန် နတ်လှေ၏ အနာဂတ်ပိုင်ရှင်က သူမ၏ ရုပ်ခန္ဓာကိုယ်နှင့် ဧကရာဇ် ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိအောင် ကူညီပေးနိုင်လိမ့်မည်ဟု ဆိုသော အသံတစ်ခုကိုလည်း သူမ သဲ့သဲ့ကြားခဲ့ရသည်။
ထိုအကြောင်းကို တွေးမိလိုက်ပြီးနောက် ဧကရီ ထျန်းဟုန်၏ အကြည့်က ခန်းမအလယ်၌ လှုပ်ရှားနေသော ပုံရိပ်ပေါ်သို့ တစ်ဖန် ကျရောက်သွားသည်။
ဒီလူက သူမရဲ့ ရုပ်ခန္ဓာကိုယ်ကို ပြန်လည်ရရှိအောင် ကူညီပေးပြီး အထွတ်အထိပ်ကို ပြန်ရောက်အောင် လုပ်ပေးနိုင်မယ်တဲ့လား။
အိပ်မက်သာ မက်နေလိုက်။