← Chapters

ထန်ယန်အာ

Vol. 13 Ch. 182

ထန်ယန်အာ

Vol. 13 Ch. 182

ကံကြမ္မာက တစ်ခါတစ်ရံ ထူးဆန်းလှသည်ဟု ယဲ့ချန်း ထင်မိသည်။

အစတုန်းက ထန်ယန်အာ့ကို သာမန်တက္ကသိုလ်ဆရာမတစ်ယောက်ဟု ထင်ထားသော်ငြား ယခုမူ သူ(မ)၌ ဘီလျံနာအဖေတစ်ယောက် ရသွားလေပြီ။

"မင်္ဂလာပါ ဆရာမထန်.. ကျွန်တော့်နာမည်က ယဲ့ချန်းပါ"

"ယဲ့ချန်းလား။ ရှင်က ကျွန်မကို ကာကွယ်ပေးဖို့ရောက်လာတာ။ ဟုတ်တယ်မလား။ ကျွန်မ ဘာလုပ်ပေးရမလဲ။ ကျွန်မ ကောင်းကောင်းပူးပေါင်းပေးပါ့မယ်။ စကားပြောရင်း သွားကြရအောင်"

ထန်ယန်အာ၏အသံက အလွန်သာယာနာပျော်ဖွယ်ကောင်းပြီး ချိုမြညင်သာလေသည်။

ဆွဲဆောင်မှုရှိသော မျက်နှာလေးကိုပါ ထည့်ပေါင်းလိုက်လျှင် ပုရိသတိုင်းကို ဆွဲဆောင်ဖမ်းစားနိုင်သည်။

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

ဤမိန်းကလေး၏ စိတ်နေစိတ်ထားက ကောင်းမွန်လှသည်။ အစတုန်းကတော့ ဆိုးသွမ်းနေသော မိန်းကလေးတစ်ယောက်နှင့် တွေ့ရမည်ကို စိုးရိမ်ခဲ့မိသေးသည်။

သူတို့နှစ်ယောက်သားမှာ ကျောင်းဝင်းထဲတွင် ဘေးချင်းယှဉ်၍ လမ်းလျှောက်နေကြသည်။

ထန်ယန်အာက နူးညံ့ပုံပေါ်သော်လည်း ဤမိန်းကလေးတွင် အလျှော့မပေးတတ်သော စိတ်ဓာတ်တစ်မျိုးရှိကြောင်း ယဲ့ချန်း ခံစားမိသည်။

အထူးသဖြင့် ထန်ယန်အာ၏ အလွန်တည်ငြိမ်လှသော အရှိန်ပင်။

"မိန်းကလေးယန်အာ..မင်း ကိုယ်ခံပညာလေ့ကျင့်ထားတယ်မလား"

ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြောလိုက်၏။

"ဟုတ်တယ်။ ကျွန်မ တိုက်ကွမ်ဒိုသင်ထားတာ။ ခါးပတ်နက်ရထားတယ်လေ"

ထန်ယန်အာက ပြုံးပြုံးလေး ပြန်ဖြေလိုက်သည်။

ထန်ယန်အာက စကားပြောနေရင်းဖြင့် ယဲ့ချန်းကို ကျီစယ် လိုဟန်ဖြင့် ကြည့်လိုက်၏။

"ကျွန်မရဲ့ကွန်ဖူးသိုင်းက ကြည့်ပျော်ရှုပျော်ရှိရုံလောက်ပဲ။ သာမန်အနိုင်ကျင့်သူတွေကိုပဲ နိုင်တာ။ စကားမစပ် ရှင့်အစီအစဉ်က ဘယ်လိုလဲ။ အမှန်အတိုင်းပြောရရင် ရုတ်တရက်ကြီး ဘီလျံနာအဖေတစ်ယောက် ရလိုက်တာဆိုတော့ နေတောင်မနေတတ်ဘူး"

ယဲ့ချန်း အံ့အားသင့်သွားရသည်။

သာမန်မိန်းကလေးတစ်ယောက်ကသာ သူ(မ)တွင် ဘီလျံနာအဖေတစ်ယောက်ရှိကြောင်း သိလိုက်ရပါလျှင်် ပျော်လွန်းလို့ ရူးသွားလောက်သည်။

