← Chapters

ပြန်လည်ပျက်စီးခြင်းအဆင့်

Vol. 78 Ch. 1164

ပြန်လည်ပျက်စီးခြင်းအဆင့်

Vol. 78 Ch. 1164

ဤအချိန်တွင် နန်းကုန်းယွဲ့ဟွာ၏ စိတ်ထဲ အလွန် စိုးရိမ်ပူပန်နေသည်။ သူမ၏ မျက်နှာပေါ်တွင်လည်း ထိတ်လန့်နေသော အရိပ်အယောင်များ ပေါ်ပေါက်နေ၏။

သူမနှင့် လုချန်းသည် ရင်းနှီးသော ဆက်ဆံရေး ရှိနေသောကြောင့် လုချန်း၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားများ ကယောက်ကယက် ဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ သူ၏ ခွန်အားအချို့က ပိုကြောက်မက်ဖွယ် ကောင်းလာသည်ဟု ထင်ရသည်။

ဒါက လုချန်း စားလိုက်တဲ့ ဆေးလုံးရဲ့ အာနိသင်ဆိုတာ သိသာထင်ရှားနေသည်။

လုချန်းက ထိုကိစ္စကို ဆက်လက်လုပ်ဆောင်နေသည်ဟု တွေးလိုက်မိသည်နှင့် နန်းကုန်းယွဲ့ဟွာ တစ်ကိုယ်လုံး ထိန်းချုပ်မရနိုင်အောင် အနည်းငယ် တုန်ယင်လာသည်။

သို့သော် ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု လုချန်း၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထွက်ပေါ်လာပြီးအခန်းထဲရှိ အမျိုးသမီးနှစ်ဦးစလုံး အသက်ရှူရ ခက်ခဲသွားစေသည်။

ဒါက...

သူတို့ ခံစားလိုက်ရသော ကြီးမားလှသည့် ဖိအားအတွက် ရှင်းပြနိုင်သော အကြောင်းပြချက်တစ်ခုသာရှိသည်။ လုချန်းသည် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ ချက်ချင်း နားလည်လိုက်သည်။

သူက ဒီလိုအခြေအနေမျိုးမှာတောင် အဆင့်တက်သွားတာလား...

နန်းကုန်းယွဲ့ဟွာ စိတ်ထဲ ပိုစိုးရိမ်လာသည်။ နတ်ဘဝပြောင်းလဲခြင်းအဆင့် လုချန်းကပင် ကြီးမားလှသော အင်အားကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ယခုအခါ သူက ပြန်လည်ပျက်စီးခြင်းအဆင့်သို့ ရောက်ရှိသွားပြီ။ သူတို့နှစ်ဦးသည် ရင်းနှီးသော အခြေအနေတွင် ဆက်လက် ရှိနေသေးရာ နောက်ဆက်တွဲ ဘာဖြစ်လာမည်နည်း...

ဤအရာကို တွေးလိုက်မိသောအခါ နန်းကုန်းယွဲ့ဟွာက ခန်းမကြီးထဲရှိ နန်းကုန်းချင်ရကို ချက်ချင်း ကြည့်လိုက်သည်။

မဖြစ်ပါ။

ဒီအတိုင်း ဆက်သွားလို့ မဖြစ်ပေ။

မီးတောက်ကို နန်းကုန်းချင်ရဆီ လွှဲပေးမှ ဖြစ်မယ်။

နန်းကုန်းချင်ရအပေါ် လုချန်း လှုပ်ရှားလာအောင် ဘယ်လို လုပ်ရမလဲဟု နန်းကုန်းယွဲ့ဟွာ စဉ်းစားနေစဉ် လုချန်းက သူ့ပတ်ဝန်းကျင်ရှိ ကြီးမားသော ဖိအားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကယောက်ကယက်ဖြစ်နေသော စိတ်ဝိညာဉ်စွမ်းအားကိုလည်း တဖြည်းဖြည်း ငြိမ်သက်စေလိုက်သည်။

