နန်းကုန်းယွဲ့ဟွာ ရင်သွေးကမ္ဘာ လွယ်ထားခြင်း
Vol. 78 Ch. 1163
ထျန်းဟုန်ဧကရီသည် နိုးထလာချိန်မှစ၍ လုချန်းကို အနီးကပ် စောင့်ကြည့်နေခဲ့၏။
လုချန်း၏ ကျင့်စဉ်အဆင့် တိုးတက်မှုက အစပိုင်းတွင် မြန်ဆန်လွန်းလှသည်။ သို့သော် စုံတွဲကျင့်စဉ်မှတစ်ဆင့် ရရှိလာသော စွမ်းအားက မတည်ငြိမ်ပေ။ အခြေခံအုတ်မြစ် ခိုင်မာခြင်းလည်း မရှိချေ။ ထို့ကြောင့် ဧကရာဇ်တစ်ပါး ဖြစ်လာရန် ဉာဏ်အလင်းပွင့်နိုင်မည် မဟုတ်ဟု သူမ ယူဆထားသည်။
သူမသည် ဧကရာဇ်တစ်ပါးအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရဖူးသည်။ ဧကရာဇ်အဆင့်အတန်းသို့ ရောက်ရှိသွားသူများကိုလည်း မြင်တွေ့ခဲ့ဖူးသည်။ သို့သော် စုံတွဲကျင့်စဉ်မှတစ်ဆင့် ဧကရာဇ်ဖြစ်လာသူကိုတော့ မည်သည့်အခါကမှ မတွေ့ဖူးချေ။
နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများအတွက်ပင် စုံတွဲကျင့်စဉ်သည် အထောက်အကူပြု ကျင့်စဉ်နည်းလမ်းတစ်ခုသာ ဖြစ်သည်။
ရာဂစိတ်ပြင်းထန်သော ဤလူမိုက်က စုံတွဲကျင့်စဉ်မှတစ်ဆင့် စစ်မှန်သော ဧကရာဇ်တစ်ပါးဖြစ်လာရန် စဉ်းစားနေခြင်းက အရူးတစ်ယောက် အိပ်မက်မက်နေသကဲ့သို့ပင် ဖြစ်သည်။
သို့သော် ထိုသို့ ပြောရမည်ဆိုလျှင်...
လုချန်း၏ လှုပ်ရှားနေသော ပုံရိပ်ကို ထျန်းဟုန်ဧကရာဇ် တိတ်တဆိတ် ကြည့်ရှုနေရင်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မူလအစစွမ်းအား အငွေ့အသက်ကို တွေ့ရှိလိုက်သည်။ ဤလူက ဧကရာဇ်တစ်ပါး မဟုတ်ပေ။ သို့ပါလျက် ဘယ်လိုလုပ်ပြီး မူလအစစွမ်းအားကို ပိုင်ဆိုင်ထားရသနည်း။
ဤအရာသည် ထျန်းဟုန်ဧကရာဇ်အတွက် အလွန် နားမလည်နိုင်စရာ ဖြစ်နေသည်။
သာမန်အခြေအနေများတွင် မူလအစစွမ်းအားကို လူတိုင်း ထိတွေ့နိုင်ခြင်းမရှိပေ။ ဧကရာဇ်အဆင့်သို့ ရောက်ရှိမှသာ ထိတွေ့နိုင်မည် ဖြစ်သည်။
ဤလူက လက်ရှိတွင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့်၌သာ ရှိသေးသည်။ သို့သော် သူသည် မူလအစစွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်၏။ သူသည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားပုံရသည်။
သူသည် ဧကရာဇ်တစ်ပါး ဝင်စားလာသူ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် အလုပ်ရှုပ်နေသော လုချန်းလည်း ခန်းမကြီး၏ ထောင့်တစ်နေရာရှိ ပုံရိပ်တစ်ခုကို ရုတ်တရက် သတိထားမိလိုက်သည်။