သို့သော် ထန်ယန်အာ၏တုံ့ပြန်မှုကတော့ အလွန်တည်ငြိမ်လှပြီး ကူကယ်ရာမဲ့နေလေဟန် အရိပ်အယောင်တစ်ခုပင် ပါဝင်နေသေးသည်။

သို့သော် ထန်ယန်အာနှင့် သူ(မ)၏အဖေက နှစ်ပေါင်းများစွာကြာအောင် ကွဲကွာခဲ့သောကြောင့် ယခုလိုခံစားရသည်မှာလည်း ပုံမှန်ပါပင်။

မည်သို့ပင်ဖြစ်စေ ထန်ယန်အာသည် ငယ်စဉ်ကတည်းက ဖခင်မေတ္တာကို မခံစားခဲ့ရပေ။ သူတို့ကြားရှိ တစ်ခုတည်းသောချိတ်ဆက်မှုက သွေးသားတော်စပ်မှုပင် ဖြစ်ချေမည်။

ထန်ယန်အာကသာ သိုက်တူးသမားဖြစ်နေခဲ့ပါက ယခုအချိန်တွင် အလွန်စိတ်လှုပ်ရှားနေလောက်ပြီဖြစ်၏။

သို့သော် ထန်ယန်အာက သိုက်တူးသမားမဟုတ်ချေ။ ရုတ်တရက်ပေါ်လာသော ဤအဖေနှင့်ပတ်သက်ပြီး သူ(မ)တွင် "ရေလိုက်ငါးလိုက်"နေလိုသော စိတ်ထားမျိုးသာ ရှိသည်။

ယဲ့ချန်း တဟားဟားရယ်၍ ပြောလိုက်သည်။

"အခု မင်းအဖေကို လူဆိုးတွေက ပစ်မှတ်ထားနေတာမို့ မင်းမှာလည်း အန္တရာယ်ရှိတယ်။ လုပ်ကြံသတ်ဖြတ်ဖို့ ပစ်မှတ်ထားခံနေရတာလည်း ဖြစ်နိုင်တယ်"

ယဲ့ချန်းက ဖုံးကွယ်မထားဘဲ အခြေအနေ၏လေးနက်မှုကို တည့်တိုးပြောပြလိုက်သည်။

ထန်ယန်အာမှာ ထိုစကားကိုကြားပြီးနောက် ကြက်သေသေသွားလေသည်။

"မိန်းကလေးထန် ကြောက်သွားတာလား"

ယဲ့ချန်းက ပြုံးလျက် မေးလိုက်လေသည်။

"ဒါပေါ့။ ကျွန်မလည်း သာမန်မိန်းကလေးတစ်ယောက်ပါ။ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ဖွဲ့က လိုက်ဖမ်းနေတယ်ဆိုတာကို ရုတ်တရက်ကြီး ကြားလိုက်ရမှတော့ မကြောက်ဘဲ ဘယ်နေပါ့မလဲ"

ထန်ယန်အာက မဲ့တဲ့တဲ့ပြုံး၍ ပြောလိုက်လေသည်။

"ကျွန်မက ပြဿနာတွေကို မုန်းပေမဲ့ ပြဿနာတွေက ကျွန်မနောက်ကို အမြဲလိုက်လာတာပဲ။ ခေါင်းကိုက်လိုက်တာ"

ထန်ယန်အာခမျာ သက်ပြင်းချလိုက်မိသည်။

အလွန်ပွင့်လင်းလှသည်။ သေရေးရှင်ရေးအန္တရာယ်နှင့် ကြုံနေရသော်ငြား သူ(မ)၏အမူအရာမှာ တည်ငြိမ်အေးဆေးနေဆဲသာ။

ဤကဲ့သို့သော မိန်းကလေးတစ်ယောက်နှင့် ပတ်သက်ရသည်မှာ သက်သောင့်သက်သာရှိသည်ဟု ယဲ့ချန်း ခံစားရသည်။

"စိတ်မပူပါနဲ့။ ကျွန်တော်တို့ မင်းကို အနီးကပ်ကာကွယ်ပေးဖို့အတွက် လူလွှတ်ပေးမှာပါ"