ထိုအချိန်တွင် လုချန်းက ခေါင်းကို အနည်းငယ် ငုံ့၍ နန်းကုန်းယွဲ့ဟွာကို ကြည့်လိုက်သည်။ သူမ၏ မူလရှိရင်းစွဲ ဂုဏ်သရေရှိပြီး မြင့်မြတ်သော အမူအရာများ ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုအစား ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုရှိသော အလှတရားများ အစားထိုး ဝင်ရောက်လာသည်။ သူမ၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး ဆံထိုးများလည်း ကြဲပြန့်နေကာ သူမ၏ ပါးပြင်များမှာလည်း နီရဲနေသည်။

လုချန်းက သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ နန်းကုန်းယွဲ့ဟွာက

“မင်းကြီး...”

နန်းကုန်းယွဲ့ဟွာ စကားမဆုံးခင် လုချန်းက

“မင်း ရင်သွေးကမ္ဘာ လွယ်ထားရပြီဆိုတော့ ရင်သွေးကမ္ဘာ ဖွံ့ဖြိုးလာဖို့ တစ်နှစ်ကနေ နှစ်နှစ်လောက် အချိန်ယူရလိမ့်မယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ နန်းကုန်းယွဲ့ဟွာလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမ ရင်သွေးကမ္ဘာ လွယ်ထားရပြီဖြစ်သောကြောင့် ဆက်လက်လုပ်ဆောင်ရန် မလိုအပ်တော့ဘူးဟု ဆိုလိုခြင်းလား။

ထိုအတွေးနှင့်အတူ နန်းကုန်းယွဲ့ဟွာ သူမ၏ မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် စိတ်အာရုံကို အသုံးပြုလိုက်သည်။ မကြာမီတွင် သူမ၏ ခန္ဓာကိုယ်အတွင်း မှောင်မိုက်ပြီး ခြောက်သွေ့သော ကမ္ဘာတစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

ခဏအကြာတွင် ရင်သွေးကမ္ဘာမှ သူမ၏ စိတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး တစ်စုံတစ်ရာ ပြောမည့်ဆဲဆဲတွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မှောင်မိုက်သော ကမ္ဘာမှ ထူးဆန်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် သူမ၏ ကျင့်စဉ်အဆင့် လျင်မြန်စွာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။

နန်းကုန်းယွဲ့ဟွာ တစ်ဖန် ကြောင်အသွားပြန်သည်။

ဒါက...

သူမ၏ မျက်လုံးများကို အလျင်အမြန် ပြန်မှိတ်လိုက်ပြီး အဆင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအား မငြိမ်သက်မှုကို ငြိမ်သက်သွားစေရန် ကြိုးစားလိုက်သည်။

နန်းကုန်းယွဲ့ဟွာ၏ အငွေ့အသက်များ မြင့်တက်လာသည်ကို ခံစားလိုက်ရသောအခါ နန်းကုန်းချင်ရ၏ မျက်နှာတွင် ဇဝေဇဝါဖြစ်သွားသော အမူအရာများ ပေါ်လာသည်။ ဒါတွေက ရင်သွေးကမ္ဘာ ယူဆောင်လာပေးတဲ့ အကျိုးကျေးဇူးလားဟုလည်း တွေးတောနေမိသည်။

ထိုအရာက တိုတောင်းသော အချိန်ကာလအတွင်း အဆင့်ငယ်အချို့ကို ကျော်ဖြတ်နိုင်စေခဲ့သည်။

ဤအချိန်တွင် နန်းကုန်းချင်ရ မနာလိုဝန်တိုဖြစ်ခြင်း မရှိပေ။ သူမသည် ဤအခွင့်အရေးကို မိမိသဘောဆန္ဒအလျောက် စွန့်လွှတ်ခဲ့ခြင်းဖြစ်ပြီး မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူမ၏အလှည့် ရောက်လာမည်ဖြစ်သည်။ သူမ လုံးဝ အလျင်လိုခြင်း မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ဤလအတွင်း အရိပ်ဖမ်းကျောက်တုံးဖြင့် ကောင်းမွန်သော မြင်ကွင်းအတော်များများကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