မှိန်ဖျော့ဖျော့ မြင်နေရသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကို မြင်လိုက်ရသောအခါ လုချန်း အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ဖေးဟုန်နတ်လှေ၏ ဝိညာဉ်က ယနေ့တွင် ဤအခန်းထဲ၌ အဘယ်ကြောင့် ရှိနေရသနည်း။
နတ်လှေဝိညာဉ်သည် နတ်လှေပေါ်ရှိ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်သည်။ သို့သော် ယခင်က ဖေးဟုန်နတ်လှေ၏ ဝိညာဉ်သည် နည်းဗျူဟာပုံစံ ထိန်းချုပ်ခန်းမှ သူမသဘောဆန္ဒအလျောက် မည်သည့်အခါမှ ထွက်ခွာခြင်း မရှိခဲ့ပေ။
ထို့ပြင် ယနေ့ နတ်လှေဝိညာဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု လုချန်း ခံစားလိုက်ရသည်။ သူမ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိသော်လည်း သူမ၏ အကြည့်များက သူ့ထံတွင် စူးစိုက်နေသည်။ သူမတွင် လူသားတစ်ဦးကဲ့သို့ အတွေးများ ရှိနေသကဲ့သို့ လုချန်း ခံစားလိုက်ရသည်။
စနစ်အချက်အလက်များကို လုချန်း တစ်ဖန်ပြန်လည် ကြည့်ရှုလိုက်သည်။ စနစ်က ဖေးဟုန် နတ်လှေ၏ ဝိညာဉ်သည် ဝိညာဉ်တစ်ခုသာဖြစ်ပြီး အခြားမည်သည့် အချက်အလက်မှ မရှိဟု ဖော်ပြနေဆဲဖြစ်သည်။
ဤဝိညာဉ်သည် လူသားများနှင့် နီးစပ်သော ဉာဏ်ရည်ဉာဏ်သွေးကို ရရှိထားခြင်း ရှိမရှိ လုချန်း မစဉ်းစားပဲ မနေနိုင်တော့။
ကျင့်စဉ် လောကတွင် ဝိညာဉ်တစ်ခုက လူသားဉာဏ်ရည် ပိုင်ဆိုင်သည်ဟူသော ကိစ္စက မကြားဖူးသော ကိစ္စမဟုတ်ပေ။ မြေကမ္ဘာတွင် ရှိစဉ်ကလည်း အလားတူ ဇာတ်လမ်းများကို သူ ဖတ်ဖူးခဲ့သည်။
တကယ်တော့ သူမ၏ ဉာဏ်ရည် ဘယ်လိုရှိလဲ ဆိုတာကို အတည်မပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တစ်ခုဖြစ်သော သူမသည် နတ်လှေပေါ်ရှိ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။
ထိုအတွေးနှင့်အတူ ထျန်းဟုန်ဧကရီကို လုချန်း ထပ်မံ ကြည့်ရှုလိုက်သည်။
ထျန်းဟုန်ဧကရီသည် အလွန် လှပသည်။ အေးစက်၍ မြင့်မြတ်သော အငွေ့အသက်များလည်းရှိသည်။ ထို့ကြောင့် အခြားသူများအတွက် သူမ၏ မျက်လုံးများကို တည့်တည့်ကြည့်ရန် ခက်ခဲသည်။
အကယ်၍ နတ်လှေဝိညာဉ်သာ လူသားဖြစ်ပါက သူမ အမှတ်ကိုးဆယ်ကျော် ရလိမ့်မည်ဟု လုချန်း တွေးတောလိုက်သည်။
ဤအရာကို တွေးတောရင်း လုချန်း၏ စိတ်ထဲ ဂနာမငြိမ်ဖြစ်လာကာ နန်းကုန်းယွဲ့ဟွာနှင့် ကိစ္စကို ပြန်လည် စတင်လိုက်သည်။