"ရှင်လား"

ထန်ယန်အာက ယဲ့ချန်းကိုကြည့်၍ မေးလိုက်လေသည်။

"မိန်းကလေးသက်တော်စောင့်တစ်ယောက်ပဲ ဖြစ်သင့်တာပေါ့"

ယဲ့ချန်းမှာ ကိုးရိုးကားရားအပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။

"သြော် ကျွန်မ နည်းနည်းတော့ စိတ်ပျက်မိတယ်"

ထန်ယန်အာက စနောက်လိုက်လေသည်။

ယဲ့ချန်းခမျာ တဒင်္ဂမျှ မှင်တက်သွားသည်။ ဤမိန်းကလေးက စိတ်ဝင်စားဖို့ကောင်းသည်။ အန္တရာယ်ကြုံနေရပါသော်ငြား စနောက်ချင်စိတ်ရှိသေးသည်။

"စကားမစပ် ရှင့်သက်တော်စောင့်တွေက ဈေးကြီးတယ်မလား။ ကျွန်မက သာမန်တက္ကသိုလ်ဆရာမတစ်ယောက်နော်။ ကျွန်မရဲ့လစာက သိပ်မများဘူး။ သက်တော်စောင့်ငှားရမ်းခကို မပေးနိုင်ဘူး။ ဒီတော့ ကျွန်မအဖေဆီက ရှင် တောင်းရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာက သူ့ကြောင့်ဖြစ်တာပဲလေ"

ယဲ့ချန်း ရယ်မောလိုက်ချေသည်။

"စိတ်မပူပါနဲ့။ မင်းအဖေက နိုင်ငံအတွက် အကျိုးပြုထားတဲ့လူတစ်ယောက်ပါ။ ကျွန်တော်တို့ မင်းကို အခမဲ့ကာကွယ်ပေးမှာပါ။ မင်းဆီကို အမျိုးသမီးသက်တော်စောင့် လွှတ်လိုက်ပါ့မယ်။ သူက အရမ်းသဘောကောင်းတာ။ မင်းတို့ အဆင်ပြေကြမှာသေချာတယ်"

ထန်ယန်အာက နာရီကို တစ်ချက်ကြည့်လိုက်၏။

"မွန်းတည့်ချိန်တောင်ရောက်ပြီ။ ကန်တင်းမှာ ကျွန်မနဲ့အတူ နေ့လယ်စာလိုက်စားမလား။ ကျွန်မ ဝယ်ကျွေးပါ့မယ်။ ဒါပေမဲ့ မပြည့်စုံတာကိုတော့ ဗွေမယူပါနဲ့"

လမ်းတစ်လျှောက်တွင် ထန်ယန်အာ့ကို နှုတ်ဆက်သွားကြသော ကျောင်းသားများက သူတို့နှစ်ယောက်ကို ထူးဆန်းလှသောမျက်လုံးများဖြင့် ကြည့်သွားကြသည်။

ကျောင်းသားတချို့ဆိုလျှင် တီးတိုးပြောနေကြသည်။

"ဆရာမထန်ဘေးက လူချောလေးက ဘယ်သူပါလိမ့်။ အရမ်းချောတာပဲ"

"အိုး.. ငါ့နတ်ဘုရားမက ဒီလိုနဲ့ပဲ အလုခံလိုက်ရပြီလား"

"အစတုန်းက ဆရာမထန်က ငါ့အိပ်မက်လေးဖြစ်ခဲ့တာ။ အခု ငါမအောင်မြင်ခင်မှာတင် သူများအပိုင်ဖြစ်သွားပြီ"

...

ပတ်ပတ်လည်ရှိ စကားသံများကို ကြားသောအခါ ယဲ့ချန်း ရယ်မောလိုက်မိသည်။

"မင်းက ကျောင်းမှာ တော်တော်နာမည်ကြီးတာပဲ"

"အဆင်ပြေပါတယ်။ ကျွန်မတို့က အသက်နည်းနည်းလောက်ပဲ ကွာကြတာလေ။ ကျွန်မ သူတို့နဲ့ အစ်မကြီးတစ်ယောက်လို ရင်းနှီးနေတာ"

"ဆရာမထန်?"