မကြာမီတွင် နန်းကုန်းယွဲ့ဟွာသည် သူမ၏အတွင်း၌ မငြိမ်မသက်ဖြစ်နေသော စိတ်ဝိညာဉ်စွမ်းအားကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သော်လည်း လုချန်းထံမှ ပူလောင်သော အပူရှိန်ကို ခံစားလိုက်ရသောအခါ သူမ၏ စိတ်ဝိညာဉ်စွမ်းအားများ တစ်ဖန် ကယောက်ကယက် ဖြစ်လာပြန်သည်။

မျက်လုံးများ ဖွင့်လိုက်ပြီးနောက် နန်းကုန်းယွဲ့ဟွာက လုချန်းကို တည့်တည့်ကြည့်ပြီး

“ကျေးဇူး... ကျေးဇူးတင်ပါတယ် မင်းကြီး...”

လုချန်းက ပြုံးလျက်

“မင်းက ကိုယ့်ရဲ့ မိဖုရားပဲ။ ကျေးဇူးတင်စရာ မလိုပါဘူး”

နန်းကုန်းယွဲ့ဟွာက

“မင်းကြီး။ ကျွန်မ အခုမှ အဆင့်တက်ထားတာဆိုတော့ ကျင့်စဉ်အဆင့် တည်ငြိမ်အောင် လုပ်ချင်ပါတယ်။ ချင်ရကို ကျွန်မအစား ခဏလောက် အစားထိုးခိုင်းရင် မကောင်းဘူးလား။”

နန်းကုန်းယွဲ့ဟွာ၏ စကားကို ကြားလိုက်ရသောအခါ ခန်းမထဲရှိ နန်းကုန်းချင်ရ ခဏခန့် ကြောင်အသွားသည်။ နန်းကုန်းယွဲ့ဟွာက မီးတောက်ကို သူမထံသို့ တွန်းပို့နေခြင်း ဖြစ်သည်။

သို့သော် သူမ ဤကိစ္စများကို ဂရုမစိုက်ပေ။ သူမသည် နန်းကုန်းယွဲ့ဟွာနှင့် မတူပဲ လုချန်း၏ မျက်နှာသာပေးမှုကို လိုလားတောင့်တနေသည်။

နန်းကုန်းယွဲ့ဟွာ ဆင်ခြေပေးနေမှန်း လုချန်း သိသည်။ သို့သော် သူ၏အကြည့်များက ခန်းမထဲရှိ နန်းကုန်းချင်ရထံသို့ ရောက်ရှိသွားသည်။ သူမ၏ ခံစားချက်ကင်းမဲ့နေသော ပါးပြင်များမှာ နီရဲနေပြီး အေးစက်သယောင် ရှိသော်လည်း ဖမ်းစားနိုင်သော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။

လုချန်းက သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ နန်းကုန်းချင်ရလည်း သူ၏ ရည်ရွယ်ချက်ကို နားလည်လိုက်ကာ လုချန်း စကားပြောမည်ကို မစောင့် တော့ပဲ စတင်လှုပ်ရှားလိုက်သည်။

ထိုအရာကို မြင်လိုက်ရသောအခါ လုချန်းက “နေဦး”

ဟု ချက်ချင်း တားလိုက်သည်။

နန်းကုန်းချင်ရ အနည်းငယ် လန့်သွားသည်။ လုချန်းက သူမကို ဆက်လက် မျက်နှာသာပေးမည်ဟု ထင်ထားသော်လည်း အဘယ်ကြောင့် စောင့်ခိုင်းရသနည်း။

နန်းကုန်းချင်ရ ဇဝေဇဝါဖြစ်နေစဉ် လုချန်းက

“ဒီကို အရင်လာခဲ့”