ထိုအချိန်တွင် လုချန်းက သူမကို စူးစိုက်ကြည့်နေသည်ကို ထျန်းဟုန်ဧကရီ သတိထားမိလိုက်သည်။ ထိုလူက သူမကို ကြည့်ရင်း ထိုကိစ္စကို လုပ်ဆောင်နေသည်ကို မြင်လိုက်ရသောအခါ စော်ကားခံရသည်ဟု ထျန်းဟုန်ဧကရီ ခံစားလိုက်ရသည်။
ဝိညာဉ်တစ်ခုအနေနှင့် ရှိနေသော သူမအပေါ်တွင်လည်း ထိုလူက ပြင်းပြသော စိတ်ဝင်စားမှု ရှိနေတာလားဟု ထျန်းဟုန်ဧကရီ အလေးအနက် သံသယဝင်လာသည်။
သူမသည် ဝိညာဉ်အစစ်မဟုတ်သော်လည်း လုချန်း၏ ရှေ့တွင် ဝိညာဉ်တစ်ခုအဖြစ် ပေါ်လာခြင်း ဖြစ်သည်။ အကယ်၍ ဤလူက ဝိညာဉ်တစ်ခုအဖြစ် ရှိနေသော သူမအပေါ် အတွေးများ ရှိနေပါက သူသည် တကယ်ပင် ကယ်တင်မရနိုင်သူ ဖြစ်သည်။
လုချန်း၏ လှုပ်ရှားမှုများ မြန်ဆန်လာသည်နှင့်အမျှ ထျန်းဟုန်ဧကရီ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤလူက သူမကို တကယ် စိတ်ဝင်စားနေတာ ဖြစ်နိုင်လား။
သူမ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိသော်လည်း သူမ၏ စိတ်နှလုံးက လုချန်းကို စတင် ငြင်းဆန်လာသည်။ ဧကရာဇ်တစ်ပါးဖြစ်ခဲ့သည့် သူမအား အတိတ်ကာလတုန်းက မည်သူမှ သူမ၏ မျက်နှာကို မကြည့်ရဲခဲ့ကြပေ။ ယခုမူ သူမသည် အရန်ဟင်းတစ်ခွက်ကဲ့သို့ ဆက်ဆံခံရသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုစဉ် လုချန်း၏ မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားသည်ကို မြင်လိုက်ရသောအခါ ထျန်းဟုန်ဧကရီ ဆက်လက် သည်းမခံနိုင်တော့ပေ။
အရုပ်ဆိုးလိုက်တာ။
ထျန်းဟုန်ဧကရီလည်း ခန်းမကြီးထဲမှ ချက်ချင်း ထွက်ခွာသွားပြီး နတ်လှေကို ထိန်းချုပ်ထားသော နည်းဗျူဟာပုံစံ ဆီသို့ ပြန်သွားလိုက်သည်။
လုချန်း သတိပြန်ဝင်လာသောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။ ခန်းမကြီး၏ ထောင့်နေရာကို ပြန်ကြည့်လိုက်သောအခါ နတ်လှေဝိညာဉ် မရှိတော့သည်ကို တွေ့လိုက်ရသည်။
လူသားများနှင့် တူညီသော ဉာဏ်ရည်ကို သူမ တကယ် ရရှိသွားခြင်းလားဟု လုချန်း တွေးတောလိုက်သည်။
ထားလိုက်ပါတော့။
အနာဂတ်မှာ သိရမည်ဖြစ်သည်။ အခု အရေးကြီးဆုံးက နန်းကုန်းယွဲ့ဟွာ ရင်သွေးကမ္ဘာ အမြန်ဆုံး လွယ်ထားရဖို့ဖြစ်သည်။
ထို့နောက် လုချန်း ထိုအကြောင်းကို ဆက်လက် မတွေးတော့ပေ။ သူ၏ အင်အားများကို နန်းကုန်းယွဲ့ဟွာထံ၌သာ အပြည့်အဝ အသုံးပြုလိုက်သည်။
…….