ထိုအချိန်မှာပင် စိတ်လှုပ်ရှားနေသော အသံတစ်သံက အနောက်မှ ထွက်လာသည်။

ယဲ့ချန်းနှင့် ထန်ယန်အာလည်း အနောက်သို့ လှည့်ကြည့်လိုက်လေရာ နိုင်ငံခြားဒီဇိုင်နာဘရန်းကို ဝတ်ဆင်ထားသော လူချောတစ်ယောက်က အပြုံးပန်းဆင်၍ လျှောက်လာသည်ကို မြင်လိုက်ရ၏။

ထိုကောင်လေး၏အကြည့်က ထန်ယန်အာ့ထံတွင်သာ မြဲမြံနေပြီး ယဲ့ချန်းကို တစ်ချက်မျှပင်မကြည့်ဘဲ လုံးဝလျစ်လျူရှူထားသည်။

ထန်ယန်အာက ထိုကောင်ဘေးကို မြင်သောအခါ ပြုံးပြလိုက်၏။

"ဟူပေါ်.. တစ်ခုခုလိုအပ်လို့လား"

ဟူပေါ်က ချစ်မျက်ဝန်းများဖြင့် သူ(မ)ကိုကြည့်၍ ပြုံးလိုက်သည်။

"ဆရာမထန် ဘာရယ်မဟုတ်ပါဘူး။ တစ်နေကုန်မတွေ့ရတော့ သတိရလို့ပါ"

ထန်ယန်အာက တည့်တိုးဆန်သော စကားများကို ကြားသောအခါ အပြစ်ကင်းစင်စွာ ပြုံးလိုက်လေသည်။

"သြော်..ဘာကိစ္စမှမရှိရင်လည်း ကျွန်မ အရင်ပြန်နှင့်မယ်နော်"

ဤသို့ဖြင့် ထန်ယန်အာလည်း ပြန်ရန်ပြင်လိုက်ချေသည်။

ဟူပေါ်က ယဲ့ချန်းကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။ တကယ်တမ်းတွင် သူ ဤနှစ်ယောက်နောက်ကို လိုက်လာခဲ့သည်မှာ ကြာလှလေပြီ။

ထန်ယန်အာက ကျောင်းတွင် အေးစက်စက်နိုင်ပြီး တစ်ကိုယ်တည်းနေတတ်သော အလှလေးတစ်ယောက်အဖြစ် နာမည်ကြီးသည်။

ဘယ်ကျောင်းသားကမှ ထန်ယန်အာနှင့် ဤမျှအထိ မနီးစပ်ခဲ့ဖူးပေ။

ယဲ့ချန်းနှင့် ထန်ယန်အာတို့ အတူရယ်မောနေကြသည်ကို မြင်သောအခါ သူ့ရင်ထဲ မနာလိုမှုနှင့် ဒေါသတို့ လှိုက်တက်လာသည်။

"ခဏနေဦး"

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ယဲ့ချန်းအတွက်တော့ အချိန်က ကျပ်လွန်းလှသည်။

အထူးသဖြင့် သွေးအရိပ်လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့က အချိန်မရွေးရောက်လာနိုင်သည်။ ထို့ကြောင့် ယဲ့ချန်းလည်း ထန်ယန်အာကို အမြန်ဆုံးခေါ်သွားချင်ခဲ့သည်။

လူချောလေးနှစ်ယောက်ဖြစ်သော ယဲ့ချန်း၊ ဟူပေါ်နှင့် အလှပဂေးဆရာမလေးတို့က အတန်းဆင်းလာကြသော ကျောင်းသားများ၏အာရုံကို ချက်ချင်းဆွဲဆောင်လိုက်သည်။

ဟူပေါ်က သဝန်တိုနေခြင်းဖြစ်ကြောင်း လူတိုင်း အထင်းသားမြင်နေရသည်။

ထန်ယန်အာ့အပေါ်ထားသော ဟူပေါ်၏အချစ်ကို ကျောင်းထဲရှိလူတိုင်း သိထားကြသည်။

ချမ်းသာပြီး ချောမောခံ့ညားလှသော ဟူပေါ်က မိန်းကလေးတော်တော်များများ၏ နှလုံးသားထဲတွင် ပျိုတိုင်းကြိုက်နှင်းဆီခိုင်တစ်ခိုင်ပင်။