ဟု ဆက်ပြောလိုက်သည်။

နန်းကုန်းချင်ရ သတိပြန်ဝင်လာပြီး လုချန်း၏ အတွေးများကို အကြမ်းဖျင်း ခန့်မှန်းလိုက်သည်။ လုချန်းက အချို့ကိစ္စများကို သူကိုယ်တိုင် ပြုလုပ်လိုသည်။

နန်းကုန်းချင်ရလည်း မတွန့်ဆုတ်ပဲ လုချန်းထံသို့ တည့်တည့်လျှောက်သွားလိုက်သည်။ လုချန်းက နန်းကုန်းယွဲ့ဟွာနှင့် ဖြည်းညှင်းစွာ ခွာပေးလိုက်သည်။

ထို့နောက် လုချန်း မတ်တပ်ရပ်လိုက်ပြီးနောက် နန်းကုန်းယွဲ့ဟွာ သက်ပြင်းချလိုက်သည်။

နောက်ဆုံးတော့...

နန်းကုန်းချင်ရ လုချန်း၏ ရှေ့သို့ ရောက်လာသည်နှင့် လုချန်းက ချက်ချင်းပင် သူမအပေါ်သို့ ခုန်အုပ်လိုက်ပြီး နောက်တစ်ခဏတွင် အဝတ်စုတ်ပြဲသံတစ်ခု ထွက်ပေါ်လာသည်။

နန်းကုန်းယွဲ့ဟွာက နန်းကုန်းချင်ရနှင့် လုချန်းကို ခံစားချက်ကင်းမဲ့စွာ လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

လုချန်း ပြန်လည်ပျက်စီးခြင်းအဆင့်သို့ ရောက်ရှိသွားပြီးနောက် သူ၏ ခွန်အား များစွာ တိုးတက်လာခဲ့သည်။ နောက်ဆက်တွဲ လဝက်အတွင်း နန်းကုန်းချင်ရနှင့် နန်းကုန်းယွဲ့ဟွာတို့ နှစ်ဦးစလုံး ထိုခွန်အားကို အကြီးအကျယ် ခံစားခဲ့ရသည်။

ကိစ္စအဝဝ ပြီးဆုံးသွားပြီးနောက် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့သည် အသက်ဘေးမှ ထွက်ပြေးနေရသကဲ့သို့ တွန့်ဆုတ်မှု အနည်းငယ်ပင် မရှိပဲ ကျိယန်ကမ္ဘာသို့ အလျင်အမြန် ပြန်သွားကြသည်။

အမျိုးသမီးနှစ်ဦး ထွက်ခွာသွားပြီးနောက် ထျန်းချန်ကမ္ဘာသို့ လုချန်း ချက်ချင်း မပြန်သေးပေ။ သူ၏ ခန္ဓာကိုယ်ထဲရှိ သိသာထင်ရှားသော ပြောင်းလဲမှုများကို လုချန်း သတိပြုမိလိုက်သည်။

ကြီးမားသော ကမ္ဘာတစ်ခု သူ၏ ခန္ဓာကိုယ်အတွင်း ပေါ်ပေါက်လာခဲ့သည်။ ဤကမ္ဘာသည် အလွန် ကျယ်ဝန်းလှသဖြင့် သူ၏ စိတ်အာရုံကပင် အပြည့်အဝ လွှမ်းခြုံနိုင်ခြင်း မရှိပေ။

ဤအရာက လုချန်းကို နားမလည်နိုင် ဖြစ်စေသည်။ ၎င်းက သူ၏ ကိုယ်ပိုင် အတွင်းကမ္ဘာ ဖြစ်သော်လည်း အဘယ်ကြောင့် အပြည့်အဝ မထိန်းချုပ်နိုင်ရသနည်း။ ယုတ္တိ ဗေဒအရဆိုလျှင် ကျင့်ကြံသူတစ်ဦး သူ၏ အတွင်းကမ္ဘာကို ဖန်တီးပြီးနောက် ကမ္ဘာတစ်ခုလုံးကို စိတ်အာရုံဖြင့် လွှမ်းခြုံထားနိုင်သင့်သည်။