တစ်လခန့် ကြာပြီးနောက်။
နောက်ဆုံးတွင် လုချန်း၏ နားထဲ၌ စနစ်၏ အချက်ပေးသံကို ကြားလိုက်ရသည်။
[ဇနီးဖြစ်သူ နန်းကုန်းယွဲ့ဟွာကို ရင်သွေးကမ္ဘာ လွယ်ထားရအောင် ကူညီပေးနိုင်သည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်အဖြစ် ပြန်လည်ပျက်စီးခြင်း သန့်စင်ဆေးလုံး တစ်လုံး ရရှိပါသည်။]
စနစ်၏ အချက်ပေးသံကို ကြားလိုက်ရသောအခါ လုချန်း ရပ်တန့်လိုက်သည်။ နန်းကုန်းယွဲ့ဟွာလည်း ကုတင်ပေါ်တွင် လုံးဝ ခွေခေါက်လဲကျသွားသည်။
လုချန်းက စနစ်မျက်နှာပြင်ကို ဖွင့်လိုက်ပြီး ပြန်လည်ပျက်စီးခြင်း သန့်စင်ဆေးလုံး၏ အာနိသင်များကို ကြည့်ရှုလိုက်သည်။
[ပြန်လည်ပျက်စီးခြင်း သန့်စင်ဆေးလုံး: နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများကို ပြန်လည်ပျက်စီးခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် ထောက်ပံ့ပေးနိုင်သော သူတော်စင်အဆင့် ဆေးလုံးဖြစ်သည်။]
ထိုအချက်ကို မြင်လိုက်ရသောအခါ လုချန်း ခဏခန့် ကြောင်အသွားသည်။
အာနိသင်တွေက ဒီလောက်တောင် ကောင်းတာလား။
သူသည် နတ်ဘဝ ပြောင်းလဲခြင်းအဆင့်၌ ရပ်တန့်နေသည်မှာ အချိန်အတန်ကြာပြီဖြစ်ပြီး လတ်တလောရက်များအတွင်း သူ၏ ကျင့်စဉ်အဆင့် နည်းနည်းမှ ပြောင်းလဲခြင်း မရှိခဲ့ပေ။
စုံတွဲကျင့်စဉ်နှင့် တစ်ကိုယ်တော် ကျင့်စဉ် နှစ်မျိုးစလုံးသည် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။
ကျင့်စဉ်လောကတွင် ဤအရာသည် သာမန်ကိစ္စတစ်ခု ဖြစ်သည်။ အကယ်၍ ကျင့်ကြံသူတိုင်းသာ လုချန်းကဲ့သို့ ကျင့်စဉ်အဆင့် လွယ်လွယ်ကူကူ တိုးတက်နေမည်ဆိုပါက ကျင့်စဉ်လောကတွင် ဧကရာဇ် အမြောက်အမြားဖြင့် ပြည့်နှက်နေပြီး ဖြစ်လိမ့်မည်။
သူ၏ ကျင့်စဉ်တိုးတက်မှု အရှိန်အဟုန် မြန်ဆန်သည်ဟု ယူဆနိုင်ကြောင်း လုချန်း နားလည်သည်။ သို့သော် လျင်မြန်သော တိုးတက်မှုကို ကြုံတွေ့ဖူးပြီးဖြစ်သဖြင့် ကျင့်စဉ်အဆင့် ပြောင်းလဲမှုမရှိသော နေ့ရက်များကို သူ သည်းမခံနိုင်တော့ပေ။
ဆေးလုံး၏ အာနိသင်က ကောင်းမွန်ခြင်း ရှိမရှိ သို့မဟုတ် ပြန်လည်ပျက်စီးခြင်းအဆင့်သို့ တစ်ကြိမ်တည်းဖြင့် ချိုးဖျက်ဝင်ရောက်နိုင်ခြင်း ရှိမရှိကို မသိနိုင်ကြောင်း လုချန်း တွေးတောလိုက်သည်။
စနစ်၏ မိတ်ဆက်တွင် ထောက်ပံ့ပေးသည်ဟုသာ ဖော်ပြထားပြီး၏။
မည်သို့ပင်ဆိုစေ သူ့အား ပြန်လည်ပျက်စီးခြင်းအဆင့်သို့ ရောက်ရှိအောင် ကူညီပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေ ၎င်းက သူ၏ ကျင့်စဉ်အဆင့်ကို ပိုမြှင့်တင်ပေးမည်ဖြစ်သည်။
ထိုအတွေးနှင့်အတူ လုချန်း တွန့်ဆုတ်မနေပဲ ဆေးလုံးကို ထုတ်ယူလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အမောဖြေနေရသော နန်းကုန်းယွဲ့ဟွာ အနည်းငယ် လန့်သွားသည်။
လုချန်းက ဘာလုပ်နေတာလဲ...
ဆေးသောက်နေတာလား။
လုချန်းက ဘယ်လိုဆေးမျိုး စားနေတာလဲ။
ဖြစ်နိုင်တာက...