သို့သော် သူကတော့ ထန်ယန်အာ့ကိုမှ ကြွေသွားခဲ့သည်။

"ဟူပေါ်က သဝန်တိုနေတာပဲဖြစ်မယ်"

"အိုး.. ဒီလူတော့ ပြဿနာတက်ပြီ။ ဟူပေါ်က တိုက်ကွမ်ဒိုကလပ်ရဲ့ ဥက္ကဋ္ဌလေ။ သူက ခပ်လျှိုလျှိုနေတတ်ပေမဲ့ သူတို့မိသားစုက ဟွားစံအိမ်တော်မှာ အိမ်တစ်လုံးပိုင်တယ်တဲ့။ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ရဲ့သားဆိုတာ သေချာတယ်"

ဟူပေါ်က ယဲ့ချန်းကိုစိုက်ကြည့်၍ ရုတ်တရက်မေးလိုက်လေသည်။

"ဆရာ.. ကျွန်တော် ခင်ဗျား ဘယ်လိုခေါ်ရမလဲ။ ခင်ဗျားက ဘယ်အတန်းကလဲ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ကျွန်တော့်မျိုးရိုးနာမည်က ယဲ့ပါ။ ဒါပေမဲ့ ကျောင်းသားမဟုတ်ပါဘူး။ တက္ကစီဒရိုင်ဘာပါ"

"တက္ကစီဒရိုင်ဘာလား"

ဟူပေါ်၏မျက်နှာထက်တွင် ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

"သြော် ဒီတော့ ခင်ဗျားက တက္ကစီမောင်းတာပေါ့။ ဆရာမထန်.. သတိထားဦးနော်။ အခုခေတ်မှာ လူလိမ်တွေ သိပ်ပေါတာ"

ယဲ့ချန်းက ဟူပေါ်ကိုကြည့်၍ မေးလိုက်လေသည်။

"ဒါက ဘာသဘောလဲ"

ဟူပေါ်က ဟားမိစ်တံဆိပ်ဝတ်ဆင်ထားသော ယဲ့ချန်းကိုကြည့်၍ ပြောလိုက်လေသည်။

"ဆရာမထန်.. အရူးလုပ်မခံရစေနဲ့နော်။ ကျွန်တော်ထင်တာသာမမှားဘူးဆိုရင် ဒီလူဝတ်ထားတာတွေ အတုတွေချည်းပဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီး ဟားမိစ်ဝတ်နိုင်မှာလဲ။ သူနဲ့တန်လို့လား"

ထိုသို့ပြောပြီးနောက် ဟူပေါ်က ယဲ့ချန်းကို ကျေနပ်အားရဟန်ဖြင့် ကြည့်လိုက်လေသည်။

"ကိုယ့်လူ . မင်း ယန်အာ့ကို ဘယ်လိုချဉ်းကပ်ခဲ့လဲဆိုတာတော့ ငါမသိပေမဲ့ အကြံတစ်ခုပေးလိုက်မယ်။ မင်းက တက္ကစီဒရိုင်ဘာအဆင့်နဲ့ ယန်အာ့ကို တွဲခွင့်မရှိဘူး။ မင်း ဦးနှောက်ရှိတယ်ဆိုရင် ဆရာမထန်ကို ချက်ချင်းလက်လွှတ်လိုက်တော့"

ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်မိသည်။

"ငါနဲ့တန်မတန်ဆိုတာ မင်းနဲ့ ဘာဆိုင်လို့လဲ။ ငါကတော့ ဆရာမထန်နဲ့ ဆက်တွဲနေဦးမှာပဲ။ မင်း မကျေနပ်ဘူးလား"

"မင်း..."

ရဲတင်းလှသော ယဲ့ချန်း၏ စကားများကိုကြားသောအခါ ထန်ယန်အာခမျာ တဒင်္ဂမျှအံ့သြသွားပြီး နှလုံးသားထဲတွင်လည်း ချိုမြိန်သွားရသည်။

•••••••••••••••••••

All Chapters