သူ၏ အင်အားနှင့် ကျင့်စဉ်အဆင့် ပိုမို မြင့်မားလာမှသာ သူ၏ စိတ်အာရုံသည် အတွင်းကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနိုင်လိမ့်မည်ဟု လုချန်း တွေးတောလိုက်သည်။

လုချန်းလည်း အတွင်းကမ္ဘာကိစ္စကို အလွန် အာရုံစိုက်မနေတော့ပေ။ သူ့အတွက်မူ အတွင်းကမ္ဘာတစ်ခု ရှိခြင်းသည် ပစ္စည်းများ သိမ်းဆည်းရန် အပိုနေရာတစ်ခုရခြင်းသာ ဖြစ်ပြီး လက်ရှိတွင် ကြီးကြီးမားမား အသုံးဝင်ခြင်း မရှိသေးပေ။

ပြန်လည်ပျက်စီးခြင်းအဆင့်ရှိ အတွင်းကမ္ဘာသည် သက်ရှိများကို လက်ခံထားနိုင်ခြင်း မရှိပေ။ သူတော်စင်အဆင့် ဖြစ်လာမှသာလျှင် သက်ရှိများ အသက်ရှင်သန်နိုင်မည် ဖြစ်သည်။ ဤအရာသည် သူ၏ မိဖုရားများ ပိုင်ဆိုင်ထားသော ရင်သွေးကမ္ဘာများနှင့်ပင် နှိုင်းယှဉ်၍မရပေ။

ထို့ပြင် အတွင်းကမ္ဘာတွင် မူလစွမ်းအား ကင်းမဲ့နေပြီး ကျင့်စဉ်အဆင့် မြှင့်တင်ရာတွင် အထောက်အကူ မပြုနိုင်ဟု ထင်ရသည်။

အတွင်းကမ္ဘာအပေါ် အာရုံမစိုက်တော့ပဲ အာကာသထဲတွင် ပြန်လည်ပျက်စီးခြင်းအဆင့်၏ စွမ်းအားကို စမ်းသပ်ရန် စီစဉ်နေစဉ် ရုတ်တရက် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။

“သခင်သည် ပြန်လည်ပျက်စီးခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်၍ ဘတသံသရာ ကျောက်တုံး၏ ချိပ်ပိတ်တံဆိပ်ကို ဖွင့်နိုင်ပြီဖြစ်ပြီး ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ် နိယာမများကို ပြီးပြည့်စုံအောင် ကူညီပေးနိုင်ပါပြီ။”

စနစ်၏ အချက်ပေးသံကို ကြားလိုက်ရသောအခါ လက်တွေ့ဘဝသို့ လုချန်း ပြန်ရောက်လာသည်။ ဤကိစ္စကို သူ မေ့လုနီးပါး ဖြစ်နေပြီဖြစ်သည်။

ထျန်းချန်ကမ္ဘာကို ပြုပြင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို သူ ရရှိထားသည်မှာ ကြာပြီဖြစ်၏။ ကျင့်စဉ်အဆင့် တိုးတက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

အနာဂတ်တွင် သူသည် ထျန်းချန်ကမ္ဘာ၌ နေထိုင်မည် မဟုတ်သော်လည်း ထျန်းချန်ကမ္ဘာသည် သူ့အား အမှတ်တရကောင်းများစွာ ပေးစွမ်းခဲ့သည်။

ယခု ထျန်းချန်ကမ္ဘာကို ပြုပြင်နိုင်ပြီဖြစ်၍ ထိုသို့ပြုလုပ်ရန် သူ ဆုံးဖြတ်လိုက်သည်။ ထိုသို့ တွေးတောရင်း ချန်ရန်ကမ္ဘာတွင် တပ်စွဲထားသော နဂါးတပ်မတော်၏ ဗိုလ်ချုပ်ကို ခေါ်ယူပြီး အချို့ကိစ္စများကို ညွှန်ကြားကာ ထျန်းချန်ကမ္ဘာသို့ ပြန်လာခဲ့သည်။

All Chapters