လွန်ခဲ့သည့် တစ်လအတွင်း သူမ ကြုံတွေ့ခဲ့ရသည်များကို ပြန်တွေးမိပြီး နန်းကုန်းယွဲ့ဟွာ၏ နီရဲနေသော ပါးပြင်များပင် အနည်းငယ် ဖြူဖျော့သွားသည်။
လုချန်း ဆေးလုံးများ စားသုံးသည်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဆေးမသောက်ပဲနှင့်ပင် လုချန်းက အလွန် ကြမ်းတမ်းနေပြီဖြစ်သည်။ အကယ်၍ ဆေးသောက်လိုက်မည်ဆိုပါက ဒါက...
နန်းကုန်းယွဲ့ဟွာက
“မင်းကြီး.. မင်းကြီး။ အချိန်တန်ပြီ မဟုတ်ဘူးလား”
ဟု အလျင်အမြန် ပြောလိုက်သည်။
လုချန်းက နန်းကုန်းယွဲ့ဟွာ၏ မေးခွန်းကို မဖြေပဲ ပြန်လည်ပျက်စီးခြင်း သန့်စင်ဆေးလုံး၏ စွမ်းအားများ သူ၏ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားသည်ကို တိတ်တဆိတ် ခံစားလိုက်သည်။
နောက်တစ်ခဏတွင် ပြန်လည်ပျက်စီးခြင်း သန့်စင်ဆေးလုံး၏ စွမ်းအားများ သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ လုချန်း၏ စိတ်ဝိညာဉ်စွမ်းအားများ ချက်ချင်း တိုးပွားလာကာ သူ၏ အသိစိတ်ပင်လယ်လည်း လျင်မြန်စွာ ကျယ်ပြန့်လာပြီး အတွင်းအား ချက္ကရသည် ကျယ်ပြောသော သမုဒ္ဒရာကြီးအသွင်သို့ ပြောင်းလဲသွားသလို ဖြစ်သွားသည်။
ပြန်လည်ပျက်စီးခြင်းအဆင့်သည် ကျင့်ကြံသူတစ်ဦးအတွက် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ ဤအချိန်တွင် လ ချန်ရန်ကမ္ဘာ တစ်ခုလုံးကို သူ ထိန်းချုပ်ထားသကဲ့သို့ အလွန်တရာ ကောင်းမွန်သော ခံစားမှုကို လုချန်း ရရှိလိုက်သည်။
လေရန်ကမ္ဘာတွင် ရှိစဉ်က ပြန်လည်ပျက်စီးခြင်းအဆင့် ပထမအလွှာသို့ ရောက်ရှိနေပြီဖြစ်သော လေဟုန်ယွမ်ကို တိုက်ခိုက်ခြင်းမပြုခဲ့မိသည့်အတွက် လုချန်း ကျေးဇူးတင်မိသလို ခံစားလိုက်ရသည်။
ထိုအချိန်က ရှန်ဟွေသံချပ်ကာကို ဝတ်ဆင်ပြီးနောက် ပြန်လည်ပျက်စီးခြင်းအဆင့်ရှိ အင်အားကို ရရှိခဲ့သော်လည်း ပြန်လည်ပျက်စီးခြင်းအဆင့် အစစ်ကို ပိုင်ဆိုင်ထားခြင်းနှင့် အင်အားသက်သက်ကိုသာ ပိုင်ဆိုင်ထားခြင်းအကြား ကြီးမားသော ကွာခြားချက် ရှိနေသေးသည်။
ပြန်လည်ပျက်စီးခြင်းအဆင့်ရှိ ခွန်အားကို ပိုင်ဆိုင်ထားခြင်းခြင့် ထုတ်ဖော်လိုက်သော စွမ်းအားက ပြန်လည်ပျက်စီးခြင်းအဆင့်နှင့် အတော်အတန် ယှဉ်နိုင်သည်ဟုသာ ဆိုလိုခြင်းဖြစ်ပြီး လက်တွေ့တိုက်ပွဲတွင်မူ နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် အင်အားကြီးမားသော ပြန်လည်ပျက်စီးခြင်းအဆင့် ပြိုင်ဘက်ကို ယှဉ်နိုင်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။